Saturday, February 9, 2013

မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး နှီးနှောဖလှယ်ပွဲ ကျင်းပ

ဥရောပသမဂ္ဂနှင့် မြန်မာအစိုးရတို့ ပူးတွဲကျင်းပသော မြန်မာနိုင်ငံအတွင်း တရားဥပဒေ စိုးမိုးရေး မျှော်လင့် ချက်များနှင့် အလားအလာများ (The Rule of Law in Myanmar Perspective and Prospects) ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၉း၀၀ နာရီက နေပြည်တော်ရှိ သင်္ဂဟဟိုတယ် စည်းဝေးခန်းမတွင်ကျင်းပရာ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သံအမတ်ကြီး မစ္စတာ ဒေးဗစ်လစ်ပ်မင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌနှင့် ပြည်သူ့ လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်၊ သမ္မတ၏

ဂျပန်လေပိုင်နက် အတွင်းသို့ ရုရှားတိုက်လေယာဉ်နှစ်စီး ကျူးကျော်ဝင်ရောက်ခဲ့ဟု ဂျပန်အစိုးရ၏ ကြေညာချက်အား ရုရှားငြင်းဆို



နှစ်နိုင်ငံ အငြင်းပွားလျက်ရှိသော ကူရိုင်းကျွန်းစုနှင့် ဟော့ကိုင်းဒိုးကျွန်း မြောက်ပိုင်းအနီး ဂျပန် လေပိုင်နက်ထဲသို့ ဖေဖော်ဝါရီလ ၇ ရက်က ရုရှားတိုက်လေယာဉ်နှစ်စီး ၀င်ရောက်ခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

EU ဘတ်ဂျက် အတည်ပြု

 EU ဥရောပသမဂ္ဂ ဥက္ကဋ္ဌ Herman Van Rompuy အစည်းအဝေးအပြီး မီဒီယာနှင့် တွေ့ဆုံစဉ်။ (ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၁၃။)
ဥရောပသမဂ္ဂသမိုင်းမှာ ပထမဆုံးအကြိမ် အသုံးစရိတ်လျှော့ချမယ့် ရေရှည်အသုံးစရိတ်အစီအစဉ်နဲ့ ပတ်သက်ပြီးတော့ ဥရောပ သမဂ္ဂခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။

ပြည်ထောင်စုနေ့ အခမ်းအနား KIO တက်မည်မဟုတ်

မြန်မာအစိုးရနဲ့ KIA ကချင်လွတ်မြောက်ရေးတပ်ကြား အပစ်အခတ်ရပ်စဲရေးအတွက် သဘော တူညီချက် မရသေးတာကြောင့် KIO ကချင်လွတ်လပ်ရေးအဖွဲ့ကတော့ ပြည်ထောင်စုနေ့ အခမ်း အနားကို တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ဒီကနေ့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။  ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ

ကချင်ပြည်နယ်တွင် ဘိန်းစိုက်ခင်းဧကပေါင်း ၄ သောင်းကျော်ရှိကြောင်း ရဲမှူးကြီး စိုင်းသိန်းဇော် ဆို

ကချင်ပြည်နယ်တွင် ဘိန်းစိုက်ခင်းဧကပေါင်း ၄ သောင်းကျော်ရှိကြောင်း ရဲမှူးကြီး စိုင်းသိန်းဇော် ဆို

ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၁၃

မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်ပေါ်လာသော လူမှုရေးပြသနားများအား စုပေါင်းအဖြေရှာရန် ဖေဖော်ဝါရီ ၈ ၊ ၉ နေ့တွင် မြစ်ကြီးနား မနောကွင်းရှိ မဂျိုင်ခန်းမဆောင် တွင် ဟောပြောအဖြေရှာပွဲပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင်လာရောက်ဟောပြောခဲ့သူ ရဲမှူးကြီး စိုင်းသိန်းဇော် က ချင်ပြည်တွင် ဘိန်းစိုက်ခင်း ဧကပေါင်း ၄သောင်းနှင့် ၅ သောင်း ကြားတွင်ရှိကြောင်းပြောကြားခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးလဂွန်ငန်ဆိုင်းသည်လည်း ၁၀ အိမ်တွင် အနည်းဆုံး ၇ အိမ်လောက်မှာမူးယစ်ဆေးဝါသုံးစွဲသူရှိကြောင်း ပြောကြားခဲ့သည်။ ကချင်ပြည်နယ်တွင် တဖြည်းဖြည်း နှင့် မူးယစ်ဆေးဝါ ကင်မဲ့ဇုံဖြစ်အောင် ကြိုးစားသွားမည် ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

Kachin Waves
မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်ပေါ်လာသောလူမှုရေးပြသနားများအား စုပေါင်းအဖြေရှာရန် ဖေဖော်ဝါရီ ၈ ၊ ၉ နေ့တွင် မြစ်ကြီးနား မနော ကွင်းရှိ မဂျိုင်ခန်းမဆောင် တွင် ဟောပြော အဖြေရှာပွဲပြု လုပ်ခဲ့ သည်
အဆိုပါဟောပြောပွဲတွင်လာရောက်ဟောပြောခဲ့သူ ရဲမှူးကြီး စိုင်းသိန်းဇော် က ချင်ပြည်တွင် ဘိန်းစိုက်ခင်း ဧကပေါင်း ၄သောင်းနှင့်

စူပါနေမုန်တိုင်းကြီး ဖြစ်ပေါ်မှုကို ကြိုတင် သတိပေးနိုင်ရန် မိနစ် ၃၀ သာ အချိန်ရမည် ဖြစ်ကြောင်း သိပ္ပံပညာရှင်များ ထုတ်ဖော်ပြောကြား

စူပါနေမုန်တိုင်းကြီး ဖြစ်ပေါ်မှုကို ကြိုတင် သတိပေးနိုင်ရန် မိနစ် ၃၀ သာ အချိန်ရမည် ဖြစ်ကြောင်း သိပ္ပံပညာရှင်များ ထုတ်ဖော်ပြောကြား  

Friday, 08 February 2013 16:30

ရာစုနှစ် တစ်ခုတွင် တစ်ကြိမ်သာ ဖြစ်ပေါ်မည့် စူပါနေမုန်တိုင်းကြီး ဖြစ်ပေါ်မှုကို ကြိုတင်သတိပေး နိုင်ရန်အတွက် မိနစ် ၃၀ သာ အချိန်ရမည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ထုတ်ဖော် ပြောကြားလိုက်ကြောင်း သိရသည်။ ယင်းစူပါ နေမုန်တိုင်းကြီးက ကမ္ဘာမြေပြင်ရှိ အဓိက ဆက်သွယ် ရေးလိုင်းများကို ပြတ်တောက်သွား စေလိမ့်မည်ဟု ဆိုသည်။

စူပါနေမုန်တိုင်းများသည် နှစ်ပေါင်း ၂၀၀ တွင် တစ်ကြိမ်သာ ဖြစ်ပေါ်ပြီး နောက်ဆုံးအကြိမ်အဖြစ် ၁၈၅၉ ခုနှစ်က ဖြစ်ပေါ်ခဲ့သည်။ ယခုအခါ ဂျီပီအက်စ်နှင့် မိုဘိုင်းဖုန်းများ အပါအ၀င် ဆက်သွယ်ရေး ကွန်ရက်များကို ပြတ်တောက်စေနိုင်သည့် စူပါနေမုန်တိုင်း ကျရောက်မှုကို ကာကွယ်ရန် ပညာရှင်များက ကြိုတင် ပြင်ဆင်နေကြသည်။

ဗြိတိန်နိုင်ငံ တော်ဝင်အင်ဂျင်နီယာ အကယ်ဒမီက ပမာဏ ကြီးမားလှသည့် ဓာတ်ရောင်ခြည် ပေါက် ကွဲမှုကြီးကို ရှောင်လွှဲ၍ မရနိုင်ကြောင်းနှင့် အစိုးရအနေဖြင့် ဗြိတိန် အာကာသ မိုးလေ၀သ ဘုတ်အဖွဲ့ကို ဖွဲ့စည်းထားသင့်ကြောင်း ပြောကြားခဲ့သည်။ ယင်းအဖွဲ့က ဂြိုဟ်တု စုစုပေါင်း၏ ဆယ်ပုံ တစ်ပုံကို ပျက် စီးသွားစေပြီး လေကြောင်းနှင့် ရေကြောင်း ခရီးစဉ်များကို အနှောင့်အယှက် ဖြစ်စေမည့် နေမုန်တိုင်းကို ကာကွယ်ရေး မဟာဗျူဟာ ချမှတ်ရန် အစိုးရအား ဦးဆောင် အကြံပြုသင့်သည်ဟု ဆိုသည်။

စူပါနေမုန်တိုင်းများသည် ပုံမှန်အတိုင်း ဖြစ်ပေါ်ခဲ့သော်လည်း ဂြိုဟ်တု ဆက်သွယ်ရေး စနစ်များကို အသုံးပြုသည့် အာကာသခေတ် အတွင်း၌မူ စူပါနေမုန်တိုင်း ဒဏ်ခံရသည့် အတွေ့အကြုံ မရှိသေးပေ။

စူပါနေမုန်တိုင်း ဖြစ်ပေါ်ချိန်တွင် ဂြိုဟ်တုမှနေ၍ ကမ္ဘာမြေပြင်ဆီသို့ ထုတ်လွှတ်မှုများကို ဟန့်တားခံရ သောကြောင့် ဂျီပီအက်စ် အချက်ပြ စနစ်သည် တစ်ရက်မှ သုံးရက်အထိ ပြတ်တောက် သွားမည်ဖြစ်သည်။ ၄င်းအပြင် sat-nav စနစ်မှာလည်း အလုပ်ဖြစ်တော့မည် မဟုတ်ဟု ဆိုသည်။ ဓာတ်ကြွှနေသော ပါတီကယ် များသည် အနိမ့်ပိုင်းအထိ ထိုးဖောက်လျက် ကမ္ဘာ့လေထု အလွှာအတွင်းသို့ ရောက်လာပြီး လေယာဉ် များ၏ အီလက်ထရွန်နစ် စနစ်များကိုလည်း ပျက်စီးစေဖွယ် ရှိသည်ဟု ဆိုသည်။

Daily Mail


အေးချမ်းမွန်မှ  Eleven Media Group တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia
ရာစုနှစ် တစ်ခုတွင် တစ်ကြိမ်သာ ဖြစ်ပေါ်မည့် စူပါနေမုန်တိုင်း ကြီး ဖြစ်ပေါ်မှုကို ကြိုတင်သတိပေး နိုင်ရန်အတွက် မိနစ် ၃၀ သာ အချိန်ရမည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ထုတ်ဖော် ပြောကြားလိုက်ကြောင်း သိရသည်။ ယင်းစူပါ နေမုန်တိုင်းကြီးက ကမ္ဘာမြေပြင်ရှိ အဓိကဆက်သွယ် ရေး လိုင်းများကို ပြတ်တောက်သွား စေလိမ့်မည်ဟု ဆိုသည်။

ငြိမ်းချမ်းရေးအတွက် တောင်ကြီးအခြေစိုက် အဖွဲ့ အစည်းများအား SNLD ခေါင်းဆောင်တွေ့ဆုံ

ငြိမ်းချမ်းရေးအတွက် တောင်ကြီးအခြေစိုက် အဖွဲ့ အစည်းများအား SNLD ခေါင်းဆောင်တွေ့ဆုံ

ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၁၃

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဖြစ်မြောက်ရေးဆွေးနွေး
ပွဲကို သျှမ်းတိုင်းရင်းသားများ ဒီမို ကရေစီ အဖွဲ့ချုပ် SNLD မှကမကထပြု၍
တောင်ကြီးမြို့တွင် ကျင်းပရာ နိုင်ငံရေးအင်အားစုများ အသင်းအဖွဲ့ များ အင်အား ရာကျော်တက်ရောက်ခဲ့ကြကြောင်း ပါတီပြောခွင့်ရ စိုင်းလိတ်
ကပြောပါသည်။

“ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲတရပ်ကို လာမယ့် မတ်လမှာ လုပ်မယ်။ အဲဒီအခါကျရင် လုပ်မယ့် လုပ်ငန်းစဉ်နဲ့ ရည်ရွယ်ချက်ကို ကျနော်တို့အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင် က ရှင်းပြတယ်။ အဲဒီမှာ တက်လာတဲ့ ပရိသတ် ၁၅၀ ကျော်ထဲက လူ ၁၅
ယောက်ကနေ အမြင်အမျိုးမျိုး တင်ပြကြ တယ်။ ရွှေပြည်အေး အဖွဲ့တို့ ရလလဖ အဖွဲ့တို့ အထူး ဆွေးနွေးတယ်။” – ဟု ပြောခွင့်ရ စိုင်းလိတ် ကပြောပါသည်။

ယနေ့ဖေဖော်ဝါရီ ၈ ရက်နေ့ တောင်ကြီး ၌ ကျင်းပသောအဆိုပါ ဆွေးနွေး
ပွဲသို့ တောင်ကြီးအခြေစိုက် သျှမ်းနိုင်ငံရေး အင်အားစုများ၊ အင်း၊ ဓနု၊ ကယား ပအိုဝ်း အစရှိနိုင်ငံရေးပါတီအဖွဲ့အစည်းများ ၊ စာပေယဉ် ကျေးမှုအဖွဲ့ များ၊ အဲန်ဂျီအို အဖွဲ့အစည်းမှ စာဖတ်အသင်း၊ စာကြည့်တိုက်အသင်း၊ လူငယ်အင်အားစု များ တက်ရောက်ခဲ့ကြကြောင်း ဆိုပါသည်။

“အဲဒီတင်ပြချက်တွေထဲမှာ (၁) အချက်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ သူတို့ ရဲ့ အမြင် (၂) ယုံကြည်မှုတည် ဆောက်ခြင်းဆိုင်ရာ သဘောသဘာဝ
တွေကို တင်ပြတယ်။ နောက်တချက်ကတော့ ဖက်ဒရယ်အရေးကို တက်ကြွ လှုပ်ရှားကြတဲ့ တောင်ကြီးမြို့နယ် ဗမာတိုင်းရင်းသားဝါရင့်နိုင်ငံရေးသမား
များကဖက်ဒရယ်နဲ့ပတ်သက်ပြီး ဝင်ရောက် ဆွေးနွေးကြတယ်။

ဒီကနေ့ ဆွေးနွေးပွဲရဲ့ရလဒ်အနေနဲ့ကြည့်မယ် ဆိုရင်တော့ ငြိမ်းချမ်းရေး
အတွက် ယုံကြည်မှုတည် ဆောက်တာကို တောင်ကြီးမြို့နေ ပြည်သူလူထု
တရပ်လုံးက ဝမ်းသာအယ်လဲ ကြိုဆို ကြတယ်” – ဟု စိုင်းလိတ်ကပြော
သည်။

ဖေဖော်ဝါရီ ၈ ရက် တောင်ကြီး၌ ကျင်းပသော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဖြစ်မြောက်ရေးဆွေးနွေးပွဲဆွေးနွေးပွဲမှ ဘုံသဘောတူညီချက်တခု ထုတ်နုတ်နိုင်ခဲ့ရာ ၄င်းမှာ ၂၀ဝ၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေကို ဧကန်မုချ ပြင်ဆင်ရ မည်ဟူသည့်အချက် ရရှိခဲ့ကြောင်း
စိုင်းလိတ်ကဆိုပါသည်။

မတ်လအတွင်းကျင်းပမည့် ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲအတွက် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ
ခွန်ထွန်းဦးနှင့် အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်တို့ကိုယ်တိုင်
သျှမ်းပြည် နှင့်ကယားပြည် အခြေစိုက် တိုင်းရင်းသားနိုင်ငံရေးပါတီ၊ လက်နက်ကိုင်တပ်ဖွဲ့၊လူမှုအခြေပြုအဖွဲ့အစည်းများနှင့် ယခုကဲ့သို့ အကြိမ်ကြိမ်
တွေ့ဆုံ ဆွေးနွေးခဲ့ပြီးဖြစ်သည်။

(သျှမ်းသံတော်ဆင့်)
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ြ ခင်း ဖြစ်မြောက်ရေးေ ဆွးနွေးပွဲကို သျှမ်းတိုင်းရင်းသားများ ဒီမို ကရေစီ အဖွဲ့ချုပ် SNLD မှ ကမကထပြု၍တောင်ကြီးမြို့တွင် ကျင်းပရာ နိုင်ငံရေးအင်အားစုများ အသင်အဖွဲ့များ အင်အား ရာကျော်တက်ရောက်ခဲ့ကြကြောင်း ပါတီပြော ခွင့်ရ စိုင်းလိတ်ကပြောပါသည်။