Tuesday, April 22, 2014

အရက်မူးပြီးပုဆိုးလှန်ပြ၍ ရဲတင်းဖြင့်ခုတ်

၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့ ညနေ ၃ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ အုတ်ရှစ်ကုန်းကျေးရွာနေ ဦးစံဝင်း(၄၆)နှစ်သည် နေအိမ်၌အိပ်နေစဉ် ခေါ်သံကြား၍ ထွက်ကြည့် ရာ ဇော်ထွန်း(၄၅)နှစ်၏နေအိမ်အောက်တွင် ဦးလေးဖြစ်သူ ဦးသိန်းရွှေ(၆၅)နှစ်ကို ရင်ညွန့်အောက် အရှည်(၅)လက်မခန့်ပြတ်ရှဒဏ်ရာ(၁)ချက်ရရှိကာလဲကျနေသည်ကို တွေ့ရှိရသည်။ ထိုသို့တွေ့ သဖြင့် မေးမြန်းရာ ဇော်ထွန်း ထွန်သွားချွန်နေရာသို့ ဦးသိန်းရွှေသည် အရက်မူးရောက်ရှိ လာပြီး ပုဆိုး

အသက်မပြည့် ကလေးမလေးနှစ်ဦးအား အဓမ္မပြုကျင့်သူကို အမှုသုံးခုနဲ့ ဖမ်းဆီးအရေးယူထား


အသက်မပြည့် ကလေးမလေးနှစ်ဦးအား အဓမ္မပြုကျင့်သူကို အမှုသုံးခုနဲ့ ဖမ်းဆီးအရေးယူထား 

မကြာသေးခင်ကပဲ ပြီးဆုံးသွားခဲ့တဲ့ သင်္ကြန်အတက်နေ့တုန်းက ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်မှာ အရွယ်မရောက်သေးတဲ့ ညီအစ်မနှစ်ဦးကိုအဓမ္မကျင့် ခဲ့တဲ့ အမျိုးသားကို ပုဒ်မ သုံးခုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ကလေးမလေး တွေဟာ အသက်(၁၆)နှစ်နဲ့ အသက်(၁၄)နှစ် အရွယ်တွေဖြစ်ပြီး (၁၆)နှစ်အရွယ် ကလေးမလေး ကတော့ လည်ပင်ရိုးကျိုးပြီး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

 အဲဒီဓမ္မပြုကျင့်ခဲ့သူအမျိုးသားဟာ ကလေးမလေးနှစ်ဦးကို အရက်တိုက်ခဲ့ပြီး အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒိုက်ဦးမြို့နယ်ရဲစခန်းက စခန်းမှူး ဦးတင်ထွန်းက ခုလို ရှင်းပြပါတယ်။

“ညနေငါးနာရီလောက်မှာ သူတို့ချမ်းတယ် အဲ့တော့ အရက်ဆိုင်ရှေ့ရပ်တယ် အရက်သောက်တယ်ပဲ ထားပါတော့ အရက်သောက်တယ် အဲဒီမှာ တရာခံရဲ့ ပြောပြချက်၊ အသက်မသေဘဲကျန်ခဲ့တဲ့ ကောင်မလေးရဲ့ ပြောပြချက်အရဆိုရင် အရက်နှစ်ပြားပေါ့ နှစ်ပြားဆိုတော့ တစ်ပြားကိုရှစ်ပက်၊ နှစ်ပြားဆိုတော့ ၁၆ ပက်၊ အဲဒါကို ဘီယာတစ်ဗူးရယ်၊ လက်ဖက်သုပ် ရယ်စားကြ သောက်ကြတယ်။”

လက်ရှိအချိန်မှာတော့ အဓမ္မကျင့်ခဲ့သူအမျိုးသားကို ဒိုက်ဦးမြို့နယ်ရဲစခန်းက အမှုဖွင့် အရေးယူထား ကြောင်း မြစ်မခသတင်းအရ သိရပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit: Radio Australia 
http://www.phothutaw.com/2014/04/blog-post_523.html
မကြာသေးခင်ကပဲ ပြီးဆုံးသွားခဲ့တဲ့ သင်္ကြန်အတက်နေ့တုန်းက ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်မှာ အရွယ်မရောက်သေးတဲ့ ညီအစ်မနှစ်ဦးကိုအဓမ္မကျင့် ခဲ့တဲ့ အမျိုးသားကို ပုဒ်မ သုံးခုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ကလေးမလေး တွေဟာ အသက်(၁၆)နှစ်နဲ့ အသက်(၁၄)နှစ် အရွယ်တွေဖြစ်ပြီး (၁၆)နှစ်အရွယ် ကလေးမလေး ကတော့ လည်ပင်ရိုးကျိုးပြီး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီဓမ္မပြုကျင့်ခဲ့သူအမျိုးသားဟာ ကလေးမလေးနှစ်ဦးကို အရက်တိုက်ခဲ့ပြီး အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ် လို့လည်း သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒိုက်ဦးမြို့နယ်ရဲစခန်းက စခန်းမှူး ဦးတင်ထွန်းက ခုလို

သက်တမ်းကုန်လျှင် ၀န်ကြီးထပ်မလုပ်တော့ဟု လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်ကြေညာ

သမ္မတဦးသိန်းစိန်၏ အစိုးရအဖွဲ့မှ ပြည်ထောင်စု ၀န်ကြီး ၃၆ ဦးအနက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က  သက်တမ်းကုန်လျှင် ၀န်ကြီး  ဆက်လုပ်မည်မဟုတ်ကြောင်း တရားဝင်ကြေညာလိုက်သည်။
‘‘ကျွန်တော်က နောက်ထပ် ၂ နှစ်ဆိုရင် လုံးဝဆက်မလုပ်တော့ဘူး။ လယ်/ဆည်ဝန်ကြီးကို။ဒါခင်ဗျားတို့ကို အတိအလင်း ကြေညာတာ’’ဟု ဧပြီ ၂၀ရက်တွင်နေပြည်တော်  ပျဉ်းမနားမြို့နယ် အလျင်လိုကျေးရွာ ဧက ၄၄၀ စက်မှုလယ်ယာရိပ်သာ၌ နေပြည်တော်ဒေသခံ လယ်သမားများနှင့် တွေ့ဆုံစဉ် ဦးမြင့်လှိုင်က တရားဝင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ကြေညာခြင်းသည် လက်ရှိအစိုးရသက်တမ်းသုံးနှစ် ကျော်တွင် ပြည်ထောင်စုဝန်ကြီး ၃၆ ဦးအနက်

မူးယစ်သုံးစွဲသူ ရဲတပ်သားတစ်ဦး ဖမ်းမိ

ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး(လားရှိုး)တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးကို အိမ်သာအတွင်း မူးယစ်ဆေးသုံးစွဲနေစဉ် အသုံးပြုသည့် ပစ္စည်းများနှင့်တကွ ဧပြီ ၂ဝရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ လားရှိုးမြို့ရပ်ကွက်(၅)နယ်မြေ(၂)မန်မိုင်ရွာ၊နတ်စင်လမ်းရှိ ခေါက်ဆွဲအရောင်းဆိုင် တစ်ဆိုင် အနောက်ရှိ အိမ်သာအတွင်းသို့ အမျိုးသားတစ်ဦးသည်နံနက်ဆယ်နာရီခန့်မှ ဝင်ရောက် သွားပြီး အတန်ကြာသည်အထိ ထွက်လာခြင်းမရှိသောကြောင့် တံခါးဖွင့်ကြည့်ရာ ဖွင့်မရသောကြောင့် ရဲစခန်းသို့အကြောင်းကြားရာ လားရှိုးမြို့မရဲစခန်းမှ တာဝန်မှူးဒုရဲအုပ်ထွန်းထွန်းနှင့် တကကမောင်ရွှေ

KIA ပြောသည့် ငြိမ်းချမ်းရေး ကို လေ့လာစောင့်ကြည့်သူများ သံသယဖြစ် စိုးရိမ်နေ

Photo: KIA ပြောသည့် ငြိမ်းချမ်းရေး ကို လေ့လာစောင့်ကြည့်သူများ သံသယဖြစ် စိုးရိမ်နေ

ဧပြီလ ၂၂ ရက် ၂၀၁၄ ခုနှစ်

ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့က စတင်ပြီး လေး ရက်ကြာ ပြုလုပ်ခဲ့တဲ့ အစိုးရနဲ့ NCCT တို့ရဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် တစ်ခုတည်း သော သဘောတူညီချက် (Single Text) ပထမမူကြမ်းကို သဘောခဲ့ကြပေမယ့် လူသတ်၊ ဗုံးခွဲမှုများ ရှိနေသေး သဖြင့် KIA ပြောတဲ့ ငြိမ်းချမ်းရေး ကို လေ့လာစောင့်ကြည့်သူများက သံသယဖြစ် အထူးစိုးရိမ်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။

ဧပြီလ ၈ ရက်နေ့က KIA မ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ကိုယ်တိုင် ရန်ကုန်မြို့ MPC သို့သွားရောက်ကာ ငြိမ်းချမ်းရေးဆွေးနွေး ခဲ့ပြီးနောက် ၅ ရက်အကြာ ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှာ မိုးမောက်-လွယ်ဂျယ် ကားလမ်းပေါ်တွင် ယာဉ်ခုနစ်စင်းပါဝင်တဲ့ အစိုးရ စစ်တပ် ယာဉ်တန်းကို ကေအိုင်အေ က ဗုံးခွဲ တိုက်ခိုက်ခဲ့တာကြောင့် ယာဉ်တစ်စီး မီးလောင်ပျက်စီးခဲ့ပြီး အစိုးရတပ်သား နှစ်ဦးကျဆုံးကာ လေးဦးဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။ 

"မိုးမောက်မှာ သင်္ကြန်အကြိုနေ့က တပ်ကို ကားမိုင်းခွဲလိုက်တယ် အဲ့ဟာလိုက်ရှင်းနေတာ၊ ရှင်းနေတုံးပဲ အဲ့ဖြစ်စဉ်ရဲ့ နောက်ဆက်တွဲပဲ၊ လွယ်ဂျယ်- ဗန်မော်လမ်းကြီးပေါ်မှာ မိုင်းခွဲလိုက်တာလေ ကားတစ်စီး မီးလောင်သွားတယ်လေ၊ ဗန်မော်- လွယ်ဂျယ်လမ်းပေါ်မှာတင် မိုးမောက်အထွက်ပဲရှိသေးတယ် အဲ့ဒါကို မိုင်းခွဲလိုက်တာ" လို့ မြစ်ကြီးနားမြို့ အခြေ စိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်အရာရှိ တစ်ဦးက RFA ကိုပြောပါတယ်။

မြန်မာ့ရိုးရာ သင်္ကြန် ရက်များကို မရှောင်ပဲ KIA မှ စတင်ကာ ရန်စ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲများကြောင့် ဧပြီလ ၁၇ ရက်နေ့မှာ (၇) နာရီကြာနီးပါးလောက် ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဧပြီ ၁၇ ရက်နှင့် ၁၈ ရက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနေရာများတွင် လူနေအိမ်များနှင့် ရွာများမရှိကြောင်း သိရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မန်ဝိန်းကြီး ဒေသနဲ့ KIA တပ်မဟာ ၄၊ တပ်ရင်း ၉ နယ်မြေများတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကချင်နှင့် ရှမ်းတိုင်းရင်းသား ကျေးရွာများတွင် နေထိုင်သူများ အိုးအိမ် စွန့်ခွာပြေးခဲ့ရပြီး စစ်ပြေးဒုက္ခသည် တစ်သောင်းကျော်ရှိခဲ့ကြောင်း ဒေသခံလူမှု ကူညီရေး အဖွဲ့များထံမှ သိရသည်။

မနှစ်က အခုလိုနွေရာသီ ရေရှားပါးချိန်တုန်းကတော့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဦးဆောင် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပေမယ့် လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲများက ဒုက္ခသည်များကိုတော့ သင်္ကြန်ကာလအတွင်း ဖြစ်တာကြောင့် လည်းကောင်း၊ မည်သူမျှ မျှော်လင့်မထားသော နေ့ထူးနေ့မြတ်တွေမှာ KIA က ဗုံးခွဲခဲ့တာ ဖြစ်ခြင်းကြောင့်လည်းကောင်း ကူညီမယ့်သူမရှိသေးဘူးလို့ သိရပါတယ်။ 
"ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ဖြစ်လဲဆိုတော့ အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင် ကျင်းပလေ့ရှိတဲ့ မြန်မာရိုးရာ သင်္ကြန် စတင်တဲ့ ရက်မှာပဲ မိုးမောက်-လွယ်ဂျယ် အများသုံးလမ်းမှာ KIA ဘက်က ဗုံးခွဲတိုက်ခိုက်တာ တွေရှိတယ်…။ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြီးတာလည်း တစ်ပတ်မပြည့်သေးဘူး…၊ ဗိုလ်ချုပ်ဂွမ်မော်ကလည်း အမေရိကန် ရောက်နေတယ်… ကချင်ပြည်သူတွေက သင်္ကြန်တွင်းမှာ အေးချမ်းပျော်ရွှင်ရမယ့်အစား.. စစ်ပြေးဒုက္ခသည်ဖြစ်နေတယ်.. ဒီတော့ KIA ရက်လုပ်ရပ်တွေက ကချင်လူထုအတွက်လား.. ငြိမ်းချမ်းရေးကို တကယ်လိုလားတာ ဟုတ်ရဲ့လားဆိုတာ သံသယဖြစ်မိတယ်…” လို့ MPC မှ ကျွမ်းကျင်သူတစ်ဦးက ဆိုပါတယ်။ 

သမ္မတပြောခွင့်ရလည်းဖြစ်၊ ဒု ပြန်ကြားရေး ဝန်ကြီးလည်း ဖြစ်တဲ့ ဦးရဲထွဋ်ကို ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ်မေးမြန်းစဉ်မှာတော့ ကချင်ပြည်နယ်မှာကတော့ သန်းခေါင်စာရင်းကောက်ယူနေတဲ့ အချိန်အတွင်းမှာ ကေအိုင်အေဘက်ကနေ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့တွေကို တားမြစ်တာ၊ ဟန့်တားခဲ့တာတွေ ရှိတယ်။ သန်းခေါင်စာရင်းကောက်ယူရေးကိစ္စတွေကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တပ်မတော်က အရာရှိတွေနဲ့ စစ်သည်တွေကို ချောင်းမြောင်းပစ်ခတ်တဲ့ အတွက်ကြောင့်မို့ ဗိုလ်မှူးတစ်ဦး ကျဆုံးခဲ့ရတာရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ကလည်း သန်းခေါင်စာရင်းကောက်ဝန် ထမ်းများကို ကေအိုင်အေမှခြိမ်း ခြောက်မှုများရှိနေသည့်အတွက် ကချင်ပြည်နယ် မန်ဝိန်းကြီး အနီးရှိ ကေအိုင် အေ ထိန်းချုပ်နယ်မြေမဟုတ်တဲ့ မန်ဝိုင်းကျေးရွာအတွင်း လုံခြုံရေးဆောင်ရွက်ပေး နေတဲ့ အစိုးရတပ်ခမရ(၅၆၇)မှ တပ်ရင်းမှူး ဗိုလ်မှူးမျိုးညွန့်စိုးကို KIA က ချောင်းမြောင်းပစ်ခတ်ခဲ့တာကြောင့် ဧပြီ ၄ရက်နေ့က ကျဆုံး သွားခဲ့ပါတယ်။ 

မြန်မာစစ်တပ် ဒုတပ်ရင်းမှူးကို ကေအိုင်အေ ချောင်းမြောင်းပစ်ခတ် သတ်ဖြတ်စဉ်က ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွန်မော်ဟာ တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ တက်ရောက်ဖို့ ရန်ကုန်မြို့မှာ ရောက်ရှိနေပြီး အများပြည်သူသုံးလမ်းပေါ် ကေအိုင်အေ ဗုံးခွဲမှုကြောင့် တိုက်ပွဲများ ဖြစ်ပွားနေချိန်မှာ ဗိုလ်ချုပ်ဂွမ်မော်ဟာ အမေရိကန်အစိုးရတာဝန်ရှိသူတွေ၊ မြန်မာ့အရေး၊ ကချင့်အရေး စိတ်ဝင်စားတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုပြီး အမေရိကန်ပြည်ထောင်စု ကို ရောက်ရှိနေပါတယ်။

ကေအိုင်အေ တပ်ဖွဲ့အတွင်း အထက်အောက် အမိန့်နာခံမှု ကင်းမဲ့နေခြင်း၊ တပ်ဖွဲ့ဝင်အားလုံးက ငြိမ်းချမ်းရေး လိုလားမှုမရှိခြင်း နဲ့ ရန်ကုန်သို့ အကြိမ်ကြိမ်ရောက်ရှိသော်လည်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်ဂွမ်မော် သွားရောက်တွေ့ဆုံမှု မရှိခြင်း တို့အတွက် ကေအိုင်အေ ရဲ့ ငြိမ်းချမ်းရေး လိုလားမှု အမှန်တကယ် ရှိ/မရှိ ကို မြန်မာ့အရေးစောင့်ကြည့်သူများက မေးခွန်းထုတ်နေကြပြီး ကေအိုင်အေ ရဲ့ ရန်စ တိုက်ခိုက်မှုတွေကြောင့် မေလ တွင်းမှာလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ အချိန်ကြန့်ကြာမှာကို လူထုတစ်ရပ်လုံးက အားလုံးက စိုးရိမ်လျှက်ရှိကြောင်း သိရပါတယ်။

MEG
ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့က စတင်ပြီး လေး ရက်ကြာ ပြုလုပ်ခဲ့တဲ့ အစိုးရနဲ့ NCCT တို့ရဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် တစ်ခုတည်း သော သဘောတူညီချက် (Single Text) ပထမမူကြမ်းကို သဘောခဲ့ကြပေမယ့် လူသတ်၊ ဗုံးခွဲမှုများ ရှိနေသေး သဖြင့် KIA ပြောတဲ့ ငြိမ်းချမ်းရေး ကို လေ့လာစောင့်ကြည့်သူများက သံသယဖြစ် အထူးစိုးရိမ်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။

ဧပြီလ ၈ ရက်နေ့က KIA မ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ကိုယ်တိုင် ရန်ကုန်မြို့ MPC သို့ သွားရောက်ကာ ငြိမ်းချမ်းရေးဆွေးနွေး ခဲ့ပြီးနောက် ၅ ရက်အကြာ ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှာ မိုးမောက်-လွယ်ဂျယ် ကားလမ်းပေါ်တွင် ယာဉ်ခုနစ်စင်းပါဝင်တဲ့ အစိုးရ စစ်တပ် ယာဉ်တန်းကို ကေ

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ ပါဝင်ရန် အမေရိကန်ကို KIA ခေါင်းဆောင်ပြော

အမေရိကန်နိုင်ငံ အနေနှင့် လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အသိသက်သေ အဖြစ် ပါဝင်ဆောင်ရွက်ရန် KIA ခေါင်း ဆောင် ဗိုလ်ချုပ် ဂွန်မော်က ပြောသည်ဟု Reuters သတင်းတရပ်၌ ဖော်ပြထားသည်။ အမေရိကန် နိုင်ငံ ခြားရေးဌာန အပါအဝင် ဝါရှင်တန်ဒီစီရှိ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင် ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။ ၎င်းသည် အမေရိကန်နိုင်ငံသို့ ၁၀ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေသည်။ အမေရိကန်ရောက် ကချင်မိသားစုများ၊

သန္ဓေသားအလောင်းကို စွန့်ပစ်ဖျောက်ဖျက်သူအား အရေးယူ စုံစမ်းလျက်ရှိ

၂၁.၄.၂၀၁၄ ရက်နေ့ ၂၀၄၅ အချိန် ရန်ကင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် ရန်ကင်းမြို့နယ်၊ (၄)ရပ်ကွက်၊ ရန်နိုင်လမ်းဘေး မြို့မစာကြည့်တိုက် အနီးတွင် သေဆုံးနေသည့် သန္ဓေသားအား စွန့်ပစ် ထားသည်ကိုတွေ့ရှိ ရကြောင်း သတင်းအရသွားရောက်စစ်ဆေးခဲ့ပါသည်။
ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် ကျား/မ ခွဲခြား၍မရသော သေဆုံးနေသည့်

KIA တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး လက်နက်မဲ့အလင်းဝင်ရောက်


KIA တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး လက်နက်မဲ့အလင်းဝင်ရောက်

ဧပြီလ ၂၁ ရက် ၂၀၁၄ ခုနှစ်

ကချင်ပြည်နယ် နန်းမွန်းကျေးရွာနေ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးသည် ၂၀၁၄ခုနှစ် အေပြီလ(၁၉)ရက်ေ န့တွင် မြစ်ကြီးနားမြို့ဌာနဆိုင်ရာရုံးသို့ လက်နက်မဲ့အလင်းဝင်ရောက် ခဲ့ကြောင်း ယင်းဌာနဆိုင်ရာရုံးမှ သိရသည်။

အဆိုပါ အလင်းဝင်ရောက်လာသော KIA တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးမှာ KIA တပ်မဟာ(၂)လက်အောက်ခံ တပ်ရင်း(၂၆)ပြည်သူ့စစ်မှ အမှတ် ၂၀၁၃၆ ဗိုလ်အဆင့်ရှိ ခေါ်ယော်(၅၈)နှစ်(ဘ)ဦးယော်ခေါ်၊ နန်းမွန်းကျေးရွာ ကချင်စု ရပ်ကွက်တွင်နေထိုင်သူဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
`` သူက ၁၉၈၈ခုနှစ်မှာ KIA အဖွဲ့ထဲကနေ ထွက်လာပြီး မိသားစုနှင့်အတူ နန်းမွန်းရွာမှာ ပြန်နေတာ၊ တောင်သူလုပ်ငန်း လုပ်တယ်လို့သိရတယ်၊ ၂၀၁၁ခုနှစ်မှာ KIA အဖွဲ့က တပ်ဖွဲ့ဝင်ဟောင်းတွေကို စစ်မှုထမ်းဆောင် ဖို့ပြန်ခေါ်တဲ့အတွက် ပြန်သွားရတယ်လို့ပြောတယ်´´ ဟု ယင်းရုံးမှ ပြောရေးဆိုခွင့်ရှိသူ အရာရှိတစ်ဦးကဆိုသည်။

ယခုကာလတွင် KIA အဖွဲ့မှ ၄င်းတို့၏ တပ်ဖွဲ့ဝင်ဟောင်းများအား ပြန် လည်စစ်မှုထမ်းရန် ခေါ်ယူနေမှုများကြောင့် အချို့တပ်ဖွဲ့ဝင်ဟောင်းများ မှာ နေရပ်များကိုစွန့်ခွာပြီး ပြောင်းရွှေ့တိမ်းရှောင်လျက်ရှိကြောင်း၊ အချို့ကမူ ပြန်လည်တာဝန် မထမ်းဆောင်လိုသဖြင့် ယခုကဲ့သို့အလင်းဝ င်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းသည် KIA (၂၆)တွင် ၂၀၁၃ခုနှစ်၊နိုဝင်ဘာလအထိ ပြည်သူ့စစ် အဖြစ်ပြန်လည်တာဝန်ထမ်းဆာင်ခဲ့ပြီး အောက်တိုဘာလမှစ၍ ၄င်းဆန္ဒ အလျှောက်နန်းမွန်းကျေးရွာသို့ ပြန်လည်နေထိုင်ရာမှ အလင်းဝင်ရောက်လြာ ခင်း ဖြစ်ကြောင်း ထွက်ဆိုချက်များအရ ယင်းအရာရှိက ဆက်လက်ပြောကြား သွားသည်။

၂၀၁၄ခုနှစ်အေပြီလမှစ၍ KIA  အဖွဲ့အနေဖြင့် နိုင်ငံရေး၊စစ်ရေး အခြေ အနေများကြောင့် ယခင်တပ်ဖွဲ့ဝင်ဟောင်းများအား ပြန်လည်တာ ၀န်ထမ်းေ ဆာင်ရန် ပြန်လည်ခေါ်ယူမှုများကြောင့် ဆက်လက်တာဝန် မထမ်းဆောင် လိုသော တပ်ဖွဲ့ဝင် ဟောင်းများမှ လက်နက်မဲ့အလင်းဝင်ရန် စီစဉ်နေ ကြကြောင်း အဆိုပါအလင်းဝင်သူ၏ ပြောပြချက်အား တာဝန်ရှိသူအရာ ရှိက ပြန်လည်ပြောကြားသွားခဲ့ပါသည်။ 

အယ်လ်နော်ဆိုင်း
ကချင်ပြည်နယ် နန်းမွန်းကျေးရွာနေ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးသည် ၂၀၁၄ခုနှစ် အေပြီလ(၁၉)ရက်ေ န့တွင် မြစ်ကြီးနားမြို့ဌာနဆိုင်ရာရုံးသို့ လက်နက်မဲ့အလင်းဝင်ရောက် ခဲ့ကြောင်း ယင်းဌာနဆိုင်ရာရုံးမှ သိရသည်။
အဆိုပါ အလင်းဝင်ရောက်လာသော KIA တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးမှာ KIA တပ်မဟာ(၂)လက်အောက်ခံ တပ်ရင်း(၂၆)ပြည်သူ့စစ်မှ အမှတ် ၂၀၁၃၆ ဗိုလ်အဆင့်ရှိ ခေါ်ယော်(၅၈)နှစ်(ဘ)ဦးယော်ခေါ်၊ နန်းမွန်းကျေးရွာ ကချင်စု ရပ်ကွက်တွင်နေထိုင်သူဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
`` သူက ၁၉၈၈ခုနှစ်မှာ KIA အဖွဲ့ထဲကနေ ထွက်လာပြီး မိသားစုနှင့်အတူ နန်းမွန်းရွာမှာ ပြန်နေတာ၊ တောင်သူလုပ်ငန်း လုပ်တယ်လို့သိရတယ်၊ ၂၀၁၁ခုနှစ်မှာ KIA အဖွဲ့က

လှည်းတန်း ခုံးကျော်တံတား အဆင်းတွင် လုယက်မှုဖြစ်



ကမာရွတ်မြို့နယ် လှည်းတန်း ခုံးကျော်တံတားအဆင်း တက္ကသိုလ်ဝင်ပေါက် အနီး အငှားယာဉ်ပေါ်တွင် ဧပြီလ ၂၀ ရက် ည ၉ နာရီခန့်က ခရီးသည်အဖြစ် စီးနင်းလိုက်ပါလာသော လူငယ်လေးဦးက ယာဉ်မောင်းကို ဓားထောက် လုယက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ စုံစမ်းသိရှိရသည်။
အသက် ၃၃ နှစ်အရွယ် ကိုဇော်ဇော်လွင်၏ နစ်ဆန်းအငှားယာဉ်ကို ယင်းနေ့ညပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် ၁၂၄ လမ်းထိပ်မှ အသက် ၂၀ ဝန်းကျင်ခန့်ရှိ လူငယ်လေးဦးက လှည်းတန်းသို့ ပို့ဆောင်ပေးရန် ငှားရမ်းခဲ့သဖြင့် ယာဉ်မောင်းက လိုက်လံပို့ဆောင်စဉ် ယာဉ်နောက်ခန်းတွင် ထိုင်နေသော လူငယ်တစ်ဦးက ယာဉ်မောင်း၏ လည်ပင်းကို သိုင်းဖက်ကာ ဓားထောက် လုယက်ခဲ့ကြောင်း

တောင်ကိုရီးယားကူးတို့သင်္ဘောနစ်မြုပ်မှုသေဆုံးသူ ၆၄ဦးရှိလာပျောက်ဆုံးနေသူ ၂၃၈ ဦးကိုအမြန်ဆုံးရှာဖွေရန် တောင်ကိုရီးယားသမ္မတတိုက်တွန်း

Photo: တောင်ကိုရီးယားကူးတို့သင်္ဘောနစ်မြုပ်မှုသေဆုံးသူ ၆၄ဦးရှိလာပျောက်ဆုံးနေသူ  ၂၃၈ ဦးကိုအမြန်ဆုံးရှာဖွေရန် တောင်ကိုရီးယားသမ္မတတိုက်တွန်း
==================================
ဆိုးလ် ဧပြီ ၂၁
==================================

တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်မှ အပန်းဖြေစခန်းတစ်ခုရှိရာ ဂျယ်ဂျူးကျွန်းသို့ သွားရောက်စဉ်အတွင်း နစ်မြုပ်ခဲ့သည့် ကူး တို့သင်္ဘောဖြစ်ရပ်ကြောင့် သေဆုံးသူ ၆၄ ဦးရှိသွားပြီဟု တောင်ကိုရီးယားအစိုးရမှ အတည်ပြုချက်ထုတ်ပြန်လိုက်ကြောင်းရိုက်တာ သတင်းဌာနက ယနေ့ဖော်ပြသည်။ 

သင်္ဘောပေါ်၌ ခရီးသည် ၄၇၆ ဦးပါရှိ သွားခဲ့ပြီး ၃၃၉ ဦးမှာ အပန်းဖြေလေ့လာရေး ခရီးအဖြစ် လိုက်ပါလာခဲ့သော ကလေးငယ် များဖြစ်ပြီး ကျန်ခရီးသည်များထဲတွင်လည်း  ကျောင်းဆရာအရေအတွက်မှာ အများဆုံးဖြစ် သည်ဟုသိရသည်။ သင်္ဘောသည် ကမ်းရိုး တန်းကိုဖြတ်သန်းနေစဉ်အတွင်း ပြင်းထန် သော ဒီရေလှိုင်းများကြောင့် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။ သင်္ဘောနစ်မြုပ်ရာ ၌ ပါဝင်ခဲ့သူများအနက် ၁၇၄ ဦးကို ကယ် ဆယ်နိုင်ခဲ့ပြီးဖြစ်သည်။ 
ကျန်ခရီးသည်များ ကို ပင်လယ်အတွင်း၌ နစ်မြုပ်နေသည့် သင်္ဘောထဲတွင် ရှာဖွေမှုများဆက်လက်ပြုလုပ် နေသော်လည်း ရာသီဥတုအခြေအနေဆိုးရွား နေခြင်းကြောင့် ရှာဖွေရေးလုပ်ငန်းစဉ်များမှာ မျှော်မှန်းထားသလောက်ခရီးရောက်ခြင်းမရှိ ဟု ရှာဖွေရေးအဖွဲ့မှပြောရေးဆိုခွင့်ရှိသူတစ်ဦး က ပြောသည်။ ယနေ့ရက်စွဲဖြင့် ထုတ်ပြန် လိုက်သော ရှာဖွေရေးအဖွဲ့၏ သတင်းထုတ် ပြန်ချက်တွင် ပျောက်ဆုံးသူအရေအတွက်မှာ  ၂၃၈ ဦးရှိပြီး ရာသီဥတုပြင်းထန်နေသည့် ကြားမှ ရှာဖွေမှုလုပ်ငန်းစဉ်များကိုဆောင်ရွက် နေသည်ဟုဖော်ပြထားသည်။

တောင်ကိုရီးယားသမ္မတပတ်ဂွမ်ဟေးသည်  သင်္ဘောနစ်မြုပ်မှုနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ရာတွင် အဆိုပါ ဖြစ်စဉ်အတွက် သင်္ဘောဝန်ထမ်းများတွင် သာ တာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။  ပတ်ဂွမ်ဟေးက ''ဒီဖြစ်စဉ်ဟာ သင်္ဘော ဝန်ထမ်းတွေရဲ့ ပေါ့လျော့မှု၊ အားနည်းမှုတွေ ကြောင့်ဖြစ်ပျက်ခဲ့တယ်လို့ဆိုရမှာပါ။ စုံစမ်း စစ်ဆေးမှုတွေပြုလုပ်နေဆဲဖြစ်ပေမယ့် သင်္ဘော မောင်းသူမှာပဲ တာဝန်အပြည့်အဝရှိမယ်လို့  သတ်မှတ်ထားပါတယ်။ ပျောက်ဆုံးနေသူ
 တွေကို အမြန်ဆုံးရှာဖွေနိုင်အောင် ကြိုးစားဖို့  တိုက်တွန်းချင်ပါတယ်''ဟုပြောသည်။
NG(Ref:Reuters)
တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်မှ အပန်းဖြေစခန်းတစ်ခုရှိရာ ဂျယ်ဂျူးကျွန်းသို့ သွားရောက်စဉ်အတွင်း နစ်မြုပ်ခဲ့သည့် ကူး တို့သင်္ဘောဖြစ်ရပ်ကြောင့် သေဆုံးသူ ၆၄ ဦးရှိသွားပြီဟု တောင်ကိုရီးယားအစိုးရမှ အတည်ပြုချက်ထုတ်ပြန်လိုက်ကြောင်းရိုက်တာ သတင်းဌာနက ယနေ့ဖော်ပြသည်။

သင်္ဘောပေါ်၌ ခရီးသည် ၄၇၆ ဦးပါရှိ သွားခဲ့ပြီး ၃၃၉ ဦးမှာ အပန်းဖြေလေ့လာရေး ခရီးအဖြစ် လိုက်ပါလာခဲ့သော ကလေးငယ် များဖြစ်ပြီး ကျန်ခရီးသည်များထဲတွင်လည်း ကျောင်းဆရာအရေအတွက်မှာ အများဆုံးဖြစ် သည်ဟုသိရသည်။ သင်္ဘောသည် ကမ်းရိုး တန်းကိုဖြတ်သန်းနေစဉ်အတွင်း ပြင်းထန် သော ဒီရေလှိုင်းများကြောင့် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။ သင်္ဘောနစ်မြုပ်ရာ ၌ ပါဝင်ခဲ့သူများအနက် ၁၇၄

မန္တလေးတိုင်း ဝန်ကြီးချုပ်အိမ် မီးလောင်ကျွမ်းမှု တိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်စစ်ဆေး


မန္တလေးတိုင်း ဝန်ကြီးချုပ်အိမ် မီးလောင်ကျွမ်းမှု တိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်စစ်ဆေး

မန္တလေး၊ ဧပြီ ၂၁

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၏နေအိမ် လျှပ်စစ်မီး ဝါယာရှော့ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ တရားစွဲဆိုရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ရှိ ဝန်ကြီးတစ်ဦး ဦးဆောင်ပြီး စုံစမ်းစစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောကြားသည်။ 

မန္တလေးမြို့တော် အောင်မြေသာစံမြို့နယ် ၆၅ လမ်း၊ ၂၃ နှင့် ၂၄ လမ်းကြားတွင် တည်ရှိသော အဆိုပါ ဝန်ကြီးချုပ်နေအိမ် မီးလောင်မှုနှင့် ပတ်သက်ပြီး အမှုဖွင့် တရားစွဲဆို၍ ဥပေဒကြောင်းအရ ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရုံးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“တချို့မီဒီယာတွေက ဝန်ကြီးချုပ်ကို အမှုမဖွင့်ဘူးလား၊ မဖွင့်ဘူးလား၊ ပြောနေကြတာ။ ဝန်ကြီးချုပ်ကို အမှုဖွင့်မယ်ဆိုရင် သမ္မတဆီကို စာတင် အကြောင်းကြားတာတွေ ဘာတွေလုပ်ရမယ်။ အဲ့ဒါကြောင့် မီးစတင် လောင်ကျွမ်းတဲ့ အကြောင်းအရင်းကို စုံစမ်းနေပါတယ်။ ဝါယာကြိုးတွေ ဆွေးမြည့်နေလို့လား။ ဘာကြောင့် ဖြစ်တယ်ဆိုတာကို တိုင်းဒေသကြီး အစိုးရဖွဲ့က ဝန်ကြီးတစ်ဦး ဦးဆောင်ပြီး စုံစမ်းစစ်ဆေးနေပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားစဉ် ဝန်ကြီးချုပ်သည် နေအိမ်အတွင်း၌ ရှိနေခဲ့ကြောင်း မန္တလေး ခရိုင်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက ထုတ်ဖော် ပြောကြားသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်စဉ်နှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း အစည်းအဝေး တက်ရောက်နေ၍ ပြန်လည် မဖြေကြားနိုင်ကြောင်း ၎င်းတို့က ပြောကြားသည်။ 

မန္တလေးမြို့တော်ရှိ ၆၅ လမ်း၊ ၂၃x၂၄ လမ်းကြားတွင် ဧပြီလ ၁၉ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်က မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် နေအိမ်ရှိ အခန်းတစ်ခန်းတွင် လျှပ်စစ်ဝါယာရှော့ ဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော်လည်း အခြား ဘေးပတ်ဝန်းကျင်သို့ မီးကူးစက် လောင်ကျွမ်းခြင်း မရှိခဲ့ပေ။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်က ဝန်ကြီးချုပ်နေအိမ် မီးလောင်မှုနှင့် ပတ်သက်သည့် တွေ့ရှိချက်များကို ဓာတ်ပုံ အထောက်အထားနှင့်တကွ မီးလောင်သည့်နေ့တွင်ပင် မီးသတ်သို့ ချက်ချင်း လွှဲပြောင်းပေးပြီး ဖြစ်ကြောင်း ပြောကြားသည်။

“ဒီအမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဆဲပဲ တင်ထားတာပါ။ မီးလောင်မှု ဓာတ်ပုံ ပို့တယ် ဆိုတာလည်း ခုထိ လက်ခံရတာမျိုး မရှိသေးပါဘူး။ ဝန်ကြီးတစ်ပါး ဦးဆောင် စစ်ဆေးနေတယ် ဆိုတာလည်း မသိပါဘူး။ တိုင်းအစိုးရအဖွဲ့က ဆောင်ရွက်နေပါတယ်။ သိရင် ကျွန်တော်တို့ ပြောပေးပါမယ် ခင်ဗျာ” ဟု တိုင်းမီးသတ် ဦးစီးမှူးက ပြောဆိုသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်သည် ဇန်နဝါရီ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်ကလည်း ယာဉ်တန်းဖြင့် မိုးကုတ်မြို့မှ မန္တလေးမြို့သို့ ပြန်လာစဉ် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဒိုးပင်ရွာနှင့် ဟိုခိုရွာအကြား မိုင်တိုင်အမှတ် ၃၀ နှင့် ၃၁ ကြား အရောက်တွင် လက်ဆွဲမိုင်း ချိန်ကိုက်ရှော့တိုက် ပေါက်ကွဲ တိုက်ခိုက်ခံခဲ့ရပြီး မန္တလေး နေ့စဉ်သတင်းစာ သတင်းထောက်ချုပ် ဦးအောင်မင်းဦးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ပြန်ကြားရေး သတင်းထောက် ဦးဇင်မင်းထွန်းတို့ ဒဏ်ရာရရှိခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၏နေအိမ် လျှပ်စစ်မီး ဝါယာရှော့ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ တရားစွဲဆိုရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ရှိ ဝန်ကြီးတစ်ဦး ဦးဆောင်ပြီး စုံစမ်းစစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြော ကြားသည်။
မန္တလေးမြို့တော် အောင်မြေသာစံမြို့နယ် ၆၅ လမ်း၊ ၂၃ နှင့် ၂၄ လမ်းကြားတွင် တည်ရှိသော အဆိုပါ ဝန်ကြီးချုပ်နေအိမ် မီးလောင်မှုနှင့် ပတ်သက်ပြီး အမှုဖွင့် တရားစွဲဆို၍ ဥပေဒကြောင်းအရ ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရုံးတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“မူးယစ်စေတတ်တဲ့ အရာတစ်မျိုးတိုက်ပြီး လုပ်ကြံတာပါ.. အန်တီကို အန်တီသားက အိပ်မက်ပေးတယ်..” ဒေါ်ယုယုမော် (မော်လ်ဒယ်ကောင်းမြတ်ဟိန်း မိခင်)

မြန်မာ့သားကောင်း's photo.
August Myanmar Media Group မှ စီစဉ်ကျင်းပသည့် Mister and Miss University Myanmar ပြိုင်ပွဲဝင် မော်လ်ဒယ်ကောင်းမြတ်ဟိန်း (ခ) ကျော်ဇောဟိန်း သေဆုံးမှုနှင့်ပတ်သက်ပြီး သေဆုံးသူအား မူးယစ်စေတတ်သော အရည်တစ်မျိုးမျိုးတိုက်ပြီး ရေနစ်သတ်ခံရခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း မိခင်ဖြစ်သူ ဒေါ်ယုယုမော်က ပြောသည်။

“အန်တီသားလေးလုပ်ကြံခံရပြီး အသတ်ခံရတာကို လုံးဝယုံကြည်တယ်။ ရေနစ်ပြီးသေရအောင်လည်း အန်တီသားလေးက ရေကူးတတ်ပါတယ်။ ပြီးတော့သားရဲ့ အလောင်းကိုသွားကြည့်တဲ့အခါ ဆံပင်တွေက ဂျယ်နဲ့ထောင်ထားသလိုထောင်နေတယ်။ အဲဒါက အန်တီသားရေချိုးပြီး ဖီးလိမ်းပြင်ဆင်ထားတာလို့

တပ်မတော်စစ်ကြောင်းများက မံစီမြို့နယ်ပန်ခမ်းဒေသနှင့် မိုးမောက်မြို့နယ်ဗန်းမော်-စိန်လုံ-လွယ်ဂျယ်ဆက်သွယ်ရေးလမ်းကြောင်းကိုရှင်းလင်း


ကချင်ပြည်နယ် မံစီမြို့နယ် ပန် ခမ်းဒေသတွင် ယခုနှစ် ဧပြီလ အတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲများ အတွင်းတပ်မတော်မှအရာရှိတစ်ဦး၊ စစ်သည်နှစ်ဦးကျဆုံးပြီး ကေအိုင် အေအဖွဲ့ဘက်မှ အလောင်းခြောက် လောင်းနှင့် လက်နက်ငါးလက် သိမ်းဆည်းရမိကြောင်းသိရှိရသည်။ ပန်ခမ်းနယ်မြေနှင့်ပန်ခမ်းရွာသည် ယခင်ကနိုင်ငံတော်အစိုးရ၏တရား ဝင်နယ်စပ်ဒေသကုန်သွယ်ရေးစခန်း အဖြစ် ဖွင့်လှစ်ထားရှိပြီး တရုတ် နိုင်ငံနှင့် ကုန်သွယ်ရေးလုပ်ငန်း များဆောင်ရွက်ခဲ့သည့် နေရာဖြစ် သည်။ နယ်စပ်ကုန်သွယ်ရေးစခန်း ဖြစ်သည့်အလျောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များ၊လူဝင်မှုကြီးကြပ်ရေး နှင့်

ဦးဝင်းတင် ဈာပနနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အဖွဲ့များကြား သဘောထားကွဲလွဲ



အမေ့အိမ်'s photo.
ယနေ့နံနက် ၆နာရီ ခွဲခန့်က ရန်ကုန်ပြည်သူ ဆေးရုံကြီးတွင် ကွယ်လွန်သွားပြီဖြစ်တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်(၈၅)နှစ် ရဲ့ ဈာပနနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် အခြား နိုင်ငံရေး အသင်းအဖွဲ့များအကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်လျက်ရှိပါတယ်။
ဒီချုပ် နာယက ဦးဝင်းတင် ဈာပနကို ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ကွယ်လွန်သူ ဦးဝင်းတင်ရဲ့ ဆန္ဒအတိုင်း နေ့ချင်းသဂြိုဟ်ရန် ပြောကြားခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားများအဖွဲ့၊ သတင်းစာ ဆရာများအသင်း နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန် တို့မှ ဒေါ်အောင်ဆန်းစုကြည်၏

“လူ ၁၀ သန်းအတွက် တန်ဖိုးနည်း တိုက်ခန်းတွေ ရန်ကုန်မြို့ထဲမှာတင် ဖန်တီးလို့ရသေးတယ်”

Photo: “လူ ၁၀ သန်းအတွက် တန်ဖိုးနည်း တိုက်ခန်းတွေ ရန်ကုန်မြို့ထဲမှာတင် ဖန်တီးလို့ရသေးတယ်”
Tuesday, April 22, 2014

မြန်မာ နိုင်ငံတွင် ဈေးကွက်စီးပွားရေး ပီပြင်စွာ ဖြစ်ထွန်းခြင်း မရှိသေးသော်လည်း အိမ်ခြံမြေ တိုက်ခန်းဈေးနှုန်းများသည် ဈေးကွက် စီးပွားရေး ဖွံ့ဖြိုးအောင်မြင်နေသော နိုင်ငံများထက်ပင် မြင့်မားနေသည်။

နှစ်ပေါင်းများစွာ အာဏာရှင်အစိုးရတို့၏ စီမံခန့်ခွဲမှု ညံ့ဖျင်း ခြင်းကြောင့် နိုင်ငံတွင် မြေဧရိယာ ပေါများလှစေကာမူ နိုင်ငံသားတဦး အတွက် ကျောချစရာ နေရာတခုရရှိရေး အလွန်ခက်လှသော အခြေအနေသို့ဆိုက် ရောက်နေပါသည်။

နိုင်ငံသားတို့ နေထိုင်ရေးအတွက် အမြန်ဖြေရှင်းမည့် နည်းလမ်းတချို့အပါအဝင် ဆောက်လုပ်ရေး ကဏ္ဍနှင့် ပတ်သက်ပြီး ဆောက် လုပ်ရေး လုပ်ငန်းရှင် တဦးဖြစ်သော တော်ဝင်မိသားစု ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုထွေး ကို ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ကျော်ဆုမွန် က တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ ရန်ကုန်မှာရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် အကြီးမားဆုံး စိန်ခေါ်ချက်က လက်ရှိမှာ ဘာဖြစ်မလဲ။

ဖြေ။ ။ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ပတ်သက်လို့ နည်းပညာ အားနည်းချက်ပေါ့။ နည်းပညာတွေက အရင်တုန်းက အခြေ အနေ ထက် တိုးတက်လာပြီ ဆိုပေမယ့် တကယ့်ခေတ်မီတဲ့ နိုင်ငံတကာနဲ့ ယှဉ်လို့ရတဲ့ နည်းပညာတော့ မရောက်သေးတာ အမှန် ပဲ။ ဒါပေမယ့် ဒါကို စိန်ခေါ်မှု တရပ်ရယ်လို့ အများကြီး သတ်မှတ်လို့ မရဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနေ့ နည်းပညာဆိုတာ လိုချင်ရင် ရက်ပိုင်း အတွင်းမှာ ရပါတယ်။ ပြဿနာမရှိဘူး။ နည်းပညာ လိုချင်ရင် ရှိတဲ့ဆီကနေ ဆွဲခေါ်ပြီးတော့ ခဏတွဲ သုံးပြီး ဒီ Project တခုပြီးရင် နောက် Project တခု မှာ ကိုယ့်ဘာသာလုပ်ရင် ဒီ နည်းပညာတွေမှာ အကုန်လုံး ကိုယ်လိုချင်တာရတယ်။

နည်းပညာနဲ့ ပတ်သက်လို့ အားနည်းချက်ဆိုတာ စိန်ခေါ်မှုကလည်း နည်းပါတယ်။ ရှိတော့ရှိတာပေါ့။ လူ့ စွမ်းအား အရင်းအမြစ် လိုအပ်ချက်လည်း ရှိနေတယ်။ အတိတ်ကာလမှာ ပညာရှင်တွေတော်တော်များများ ငွေပိုရတဲ့ နိုင်ငံရပ်ခြားဆီ ထွက်သွားကြတယ်။ ဒါပေမယ့် တိုင်းပြည် ပြန်လည် ပွင့်လင်းလာပေမယ့် သူတို့တွေက ပြန်မ လာနိုင်ကြသေးဘူး။ ဒီမှာ ကျွမ်းကျင်လုပ်သား လိုအပ်ချက် များနေတယ်။ နောက်စိန်ခေါ်မှုက မြေဈေးနှုန်းပဲ။ မြေဈေးက စင်ကာပူမှာ ရှိတဲ့ဈေးနဲ့ အတူတူ လောက်ဖြစ်နေတယ်။ ဆောက်လုပ် ရေးသုံး ပစ္စည်းတွေက ဈေးကြီးလွန်းတဲ့ အကောင်းဆုံး ဆိုတာကို မသုံးနိုင်ဘူး။

မေး။ ။ အစိုးရပိုင်းကို အဲဒီ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ မတောင်းဆိုဘူးလား။ အစိုးရဘက်ကရော ဖြေရှင်း မပေးဘူးလား။

ဖြေ။ ။ အဓိက ပြဿနာက ဘာလဲဆိုတော့အုပ်ချုပ်တဲ့ သူတွေရဲ့ Concept (အမြင် သဘောထား)ပေါ့။ အခုဆိုရင် ဗဟိုဘဏ်ကို သီးသန့်ခွဲထုတ်လိုက် တယ်။ ဒါအင်မတန်ကောင်းပါတယ်။ ဒါပေမယ့် အုပ်ချုပ်တဲ့သူ မပြောင်းတဲ့အခါမှာ သူက စီးပွားရေးလုပ်ငန်း ကို နားမလည်တဲ့သူဖြစ် နေတယ်။ ငွေကြေးရဲ့သဘာဝလည်း နားမလည်ဘူး။ အဲဒီတော့ နားမလည်တဲ့သူ အုပ်ချုပ်တော့ သူကပေါ်လစီတွေ ကိုင်ပြီး ထိန်းချုပ်ထားတဲ့အတွက် ဘာမှ အကြောင်း မထူးဘူး။

သမ္မတနဲ့တွေ့တဲ့အခါမှာ ဒီပြဿနာတွေကို ကဏ္ဍ အသီးသီးကနေပြီးတော့ အကုန်လုံး တင်ပြ ထားတာပေါ့။ ဘဏ်နဲ့ပတ်သက်လို့ စိန်ခေါ်မှု အများကြီးဖြစ်တယ်။ စနစ်တကျနဲ့ လုပ်တတ်တဲ့အလုပ်ကို မြန်မာပြည်ရဲ့ကဏ္ဍတိုင်းမှာ မလုပ်နိုင်သေးဘူး။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကအထိန်းအချုပ် ကိုင်ဆောင်ထားတဲ့ အညှာဟာ ဗဟိုဘဏ် ပါပဲ။ ပြီးတော့ နိုင်ငံရဲ့ ဥပဒေ တွေ၊ ပေါ်လစီတွေကို ကိုင်ထားတဲ့ ဒီအညှာ သုံးခုပဲပေါ့။ ဥပဒေလည်း ပါတယ်၊ အုပ်ချုပ်သူရဲ့ စီမံခန့်ခွဲမှုနဲ့ ဘဏ်ရဲ့အလုပ်ပေါ့။

ဒီအညှာတွေနဲ့ စီးပွားရေးကို ထိန်းချုပ်ပြီး ကောင်းမွန်စွာ ကိုင်လို့ရတယ်။ ဒါပေမယ့် ဗဟိုဘဏ်က မလုပ်တတ်တဲ့အခါကျတော့ ဒီနိုင်ငံ မှာ ဘယ်စီးပွားရေးလုပ်လုပ် ငွေကြေးပေါ်မှာအခြေခံပြီး လုပ်ရတယ်။ ငွေကြေး လည်ပတ်မှုကို မထိန်းချုပ်နိုင်ရင် ယိုင်ဆင်းသွားမှာက စီးပွားရေးပဲ။ နိုင်ငံတိုင်းမှာ ငွေကြေးလည်ပတ်မှုကို ထိန်းချုပ်ထားတယ်။ ဥပမာ အမေရိကန် ဆိုလို့ရှိရင် ငွေကြေးလည်ပတ်မှု အရမ်းကြီးမားပြီးတော့ ဗဟိုဘဏ်က ထိန်းချုပ်ထားတယ်။ အမေရိကန် ဗဟိုဘဏ်ရဲ့ ထိန်းချုပ်မှုသည် တကမ္ဘာလုံးကနေ ပြီးတော့ လှည့်ပတ် သုံးစွဲနိုင်အောင် ဖန်တီးထားတဲ့အတွက် သူတို့ ခံနိုင်ရည်ရှိတယ်။ ပိုက်ဆံတကျပ်ရှိရင် တသိန်းဖြစ်အောင် လုပ်တဲ့နည်း နဲ့ သူတို့ ဖန်တီးလိုက်တာ။ ဒီမှာကတော့ ကိုယ့်ပိုက်ဆံ တကျပ်ရှိတာ ၁၀ ပြားပဲတန်အောင် လုပ်ထားတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး ကို တံခါးတော့ ဖွင့်ပေးလိုက်တယ်။ အမြီးနင်းထားတဲ့ အခါကျတော့ သွားလို့မရဘူး။

မေး။ ။ ရန်ကုန်ရဲ့ လူဦးရေနဲ့ နေစရာ အခန်း လိုအပ်ချက်တွေအပေါ် လုပ်ငန်းရှင် တဦးအနေနဲ့ ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ။ ။ ဒီနေ့ လူတွေတိုးပွားလာတဲ့ အနေအထားမှာ အခန်း မဝယ်နိုင်တဲ့သူတွေက ဝင်ငွေနည်းပါးတဲ့ သူတွေ၊ အခြေခံ လူတန်းစားတွေပါ။ အိမ်လည်း မဝယ်နိုင်ဘူး၊ ငှားဖို့ကျတော့လည်း ကိုယ့်လခ အကုန်ပေးတာတောင်မှ အိမ်ခန်းတခန်း ပြန်မရနိုင်ဘူး။ လခ ခြောက် သောင်း ရတယ်၊ အိမ်လခက တသိန်းခွဲဆိုတော့ ဘယ်လိုပေးမလဲ။ ဆင်းရဲမွဲတေမှု ပပျောက်ရေးလို့ဆိုရင် ဆင်းရဲသားတွေအတွက် အဆင်ပြေမယ့် လုပ်ငန်းစဉ်တွေမှာ ဆောက်လုပ်ရေးကို အဓိက အကောင်အထည်ဖော်ရမှာ။ ဆောက်လုပ်ရေးနဲ့ နေဖို့ထိုင်ဖို့အတွက် သက်သက် သာသာလေးများ သူတို့ရခဲ့ရင် သူတို့ ထမင်းတလုတ် ရှာစားဖို့က မခဲယဉ်းတော့ဘူး။ အဲဒီတော့ သူတို့ရဲ့ ဝတ်ဖို့အတွက်၊ စားဖို့အတွက် ရှာရတာလွယ်တယ်၊ နေဖို့အတွက်ခက် နေတာ။

မေး။ ။ တော်ဝင်မိသားစု ကုမ္ပဏီက ဆောက်လုပ်တဲ့ တန်ဖိုးနည်း အိမ်ရာတွေကော လက်ရှိ အနေအထား ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ မုဒိတာ ၁ ၊ မုဒိတာ ၂ ။ အခန်း ၃၀ဝ၀ ကျော် ဆောက်တယ်။ တခန်းကို ၁၆၅ သိန်းနဲ့ ရောင်းတာ၊ အခု သိန်း ၇၀ဝ ကျော် ဖြစ်သွားပြီ။ အဲတော့ ဘယ်လိုလုပ် တကယ့်လူတွေ လက်ထဲကို ရောက်တော့မလဲ။ ဘာဖြစ်လို့လဲ၊ ကစားတယ်။ အဲ့ဒီလူတွေကို မကစားအောင် ဓားနဲ့လိုက်ခုတ်လို့ မရဘူး။ ဒီလို ဈေးတွေ ဘာလို့ တက်သွားသလဲ။ လိုအပ်ချက်တွေ ဖြစ်နေလို့။ ဒီနေ့ မော်တော် ကားတွေ ကြည့်လိုက်လေ။ ကားတွေ အရင်တုန်းက ဈေးပုံမှန်တက်နေတယ်။ ကားဟောင်းတစီး ဝယ်စီးလိုက်တယ်၊ ဈေးတက်သွားတယ်။ မရှုံးဘူး။ ဒီနေ့ကတော့ ကားဒီနေ့ မနက်ဝယ်တယ်။ ညနေရှုံးတယ်။ ဘယ်သူမှ မဝယ်ရဲတော့ဘူး။ မဝယ်ရဲရင် ဘာဖြစ်လဲ။ တကယ့် ဝယ်စီးမယ့်သူက ဝယ်လို့ရသွားတယ်။ အဲ့ဒီလိုပဲ Shortage မရှိအောင် ဖန်တီးပေးလိုက်ရင် ဒီကိစ္စက ငြိမ်းသွားမယ်။

လိုအပ်ချက် မရှိအောင် တယောက်တည်း ဆောက်လို့မရဘူး။ ဆောက်တတ်တဲ့ လူတွေ အများကြီးကို ချက်ချင်းချပေးလိုက်။ ဒီနေ့ ကားတွေ အများကြီးသွင်းတာ ဘယ်သူမှ မဝယ်တော့ဘူး။ ဒီလိုပဲ အဆောက်အအုံတွေ ဆောက်ပေးလိုက်။ မြန်မာပြည်မှာ ဆောက် လို့ရမယ့် မြေအများကြီး။ ရှင်းရှင်းပြောရရင် လှိုင်သာယာဘက်တောင် သွားစရာ မလိုဘူး။ ဒီနေ့ လူဦးရေ ရန်ကုန်မြို့မှာ ၅ သန်း ၆ သန်း ရှိတယ်။ နောက်ထပ် လူ ၁၀ သန်းအတွက် တန်ဖိုးနည်း တိုက်ခန်းတွေ ရန်ကုန်မြို့ထဲမှာတင် ဖန်တီးလို့ ရသေးတယ်။

မေး။ ။ ဘယ်လို နေရာမျိုးတွေလဲ။

ဖြေ။ ။ မြောက်ဒဂုံ၊ တောင်ဒဂုံ အထိ သွားစရာမလိုဘူး။ မင်္ဂလာဒုံရှိတယ်။ အင်းစိန်ရှိတယ်။ မရမ်းကုန်း ရှိတယ်၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သာကေတ၊ ဗဟန်း၊ လှိုင်၊ ကမာရွတ် ဒီလို နေရာတွေမှာ Google ကကြည့်လိုက်။ မြေကွက် အလွတ်တွေနဲ့ ဆောက် ရင်တောင်မှ နောက်ထပ် လူ ၁၀ သန်းအထိ ထားလို့ရသေးတယ်။ အဲ့ဒီလို တကယ့် စနစ်ကျကျ Town Plan ကို သေချာလုပ်လိုက်ရင်၊ စင်ကာပူလိုမျိုး ဖြစ်ရင် ဘယ်လောက် ကောင်းမလဲ။ မြေတွေအားလုံး က နိုင်ငံတော်က ကိုင်ထားတာ။ နိုင်ငံတော်က ကိုင် ထားတဲ့၊ တိုင်းဒေသကြီးတွေက ကိုင်ထားတဲ့ မြေကြီးတွေ။

ဒီနေ့ မြို့ထဲမှာ တပ်မတော်က ကိုင်ထားတဲ့ မြေကြီးတွေ အများကြီးရှိတယ်။ အဲ့ဒီမြေကြီးတွေကို အသုံးချလိုက်ရင် တပ်မတော်အတွက်လည်း အကျိုးရှိမယ်၊ နိုင်ငံတော်အတွက်လည်း အကျိုးရှိမယ်။ နိုင်ငံသားတွေ အတွက်လည်း အကျိုးရှိမယ်။ Developer အတွက် လည်း အကျိုးရှိတယ်။

မေး။ ။ တန်ဖိုးနည်း အိမ်ရာတွေ ဆောက်ဖို့အတွက် မြေဧရိယာ ဘယ်လောက် လိုသလဲ။

ဖြေ။ ။ အခန်း ၁ သောင်း၊ ၂ သောင်း ဆောက်ဖို့အတွက်က မြေဧက ရာဂဏန်းလောက် ပေးမှ။ နို့မို့ဆို ဆောက်လို့ မရဘူး။ များများပေးလေ တန်ဖိုးနည်းလေပဲ။ ဥပမာ ဗိုလ်မှူး ဗထူး အိမ်ရာက မြေ ၁၀၅ ဧက ရှိတယ်။ မြေ ၁၀၅ ဧကရရင် ၄၄ သိန်းတန် အခန်း နှစ် သောင်း ဆောက်ပေးမယ်။ ၈၄ သိန်းတန် အခန်း တသောင်း ဆောက်ပေးမယ်။ ၁၂၄ သိန်း အခန်း နှစ်သောင်း ဆောက်ပေးမယ်။ အဲ့ဒီမြေ ၁၀၅ ဧကမှာ အခန်းသုံးသောင်း ဆောက်ပေးမယ်။ အဲ့ဒီမှာ ဆေးရုံလည်း ပါမယ်၊ ကျောင်းလည်း ပါမယ်။ ပြီးရင် နိုင်ငံတော် ကို သိန်း ၇ သောင်းနဲ့ မြေဖိုးပေးမယ်။ အလကား မယူဘူး။

မေး။ ။ အခုနောက်ဆုံး တိုက်ခန်းဈေးတွေ အရမ်းမြင့်တက်ပြီး အခန်းတခန်းပိုင်ဖို့ အရမ်းခက်လာတယ်။ အစိုးရအနေနဲ့ နိုင်ငံသား တွေ နေထိုင်ရေး အဆင်ပြေစေဖို့ အမြန်ဆုံး ဘယ်လို နည်းလမ်းနဲ့ ကုစားပေးနိုင်မလဲ။

ဖြေ။ ။ အမြန်ဆုံးကုစားနိုင်မယ့် နည်းလမ်းက နောက်ဆုံး နိုင်ငံတော်ကနေပြီးတော့ ဇိကုတ်ပြီး နတ်ပြည် တင်သလိုပေါ့။ မင်းတို့ လမ်းဘေး နေတဲ့ သူတွေလည်းရော့ အိမ်ပိုင်မရှိရင် တိုက်ခန်းအလကားပေးမှာ အလုပ်တော့လုပ်။ အလုပ်လုပ်ပြီးမှဆပ်ဆိုရင် အလကားလည်း မပေးရဘူး။ တိုက်ပေါ် တင်ပေးလိုက် သလိုပေါ့။

အခုန ပြောတဲ့ Plan တွေလိုပေါ့။ မင်းတို့ တဲတွေနဲ့မနေပါနဲ့၊ မီးလောင်နေတယ်ပေါ့။ မီးလောင်ရင် မင်းတို့လည်း ဆုံးရှုံးတယ်။ တိုက် ပေါ်မှာနေ ဆိုပြီးတော့ တိုက်ပေါ်တင်တဲ့ Plan အဲ့ဒါတွေလုပ်ဖို့ Developer တွေမှာ ကျနော်တို့ကတော့ တန်ဖိုးများများမှ ရောင်း တတ် တာ၊ မလုပ်တတ်ဘူး ဆိုရင်လည်း မလုပ်တတ်ရင် လုပ်တတ်တဲ့သူဆီမှာ သွားပြီးတပည့် ခံပေါ့။ နောက်ဆုံးမရရင် ဘယ်သူ လုပ်မလဲ။ ကိုထွေး လုပ်တယ်။ လာခဲ့၊ မင်းလုပ်တဲ့ နည်းလေးကို သူတို့ကို ပြောပြလိုက်။ မင်းတို့ သူတို့ လုပ်တဲ့အတိုင်း လိုက်လုပ် ဖြစ်အောင် လုပ်ဆိုရင် အခြေအနေကောင်း သွားတာပေါ့။ ။

ဧရာဝတီ
မြန်မာ နိုင်ငံတွင် ဈေးကွက်စီးပွားရေး ပီပြင်စွာ ဖြစ်ထွန်းခြင်း မရှိသေးသော်လည်း အိမ်ခြံမြေ တိုက်ခန်းဈေးနှုန်းများသည် ဈေးကွက် စီးပွားရေး ဖွံ့ဖြိုးအောင်မြင်နေသော နိုင်ငံများ ထက်ပင် မြင့်မားနေ သည်။

နှစ်ပေါင်းများစွာ အာဏာရှင်အစိုးရတို့၏ စီမံခန့်ခွဲမှု ညံ့ဖျင်း ခြင်းကြောင့် နိုင်ငံတွင် မြေ ဧရိယာ ပေါများလှစေကာမူ နိုင်ငံသားတဦး အတွက် ကျောချစရာ နေရာတခုရရှိရေး အလွန်ခက်လှသော အခြေအနေသို့ဆိုက် ရောက်နေပါသည်။

နိုင်ငံသားတို့ နေထိုင်ရေးအတွက် အမြန်ဖြေရှင်းမည့် နည်းလမ်းတချို့အပါအဝင် ဆောက်လုပ်ရေး ကဏ္ဍနှင့်

စွယ်တော်စေတီကန်ပေါင်လမ်းအတိုင်း မောင်းနှင်လာသည့် အငှားယာဉ်မှာ ပြန်ကွေ့စဉ် အရှိန်လွန်ကာ ကန်အတွင်းသို့ကျ


၂၁.၄.၂၀၁၄ရက်နေ့ ၁၆၃၀အချိန် မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ စွယ်တော်စေတီ ကန်ပေါင်မြေနီလမ်းအတိုင်း တောင်မှ မြောက်သို့ ယာဉ်မောင်း ကျော်မင်းလွင်၊ (၃၄)နှစ်၊ (ဘ)ဦးဖြိုး၊ ရန်ကင်းမြို့နယ်နေသူ မောင်းနှင်လာသော AA ---- Probox အပြာရောင်အငှားယာဉ်သည် ကန်ပေါင်လမ်းအလယ် အရောက် နောက်ဘက်သို့ “ဂ” ကွေ့ ပြန်ကွေ့စဉ် အရှိန်လွန်ကာ စွယ်တော် မင်္ဂလာကန်ထဲသို့ ကျသွားခဲ့ပါသည်။
ထိုသို့ကျသွားချိန်တွင် ယာဉ်ပေါ်၌ ခရီးသည်များမပါရှိကြောင်း၊ ယာဉ်မောင်း မှာလည်း ထိခိုက်ဒဏ်ရာ

နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီများ အခက်အခဲကြုံနိုင်

မြန်မာ့ ဆက်သွယ်ရေး၊ ရတနာပုံ ဆက်သွယ်ရေးတို့နှင့် အပြိုင် ဆက်သွယ်ရေး ၀န်ဆောင်မှု ပေးမည့် အူရီဒူးနှင့် တယ်လီနော ကုမ္ပဏီများ အနေဖြင့် အခက်အခဲ တချို့ကြုံတွေ့နိုင်ကြောင်း ဆက်သွယ်ရေး ၀န်ကြီးဌာန အငြိမ်းစားအရာရှိဟောင်း ဦးသန်းဦးက ပြော ဆိုသည်။ မြန်မာပြည်သူများသည် ဆက်သွယ်ရေး၏ မတရားသည့် လုပ်ရပ်များကို ခံစားခဲ့ရကြောင်း၊ အဆိုပါ နိုင်ငံခြား ဆက်သွယ် ရေး ကုမ္ပဏီကြီးများ အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရ၏ လုပ်ထုံးလုပ်နည်း ဥပဒေ နည်းဥပဒေများကြောင့် အခက် အခဲများကြုံတွေ့နိုင်ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ်

အံ့သြဘနန်း မိခင်မေတ္တာ

Photo: အံ့သြဘနန်း မိခင်မေတ္တာ 

၂လပိုင်း ၂၆ ရက်နေ့မှာ တရုတ်သတင်းထောက်တွေ အမှတ်မထင်ပဲ လူအပြောများတဲ့ မိသားစုအကြောင်းကို ကြားသိလိုက်ရတဲ့အတွက် CCTV မှ အဲဒီသားအမိရှိတဲ့ အင်မတန်ချောင်ကျတဲ့ ကျန်းစူးမြိုမှာ နယ်မြို့သစ်လေးတစ်မြို့ကို စုံစမ်းမေးမြန်းပြီး အင်တာဗျူးဖို့ရောက်ရှိလာကြပါတယ်။ သတင်းထောက်တွေ အဲဒီသားအမိကို တွေ့ဆုံပြီး မေးမြန်းရိုက်ကူးပြီး ၄င်းတို့ရုပ်သံကနေတဆင့် တင်လွှင့်ပေးလိုက်တဲ့အတွက် ပြည်သတွေအားလုံး အင်မတန်ရင်စို့နင့်စရာကောင်းတဲ့ မိခင်ချစ်ခြင်းကို တွေ့ရှိလိုက်ရပြီး မျက်ရည်ဝဲခဲ့ရပါတယ်။ 
အသက် ၇၅နှစ်ရှိပြီဖြစ်တဲ့ မိခင် ၀ူစူးကျန်းဆိုသူဟာ အသက် ၄၆နှစ်ရှိပြီဖြစ်တဲ့ မသန်စွမ်းသားငယ်ကို ပင်ပင်ပန်းပန်းယုယုယယ လုပ်ကျွေးပြုစုကာ စောင့်ရှောက်နေပါတယ်။ သားဖြစ်သူပါးစပ်ထဲမှာ သွားမပေါက်တဲ့အတွက် အစားအစာ ကျွေးတိုင်း သူမကိုယ်တိုင် ကျေညက်အောင်ဝါးပြီးမှ ငှက်ကလေးတွေ အစာခွံသလိုမျိုး သူမရဲ့သားဖြစ်သူကို စိတ်ရှည်လက်ရှည် အစာခွံ့ခဲ့ရပေမဲ့ သူမဟာ သားဖြစ်သူအပေါ် ငြူစုခြင်းလုံးဝမရှိပဲ သားအမိနှစ်ယောက် အသက်ဆက်နေခဲ့ကြတာပဲဖြစ်ပါတယ် ။ 
ဝူစူးကျန်းဟာ ၁၉၆၀ ခုနှစ် ၄လပိုင်းမှာ ဒုတိယသားငယ်ကိုမွေးဖွားပြီး ၇ရက်မြောက်နေ့မှာ သားဖြစ်သူ အပြင်းဖျားပြီး အဖျားမကျဘဲ ဦးနှောက်ထဲထိရေ၀င်သွားတဲ့အတွက် သားငယ်ကို ဆရာဝန်များကို လက်လျော့ခဲ့ကြပေမဲ့ ၄င်းတို့ လင်မယားနှစ်ယောက်စလုံး စိတ်မပျက်ဘဲ အနယ်နယ်လှည့်ပြီး ဆေးကုသခဲ့ပေမဲ့ ဆေးရုံတွေအားလုံးမှ လက်လျော့လိုက်သဖြင့် လင်မယားနှစ်ယောက်လုံး စည်းစိမ်တွေလည်း ပျက်သုဉ်းလာကာ နယ်စွန်ဖျားသို့ပြောင်းသွားခဲ့ပြီး ၀ူစူးကျန်းဟာ သူမ လုပ်ကိုင်နေတဲ့ အစိုးရ အလုပ်မှ လုံးလုံးထွက်ခဲ့ပြီးသားဖြစ်သူကိုသာ ပြုစုနေခဲ့ပါတယ်။ 
ဝူစူးကျန်း ရဲ့ မိခင်မေတ္တာကြောင့် သားဖြစ်သူမှာ အသက်မဆုံးပါခဲ့ပေမဲ့ မသန်စွမ်းဘ၀သို့ရောက်ခဲ့ပြီး လမ်းလျှောက်သည့်အရွယ်ရောက်လာသော်လည်း လမ်းလည်းမလျှောက်နိုင် ၊ စကားလည်းမပြောနိုင်ဘဲ အိပ်ယာထဲမှာသာ အိပ်စက်နေသည့် မသန်စွမ်းကလေးတစ်ဦးဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ၀ူစူးကျန်းဟာ သားဖြစ်သူကို လုံးဝငြူစူခြင်းမရှိဘဲ အကောင်းမွန်ဆုံးပြုစုစောင့်ရှောက်ပြီး ဆင်းဆင်းရဲရဲနဲ့ ဘ၀ကိုကျော်ဖြတ်ပြီး သွားမပေါက်တဲ့ကလေးကို တောက်လျှောက်ဝါးကျွေးပြီး အစာခွံ့ကာ အသက်ဆက်ခဲ့ပါတယ်။ 
သားဖြစ်သူရဲ့ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကလီစာတွေအားလုံးဟာလည်း ကောင်းကောင်းမွန်မွန်အလုပ်မလုပ်တဲ့အတွက် ၀ူစူးကျန်း မှာ အစာကျွေးတိုင်း ဗီတာမင်ဆေးလုံးတွေကိုပါ အစာနဲ့အတူ ၀ါးပြီးကျွေးခဲ့ပါတယ်။ ဒီ ၄၆နှစ်လုံးလုံးမှာ သားဖြစ်သူ ချီးသေးဝေရာဝစ္စ အားလုးံကို အသေချာ ဆောင်ရွက်ပေးခဲ့ပြီး ဆီးဝမ်း မနိုင်တဲ့သားရဲ့ ကရိကထ အားလုံးကိုလည်း ခါးစည်းခံခဲ့ပါတယ်။ ၀မ်းနှစ်ရက်လောက်မသွားရင်ဘဲ မရွံမရှာ သားဖြစ်ရဲ့ စအိုကို နှိုက်ထုတ်ပြီး ၀မ်းချူပေးခဲ့ရတာလည်း အကြိမ်ပေါင်းမရေတွက်နိုင်တော့ပါဘူး။ 
အိပ်ယာနာ ဖြစ်မှာစိုးလို့ တစ်နေ့ကို ၅ခါ ၆ခါ ဟိုဘက်လှည့် ဒီဘက်လှည့်နဲ့ ပိုးမွေးသလိုမွေးခဲ့ရပါတယ်။ 
၂၀၀၀ ပြည့်နှစ်မှာ ၀ူစူးကျန်းရဲ့ ခင်ပွန်းဖြစ်သူဟာ ဆုံးပါးသွားတဲ့အတွက် မသန်စွမ်းသားတစ်ယောက်နဲ့ သူမဟာ စိတ်ဓါတ်ကျဆင်းပြီး သားကြီးဖြစ်သူနဲ့ ချွေးမအပေါ်မမှီခိုတော့ပဲ သားငယ်ဖြစ်သူနဲ့ နှစ်ယောက်အတူ အဆုံးစီရင်ဖို့ ဆုံးဖြတ်ခဲ့ပြီး သားငယ်နဲ့အတူ အိပ်ဆေး အလုံး၂၀၀နီးပါးစီ သောက်ပြီး သားကြီးဖြစ်သူအတွက် သေတမ်းစာရေးရင် မေ့လဲသွားခဲ့တာကို အိမ်နီးနားချင်းတွေက အချိန်မှီတွေ့ရှိသွားပြီးဆေးရုံပို့ပေးလိုက်တဲ့အတွက် အသက်ချမ်းသာရာရောက်ခဲ့ပါတယ်။ 
ဒီလိုနဲ့ ၀ူစူးကျန်း ဟာ သားဖြစ်သူကို ဆက်လက်စောင့်ရှောက်ရင်း အသက်အရွယ်အိုမင်းလာသည့်တိုင် ဇရာထောင်းလို့ ကောင်းကောင်းမလှုပ်ရှားနိုင်တော့ပေမဲ့ သားဖြစ်သူ ကုတင်ဘေးမှာ ထိုင်ပြီး ယနေ့အချိန်ထိအစာခွံ့ပြီး လုပ်မြဲလုပ်စဉ်များကို လုပ်နေဆဲပါပဲ။ အခုသူမရဲ့ မျှော်လင့်ချက်ကတော့ တစ်ခုတည်းပါ တစ်နေ့ သူမရဲ့ သားဖြစ်သူက သူမမသေခင်မှာ မေမေ လို့ တစ်ခွန်းခေါ်သံကြားရရင်ပဲ သူမကျေနပ်ပါပြီတဲ့။ ထိုအသံလေးကို မျှော်လင့်ရင်း ၀ူစူးကျန်း ဟာ သူမရဲ့ မိခင်တိုင်းမထားနိုင်တဲ့ မေတ္တာတရားနဲ့ အားလုံးကို ကျော်ဖြတ်ခဲ့ပါတယ်။ သူမလို မိခင်စိတ်အပြည့်နဲ့ သားသမီးပေါ်ပေးဆပ်တဲ့ မိခင်တစ်ယောက်ရဲ့ လုပ်ရပ်ကိုတွေ့လိုက်ရတော့ မနုဿ အလွန်မင်း အံ့အားလည်းသင့် ကိုယ်မလုပ်နိုင်လောက်တဲ့ လုပ်ရပ်ကို လုပ်ဆောင်နိုင်တဲ့အတွက် ဂုဏ်ယူတဲ့အတွက် ဒီပို့စ်လေးကို ဘာသာပြန်တင်ပြပေးလိုက်ပါတယ်။ လောကမှာရှိတဲ့ မိခင်အားလုံး သူမကို လေစားဂုဏ်ယူပြီး အတုယူနိုင်ကြပါစေနော် ။

မနုဿ ရဲ့ စာမျက်နှာလေးများ
December 28, 2013 ပို့စ်ကို ပြန်လည်မျှဝေပါသည်။
၂လပိုင်း ၂၆ ရက်နေ့မှာ တရုတ်သတင်းထောက်တွေ အမှတ်မထင်ပဲ လူအပြောများတဲ့ မိသားစုအကြောင်းကို ကြားသိလိုက်ရတဲ့အတွက် CCTV မှ အဲဒီသားအမိရှိတဲ့ အင်မတန်ချောင်ကျတဲ့ ကျန်းစူးမြိုမှာ နယ်မြို့သစ်လေးတစ်မြို့ကို စုံစမ်းမေးမြန်းပြီး အင်တာဗျူးဖို့ရောက်ရှိလာကြပါတယ်။ သတင်းထောက်တွေ အဲဒီသားအမိကို တွေ့ဆုံပြီး မေးမြန်းရိုက်ကူးပြီး ၄င်းတို့ရုပ်သံကနေတဆင့် တင်လွှင့်ပေးလိုက်တဲ့အတွက် ပြည်သတွေအားလုံး အင်မတန်ရင်စို့နင့်စရာကောင်းတဲ့ မိခင်ချစ်ခြင်းကို တွေ့ရှိလိုက်ရပြီး မျက်ရည်ဝဲခဲ့ရပါတယ်။
အသက် ၇၅နှစ်ရှိပြီဖြစ်တဲ့ မိခင် ၀ူစူးကျန်းဆိုသူဟာ အသက် ၄၆နှစ်ရှိပြီဖြစ်တဲ့ မသန်စွမ်းသားငယ်ကို ပင်ပင်ပန်းပန်းယုယုယယ လုပ်ကျွေးပြုစုကာ စောင့်ရှောက်နေပါတယ်။ သားဖြစ်သူပါးစပ်ထဲမှာ

ဦးဝင်းတင် ဈာပန အခမ်းအနား အစီအစဉ်

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်၏ ဈာပန အခမ်းအနား အတွက်ဆောင်ရွက်ရန် အဖွဲ့ချုပ်သဘာပတိအဖွဲ့နာယက ဦးတင်ဦး ဦးဆောင်မှုဖြင့်ဆောင်ရွက်မည်။

၂။ ဦးဝင်းတင်၏ ရုပ်ကလပ်ကို ရေဝေးသုသန်အအေးခန်းတွင်ထားရှိပြီး ၂၃၊ ၄၊ ၂၀၁၄ ရက်နေ့ ညနေ ၅:၀၀ နာရီတွင် သင်္ဂြိုလ်မည်ဖြစ်ပါသည်.။ ၂၃၊ ၄၊ ၂၀၁၄ ရက်နေ့ နေ့လည် ၁၂ နာရီမှ ၅ နာရီထိ ရေးဝေးသုသန်တွင် အသုဘရှု ဂါဝရပြု အခမ်းအနားကျင်းပမည်ဖြစ်ပါသည်။

ဘုရားအလှူခံပုံး ဖောက်တဲ့လူ ရဲက ဖမ်းလိုက်ပြီ

Photo: ဘုရားအလှူခံပုံး ဖောက်တဲ့လူ ရဲက ဖမ်းလိုက်ပြီ
Tuesday, April 22, 2014

ပဲခူး ရွှေမော်ဓောဘုရားရင်ပြင်တော်တွင် ဒုရဲအုပ်ဇော်မိုးလွင်၊ တပ်ကြပ်ကြီး ထွန်းလင်းစိုး၊ ဒုတပ်ကြပ် ရန်နိုင်အောင်၊ ရွှေမော်ဓောဘုရား လုံခြုံရေးဌာန ဌာနမှူး ဦးလှိုင်မြင့်၊ လုံခြုံရေး ဦးသက်လွင်တို့နှင့်အတူ လှည့်ကင်းဆောင်ရွက်နေစဉ် ဧပြီ ၂ဝ ရက် ညနေ ၄ နာရီ မိနစ် ၅ဝ က ရင်ပြင်တော်အနောက်ဘက်မုခ် ဦးဖိုးကြား တန်ဆောင်းအတွင်းရှိ နှီးဘုရား အလှူခံပုံးမှန်ကိုခွဲ၍ အလှူခံပုံးအတွင်းမှ အလှူခံငွေများအား ကရင်(ခ)ရဲဝင်းအောင် (၃၈)နှစ် မြို့ရှောင်လမ်း အမှတ်(၁၇) ရပ်ကွက် ဥဿာမြို့သစ် ပဲခူးမြို့နေသူမှာ ခိုးယူနေစဉ်တွေ့ရှိရပြီး ၎င်းဝတ်ဆင်ထားသည့် FALIMAN တံဆိပ်ပါ စပို့ရှပ်အင်္ကျီအတွင်းမှ ထိုင်းဘတ်ငွေ ၅ဝ ကျပ်တန်တစ်ရွက်၊ ထိုင်းဘတ်ငွေ၂ဝ ကျပ်တန် တစ်ရွက်၊ တစ်ထောင်ကျပ်တန် အသေး ၂၆ ရွက်၊ ငါးရာကျပ်တန် ၂၄ ရွက်၊ နှစ်ရာကျပ်တန် ၆၈ ရွက်၊ တစ်ရာကျပ်တန် ၆၆ ရွက်၊ ငါးဆယ်ကျပ်တန် ၄၉ ရွက်၊ နှစ်ဆယ် ကျပ်တန်ငါးရွက်၊ တစ်ဆယ်ကျပ်တန် တစ်ရွက်၊ ငါးကျပ်တန် နှစ်ရွက်တို့ကို တွေ့ရှိခဲ့သဖြင့် ၎င်းအား ပဲခူးမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်းနှင့် ကရင် (ခ)ရဲဝင်းအောင်သည် ယခင်ကလည်း အလားတူခိုးမှုများ ကျူးလွန်ခဲ့ပြီး ပြစ်ဒဏ်ခံရဖူးသူဖြစ်ကြောင်း သိရသည်။

The Mirror Daily
ပဲခူး ရွှေမော်ဓောဘုရားရင်ပြင်တော်တွင် ဒုရဲအုပ်ဇော်မိုးလွင်၊ တပ်ကြပ်ကြီး ထွန်းလင်းစိုး၊ ဒုတပ်ကြပ် ရန်နိုင်အောင်၊ ရွှေမော်ဓောဘုရား လုံခြုံရေးဌာန ဌာနမှူး ဦးလှိုင်မြင့်၊ လုံခြုံရေး ဦးသက်လွင်တို့နှင့်အတူ လှည့်ကင်းဆောင်ရွက်နေစဉ် ဧပြီ ၂ဝ ရက် ညနေ ၄ နာရီ မိနစ် ၅ဝ က ရင်ပြင်တော်အနောက်ဘက်မုခ် ဦးဖိုးကြား တန်ဆောင်းအတွင်းရှိ နှီးဘုရား အလှူခံပုံးမှန်ကိုခွဲ၍ အလှူခံပုံးအတွင်းမှ အလှူခံငွေများအား ကရင်(ခ)ရဲဝင်းအောင် (၃၈)နှစ် မြို့ရှောင်လမ်း အမှတ်(၁၇) ရပ်ကွက် ဥဿာမြို့သစ် ပဲခူးမြို့နေသူမှာ ခိုးယူနေစဉ်တွေ့ရှိရပြီး ၎င်းဝတ်ဆင်ထားသည့် FALIMAN တံဆိပ်ပါ စပို့ရှပ်အင်္ကျီအတွင်းမှ ထိုင်းဘတ်ငွေ

တရားရေးမဏ္ဍိုင်ကြောင့် ပြည်သူများနစ်နာမှု ပိုမိုဆိုးရွားလာ၍ လွှတ်တော်ကိုယ်စားလှယ်များ လာမည့်လွှတ်တော်တွင် မေးခွန်းနှင့်အဆိုများ တင်သွင်းမည်

တရားရေးမဏ္ဍိုင်ကြောင့် ပြည်သူများနစ်နာမှု ပိုမိုဆိုးရွားလာ၍ လာမည့်လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်များသည် တရားရေးနှင့်ပတ်သက်သည့် မေးခွန်းနှင့်အဆိုများ တင်သွင်း ကြမည်ဖြစ်သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က "လောလောဆယ်မှာ တရားစီရင်ရေးကဏ္ဍနဲ့ ပတ်သက်လို့ ထဲထဲဝင်ဝင်ဆောင်ရွက်သွားဖို့ရှိပါတယ်။ လတ်တလောမှာ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေအကာအကွယ်မရဘဲ နစ်နာရတဲ့ကိစ္စတွေ ပိုမိုဆိုးရွားလာတယ်တယ်။ အဲဒီအတွက် တိုင်စာတွေလည်း ကျွန်တော်တို့ပါတီကို အများကြီးရောက်တယ်။ အခုလက်ရှိ

မန္တလေး ဗဟိုအကျဉ်းထောင်တွင် လျက်ဆားနှင့် အရက်ပျံ ရောသောက်ရာမှ မောင်ကိန်းရွှေဆိုင် ဓားပြတိုက်သူ အပါအဝင် အကျဉ်းသား သုံးဦးသေ

မန္တလေး ဗဟိုအကျဉ်းထောင်တွင် ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) နံနက်ပိုင်းက အကျဉ်းသား အမျိုးသား ခြောက်ဦးသည် အရက်ပျံနှင့် လျက်ဆား ရောသောက်ရာမှ အဆိပ်သင့်ကာ မောင်ကိန်းရွှေဆိုင် ဓားပြတိုက်သူ အပါအဝင် သုံးဦး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
ယင်းနေ့ နံနက် ၁၀ နာရီက သေဆုံးနေသော အကျဉ်းသား နှစ်ဦးနှင့် မူးဝေအော့အန်သူ လေးဦးသည် အကျဉ်းထောင် ဆေးရုံသို့ ရောက်ရှိလာပြီး နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်တွင် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ဧပြီလ ၁၄ ရက်နေ့တွင် တစ်ဦး ထပ်မံသေဆုံးသွားကြောင်း မန္တလေးပြည်သူ့ဆေးရုံကြီးထံမှ စုံစမ်းသိရှိရသည်။

တရုတ်ပြည်က တရားမ၀င်တင်သွင်းလာတဲ့ ကာမစိတ်ကြွဆေးပြား

Photo: တရုတ်ပြည်က တရားမ၀င်တင်သွင်းလာတဲ့ ကာမစိတ်ကြွဆေးပြား
*****************************************
ပေးပို့တင်ပြ - မနုဿ

နို့ခဲယောင်ဆောင်ပြီးရောက်လာတဲ့ စိတ်ကြွဆေးပြား အခုတလော အွန်လိုင်းမှာ ထွက်ပေါ်လာတဲ့ စိတ်ကြွဆေးပြားပုံစံက တစ်မျိုးပါပဲ။ ဒါပေမယ့် လူတွေတော်တော်များများမသိကြသေးတဲ့အတွက် မနုဿ ကနေပြီး အားလုံးသိအောင် သတိပေးတင်ပြပါရစေ။ လူတွေတော်တော်များများက စိတ်ကြွဆေးပြားဆိုရင် သောက်ဆေးပုံစံမျိုးလို့ပဲ ထင်ကြပါတယ်။

အခုနောက်ပိုင်းမှာတော့ အဖမ်းအဆီးတွေများလာတော့ ကလေးတွေစားသုံးတဲ့ နို့ခဲပုံစံမျိုး ၊ သကြားလုံးပုံစံမျိုးနဲ့ ပြောင်းလဲထုတ်လုပ်လာတာကိုတွေ့ရပါလိမ့်မယ်။ ဆေးလုံးအရွယ်အစားကတော့ 0.9 စင်တီ လောက်ရှိပြီး မသိနားမလည်းတဲ့ မိန်းကလေး ယောကျာ်းလေးတွေ စားသုံးမိပြီး မဖြစ်သင့်တာ မဖြစ်ရအောင် ရှောင်ကြဉ်နိုင်ဖို့အတွက် မနုဿ တင်ပြပေးလိုက်ပါပြီနော်။ ကျန်တဲ့သူတွေ လည်း ရှောင်ကြဉ်နိုင်ဖို့အတွက် လက်ဆင့်ကမ်းပေးကြပါဦးနော်။

ချစ်တဲ့. . . မနုဿ
နို့ခဲယောင်ဆောင်ပြီးရောက်လာတဲ့ စိတ်ကြွဆေးပြား အခုတလော အွန်လိုင်းမှာ ထွက်ပေါ်လာတဲ့ စိတ်ကြွဆေးပြားပုံစံက တစ်မျိုးပါပဲ။ ဒါပေမယ့် လူတွေတော်တော်များများမသိကြသေးတဲ့အတွက် မနုဿ ကနေပြီး အားလုံးသိအောင် သတိပေးတင်ပြပါရစေ။ လူတွေတော်တော်များများက စိတ်ကြွဆေးပြား ဆိုရင် သောက်ဆေးပုံစံမျိုးလို့ပဲ ထင်ကြပါတယ်။

ဇတ်တူသားစားခြင်း

Photo: ဇတ်တူသားစားခြင်း
============
တရုတ်နိုင်ငံမှာရှိတဲ့ တရုတ်လူမျိုးအချို့ဟာ လိင်အားတိုးဆေးဆိုပြီး ကလေးငယ်လေးတွေကို စွပ်ပြုတ်လုပ်သောက်ကြပါတယ်.....ဒီသတင်းဟာ ကမ္ဘာ့အသိုင်းအ၀ိုင်းကို တုန်လှုပ်ချောက်ခြားစေခဲ့တာ အမှန်ပါ.....

ဒီမှာတွေ့ရတဲ့ ပြင်ဆင်ချက်ပြုတ်နေတဲ့ စက်ဆုပ်ဖွယ်ရာပုံတွေဟာ တရုတ်နိုင်ငံ ကန်တန် (Canton) ခရိုင်တောင်ဘက်မှာရှိတဲ့ မြို့တစ်မြို့မှာ ဖြစ်တယ်လို့ဆိုပါတယ်....ဒီကလေးစွပ်ပြုတ်ဟာ ကျန်းမာခြင်း၊ သက်လုံကောင်းခြင်း၊ အထူးသဖြင့် လိင်အားတိုးခြင်းကို ဖြစ်စေတယ်လို့ဆိုပါတယ်...
ဈေးနှုန်းကတော့ ဒေါ်လာ(၄,၀၀၀) ခန့် ရှိပါတယ်တဲ့....

ဝယ်သူစားသုံးနေကျဖောက်သယ်တစ်ဦးဖြစ်တဲ့ စက်ရုံမန်နေဂျာတစ်ယောက်ကတော့ ဒီလူဆေးစွပ်ပြုတ်ဟာ ထိရောက်မှုရှိတယ်လို့ အင်တာဗျူးမှာ အတည်ပြုပြောဆိုပါတယ်....

အဲဒီစွပ်ပြုတ်ရဖို့အတွက် အဖိုးတန်ဆေးဖက်ဝင် ပစ္စည်းတွေအပါအ၀င် ကြက်သားနဲ့ရောပြီး ကလေးငယ်ကို ၈ နာရီကြာ ရေနွေးနဲ့ပွက်ပွက်ဆူအောင် ပြုတ်ရပါတယ်....

အသက် ၆၂ နှစ်အရွယ်ရှိတဲ့ စက်ရုံမန်နေဂျာက သူ့ရဲ့ ၁၉ နှစ်အရွယ် ဒုတိယမယားငယ်ကို လက်ညှိးထိုးပြပြီး သူတို့ဟာ နေ့စဉ် လိင်ဆက်ဆံတဲ့အကြောင်း (မရှက်မကြောက်) သတင်းထောက်ကို ပြောပြပါတယ်....

ဒီပုံမှာတွေ့တဲ့ ကလေးငယ်ရဲ့ မိဘတွေဟာ သမီးမိန်းကလေး ၂ ယောက်ရှိထားပြီး... တတိယကိုယ်ဝန်ဟာလည်း သမီးမိန်းကလေးဖြစ်နေတဲ့အတွက် ကိုယ်ဝန် ၅ လအရွယ်မှာ ဖျက်ချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး.....အဲဒီလိုဖျက်ချတာဟာ ကုန်ကျစရိတ်အနည်းဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်....ဖျက်ချတာမဟုတ်ပဲ မွေးလပြည့်ခါနီးဖြစ်တဲ့ကလေးတွေ သဘာဝအတိုင်းသေမယ်ဆိုရင် တရုတ်ယွမ်းငွေ (၂၀၀၀)လောက် ကုန်ကျပြီး....တမင်သက်သက် ဖျက်ချမယ်ဆိုရင်တော့ ရာဂဏန်းအနည်းငယ်လောက်သာ ကုန်ကျမယ်တဲ့...

ဒေသခံသတင်းထောက် တစ်ယောက်ကတော့ ဒီပြသနာတွေဟာ တရုတ်လူမျိုးတွေအနေနဲ့ ကျန်းမာရေးနဲ့ပတ်သတ်ပြီး အရမ်းအာရုံစူးစိုက်လွန်းလို့ ထွက်ပေါ်လာတဲ့ ပြသနာတွေဖြစ်ပြီး..... မိသားစုတစုမှာ ကလေးတယောက်သာ ယူရမယ်ဆိုတဲ့ တရုတ်အစိုးရပေါ်လစီရဲ့ အကျိုးသက်ရောက်မှုရလဒ်တွေလည်း ပါတယ်လို့ဆိုပါတယ်.....

ငွေကြေးချမ်းသာတဲ့ တရုတ်အများစုကတော့ ကလေးအသားတွေ စားရတာကို သဘောတွေ့ကြပြီး....မရှိဆင်းရဲသားမိဘတွေကတော့ ငွေကြေးအတွက် သူတို့ရဲ့ ကလေးငယ်တွေကို ရောင်းလိုရောင်း.....ဒီလိုနဲ့ တရုတ်နိုင်ငံမှာ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းတဲ့ ရာဇ၀တ်မှုတွေ ပေါ်ပေါက်လာနေတာ အမှန်ပါ....

နောက်တခုက...စားသောက်ဖွယ်ရာတွေလုပ်ဖို့အတွက် ကလေးအသေတွေကို အမေရိကန်ဒေါ်လာ (၇၀)နဲ့ ထိုင်ဝမ်နိုင်ငံမှာ ၀ယ်လို့ရတယ်လို့ ဆိုပါတယ်.....

ဘယ်နည်းမဆိုပါ.....နိဂုံချုပ်ကြည့်မယ်ဆိုရင်တော့....ဇတ်တူသားစားတဲ့ ဟင်္သာ(၉)သောင်းနဲ့ ပင့်ကူ ဇတ်လမ်းသစ်ကြီးကို တရုတ်နိုင်ငံမှာ မကြာခင် ရှုစားရမှာ ဖြစ်ပါတယ်...
======================
Credit To>မြန်မာသတင်းစုံ<Thanks

သတင်းမှန်တွေ သိရှိဖို့ လွင်သန္တာစိုး
http://www.facebook.com/lwinthandarsoe
ကို Like လုပ်စို့
တရုတ်နိုင်ငံမှာရှိတဲ့ တရုတ်လူမျိုးအချို့ဟာ လိင်အားတိုးဆေးဆိုပြီး ကလေးငယ်လေးတွေကို စွပ်ပြုတ် လုပ်သောက်ကြပါတယ်.....ဒီသတင်းဟာ ကမ္ဘာ့အသိုင်းအ၀ိုင်းကို တုန်လှုပ်ချောက်ခြားစေခဲ့တာ အမှန်ပါ.....

ဒီမှာတွေ့ရတဲ့ ပြင်ဆင်ချက်ပြုတ်နေတဲ့ စက်ဆုပ်ဖွယ်ရာပုံတွေဟာ တရုတ်နိုင်ငံ ကန်တန် (Canton) ခရိုင်တောင်ဘက်မှာရှိတဲ့ မြို့တစ်မြို့မှာ ဖြစ်တယ်လို့ဆိုပါတယ်....ဒီကလေးစွပ်ပြုတ်ဟာ ကျန်းမာခြင်း၊ သက်လုံကောင်းခြင်း၊ အထူးသဖြင့် လိင်အားတိုးခြင်းကို ဖြစ်စေတယ်လို့ဆိုပါတယ်...
ဈေးနှုန်းကတော့ ဒေါ်လာ(၄,၀၀၀) ခန့် ရှိပါတယ်တဲ့....

သင်ဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ်မစစ်ကို ကိုဘယ်လို စမ်းသပ်မလဲ


Myanmar Online News's photo.

သင်ဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ်မစစ်ကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အခုခေတ်မှာ ပုံတူပွားပြီး ထုတ်ထားတဲ့ Clone ဖုန်းတွေကလည်း အများသားပဲလေ။ ဒါ့ကြောင့် ကိုယ့်ရဲ့ဖုန်းဟာ Original ဖုန်းစစ်မစစ်ကို စမ်းသပ်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်
ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်း ဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံး ထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။

အပူဒဏ်ကြောင့် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ငါးကန်အချို့တွင် ငါးများသေဆုံး


ယခုနှစ် နွေရာသီတွင် အပူရှိန် ပြင်းထန်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ငါးကန်အချို့တွင် ငါးများ သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း အဆိုပါဒေသခံ ငါးမွေးမြူရေး လုပ်ငန်းရှင် များက ပြောကြားသည်။

လတ်တလော တွံတေးဒေသတွင် ဧက လေးဆယ်ခန့် ကျယ်ဝန်းသော ငါးကန်တစ်ကန်၌ တစ်ရက်လျှင် ငါးကောင်ရေ ၁၅၀ ဝန်းကျင်ခန့် သေဆုံးလျက် ရှိသည်ဟု ယင်းဒေသခံ ငါးမွေးမြူရေး လုပ်ငန်းရှင် များက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်းရှိ ငါးကန် အများဆုံးတည်ရှိရာ ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီး ညောင်တုန်းမြို့နယ်၊ မအူပင်မြို့နယ်တို့ရှိ ငါးကန်များတွင် အပူချိန် ပြင်းထန်၍

NLD ပါတီ၏ သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် (၁၉၃၀-၂၀၁၄) ကွယ်လွန်

Photo: NLD ပါတီ၏ သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် (၁၉၃၀-၂၀၁၄) ကွယ်လွန်
Tuesday, April 22, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ပူးတွဲတည်ထောင်သူ သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်သည် ဧပြီ ၂၁ ရက် နံနက် ၆ နာရီ မိနစ် ၃၀ တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

ဦးဝင်းတင်သည် မတ်လ ဒုတိယအပတ်မှစတင်ကာ ခါးရိုးအဆစ်လွဲရောဂါဖြင့် Green Cross ဆေးရုံတွင် တက်ရောက်ကုသခဲ့ရာမှ အဆုတ်နှင့် အူရောဂါများ ထပ်မံဖြစ်ပွားခဲ့သောကြောင့် မတ် ၂၆ ရက်က ၀ိတိုရိယဆေးရုံသို့ပြောင်းလဲကာ ဆေးကုသမှုခံယူနေစဉ် ၂၉ ရက်နံနက်ပိုင်း၌ ရုတ်တရက် နှလုံးခုန်ရပ်ဆိုင်းသွားသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသမှုခံယူနေခဲ့ပြီး ဧပြီ ၂၁ ရက် နံနက် ၆ နာရီ ၃၀မိနစ်၌ အူ၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ်ရောဂါတို့ဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့ခြင်းလည်းဖြစ်သည်။

"အဘစဖြစ်တာက အူရောင်တယ်။ ပိုးကြောင့်ရောင်တာ။ အူကနေသွေးယိုတယ်။ အူနံရံမှာခဲတွေရောက်နေတာ။ အဲဒါတွေက ဆရာတို့လုပ်ရင်း တိုးတက်လာတယ်။ အဲဒီတုန်းက အခြေအနေဆိုးတယ်။ နောက်ပိုင်း DIC ဆိုတဲ့ Process ၀င်လာတယ်။ DIC ဆိုတာ Infection ကြောင့် သွေးနဲ့ခြင်ဆီကို သွားထိခိုက်တယ်။ သွေးဖြူဥတွေကျလာတယ်။ အဲဒါတွေကနေတစ်ဆင့် ကျောက်ကပ်ကိုထိလာပြီး ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ နောက်တစ်ခုက Multi Organ Failure လို့ခေါ်တဲ့ နှလုံး၊ အဆုတ်၊ အသည်း၊ ကျောက်ကပ်အပါအ၀င် အတွင်းကိုယ်တွင်းကလီစာတွေက မကောင်းတဲ့အတွက် ဘယ်လိုလုပ်လုပ် မကောင်းတော့ဘဲ ကွယ်လွန်သွားခဲ့တာပါ။ ဆရာကြီးကိုကုသခဲ့ရာမှာ အခြားသက်ဆိုင်ရာဌာနအသီးသီးက ဌာနမှူးတွေ၊ ပါမောက္ခကြီးတွေအားလုံး Daily Meeting တွေလုပ်ပြီး ကြိုးစားကုသပေးခဲ့ကြပါတယ်" ဟု ဆရာကြီး ဦးဝင်းတင်အား အနီးကပ်ကုသပေးခဲ့သည့် ပါမောက္ခ ဒေါက်တာဒေါ်ခင်စောသန်းက ပြောကြားခဲ့သည်။

ဆရာကြီးဦးဝင်းတင်အား အနီးကပ်ပြုစုကုသပေးနေသည့် တပည့်ရင်းဖြစ်သူ ဦးဇော်မျိုးအောင်က "ဆရာကြီးကဆေးရုံကို တစ်လခွဲလောက် တက်လိုက်ရတယ်။ သင်္ကြန်တွင်းကာလမှာ အခြေအနေက ကောင်းလာတယ်ဗျာ။ အကျနေ့ကထိုင်တယ်။ ၄၅ မိနစ်လောက် ထိုင်နိုင်ပါတယ်။ အကြတ်နေ့မှာ ဆန်ပြုတ်တွေစားတယ်။ အတက်နေ့ကျတော့ အခြေအနေကမဟန်တော့ဘူး။ ဆီးဆိပ်တက်တာ များလာတယ်။ နှစ်ဆန်း ၁ ရက်နေ့ မှာ Urine Output က ၁၅၀ လောက်ပဲရှိတော့တယ်။ နှစ်ဆန်း ၂ ရက်နေ့မှာ ဆီးကထွက်ကိုမထွက်တော့ဘူး။ ကျောက်ကပ်ဆေးတာ အောင်မြင်ပေမယ့် နောက်တစ်ခုက အဆုတ်ထဲမှာ ရေ၀င်တာမျိုး မနေ့ကမနက်က ခံစားလာရပါတယ်။ အဲဒါကြောင့် တတိယအကြိမ် ကျောက်ကပ်ဆေးခဲ့ရပါတယ်။ ကျောက်ကပ်ဆေးပြီးနောက် မနေ့ညဦးပိုင်းကစပြီး အမောတွေဖောက်လာတယ်။ မနက်ကျတော့ ကွယ်လွန်သွားခဲ့ပါတယ်။ Multi Organ Failure လို့ခေါ်တဲ့ အတွင်းပိုင်းကလီစာတွေ ချို့ယွင်းပြီး ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ အဓိကရောဂါကတော့ အဲဒါပေါ့ဗျာ။ ၀မ်းနည်းစကားကတော့ ရွှေတောင်ကြီး ပြိုသွားတယ်လို့ပဲ ပြောလို့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးနယ်ပယ်တင်မကဘူး စာပေနယ်ပယ်၊ ပရဟိတနယ်ပယ်စတဲ့ နယ်ပယ်အသီးသီးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုလို့ ပြောလို့ရပါတယ်" ဟု ပြောကြားခဲ့သည်။ ဆေးရုံတက်နေစဉ်ကာလအတွင်း ဆရာကြီးသည် စာများဆက်လက်ရေးသားရန် စဉ်ဆက်မပြတ် ကြိုးစားနေခဲ့ကြောင်း၊ အလုပ်များကိုသာ ဆက်လုပ်နေခဲ့ကြောင်း၊ ဆရာကြီးဆေးရုံတက်နေစဉ် သင်္ကြန်မတိုင်မီ ရေးဖြစ်ခဲ့သော ဆောင်းပါးတစ်ပုဒ်ရှိကြောင်း၊ ၎င်းဆောင်းပါးမှာ မထွက်သေးဘဲ တည်းဖြတ်ဆဲသာ ရှိသေးကြောင်း၊ ၎င်းဆောင်းပါးအမည်မှာ ထွီနှစ်ထွီ ဖြစ်ကြောင်း၊ ပထမ တစ်ထွီမှာ မိမိကျန်းမာရေးကို ထိခိုက်နိုင်သည့် သလိပ်များကိုထွေးသည့် အသံထွီဖြစ်ကြောင်း၊ နောက်တစ်ထွီမှာ စစ်အာဏာရှင်များကိုထွေးသော တံတွေးထွေးသော အသံထွီဖြစ်ကြောင်းကို ဖော်ညွန်းရေးသားထားခြင်းဖြစ်ကြောင်း၊ မဆုံးခင်နှစ်ရက်သုံးရက်အတွင်း ပြောခဲ့သောစကားမှာ မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲ ထပ်မံပြုလုပ်ကြရမည်ဟုဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်သူများ၏ ကျပ်တည်းမှုများသည် ယခင်ကအတိုင်း ရှိနေသေးကြောင်း၊ ယခုအတိုင်း ဆက်လက်သွားပါက မြေသိမ်းယာသိမ်းကိစ္စ၊ ဘာသာရေးကိစ္စ၊ လူမျိုးရေးကိစ္စ၊ ကျောင်းသားရေးကိစ္စ၊ ပြည်သူ့ကိစ္စ၊ လက်ပန်းတောင်းကိစ္စ၊ မြစ်ဆုံကိစ္စများကြောင့် နောက်ထပ်အရေးတော်ပုံတစ်ခု ထပ်ဖြစ်လိမ့်မည်ဟု ပြောဆိုခဲ့ကြောင်း ဦးဇော်မျိုးအောင်က ပြောကြားသည်။

သတင်းစာဆရာ ဟံသာဝတီဦးဝင်းတင်ကို ၁၉၃၀ မတ် ၁၂ ရက်တွင် မိခင်ဒေါ်အမာနှင့် ဖခင်ဦးပုတို့က ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်၌ မွေးဖွားခဲ့ပြီး သားသမီးသုံးဦးအနက် အကြီးဆုံးဖြစ်သည်။

၁၉၈၈ ခုနှစ် အရေးတော်ပုံအတွင်း စာနယ်ဇင်းသမဂ္ဂ၏ ဒုတိယဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပြီး စာရေးဆရာမောင်သော်ကနှင့်အတူ လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။
အရေးတော်ပုံကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အနီးကပ်လှုပ်ရှားဆောင်ရွက်ခဲ့သည်။ NLD ပါတီစတင်ဖွဲ့စည်း တည်ထောင်သူများထဲက တစ်ဦးအပါအ၀င်ဖြစ်ပြီး "အများပြည်သူသဘောမတူသည့် အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ" ဆိုသည့် ဆောင်ပုဒ်ကို ထုတ်ပြန်ပေးခဲ့သည်။ ထိုဆောင်ပုဒ်သည် အများပြည်သူများထဲတွင် ပျံ့နှံ့ခဲ့သည်။ ဦးဝင်းတင်ကို ၁၉၈၉၊ ဇူလိုင်လအတွင်း ဖမ်းဆီးခဲ့ပြီး NLD ပါတီတွင် ပထမဦးဆုံး ဖမ်းဆီးခံရသူဖြစ်သည်။

ဦးဝင်းတင်သည် ၁၉၈၉မှ ၂၀၀၈ ခုနှစ်အထိ အကျဉ်းထောင်အတွင်း ၁၉ နှစ်ကြာ နေထိုင်ခဲ့ရပြီး သက်တမ်းအရှည်ကြာဆုံး နိုင်ငံရေးအကျဉ်းသားတစ်ဦးလည်းဖြစ်သည်။ အကျဉ်းကျနေချိန်အတွင်း စု-န၀တ တွေ့ဆုံဆွေးနွေးအဖြေရှာရေးဟူသော စာတမ်းတစ်စောင်ကို ရေးသားပြုစုခဲ့သည်။ ထို့အပြင် စစ်အစိုးရအား အရေးယူဆောင်ရွက်ရန် "ကမ္ဘာသို့ပန်ကြားလွှာ" ဟူသော စာတမ်းတစ်စောင်ကို ရေးသားအရေးယူပေးရန် တောင်းဆိုခဲ့သည်။ ပြည်သူများက စစ်အစိုးရအား ၀ိုင်းဝန်းကန့်ကွက်ကြရန် " ပြည်သူများသို့ ပန်ကြားလွှာကိုလည်း ထုတ်ပြန်ခဲ့သည်။" မြန်မာပြည်ထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ အစီရင်ခံစာမှာ နိုင်ငံရေးအကျဉ်းသားများ၏ အတွေ့အကြုံများကို စုစည်းပြီးဖော်ပြခဲ့ခြင်းဖြစ်ပြီး စာမျက်နှာ ၉၃ မျက်နှာရှိကာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယိုဇိုအိုကာတာထံ ပို့ဆောင်ခဲ့ရာ စစ်အစိုးရက သိရှိသွားခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အကျဉ်းထောင်အတွင်း၌ ထောင်ဒဏ်ခုနစ်နှစ် နောက်မှုတိုးအဖြစ် ကျခံခဲ့ရသည်။ အကျဉ်းထောင်အတွင်းရှိစဉ် ဒီလှိုင်းဟူသောအမည်ဖြင့် စာစောင်များကို လက်ရေးမူဖြင့် ရေးသားထုတ်ဝေခဲ့သည်။ ဦးဝင်းတင်သည် အကျဉ်းထောင်အတွင်းနေထိုင်စဉ် ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲတိုင်းတွင် ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သည့်အပြင် အကျဉ်းသားအချင်းချင်း ဖေးမကူညီခဲ့သည့် သူတစ်ဦးဖြစ်ကြောင်းကိုလည်း နိုင်ငံရေးအကျဉ်းသားအားလုံးက ပြောကြားခဲ့ကြသည်။ ၂၀၀၈ ခု စက်တင်ဘာ ၂၃ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်ခဲ့သည်။

ဦးဝင်းတင်သည် ပေါ်သစ်အမည်ဖြင့် "အလှရှာပုံတော်" ဟူသောစာအုပ်ကို ရေးသားခဲ့ပြီး ဥတ္တရအလင်း (ဘာသာပြန်)၊ ကွိ (ဘာသာပြန်)၊ ကွန်မြူနစ်တိုင်းပြည်များသို့ သွားရောက်ခဲ့သည့်အကြောင်းကို ကမ္ဘာနီတွင် တဒင်္ဂ၊ ဗီယက်နမ်အောင်ပွဲ၊ ခြေမှာစကားလက်ဖျားကဗျာ၊ ပြည်သူတို့ရဲ့စကားပြန်၊ ဘာလဲဟဲ့ လူ့ငရဲဟူသော စာအုပ်များကို ရေးသားထုတ်ဝေခဲ့သည်။ ဦးဝင်းတင်သည် ပေါ်သစ်၊ မောင်ဝန်ဇင်း၊ ပြည်စိုး၊ ၀င်းတင်၊ ပုည၊ ၀င်းဆွေ၊ သုတေသီ၊ အယ်ဒီတာတစ်ဦးဟူသော ကလောင်အမည်များဖြင့် စာပေများကို ရေးသားခဲ့သည်။ ခေတ်ပြိုင်ကျောင်းနေဖက်များမှာ ဦးထွန်းတင် (ရှေ့နေ) စာရေးဆရာကျော်အောင်၊ ကြည်လင်၊ မြသန်းတင့်တို့ ဖြစ်ကြသည်။

"ထောင်ထဲက စစ်ကြောရေးမှာ စစ်မေးညှဉ်းပန်းနှိပ်စက်တာတွေကတော့ လူမဆန်စွာထက် အတော်ကြီးပိုတယ်။ တိရစ္ဆာန်မဆန်စွာလို့ ကျွန်တော်ဝိသေသပြုချင်တယ်"ဟု ဘာလဲဟဲ့ လူ့ငရဲစာအုပ်၊ စာမျက်နှာ ၆၇၊ အခန်း (၂) တွင် ရေးသားဖော်ပြခဲ့သည့် ဦးဝင်းတင် ကြုံတွေ့ခဲ့ရသည့် စစ်ကြောရေးစခန်းအကြောင်းကို ရေးသားဖော်ပြခဲ့သည်။ "တချို့ကကျွန်တော့်ကို သဘောထားတင်းမာသူ၊ အယူအဆအားလုံး၊ သဘောထားအားလုံး၊ အတွေးအမြင်အားလုံးကို နားထောင်စုစည်း ဆက်စပ်လိုတဲ့သူပါ" "ထောင်ကနေလွတ်တဲ့နေ့ကစပြီး ကျွန်တော် အင်္ကျီအပြာ၊ လုံချည်အပြာ ၀တ်ခဲ့ပါတယ်။ ဒီနေ့အထိပဲ။ ကျွန်တော့်စိတ်ထဲမှာ အမြဲတမ်းအကျဉ်းသား ဘ၀ဆိုးကို ခံစားနေရတယ်။ ငါ့လို "ငါတွေ" အများကြီးပါလားဆိုတာ စိတ်ထဲမှာ တနုံ့နုံ့ဖြစ်နေတယ်။ ထောင်ကနေလွတ်တဲ့နေ့ကစပြီး ဒီနေ့အထိ အပေါင်းအသင်းရောင်းရင်း ရဲဘော်တွေက ကျွန်တော့်ကို ၀ိုင်းကူကြတယ်။ ပေးကြ ကမ်းကြတယ်။ ရသမျှကို နိုင်ငံရေးအကျဉ်းသားတွေအတွက် ကျွန်တော်ပြန်သုံးတယ်"ဟု ဘာလဲဟဲ့ လူ့ငရဲစာအုပ်တွင် နိုင်ငံရေးအကျဉ်းသားများနှင့်ပတ်သက်၍ ဦးဝင်းတင်က ၎င်း၏ခံစားချက်ကို ဖော်ပြခဲ့သည်။ ထို့ကြောင့်လည်း ဦးဝင်းတင်ဖောင်ဒေးရှင်းကို ထူထောင်ကာ ဘ၀တူစာနယ်ဇင်းသမားများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏ မိသားစုများကို ထောက်ပံ့ကူညီပေးခဲ့လေ သည်။

ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်က ယူနက်စကိုအဖွဲ့ကြီး၏ ယူနက်စကို၊ ဂွီလာမိုရ်ကာနို ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်ခံခဲ့ရသည်။ ထိုနှစ်တွင်ပင် ကမ္ဘာ့သတင်းစာများအသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆုအား ဒေါ်စန်းစန်းနွဲ့ (သာယာဝတီ) နှင့်အတူ ချီးမြှင့်ခံခဲ့ရသည်။ ၂၀၀၄ ခုနှစ်တွင် ဦးဝင်းတင်၏ ဆုငွေများနှင့် မ,တည်ပြီး မြန်မာ့သတင်းသမဂ္ဂမှ ဥဒါန်းမဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။
ဦးဝင်းတင်အားဂုဏ်ပြုသည့်အနေနှင့် ပြင်သစ်နိုင်ငံ၏ လမ်းတစ်လမ်းအား "၀င်းတင်လမ်း" ဟု ဂုဏ်ပြုအမည်ပေးခဲ့သည်။ 

ဆရာကြီး ဦးဝင်းတင်အား ဧပြီ ၂၁ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရေခဲတိုက်မှ ရေဝေးသုသာန်သို့ သယ်ဆောင်သွားပြီဖြစ်သည်။ ရေဝေးသုသာန်တွင် သုံးရက်ထားရှိပြီးနောက် ဂူသွင်းသင်္ဂြိုဟ်မည်ဟု သိရသည်။

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်း

- ၁၉၃၀ ပြည့်နှစ် မတ် ၁၂ ရက်တွင် ပဲခူးတိုင်း ကြို့ပင်ကောက်မြို့၌ အဖဦးပု အမိဒေါ်အမာတို့မှ မွေးဖွား။

- ၁၉၅၂ ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာပေ ခေတ်သစ်ရာဇာဝင်နှင့် နိုင်ငံရေးသိပ္ပံ ဘာသာတွဲနှင့် ၀ိဇ္ဇာဘွဲ့ရရှိ။

- ၁၉၄၇ ဒဂုန်မဂ္ဂဇင်းတွင် ကဗျာစရေး ။

- ၁၉၄၇-၄၈ ခုနှစ်တွင် ကြို့ပင်ကောက်မြို့ အမျိုးသား အထက်တန်းကျောင်း ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ။

- ၁၉၄၉ အကျိုးဆောင်ဂျာနယ် လက်ထောက်အယ်ဒီတာအဖြစ် ၀င်ရောက်လုပ်ကိုင်။

- ၁၉၅၀-၁၉၅၄ စာပေဗိမာန်၌ လက်ထောက် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင် ။

- ၁၉၅၃ (AFP) နိုင်ငံခြားသတင်းဌာနတွင် ညအယ်ဒီတာအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့

- ၁၉၅၄-၁၉၅၇ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ ဂျန်ဘာတန် စာအုပ်ထုတ်ဝေရေး ကုမ္ပဏီတွင် စာအုပ်ထုတ်ဝေမှုပညာနှင့် စာနယ်ဇင်းပညာ ဆည်းပူးရင်း တစ်ဖက်မှလည်း မြန်မာဘာသာပြန် စာအုပ်စာတမ်းများ ထုတ်ဝေရေးတွင် အကြံပေး အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုသို့ပညာသင်ယူနေရင်း မြန်မာနိုင်ငံသတင်းများ စုစည်းဖော်ပြသည့် ဒို့ပြည်သတင်းစာ စောင်ရေ ၅၀၀ ခန့် ကိုယ့်ငွေနှင့်ကိုယ်၊ ကိုယ့်ဘာသာ ရေးသားထုတ်ဝေ၍ ကမ္ဘာတစ်ဝန်းရှိ ပြည်ပရောက် မြန်မာများထံ စာတိုက်မှ အခမဲ့ပေးပို့ ဖြန့်ဝေခြင်းကို ၁၉၅၇ ခုနှစ် ဧပြီလ မြန်မာနိုင်ငံ ပြန်လာသည့် အချိန်အထိ လုပ်ဆောင်ခဲ့။

- ၁၉၅၇-၅၈ ကြေးမုံသတင်းစာ အယ်ဒီတာအဖြစ် တာဝန်ယူခဲ့။

- ၁၉၅၈-၆၀ ပြည်သူ့အိုးဝေ သတင်းစာ တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်။

- ၁၉၅၉-၆၄ စာနာယ်ဇင်းကောင်စီ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်။

- ၁၉၆၀-၆၉ ကြေးမုံသတင်းစာတွင် အမှုဆောင်အယ်ဒီတာအဖြစ် ပြန်လည်တာဝန်ယူ ။

- ၁၉၆၂-၆၄ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း အတွင်းရေးမှူးအဖြစ် ဆောင်ရွက်။

- ၁၉၆၉ အောက်တိုဘာမှ ၁၉၇၈ ထိ မန္တလေးမြို့ထုတ် ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

- ၁၉၇၂ "ခြေတွင်းစကား၊ လက်ဖျားကဗျာ၊ မျက်နှာဇာတ်လမ်း" (မြန်မာဇာတ်သဘင် ဥရောပခရီး) စာအုပ်ထုတ်ဝေခဲ့သည်။

- ၁၉၇၇-၇၈ မြန်မာစာပေ လှုပ်ရှားမှု၌ အရေးပါသော မန္တလေးမြို့မှ ဟံသာဝတီ စနေစာပေ၀ိုင်းကို ဦးဆောင်ကျင်းပခဲ့ပြီး စာတမ်းဖတ်ပွဲများ ပြုလုပ်ပေးခဲ့သည်။ ထိုစာတမ်းများကို စာအုပ်အဖြစ်လည်း ရိုက်နှိပ်ထုတ်ဝေခဲ့သည်။

- ၁၉၇၈ မြန်မာနိုင်ငံ စာပေလုပ်သားအဖွဲ့တွင် ဗဟိုစည်ရုံးရေး ကော်မတီဝင်အဖြစ် တာဝန်ယူ။

- ၁၉၈၈ မြန်မာနိုင်ငံဆိုင်ရာ စာနယ်ဇင်းသမဂ္ဂတွင် ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ယူ။

- ၁၉၈၈-၈၉ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူဖြစ်ပြီး ဗဟိုအလုပ်မှုဆောင် ကော်မတီ၊ အတွင်းရေးမှူးအဖြစ် တာဝန်ယူ။

- ၁၉၈၉-၂၀၀၈ (၁၉၈၉ ခုနှစ်၊ ဇူလိုင် ၄ ရက် နေ့မှ ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၃ ရက် အထိ) ထောင်သွင်း အကျဉ်းချထားခြင်းကို ခံခဲ့ရသည်။

Eleven Media Group
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ပူးတွဲတည်ထောင်သူ သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်သည် ဧပြီ ၂၁ ရက် နံနက် ၆ နာရီ မိနစ် ၃၀ တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

ဦးဝင်းတင်သည် မတ်လ ဒုတိယအပတ်မှစတင်ကာ ခါးရိုးအဆစ်လွဲရောဂါဖြင့် Green Cross ဆေးရုံတွင် တက်ရောက်ကုသခဲ့ရာမှ အဆုတ်နှင့် အူရောဂါများ ထပ်မံဖြစ်ပွားခဲ့သောကြောင့် မတ် ၂၆ ရက်က ၀ိတိုရိယဆေးရုံသို့ပြောင်းလဲကာ ဆေးကုသမှုခံယူနေစဉ် ၂၉ ရက်နံနက်ပိုင်း၌ ရုတ်တရက် နှလုံးခုန် ရပ်ဆိုင်းသွားသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသမှုခံယူနေခဲ့ပြီး ဧပြီ ၂၁ ရက် နံနက် ၆

ဖာဂူဆန်၏ ချန်ပီယံလိဂ်စံချိန်ကို မော်ရင်ဟို ကျော်ဖြတ်နိုင်တော့မည်


ဖာဂူဆန်၏ ချန်ပီယံလိဂ်စံချိန်ကို မော်ရင်ဟို ကျော်ဖြတ်နိုင်တော့မည်

ချဲလ်ဆီးနည်းပြ မော်ရင်ဟိုသည် အက်သလက်တီကိုနှင့် ကစားမည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် မန်ယူနည်းပြဟောင်း ဖာဂူဆန်၏ ချန်ပီယံလိဂ် စံချိန်ကို ကျော်ဖြတ်နိုင်တော့မည်ဖြစ်သည်။ မော်ရင်ဟိုသည် ၎င်းတာဝန်ယူသည့် အသင်းများကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် (၇)ကြိမ် တက်ရောက်နိုင်ရန် စွမ်းဆောင်ပေးခဲ့ပြီး အက်သလက်တီကိုနှင့် ကစားမည့်ပွဲစဉ်မှာ ၎င်းအတွက် (၈)ကြိမ်မြောက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်ဖြစ်သည်။ 

ဖာဂူဆန်မှာ မန်ယူကို (၂၇)နှစ်ကြာ တာဝန်ယူခဲ့သည့်  ကာလအတွင်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် (၇)ကြိမ် ပို့ဆောင်ပေးနိုင်ခဲ့ပြီး အက်သလက်တီကိုနှင့် ပွဲစဉ်တွင် ၎င်း၏စံချိန်ကို မော်ရင်ဟိုက ကျော်ဖြတ်နိုင်တော့မည်ဖြစ်သည်။ မော်ရင်ဟို သည် (၂၀၀၃-၀၄)ရာသီတွင် ပေါ်တိုနှင့်အတူ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ပြီး (၂၀၀၅၊ ၂၀၀၇)ခုနှစ်များတွင် ချဲလ်ဆီးကို ဆီမီးဖိုင်နယ် နှစ်ကြိမ်ဆက် ပို့ဆောင်ပေးနိုင်ခဲ့သည်။ 

မော်ရင်ဟိုမှာ ချဲလ်ဆီးနည်းပြဘ၀တွင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် (၃)ကြိမ်တိုင် ပို့ဆောင်နိုင်ခဲ့ပြီး ရီးရဲလ်ကို (၃)နှစ်တာ တာဝန်ယူရာတွင် (၃)ကြိမ်ဆက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်ရောက်စေခဲ့ကာ အင်တာမီလန်နှင့်အတူ (၂၀၁၀)ခုနှစ်တွင် ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့သည်။

@z (ရိုးရာလေး)
ချဲလ်ဆီးနည်းပြ မော်ရင်ဟိုသည် အက်သလက်တီကိုနှင့် ကစားမည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် မန်ယူနည်းပြဟောင်း ဖာဂူဆန်၏ ချန်ပီယံလိဂ် စံချိန်ကို ကျော်ဖြတ်နိုင်တော့မည်ဖြစ်သည်။ မော်ရင်ဟိုသည် ၎င်းတာဝန်ယူသည့် အသင်းများကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် (၇)ကြိမ် တက်ရောက်နိုင်ရန် စွမ်းဆောင်ပေး ခဲ့ပြီး အက်သလက်တီကိုနှင့် ကစားမည့်ပွဲစဉ်မှာ ၎င်းအတွက် (၈)ကြိမ်မြောက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်ဖြစ်သည်။
ဖာဂူဆန်မှာ မန်ယူကို (၂၇)နှစ်ကြာ တာဝန်ယူခဲ့သည့် ကာလအတွင်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် (၇)ကြိမ်

တိုင်းရင်းသားအားလုံး လက်ခံနိုင်သည့် ပုံစံမျိုးသာ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ပေးပါက ၎င်းတို့ကို လက်မှတ်ထိုးခိုင်းစရာပင် မလိုဟု ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ပြောကြား


အစိုးရအနေဖြင့် တိုင်းရင်းသားအားလုံး လက်ခံနိုင်သည့် ပုံစံမျိုးသာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင်ဆင်ပေးပါက ၎င်းတို့ကို လက်မှတ်ထိုးခိုင်းစရာပင် မလိုဟု ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။
အမေရိကန်ရောက် ချင်းတိုင်းရင်းသားများနှင့် တွေ့ဆုံပွဲတွင် ဗိုလ်ချုပ်ဂွမ်မော်အား ၂၀၁၅ ရွေးကောက် ပွဲပြီးပါက ယခုဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး ဆောင်ရွက်မှုကို မည်ကဲ့သို့ဖြစ်စေနိုင်ကြောင်း မေးခွန်းမေးမြန်းမှုအား ဖြေကြားရာ၌ ၎င်းကထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ကအိုင်အို အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲကို မိမိတို့နိုင်ငံအတွက် ဆောင်ရွက်နေသည့် ရွေးကောက်ပွဲ

တရုတ်နှင့်ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၃၂ ဦးအနက် ၆ ဦးသာ ပြန်လည်လွှဲပြောင်းနိုင်သေး

Photo: တရုတ်နှင့်ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၃၂ ဦးအနက် ၆ ဦးသာ ပြန်လည်လွှဲပြောင်းနိုင်သေး

Tuesday, April 22, 2014

တရုတ်နှင့်ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရပြီး ပြန်လည်ကယ်ဆယ်နိုင်ခြင်း မရှိသေးသည့် မြန်မာနိုင်ငံသား ၃၂ ဦးအနက် ၆ ဦးကိုသာ ကယ်ဆယ်နိုင်ပြီး ပြန်လွှဲပြောင်းပေးနိုင်သေးကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်အတွင်း၌ လူကုန်ကူးမှု ၁၀၂ မှုဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူမှာ ၂၅၀ ကျော်ရှိခဲ့ပြီး ယင်းတို့အနက်မှ  ၃၂ ဦးအား ပြန်လည်ကယ်ဆယ်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

"လူကုန်ကူးခံရတဲ့သူတွေကို ပြန်ကယ်ဖို့အတွက် အချို့ဟာတွေက နေရာမသိဘူး။ အခုပြန်လွှဲပေးတဲ့သူတွေကလည်း ပြဿ     နာဖြစ်ရင်းနဲ့ ထွက်ပြေးလာကြတာဖြစ်တယ်။ ထိုင်းနိုင်ငံမှာဆိုရင် စက်ရုံသူဋ္ဌေးနဲ့ လူကုန်ကူးမှုကျူးလွန်သူတွေကို ထိုင်းတရားရုံးမှာ တရားစွဲထားတယ်။ တရုတ်နိုင်ငံကျတော့ လက်ထပ်ပေါင်းသင်းတဲ့ အမျိုးသားတွေကို အရေးယူတာတွေမရှိသေးဘူး" ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုရဲမှူးမင်းနိုင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှာ အမျိုးသား (၄)ဦးတို့သည် ၂၀၁၃ခုနှစ်အတွင်းတွင် ထိုင်းနိုင်ငံရှိ စက်ရုံတစ်ခုတွင် လူကုန်ကူးခံခဲ့ရပြီး ပြန်လည်ထွက်ပြေး လွှတ်မြောက်လာခဲ့ရာ ထိုင်းနိုင်ငံရှိ စောင့်ရှောက်ရေးဂေဟာများတွင် နေထိုင်ရပြီး ထိုင်းနိုင်ငံမှ ယခုနှစ် ဧပြီလ ပထမပတ်အတွင်း၌ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး တရုတ်နိုင်ငံတွင် တရုတ်အမျိုးသားများ၏ မယားအဖြစ် လူကုန်ကူးခြင်းခံရသော ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသမီး(၂)ဦးအား ယခုနှစ် ဧပြီလအတွင်း၌ ရွှေလီလူကုန်ကူးအထူးအဖွဲ့မှ လာရောက်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

၂၀၁၃ခုနှစ်အတွင်း တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရပြီး ပြန်လည်ကယ်ဆယ်နိုင်ခြင်းမရှိသေးသည့် လူကုန်ကူးခံရသူ ၂၆ ဦး ကျန်ရှိသေးသည်။

နိုင်ငံဖြတ်ကျော် လူကုန်ကူးမှုဖြစ်စဉ်များတွင် ထိုင်းနိုင်ငံ၌ ဖြစ်ပွားသည့် လူကုန်ကူးမှုဖြစ်စဉ်များတွင် ပြစ်မှုကျူးလွန်သူများကို အရေးယူနိုင်ရန်အတွက် သက်သေအဖြစ် အမှုဆိုင်ရင်နေသည့် မြန်မာနိုင်ငံသားများမှာ တရားစီရင်ရာတွင် ကြန့်ကြာမှုများရှိနေသည့်အတွက် နေရပ်ကိုပြန်လိုသော်လည်း ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။   

Eleven Media Group
တရုတ်နှင့်ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရပြီး ပြန်လည်ကယ်ဆယ်နိုင်ခြင်း မရှိသေးသည့် မြန်မာနိုင်ငံသား ၃၂ ဦးအနက် ၆ ဦးကိုသာ ကယ်ဆယ်နိုင်ပြီး ပြန်လွှဲပြောင်းပေးနိုင်သေးကြောင်း လူကုန်ကူးမှု တားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်အတွင်း၌ လူကုန်ကူးမှု ၁၀၂ မှုဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူမှာ ၂၅၀ ကျော်ရှိခဲ့ပြီး

မိကျောင်းကန် သပိတ်စခန်းရှိ ပြည်သူများမှ ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်းအား ၀မ်းနည်းသည့် အထိမ်းအမှတ်ဖြင့် ဆုတောင်းပွဲပြုလုပ်

Photo: မိကျောင်းကန် သပိတ်စခန်းရှိ ပြည်သူများမှ ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်းအား ၀မ်းနည်းသည့် အထိမ်းအမှတ်ဖြင့် ဆုတောင်းပွဲပြုလုပ် 

Tuesday, April 22, 2014

မိကျောင်းကန် သပိတ်စခန်းရှိ ပြည်သူများမှ ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်းအား ၀မ်းနည်းသည့် အထိမ်းအမှတ်ဖြင့် ဧပြီ ၂၁ ရက် ညနေ ၆ နာရီခန့်က ဆုတောင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုတောင်းပွဲကို ဆူးလေဘုရားရှိ ဆရာကြီး၏ မွေးနေ့နံထောင့်ဖြစ်သော ဗုဒ္ဓဟူးနံထောင့်တွင် ဖယောင်းတိုင်များထွန်းပြီး ဆုတောင်းမေတ္တာ ပို့ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံ ရှေ့တွင်လည်း ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်းစာဆရာကြီး ဦးဝင်းတင်မှာ အူ၊ အဆုတ်၊ နှလုံး ကျောက်ကပ် ရောဂါများဖြင့် မတ်လအတွင်းမှ စတင်ကာ ဆေးရုံသို့ တတ်ရောက် ကုသခံယူနေခဲ့ရပြီး ဧပြီ ၂၁ ရက် နံနက် ၆ နာရီ ၃၀ ခန့်တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ မိကျောင်းကန် သပိတ်စခန်းမှ ပြည်သူများမှ ဟံသာဝတီ ဦးဝင်းတင်အတွက် ဆုတောင်းမေတ္တာ ပို့မှုများကို ဆရာကြီးအား မြေချမည့်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group
မိကျောင်းကန် သပိတ်စခန်းရှိ ပြည်သူများမှ ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်းအား ၀မ်းနည်းသည့် အထိမ်းအမှတ်ဖြင့် ဧပြီ ၂၁ ရက် ညနေ ၆ နာရီခန့်က ဆုတောင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုတောင်းပွဲကို ဆူးလေဘုရားရှိ ဆရာကြီး၏ မွေးနေ့နံထောင့်ဖြစ်သော ဗုဒ္ဓဟူးနံထောင့်တွင် ဖယောင်းတိုင်များထွန်းပြီး ဆုတောင်းမေတ္တာ ပို့ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် မြို့တော်ခန်းမရှေ့ရှိ