Thursday, October 24, 2013

နောက် ဆုံး ရ ရွှေ ဈေး နှုန်း များ

24.10.2013 (Thursday) 02:43 PM
TOP SHINE (PH : 011-201155)

(အကယ်ဒမီ) Ygn: (ဝယ်) 688000 - (ရောင်း) 689000
(အကယ်ဒမီ) Mdy: (ဝယ်) 688000 - (ရောင်း) 689000
(အခြားတံဆိပ်) Mdy: (ဝယ်) 685500 - (ရောင်း) 687500

ရွှေသား ပါဝင်ဖွဲ့စည်းနေသည့် သစ်ပင်များ



Photo: ရွှေသား ပါဝင်ဖွဲ့စည်းနေသည့် သစ်ပင်များ
Thursday, October 24, 2013

သာမန်အားဖြင့် အဖိုးထိုက်တန်သော ရွှေသတ္တုသည် မြေကြီးထဲမှသာ တူးဖော် ရရှိသော်လည်း အချို့သော သစ်ပင်များတွင် ရွှေသား ပါဝင်နေကြောင်း သုတေသီများက ဆိုသည်။

ဩစတြေးလျ နိုင်ငံမှ သုတေသီများက မိမိတို့သည် ရွှေထွက်သည့် သစ်ပင်များကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့ကြသည်။ သာမန်အားဖြင့် အဖိုးထိုက်တန်သော ရွှေသတ္တုသည် မြေကြီးထဲမှသာ တူးဖော် ရရှိသော်လည်း အချို့သော သစ်ပင်များတွင် ရွှေသား ပါဝင်နေကြောင်း သုတေသီများက ဆိုသည်။ သို့သော်လည်း ယင်းသည် သစ်ပင်က ရွှေသား အသီးအပွင့်များ ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ မြေကြီးထဲမှ ရွှေသားကို စုပ်ယူသည့် အလေ့အထမျိုးကြောင့်သာ ဖြစ်ကြောင်း သိရှိရသည်။ Nature Communications သုတေသန စာစောင်တွင် ယခုကဲ့သို့ ရွှေသားပါဝင်နေသည့် သစ်ပင်များအကြောင်း တွေ့ရှိချက်များကို ဖော်ပြထားခဲ့သည်။

ယူကလစ်ပင်များနှင့် အကေးရှား ထနောင်းမျိုး သစ်ပင်များသည် သဘာဝအရ ရှည်လျားသော အမြစ်သွယ်တန်းမှု စနစ်မျိုး ဖြစ်ပေါ်လေ့ရှိသည်။ ၎င်းတို့သည် ဩစတြေးလျ အနောက်ပိုင်းနှင့် တောင်ပိုင်းရှိ သဲဆန်သော မြေများတွင် ပေါက်ရောက်သောအခါ မြေကြီးထဲသို့ အမြစ်များက အလွန်နက်ရှိုင်းစွာ တိုးဝင်လေ့ရှိသည်။ အထူးသဖြင့် မိုးခေါင်ရေရှားသည့် အချိန်များ၌ ယင်းသစ်မြစ်များက ပိုမို၍ ရှည်လျားစွာ ဖြန့်ကျက်ပြီး စုပ်ယူနိုင်မည့် မြေအောက်ရေ အရင်းအမြစ်ကို ရှာဖွေတတ်ကြသည်။ ထိုအချိန်တွင် မြေကြီးထဲရှိ ရေကိုသာမက ဓာတ်သတ္တုများကိုပါ အမြစ်က စုပ်ယူလေ့ရှိရာ သစ်ပင်တွင် ရွှေဓာတ် ကိန်းအောင်းလာသည့် သဘောမျိုးဟု ရုက္ခဗေဒ ပညာရှင်များက ယူဆထားသည်။

ရွှေကို မည်ကဲ့သို့ စုပ်ယူသည်ဆိုသော ဇီဝဓာတု နည်းလမ်းကို သုတေသီများက စိတ်ဝင်တစား စူးစမ်းနေဆဲ ဖြစ်သည်။ ၎င်းတို့က ရွှေဓာတ်ကို စုပ်ယူထားသည့် သစ်ပင်များမှ အရွက်တစ်ရွက်ချင်းစီမှ အရွက်များကို လေ့လာသည့်အခါ တစ်ဘီလျံပုံလျှင် အပုံ(၈၀)စာ ရွှေသားပါဝင်မှု ရှိနေကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း သစ်ခေါက်များတွင်မူ ရွှေဓာတ်ပါဝင်မှု ပိုနည်းပြီး အပုံတစ်ဘီလျံတွင်မှ (၄)ပုံသာ ရွှေသား ခိုအောင်းနေကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ထို့ကြောင့် သီအိုရီအရ သစ်ပင်မှ ရွှေထွက်သည်ဟု ပြောဆိုနိုင်သည့်တိုင် လက်တွေ့အားဖြင့် ယင်းရွှေသားကို မျက်စိဖြင့်ပင် မြင်နိုင်မည် မဟုတ်ဟု ဂျာနယ်က ရေးသားဖော်ပြထားခဲ့သည်။

Planet Myanmar Network
သာမန်အားဖြင့် အဖိုးထိုက်တန်သော ရွှေသတ္တုသည် မြေကြီးထဲမှသာ တူးဖော် ရရှိသော်လည်း အချို့သော သစ်ပင်များတွင် ရွှေသား ပါဝင်နေကြောင်း သုတေသီများက ဆိုသည်။

တစ်ပတ်အတွင်း ရွှေဈေး ကျပ်တစ်သောင်း မြင့်တက်

ယခုလအတွင်း တည်ငြိမ်နေသည့် ပြည်တွင်းရွှေဈေး အတက်ဘက်သို့ ပြန် လည်ဦးမော့ လာနေကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။

ရထား သန့်စင်ခန်းတွင် မွေးဖွားခဲ့ပြီး ရထားလမ်းပေါ်သို့ ပြုတ်ကျခဲ့သည့် ကလေးငယ် ကံကောင်း ထောက်မစွာ အသက်ရှင်

အိန္ဒိယ နိုင်ငံ နာဒီယာ ခရိုင် ပါလာရှီ ရထား ဘူတာရုံ အနီးတွင် အောက်တိုဘာ ၂၂ရက် ည ၆နာရီခွဲ ဝန်းကျင်က လာဂိုလာ ခရီးသည်တင် ရထားတစ်စင်းပေါ်တွင် လိုက်ပါလာသည့် ကိုယ်ဝန်ဆောင် မိခင်တစ်ဦးသည် ရထားသွားနေစဉ်သန့်စင်ခန်း အသုံးပြုနေရင်း ကလေး မီးဖွားခဲ့ကြောင်း သိရသည်။

ကင်မ်ဂျုံအန်မှာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း ရှိခဲ့သလား


အောက်တိုဘာ ၂၄။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်သည် လက်ရှိဇနီးသည် ရီဆိုဂျူနှင့် လက်ထပ်ခါနီး ဆဲဆဲတွင် အခြားအနုပညာ ကြယ်တစ်ပွင့်ဖြစ်သော Seo Un-hyang နှင့် ချစ်ကြိုးသွယ်ခဲ့သည် ဟူသော ကောလာ ဟာလများ ထွက်ပေါ်လာခဲ့သည်။ ထိုကာလများတွင် လက်ရှိဇနီးသည် ရီဆိုဂျူမှာ First Lady  နေရာအတွက် ပြိုင်ဘက်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုကြသည်။

မိတ္ထီလာမြို့နယ် တွင် နတ်စင်ချောင်း တံတား ပျက်စီးပြိုကျ၍ ဒေသခံများ မီးရထား သံလမ်းပေါ်က ခက်ခဲစွာ သွားလာနေကြရ

ပြိုကျပျက်စီး သွားသော နတ်စင်ချောင်း တံတား အနီးရှိ (၃)ပေအကျယ် မီးရထား သံလမ်းပေါ် ခက်ခဲစွာ ဖြတ်သန်း အသုံးပြုနေရပုံ

မိတ္ထီလာ ၊ ၂၄-၁၀-၂၀၁၃

မိတ္ထီလာ မြို့နယ် ဂဠုန်ကုန်း ကျေးရွာ အတွင်းရှိ ရှင်မြို့ ၊ ခါးကော့ ၊ ရွာမ ၊ မြင်သာ ၊ သဲတောလေး စသည့် ကျေးရွာ များမှ နေ့စဉ် ဖြတ်သန်း သွားလာ အသုံးပြု နေသည့် နတ်စင်ချောင်း တံတားမှာ အောက် တိုဘာ ၂၂ ရက် နံနက် ၁၁ နာရီခန့်က ပျက်စီး ပြိုကျပြီး ချောင်းရေ ထဲ မျောပါသွား ၍ ကျေးရွာ များ နေ ဒေသခံများ သွားလာရန် ခက်ခဲလျက် ရှိကြောင်း သိရသည်။

လင်မယား စကားများရာမှ ၁ဝ လသား အရွယ် ကလေးသေဆုံး

မကွေးတိုင်း ဒေသကြီး အောင်လံမြို့နယ် အလယ်ရွာ ကျေးရွာ၌ လင်မယား ချင်း စကားများ ရာမှ ယောက်ျားဖြစ်သူက ရဲဒင်းဖြင့် ခုတ်ရာ ၁ဝ လသားအရွယ် ကလေးငယ် တစ်ဦး သေ ဆုံးမှု ဖြစ်ပွားခဲ့သည်။

အမျိုးတစ်ဦးတည်းနေထိုင်သည့် နေအိမ်အတွင်းဝင်ရောက်၍ လူသတ်ပစ္စည်းယူဆောင်သူအား ဖမ်းဆီးရမိ

၁၁.၁၀.၂၀၁၃ရက်နေ့ ၀၉၃၀အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၀)ရပ်ကွက်နေ၊ ဒေါ်သန်းမြိုင်သည် ၎င်းတစ်ဦးတည်းနေထိုင်သည့်နေအိမ်နောက်ဖေးရေချိုးခန်းတွင် လဲကျနေသည်ကို ၎င်း၏တူဖြစ်သူ ကိုမင်းအောင်မှတွေ့ရှိ၍ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့အပ်ရာသေဆုံးနေကြောင်း သိရသဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့မ ရဲစခန်းသို့ အကြောင်းကြားမှုအား သေမှုသေခင်း အမှတ်စဉ်(၄၇/ ၂၀၁၃)ဖြင့်ရေး ဖွင့်ဆောင်ရွက်ခဲ့ပါသည်။

ကားဖိုးငွေ သိန်းတစ်ထောင့်ကိုးရာကျော် မပေးဟုစွပ်စွဲကာ အမှုဖွင့် တိုင်တန်း

ကားဖိုးငွေ သိန်းတစ်ထောင့်ကိုးရာကျော်အား ပေးသွင်းခြင်းမရှိသဖြင့် အရေးယူပေးရန် တိုင်တန်းမှု တစ်ခုကို လသာရဲစခန်းက အောက်တိုဘာ ၂၁ ရက်တွင် အမှုဖွင့်လုပ်ဆောင်လျှက်ရှိသည်။

ကမ္ဘာ့ ဒုတိယအဆိပ်အပြင်းဆုံး သတ္တဝါ - ငါးဘောလုံး (Puffer fish)

Puffer fish ကိုအမျိုးမျိုးခေါ်ပါတယ်။ ငါးဘောလုံး၊ ကမ္ဘာ့ငါး၊ ပူဖာငါး၊ ငါးလေးထိုး၊ ပင်လယ်ဘူဇွာ၊ ငါးစည်ဖောင်း တို့အပြင် အခြားနည်းလမ်း အမျိုးမျိုးနဲ့လည်း ခေါ်ဝေါ်ပါသေးတယ်။

သူ့ကို ကမ္ဘာ့ ဒုတိယအဆိပ်အပြင်းဆုံး သတ္တဝါလို့ သတ်မှတ်ထားပါတယ်။ အမျိုးအစားပေါင်း ၁၂၀ ရှိပြီး ၁၂၀လုံး အဆိပ်ပြင်းတာ ဖြစ်ပါတယ်။ အဆိပ် ပြင်းတဲ့ အရည်အသွေးချင်းတော့ မတူပါဘူး။ ဂျပန်မှာဆိုရင် ပင်လယ် Puffer ကို စားသုံးနေပါသေးတယ်။ သူတို့ဆီမှာ ရှိတဲ့ စားဖိုမှူးများ က စားလို့ရတဲ့ အစိတ်အပိုင်းကို အသေအချာ သိလို့ပဲ ဖြစ်ပါ တယ်။ တော်ရုံ လူတော့ မစားရဲပါဘူး။ ဂျပန် တံငှာသည် အနည်းငယ်ပဲ စားသောက်ရဲ တာ ဖြစ်ပါတယ်။

သခင့်အတွက် ထာဝရ ဘက်တော်သား

သခင့်အတွက် ထာဝရ ဘက်တော်သား

ပုံမှာ မြင်တွေ့နေရတဲ့ ခွေးဟာ ယင်း အုတ်ဂူဆီကို ညနေ ၆ နာရီတိုင်း လာလာ အိပ်တာ စုစုပေါင်း ၆ နှစ်ကျော် ကြာမြင့်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

အုတ်ဂူမှာ ကွယ်လွန်သူကတော့ သူချစ်ရတဲ့ သခင် ဖြစ်ပါတယ်။ ဂျာမနီ စစ်ဗိုလ် တစ်ဦး ဖြစ်ပြီး ၂၀၀၆ ခုနှစ်က ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ အုတ်ဂူ သွင်းပြီး နောက်နေ့တွေတိုင်းမှာ သူပုံမှန်လာပါတယ်။ ညနေ ၆ နာရီတိုင်း လာလာ အိပ်ပါတယ်။

သူနေ့တိုင်း ပုံမှန် လာလာအိပ်နေတာကို သင်္ချိုင်းစောင့်များက တွေ့ရှိနေတာ ၆ နှစ်ကျော်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: masefact
အောင်ခမ်း ( ရိုးရာလေး )

http://www.yoyarlay.com/entertainment/123-discovery/38414-long-time-far-away-from-owner

.
ပုံမှာ မြင်တွေ့နေရတဲ့ ခွေးဟာ ယင်း အုတ်ဂူဆီကို ညနေ ၆ နာရီတိုင်း လာလာ အိပ်တာ စုစုပေါင်း ၆ နှစ်ကျော် ကြာမြင့်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဇနီးဖြစ်သူ ကိုယ်ဝန်ရှိသည့်ကိစ္စ စကားများပြီး ယောက်ျားဖြစ်သူ ဆွဲကြိုးချသေဆုံး

သင်္ဃန်းကျွန်းမြို့နယ်တွင် ဇနီးဖြစ်သူကိုယ်ဝန်ရှိသည့်ကိစ္စဖြင့် စကား များကြရာမှ ယောက်ျားဖြစ်သူ ဆွဲကြိုးချသေဆုံးခဲ့မှု တစ်ခု အောက်တိုဘာ ၂၂ ရက်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဆို သည်။

တစ်နိုင်ငံလုံး ၀ိုင်ဖိုင်အင်တာနက်လိုင်း အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Broadband Wireless(Wifi) အင်တာနက်လိုင်းရရှိရန် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၂ ရက်တွင် ပြော သည်။

ပြင်ဦးလွင်ပေတဒါန (ကြာတော့ ကြာခဲ့ပါပြီ) .. ဗဟုသုတ အလို့ငှာ ပြန်လည်ကူးယူ ဖော်ပြခြင်း ဖြစ်ပါတယ်.... ကြောက်လန့် တက်သူများ မဖတ်ရ....

ပြင်ဦးလွင်(၈)မိုင် သုဿာန်ထဲက ပေတဒါန အလှူပွဲဓါတ်ပုံတွေပါ။

https://www.facebook.com/blackdream21
(၂၈.၅.၂၀၁၁) တွင် ရိုက်ကူးသောဓါတ်ပုံများဖြစ်ပါတယ်။

သာမန်ရိုးရိုး တမလွန်ဘုံသားများ စားသောက်ရန် ပြင်ဆင်တည်ခင်းရာ နေရာ

ဒလမြို့နယ် ကျန်စစ်သား ရပ်ကွက်ရှိ ကျူးကျော်တဲများကို နိုဝင်ဘာ ၃ ရက်အတွင်း ရွှေ့ပြောင်းပေးရန် ငါးကြိမ်မြောက် အမိန့်ထုတ်ပြန်

ဒလမြို့နယ် ကျန်စစ်သား ရပ်ကွက်ရှိ ကျူးကျော်တဲများကို နိုဝင်ဘာ ၃ ရက်အတွင်း ရွှေ့ပြောင်းပေးရန် ငါးကြိမ်မြောက် အမိန့်ထုတ်ပြန်

ဒလမြို့နယ်၊ ကျန်စစ်သား ရပ်ကွက် အမှိုက်ပုံအနီးရှိ ကျူးကျော်တဲများကို နိုဝင်ဘာ ၃ ရက်အတွင်း ရွှေ့ပြောင်းပေးရန် အောက်တိုဘာ ၄ ရက်၊ နံနက်ပိုင်းက ငါးကြိမ်မြောက် အမိန့်ထုတ်ပြန်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ အမိန့်စာတွင် ကျန်စစ်သား ရပ်ကွက်၊ နောက်ဆုံး စွန့်ပစ်အမှိုက် ဧရိယာအတွင်း အောက်နယ်နိမိတ် သတ်ရာပါ (၃.၆၈) ဧက ခန့်ရှိ မြေတွင် အခွင့်အမိန့် မရရှိဘဲ လက်ရှိလုပ်ကိုင် နေထိုင်လျှက်ရှိသည့် မြေမှ ထွက်ခွာ သွားရမည်ဖြစ်ပြီး ယင်းမြေပေါ်ရှိ အစိုးရမင်းတို့ပိုင် ပစ္စည်းမှတစ်ပါး အခြားအရပ်ရပ် ပစ္စည်းများကို နိုဝင်ဘာ ၃ ရက်အတွင်း ရွှေ့ပြောင်း ထုတ်ယူရမည် ဖြစ်ကြောင်းကို မြန်မာနိုင်ငံတော် အောက်ပိုင်းမြို့ရွာရှိ မြေရာအက် ဥပဒေပုဒ်မ-၂၁ အရ ဆင့်ဆိုကြောင်း ဒလမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း လက်မှတ်ဖြင့် ဖော်ပြထားသည်။

အမိန့်စာ ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ ဒလမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက "ဒီစာထုတ်တာနဲ့ ပတ်သက်ပြီး ဘာမှ မပြောချင်ပါဘူး။ တိုင်းဒေသကြီး အစိုးရက ဒီစာကိုထုတ်တာပါ။ ကျွန်တော်တို့ ထုတ်တာ မဟုတ်ပါဘူး။ ဘယ်လို ဆက်လုပ်သွားမလဲဆိုတော့ အပေါ်က ညွှန်ကြားတဲ့အတိုင်း လုပ်သွားမယ်။ နေခွင့်ပြုလိုက်ဆိုရင် နေခွင့်ပြုလိုက်မယ်"ဟု အောက်တိုဘာ ၂၃ ရက်က ပြောကြားသည်။

ပြောင်းရွှေ့ရန် ဆင့်ဆိုသည့် အမိန့်ကို လိုက်နာမှု မရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ၎င်းထုတ်ပြန်ထားသည့် အမိန့်စာတွင် ဖော်ပြထားသည်။

"သူတို့တွေ ၁၀ လပိုင်း ၄ ရက်က လာပြီး စာလာကပ်သွားတယ်။ ပြီးတော့ လက်ခံရရှိကြောင်း လက်မှတ် ထိုးခိုင်းတယ်။ ဒါပေမဲ့ ဘယ်သူမှ လက်မှတ် မထိုးပေးလိုက်ဘူး။ တကယ်လို့ လက်မှတ် ထိုးပေးလိုက်ရင် သဘောတူတယ်ဆိုပြီး လာဖျက်သွားမှာ စိုးလို့ပါ" ဟု ကျန်စစ်သားရပ်ကွက်၊ အမှိုက်ပုံအနီးရှိ ကျူးကျော်တဲတွင် နေထိုင်သော ဒေါ်ခင်သန်းရီက ပြောကြားသည်။

ကျူးကျော်တဲများတွင် နေထိုင်သူများက မိမိတို့သည် ၁၉၉၉ ခုနှစ်မှ စတင်ကာ ဒလမြို့နယ် စိမ်းလန်းစိုပြည်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် ရောက်ရှိလာသူများဖြစ်ပြီး စီမံကိန်း (စိမ်းလန်း) မြေကွက်များ ဖြစ်သည်ကို အထောက်အထား ခိုင်လုံစွာ ပြနိုင်ကြောင်း ဆိုသည်။

"ကျွန်မတို့ မရှိဆင်းရဲသားတွေအတွက်က တစ်နေရာကနေ တစ်နေရာကို ပြောင်းရွှေ့ဖို့ဆိုတာ မလွယ်ဘူး။ နေဖို့အတွက် တစ်နေရာနဲ့ အိမ်ပြန်ဆောက်ဖို့အတွက် ပြန်ပြီး ကူညီပေးမယ်ဆိုရင် ကျွန်မတို့အတွက် ပြောင်းရွှေ့ဖို့က အဆင်ပြေသွားမယ်လို့ ထင်တယ်" ဟု ကျန်စစ်သားရပ်ကွက်၊ အမှိုက်ပုံအနီး ကျူးကျော်တဲတွင် နေထိုင်သော ကလေးနှစ်ဦး မိခင် ဒေါ်ကြည်ကြည်ထွေးက ပြောကြားသည်။

ကျန်စစ်သားရပ်ကွက်၊ အမှိုက်ပုံအနီးရှိ ပြောင်းရွှေ့ရန် အမိန့်စာ ကပ်ထားသည့် ကျူးကျော်တဲတစ်ခုကို စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ်
ဒလမြို့နယ်၊ ကျန်စစ်သား ရပ်ကွက် အမှိုက်ပုံအနီးရှိ ကျူးကျော်တဲများကို နိုဝင်ဘာ ၃ ရက် အတွင်း ရွှေ့ပြောင်းပေးရန် အောက်တိုဘာ ၄ ရက်၊ နံနက်ပိုင်းက ငါးကြိမ်မြောက် အမိန့်ထုတ်ပြန် ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

မြန်မာနှင့်ထိုင်း ဗီဇာမလိုဘဲ အပြန်အလှန် သွားလာနိုင်တော့မည်

ထိုင်းနိုင်ငံ လေဆိပ် ၂၃ ခုတွင် မြန်မာခရီးသွားများ ၀င်ထွက်နိုင်မည်

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ခရီးသွားလာခွင့် ဗီဇာမလိုဘဲ ခွင့်ပြုရက် ၁၄ ရက်အထိ နှစ်နိုင်ငံ ခရီး သွားများအပြန်အလှန် ခရီးသွားလာနိုင်မည့်အစီအစဉ်ကို နှစ်ဖက်အစိုးရတို့ နိုဝင်ဘာလအတွင်း သဘော တူစာချုပ် ချုပ်ဆိုရန်ရှိပြီး အတည်ပြုနိုင်ရန် ညွှန်ကြားချက်များ ထုတ်ပြန်သွားမည်ဟု ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Mr Teerat Ratanasevi (မစ္စတာ ရာဒ်တနဇေ၀ီ)က မဇ္ဈိမကို ပြောသည်။

KIA မှ ရှမ်းရွာ(၁၀၀)ကျော်အား ဆက်ကြေးပေးဆောင်ရန် စာပို့ထား

KIA မှ ဗန်းမော်၊ မိုးမောက်မြို့နယ်များမှ ရှမ်းရွာ (၁၀၀)ကျော်အား တအိမ်လျှင် ငွေကျပ်(၂၀၀၀၀ိ) စီကို ဒီဇင်ဘာလ နောက်ဆုံးထား၍ ဆက်ကြေးပေးဆောင်ရန် စာများပေးပို့ထားကြောင်း ဗန်မော်ဒေသခံ တစ်ဦးမှ သတင်းပေးပို့ထားပါသည်။...

ဗုံးပေါက်ကွဲမှုများအပြီး စစ်ကိုင်းတိုင်းတွင် CCTV ကင်မရာများ ရောင်းအားတက်

စစ်ကိုင်းတိုင်းတွင် အောက်တိုဘာလထဲတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီး နောက်ပိုင်းတွင် လုပ်ငန်းခွင် များတွင် CCTV ကင်မရာများကို တပ်ဆင်မှု များလာသောကြောင့် CCTV ကင်မရာ ရောင်းအားတက် လျက်ရှိကြောင်း ရှေ့ဆောင် နည်းပညာကုမ္ပဏီပိုင်ရှင် ဒေါ်နိုင်နိုင်မော်က ပြောသည်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ရသော ဓာတ်ငွေ့ဖြင့် ရမ်းဗြဲသို့ လာမည့်နှစ်အတွင်း ဓာတ်အားဖြန့်ဖြူးမည်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှရသော ဓာတ်ငွေ့ဖြင့် ရမ်းဗြဲမြို့နယ် သို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် လာမည့် ၂၀၁၄ ခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဟု လျှပ် စစ် စွမ်းအားဝန်ကြီးဌာနမှ ဒု-၀န်ကြီးဦးအောင်သန်းဦးက အောက်တိုဘာ ၂၃ က ပြည်သူ့လွှတ်တော်တွင် ကတိပြု ပြောဆိုလိုက်သည်။

အစိုးရနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီတို့၏ တတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက် ခုနစ်ချက် ချမှတ်နိုင်ခဲ့



Photo: အစိုးရနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီတို့၏ တတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက် ခုနစ်ချက် ချမှတ်နိုင်ခဲ့
Thursday, October 24, 2013

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့၏ တတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လွိုင်ကော်မြို့တွင် အောက်တိုဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် နှစ်ရက်တာ ကျင်းပခဲ့ရာ ဆုံးဖြတ်ချက် ခုနစ်ချက်ကို ချမှတ်နိုင်ခဲ့သည်။

ဆွေးနွေးပွဲတွင် KNPP ဘက်မှ တင်ပြလာသော အဆိုပြုချက် လေးချက်နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ တင်ပြလာသော အချက်သုံးချက်တို့အား ဦးတည် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ထိုဆုံးဖြတ်ချက် ခုနစ်ချက်တွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် အားလုံးပါဝင်သည့် နိုင်ငံရေး တွေ့ဆုံပွဲကြီးသို့ ရောက်ရှိရေးအတွက် ဆောင်ရွက်သွားကြရန်၊ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီကို ၁၀ ဦးဖြင့် ဖွဲ့စည်းခြင်းအား နှစ်ဖက်သဘောတူ အတည်ပြု၍ ဆောင်ရွက်ကြရန် ၊ မယ်စဲ့မှ ဘီပီ (၁၃)နယ် စပ်ကုန်သွယ်ရေး လမ်းကြောင်း လုံခြုံရေးအား KNPP ကူညီ ဆောင်ရွက်ပေးရန် စသည်တို့ ပါဝင်သည်။

ထို့ပြင် မြေမြှုပ်မိုင်း ရှင်းလင်းရေးအတွက် နှစ်ဖက် တာဝန်ရှိသူများ ပူးတွဲဆောင်ရွက်သွားကြရန် IDP များအတွက် Pilot Project အား ပူးတွဲ ဆောင်ရွက်ရန်တို့အပြင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်တို့ သဘောတူကြသည်။

ဆွေးနွေးပွဲရလဒ်များနှင့် ပတ်သက်၍ Myanmar Peace Center မှ အထူးအကြံပေး ဦးလှမောင်ရွှေက လက်တွေ့ အကောင်အထည်ဖော်ရာတွင် လိုအပ်သော အချက်များကိုသာ သဘောတူခဲ့ကြခြင်း ဖြစ်ကြောင်း၊ KNPP ဘက်မှ လူများသည် အင်မတန် ရိုးသားသောသူများ ဖြစ်သည်ကို တွေ့ရကြောင်း၊ လာမည့် လိုင်ဇာတွင် ပြုလုပ်မည့် ပွဲအတွက် နှစ်ဖက်ပြင်ဆင်နိုင်မည်ကို တွေ့ရကြောင်း သတင်းထောက်များအား ပြောကြားသည်။

တတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှတ်တမ်းကို KNPP ဘက်မှ ပါတီအမြဲတမ်း ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးဘုန်းနိုင်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး(ကယားပြည်နယ်)မှ ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မျိုးအောင်တို့က လက်မှတ်ရေးထိုး ခဲ့သည်။

ဆွေးနွေးပွဲသို့ KNPP ဘက်မှ ဒုဥက္ကဋ္ဌ ခူးဦးရယ်၊ အမြဲတမ်း ဗဟိုကော်မတီဝင်များဖြစ်သော ဗိုလ်ချုပ်ဘီထူး၊ ဗိုလ်မှူးကြီးဘုန်းနိုင်၊ ခူးဒယ်နရယ်၊ အတွင်းရေးမှူး (၂) ဦးရွှေမျိုးသန့် အပါအ၀င် ရုံးအဖွဲ့ဝင်များ တက်ရောက်ကြပြီး အစိုးရအဖွဲ့မှ ၀န်ကြီးဦးအောင်မင်း၊ ၀န်ကြီး ဦးခင်မောင်စိုး၊ ၀န်ကြီးဦးသန်းဌေး၊ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဦးလှမောင်ရွှေတို့အပြင် ဒုတိယ၀န်ကြီးဗိုလ်ချုပ် မောင်မောင်အုန်း၊ ဗိုလ်မှူးကြီး ကျော်စိုးဝင်း၊ ဗိုလ်မှူးကြီး ဇော်မျိုးတင်တို့ တက်ရောက်၍ တိုင်းမှူး ဗိုလ်ချုပ်ခင်ဇော်(ရပခ) နှင့် ဒကစမှူး (လွိုင်ကော်) ဗိုလ်ချုပ် ဇော်ထွတ်တို့လည်း တက်ရောက်ခဲ့သည်။   

Eleven Media Group

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီတို့မှ တာဝန်ရှိသူများအား အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ်
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့၏ တတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လွိုင်ကော်မြို့ တွင် အောက်တိုဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် နှစ်ရက်တာ ကျင်းပခဲ့ရာ ဆုံးဖြတ်ချက် ခုနစ်ချက်ကို ချမှတ်နိုင်ခဲ့သည်။

သေဒဏ်ကျ အီရန်အကျဉ်းသား ကြိုးစင်တင်ပြီးနောက် ကိုးမားဖြစ်ကာ အသက် ဆက်လက်ရှင်သန်ခွင့်ရ


အောက်တိုဘာ ၂၃။

အီရန်တွင် သေဒဏ်ကျ အကျဉ်းသားတစ်ဦးကို ကြိုးစင်တင်ကာ စီရင်ပြီးနောက်ပိုင်း အသက်မသေဘဲ ကိုးမားဖြစ်သွား၍ အသက်ဆက်လက် ရှင်သန်ခွင့် ရသွားကြောင်း IRNA သတင်းဌာနက အောက်တိုဘာ ၂၁ရက်က ကြေညာခဲ့သည်။

မော်ဒယ်လေး.....နာမည်ကြီးချင်လို့ လား? လူသိများချင်လို့ လား?(ဒါမှမဟုတ်) ၀ါသနာအရ ကိုယ့်ပုံကိုယ်တင် တာလား?

အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရအောင် ကာကွယ်ဆေးကို ဒီတပတ်ရဲ့ ရွေးချယ်မှု ကဏ္ဍကနေ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ အခုခေတ်မှာ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင် နေပြီဖြစ်တဲ့ အင်တာနက်ရဲ့ ကောင်းကျိုး တွေကတော့ ဖော်ပြလို့ မကုန်နှိုင်အောင် များတာကို တွေ့ရပါတယ်။ အင်တာနက် နည်းပညာ တိုးတက်လာတာနဲ့ အမျှ ဘေးထွက် ဆိုးကျိုးတွေလဲ မခွဲမခွာတွဲပါ လာတာ ကိုလဲ မြင်နေရ ပြန်ပါတယ်။

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကို ကျူးလွန်ခဲ့သည်ဟု ၀န်ခံထားသူ စောမြင့်လွင်နှင့် ပါဝင်ပတ်သက်သူ ခုနစ်ဦးအား ဆက်လက် စစ်ဆေးရာ အခြားကွင်းဆက်နှင့် ပါဝင်သူအချို့ကို ထပ်မံ ဖမ်းဆီးစစ်ဆေးနေ

ပြည်တွင်း၌ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကို ကျူးလွန်ခဲ့သည်ဟု ၀န်ခံထားသူ စောမြင့်လွင်နှင့် ပါဝင်ပတ်သက်သူ ခုနစ်ဦးကို ဆက်လက် စစ်ဆေးခဲ့ရာ အခြားကွင်းဆက် အချို့နှင့် ပါဝင်သူအချို့ကို ထပ်မံ ဖမ်းဆီးပြီး ဖော်ထုတ် စစ်ဆေးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်ဇော်ဝင်း၏ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကိုကိုအောင်က အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းတွင် Daily Eleven သို့ ပြောကြားခဲ့သည်။

မြန်မာကျောင်းသားများ ပညာသင်ဆုရရှိရေး သမ္မတဦးသိန်းစိန်နှင့် သြစတြေးလျ ၀န်ကြီးချုပ်ဟောင်း ဆွေးနွေး

N.24.10.2013
သမ္မတဦးသိန်းစိန်နှင့် သြစတြေးလျ ၀န်ကြီးချုပ်ဟောင်းတို့အား အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)
နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ်ဟောင်း Hon.Bob Hawke ဦးဆောင်သည့် အဖွဲ့အား အောက်တိုဘာ ၂၃ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အခြေခံဥပဒေ ဆွေးနွေးပွဲ တောင်ကြီးမှာ NLDကျင်းပ


Photo: အခြေခံဥပဒေ ဆွေးနွေးပွဲ တောင်ကြီးမှာ NLDကျင်းပ
Thursday, October 24, 2013

တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာပညာပေးဆွေးနွေးပွဲကို တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်မှာရှိတဲ့ မြေဖြူစာကြည့်တိုက်မှာ ဒီနေ့မနက်က ကျင်းပခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီတဲ့အထိ ပြင်ဆင်ဖို့ကို ပြည်သူတွေက လက်ခံကြတယ်လို့ ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုးက အခုလိုပြောပါတယ်။

“ဘုံသဘောတူညီချက်ကတော့ ပြင်ဆင်ဖို့ပဲ၊ ကျမတို့အနေနဲ့ အဓိကချပြတာကလည်း ပြုပြင်ရေးပါပဲ၊ ပြင်ဆင်တဲ့နေရာမှာ တစ်ပိုဒ်ပြင်ဆင်ရုံနဲ့ မလုံလောက်ဘူး၊ တဝက်လေးပြင်ဆင်ရုံနဲ့ မလုံလောက်ဘူး၊ နည်းနည်းလေး ပိုပြီးလေးလေးနက်နက် ဖြစ်သွားတာကတော့ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီသည်အထိ ပြင်ဆင်ရမယ်ဆိုတာကိုပဲ ပြည်သူအများစုက လက်ခံပါတယ်”

အဲဒီဆွေးနွေးပွဲကို တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်၊ ဟဲဟိုး၊ ကလော၊ ရွာငံ၊ ရပ်စောက်၊ ဟိုပုံး၊ ပင်းတယ၊ ဆီဆိုင်စတဲ့မြို့တွေက NLD အဖွဲ့ဝင် ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မလား ဒါမှမဟုတ် အသစ်ရေးဆွဲမလားဆိုတဲ့ ဆွေးနွေးပွဲတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ ပထမပတ်ကစပြီး မြန်မာတစ်နိုင်ငံလုံးက ခရိုင် ၆၆ခုမှာ ဒေသခံတွေနဲ့ တွေ့ဆုံကျင်းပနေတာဖြစ်ပါတယ်။

ဒီအတောအတွင်း NLD ပါတီရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့ လာရေးကော်မတီဝင် ရှေ့နေ ဦးအောင်သိန်းနဲ့အဖွဲ့ဟာ မန္တလေးတိုင်းနဲ့ ချင်းပြည်နယ်ဘက်တွေလှည့်ပြီး အခြေခံဥပဒေမှာ ပြင်ဆင်သင်တဲ့ အချက်တွေကို ရှင်းလင်းဟောပြောနေသလို ပြင်ဆင်မလား အသစ်ရေးမလားဆိုတဲ့ သဘောထားတွေကိုလည်း ကောက်ခံနေပါတယ်။

RFA
တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာပညာပေးဆွေးနွေး ပွဲကို တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်မှာရှိတဲ့ မြေဖြူစာကြည့်တိုက်မှာ ဒီနေ့မနက်က ကျင်းပ ခဲ့ပါတယ်။

မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး အရေးကြီးကြောင်း ဗြိတိန် ပြောကြား

O.24.10.2013
ဗြိတိန်မင်းသားချားစ်၊ ဇနီးသည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လန်ဒန်မြို့၌ အောက်တိုဘာ ၂၃ ရက်က တွေ့ဆုံဆွေးနွေးစဉ် (Photo:AFP)
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုများနှင့် လူ့အခွင့်အရေး အခြေအနေများကို ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ နိုင်ငံခြားရေး ၀န်ကြီး ၀ီလျံဟိတ်၊ ဖွံ့ဖြိုးရေး ၀န်ကြီး ဂျက်စတင်းဂရင်းနင်းတို့နှင့် လန်ဒန်မြို့၌ အောက်တိုဘာ ၂၃ ရက်က တွေ့ဆုံရာတွင် ဆွေးနွေးခဲ့သည်။