Tuesday, February 19, 2013

မြစ်ကြီးနားမှာ အိုးအိမ်တွေ ပြောင်းရွှေခိုင်းနေ


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် နယ်မြေ(၉)မှာ နေထိုင်တဲ့ အိမ်ထောင်စု ၂၃ ခုနဲ့ သူတို့ပိုင်ဆိုင်တဲ့ လယ်ယာမြေတွေကို မြို့ပတ်လမ်းဖောက်ဖို့ဆိုပြီး ပြည်နယ်အစိုးရအဖွဲ့က အခုရက်ပိုင်းအတွင်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြောင်းရွှေ့ခိုင်းနေတယ်လို့ သိရပါတယ်။

Facebook ပေါ်မှာ ဘယ်လိုငွေရှာမလဲ



စာဖတ်သူတို့ Facebook အသုံးပြုနေရတာ ဒီထက်မက ပိုအကျိုးထူး သင့်တယ်လို့ ထင်မြင်ယူဆသူများ ရှိမယ်ထင်ပါတယ်။ အမှန်တကယ်လဲ ဟုတ်ပါတယ်။ တစ်နေ့တစ်နေ့ သူများပုံ ဝင်ကြည့်လိုက်၊ သတင်းတွေ ရှာဖတ်လိုက်၊ Chat လိုက်၊ Comment ပေးလိုက်၊ Like လုပ်လိုက်၊ ပုံတင်လိုက်၊ Share လိုက်၊ ဂိမ်းဆော့လိုက်နဲ့ အချိန်တွေပိုနေသူ များလည်းရှိမယ်ထင်ပါတယ်။ အခြားလုပ်ငန်းဆောင်တာများ ရှိနေပြီး Facebook ကိုအပျင်းပြေ သုံးနေတယ်

ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခြင်း


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

(အမိန့်အမှတ်၊ ၁၁/၂၀၁၃)

၁၃၇၄ ခုနှစ် ၊ တပို့တွဲလဆန်း ၉ ရက်

(၂၀၁၃ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၉ ရက်)

ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခြင်း

အကြောင်း မထူးသေးသည့် အိမ်နီးချင်း ကုန်သွယ်ရေး

အိန္ဒိယ-မြန်မာ-ထိုင်း ဆက်သွယ် ဖောက်လုပ်မည့် အမြန်လမ်း စီမံကိန်းက ယခုထိ အပြော သက်သက် (ဓာတ်ပုံ – Ruters)


လျင်မြန်စွာ ပြောင်းလဲနေသည့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့် အိမ်နီးချင်း နိုင်ငံများသည် မြန်မာနိုင်ငံသို့ စီးပွားရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်ရန် တာစူလာကြသည်။

မိုဘိုင်းလ်ဖုန်းဖြင့် e-Government ခေတ်ပြောင်းမည်ဟု ဆက်သွယ်ရေး ဒုဝန်ကြီးဆို

ဆက်သွယ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံတွင် 3G နှင့်အထက် မိုဘိုင်းလ်ဖုန်းစနစ်များကို အဆင့်မြှင့်တင်ပြီး e-Government အပါအ၀င် အွန်လိုင်းစနစ် အခြေခံသော အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ဘဏ္ဍာရေးပုံစံ အကောင်အထည် ဖော်သွား မည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၏ ဒုတိယ၀န်ကြီးဦးဝင်းသန်းက ပြောဆိုလိုက်သည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်းက မင်းမဲ့စရိုက်ဆန်ဆန် ဖြစ်ပွားခဲ့သော မြောက်ဥက္ကလာပမြို့နယ် မျက်နှာဖုံးစွပ်လူသတ်မှု လက်ရှိအချိန်ထိ တရားလိုပြသက်သေ ၅၆ ဦးအနက် ၃၀ ကျော်ခန့်သာ စစ်ဆေးပြီးဖြစ်ကြောင်းသိရ

w1-19-2-3၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က မျက်နှာဖုံးစွပ်လူအုပ်စုမှ ကိုကျော်မင်းအား သတ်ဖြတ်ခဲ့သော အခင်းဖြစ်ပွားရာ ဘီယာဆိုင်အားတွေ့ရစဉ်
မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ၆ လမ်းအတွင်းရှိ စားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုမှာ တစ်နှစ်နှင့် သုံးလကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုလက်ရှိ အချိန်ထိ တရားလိုပြသက်သေ ၅၆ ဦးအနက် ၃၀ကျော်ခန့်သာ စစ်ဆေးပြီးဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်နေ့က မြောက်ပိုင်းခရိုင်တရားရုံးမှ သိရသည်။

အရှင် သဇ္ဇန ဆေးရုံမှ ဆင်းမည့်အရေး မြန်မာသံရုံးမှ ဆောင်ရွက်ပေးမည်


လက်ပံတောင်း သပိတ်စခန်း ဖြိုခွင်းခြင်းမှ မီးလောင် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့၍ အရေပြား အစားထိုး ကုသ ရသည့် ကိုရင် ရှင်သဇ္စန သည် ဆေးရုံမှ ဆင်းနိုင်တော့မည် ဖြစ်၍ လိုအပ်သည့် ကိစ္စရပ် များကို မြန်မာ သံရုံးမှ လိုက်လံ လုပ်ဆောင်ပေး သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးမှ သံအမတ်ကြီး ဦးမျိုးတင့်က ပြောသည်။

လမ်းလျှောက်တာ လှရုံနဲ့ မော်ဒယ်မဖြစ်ဘူးလို့ ဆိုလိုက်တဲ့ တင်မိုးလွင်


(အင်တာဗျူး)

တစ်ခေတ် တစ်ချိန်က မော်ဒယ်တစ်ယောက်ဖြစ်ဖို့ဆိုတာ ဒီနေ့ခေတ်လောက် လွယ်လွယ်ကူကူ မဟုတ်ဘဲ ခက်ခဲတဲ့ လမ်းကြောင်း တစ်ခု ဖြစ်ခဲ့ပါတယ်။  တိုးတက်လာတဲ့ ဒီနေ့ခေတ်နဲ့အညီ လက်ရှိမှာ မော်ဒယ်တစ်ယောက် ဖြစ်ဖို့အတွက် အခွင့်အလမ်းတွေလဲ အများကြီးရှိနေပါတယ်။   မော်ဒယ် သင်တန်းတွေ အများကြီးရှိလာသလို မော်ဒယ်တစ်ယောက် ဖြစ်ဖို့အတွက်လဲ နိုင်ငံတကာ အခွင့်အလမ်းတွေလည်းများစွာ ပေါ်ထွက်လာခဲ့ပါတယ်။

"ကမ္ဘာတွင် သူခိုးမရှိခဲ့သော နိုင်ငံ"



ကမ္ဘာပေါ်တွင် သူခိုးမရှိသော နိုင်ငံ တစ်နိုင်ငံ ရှိခဲ့ဖူးသည်။ ထိုသည်မှာ မြန်မာနိုင်ငံပင်။

ထိုစကားကိုပြောခဲ့သူမှာ အိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာဝင် ဘဆေဆ်လာလ်ဂျီပင် ဖြစ်သည်။ အီဂတ်ပူရီပြည်နယ်၌ ဗုဒ္ဓ၏၀ိပဿနာတရားတော်များကို ကမ္ဘာသို့ဖြန့်ဝေလျက်ရှိသော ဂုရုကြီးဦးဂိုအင်ကာ၏ အဘိုးတော်သူပင် ဖြစသည်။ အရောင်းအ၀ယ်ကုန်သည်အလုပ်ဖြင့် ကမ္ဘာအနှ့ခြေဆန့်ခဲ့ဖူးသော ဘဆေဆ်လာလ်ဂျီသည် သူ အမြတ်နိုးဆုံးဖြစ်သော မန္တလေးရတနာပုံ နေပြည့်တော်တွင် အခြေချနေထိုင်ခဲ့သည်။

ကာကွယ်ရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ခန့်အပ်


ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး  ဗိုလ်မှူးချုပ်အော်သော်သည်  ကာကွယ်ရေးဝန်ကြီးဌာန အတွက် ပြောရေးဆိုခွင့် ရှိသူ ဖြစ်လာကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ္ဋ်မှ မြန်မာ့တိုင်းမ် သို့ လွန်ခဲ့သည့် အပတ်က ပြောသည်။
 "ပြောရေးဆိုခွင့် ရှိသူအဖြစ် ဗိုလ်မှူးချုပ်အောင်သော် ဖြစ်လိမ့်မယ်လို့ ကျွန်တော် သိထားပါတယ်၊သို့သော်လည်း  ဒီတာဝန်ကို ဗိုလ်မှူးချုပ်အောင်သော်က

ကျူးကျော်သစ် များ၏ နောက်ကွယ်

ဖုန်တလူလူ နေပူပူထဲတွင် ၀ါး၊ ဓနိများဖြင့် ကိုယ်တိုင်ကိုယ်ကျ တဲအိမ်သစ်များ ဆောက်လုပ်နေကြသည်မှာ ပွဲဈေးတန်းတခု အစပြုတော့မလားဟု မြင်မိသည်။ တဲအိမ်သစ်များက တထောင်ကျော်ခန့် ရှိမည်။


တလကျော်ကာလအတွင်း အိမ်ခြေတထောင်ကျော် ဝင်ရောက် ကျူးကျော် နေထိုင်နေကြသည့် ရန်ကုန် လှိုင်သာယာ မြို့နယ် အမှတ် ၅ ရပ်ကွက် ပီမိုးနင်းလမ်းသို့ ရောက်ရှိသွားသည့်အချိန်တွင်

ဒဂုံဆိပ်ကမ်းရှိ တန်ဖိုးနည်းအိမ်ရာနှစ်ခုအတွက် အစိုးရက ငွေဘီလီယံ ၆၀ကျော် စိုက်ထုတ်သုံးစွဲမည်


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အစိုးရတန်ဖိုးနည်းအိမ်ရာနှစ်ခုဖြစ်သည့် ဧရာဝဏ်နှင့် ရတနာ အိမ်ရာနှစ်ခုအတွက် ငွေကျပ်ဘီလီယံ ၆၀ ဒသမ ၅၅ စိုက်ထုတ်ကုန်ကျခံသုံးစွဲသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးက ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသော ဗြိတိန်ဝန်ကြီးချုပ်က အိန္ဒိယနိုင်ငံနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သဘောတူညီချက် ချုပ်ဆိုပြီး တိုက်လေယာဉ် ရောင်းချရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် ကြိုးပမ်း


2.19.1ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည် ဖေဖော်ဝါရီလ ၁၉ ရက် နေ့တွင် အိန္ဒိယနိုင်ငံနှင့် သမိုင်းဝင် သဘောတူညီချက်အဖြစ် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ သဘောတူစာချုပ် တစ်ရပ်ကို ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။ ဗြိတိန်နိုင်ငံသား သန်းပေါင်းများစွာတို့၏ ကိုယ်ပိုင်အချက် အလက်များသည် ဒုစရိုက်ဂိုဏ်းများ၏ ခိုးယူခံရမည့် အန္တရာယ် ကျရောက်နေပြီး လုံခြုံရေးဆိုင်ရာ အကြီးအကဲက အိန္ဒိယနိုင်ငံရှိ ဌာနများက သိမ်း ဆည်းပေးထားသော ဘဏ်ငွေစာရင်းများ၊

Gmail + Google Authenticator (ပိုမို စိတ်ချရတဲ့ Gmail Account ဖြစ်အောင်...)

Google Authenticator ထည့်သွင်းထားသော android handset
ဒီ Gmail + Google Authenticator (ပိုမို စိတ်ချရတဲ့ Gmail Account ဖြစ်အောင်...) ပြုလုပ်တာဟာ လုပ်ရင်း အဆင်မပြေမှုတွေဖြစ်ပေါ်နိုင်တဲ့ အတွက် အရေးမကြီးတဲ့ Gmail Account မှာ အရင်စမ်းစေချင်ပါတယ်။ Gmail Account locked ကျသွားတာမျိုး၊ ဝင်မရတာမျိုး ဖြစ်ခဲ့ရင်တော့ ကျွန်တော် တာဝန်ယူမည် မဟုတ်ပါကြောင်း ကြိုတင် အသိပေး မေတ္တာရပ်ခံပါရစေ။

ကျွန်တော်တို့ရဲ့ Gmail Account များကို ပိုမို စိတ်ချရတဲ့ Gmail Account ဖြစ်အောင် ပြောင်းကြရအောင်ပါ... အဲဒီလို ပြောင်းဖို့ အတွက် ဘာတွေလိုအပ်မလဲဆိုတော့ Google Authenticator အင်စတော လုပ်ထားတဲ့ Android/iPhone/Blackberry handset (၁)လုံး၊ Google က ပြန်လည် ခေါ်ဆိုလို့ရမယ့် ဖုန်းလိုင်း (သို့) sms လက်ခံနိုင်မယ့် ဖုန်းလိုင်း၊ ကွန်ပျူတာ၊ အင်တာနက် တွေလိုအပ်ပါတယ်...

တရားပွဲမှာ အလကားရခဲ့တဲ့ ထီလက်မှတ် (၁၀)သိန်းပေါက်၊ ထီတိုက်ပေးသူက (၁)သိန်းဟုတ်တယ်ပြောပြီး (၉)သောင်းခွဲပေး၊ ရဲနဲ့အုပ်ချုပ်ရေးက ခေါ်စစ်တော့မှ ပြန်ပေး


နေပြည်တော်-ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်၊ (၄)လမ်းတွင် တည်ဆောက်ထားသော မစိုးရိမ် ကျောင်းတိုက်ဝန်းအတွင်းတွင် ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ ၂၉/၃၀/၃၁ ညများ၌ တရားပွဲ များကို (၃)ညတိုင်တိုင် ကျင်းပခဲ့ရာ ပျဉ်းမနားမြို့၊ တိုင်းချစ်လျှပ်စစ်စတိုးနှင့် မိုးယံရွှေလမင်း ထီကိုယ်စားလှယ် ဦးဖိုးနီက တရားလာရောက်နာယူကြသောသူများကို ထီ(၁၀)ဆောင်တွဲ (၁၅)တွဲအား တစ်ညလျှင် (၅)တွဲနှုန်း

ကွန်ပျူတာ သုံးပြီးတိုင်း လက်ဆေးပါ။

ကွန်ပျူတာ သုံးပြီးတိုင်း လက်ဆေးပါ
ဒီနေ့ခေတ်မှာ ကွန်ပြူတာ သုံးတဲ့ သူငယ်ချင်းတွေ သိထား သင့်တယ် ထင်လို့ပါ ကွန်ပျူတာ တစ်စုံရှိ Keyboard မှာ Office တခုရဲ့ အများသုံး Toilet ထက် ၅ ဆ ပိုညစ်ပတ် ပါသတဲ့။ မယုံမရှိ ကြပါနဲ့။ London National Laboratory တစ်ခုရဲ့ တိကျ သေချာသော သုသေသန လုပ်ဆောင်ချက် တစ်ခုကနေ ရရှိလာတဲ့ Reslut တစ်ခုပါ၊ Computer တခုရဲ့ Keyboard တခုတွင် Bacteria သန်းနှင့် ချီပြီး ပေါက်ဖွား ရှင်သန် နိုင်ကြောင်း လေ့လာ တွေ့ရှိရသည်။

မကျန်ခဲ့စေချင်လို့ ဖိတ်ခေါ်လိုက်ပါတယ်သူငယ်ချင်း

သူငယ်ချင်း ဖရန်စစ်နော်ပါ။ မင်းငါ့ကိုမှတ်မိပါ့မလား။ တစ်ချိန် တုန်းက မြန်မာ့တပ်မတော်ကရဲ ဘော်လေးစိုးသန်းနိုင်ပါ။ ၁၉၈၅ တုန်းက မင်းရယ်၊ ငါရယ်၊ ခင် အောင်ကြီးရယ်မိုးကောင်းဈေးထဲ မှာ လူပျိုလှည့်နေတုန်း မိုင်းကွဲ တော့ ကံသီလို့လွတ်ခဲ့ကြတယ် လေ။ အဲဒီအဖြစ်ကို မျက်မြင် တွေ့ခဲ့ရတဲ့မင်းဟာရေစင်ကြီး အောက်မှာဒူးထောက်ပြီး ““သား တော်တို့ကချင်တိုင်းရင်းသားတွေ ရဲ့ လက်ထဲကို တောင်ယာလုပ်ဖို့ ပေါက်ပြားနဲ့

ဘင်လာဒင်ပုံစံအတိုင်း ဆောင်ရွက် မည်ဆိုပါက ဘင်လာဒင်ကဲ့သို့ နိဂုံး ချုပ်သွားမည်ဟု အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေပြော

ဘင်လာဒင်ပုံစံအတိုင်း ဆောင်ရွက် မည်ဆိုပါက ဘင်လာဒင်ကဲ့သို့ပင် နိဂုံးချုပ်သွားမည်ဟုကချင်ဘင်လာဒင်အမည်ဖြင့်အသက်အန္တရာယ်ချိမ်းခြောက်စာပေးပို့ခံရသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက တုံ့ပြန်ပြောကြားလိုက်သည်။

မိုဘိုင်းဆင်းကတ် ပျောက်ဆုံးခြင်းအတွက် ဆောင်ရွက်ရာတွင် နယ်မြို့များ၌ အချိန်ကြန့်ကြာမှုများ ရှိနေ

မိုဘိုင်းဖုန်းဆင်းကတ် ပျောက်ဆုံးသူများအနေဖြင့် ဆင်းကတ်အသစ် ပြန်လည်လျှောက်ထားရာတွင် နယ်မြို့များ၌ ကြန့်ကြာမှုများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။
''ကျွန်တော့်ဆင်းကတ် ပျောက်သွားတာ အသစ်ပြန်ရဖို့ တစ်လနီးပါးလောက်ထိ စောင့်လိုက်ရတယ်။ဆင်းကတ်ပျောက်ရင် ကျပ်နှစ်သောင်းလို့

မြန်မာပြည် ရန်ကုန် အလွမ်းပြေ

မြန်မာပြည်နဲ့ ရန်ကုန်ကို လွမ်းနေကြသူတွေအတွက် အလွမ်းပြေ ကတော့ ထိုင်း နိုင်ငံ မဲဆောက်မြို့ပါဘဲ။
မြန်မာနိုင်ငံကနေ လာရော က် စီးပွားရှာစားတဲ့သူေ တွက ဈေးဆိုင်ရောင်းသူ၊ အထည်ချုပ်စက်ရုံ အစရှိတဲ့ စက်ရုံတွေမှာ အလုပ် လုပ်သူ၊ ဈေးဆိုင်တွေမှာ အရောင်းဝန်ထမ်းလုပ်သူ အစရှိသဖြင့် အစုံအလင်ရှိကြပါ တယ်။ 

ကြမ်းတမ်းစွာ ပြောဆိုခဲ့ခြင်းအပေါ် ပလေးဘွိုင်းသန်းနိုင် တောင်းပန်


မြန်မာဂေါက်သီးရိုက်အသင်း ၉ မိုင်တွင် အဆိုတော်ပလေးဘွိုင်းသန်းနိုင်က ကြမ်းတမ်းစွာပြောဆိုမှုနှင့် ပတ်သက်၍ ရဲစခန်းတွင် အမှုဖွင့်ထားခြင်းကို Captain ဦးစိုးဝင်းက ပြန်လည်ကျေအေးလိုက်သည်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့က Captain's Cup အသင်း၏ ဥက္ကဋ္ဌ ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ညစာ စားပွဲတွင် ပလေးဘွိုင်းသန်းနိုင်နှင့် အဆိုတော်များ ဖြေဖျော်ရာ ပလေးဘွိုင်းသန်းနိုင်က ကြမ်းတမ်း စွာ ပြောဆိုခဲ့သည်ဟု ဆိုကာ Carry Master ကိုထွန်းထွန်းနိုင်က တရားလိုပြုလုပ်၍ မရမ်းကုန်း ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ မတ်လကုန်တွင် ထွက်ရှိမည်

ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် မတ်လကုန်တွင် ထွက်ရှိမည်ဖြစ်ကြောင်း၊ ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ၈၈ မျိုးဆက် ငြိမ်းချမ်းနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးကိုကိုကြီးက ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြောကြားသည်။

နိုင်ငံပိုင်မြေကွက်၊ စက်ရုံ၊ လုပ်ငန်းများ ရောင်းချရာတွင် တန်ဖိုးအနည်းငယ်သာ ပေးသွင်း၍ လက်ဦးမှုယူကာ ဝယ်ယူထားပြီး ကျန်ငွေ ကျပ်သန်းပေါင်း ၁ဝဝဝဝဝ ဝန်းကျင်အထိ နိုင်ငံတော်သို့ မပေးသွင်းပဲ ထားသူများရှိ


နိုင်ငံပိုင်မြေကွက်၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရာတွင် တန်ဖိုးအနည်းငယ်သာ ပေးသွင်းပြီး ကျန်ငွေများကို သတ်မှတ်ချိန်အတွင်း မပေးသွင်းပဲထားသည့် လုပ်ငန်းရှင်များ များစွာရှိကြောင်း သတင်းရရှိသည်။

ကားဈေး အနည်းငယ်တက်၊ တလ ပျှမ်းမျှ အစီး ၅၀၀ ခန့် ရောင်းရဟုဆို

ရန်ကုန် (မဇ္ဈိမ)။   ။ ပြီးခဲ့သည့် သီတင်းပါတ်အတွင်း မော်တော်ကား ဈေးများ အနည်းငယ် တက်လာပြီး ဟံသာဝတီ ကားပွဲစားတန်းတွင် တလလျှင် ပျှမ်းမျှ ကားစီးရေ ၅၀၀ ခန့် ရောင်းချခဲ့ရေ ကြာင်း မြန် မာနို င်ငံ မော်တော်ကားရောင်းဝယ်ရေးအသင်း-ဗဟို- ရန်ကုန်က ဆိုသည်။

ချင်းပြည်နယ် ရေ၊ မီးနှင့် လမ်းပန်းဆက်သွယ်ရေး ပံ့ပိုးရန် သမ္မတ ကတိပြု

ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး

စံခလပူရီ (မဇ္ဈိမ)။   ။ ချင်းပြည်နယ်အတွင်း လမ်းဖောက်လုပ်ရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီး ရရှိရေးအတွက် ဆောင်ရွက်ရာတွင် အစိုးရအနေနှင့် ပံ့ပိုးသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က တနင်္ဂနွေနေ့က ကတိပေး ပြောကြားခဲ့သည်။
ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး

နိုင်ငံရေး ဆွေးနွေးမှုများ အဆင့်သုံးဆင့်ဖြင့် လုပ်ဆောင်သွားမည်


ချင်းမိုင်(မဇ္စျိမ)။   ။ သမ္မတ ဦးသိန်းစိန် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း
ကော်မတီအနေနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေး ဆွေးနွေးမှုများကို အဆင့် သုံးဆင့်ဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်သူ ဦးညိုအုန်းမြင့် က ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းကို တိတိကျကျ ဖြေကြားဖို့ ညွှန်ကြား


နိုင်ငံတော်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ရဲ့ ဆွေးနွေးမေးမြန်းချက် တွေကို ဝန်ကြီးဌာနတွေအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ တိတိကျကျ ပြန်လည် ရှင်းလင်းပေးစေ ချင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ဖေဖေါ်ဝါရီလ ၁၈ ရက် ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ တိုက်တွန်းလိုက်ပါတယ်။

မြန်မာကလေးစစ်သား ၂၄ ဦး ပြန်လွှတ်ပေးမှု ကုလကြိုဆို

မြန်မာစစ်တပ်ထဲက ကလေးစစ်သား ၂၄ ဦးကို ပြန်လွှတ်ပေးလိုက် တဲ့အပေါ် ကုလသမဂ္ဂ က ချီးမွမ်း ကြိုဆိုလိုက်ပါတယ်။

စစ်တပ်တွင်းက ကလေးစစ်သား ၂၄ ဦးကို စိစစ်ပြီး ပြန်လွှတ်ပေးတဲ့ အခမ်းအနားတရပ်ကို ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီး၊ အစိုးရ တာဝန်ရှိသူတွေ၊ စစ်တပ် အရာရှိတွေအပြင် UNICEF ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံ ကိုယ်စားလှယ်လည်း တတ်ရောက်ခဲ့ပါတယ်။