ပြီးခဲ့တဲ့ ဧပြီလ(၃၀) ရက်နေ့က ရန်ကုန်တိုင်း၊ ဥက္ကံမြို့မှာ ဖြစ်ပွားခဲ့တဲ့
အကြမ်းဖက်မှုတွေမှာ ပါဝင် ပတ်သက် တယ်လို့ သံသယရှိသူ (၂၃)ဦးကို ရဲတပ်ဖွဲ့က
ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ RFA က စုံစမ်း သိရှိ ရပါတယ်။
Sunday, May 5, 2013
ဒုတိယမြောက်ရေလှူဒါန်းခြင်း

ဒုက္ခသည်များ မိုးမကျမီ အမိုးအကာ အောက်ရောက်ရှိရေး မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်
ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်
ဖော်ရေး ဗဟို ကော်မတီ အကြိုလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို မေ ၂ ရက်ညနေ ၎
နာရီခွဲက စစ်တွေမြို့ရှိ ပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌
ကျင်းပခဲ့သည်။
“ မြတ်ဗုဒ္ဓအပေါ် ကိုယ့်ကြောင့် အကြည်ညိုမပျက်စေနဲ့ ”
“ ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်ပါလျက် ကိုယ်ကျင့်သီလကို အလေးမထားဘဲ မတရားသော နည်းဖြင့် ဥစ္စာ၊ စည်းစိမ်၊ ရာထူးတို့ ကို အရယူနေသူများသည်ဗုဒ္ဓဘာသာ ခေါင်းဆောင်းထားသော ' တိတ္ထိ ' များသာ ဖြစ်၏။
မြောက်ကိုရီးယားနှင့် စစ်ရေးအရဆက်ဆံမှု လုံးဝမရှိဟု မြန်မာ အစိုးရသစ်ငြင်း
စစ်ရေးခြိမ်းခြောက်မှု များကြောင့် ကမ္ဘာ့နိုင်ငံကြီးများက
သတိထားစောင့်ကြည့် နေသော မြောက် ကိုရီးယား နိုင်ငံနှင့် စစ်ရေးအရ
ဆက်ဆံမှုလုံးဝမရှိဟု နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က
ငြင်းဆိုလိုက်သည်။
မြန်မာနိုင် ငံ တရား စီရင်ရေး စနစ်တွင် ပါဝင်နေ သည့် ဥပဒေ အရာရှိများ အကြောင်း

ဒီမိုကရေစီစနစ် လက်ခံကျင့်သုံးနေပြီဖြစ်သော ပြည်ထောင်စု သမ္မတ
မြန်မာနိုင်ငံတော်ကြီး၏ အဓိက မဏ္ဍိုင်ကြီး သုံးရပ်အတွင်းမှ တရားစီရင်ရေးမဏ္ဍိုင်ကြီးတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက် တာဝန် ထမ်းဆောင်မှု ပြုနေသော
အဆင့်ဆင့်သော ဥပဒေရုံးများရှိ ဥပဒေအရာရှိများ အကြောင်း ပြည်သူများ
သိရှိနိုင်ရန် ဗဟုသုတ အလို့ငှာ ရေးသားဖော်ပြရန် ရည်ရွယ်ချက်ဖြင့်
ဤဆောင်းပါးကို ရေးသား တင်ပြခြင်း ဖြစ်ပါသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဘိန်းဖြူ ၈ ဒသမ ၂ ဂရမ် ဖမ်းဆီးရမိ
ထိုင်းလေကြောင်းခရီးဖြင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လိုက်ပါမည့်
ခရီးသည်ညီညီမြင့်သိန်း (ခ) ညီညီလွင် ထံမှ ဘိန်းဖြူ ၈ ဒသမ ၂ ဂရမ်ကို
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မေလ ၃ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်က
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကြယ်ငါးပွင့် စံနှုန်းအတိုင်း ဆီးဂိမ်းအမီ ဖွင့်လှစ်မည့် တုံဂပူရိ ဟိုတယ်
![]() |
| တွေ့ဆုံ မေးမြန်းနှင့် ဓာတ်ပုံ သန်းဆွေ(မိုးကောင်း) |
မန်းသို့အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်သူအား ဖေါ်ထုတ်ဖမ်းဆီး
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ယာကြီးပြင်ရပ်နေ ကို---(၂၅)
နှစ်သည် တစ်ရပ်ကွက်တည်းနေ မ---(၂၂)နှစ်နှင့် အမျိုးသမီး(၃)ဦးအားမေ၁ရက်က
မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင်တွင် အလုပ်ရမည်ဟုပြောဆိုကာ ရေနံချောင်းမြို့မှ မန္တလေးမြို့သို့ ခရီးသည်တင်ယာဉ်ဖြင့် ခေါ်ဆောင်ခဲ့သည်။
နိုင်ငံသား
၂၀၀၇ ခုနှစ် လောက်ကကျွန်တော် Georgetown University မှာ အမျိုးသားလုံခြုံရေးဘာသာရပ် နဲ့ ကျောင်း တက်စဉ်အခါက အတန်းထဲက လူတစ်ယောက်ကို သတိထားမိတယ်။ အဲဒီလူက အရပ်မြင့်မြင့် ကိုယ်ကာယတောင့်တောင့်တင်းတင်း အာရပ်ပုံမျက်နှာပေါက်နဲ့သူဆိုတော့
လူဖြူကြီးစိုးတဲ့ အတန်းထဲမှာ ထင်ထင်သာသာဖြစ်နေတယ်။ ဒါထက်ပိုပြီး
သတိထားမိတာက သူ့ခြေထောက်မှာ သေနတ်အတိုတစ် လက်အမြဲ ပတ်ထားတာတွေ့တော့ အစိုးရလုံခြုံရေးအရာရှိတစ်ယောက်ဖြစ်မယ်ဆိုတာတော့ ခန့်မှန်းလို့ ရနေတယ်။ နောင်ရင်းနှီးလာတဲ့အခါ သိရတာက သူကလက်ဘနွန် နိုင်ငံမှာမွေးပြီး အမေရိကန်မှာ ကြီးပြင်းခဲ့တဲ့ အမေရိကန်နိုင်ငံသားဆိုတာတင်မက FBI မှာ
အထူးစုံစမ်းရေးအရာရှိတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေတယ်ဆိုတာတော့ သိရတယ်။ နောက်တစ်လလောက်ကြာတော့ အီရတ်က ဆက်ဒမ်ဟူစိန်ကို ဖမ်းမိစဉ်က ဘယ်လိုစစ်ဆေးခဲ့တယ်။ ဆက်ဒမ်က ဘယ်လိုဝန်ခံခဲ့တယ်ဆိုတဲ့ အကြောင်းကို တီဗီမှာပြတယ်။ အဲဒီမှာသိရတာက ဆက်ဒမ်ကိုအဓိကစစ်ခဲ့ သူကကျွန်တော့်အတန်းဖော် FBI က အာရပ်ကြီးဆိုတာပါပဲ။
ဦးရဲထွဋ် မှ Eleven ကဲ့သို့ အစ္စလာမ် စစ်သွေးကြွဝါဒီ အချို့က မြန်မာနိုင်ငံအပေါ် ဂျီဟဒ်စစ်ပွဲဆင်နွဲဖို့ ပြောဆိုချက်များကို ကျယ်ကျယ် ပြန့်ပြန့်ဖော်ပြခဲ့သည့် သတင်းဂျာနယ် များကို မေတ္တာရပ်ခံ
ပြည်တွင်းက ပုံနှိပ်မီဒီယာမီဒီယာအချို့နဲ့ အင်တာနက်မီဒီယာများမှာ
ပြည်ပနိုင်ငံများက အစ္စလမ် စစ်သွေးကြွ ဝါဒီ အချို့က မြန်မာနိုင်ငံအပေါ်
ဂျီဟဒ်စစ်ပွဲဆင်နွဲဖို့ ပြောဆိုချက်များကို ကျယ်ကျယ် ပြန့်ပြန့် ဖော်ပြခဲ့ တာတွေ့ရ ပါတယ်။
ချစ်သူက ကိုယ့်ကို ပိုချစ်အောင် ဘယ်လိုလုပ်မလဲ?
၁. ။Give time .. အချိန်ပေးပါ။ ကိုယ်ချစ်တဲ့သူကို ကိုယ့်ရဲ့ အချိန်တွေထဲက မျှပေးဖို့ပါပဲ ၊ အတူရှိနေ နိုင်ရင်လဲ ရှိနေပေါ့၊ ရှိမနေနိုင်ရင်လည်းဘယ်အချိန်မှာ လိုအပ်မလဲ၊ သူလိုအပ်တဲ့အချိန်မှာ ကိုယ်က အချိန်လေးပေးနိုင်ဖို့ ကြိုးစားသင့် ပါတယ်။ဒါကြောင့် အချစ်ကိုပေးဖို့ဆိုရင် အချိန်ကိုလဲပေးသင့်တယ်ဆိုတဲ့ အချက်ကိုချစ်သူတွေရဲ့ကြားမှာ အချိန်မပေး နိုင်ခြင်းဟာလဲ ပြဿနာတစ်ခုပါ။ သိထားသင့်ပါတယ်။ ကိုယ့် ချစ်သူကို ဂရုတစိုက်ရှိရမှာဖြစ်ပါတယ်။ ကိုယ်ချစ်တဲ့ သူကဂရုတစိုက် ရှိနေစေချင်တာ သဘာဝပါပဲ။
တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးစနစ် ပြင်ဆင်ရန် စီစဉ်နေ
မြန်မာနိုင်ငံပညာရေးကဏ္ဍ၏
ပြုပြင် ပြောင်းလဲမှုများတွင် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးစနစ်
ပြင်ဆင် ရန် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ သမ္မတဒေါက်တာ စိုင်းမောက်ခမ်းက
ယနေ့ပြောကြားသည်။ ပြည် တွင်း၊ ပြည်ပ ပညာရှင်များ နှင့်
လွှတ်တော်ကိုယ်စားလှယ်များ က ဝေဖန်ထောက်ပြလျက်ရှိသော တက္ကသိုလ် ၀င်ခွင့်
ရွေးချယ်ရေးစနစ်နှင့် ပတ်သက်၍ ---
အစိုးရ ဓမ္မာစရိယ နှင့် အစိုးရ ပါဋိပထမပြန် စာမေးပွဲကျင်းပ
အစိုးရ ဓမ္မာစရိယ နှင့် အစိုးရပါဋိပထမပြန် စာမေးပွဲကို မြစ်ကြီးနားစာစစ်ဌာနတွင် မေလ ၂ ရက် မွန်းတည် ၁၂ နာရီက မြစ်ကြီးနားမြို့ သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ နိုင်ငံတော် သြ၀ါဒစရိယ ဓမ္မရက္ခိတ ၀န်းသိုကျောင်း
တိုက်ကြီး ၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တ သီလ၀ံသ နှင့် စာမေးပွဲ ကြီးကြပ်ရေး
သြ၀ါဒါ စရိယ ဆရာတော်ကြီးများ ကြွရောက်ကာ စာဖြေသံဃာတော် ၆၂ ပါး နှင့် သီလရှင် ၃ ပါးတို့က ပထမနေ့ တွင် ပါရာဇိကဏ် ဘာသာရပ် ကို ကြွရောက် ဖြေဆို ကြကြောင်း သိရသည်။
"ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာနှင့် မမုံကျေးရွာတို့တွင် နေအိမ်နှင့် ဈေးဆိုင်ခန်းများအား လူအုပ်စုဖြင့် ဖျက်ဆီးမှုများအား ရဲတပ်ဖွဲ့မှ ထိန်းသိမ်းဆောင်ရွက်"
၂-၅-၂ဝ၁၃ ရက်နေ့ ၁၃ဝဝ အချိန်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာ ဘုန်းကြီးကျောင်းတွင်
ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းအား သင်တန်းသား/ သူ(၄၇၆)ဦး၊
ဆရာတော်(၄)ပါးနှင့် အရပ်သား ဆရာ/ဆရာမ(၇)ဦးဖြင့် ပို့ချနေစဉ်
အဆိုပါသင်တန်းအား နှောင့်ယှက်မည်ဟု ကောလာဟလသတင်းကြောင့်
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းဝမြို့ဟောင်းမှ ရှေးဟောင်း အဆောက်အအုံအချို့ ပြင်ဆင်ရန် ကျန်ရှိနေ
![]() |
| (ဓာတ်ပုံ - မယ်နုအုတ်ကျောင်း ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေသည်ကို ဧပြီ ၂၇ ရက်က တွေ့မြင်ရစဉ်) |
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ကလှုပ်ခတ်ခဲ့သည့် ရွှေဘိုငလျင်ဒဏ်ကြောင့်
ထိခိုက်ပျက်စီးမှုများ ရှိခဲ့ သည့် အင်းဝမြို့ဟောင်းမှ ရှေးဟောင်းအဆောက်အအုံအချို့မှာ ယခုအချိန်ထိ ပြင်ဆင်နိုင်ခြင်း မရှိသေး ကြောင်း စုံစမ်း သိရသည်။
ပြည်တွင်း၌ အကြမ်းဖက် ဖေါက်ခွဲဖျက်စီးမှုများ ပြုလုပ်ရန် သတင်းများ ရရှိထားသဖြင့် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ရန် ညွှန်ကြားထား၊ အစ္စလာမ်ဘာသာဝင် အများစု နေထိုင်သည့် မြို့များ၌ စီမံချက်ဖြင့် စုံစမ်း စစ်ဆေးလျက်ရှိ
![]() |
| (ပဋိပက္ခဖြစ်စဉ်နှင့် အကြမ်းဖက်မှုများကို နှိမ်နှင်းရန်အတွက် ရဲတပ်ဖွဲ့မှ လေ့ကျင့်နေမှုကို မတ်လအတွင်းက တွေ့ရစဉ်) |
မြန်မာနိုင်ငံ အတွင်းသို့ ပြည်ပနိုင်ငံအချို့မှ အကြမ်းဖက်သမားများ ၀င်ရောက်ပြီး ဖောက်ခွဲဖျက်စီးမှု များ
ပြုလုပ်ရန် သတင်းများ ရရှိထားသဖြင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များအား
လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ ဌာနချုပ်ရှိ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး
မင်းအောင်က ပြောကြားခဲ့သည်။
ကားနှင့်မော်တော်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိရာ နှစ်ဦးသေဆုံး
ရန်ကုန်တိုင်းဒေသကြီး၊
ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် သစ္စာလမ်းထောင့်မီးပွိုင့်
အင်းယားကန်ဘောင် အနီးတွင် မေလ ၅ ရက် နံနက် ၃ နာရီ ၀န်းကျင်က
မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိရာ
နှစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာ
ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ရှစ်မိုင်ဘက်မှ ကမ္ဘာအေးဘုရားလမ်းမအတိုင်း ဆီဒိုးနားဟိုတယ်ဘက် သို့ မောင်းနှင်လာသော ယာဉ်အမှတ် ၂င/၇၄၀၆
မော်တော်ယာဉ်နှင့် အင်းယားကန်ဘောင်ပေါ်မှ ဆင်းလာပြီး ရှစ်မိုင်ဘက်သို့
မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ သစ္စာလမ်းမီးပွိုင့် အရောက်တွင်
မျက်နှာခြင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း အနီးရှိ
မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်အရ သိရသည်။
Subscribe to:
Comments (Atom)






![ကိုယ့်ရဲ့ Facebook ကို လုံခြုံရေးကောင်းအောင် လုပ်နိုင်ပြီ
Sunday, May 5, 2013
ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတချို့ကို “Trusted Friends” ထဲ ထည့်သွင်းထားခြင်းအားဖြင့် သင့်ရဲ့ Facebook account ခိုးယူခံယူရခြင်းမှ ကာကွယ်နိုင်ပါပြီ။
Facebook account ထဲဝင်လို့ မရတော့ဘဲ ပြဿနာ တက်နေတယ်ဆိုရင် သူတို့ အကူအညီနဲ့ ပြဿနာ ပြေလည်စေပါလိမ့်မယ်။
သောကြာနေ့က မိတ်ဆက်လိုက်တဲ့ “Trusted Contacts” ဆိုတာလေးကို Facebook မှာ တွေ့ ရမှာပါ။
“Trusted Contacts” ဆိုတာ သင်ရဲ့ လျှို့ ဝှက် နံပတ် (Password) ကို သူငယ်ချင်းများအကူအညီနဲ့ ပြန်လည်ရယူနိုင်အောင် Facebook က ဖန်တီးပေးလိုက်တာပါ။
Facebook က ဒါကို အကောင်အထည်ဖော်ဖို့ စမ်းသပ်နေတာ ၂၀၁၁ ခုနှစ်ကတည်းကဖြစ်ပြီး အခုမှာတော့ အသုံးပြုဖို့  အဆင့်သင့်ဖြစ်တာကြောင့် ကြာသပတေးနေ့မှာ ထုတ်ပြန် ကြေညာလိုက်တာဖြစ်ပါတယ်။
“Trusted Contacts” ဆိုတာ ဒီလိုပါ။
၁။ သင်ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေ ၃ ယောက်ကနေ ၅ ယောက်ထိကို ရွေးချယ်ထားရပါမယ်။
၂။ သင့်ရဲ့ Facebook account ပိတ်ခံရတဲ့အခါမျိုးမှာ Facebook က သင်ရွေးချယ်ထားတဲ့ မိတ်ဆွေတွေဆီကို security codes တွေ လှမ်းပို့ ပေးမှာပါ၊
၃။ အဲဒီ security codes တွေကို မိတ်ဆွေတွေဆီက ရယူနိုင်ပါတယ်။
ဒီနည်းနဲ့ Facebook account အပိတ်ခံရခြင်း (သို့ ) ခိုးယူခံရခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
နာမည်ကြီးသူတွေရော သာမန် သူလိုကိုယ်လိုတွေပါ ဟက်ကာလက်ချက် ခံနေရချိန်မှာ ပေါ်လာတဲ့ ဒီလို လုံခြုံရေးအစီအစဉ်သစ်ကို Facebook သုံးသူတွေ နှစ်သက်ကြမှာပါ။
ကိုယ့်အကောင့် ဖောက်ထွင်းခံရတာမျိုးက အချိန်မရွေး ကြုံရနိုင်ပါတယ်။ Facebook ကိုယ်တိုင်လည်း
ကြုံခဲ့ရပါတယ်။
ဒီအကြောင်းကို Facebook လည်း အဟက်ခံလိုက်ရ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ ဘလော့ http://blog.irrawaddy.org/2013/02/facebook_18.html မှာ ဖော်ပြခဲ့ပြီးပါပြီ။
အခု ပေါ်လာတဲ့ Facebook ရဲ့ နည်းလမ်းသစ်ကို အသုံးပြုခြင်းဖြင့် လုံခြုံရေး မေးခွန်းများ ( Security Question ) နဲ့ သင်မည်သူဖြစ်သည်ကို ဖြေဆိုရတဲ့ ( Web Forms Question) တွေကို အချိန်ကုန်ခံပြီး ဖြေဆိုစရာမလိုတော့ဘူးလို့ သိရပါတယ်။
“Trusted Contacts” ကို စတင် အသုံးပြုမယ် ဆိုရင်တော့ “ Security Settings “ မှာ သင် ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေစာရင်းကို ထည့်သွင်းနိုင်ပါတယ်။
သင့်ရဲ့ မိတ်ဆွေတွေကို “Trusted Contacts” ထဲ ထည့်သွင်းလိုက်တာနဲ့ Facebook က စာလှမ်းပို့ အကြောင်းကြားပေးမှာဖြစ်ပါတယ်။
ဒါပေမယ့် သတိထားရမယ့်အချက်ကို မှာထားပါသေးတယ်။
Facebook Account ရဲ့ လုံခြုံရေးဟာ အိမ်တအိမ်ရဲ့ လုံခြုံရေးလိုပါပဲ တဲ့။
သင်တကယ်ယုံကြည်စိတ်ချနိုင်တဲ့မိတ်ဆွေများကိုသာ “Trusted Contacts” ထဲမှာ ထည့်သွင်းပါလို့ အကြံပြုသွားပါတယ်။
ဆောင်းဦးလင်း ~
Source: CNet
http://news.cnet.com/8301-1023_3-57582549-93/facebook-puts-account-security-in-the-hands-of-your-friends/
ဧရာဝတီ
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ](http://sphotos-g.ak.fbcdn.net/hphotos-ak-snc6/s480x480/183127_570658479641461_612528683_n.jpg)





