Sunday, November 16, 2014

အရောင်ပြောင်းဘရာစီယာ ဂျပန် တီထွင်

Photo: အရောင်ပြောင်းဘရာစီယာ ဂျပန် တီထွင်
Sunday, November 16, 2014

ဂျပန်နိုင်ငံမှ Triumph ကုမ္ပဏီက နောက်ဆုံးပေါ် အရောင်ပြောင်းဘရာစီ ယာ ဒီဇိုင်းရေးဆွဲဖန်တီးခဲ့ပြီးဖြစ်တယ်လို့ Daily Mirror သတင်းဌာနက ဖော်ပြ ထားပါတယ်။

နောက်ဆုံးပေါ် အရောင်ပြောင်း ဘရာစီယာကိုတော့ Disney Movie Frozen လိုမျိုး စိတ်ကူးပုံဖော်ဖန်တီးထားတာ ပဲဖြစ်ပါတယ်။

ယင်းအရောင်ပြောင်းဘရာ စီယာရဲ့ ထူးခြားချက်ကတော့ လူတစ်ဦးနဲ့ တစ်ဦး ထိတွေ့မှသာ အရောင်ပြောင်းတယ် လို့သိရပြီး ဂျပန်နိုင်ငံမှာရှိတဲ့ အမျိုးသမီးတို့ ကြား သံယောဇဉ်ရင်းနှီးမှုကို ရရှိစေတယ် လို့ သိရပါတယ်။

အဆိုပါအရောင်ပြောင်းဘရာ စီယာကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိမှာဖြစ် ပြီး လွယ်လင့်တကူ လှုပ်ရှားသွားလာနိုင် တယ်လို့ Triumph ကုမ္ပဏီက ပြောဆိုခဲ့ ပါတယ်။

ဘရာစီယာရဲ့ဒီဇိုင်းအရောင်ကို အပြာရောင်ဆီးနှင်းပွင့်သဖွယ် ဖန်တီးတီ ထွင်ထားတယ်လို့ သိရပါတယ်။

အရောင်ပြောင်းလဲတဲ့ပုံစံကတော့ ဘရာစီယာအပေါ်မှာ အဖြူ
ရောင် ဒါမှမဟုတ် အနက်ရောင်သို့ သူ့ အလိုလို ပြောင်းလဲသွားမှာဖြစ်ပြီး ဝတ်
ဆင်မယ့် အမျိုးသမီးအတွက်ကတော့ ယုံကြည်မှုအပြည့်ရှိမယ်လို့ သိရပါတယ်။

ယခုတွင် ယင်းအရောင်ပြောင်းဘရာစီယာကို ဈေးကွက်
တွင် ရောင်းချခြင်းမပြုသေးပါဘူး။

Ref: Daily Mirror
ဂျပန်နိုင်ငံမှ Triumph ကုမ္ပဏီက နောက်ဆုံးပေါ် အရောင်ပြောင်းဘရာစီ ယာ ဒီဇိုင်းရေးဆွဲ ဖန်တီးခဲ့ပြီးဖြစ်တယ်လို့ Daily Mirror သတင်းဌာနက ဖော်ပြ ထားပါတယ်။

နောက်ဆုံးပေါ် အရောင်ပြောင်း ဘရာစီယာကိုတော့ Disney Movie Frozen လိုမျိုး စိတ်ကူးပုံဖော်ဖန်တီး ထားတာ ပဲဖြစ်ပါတယ်။

ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည်ဖော်ဖို့ ဒေသခံ လေးထောင်ကျော် ဆန္ဒပြ

ရန်ကုန်မြို့သစ်စီမံကိန်းကို ပြန်လည် အကောင်အထည်ဖော်ဖို့ နိုဝင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်-တွံတေး လမ်းမကြီးဘေးရှိ ဆိပ်ကြီးခနောင်တို လမ်းဆုံးမှာ ဒေသခံ လေးထောင်ကျော် ဆန္ဒပြခဲ့ကြပါတယ်။

တွံတေး၊ ကြည့်မြင်တိုင်နဲ့ ဆိပ်ကြီး ခနောင်တိုမြို့နယ်တွေက ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ လေးထောင်ကျော် ဆန္ဒပြနေကြတာလို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။

ပည်ထဲရေးဝန်ကြီးကို ဖေ့စ်ဘွတ်ခ်တွင် ဝေဖန်သော ဒုရဲအုပ် ၁၇ ရက်ကြာထိန်းသိမ်းခံရပြီးနောက် လုပ်သက်တစ်နှစ်လျှော့

 ပြည်ထဲရေးဝန်ကြီးကို ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဝေဖန်ခဲ့သည့် စီအိုင်ဒီမှ ဒုရဲအုပ်တစ်ဦး အား ၁၇ ရက်ကြာ ထိန်းသိမ်းပြီး နောက် လုပ်သက်တစ်နှစ်လျှော့ ပြစ်ဒဏ် ချမှတ်၍ မူလတာဝန် ပြန်လည် ပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။

အင်းစိန် စီအိုင်ဒီ (သိပ္ပံဌာန)မှ ဒုရဲအုပ်အား ပြည်ထဲရေးဝန်ကြီး ကို လူမှုကွန်ရက် စာမျက်နှာ၌ ဝေဖန်ပြောဆိုမှုဖြင့် နေပြည်တော် အမှတ်(၁)ရဲစခန်းတွင် စီအိုင်ဒီတပ်ဖွဲ့မှူး၏ အမိန့်ဖြင့် အောက်တိုဘာ ၂၉ ရက်ညက စတင်ထိန်း သိမ်းခဲ့ပြီး နိုဝင်ဘာ ၁၄ ရက် ည၌ ပြန်လွှတ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ရဲတရားရုံးက ၎င်းအား လုပ်သက်တစ်နှစ်လျှော့ ပြစ် ဒဏ်ကို နိုဝင်ဘာ ၁၄ ရက် တွင် ချမှတ်လိုက်ကြောင်း သတင်း ရရှိသည်။

ဘန်ကီမွန်းကို ကန့်ကွက်ရန် ရခိုင်လူမှုအဖွဲ့အစည်းများ အစည်းအဝေးလုပ်မည်

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ ရိုဟင်ဂျာ အသုံးအနှုန်းအပေါ် ကန့်ကွက်ဆန္ဒထုတ်ဖော်ရန် ရခိုင်လူမှုအဖွဲ့အစည်းများ စစ်တွေမြို့တွင် နိုဝင်ဘာလ ၁၆ ရက်၌ အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းများထံမှ သိရသည်။

စစ်တွေမြို့ ပြည်တော်သာ ရပ်ကွက်ရှိ အောင်မြေကုန်းကျောင်းတိုက်တွင် မွန်းလွဲ ၁ နာရီတွင် ပြုလုပ်မည်ဖြစ်ပြီး ပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများ အပါအဝင် အဖွဲ့ ၅၀ ခန့်ကို ဖိတ်ကြားထားကြောင်း စစ်တွေ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးသာပွင့်က ပြောကြားသည်။

သမ္မတဦးသိန်းစိန် ဂျီ -၂၀ ထိပ်သီး အစည်းအဝေးတွင် ပထမဆုံးအကြိမ် တက်ရောက်ဆွေးနွေး

ရန်ကုန်- နိုင်ငံတော်သမ္မတဦး သိန်းစိန်သြစတြေးလျနိုင်ငံ ဘရစ်စဘိန်းမြို့၌ နိုဝင်ဘာ ၁၅ရက်မှ စတင်ပြုလုပ်သည့် ဂျီ-၂၀ထိပ် သီး အစည်းအဝေးသို့ ပထမဆုံးအကြိမ် တက်ရောက်ဆွေးနွေးခဲ့ သည်။

နိုင်ငံတော်သမ္မတက အာဆီ ယံဒေသသည် လူဦးရေ ၆၀၉သန်း ရှိသော ဈေးကွက်ကြီးဖြစ်နေပြီး စုစုပေါင်းကုန်ထုတ်တန်ဖိုး(ဂျီဒီပီ) မှာ အမေရိကန်ဒေါ်လာ ၂ဒသမ၅ ထရီလီယံရှိကာ တိုးတက်မှုနှုန်း

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကူညီနိုင်ရန် အမေရိကန်က ငြိမ်းချမ်းရေး အစီအစဉ်စတင်

မြန်မာ့ပြုပြင်ပြောင်းလဲ ရေးတွင် အောက်ခြေအထိ နား လည်သဘောပေါက်၍ နက်နက် ရှိုင်းရှိုင်း ထောက်ပံ့ကူညီနိုင်ရန် အမေရိကန်ပြည်ထောင်စု၏ မြန် မာပြည်ငြိမ်းချမ်းရေးအစီအစဉ် (Peace Crops) ကို ၂၀၁၅ ခုနှစ်တွင် စတင်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက နေပြည်တော်၌ နိုဝင်ဘာ ၁၃ ရက်ကထုတ်ပြန်ကြေညာခဲ့သည်။

MPT ဖုန်းဘီလ် အများအပြား ဖြတ်တောက်ခံရလျှင် Call Center သို့ အကြောင်းကြားနိုင်ဟုဆို

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ပြီးခဲ့သည့် ရက်ပိုင်း အတွင်း စက်ပိုင်းဆိုင်ရာ ချို့ယွင်း မှုဖြစ်ပေါ်ခဲ့ပြီး ဖုန်းအလုံးရေ တစ် ရာကျော်ခန့်အား ဖုန်းဘီလ်မှား ယွင်းဖြတ်တောက်မှုများ ဖြစ်ပေါ် ခဲ့သောကြောင့် ဘီလ်အများအ ပြား ဖြတ်တောက်ခံခဲ့ရပါက Call Center သို့ အကြောင်းကြားနိုင် ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းတွင် ယာဉ်တိုက်မှုကြောင့် ဆယ်လအတွင်း လူ ၃၆၂ ဦး သေဆုံး

Photo: စစ်ကိုင်းတိုင်းတွင် ယာဉ်တိုက်မှုကြောင့် ဆယ်လအတွင်း လူ ၃၆၂ ဦး သေဆုံး
Sunday, November 16, 2014

စစ်ကိုင်းတိုင်းဒေသကြီး တွင် ဇန်နဝါ ရီမှ အောက်တိုဘာ လကုန်အထိ ၁၀ လ တာအတွင်း ယာဉ်တိုက်မှုကြောင့် လူ ၃၆၂ဦး သေဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ စာရင်းများအရ သိရ သည်။

‘‘အများစုကတော့ ဆိုင်ကယ်မတော် တဆမှုတွေများပါတယ်’’ဟု စစ်ကိုင်းတိုင်း ဒေသကြီး ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းထိန်းသိမ်းရေးကော်မတီ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇန်နဝါရီမှ အောက်တိုဘာ ၃၀ ရက်အထိ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ ယင်းမာပင်၊ တမူး၊ကသာ၊ ကလေး၊ မော်လိုက်၊ ခန္တီး စသည့်ခရိုင်အလိုက် ယာဉ်တိုက်မှုစာရင်းများအရ ယာဉ်တိုက်မှု ၁,၂၈၉ မှု၊ တရားခံ ၁,၅၄၆ ဦး၊ဒဏ်ရာရရှိသူ ၂,၃၇၅ဦး၊ သေဆုံးသူ၃၆၂ ဦး၊ တန်ဖိုးငွေ ကျပ် ၁၀၁,၁၉၁,၀၀၀ ဆုံးရှုံးခဲ့ကြောင်း သိရသည်

စစ်ကိုင်းတိုင်းအတွင်းရှိ ကားလမ်းတစ်နေရာတွင် ဆိုင်ကယ်နှင့်ကား တိုက်မိပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)
7Day Daily
စစ်ကိုင်းတိုင်းဒေသကြီး တွင် ဇန်နဝါ ရီမှ အောက်တိုဘာ လကုန်အထိ ၁၀ လ တာအတွင်း ယာဉ်တိုက်မှုကြောင့် လူ ၃၆၂ဦး သေဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ စာရင်းများအရ သိရ သည်။

‘‘အများစုကတော့ ဆိုင်ကယ်မတော် တဆမှုတွေများပါတယ်’’ဟု စစ်ကိုင်းတိုင်း ဒေသကြီး ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းထိန်းသိမ်းရေးကော်မတီ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

အိုဘားမားခရီးစဉ်အတွင်း နွေးထွေးစွာ ကြိုဆိုခဲ့သဖြင့် အစိုးရနှင့် ပြည်သူကို ကျေးဇူးတင်ကြောင်း အမေရိကန်သံရုံးထုတ်ပြန်

နိုဝင်ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ မြန်မာနိုင်ငံရှိ နေပြည် တော်နှင့် ရန်ကုန်မြို့များသို့ ရောက်ရှိလာခဲ့သည့် အမေရိကန် သမ္မတအိုဘားမားကို မြန်မာအစိုး ရနှင့် ပြည်သူလူထုမှ နွေးထွေးပျူငှာစွာ ကြိုဆိုဧည့်ခံခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း အမေရိကန်ရန်ကုန်သံရုံးမှ နိုဝင်ဘာ ၁၄ ရက်တွင် သံရုံး၏ တရားဝင်ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ထုတ်ပြန် ကြေညာသည်။