Monday, March 18, 2013

ရွှေပြည့်စုံဈေးမှ ကျပ် ၅ဝဝဝ တန်ငွေဖြည့်ကတ်ဝယ်ယူသူများအား ဟန်းဆက် ကံစမ်းမဲပေးမည့်အစီအစဉ် ယခုလအတွင်း စတင်မည်


ရွှေပြည့်စုံဈေးမှ ကျပ် ၅ဝဝဝ တန်ငွေဖြည့်ကတ်ဝယ်ယူသူများအား
ဟန်းဆက် ကံစမ်းမဲပေးမည့်အစီအစဉ် ယခုလအတွင်း စတင်မည်

ရန်ကုန်-မတ် ၁၈
ရွှေပြည့်စုံဈေးမှ ကျပ် ငါးထောင်တန်ငွေဖြည့်ကတ် ဝယ်ယူခြင်း ဖြင့်
ဟန်းဆက်ကံစမ်းခွင့် ရရှိမည့် အစီအစဉ်အား မတ်လ ၂ဝ ရက်မှ စတင်တော့မည်ဖြစ်ကြောင်း
ရွှေပြည့်စုံဈေး သာယာရေး ကော်မတီက ပြောသည်။
''တန်ဖိုးနည်းဆင်းကတ်တွေ စပြီးထွက်တဲ့နေ့အထိ မစောင့်တော့ ပါဘူး။
ကြားထဲမှာ ပိတ်ရက်တွေ အများကြီး ခံသွားမှာမို့လို့ပါ''ဟု ဈေးသာယာရေးအဖွဲ့မှ ဒေါက်တာ ညီညီအောင်က ပြောသည်။
ငွေဖြည့်ကတ်ဝယ်ယူရုံဖြင့် ဟန်းဆက်ရရှိနိုင်မည့် ကံစမ်းမဲ အစီအစဉ်အား
ရွှေပြည့်စုံဈေးရှိ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်များ၏ လက်လီလက် ကား
ဈေးကွက်ပိုမိုမြှင့်တင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်ပြော သည်။
၎င်းကံစမ်းမဲအစီအစဉ်မှာ ရွှေ ပြည့်စုံဈေးဒုတိယထပ်နှင့် တတိယ ထပ်ရှိ မိုဘိုင်းဖုန်းဆိုင်များ၌
ကျပ် ၅ဝဝဝ တန် ငွေဖြည့်ကတ်တစ်ကတ် ဝယ်ယူရုံဖြင့် ကံစမ်းမဲ ကူပွန်တစ် စောင် ရရှိမည် ဖြစ်သည်။
ကံစမ်း သူတစ်ဦးလျှင် ကူပွန်များစွာ ကံ စမ်းနိုင်မည်ဖြစ်သော်လည်း လူတစ် ဦးလျှင် ပေါက်မဲတစ်ခုသ
ာ ခံစားခွင့် ပေးသွားမည်ဟု ဈေးသာယာရေး ကော်မတီက ဆိုသည်။
လက်ကားဝယ်ယူသူများအား ကံစမ်းမဲအစီအစဉ်အတွင်း ပါဝင်ခွင့် ပြုမထားဘဲ
လက်လီဝယ်ယူမည့် သုံးစွဲမည့်သူများအတွက်သာ ပြု လုပ်ပေးခြင်းဖြစ်သည်။
''လက်ကားဝယ်ပြီး ကူပွန် ထည့်တာမျိုးတွေမဖြစ်အောင် ငွေ ဖြည့်ကတ်ကို ခြစ်ပြီးတာနဲ့
ကတ် အခွံနဲ့ကူပွန်ကို တစ်ခါတည်းပေး လိုက်မှာပါ''ဟု ဒေါက်တာ ညီညီ အောင်က ဆိုသည်။
ကံစမ်းမဲကာလအား မတ် ၂ဝ ရက်မှစ၍ ဧပြီ ၉ ရက်နေ့အထိ သတ်မှတ်ထားပြီး
ဧပြီ ၂၅ ရက်နေ့ တွင် ကံစမ်းမဲဖွင့်ပွဲပြုလုပ်မည် ဖြစ် သည်။
ကံစမ်းမဲကာလအတွင်း ရွှေ ပြည့်စုံဈေးဒုတိယထပ်နှင့် တတိယ ထပ်ရှိမိုဘိုင်းဖုန်းဆိုင်တိုင်းတွင်
ငွေ ဖြည့်ကတ်ဝယ်ယူခြင်းဖြင့် ကံစမ်း နိုင်မည်ဖြစ်သည်။
အဆိုပါ ဈေး အတွင်း မိုဘိုင်းဖုန်းဆိုင်ခန်းပေါင်း ၁၁ဝ ခန့်ရှိကြောင်း သိရသည်။သုတလင်း

Popular Myanmar News Journal
ရန်ကုန်-မတ် ၁၈
ရွှေပြည့်စုံဈေးမှ ကျပ် ငါးထောင်တန်ငွေဖြည့်ကတ် ဝယ်ယူခြင်း ဖြင့် ဟန်းဆက်ကံစမ်းခွင့် ရရှိမည့် အစီအစဉ်အား မတ်လ ၂ဝ ရက်မှ စတင်တော့မည်ဖြစ်ကြောင်းရွှေပြည့်စုံဈေး သာယာရေး ကော်မတီ က ပြောသည်။
''တန်ဖိုးနည်းဆင်းကတ်တွေ စပြီးထွက်တဲ့နေ့အထိ မစောင့်တော့ ပါဘူး။
ကြားထဲမှာ ပိတ်ရက်တွေ အများကြီး ခံသွားမှာမို့လို့ပါ''ဟု ဈေးသာယာရေးအဖွဲ့မှ ဒေါက်တာ ညီညီအောင်က ပြောသည်။

မြန်မာသမ္မတ လာရောက်လည်ပတ်ခြင်းအပြီး သြစတြေးလျက ကာကွယ်ရေး ထိန်းချုပ်မှု ဖြေလျှော့

Photo: မြန်မာသမ္မတ လာရောက်လည်ပတ်ခြင်းအပြီး
သြစတြေးလျက ကာကွယ်ရေး ထိန်းချုပ်မှု ဖြေလျှော့
Monday, March 18, 2013

သြစတြေးလျသည် ၁၉၇၄ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် မြန်မာနိုင်ငံ၏ ထိပ်သီးအကြီးအကဲ တစ်ဦးဖြစ်သည့်
သမ္မတ ဦးသိန်းစိန် လာရောက်သောကြောင့် မြန်မာနိုင်ငံနှင့် ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တင်းကျပ်ထားမှုကို
ဖြေလျှော့ရန်နှင့် အကူအညီတိုးမြှင့်ရန် ယနေ့ သတင်းထုတ်
ပြန်သည်။

စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခံ ဖြစ်ခဲ့သည့် မြန်မာနိုင်ငံအနေနှင့် သမ္မတဦးသိန်းစိန် ခေါင်းဆောင်းပြီး အရပ်သားအစိုးအရအဖြစ်
ပြောင်းလဲလာ သည်မှာ နှစ်နှစ်ပြည့်လုနီးပြီဖြစ်သည်ကို အသိ အမှတ်ပြုသည့်အနေနှင့် အကူအညီကို သြစတြေးလျနိုင်ငံက တိုးမြှင့်ခြင်းဖြစ်ကြောင်း ဆိုသည်။

“နိုင်ငံနီးချင်းဖြစ်ပြီး ဒေသတွင်းနိုင်ငံအဖြစ်တိုးတက်လာနေတဲ့
အတွက် ပွင့်လင်းပြီးကြွယ်ဝတဲ့မြန်မာနိုင်ငံသည် သြစတြေးလျ
နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေလိမ့်မယ်” ဟု မြန်မာနိုင်ငံနှင့်
ပတ်သက်ပြီး သြစတြေးလျဒုဝန်ကြီး ဂျူလီယာဂစ်လားဒ်က
ဆိုသည်။

“သြစတြေးလျနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ကြား တိုးတက်ရေး သဘောတူညီချက်တွေမှာ ပြုပြင်ပြောင်းလဲနေဆဲ ဖြစ်တဲ့
နိုင်ငံရေးလွတ်လပ်ခွင့်တွေ၊ နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ ပိုင်ဆိုင်
မှုတွေကို ပိုမိုတိုးတက်စေမယ့် အခွင့်အလမ်းသစ်တွေကို
တိုးတက်စေဖို့ ရည်ရွယ်ထားတယ်”ဟု ၎င်းက ဆိုသည်။

The Myanma Age သြစတြေးလျသည် ၁၉၇၄ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် မြန်မာနိုင်ငံ၏ ထိပ်သီးအကြီးအကဲ တစ်ဦးဖြစ်သည့် သမ္မတ ဦးသိန်းစိန် လာရောက်သောကြောင့် မြန်မာနိုင်ငံနှင့် ကာကွယ်ရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တင်းကျပ်ထားမှုကိုဖြေလျှော့ရန်နှင့် အကူ အညီတိုးမြှင့်ရန် ယနေ့ သတင်းထုတ်ပြန်သည်။

ညောင်ဦးဈေးတစ်ဝိုက် ယာဉ်သွား၊ယာဉ်လာများ၊ ရှုပ်ထွေးနေသောကြောင့် မြို့ရှောင်လမ်းအား အမြန်ဆုံးအကောင်အထည်ဖော်စေလို

Photo: ညောင်ဦးဈေးတစ်ဝိုက် ယာဉ်သွား၊ယာဉ်လာများ၊ ရှုပ်ထွေးနေသောကြောင့်
မြို့ရှောင်လမ်းအား အမြန်ဆုံးအကောင်အထည်ဖော်စေလို
Monday, March 18, 2013

ညောင်ဦးမြို့ မဏိစည်သူဈေး တစ်ဝိုက်တွင် ယာဉ်သွားယာဉ်လာများ၊ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ၊ ဈေးသွားဈေးလာများဖြင့်
နေ့စဉ်ပြည့်ကျပ် ရှုပ်ထွေးနေသော ကြောင့်မြို့ရှောင်လမ်းကို အမြန်ဆုံး အကောင်အထည် ဖော်ပေးစေချင် ကြောင်းဒေသခံများထံမှ သိရှိရပါသည်။

““နေ့စဉ် နံနက်တိုင်း tour ကားတွေက အကြီးအငယ် အ၀င် အထွက် တန်းစီပြည့်ကျပ်နေတယ်။မြင်းလှည်း၊ ဆိုက္ကား၊ တွန်းလှည်းတွေနဲ့၊
မြင်းခြံပခုက္ကူတွေဘက် သွားတဲ့ စီမံကိန်းကားရှည်ကြီး တွေကလည်း
နေ့စဉ်ရှိတယ်နိုင်ငံ ခြားသားတွေနဲ့တစ်နေ့နေ့ ပြဿနာဖြစ်လာနိုင်တယ်””ဟုဈေးအနီး နေထိုင်သော ဒေသခံတစ်ဦးကပြောသည်။

““မြို့ရှောင်လမ်းကို အမြန်ဆုံး အကောင်အထည်ဖော်စေချင်ပါပြီ။ လုပ်တော့မယ် လုပ်တော့မယ်နဲ့ ကြာလှပြီ။ ခုထိဘာမှလည်း ဟုတ် တိပတ်တိ အကောင်အထည်ပေါ် မလာသေးဘူး”” ဟုမြို့ခံတစ်ဦးက
ပြောသည်။

မဏိစည်သူ ဈေးမှာလည်း လက်ရှိအခြေအနေအရ ကျဉ်းကျပ် လာပြီဖြစ်ကြောင်း၊ မဏိစည်သူဈေး နှင့် ဘုန်းစင်ဝိုင်းအတွင်းရှိ
ဈေးများသည် နိုင်ငံခြားသားကမ္ဘာလှည့် ခရီးသွားများ အဓိကထား လာ ရောက် လေ့လာသောနေရာ တစ် ခုဖြစ်ကြောင်းသိရသည်။ 

မြို့ရှောင်လမ်းအား အကောင်အထည်ဖော် လိုက်ပါက ပြည်တွင်းပြည်ပ ခရီးသွား များ၊ ဒေသခံများ ယာဉ်အန္တရာယ် ကင်းဝေးသွားနိုင်သည့် အပြင်၊ မြို့တွင်းလမ်းနှင့် ချောင်းများ ပျက် စီးမှု နည်းပါးသွားမည်ဖြစ်ကြောင်း
ဒေသခံများက သုံးသပ်ပြောဆို သည်။

ပုဂံသစ္စာ
Popular Myanmar News Journal
ညောင်ဦးမြို့ မဏိစည်သူဈေး တစ်ဝိုက်တွင် ယာဉ်သွားယာဉ်လာများ၊ ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ၊ ဈေးသွားဈေးလာများဖြင့် နေ့စဉ်ပြည့်ကျပ် ရှုပ်ထွေး   နေ သော ကြောင့်မြို့ရှောင်လမ်းကို အမြန်ဆုံး အကောင်အထည် ဖော်ပေးစေ ချင် ကြောင်းဒေသခံ များထံမှ သိရှိရပါသည်။

ကမ္ဘာအေး ဘုရားလမ်း လမ်းနီ မှတ်တိုင်အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွား အမျိုးသမီးတစ်ဦး ပွဲခြင်းပြီးသေဆုံး

 
မတ်လ ၁၇ ရက်နေ့ ည ၈နာရီခွဲခန့်က ကမ္ဘာအေး ဘုရားလမ်း လမ်းနီ မှတ်တိုင်အနီးတွင် လမ်းဖြတ်ကူးသည့် အမျိုးသမီးတစ်ဦးကို အဌား ယာဉ် တစ်စီးမှ ၀င်ရောက်တိုက်မိမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

မန်း မဟာမုနိဘုရားကြီးဝန်းအတွင်း ၀ိုင်းဝန်းရိုက်နှက်မှုဖြစ်ပွား

ကလေးချီထားသောအမျိုးသမီးတစ်ဦးအား မန်းမဟာမုနိဘုရားကြီးဝန်းအတွင်း အမျိုးသမီး ၆ယာက် ၇ယောက်ခန့်က မတ်၁၅ ရက်တွင် ၀ိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

နိုင်ငံ အတွက် အရေးကြီးသည့် ကုန်ပစ္စည်း များမှ အပ ကျန်ကုန် ပစ္စည်း များကို ပို့ကုန် သွင်းကုန် လိုင်စင် လျှောက်ထားရန် မလို

Photo: နိုင်ငံ အတွက် အရေးကြီးသည့် ကုန်ပစ္စည်း များမှ အပ ကျန်ကုန် ပစ္စည်း များကို ပို့ကုန် သွင်းကုန် လိုင်စင် လျှောက်ထားရန် မလို
Monday, March 18, 2013 

နိုင်ငံတော် အတွက် အရေးကြီးသည့် ကုန်ပစ္စည်း များမှအပ ကျန်ကုန်ပစ္စည်း များကို ပို့ကုန် သွင်းကုန် လိုင်စင် လျှောက်ထားရန် မလို၊ လိုင်စင်ခွင့်ပြု ထုတ်ပေးခြင်းကို နေပြည်တော်၊ ရန်ကုန်နှင့် နယ်စပ် ကုန်သွယ်ရေး စခန်းများတွင် လက်ခံစိစစ် ထုတ်ပေးမည်

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်သည် ကုန်သည် လုပ်ငန်းရှင် များနှင့် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မြန်မာ့လယ်ယာ ထွက်ကုန် ပစ္စည်း ရောင်းဝယ်ရေး မန္တလေးတိုင်း ဒေသကြီး မန်နေဂျာရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံပြီး ကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ရာတွင် ဈေးကွက် ဝယ်လိုအား ကောင်းသော သီးနှံ များအား ရာသီချိန်ကိုက် စိုက်ပျိုးနိုင်ရေး၊ တန်ဖိုးမြှင့် ထုတ်ကုန်များ ပိုမို တင်ပို့ နိုင်ရေး၊ နိုင်ငံခြား ဈေးကွက် ပုံမှန် ရရှိရေး၊ လက်ကား ကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုး တက် ရေးနှင့် ကဏ္ဍအလိုက် အသင်း အဖွဲ့များကို မြို့နယ်အဆင့် များအထိ တိုးချဲ့ ဖွဲ့စည်းပြီး မြို့နယ် တိုင်းတွင် ကုန်စည်ဒိုင်များ ပေါ်ပေါက်လာပြီး ဖွံ့ဖြိုး တိုးတက်မှု ရှိရန်လည်း လိုအပ်မည် ဖြစ်ကြောင်း၊ ဧပြီ ၁ ရက်မှ စတင်ပြဋ္ဌာန်းမည့် နိုင်ငံတကာ သဘော တူညီချက် များနှင့် ပြည်တွင်း ဥပဒေများ အရ ကန့်သတ် ကုန်ပစ္စည်း၊ တားမြစ် ကုန်ပစ္စည်း၊ နိုင်ငံတော် အတွက် အရေးကြီးသည့် ကုန်ပစ္စည်းများ မှအပ ကျန်ကုန် ပစ္စည်းများကို ပို့ကုန်သွင်းကုန် လိုင်စင်လျှောက် ထားရန် မလိုဘဲ တင်ပို့ တင်သွင်းခွင့်ပြု သွားရန် သက်ဆိုင်ရာ ဌာနအဖွဲ့ အစည်းများနှင့် ညှိနှိုင်း၍ အဆင့်ဆင့်
ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ လိုင်စင်ခွင့်ပြု ထုတ်ပေးခြင်း ကိုလည်း နေပြည်တော်၊ ရန်ကုန်နှင့် နယ်စပ် ကုန်သွယ်ရေး စခန်းများတွင်ပါ လိုင်စင်များ လက်ခံစိစစ် ထုတ်ပေးမည် ဖြစ်ပါသဖြင့် နေပြည်တော်သို့ လာရောက် လိုင်စင် လျှောက်ထားရသည့် ကုန်ကျစရိတ်၊ သီးသန့် လိုင်စင် လျှောက်ထားရန် ဝန်ထမ်း ခန့်အပ်ထားသည့် စရိတ်များ
လျော့နည်းသက်သာ သွားမည် ဖြစ်ကြောင်း၊ မန္တလေး တိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှ တာဝန် ရှိသူများ၊ ကုန်စည်ဒိုင်မှ တာဝန်ရှိ သူများ၊ လုပ်ငန်းရှင်များ အနေဖြင့် တောင်သူအကျိုး၊ ကုန်သည် ပွဲစားများ အကျိုး၊ ပြည်ပ တင်ပို့သူများ အကျိုးနှင့် နိုင်ငံတော် အကျိုးကို မျှတအောင် စဉ်းစားသုံးသပ် ကြပြီး နိုင်ငံတကာ အဆင့်မီ ကုန်စည်ဒိုင် များ ဖြစ်ပေါ်လာရေး အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် သွားကြရန် လိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံနှင့် တာဝန်ရှိသူများက ကုန်သွယ်မှုလုပ်ငန်း ဆိုင်ရာများကို ရှင်းလင်း တင်ပြခဲ့ကြ ကြောင်း သတင်းရရှိသည်။

မြ၀တီ နိုင်ငံတော်အတွက် အရေးကြီးသည့်ကုန်ပစ္စည်း များမှအပ ကျန်ကုန် ပစ္စည်းများကို ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားရန် မလို၊ လိုင်စင် ခွင့်ပြု ထုတ်ပေးခြင်းကို နေပြည်တော်၊ ရန်ကုန်နှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများတွင် လက်ခံစိစစ် ထုတ်ပေးမည်

၈၈ မျိုးဆက်ကို ကိုယ်စားပြုပြီး နိုင်ငံရေးပါတီတခု ဒီနှစ်ထဲ ထွက်ပေါ် လာဖို့ ရှိတယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးက ပထမဆုံးအကြိမ် ထုတ်ဖော် ပြောဆို




Photo: ၈၈ မျိုးဆက်ကို ကိုယ်စားပြုပြီး နိုင်ငံရေးပါတီတခု ဒီနှစ်ထဲ ထွက်ပေါ်
လာဖို့ ရှိတယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးက ပထမဆုံးအကြိမ် ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ပြည်ပရောက် မြန်မာတွေ မျက်မှောက် မြန်မာ့ နိုင်ငံရေး အပြောင်းအလဲထဲ ပါဝင်ဖို့နဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေအတွက် အရေးပါတဲ့ နိုင်ငံ တနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးဌာနက မူဝါဒရေးရာ အကြံပေးတွေနဲ့ တွေ့ဖို့ အမေရိကန် ပြည်ထောင်စုမှာ ရောက်နေတဲ့ ကိုဌေးကြွယ်က ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောလိုက်တာလည်း ဖြစ်ပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင် တဦးလည်းဖြစ်တဲ့ ကိုဌေးကြွယ်က အမေရိကန်ပြည်ထောင်စု၊ မြို့တော် ၀ါရှင်တန်မှာ ရောက်နေတဲ့ မြန်မာတွေနဲ့ မျက်မှောက်နိုင်ငံရေးတွေကို
ဆွေးနွေးတဲ့အခါ လက်ပံတောင်းတောင်အရေး ကိုလည်း ထည့်သွင်း
ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - မစ္စတာကင်တာနား နှင့် ကိုဌေးကြွယ် (88 Generation Students)
BBC

၈၈ မျိုးဆက်ကို ကိုယ်စားပြုပြီး နိုင်ငံရေးပါတီတခု ဒီနှစ်ထဲ ထွက်ပေါ် လာဖို့ ရှိတယ်လို့ ၈၈ မျိုးဆက် ကျောင်း သား ခေါင်းဆောင်တဦးက ပထမဆုံးအကြိမ် ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ညောင်ဦးမှ ရန်ကုန်သို့ ပျံသန်းထွက်ခွာမည်ပြုစဉ် ရန်ကုန်အဲဝေးလေယာဉ် ခရီးသည်များပြန်ချကာ စက်ပိုင်းဆိုင်ရာစစ်ဆေးမှုပြုလုပ်ခဲ့ရ

ကေအိုင်အိုနယ်မြေ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဧပြီလမှသာ ဖြေမည်

ကေအိုင်အိုနယ်မြေ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဧပြီလမှသာ ဖြေမည်

မတ် ၁၈ ရက်၊ ၂၀၁၃

မြန်မာတစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေပြီဖြစ်သော်လည်း လက်နက်ကိုင်ပဋိပက္ခ များကြောင့် ကေအိုင်အို ထိန်းချုပ်နယ်မြေ အတွင်းတွင် ဧပြီ ၁ ရက်နေ့မှ ၈ ရက်နေ့ထိ ဖြေ ဆို မည်ဖြစ်ကြောင်း ကေ အိုင်အို ပညာရေးဌာန ဒုတိယတာဝန်ခံ ဦးခွန်းအောင် က ပြောကြားသည်။ “မေးခွန်းတွေ ကို ကေအိုင်အို ပညာရေး ဌာနက ဘာသာရပ်အ လိုက် ရေးဆွဲထားပါတယ်” ဟု ၎င်းက ဆိုသည်။
 
 ကေအိုင်အို ပညာရေးဌာန၏ စာစစ်ဌာန သုံးခုရှိပြီး လိုင်ဇာ စာစစ်ဌာနတွင် ၁၃၄ ဦး၊ မိုင်ဂျာယန် စာစစ်ဌာနတွင် ၁၁၁ ဦးနှင့် အင်ဂွမ်းလ စာစစ်ဌာနတွင် ၂၅ ဦး စုစုပေါင်း ၂၇၀ ဦးရှိကြောင်း ယင်းဌာန၏ စာရင်းများအရ သိရသည်။ တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင်လည်း ကေအိုင်အို ပညာရေးဌာနက ရေးဆွဲသည့် မေးခွန်း အတိုင်း တက္ကသိုလ် ဝင်တန်း ကျောင်းသားကျောင်းသူပေါင်း ၂၆၀ ဦး ဖြေ ဆို ခဲ့သည်။ ယင်းတက္ကသိုလ် ဝင်တန်း ဖြေ ဆိုအောင်မြင် သူများ သည် ကေအိုင် အို ပညာရေးဌာနမှ ဖွင့်လှစ်သော သင်တန်းများအပြင် တရုတ်ပြည်သူ့ သမ္မ တနိုင်ငံ ကူမင်းမြို့ရှိ တက္ကသိုလ်နှင့် ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် ဖွင့်လှစ်သော သင်တန်းများကို တက်ရောက်နိုင်ရန် ဆောင်ရွက်ပေး မည် ဖြစ်ကြောင်း ဦးခွန်းအောင်က ပြောကြားသည်။
 
 ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်းရှိ ကျောင်းသူကျောင်းသားများသည် ၁၉၉၄ ခုနှစ်မှ စတင်ကာ ၂၀၁၁ ခုနှစ်အထိ အစိုးရ၏ အခြေခံပညာ အထက်တန်းကျောင်းများတွင် သွားရောက် ဖြေဆိုခဲ့သော်လည်း တိုက်ပွဲ ဖြစ်ပွားပြီးနောက် သွားရောက် ဖြေဆိုရန် အဆင် မပြေသောကြောင့် ကေအိုင်အို နယ်မြေ အတွင်း၌ သာ စာမေးပွဲ စစ်ဆေးခြင်းဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ 


From:ခေတ်လူငယ်
မြန်မာတစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေပြီဖြစ်သော် လည်း လက်နက်ကိုင်ပဋိပက္ခ များကြောင့် ကေအိုင်အို ထိန်းချုပ်နယ်မြေ အတွင်းတွင် ဧပြီ ၁ ရက်နေ့မှ ၈ ရက်နေ့ထိ ဖြေ ဆို မည်ဖြစ်ကြောင်း ကေ အိုင်အို ပညာရေးဌာန ဒုတိယတာဝန်ခံ ဦးခွန်းအောင် က ပြောကြား သည်။ “မေးခွန်းတွေ ကို ကေအိုင်အို ပညာရေး ဌာနက ဘာသာရပ်အ လိုက် ရေးဆွဲထားပါတယ်” ဟု ၎င်းက ဆိုသည်။

ဗုဒ္ဓဘာသာကို ပညာရှင်များ၏အမြင်



ဗုဒ္ဓဘာသာအပေါ် ကမ္ဘာတကလွှားက နာမည်ကျော်ကြားသော ပညာရှင်များ ၏ အမြင်များကို စုဆည်း တင်ပြအပ်ပါသည်။

အများပိုင်ကုမ္ပဏီနှင့်…ရှယ်ယာဝင်ကြား…သတိထား…

Photo: အများပိုင်ကုမ္ပဏီနှင့်…ရှယ်ယာဝင်ကြား…သတိထား…
Monday, March 18, 2013 

အများပိုင်ကုမ္ပဏီများကအကျိုးအ မြတ်များခံစားနိုင်ရန် ရှယ်ယာများထည့် ၀င်ကြရန် ဖိတ်ခေါ်နေမှုများနေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြလာသည့် အတွက် ရှယ်ယာဝင်ပြည်သူများ နစ်နာ  မှုမရှိစေရန်နှင့်တာဝန်ရှိသူများ ကလည်း လုပ်သားပြည်သူများအား နစ်နာဆုံးရှုံး  မှုမရှိစေရန် သတိထားမိရန် စိတ်ရင်းစေတနာမှန်စွာဖြင့် ရည်ရွယ်တင်ပြအပ်ပါသည်။

၂၀၀၂ခုနှစ်၊ဒီဇင်ဘာလခန့်က အတိုး ငွေများ မက်လောက်အောင်ပေး၍ စုငွေ  များလက်ခံသော ကုမ္ပဏီများစွာပေါ် ပေါက်ကာ လုပ်ငန်းများအား နာမည်ကြီး   သရုပ်ဆောင်များစွာဖြင့် ကြော်ငြာသည့်   အပြင်နိုင်ငံတော် အကြီးအကဲများကို ဖိတ်ခေါ်၍စက်ရုံအလုပ်ရုံဖွင့်ပွဲများပြုလုပ်ကာ၊ အပြိုင်အဆိုင်ကြော်ငြာကာ ငွေ တစ်ရာလျှင်လေးကျပ် မှ ရှစ်ကျပ်အထိ အတိုးငွေများအား မက်လောက်အောင် ပေး၍ဆွဲဆောင်ခဲ့ပါသည်။

အာမခံချက်မရှိခြင်း၊စနစ်မကျခြင်းကြောင့် အကျိုးဆောင်လုပ်ငန်းများ၊ တစ်စတစ်စပြိုလဲလာခဲ့သည်။ ဧရာမြေ၊လင်းသစ္စာ၊ Arrow၊သစ္စာပန်းခင်း၊ သဘာဝ၊မဟာဓနံ၊ခိုင်မာလာ၊  ငွေဇုန်၊ဓနသီရိ၊ကောင်းစေရာ၊ပင်လုံထိပ် ထား၊မုဒိတာ၊လမင်းသဉ္ဇာအစရှိသော အကျိုးဆောင်ကုမ္ပဏီ(၂၀)ကျော်ခန့် လုပ်သားပြည်သူများ၊အငြိမ်းစားဝန်ထမ်း များ၊သက်ကြီးရွယ်အိုများ၊ အလုပ်အကိုင် မလုပ်တတ်သူများ၏ စုဆောင်းငွေများ အား ပြန်လည် မထုတ်ပေးတော့သဖြင့် အတိုးလည်းမရ အရင်းလည်းဆုံးရှုံးသည့်   အခြေအနေသို့ ဆိုက်ရောက်ခဲ့ပါသည်။

သက်ဆိုင်ရာကလည်း ကြားဝင်ဖြေ ရှင်းပေးမှု ထိရောက်အောင်
မလုပ်နိုင်ခဲ့ သဖြင့် ပြည်သူလူထုမှာအထိနာခဲ့ပါသည်။ထို့အတွက်ကြောင့် ဘဏ်များကိုလည်း အယုံအကြည်နည်းလာကာ၊အာရှဓနဘဏ်၊ 
မေဖလားဝါးဘဏ်အစရှိသော ဘဏ်ကြီး များပင်ပြိုလဲမှုများမှာ 
၂၀၀၃ခုနှစ် ဦးပိုင်  တွင်ဖြစ်ပေါ်လာခဲ့ရပါသည်။

အကျိုးဆောင် များမှဖြစ်ခဲ့သော ဂယက်ကြောင့် စီးပွားပျက်သူများခဲ့ခြင်း၊
ဘဏ်လုပ်ငန်းများပျက် စီးခဲ့ရခြင်း နိုင်ငံစီးပွားရေးကျဆင်းများ
ဖြစ်ပေါ်လာခဲ့ပါသည်။

ကုမ္ပဏီတစ်ခုပြိုလဲသွားလျှင် ယင်းကုမ္ပဏီ၏ အစုရှယ်ယာရှင်များသာ
ထိခိုက်ပြီးဘဏ်တစ်ခုပြိုလဲသွားပါက ဘဏ်အစုရှယ်ယာများသာမက
ပြည်သူတစ်ဦးချင်း၏ စီးပွားရေးကိုပါထိခိုက်ပြီး တိုင်းပြည်၏စီးပွားရေး
ကိုပါထိခိုက်နိုင်ပါသည်။

တိုင်းတရားရုံး၊ခရိုင်တရားရုံး၊ပြည် နယ်တရားရုံးများတွင် အမှုစုစုပေါင်း ၃ သောင်းမှ၅သောင်းဝန်းကျင်ခန့်ထိ အမှု များဖောင်းပွနေသဖြင့် ၀ရမ်းကပ်ထား သော အမှုများ၊ပစ္စည်းရှာမတွေ့သော အမှုများအား တရားရုံးချုပ် ညွှန်ကြား ချက်(၄/၂၀၀၈)ထုတ်ပြန်၍ ခေတ္တပိတ် သိမ်းခိုင်းသဖြင့် အမှုထောင်ပေါင်းမြောက် မြားစွာပိတ်သိမ်းခဲ့ရပြီး အမှုများမပြီးပြတ် ခဲ့ပါ။ 

အနိုင်ဒီကရီသာရရှိပြီးဘာမှ ဖြစ် မလာသောကြောင့် တရားရုံးများကို
ပြည်သူလူထုက အယုံအကြည်နည်းပါး လာခဲ့ပါသည်။ ကုမ္ပဏီများဘက်မှ
ဥပဒေအရ အကာအကွယ်ယူ၍မိမိအကျိုးအတွက် လုပ်ချင်သလို လုပ်နေသောကြောင့် ပင်စင် သမားများ၊၀န်ထမ်းများနှင့်ပြည်သူများ
နှစ်သိန်းငါးသောင်းကျော် သုံးသိန်းခန့် ကုမ္ပဏီများထံတွင်ငွေထည့်ဝင်ပြီး တရား စွဲဆိုသော်လည်း ဘာမှဖြစ်မလာခဲ့ပါ။ 

ကုမ္ပဏီပိုင်ပစ္စည်းများအားလည်း အာ ဏာပိုင်များအကူအညီဖြင့်
ဖျောက်ဖျက် နေကြောင်းသိရှိရပါသည်။ တရားစွဲဆိုရာတွင် အချိန်ကုန်၊ငွေ ကုန်၊လူပင်ပန်း၊စိတ်ပင်ပန်းပြီးဆုံးရှုံးသွား သောငွေကြေးများပြန်လည်မရရှိဘဲ ရုံး စရိတ်၊ရှေ့နေစရိတ်များပါ ထပ်မံကုန်ကျ ခံရပါသည်။ကုမ္ပဏီပိုင်ရှင်များ
ပြန်လည် ပေးဆပ်ခြင်းမပြုသဖြင့် လူဖမ်းဝရမ်းထုတ်  ဆင့်မှုများအားလည်း
ဆောင်ရွက်ခွင့်မရှိပါသောကြောင့် ကုမ္ပဏီအကျိုးဆောင်များမှ အသာစီးရနေပြီး ပြည်သူအများစု   မှာ နစ်နာပြီးနစ်နာနေရပါသည်။

၂၀၀၃ခုနှစ် ၂၀၁၃ခုနှစ်ထိ ဆယ်စု နှစ်တစ်ခုအထိ တရားရုံးများတွင် ယင်း အမှုများ မပြီးပြတ်ဘဲ ထောင်သောင်း မကမြောက်ြမားစွာ ကျန်ရှိနေပါသည်။
ယခုအခါ အများပိုင်ကုမ္ပဏီများ  ထူထောင်ကာ အစုရှယ်ယာများခေါ်ယူ
နေမှုများ ထပ်မံဆောင်ရွက်မှုများရှိလာပါသဖြင့် ၂၀၀၂ခုနှစ်မှကဲ့သို့
ပြည်သူလူ ထုထပ်မံမခံစားရရန်နှင့်ယင်းဂယက်မှ တဆင့် တိုင်းပြည်စီးပွား ဖွံ့ဖြိုးမှုအရှိန် အဟုန်ဖြင့်ဆောင်ရွက်နေချိန်တွင် မလိုလားအပ်သော အခြေအနေကြောင့် တိုင်း ပြည်စီးပွား၊ပြည်သူ့စီးပွားအကျိုးမထိခိုက်    မနစ်နာစေရလေအောင် စိတ်ရင်းစေတနာ  မှန်စွာဖြင့် အသိပေး တင်ပြအပ်ပါသည်။

ဆွေးဦး
ွှThe Hot News အများပိုင်ကုမ္ပဏီများကအကျိုးအ မြတ်များခံစားနိုင်ရန် ရှယ်ယာ များ ထည့်ဝင်ကြရန် ဖိတ်ခေါ်နေမှုများနေ့စဉ်ထုတ်သတင်းစာ များ တွင် ဖော်ပြလာသည့်အတွက် ရှယ်ယာဝင်ပြည်သူများ နစ်နာ မှုမရှိစေ န်နှင့်တာဝန်ရှိသူများ ကလည်း လုပ်သားပြည်သူများအား နစ်နာဆုံးရှုံး မှုမရှိစေရန် သတိထားမိရန် စိတ်ရင်းစေတနာမှန်စွာဖြင့် ရည်ရွယ်တင်ပြ အပ်ပါသည်။
၂၀၀၂ခုနှစ်၊ဒီဇင်ဘာလခန့်က အတိုး ငွေများ မက်လောက်အောင်ပေး၍ စုငွေ များလက်ခံသော ကုမ္ပဏီများစွာပေါ် ပေါက်ကာ လုပ်ငန်းများအား နာမည်ကြီး သရုပ်ဆောင်များစွာဖြင့် ကြော်ငြာသည့် အပြင်နိုင်ငံတော်

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ထွက်ခွာပြီးနောက် နှစ်ရက်အကြာတွင် လက်ပံတောင်းတောင် စီမံကိန်းအား ကန့်ကွက်နေသည့် သပိတ်စခန်းများ ဖျက်သိမ်း

Photo: ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ထွက်ခွာပြီးနောက် နှစ်ရက်အကြာတွင် လက်ပံတောင်းတောင် စီမံကိန်းအား ကန့်ကွက်နေသည့် သပိတ်စခန်းများ ဖျက်သိမ်း
Monday, March 18, 2013 
   
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် အဖွဲ့ဝင်များ ပြန်လည်ထွက်ခွာပြီး နောက်နှစ်ရက် အကြာတွင် စီမံကိန်းအား ကန့်ကွက်ဆန္ဒ ဖော်ထုတ်နေသည့် သပိတ်စခန်းများအား ဆန္ဒပြသူများ ကိုယ်တိုင် ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

မတ်လ ၁၆ ရက်နေ့ ညနေ ၆ ၀န်းကျင် အချိန်ခန့်တွင် မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် တုံကျေးရွာထိပ်၌ ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် သပိတ်စခန်းဖွင့်ကာ ဆန္ဒဖော်ထုတ်
နေကြသည့် ဒေသခံများသည် ၎င်းတို့ကိုယ်တိုင် သပိတ်စခန်းများကို လူအင်အား ၅၀ ခန့်ဖြင့် ဖျက်သိမ်းခဲ့ကြကြောင်း သတင်းရရှိပါသည်။ ထို့အပြင် ဆည်တည်းကျေးရွာမှ ဖွင့်လှစ်ထားသည့် လိပ်ခွံတောင်ပေါ်မှ သပိတ်စခန်း တစ်ခုကိုလည်း မီးရှို့ဖျက်စီးခဲ့ကြောင်းလည်း သိရှိရသည်။

“ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ယောက် အနေနဲ့ မဟုတ်ဘဲ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ဒေသခံတွေကို ပြောသွားတဲ့ ဆန္ဒပြမယ်ဆိုရင် ဥပဒေဘောင် အတွင်းကနေ ဆန္ဒထုတ်ဖော်ခွင့် ရှိတယ်၊ ဥပဒေနဲ့ မညီရင်တော့ အရေးယူမှုတွေ ရှိမှာပဲဆိုတဲ့ စကားကို လိုက်နာတဲ့အနေနဲ့ သပိတ်စခန်းတွေကို ဖျက်သိမ်းပစ်လိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့လည်း ဥပဒေနဲ့အညီပဲ စီမံကိန်းကို ရပ်ဆိုင်းဖို့အတွက် ဆက်လက် လုပ်ဆောင်သွားပါမယ်” ဟု ဒေသခံများက ပြောပြခဲ့ကြသည်။

သပိတ်စခန်း ဖွင့်လှစ်ခဲ့သော တုံရွာမမှ ဦးဇေယျက “ဒေါ်အောင်ဆန်းစုကြည် လာရောက်ဆွေးနွေးတဲ့ အခါတုန်းက ရိုင်းပြစွာ ဆက်ဆံတဲ့သူ အချို့ကြောင့် ရွာနာမည်သမိုင်း မပျက်စေဖို့ တုံရွာက လက်မခံတဲ့သူတွေ ပေါင်းစုပြီး အဲဒီလူတစ်စု လုပ်ရပ်ကို ရှုတ်ချပွဲ ဒေါ်အောင်ဆန်းစုကြည်ကို
တောင်းပန်ထောက်ခံပွဲ ပြုလုပ်သွားဖို့  စီစဉ်နေပြီး သက်ဆိုင်ရာကို
ပြုလုပ်ခွင့် တင်ပြထားပါတယ်” ဟူ၍ ပြောပြခဲ့သည်။

Eleven Media Group လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် အဖွဲ့ဝင်များ ပြန်လည်ထွက်ခွာပြီး နောက်နှစ်ရက် အကြာတွင် စီမံကိန်း အား ကန့်ကွက်ဆန္ဒ ဖော်ထုတ်နေသည့် သပိတ်စခန်းများအား ဆန္ဒပြ သူများ ကိုယ်တိုင် ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
မတ်လ ၁၆ ရက်နေ့ ညနေ ၆ ၀န်းကျင် အချိန်ခန့်တွင် မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် တုံကျေးရွာထိပ်၌ ကြေးနီစီမံကိန်း ဖျက်သိမ်းရေး အတွက် သပိတ်စခန်းဖွင့်ကာ ဆန္ဒဖော်ထုတ်နေကြ သည့် ဒေသခံများ သည် ၎င်းတို့ကိုယ်တိုင် သပိတ်စခန်းများကို လူအင်အား ၅၀ ခန့်ဖြင့် ဖျက်သိမ်းခဲ့ကြကြောင်း သတင်းရရှိပါသည်။ ထို့အပြင် ဆည်တည်းကျေး

အုပ်စုဖွဲ့အဓမ္မကျင့်မှု အိန္ဒိယမှာ ထပ်မံဖြစ်ပွား

Photo: အုပ်စုဖွဲ့အဓမ္မကျင့်မှု အိန္ဒိယမှာ ထပ်မံဖြစ်ပွား 
Monday, March 18, 2013 

အိန္ဒိယနိုင်ငံ မက်ဒ်ယာ ပရာဒက်ရှ်ပြည်နယ်အတွင်း ဆွစ်ဇာလန်နိုင်ငံသူ ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ကြသူ အမျိုးသား ၅ ယောက်က သူတို့အနေနဲ့ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ၀န်ခံခဲ့ကြတယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။

အသက် ၃၉ နှစ်အရွယ် အဓမ္မပြုကျင့်ခံရသူအမျိုးသမီးဟာ သူမရဲ့ယောင်္ကျားဖြစ်သူနဲ့အတူ စက်ဘီးနဲ့ ဘုရားကျောင်းတခုကို သွားရောက်ခဲ့ပြီးနောက် လမ်းဘေးတနေရာ တောတွင်းစခန်း 
ကျတဲ့နေရာမှာ လူတစုကနေ ၀ိုင်းဝန်းအဓမ္မ ပြုကျင့်တာ ခံခဲ့ရတာပါ။

သူမရဲ့ယောင်္ကျား ဖြစ်သူကို ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြပြီး ဇနီးဖြစ်သူကို ခင်ပွန်းသည်ရဲ့ ရှေ့မှာတင် အဓမ္မပြုကျင့်ခဲ့ကြတာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးတဲ့ ရဲအရာရှိ DK Arya ကပြောပါတယ်။ သူတို့ထံက လပ်တော့ ကွန်ပျူတာ ရူပီးငွေ တသောင်း နဲ့ လက်ကိုင်ဖုန်းစတာတွေကိုလည်း ခိုးယူခဲ့ကြတယ်လို့ပြောပါတယ်။

အမျိုးသမီးကို ဒေသတွင်းက ဆေးရုံမှာ ဆေးဝါးကုသမှုပေးခဲ့ရပြီး အခုတော့ ဆေးရုံကနေ ဆင်းခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ဆွစ်ဇာလန် သံအမတ်ကြီးက အကြမ်းဖက်ခံခဲ့ရတဲ့ ဇနီးမောင်နှံနဲ့ စနေနေ့မှာတွေ့ဆုံစကားပြောခဲ့ပြီး ဒီအမှုကို အမြန်ဖော်ထုတ်ပေးဖို့ 
အိန္ဒိယ အာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။

အဓမ္မပြုကျင့်ခံရသူအမျိုးသမီးနဲ့ သူ့ရဲ့ခင်ပွန်းတို့ဟာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ကနေ နယူးဒေလီမြို့အထိ ၃ လကြာ စက်ဘီးနဲ့ ခရီးသွားနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း နယူးဒေလီမြို့က ဘတ်စ်ကား တစီးပေါ်မှာ ၂၃ နှစ်အရွယ်ကျောင်းသူ တယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တဲ့အတွက် လူအများဒေါသထွက်ခဲ့ကြပါတယ်။ အဲဒီလိုလိင်ပိုင်းဆိုင်ရာစော်ကားမှု ဖြစ်ပွားခဲ့ပြီး ၃ လအကြာမှာ အခုအမှု ထပ်မံဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ 

ဓာတ်ပုံ - အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရသူ ဆွစ်ဇာလန် အမျိုးသမီးကို
ဆေးစစ်ချက်ရယူရန် ဆေးရုံကိုအသွား။ (မတ်လ ၁၆ ရက်၊ ၂၀၁၃)။

ဗွီအိုအေ
အိန္ဒိယနိုင်ငံ မက်ဒ်ယာ ပရာဒက်ရှ်ပြည်နယ်အတွင်း ဆွစ်ဇာလန်နိုင်ငံသူ ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ကြသူ အမျိုးသား ၅ ယောက်က သူတို့အနေနဲ့ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ၀န်ခံ ခဲ့ကြတယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။
အသက် ၃၉ နှစ်အရွယ် အဓမ္မပြုကျင့်ခံရသူအမျိုးသမီးဟာ သူမရဲ့ယောင်္ကျားဖြစ်သူနဲ့အတူ စက်ဘီးနဲ့ ဘုရားကျောင်းတခုကို သွားရောက်ခဲ့ပြီးနောက် လမ်းဘေးတနေရာ တောတွင်းစခန်း ကျတဲ့နေ ရာမှာ လူတစုကနေ ၀ိုင်းဝန်းအဓမ္မ ပြုကျင့်တာ ခံခဲ့ရတာပါ။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင် ငံတော် သမ္မတ ဦးသိန်းစိန် သြစတြေးလျ နိုင်ငံသို့ ရောက်ရှိ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင် ငံတော် သမ္မတ ဦးသိန်းစိန် သြစတြေးလျ နိုင်ငံသို့ ရောက်ရှိ 

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် မတ် ၁၇ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် နယူးဇီလန် နိုင်ငံ အော့ကလန် မြို့မှ လေကြောင်း ခရီးဖြင့် ထွက်ခွာပြီး ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ဆစ်ဒနီမြို့သို့ ရောက်ရှိကြရာ နယူးဆောက်ဝေးလ် ပြည်နယ် အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိ သူများ၊ ဝန်ကြီးချုပ်ရုံးနှင့် နိုင် ငံခြားရေး ဝန်ကြီး ဌာနမှ တာဝန်ရှိ သူများက လေဆိပ်၌ ကြိုဆို နှုတ်ဆက် ကြသည်။

ထို့နောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင် များသည် ဆစ်ဒနီမြို့မှ သြစတြေးလျ တပ်မတော် လေယာဉ်ဖြင့် ဆက်လက်ထွက်ခွာ ခဲ့ကြပြီး ကင်ဘာရာမြို့ တပ်မတော် လေယာဉ်ကွင်းသို့ ရောက်ရှိကြ ရာ ဝန်ကြီးချုပ် ရုံးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူများက ကြိုဆို ကြသည်။

ယင်းနောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့များသည် ခေတ္တ တည်းခိုမည့် ကင်ဘာရာ မြို့ရှိ ဟိုင်းယပ် ဟိုတယ်သို့ မော်တော်ယာဉ် များဖြင့် ရောက်ရှိ ကြသည်။

ညပိုင်းတွင် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် သြစတြေးလျ နိုင်ငံရှိ မြန်မာသံရုံးသို့ ရောက်ရှိပြီး သံအမတ်ကြီး နှင့်သံရုံး မိသားစု ဝင်များ၊ သြစတြေးလျ နိုင်ငံရောက် မြန်မာနိုင်ငံသား များ နှင့်တွေ့ဆုံ နှုတ်ဆက်ကာ အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။

http://bit.ly/145Rdk7 ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် မတ် ၁၇ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် နယူးဇီလန်နိုင်ငံ အော့ကလန် မြို့မှ လေကြောင်း ခရီးဖြင့် ထွက်ခွာ ပြီး ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ဆစ်ဒနီမြို့ သို့ ရောက်ရှိကြရာ နယူးဆောက်ဝေးလ် ပြည်နယ် အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိသူများ၊ ဝန်ကြီးချုပ်ရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများက လေဆိပ်၌ ကြိုဆို နှုတ်ဆက် ကြသည်။