Wednesday, October 29, 2014

ဖောက်ထွင်းမြင်နိုင်သော လေယာဉ် ကိုယ်ထည်ပုံစံ Display များ တပ်ဆင်ထား သည့် လေယာဉ်ကို ဗြိတိန် ကုမ္ပဏီတစ်ခုက တီထွင်နေ


ဗြိတိန်နိုင်ငံအခြေစိုက် တီထွင်ဆန်းသစ်သော နည်းပညာများ တီထွင်လျှက် ရှိသည့် Centre for Process Innovation (CPI) ကုမ္ပဏီမှ လေယာဉ် ကိုယ်ထည်ကို ဖောက်ထွင်းမြင်တွေ့နိုင်စွမ်းရှိသည့် ကိုယ်ထည်ဒီဇိုင်းကို တီထွင်နေကြောင်း ဆိုပါတယ်။ လေယာဉ်ရဲ့ တံခါးပေါက်တွေနေရာမှာ အဆင့်မြင့် နည်းပညာသုံး ကွေးညွှတ်နိုင်စွမ်းရှိသည့် High-definition Display မှန်သားပြင်များကို အစားထိုး တပ်ဆင်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် လေယာဉ်စီး နေသူဟာ လေထဲမှာ ပျံဝဲနေသလို ခံစားရစေမှာ ဖြစ်ပါတယ်။ 

လက်ပံတန်းမြို့တွင် တစ်ဦးတည်းနေသူ အဘွားအိုတစ်ဦး အသတ်ခံရ

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၊ ဘီလင်းတန်းရပ်ကွက်၊ ဘီလင်းတန်း လမ်း အိမ်အမှတ် (၄၅) ၌ တစ်ဦး တည်းနေထိုင်သည့် အဘွားအိုတစ် ဦးထံမှ ပစ္စည်းတစ်စုံတစ်ရာ ရလိုမှု ဖြင့် လည်ပင်းညှစ်သတ်၍ အိမ် အတွင်းရှိ ပစ္စည်းများအား မွှေနှောက် ရှာဖွေသွားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၈ ရက်၊ နံနက် ၁ဝ နာရီခန့်အထိ သေ ဆုံးသူ ဒေါ်တင်အိ အသက် (၇၂) နှစ်အား ပတ်ဝန်းကျင်မှ နေထိုင်သူ များက မတွေ့ရှိရခြင်း၊ တံခါးများပိတ် ထားခြင်းတို့ကြောင့် အိမ်အတွင်းသို့ အော်ခေါ်သော်လည်း မည်သည့်အသံ မျှ မကြားရသဖြင့် အိမ်၏ပြတင်းပေါက် တံခါးအား ဖွင့်ကြည့်သည့်အခါ အိမ် အတွင်းရှိ ပစ္စည်းများအား မွှေ နှောက်ထားသည်ကို တွေ့ရှိရသဖြင့် အိမ်နီးနားချင်းများက လက်ပံတန်း မြို့နယ်၊ မြို့မရဲစခန်းသို့ အကြောင်း ကြားခဲ့သည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ညီ မဝမ်းကွဲတော်စပ်သူ ဒေါ်ဋ္ဌေးဋ္ဌေးရီ ထံ သက်ဆိုင်ရာမှ ဒေါ်တင်အိနေ အိမ်အတွင်း သေဆုံးနေကြောင်း လာရောက်အကြောင်းကြားသဖြင့် ဒေါ်ဋ္ဌေးဋ္ဌေးရီသည် အစ်မဖြစ်သူနေ အိမ်သို့ သွားရောက်ကြည့်ရှုခဲ့ရာ အစ်မဖြစ်သူ အဒေါ်တင်အိသည် နေအိမ်အိပ်ခန်းအတွင်း၌ ပက်လက် လန်လဲကျသေဆုံးနေပြီး ၄င်း၏မျက်နှာ တွင် အဝတ်အုပ်ထား၍ အဝတ်နှင့် မျက်နှာပေါ်တွင် နနွင်းမှုန့်များ ပြန့် ကျဲကာ သေဆုံးနေကြောင်းနှင့်ဗီရို များအတွင်းမှ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးနှင့်အခြားပစ္စည်းများအပြင် သို့ ရောက်ရှိပြန့်ကျဲနေသည်ကို တွေ့ရှိရသဖြင့် နံနက် ၁ဝ နာရီခွဲ တွင် ဒေါ်ဋ္ဌေးဋ္ဌေးရီက မြို့မရဲစခန်း ၌ အမှုဖွင့်တိုင်ကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်အား မြို့မရဲစခန်း မှ (ပ)၃၉၃/၂ဝ၁၄ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ထားပြီး အမှုအား ဒုရဲ မှူးစန်းမြင့်မှ အမှုစစ်အဖြစ် ဆောင် ရွက်လျက်ရှိကာ တရာခံအား အမြန် ဆုံးဖမ်းဆီးရမိရေးအတွက် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

WT(Lpd)

နိုင်ငံရေးလုပ်တဲ့အခါ အဆင့်မြင့်မြင့်လုပ်ကြဖို့၊ သိက္ခာမဲ့တဲ့နိုင်ငံရေး မလုပ်ကြဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: နိုင်ငံရေးလုပ်တဲ့အခါ အဆင့်မြင့်မြင့်လုပ်ကြဖို့၊ သိက္ခာမဲ့တဲ့နိုင်ငံရေး မလုပ်ကြဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
=============================================

နေပြည်တော်၊ အောက်တိုဘာ ၂၈

နိုင်ငံရေးလုပ်တဲ့အခါမှာ အဆင့်မြင့် မြင့် လုပ်ကြဖို့၊ သိက္ခာမဲ့တဲ့နိုင်ငံရေး မလုပ်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။

ယနေ့ပြုလုပ်သော ပြည်သူ့ လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၂၄ရက်မြောက်နေ့ အစည်းအဝေး ခေတ္တအနားပေးချိန် တွင် လွှတ်တော်သို့ လာရောက်လေ့ လာသော ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် အမျိုး သားဒီမိုကရေစီအဖွဲ့မှ အဖွဲဝင် များအား ပြောကြားခဲ့ခြင်းဖြစ် သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် မှ ''နိုင်ငံရေးလုပ်တဲ့အခါမှာ အဆင့် မြင့်မြင့်လုပ်ကြပါ၊ သိက္ခာမဲ့တဲ့ နိုင်ငံ ရေးမလုပ်နဲ့၊ ကိုယ်ကပြိုင်ဘက်က ပြိုင်ဘက်ပဲ၊ ပြိုင်ဘက်အကြောင်း ပြောတဲ့နေရာမှာတောင် အဆင့် မြင့်မြင့် ပြောရမယ်။ တချို့တွေက တခြားသူကို ရင့်ရင့်သီးသီးပြောလို့ ရှိရင် သူတို့နိုင်တယ်လို့ ထင်တယ်။ တကယ်တော့ သူတို့ရှုံးတာပဲ၊ ကိုယ့် ရဲ့ ပြောပုံဆိုပုံ လုပ်ပုံကိုင်ပုံက မယဉ် ကျေးရင်၊ သိက္ခာမရှိလို့ရှိရင် ကိုယ် ရှုံးတာပဲ။ ဟိုဘက်က ရှုံးတာမဟုတ် ဘူး။ အဲ့တော့ နိုင်ငံရေးလုပ်တယ် ဆိုတာ အဆင့်မြင့်မြင့်လုပ်ရမယ်။ ဒီနိုင်ငံဟာ နိုင်ငံရေး အဆင့်မြင့်တဲ့ နိုင်ငံရေးလုပ်တဲ့ နိုင်ငံဆိုတာ ဖြစ် သွားအောင်လို့ အခုချိန်မှာ လုပ်ဖို့ အခွင့်အရေးတွေ ရှိတယ်။ ဒီအခွင့် အရေးတွေကို အဟောသိကံ မဖြစ် ပါစေနဲ့'' ဟု ပြောကြားသွားခဲ့သည်။

MP

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
နိုင်ငံရေးလုပ်တဲ့အခါမှာ အဆင့်မြင့် မြင့် လုပ်ကြဖို့၊ သိက္ခာမဲ့တဲ့နိုင်ငံရေး မလုပ်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။

ယနေ့ပြုလုပ်သော ပြည်သူ့ လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၂၄ရက်မြောက်နေ့ အစည်းအဝေး ခေတ္တအနားပေးချိန် တွင် လွှတ်တော်သို့ လာရောက်လေ့ လာသော ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် အမျိုး သားဒီမိုကရေစီအဖွဲ့မှ အဖွဲဝင် များအား ပြောကြားခဲ့ခြင်းဖြစ် သည်။

နေပြည်တော်ကောင်စီဝင်များ စရိတ်နှင့် အဆောင်အယောင်အတွက် သန်း ၂၄၀ ကုန်ကျဟုဆို

နေပြည်တော် ကောင်စီဝင်များ၏ စရိတ်ချီးမြှင့်ငွေအတွက် ကျပ်သန်း ၂၄၀ အသုံးပြုထားကြောင်း နေပြည်တော် ကောင်စီဝင် ဦးကံချွန်က ပြောကြားသည်။

နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင် နေပြည်တော် ကောင်စီအနေနှင့် ကျပ် ၇၁၅၁ သန်း တောင်းခံထားမှုအပေါ် ပြည်ထောင်စု လွှတ်တော်တွင် လာရောက် ရှင်းလင်းရာတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

အနာဂတ်တွင် IS အုပ်စု အင်အားပိုကြီးလာမည်ဟု ဂျာမန် ထောက်လှမ်းရေး ဟောကိန်းထုတ်

Photo: အနာဂတ်တွင် IS အုပ်စု အင်အားပိုကြီးလာမည်ဟု ဂျာမန် ထောက်လှမ်းရေး ဟောကိန်းထုတ်
Wednesday, october 29, 2014

အီရတ်နှင့် ဆီးရီးယားတို့တွင် ခြေကုပ်ယူ လှုပ်ရှားနေသည့် အစ္စလာမ္မစ်နိုင်ငံတော် IS အုပ်စုကို အမေရိကန်နှင့် မဟာမိတ်များက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း အဆိုပါ အုပ်စုသည် အနာဂတ်ကာလတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ကောင်းစွာ လုပ်ဆောင်နိုင်လိမ့်မည်သာ ဖြစ်သည်ဟု ဂျာမန် နိုင်ငံခြား ထောက်လှမ်းရေးအဖွဲ့ (BND) ကထုတ်ဖော် ပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

အီရတ်နိုင်ငံတွင် အီရတ် လုံခြုံရေးတပ်ဖွဲ့များက IS အုပ်စုများ သိမ်းပိုက်ထားသည့် နယ်မြေများကို ပြန်လည်ရယူရန် အစွမ်းကုန် ကြိုးပမ်းနေပြီး အမေရိက ဦးဆောင်သော မဟာမိတ်တို့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ အစွမ်းကုန် လုပ်ဆောင်နေသော်လည်း IS ၏စစ်ရေး စွမ်းအင်မှာ ကျဆင်းသွားခြင်းမရှိဘဲ အနာဂတ် ကာလတွင် အင်အား ပိုမိုကြီးထွားလာမည် ဖြစ်သည်ဟု ဂျာမနီနိုင်ငံ၏ ပြည်ပ ထောက်လှမ်းရေးအဖွဲ့က သတိပေး ပြောကြားသည်။

ထို့ပြင် ဂျာမနီနိုင်ငံတွင်း အစ္စလာမ္မစ် စစ်သွေးကြွဦးရေ သိသိသာသာ တိုးပွားလာလျက်ရှိပြီး ၎င်းတို့သည် အီရတ်နှင့် ဆီးရီးယားရှိ IS အုပ်စုများနှင့် ပူးပေါင်းရန် အသင့်ရှိနေကြကြောင်း၊ သို့အတွက်ကြောင့် ဂျာမနီနိုင်ငံတွင်း လမ်းမများပေါ်တွင် ပြိုင်ဘက် အစွန်းရောက်အုပ်စုများ အကြမ်းဖက်မှုနှင့် ပဋိပက္ခ ဖြစ်မှုများ ပေါ်ပေါက်လာနိုင်ကြောင်း ယင်းထောက်လှမ်းရေးအဖွဲ့ ကသတိပေး ပြောကြားသည်။

“အီရတ်နိုင်ငံတွင် နိုင်ငံရေးနှင့် လုံခြုံရေး လစ်ဟာမှု ဆက်လက်တည်ရှိနေခြင်းက လာမည့် အနာဂတ်ကာလတွင် အစွန်းရောက် အုပ်စုများနှင့် အကြမ်းဖက်သမားများ ပိုမိုကြီးထွား လာစေလိမ့်မည်” ဟု ဂျာမန် နိုင်ငံခြား ထောက်လှမ်းရေးအဖွဲ့(BND) ကကြေညာချက် ထုတ်ပြန်သည်။

ဆီးရီးယားနိုင်ငံနှင့် တူရကီနယ် စပ်ဒေသအကြား IS အုပ်စုများနှင့် ကာ့ဒ်တပ်ဖွဲ့များ တိုက်ခိုက်နေမှုများကို ကြည့်မည်ဆိုလျှင် စစ်သွေးကြွများ၏ တိုက်ခိုက်ရေး စွမ်းအင်မှာ ကျဆင်းသွားခြင်း မရှိသေးသည်ကို တွေ့နိုင်သည်။

BND ၏ညီနောင် အဖွဲ့အစည်း တစ်ခုဖြစ်သော BfV အမည်ရ ထောက်လှမ်းရေး အေဂျင်စီအဆိုအရ ဂျာမနီနိုင်ငံတွင်း အစွန်းရောက် အစ္စလာမ္မစ်များ ကြီးထွားလျက် ရှိကြောင်း၊ IS ကဲ့သို့ အစွန်းရောက် အစ္စလာမ္မစ်များနှင့် ပူးပေါင်းရန် ဂျာမနီနိုင်ငံမှ ထွက်ခွာသွားသူ ဦးရေ ၄၅၀ ခန့်ရှိကြောင်း သိရသည်။

ထို့ပြင် ဂျာမနီနိုင်ငံတွင်း နေထိုင်လျက်ရှိသည့် ချေချင်းလူမျိုး များသည်လည်း သဘောထား တင်းမာသော အစ္စလာမ္မစ်အုပ်စုများနှင့် ပူးပေါင်းခဲ့ကြပြီး ထိုသို့ပူးပေါင်းရန် သိမ်းသွင်းခံရသူ အများစုမှာ အကြမ်းဖက်မှုတွင် တက်ကြွသူများ ဖြစ်ကြသည်။

“သဘောထားတင်းတဲ့ ဆာလဖီတွေက IS အတွက်လူစုတယ်။ ကာ့ဒ်အလုပ်သမားပါတီက IS တွေကို တိုက်ခိုက်ဖို့ လူစုနေတယ်” ဟု BfV အဖွဲ့မှ ဥက္ကဋ္ဌဖြစ်သူ ဟန်စ်ဂျော့ရှ်မာဆန်က ပြောကြားသည်။

The Voice Weekly
အီရတ်နှင့် ဆီးရီးယားတို့တွင် ခြေကုပ်ယူ လှုပ်ရှားနေသည့် အစ္စလာမ္မစ်နိုင်ငံတော် IS အုပ်စုကို အမေရိကန်နှင့် မဟာမိတ်များက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း အဆိုပါ အုပ်စုသည် အနာဂတ်ကာလတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ကောင်းစွာ လုပ်ဆောင်နိုင်လိမ့်မည်သာ ဖြစ်သည်ဟု ဂျာမန် နိုင်ငံခြား ထောက်လှမ်းရေးအဖွဲ့ (BND) ကထုတ်ဖော် ပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

ခိုတောင်လူသတ်မှုတွင် မြန်မာနှစ်ဦးကို ခြိမ်းခြောက်ဝန်ခံခိုင်းခြင်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံတရားရုံးချုပ်၊ ထိုင်းလူ့အခွင့်အရေးကော်မရှင်နှင့်ထိုင်းမှုခင်းဆရာဝန်များထံ ကန့်ကွက်စာပေးပို့ထား

ခိုတောင် (Koh Toa) လူသတ် မှုတွင် မြန်မာနိုင်ငံသားနှစ်ဦးကို ခြိမ်းခြောက် ဝန်ခံခိုင်းခြင်းနှင့် ပတ် သက်၍ ဘန်ကောက်မြို့ရှိ ထိုင်း နိုင်ငံတရားရုံးချုပ်သို့ ကန့်ကွက်စာ ပေးပို့ခဲ့ကြောင်း မြန်မာသံရုံးအထူး စုံစမ်းရေးအဖွဲ့မှ သိရသည်။

အဆိုပါ ကန့်ကွက်စာကို အောက်တိုဘာ ၂၈ရက်တွင် တင် သွင်းခဲ့ခြင်းဖြစ်ပြီး စွပ်စွဲဖမ်းဆီးခံ ထားရသူ မြန်မာနိုင်ငံသား ဝင်း ဇော်ထွန်းနှင့် ဇော်လင်းတို့၏မိဘ များနှင့်အတူ မြန်မာသံရုံးမှအထူး စုံစမ်းရေးအဖွဲ့နှင့် ရှေ့နေများကောင် စီမှ ကိုယ်စားလှယ်များလိုက်ပါ ကာ တင်သွင်းကန့်ကွက်စာတင်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာအထူးစုံစမ်းရေး အဖွဲ့ဝင် ဦးထူးချစ်က ပြောသည်။

အစ္စရေးတွင် ဇနီး ၂၁ ဦးနှင့်သမီးများအပေါ် လိင်ပိုင်းကျူးလွန်သူကို ထောင်နှစ် ၃၀ ချမှတ်

ဂိုအယ် ရတ်ဇန်
အစ္စရေးတရားရုံးတခုက မယားပြိုင်ယဉ်ကျေးမှုခေါင်းဆောင်တဦးကို သူ့ဇနီးတွေနဲ့ သမီးတွေအပေါ် လိင်ပိုင်းရာဇဝတ်မှု ကျူးလွန်တဲ့အတွက် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့က ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်ပါတယ်။ရှေ့နေတွေကတော့ နတ်ဘုရားတည်ရှိမှုအပေါ် ယုံမှားလွန်တာနဲ့ ထင်ယောင်ထင်မှား ဖြစ်မှု လွှမ်းမိုးတာရဲ့ အစိတ် အပိုင်း လို့ ပြောပါတယ်။

လိပ်ကျွန်းသူကြီး သတင်းစာရှင်းလင်းပြီး သားဖြစ်သူကို ဒီအန်အေစစ်မည်

Photo: လိပ်ကျွန်းသူကြီး သတင်းစာရှင်းလင်းပြီး သားဖြစ်သူကို ဒီအန်အေစစ်မည်
Wednesday, october 29, 2014

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ခိုတောင် (ခေါ်) လိပ်ကျွန်းက သူကြီးလည်းဖြစ်  အေစီဘား ပိုင်ရှင်လည်းဖြစ်တဲ့ နိုင်းဝေါလ်ဖန်း တုဝိချဲဟာ လူမှုကွန်ရက်တွေရဲ့ သံသယကို ချေဖျက်တဲ့အနေနဲ့ ဒီကနေ့ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ရှင်းလင်းပွဲမတိုင်ခင် သူဟာ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ရဲ့ ရဲချုပ်ကြီး ဆုမ်ယုဒ် ဖုန့်ဖမ်းမုန့် နဲ့ အရင်ဆုံး သွားရောက်တွေ့ဆုံပြီး  လူမှုကွန်ရက်မီဒီယာက ခိုတောင်ကျွန်းလူသတ်မှုမှာ သူ့မိသားစု ပါဝင်ပတ်သက်ကြောင်း စွပ်စွဲနေတဲ့အပေါ် ဆွေးနွေးတိုင်ကြားသွားမှာ ဖြစ်ကြောင်း၊ အဲဒီနောက် ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးမှာ တာဝန်ရှိသူတွေနဲ့အတူ သတင်းစာရှင်းလင်းဖို့ ရှိတယ်လို့  လိပ်ကျွန်းသူကြီးက သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် မှုခင်းဆေးပညာဆိုင်ရာအရာရှိတွေ၊ ဗြိတိန်သံရုံးတာဝန်ရှိသူတွေ၊ ရဲချုပ်တို့ရှေ့မှာ သားဖြစ်သူရဲ့ ဒီအန်အေကို စစ်ဆေးပြပြီး သံသယတွေ ရှင်းလင်းမယ်လို့ သူကဆက်ပြောပါတယ်။

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုမှာ တရားခံအဖြစ် ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးရဲ့မိဘတွေက သူတို့သားဟာ လူသတ်မှုမှာ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း၊ ရဲတွေက ရိုက်နှက် စစ်ဆေးတာ မခံနိုင်လို့ ၀န်ခံခဲ့ရကြောင်း၊ အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားမျှတရေး အတွက် အောက်တိုဘာ ၂၇ ရက်က ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဆီ တောင်းဆိုချက်တွေ ပေးပို့ခဲ့အပြီး လိပ်ကျွန်းသူကြီးဘက်ကလည်း သတင်းစာရှင်းလင်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့က လိပ်ကျွန်းလူသတ်မှု တရားခံအစစ် ဖမ်းဆီးရမိကြောင်း အမှုတွဲကို တည်ဆောက် ပြီးစီးကြောင်း ထုတ်ပြန်ခဲ့ပေမယ့်  ပြည်တွင်းနဲ့ ပြည်ပ လူမှုကွန်ရက် မီဒီယာ အများစုက ဒီအမှုပေါ် သံသယဖြစ်နေကြပါတယ်။

အထူးသဖြင့် လိပ်ကျွန်းလူသတ်မှုအကြောင်း စပြီးတင်လိုက်ကတည်းက like လုပ်သူပေါင်း ၃ သိန်း ၇ သောင်းကျော် ရှိသွားတဲ့ စီအက်စ်အိုင်အယ်လ်အေ (CSI LA)  ဖေ့စ်ဘုတ်စာမျက်နှာhttps://www.facebook.com/CSILA90210  မှာ  အဓိက တရားခံအဖြစ် ကျွန်းသူကြီးရဲ့ သားဖြစ်သူ နုမ်းဆွတ် ခေါ် နိုင်းဝါလ်လုတ့် တုဝီချဲနဲ့တကွ ကျွန်းပေါ်က မာဖီးယားတွေကို အထောက်အထားတွေနဲ့ ပစ်မှတ်ထားတင်ပြနေပါတယ်။

DVB TV News
ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ခိုတောင် (ခေါ်) လိပ်ကျွန်းက သူကြီးလည်းဖြစ် အေစီဘား ပိုင်ရှင်လည်းဖြစ်တဲ့ နိုင်းဝေါလ်ဖန်း တုဝိချဲဟာ လူမှုကွန်ရက်တွေရဲ့ သံသယကို ချေဖျက်တဲ့အနေနဲ့ ဒီကနေ့ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ ခေါဝ်ဆွတ် ထိုင်း သတင်းမှာ ဖော်ပြပါတယ်။ရှင်းလင်းပွဲမတိုင်ခင် သူဟာ ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ရဲ့ ရဲချုပ်ကြီး ဆုမ်ယုဒ် ဖုန့်ဖမ်းမုန့် နဲ့ အရင်ဆုံး သွားရောက်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအလံတင် အစည်းအဝေးတွင် RSO များနှင့်ပတ်သက်၍ အဓိကဆွေးနွေးဖွယ်ရှိ

မောင်တောနယ်စပ် ၌ အောက်တိုဘာ ၃၀ ရက်တွင်ကျင်းပပြုလုပ်မည့် မြန်မာ-ဘင်္ဂ လားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်လုံခြုံ ရေးအရာရှိများ အလံတင်အစည်း အဝေး၌ ဖမ်းဆီးရမိထားသည့် RSO များနှင့်ပတ်သက်၍ အဓိက ထား ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း အမှတ်(၁)နယ်ခြားစောင့်ရဲတပ် ဖွဲ့မှ အရာရှိတစ်ဦးက သုံးသပ် ပြောကြားသည်

၁၆လက်မသာရှိတဲ့ ခါးဆိုက်ဒ်ရရှိဖို့အတွက် ကျပ်လွန်းတဲ့ ကိုယ်လုံးလှအတွင်းခံဘောင်းဘီကို ၇နှစ်ဝတ်ဆင်ခဲ့တဲ့ မော်ဒယ်


အသက် (၂၇)နှစ်အရွယ် မော်ဒယ်တစ်ဦးဖြစ်သလို ဒီဇိုင်နာတစ်ဦးလည်း ဖြစ်တဲ့ Kelly Lee Dekay ဟာ သူမလိုချင်တဲ့ ခါးဆိုက်ဒ်အရွယ်ရရှိဖို့အတွက် သေးလွန်းတဲ့အပြင်၊ ကျပ်လွန်းတဲ့ ကိုယ်လုံးလှအတွင်းခံ ဘောင်းဘီကို ၀တ်ဖို့ စိတ်ဆန္ဒပြင်းပြနေခဲ့ပါတယ်။ သူမကြိုက်နှစ်သက်တဲ့ ကာတွန်းကာရိုက်တာ Jessica Rabbit နဲ့ အမျိုးသမီးစွမ်းအားရှင်တွေလို ခါးသေးရင်ချီပုံစံမျိုး လိုချင်နေခဲ့တာပါ။"အရွယ်ရောက်လာတဲ့အခါ သူများနဲ့မတူတဲ့ စတိုင်လ်၊ လှပတဲ့ ၀တ်စုံတွေကို ၀တ်ချင်လာတယ်။ ဒါတွေအားလုံးကို ကာတွန်းတွေထဲမှာ တွေ့ရတယ်။ အဲ့ဒါနဲ့ပဲ တော်တော်လေးကျပ်တဲ့ အားကစားလုပ်တဲ့အခါဝတ်ဆင်နိုင်တဲ့ အတွင်းခံ

DVB ရေဒီယိုလှိုင်းတို ထုတ်လွှင့်မှု ရပ်လိုက်ပြီ …

စစ်အာဏာရှင်အစိုးရလက်ထက် အမှောင်တိုက်အောက်က မြန်မာပြည်သူတွေကို နှစ်ပေါင်း ၂ဝကျော်ကြာ သတင်းတွေ ထုတ်လွှင့်နေခဲ့တဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ DVB ရဲ့ ရေဒီယိုလှိုင်းတိုကို အောက်တိုဘာ ၂၆ရက်နေ့ကစတင်ပြီး တရားဝင် ရပ်ဆိုင်းလိုက်ပါပြီ။ DVB ရေဒီယို ပုံစံသစ်နဲ့ တကျော့ပြန်လာဦးမှာလား။
မြန်မာပြည်နဲ့ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ နော်ဝေနိုင်ငံကနေ ထုတ်လွှင့်ရတဲ့ လှိုင်းတိုဟာ ဒေသတွင်းမှာ တစ်ဆင့်ခံပြန်လွှင့်မှု မလုပ်နိုင်လို့ အသံလှိုင်းအရည်အသွေး အားနည်းချက်တွေ အများကြီး ရင်ဆိုင်ခဲ့ရလို့ ခေတ်နဲ့အညီ နည်းပညာတွေ ပြောင်းလဲလာနေတာကြောင့် ရေဒီယိုလှိုင်းတိုကို ရပ်ဆိုင်းလိုက်တာပါလို့ ဦးခင်မောင်ဝင်းက ပြောပါတယ်။

ပုဒ်မ ၄၃၆ ကိုမပြင်ဘဲ ကာလုံအခန်းကဏ္ဍတိုးမြှင့်ရန် တပ်မတော်အကြံပြု

ပြည်သူငါးသန်းနီးပါးက ပြင်ဆင်ရန် လက်မှတ်ရေးထိုး ထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၃၆ ကို တပ်မတော် ကမပြင်ဆင်လိုဘဲ တပ်မတော်သား ထက်ဝက်ကျော် နေရာယူထားသော ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) ၏လုပ်ပိုင်ခွင့် အာဏာတိုးမြှင့်ရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်မျာက လွှတ်တော်သို့ အကြံပြု ထားသည်။

ယခုလ ၂၂ ရက်ကကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တင်သွင်းသည့် ပါတီအဖွဲ့အသီးသီး၏ အကြံပြုချက်များပါသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏ အစီရင်ခံစာတွင် တပ်မတော်ကထိုကဲ့သို့ အကြံပြုထားခြင်း ဖြစ်ကြောင်းဖော်ပြထားသည်။

၁ဝတန်းမအောင်တဲ့သူတွေအတွက် အင်ဂျင်နီယာအခြေခံသင်တန်း ဖွင့်မယ်

ဆယ်တန်းအောင်မပြောနဲ့ ဘွဲ့ရတောင် အလုပ်လက်မဲ့တွေ တိုးပွားနေတဲ့ မြန်မာပြည်မှာ ဆယ်တန်းပညာ မအောင်မြင်တဲ့ လူငယ်တွေအတွက် အင်ဂျင်နီယာဖောင်ဒေးရှင်းသင်တန်းကို ဖွင့်လှစ်တော့မယ်လို့ GAME အဖွဲ့က အောက်တိုဘာ ၂၈ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဒီသင်တန်းက အလုပ်အကိုင်အခွင့်အလမ်းတွေ လမ်းပွင့်စေမှာလား။