မစပ်စုတို့ ရွှေပြည်ကြီးမှာ မကြာခင် ၀ါလကင်းလွတ် သီတင်းကျွတ် အခါသမယကို
ရောက်ပါတော့မယ်။ ဒီလိုအချိန်မျိုးဆို မစပ်စုတို့ ငယ်ငယ်တုန်းကတော့
ဗြောက်အိုးဖောက်သံ၊ မီးရှူးမီးပန်းသံ စတာတွေကို ကျယ်ကျယ်လောင်လောင်
ကြားခဲ့ရတာဟာ သီတင်းကျွတ် အခါသမယကို နီးလာပြီဆိုတဲ့ နိမိတ်ပြ ပုံရိပ်တွေထဲက
တခုပေါ့လေ။ အခုတော့ အသံတွေ ကြားတော့ ကြားရပါရဲ့၊ အသံကလည်း ခင်ဆင်ဆင်တော့
တူပါရဲ့၊ ဒါပေမယ့် အဲဒီအသံက ဗုံးပေါက်ကွဲသံ ဖြစ်လို့နေတာပါပဲ။ ဟိုနေရာလည်း
ဗုံး၊ ဒီနေရာလည်း ဗုံးနဲ့ တဗုံးတည်း ဗုံးနေလိုက်တာ မြန်မာပြည် အနှံ့အပြား
တော်တော် ခရီးရောက် နေတယ်လို့ ဆိုရမှာပါပဲ။ နောက်ဆုံး facebook ထဲမှာပါ
ဗုံး ရောက်လာလိုက်တာ သူနဲ့ပတ်သက်တဲ့ ကဗျာ စာသားလေးတွေ ပြည်သူတွေရဲ့
ရင်တွင်းဖြစ် ခံစားချက် လေးတွေတောင် တွေ့နေရပြန် ပါတယ်၊ တော်တော် ပေါက်တဲ့
ဗုံးလို့ ပြောရမလိုပဲ။ တချို့ကလည်း “စင်ကာပူလို ဖြစ်အောင် လုပ်မယ်လို့
ကြွေးကြော်ထားရာက ဘယ့်နှယ် ဘဂ္ဂဒက်မြို့လို ဖြစ်အောင် လုပ်ရလေခြင်း” လို့
လှောင်ပြောင် သရော်ထားလေရဲ့။
Thursday, October 17, 2013
ကော့သောင်း ထောင်မှူးနှင့် ၀န်ထမ်းများ လူ့အခွင့်အရေး ချိုးဖောက်ဟုဆို
ကော့သောင်းထောင်အတွင်း
ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို လက်ကိုင်တုတ်နဲ့ ၀ိုင်းရိုက်ခဲ့
တာဟာလူ့အခွင့်အရေးချိုးဖောက်တာလို့မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကထုတ်ဖော်
ပြော ဆိုလိုက်ပါတယ်။
ဗုံးပေါက်ကွဲမှုများအား KNU နှင့် အစိုးရတို့ ငြိမ်းချမ်းရေး ဆောင်ရွက်မှုကို မကြေနပ်သည့် အခြား KNU တပ်ဖွဲ့ဝင် အချို့မှ ဆောင်ရွက်ခဲ့ဖွယ်ရှိကြောင်း KNU အရာရှိကြီးတစ်ဦး ပြောဆို
ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း နှင့် တောင်ငူမြို့များတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများအား KNU တပ်ဖွဲ့ဝင် အချို့မှ ဆောင်ရွက်ခဲ့ဖွယ်ရှိကြောင်း KNU အရာရှိကြီးတစ်ဦးက ပြောကြားလိုက်ပါတယ်။
1996 ကတည်းကသိမ်းဆည်းခံ ယာမြေများပြန်ပေးရန် ကြူကုတ်ဒေသခံများတောင်းဆို
သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် ပန်ဆိုင်းမြို့နယ်ခွဲဘက်တွင် ယခင်အစိုးရ လက်ထက်ကတည်းက သိမ်း ဆည်း လိုက်သော လယ်ယာမြေများကို ဒေသခံက ပြန်လည်တောင်းဆို နေကြောင်း ဒေသတွင်း သတင်း ရပ် ကွက်ကဆို ပါသည်။
ဦးသိန်းစိန် ၂၀၁၅ မှာ သမ္မတ ဆက်မလုပ်ဟု သူရဦးရွှေမန်း ပြောဆို
လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဦးသိန်းစိန်အနေဖြင့် သမ္မတရာထူးကို ဆက်လက် ထမ်းဆောင်တော့မည်မဟုတ်ဟု ပြည်ထောင်စု လွှတ်တော်နာယကသူရဦးရွှေမန်းက ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
နှင်းထူ ထပ်မှုကြောင့် ဧဝရတ် တောင်ထိပ်၌ ပိတ်မိ နေသူများအား ကယ်ဆယ်နိုင်ခဲ့
တိဗက် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ အလယ်ပိုင်းရှိ ကမ္ဘာ့ အမြင့်ဆုံး ဧဝရတ် တောင်ထိပ် အခြေစိုက် စခန်းတစ်ခု မြောက်ဘက်၌ နှင်းထူ ထပ်မှုကြောင့် ပိတ်မိ နေ ခဲ့သော နိုင်ငံခြား သား ခရီးသွား ဧည့်သည် ၁၃ ဦးအပါအဝင် တောင်တက် ခရီးသည် ၈၆ ဦးကို တရုတ် နိုင်ငံမှ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက ဘေးကင်းစွာ ကယ်ဆယ် နိုင်ခဲ့ကြောင်း သတင်း ရရှိသည်။
လာအိုမှာ လေယာဉ်ပျက်ကျ၊ ပါသွားသူ ၄၉ ဦး သေဆုံးဖွယ်ရှိ
လာအိုနိုင်ငံမှာ ဒီကနေ့ ရာသီဥတုဆိုးရွားမှုကြောင့် လေယာဉ်တစီး ပျက်ကျတဲ့အတွက် လိုက်ပါသွားသူ ၄၉ ဦးစလုံး သေဆုံးသွားဖွယ်ရှိတယ်လို့ အစိုးရက ပြောပါတယ်။
နမ့်ခမ်းဗုံးပေါက်ကွဲမှု တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၌ အောက်တိုဘာ(၁၆)ရက်နေ့ည
ဆယ်နာရီခွဲခန့်တွင် ဗုံးကွဲမှုဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးကာ
တစ်ဦးဒဏ်ရာရခဲ့ကြောင်း နမ့်ခမ်းမြို့ရဲစခန်းမှ သိရသည်။
“နမ့်ခမ်းမြို့လယ်က ဘုရားကျောင်းရှေ့မှာကွဲတာပါ။ သေးဆုံးတဲ့လူနဲ့
ဒဏ်ရရတဲ့လူကဘယ်ကလဲဆိုတာ စုံစမ်းတုန်းပဲရှိပါသေးတယ်” ဟု နမ့်ခမ်းရဲစခန်းမှ
တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ပြောသည်။
ကုန်သည်ကြီးများဟိုတယ် ဗုံးဖောက်ခွဲခံရမှု KNU လုပ်ဆောင်ခြင်း မရှိဟုဆို
ရန်ကုန်မြို့တော်ရှိ ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်ကွဲမှုသည် ကရင်အမျိုးသား အစည်းအရုံး KNU က လုပ်ဆောင်ခြင်း ဖြစ်သည် ဟု နိုင်ငံတကာ သတင်းဌာနများ၏ အင်တာနက် စာမျက်နှာများ တွင် ဖော်ပြထားချက်များမှာ မှားယွင်းပြီး KNU က ယင်းသို့ လုပ်ဆောင်ခြင်း မရှိကြောင်း အဆိုပါ အစည်းအရုံး၏ ကာကွယ်ရေးဌာန တာဝန်ခံ ဖဒိုစောရောဂျာခင်က ပြောကြားသည်။
သျှမ်း/မြောက် နမ့်ခမ်းမြို့တွင် ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲ တစ်ဦးသေ နှစ်ဦးဒဏ်ရာရ by သျှမ်းသံတော်ဆင့် (ဟွမ်ဟွမ်)
“မနေ့ ည ၁၀း၅၀ လောက်မှာ တစ်လုံးပေါက်တယ်၊ ဒီမနက် ၇း၀၀ နာရီ နဲ့ ၇း၃၀ မှာ တစ်ကြိမ်စီပေါက်ကွဲ တယ်၊ ဒီမနက် ပထမတလုံး ပေါက်တဲ့ဗုံးက အမှိုက်ရှင်းတဲ့ စည်ပင်ဝန်ထမ်းတစ်ဦး ၀မ်းဗိုက်ပေါက်ကွဲပြီး ပွဲချင်းပြီးသေဆုံးတယ်၊ ဒုတိယပေါက်တဲ့ဗုံး ကတော့ အသက် ၁၅ နှစ်အရွယ် ကလေး တစ်ဦးရယ် ပေါက်တဲန့်မ ရပ်ကွက်က တရုတ် အဖိုးကြီးတစ်ဦးရယ် ထိခိုက်ဒဏ်ရာရသွားတယ် ” ဟု အခင်းဖြစ်ပွားမှု တွင် မြင်တွေ့ရသူ စိုင်းအိုက်လှ ကပြောသည်။
မန္တလေးဈေးချို ဗုံးလန့်မှု နှစ်နာရီခန့် အရောင်းအဝယ်ရပ်
မန္တလေးရွှေဘဲ စားသောက်ဆိုင်အတွင်း လက်ပစ်ဗုံး တွေ့ရှိခဲ့ပြီး
နှစ်ရက်ခန့် အကြာ အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်း၌
မန္တလေးအဆင့်မြင့် ဈေးချိုတော်တွင် ဗုံးလန့်မှု ဖြစ်ပွားခဲ့ကာ နှစ်နာရီခန့်
အရောင်း အဝယ် ရပ်သွားကြောင်း အဆိုပါမြို့နယ် တာဝန်ရှိသူများနှင့်
ဈေးသူဈေးသားများထံမှ သိရှိရသည်။
ပင်စိမ်းရွက်နဲ့ပျောက်စေမဲ့ရောဂါမျိုး (၄၀)
(၁) နားကိုက်=ပင်စိမ်းရွက်ကို မီးအုံးပြီး နားထဲသို့ အရည် နှစ်စက်လောက်ကျအောင် ညှစ်ထည့်ပေးပါ။
(၂) သွားကိုက်=ပင်စိမ်းသတ္ထုရည်နှင့် ငရုတ်ကောင်း၊ ပရုတ်တို့ကို ကြိတ်ပြီး အလုံးကလေးများလုံး၍ သွားပိုးစားသည့် သွားအခေါင်းထဲသို့ ထည့်ပေးပါ။ ပျောက်ကင်းသွားပါမည်။
(၂) သွားကိုက်=ပင်စိမ်းသတ္ထုရည်နှင့် ငရုတ်ကောင်း၊ ပရုတ်တို့ကို ကြိတ်ပြီး အလုံးကလေးများလုံး၍ သွားပိုးစားသည့် သွားအခေါင်းထဲသို့ ထည့်ပေးပါ။ ပျောက်ကင်းသွားပါမည်။
လုံးလုံးရဲ့ နင်သိတဲ့တစ်နေ့ မှ ရင်တွင်းစကား
တေးသံရှင်လုံးလုံးရဲ့“နင်သိတဲ့တစ်နေ့” Audio CD မိတ်ဆက်ပွဲအခမ်းအနားကို
၂၀-၉-၂၀၁၃ တွင် ရန်ကုန်မြို့ Central Hotel မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
၂၇-၉-၂၀၁၃ မှာတော့ Junction Square မှာ Promotion အစီအစဉ်ကို
အနုပညာရှင်များစွာနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးခဲ့ပြီး
အနုပညာရှင် များစွာနှင့်တကွ တေးသံရှင် လုံးလုံးတို့မှ ပရိသတ်ကြီးအား
လက်မှတ်ရေး ထိုး ပေးခဲ့ကြ ပါတယ်။ “နင်သိတဲ့တစ်နေ့” တေးစီးရီးနဲ့ပတ်သက်ပြီး
မေးမြန်းဖြစ်ခဲ့တာတွေက...
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်သမ္မတတို့ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Fan Changlong တို့ တွေ့ဆုံဆွေးနွေးစဉ်
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင်ပင်းတို့သည် အောက်တိုဘာ ၁၆ ရက် က ပေကျင်းမြို့တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုတွင် တရုတ်တပ်မတော် ဗဟိုစစ်ကော်မရှင်၏ ဥက္ကဋ္ဌလည်းဖြစ်သော သမ္မတ ရှီကျင်ပင်းက နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး တရုတ်နှင့် မြန်မာနိုင်ငံတို့သည် အိမ်နီးချင်းကောင်းများ၊ မိတ်ဆွေကောင်းများနှင့် စီးပွားဖက်ကောင်းများ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
ပြည်သူတွေ ဘာကြောင့် အာဆီယံ ဥက္ကဋ္ဌ ရာထူး စိတ်မ၀င် စားတာလဲ
ရေးသားသူ- အေးသူစံ
တစ်ချိန်က အပယ်ခံတိုင်းပြည်က အခုတော့ ဒေသဆိုင်ရာ ခေါင်းဆောင်ဖြစ်လာပြီဟု
အာဆီယံဥက္ကဋ္ဌ တာဝန်ကို မြန်မာက ဘရူနိုင်းနိုင်ငံတွင် အောက်တိုဘာ ၁၁ ရက်တွင်
လွှဲပြောင်းရာယူပြီးနောက် နိုင်ငံ တကာ မီဒီယာက သတင်းဖော်ပြကြသည်။
ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ သဘောထားထုတ်ပြန်
အောက်တိုဘာ ၉ ရက်မှ စတင်ပြီး မြန်မာနိုင်ငံ အနှံ့အပြားတွင်
ဗုံးတွေ့ရှိမှုများ၊ ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ခြင်းအပေါ်
နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က သဘောထား ထုတ်ပြန်ကြေညာခဲ့ကြောင်း
သတင်းရရှိသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့်သစ်သီးများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် GMP လက်မှတ်ပြသနိုင်ခြင်း မရှိသဖြင့် ဈေးနှိမ်ဝယ်ယူခြင်း ခံနေရပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကိုသာ အားထားနေရ
မြန်မာနိုင်ငံမှ သစ်သီးများအား ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် GMP (Good Manufacturing Process) လက်မှတ်ပြသနိုင်ခြင်း မရှိသဖြင့် ဈေးနှိမ်ဝယ်ယူခြင်း ခံနေရပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကိုသာ အားထားနေရကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။
ပီကေ (Bubble gum) ၀ါးခြင်းဖြင့် ရင်သား အရွယ်အစား ကြီးထွား စေသလား
ထိုင်းနိုင်ငံတွင် ပေါက်ရောက် သောဆေးဖက်ဝင်အပင် Pueraria mirifica(Kwao
Krua) ပါဝင်သည့် ပီကေသည် အမျိုးသမီးများ၏ ရင် သားကို
ကြီးထွားကျစ်လစ်စေသည် ဟု B2 up ပီကေထုတ်လုပ်သည့် ကုမ္ပဏီက ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်ရှိပြီး ကုန်သွယ်မှုလိုငွေ သန်း ၄၆၀ နီးပါးရှိနေ
၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်ရှိပြီး ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ သန်း ၄၆၀ နီးပါးရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ကိန်းဂဏန်းအရ သိရသည်။
ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားသော နိုင်ငံခြား ခရီးသွားအချို့ ခရီးစဉ်ဖျက်သိမ်း
အောက်တိုဘာ ၁၆ ရက်က မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့်
နိုင်ငံခြားသားအချို့အား ရန်ကုန်လေဆိပ် ပြည်ပထွက်ခွာဆောင်တွင် တွေ့ရစဉ်
(ဓာတ်ပုံ - အောင်မျိုးသန့်)
ယခုရက်ပိုင်းများအတွင်း ရန်ကုန်နှင့် မန္တလေးမြို့ အပါအ၀င်
နယ်မြို့အချို့တွင် ဆက်တိုက်ဖြစ်ပေါ်ခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ဗုံးလန့်မှု
ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားသော နိုင်ငံခြား
ခရီးသွားအချို့ ခရီးစဉ်များကို ဖျက်သိမ်းခြင်း၊ ရက်ရွှေ့ဆိုင်းခြင်းများ
ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြား ခရီးသွားဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်နေသော
ကုမ္ပဏီများထံမှ သိရသည်။
သစ်တောဥပဒေပါ အရေးယူခြင်းနှင့် သက်ဆိုင်သည့် ဒဏ်ကြေးငွေများ တိုးမြှင့်ရေးအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ပြင်ဆင်ဆောင်ရွက်နေ
သစ်တောဥပဒေတွင် တားမြစ် သစ်ပင်များကို ကာကွယ်သည့် ပုဒ်မ ၄၂ အား ပိုမို
ထိရောက်စေရန်အတွက် ဒဏ်ကြေးငွေများ တိုးမြှင့်ရေး ဆောင်ရွက်လျှက်ရှိကြောင်း
အောက်တိုဘာ ၁၅ ရက်က ပြုလုပ်သော အမျိုးသား လွှတ်တော်တွင် ပတ်ဝန်းကျင်
ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က
ပြောကြားသည်။
ပွဲလမ်းသဘင်၊ ရှိုးပွဲများ ပြုလုပ်ခွင့်ကို လုံခြုံရေး အခြေအနေအပေါ် မူတည်၍ ခွင့်ပြုမည်
Ruby Mart Shopping Centre တွင် လုံခြုံရေး စစ်ဆေးနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ - အောင်ရဲကို )
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယခုနှစ် ပွင့်လင်းရာသီတွင် ပွဲလမ်းသဘင်များ
ကျင်းပမှု၊ ရှိုးပွဲများ၊ အခမ်းအနားများနှင့် ဆက်စပ်ပွဲများ ပြုလုပ်ခွင့်ကို
လုံခြုံရေး အခြေအနေပေါ် မူတည်၍ ခွင့်ပြု ပေးသွားမည် ဖြစ်ကြောင်း
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး
ဗိုလ်မှူးကြီး တင်ဝင်းက အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
မဟာဘွဲ့နှင့် ပါရဂူ ဘွဲ့ရသူများလည်း လျှောက်ထားနိုင်သည့် ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းများ ခေါ်ယူ
မဟာဘွဲ့နှင့် ပါရဂူဘွဲ့ရသူများလည်း လျှောက်ထားနိုင်သည့် ဘွဲ့ရ
အမျိုးသမီးဗိုလ်လောင်းများအား အစိုးရက အောက်တိုဘာ ၁၆ ရက်ထုတ် အစိုးရပိုင်
သတင်းစာများမှ တစ်ဆင့် ခေါ်ယူခဲ့သည်။
အဆိုပါ ခေါ်ယူမှုကို စစ်ရာထူးခန့်ချုပ်ရုံး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး
(ကြည်း)မှ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံသား
အိမ်ထောင်မရှိဖူးသူ (အပျို) ဖြစ်ရမည် ဖြစ်ကြောင်းနှင့် အနည်းဆုံး အရပ် ၅ ပေ
၃ လက်မနှင့် ကိုယ်အလေးချိန် ပေါင် ၁၀၀ နှင့် ၁၃၀ ကြားတွင် ရှိရမည်ဖြစ်ကာ
မျက်မှန် တပ်ဆင်ထားသူများ မဖြစ်စေရဟု ခေါ်ယူမှုတွင် ဖော်ပြထားသည်။
ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ဖမ်းဆီးရမိသူများက ငွေကြေးပေး ခိုင်းစေသောကြောင့် လုပ်ဆောင်ရခြင်းဖြစ်ဟု ၀န်ခံထားကြောင်း ကနဦး စစ်ဆေးချက်အရ သိရ
ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်၌ ဗုံးပေါက်ကွဲမှုနှင့် WESTERN PARK
RUBY စားသောက်ဆိုင်တွင် ချိန်ကိုက်ဗုံးဖြင့် ကျူးလွန်ခဲ့သူများကို
ဖမ်းဆီးရမိပြီး ငွေကြေးပေးကာ ခိုင်းစေခြင်းဖြစ်သည်ဟု ကနဦး စစ်ဆေးချက်အရ
သိရကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူများ၏ အောက်တိုဘာ ၁၆
ရက် နံနက်ပိုင်းတွင် ပြောကြားချက်အရ သိရသည်။
ရန်ကုန်မြို့၌ ဗုံးဖောက်ခွဲမှုတွင် ဖမ်းဆီးခံထားရသူ စောမြင့်လွင်က ၎င်းသည် KNU နှင့် ဆက်စပ်ကြောင်း ထွက်ဆိုထား
ဖမ်းဆီးထားသူ စောမြင့်လွင်ကို တွေ့ရစဉ်
ပြည်တွင်း၌ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့်
မပေါက်ကွဲသေးသော ဗုံးတွေ့ရှိ ခဲ့သည့် ဖြစ်စဉ်များ၌ ကျူးလွန်သူမှာ KNU
တပ်ဖွဲ့မှ ဖြစ်ကြောင်း ခိုင်လုံသော အထောက်အထားများ ရရှိနေပြီး
ကျူးလွန်ခဲ့သူ တစ်ဦးနှင့် ပတ်သက်သူတစ်ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း
မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ဌာနချုပ်မှ ဒုတိယရဲမှူးကြီး မင်းအောင်က အောက်တိုဘာ
၁၆ ရက် ည ၉ နာရီ အချိန် တွင် ပြော ကြားသည်။
Subscribe to:
Posts (Atom)