Friday, January 24, 2014

ကုလငြိမ်းချမ်းရေးတပ်ဖွဲ့နဲ့ မြန်မာစစ်တပ် ပူးပေါင်းဆောင်ရွက်မည်

မြန်မာ့တပ်မတော် အနေနဲ့ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်း ချက်ကို လက်ခံတဲ့အကြောင်း မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြော ကြား လိုက်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ အပစ်ရပ်မူကြမ်း အတည်ပြုလိုက်ပြီ

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံ နောက်ဆုံးရက်တွင် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ၏ အပစ်အခတ်ရပ်စဲရေး မူကြမ်းကို အတည်ပြု လိုက်ပြီဖြစ်သည်။

မလေးရှားမှာ မြန်မာတိုင်းရင်းဆေးတွေ စတင်ဖြိုခွင်း

မလေးရှားနိင်ငံမှာ တရားဝင်မှတ်ပုံမတင်ဘဲ ရောင်းချနေတဲ့ ကာမအားတိုးဆေးတွေ အပါအ၀င် မြန်မာတိုင်း ရင်းဆေးတွေ ကို မလေးရှားအာဏာပိုင်တွေက ပထမဆုံးအကြိမ်အဖြစ် ရှောင်တခင် စတင်သိမ်းဆည်းနှိမ် နင်းနေ ပြီ ဖြစ်ပါတယ်။

နာမည်ကြီး အဆိုတော် တစ်ဦး၏ မိခင် ကျပ်သိန်းပေါင်း ငါးသောင်းကျော် အလွဲသုံးစားမှုဖြင့် တရားစွဲခံရ လိမ်လည်ခံရသူများတွင် နာမည်ကြီး အဆိုတော်များလည်း ပါဝင်

Photo: နာမည်ကြီး အဆိုတော် တစ်ဦး၏ မိခင် ကျပ်သိန်းပေါင်း ငါးသောင်းကျော် အလွဲသုံးစားမှုဖြင့် တရားစွဲခံရ လိမ်လည်ခံရသူများတွင် နာမည်ကြီး အဆိုတော်များလည်း ပါဝင်
Friday, January 24, 2014

ယုံကြည်စွာဖြင့် အကျိုးတူခံစားခွင့် ရရှိရန် အစုငွေ ထည့်ဝင်ထားသော ကျပ်သိန်းပေါင်း ငါးသောင်းကျော်အား ရှယ်ယာရှင်များကို မရှင်းပေးဘဲ တိမ်းရှောင်နေသူ ဒေါ်ဆွေဆွေအုန်းအား ပုဒ်မ ၄၀၆ ဖြင့် ၂၁-၁-၂၀၁၄ တွင် ဒဂုံ ဆိပ်ကမ်းမြို့နယ် အရေးယူထားသည်ဟု ကျပ်(၁၃၁၈)သိန်း ထည့်ဝင်သူ ကိုဖြိုးမင်းသိန်းက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

၎င်းက ““ကျွန်တော်တို့က အမှတ်(၅) ရှင်စောပုလမ်း၊ စမ်းချောင်းမှာ နေတာပါ။ ကျွန်တော်တို့ တိုက်ခန်းကို ဒေါ်ဆွေဆွေအုန်းတို့က ငှားနေပါတယ်။ ဒီ ၂၀၁၄ မတ်လကျမှ စာချုပ် ပြည့်ပါမယ်။ တိုက်ခန်း ငှားရမ်းခက တစ်လကို လေးသိန်းပါ။ စာချုပ်မှာ တစ်နှစ်ချုပ်ပေမယ့် လစာကိုတော့ ၆လ တစ်ခါ ရှင်းပါတယ်။ သူက လုပ်ငန်း ကြီး လုပ်ကိုင်တော့ ရှယ်ယာတွေ ထည့်ဝင်ကြတာပေါ့။ Cupid ပရိဘောဂပစ္စည်း ထုတ်တာပေါ့နော်။ ဒဂုံဆိပ်ကမ်း မြို့နယ် စက်မှုဇုန်(၂)၊ ဦးဘိုးလှိုင်လမ်းမှာလည်း သူ့စက်ရုံ ရှိတယ်လို့ သိရတယ်။ ကျွန်တော် တို့နဲ့ ခင်နေတာလည်း အတော်ကြာပါပြီ။ အစုထည့်ဝင်ငွေအတွက် တစ်လကို ကျပ်(၄၄) သိန်း ကျွန်တော်တို့က ရတယ်။ ပထမတော့ အမြတ်ငွေကို မှန်မှန်ပေးတယ်။ နောက်တော့ လုပ်ငန်းရှုံးလို့ဆိုပြီး ငါးသိန်းပေးလိုက်၊ ငါးသိန်းပေးလိုက် တစ်ခါတလေ သိန်း(၅၀)ပေးနဲ့ လစဉ်ရှင်းရမယ့် ငွေကြေးက အမြဲတမ်း ကျန်တယ်။ ခုပြီးသွားတဲ့ ဒီဇင်ဘာဆိုရင် ငွေ(၇)သိန်းပဲ ရသေးတယ်””ဟု ပြောသည်။

၎င်းကဆက်၍ ““ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင် တိုက်ခန်း အမှတ်(၈) ဆိုရင်လည်း တစ်ခန်း ရောင်းပြီးသားကို နောက်လူထပ်ရောင်းနဲ့ ပြဿနာတွေ ကြားနေရတယ်။ ကျွန်တော် ငှားထားတဲ့ အခန်းကိုလည်း ဘာမှ မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေရတယ်။ ကျွန်တော့်ဦးလေးတွေ အဒေါ်တွေဆိုရင် ၀န်ထမ်းလစာ ရတဲ့ငွေကို စုဆောင်းပြီး ထည့်ထားတာ ခုတော့ သူဘယ်လို ရှင်းမလဲ။ ကျွန်တော်တို့ ရမယ့် ငွေကြေးအတွက် ရှိတာကုန် သွားမှာမို့ တရားလည်း မစွဲနိုင်တော့ပါဘူး။ တချို့ဆို လူကို ယုံကြည်မှုနဲ့ စာချုပ်တောင် မချုပ်ဘဲ အလွတ် ပေးကြတာတွေ ရှိတယ်။ ခုလိုအရေးယူ ခံရတယ် ဆိုတော့လည်း စိတ်မကောင်းပါဘူး။ သူ့ကိုတွေ့ရင် မေးချင်တာ တစ်ခုပဲ ရှိတယ်။ ဒီလောက်ငွေတွေ အများကြီး ဘာတွေ သုံးလိုက်တာလဲ ဆိုတာပါပဲ””ဟု ပြောသည်။

အဆိုပါ ဒေါ်ဆွေဆွေအုန်းထံတွင် အစုရှယ်ယာ ထည့်ဝင်ကြသည့် လူတန်းစားများမှာ တရားရုံးချုပ်(ငြိမ်း) တရားသူကြီးများ၊ နာမည်ကြီး အဆိုတော်များ၊ နိုင်ငံခြား ရောက်နေသူများ ပါဝင်ပြီး နာမည်ကြီး အဆိုတော် တစ်ဦးထံ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ အစုထည့်ဝင်ခြင်း မဟုတ်ပါဟု ငြင်းဆိုသည်။ ထိုသူမှာ ထွန်းထွန်း (Example) ဖြစ်သည်။

သိန်းပေါင်း (၆၃၀၀) အစု ထည့်ဝင်သူ (အမည်မဖော်လိုသူ) ကလည်း ““ကျွန်မ ဖခင်နဲ့မိခင်က နိုင်ငံခြားမှာ သွားအလုပ်လုပ်ပြီး ပြန်လာတာ၊ ဒေါ်ဆွေဆွေအုန်းကို ယုံကြည်ပြီး ရှယ်ယာ ထည့်ပါတယ်။ တစ်ခါတည်း ဆုံးရော။ သူနဲ့ ရန်ဖြစ်ရတာလည်း အတော်မောနေပြီ၊ အမှုလည်း ဆက်မလုပ် ချင်တော့ပါဘူး။ အရင်ဘ၀က ၀ဋ်ကြွေးလို့ပဲ သဘောထားပါတယ်။ သိပ်လည်း မရင်းနှီးဘဲ ဒီလောက် ငွေကြေးတွေ ထည့်ဝင်ဖြစ်တာ ကိုယ့်ကိုယ်ကိုယ်လည်း အံ့သြလို့ မဆုံးဘူး။ သြော် ငါးထမင်းချဉ်တော့ မကြာခဏ လာပို့တယ် ””ဟု ပြောသည်။

မှတ်ချက်။ (အဆိုပါသူအား ဂုဏ်သိက္ခာအရ အမည် မဖော်ပြသော်လည်း တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်း နိုင်သည်။)

ပတ်ဝန်းကျင်တွင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်လည်း သိန်း (၁၀၀၀) ပါဝင်သည်ဟု သတင်းကြားသဖြင့် ဆက်သွယ် မေးမြန်းရာ အ၀င်ဖုန်း ပိတ်ထားသည်ဟု ဖြေကြားသည်။

တရားလို (အမည်မဖော်လိုသူ) ကျွန်းပါကေးတုံးပေါင်း (၃၅၁၀၀)တန်ဖိုးငွေကျပ် သိန်း (၃၀၀) အတွက် အမှုဖွင့် ထားသူကလည်း ရှယ်ယာငွေ ကျပ်သိန်း(၂၀၀၀) ထည့်ထားသည့် အမှုအတွက် မည်သို့မျှ ဒေါ်ဆွေဆွေအုန်းနှင့် မရင်ဆိုင်ရသေးကြောင်း၊ ယင်းသိန်း ၂၀၀၀ သည် ဆွေမျိုးများ၏ ၀ိုင်းဝန်း ထည့်ဝင်ငွေများ ဖြစ်ပြီး ၄င်းက တာဝန်ခံ ထားသဖြင့် စိုက်ရှင်းရမည် ဖြစ်၍ ခေါင်းခဲလျက် ရှိကြောင်း ပြောကြားသည်။

““ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ဆိုတာက မည်သူမဆို ရာဇ၀တ် မကင်းသော ယုံကြည် အပ်နှံရေး ဖောက်ဖျက်မှုကို ကျူးလွန်ရင် အဲဒီလူကို သုံးနှစ်ထိ ထောင်ဒဏ် ဖြစ်စေ၊ တစ်မျိုးမျိုးကို ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်ရမယ်တဲ့။ နောက်ပြီး အာမခံ မပေးနိုင်ဘူး။ ကျေအေးခွင့် မရှိဘူး၊ ရဲအရေးပိုင်တဲ့ အမှုဖြစ်တယ်””ဟု တရားရုံးချုပ် လ/ထ ညွှန်ကြားရေးမှူး (ငြိမ်း) တရားလွှတ်တော် ရှေ့နေ ဦးသောင်းမြင့်က ပြောသည်။

အဆိုပါ အစုရှယ်ယာရှင် အချို့ထံ ဒေါ်ဆွေဆွေအုန်းက ငါးထမင်းချဉ် ပေးပို့လေ့ ရှိသည်ဟုလည်း သိရပြီး ၂၂-၁-၂၀၁၄ တွင် အစုရှယ်ယာရှင်များကို ဒေါ်ဆွေဆွေအုန်းက တွေ့ဆုံ ညှိနှိုင်းမည်ဟု အကြောင်းကြား ထားသော် လည်း ၂၁-၁-၂၀၁၄ တွင် ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံး၌ ပုဒ်မ ၄၀၆ ဖြင့် အရေးယူ ခံထားရသဖြင့် မည်သို့ ဆက်လက် ဆောင်ရွက်မည် မသိကြောင်း အခုရှယ်ယာရှင် ကိုဖြိုးမင်းသိန်းက ထပ်လောင်း ပြောကြားသည်။

ဒေါ်ဆွေဆွေအုန်း၏ အကျိုးဆောင် တရားလွှတ်တော် ရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)ထံ ဆက်သွယ် မေးမြန်းရာ ““မိသားစု သော်လည်းကောင်း၊ ဆွေမျိုး များမှသော်လည်းကောင်း အမှုကိစ္စနှင့် ပတ်သက်၍ အမှုသည်၏ ညွှန်ကြားချက်အရ ပြောဆိုမည် ဖြစ်သော်လည်း ညွှန်ကြားချက်နှင့် သွေဖည်သော မည်သည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းအား ပြောကြားခွင့် မရှိပါ။ အခြား လိုအပ်တာ မှန်သမျှ လုံးဝ ကူညီမည်”” ဟုပြောသည်။

စိန်မျက်ခုံး
Myanmartandawsint Newspaper
ယုံကြည်စွာဖြင့် အကျိုးတူခံစားခွင့်ရရှိရန် အစုငွေထည့်ဝင်ထားသော ကျပ်သိန်းပေါင်း ငါးသောင်းကျော် အား ရှယ်ယာရှင်များကို မရှင်းပေးဘဲ တိမ်းရှောင်နေသူ ဒေါ်ဆွေဆွေအုန်းအား ပုဒ်မ ၄၀၆ ဖြင့် ၂၁-၁-၂၀၁၄ တွင် ဒဂုံ ဆိပ်ကမ်းမြို့နယ် အရေးယူထားသည်ဟု ကျပ်(၁၃၁၈) သိန်း ထည့်ဝင်သူ ကိုဖြိုးမင်းသိန်းက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

မြန်မာနိုင်ငံ၌ မတွေ့ရှိသေးသည့် မိကျောင်းပါးစပ်ပါ ငါးမျိုးစိတ် လှိုင်မြစ်အတွင်း ပထမဆုံးအကြိမ် တွေ့ရှိ

Photo: မြန်မာနိုင်ငံ၌ မတွေ့ရှိသေးသည့် မိကျောင်းပါးစပ်ပါ ငါးမျိုးစိတ် လှိုင်မြစ်အတွင်း ပထမဆုံးအကြိမ် တွေ့ရှိ
Friday, January 24, 2014

မြန်မာနိုင်ငံ၌ မတွေရှိရသေးသည့် မိကျောင်းပါးစပ်ပါသော ငါးမျိုးစိတ်တစ်မျိုးကိုမှော်ဘီနှင့် ရွှေပြည်သာမြို့အကြားရှိ လှိုင်မြစ်အတွင်း ၀ါးတစ်ရာဆိပ်ကမ်းအနီးတွင်ပထမဆုံးအကြိမ် ဖမ်းဆီးတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

“ဒီငါးကို ၁၉ ရက် ညနေ ၅ နာရီမှာ ဖမ်းမိတုန်းက လှိုင်မြစ်ထဲမှာ ငါးတန်နဲ့အတူ ပိုက်မှာမိတယ်။ မိပြီး ရေလုပ်သားက ဒိုင်ကိုတစ်သောင်းနဲ့ရောင်းတယ်။ ကျွန်တော်က သူ့ဆီက ငါးသောင်းနဲ့ပြန်ဝယ်ခဲ့တယ်။ အိမ်ရောက်တော့ ဓားနဲ့ခုတ်ကြည့်တော့ သူအကြေးခွံက တော်တော်မာတာကို တွေ့ရတယ်။ ငါးပုံစံကမြင်ဖူးနေကျမဟုတ်ဘဲ မိကျောင်းပါးစပ်လိုဖြစ်နေလို့ ငါးလုပ်ငန်းကိုလာပြတယ်” ဟုအဆိုပါငါးကို ၀ယ်ယူခဲ့သူ ကိုညီမင်းထွဋ် က ပြောကြားသည်။

ယင်းငါးမျိုးမှာ မြန်မာနိုင်ငံတွင်မရှိသော အမေဇုန်မြစ်ကဲ့သို့သောနေရာမျိုးတွင် ရှိသည့် ပြည်ပငါးမျိုးစိတ်သာဖြစ်ကြောင်း၊ငါးပုံစံမှာ မိကျောင်းပါးစပ်ဖြစ်ကာ အပေါ်မေးရိုးတွင်ကြီးမားသော သွားများပါ၍အစားကြီးသောပုံစံရှိပြီး လူတစ်ရပ်ထိ ကြီးထွားနိုင်သော အကောင်ကြီးမျိုးဖြစ်သဖြင့် မူလရှိသော မိမိတို့ရေမြေအတွင်းရှိ ငါးမျိုးစိတ်များကို ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က သုံးသပ်ပြောကြားသည်။

“ကိုယ်ဆီမှာ တွေ့ရတဲ့ငါးမျိုးမဟုတ်ဘဲ ရေပိုင်နက်ထဲရောက်နေတာကလည်း စဉ်းစားစရာပါ။ တခြားသူ့လိုအကောင်တွေရှိသေးရင် ကိုယ့်မျိုးငါးတွေအတွက် အန္တရာယ်ရှိတယ်။ ပြည်ပက သေဆုံးငါးသွင်းရင်တောင် လိုင်စင်ယူပြီးမှ သွင်းရတာပါ။ နိုင်ငံခြားမျိုးငါးတွေ သွင်းရင်လည်း သဘာဝပတ်ဝန်းကျင် မထိခိုက်ဘဲ စီးပွားဖြစ်ပြီး ပြည်ပပို့နိုင်၊ ကိုယ်လည်းစားနိုင်တဲ့ ငါးမျိုးတွေဆိုရင်တော့ သွင်းပြီးမွေးသင့်ပါတယ်” ဟု ဦးဝင်းကြိုင်က ပြောသည်။

လှိုင်မြစ်အတွင်း ဖမ်းဆီးရမိသော မိကျောင်းပါးစပ်ပါ ငါးမျိုးကို Alligator Gar Fish ဟုခေါ်၍ ရေချိုငါးမျိုးဖြစ်ပြီး မြောက်အမေရိကတွင်တွေ့ရှိရ၍ အရွယ်ရောက်ချိန်၌ အပေါ်မေးရိုးနှစ်တန်းတွင် ကြီးမားသော သွားများပါရှိကာ ၁၀ ပေထိအရှည်ရှိပြီး အနည်းဆုံးပေါင် ၂၀၀ (၉၁ကီလိုဂရမ်)ထိ အလေးချိန်ရှိကြောင်းသိရသည်။ ယခုဖမ်းဆီးရမိသော အဆိုပါငါးမှာ အရှည်နှစ်ပေနှင့် ကိုးလက်မရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားငါးမျိုးစိတ်ပေါင်း ၁၀၀၀ ခန့်ရှိ၍ ရေချိုငါးမျိုးစိတ် ၆၀၀ ခန့်ရှိကာ ရေငန်ငါးမျိုးစိတ် ၄၀၀ ကျော်ရှိကြောင်း သိရသည်။

(လှိုင်မြစ်အတွင်းမှ ဖမ်းဆီးရမိသည့် မိကျောင်းပါးစပ်ပါငါး(Alligator Gar Fish) ကို တွေ့ရစဉ်(ဓာတ်ပုံ-မျိုးမင်းထက်))
မြန်မာနိုင်ငံ၌ မတွေရှိရသေးသည့် မိကျောင်းပါးစပ်ပါသော ငါးမျိုးစိတ်တစ်မျိုးကိုမှော်ဘီနှင့် ရွှေပြည်သာ မြို့အကြားရှိ လှိုင်မြစ်အတွင်း ၀ါးတစ်ရာဆိပ်ကမ်းအနီးတွင်ပထမဆုံးအကြိမ် ဖမ်းဆီးတွေ့ရှိ ခဲ့ကြောင်း မြန် မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

ပေတစ်ထောင်အကွာမှ အသုံးပြုနိုင်သော စနိုက်ပါမှန်ပြောင်း ၂၅၀ နှင့် စစ်သုံးပစ္စည်းများဖမ်းမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မိုင်းလားမြို့မှ ကျိုင်းတုံမြို့သို့ မောင်းနှင် လာသည့် ခြောက်ဘီး ကုန်တင် ယာဉ်တစ်စီးပေါ်တွင် ပေတစ်ထောင်အကွာမှ အသုံးပြုနိုင်သော စနိုက်ပါမှန်ပြောင်း ၂၅၀ နှင့် စစ်သုံးပစ္စည်းများ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးကျော်ဝင်းက ပြောကြားသည်။

ဖမ်းမိသည့် ကာမစိတ်ကြွဆေးဝါးကို ဆိုင်ပိုင်ရှင်များက ရောင်းခိုင်းခြင်းမဟုတ်ဟု ပြည်ထဲရေး ဒု-၀န်ကြီးဆို

ရန်ကုန်မြို့ရှိ နာမည်ကြီး ဈေးဝယ်စင်တာများဖြစ်သည့် စိန်ဂေဟာနှင့် တော်ဝင်စင်တာတို့တွင် ဖမ်းဆီး ရမိ သော ကာမစိတ်ကြွဆေးများကို ဆိုင်ပိုင်ရှင်နှင့် ဆိုင်မန်နေဂျာများက ရောင်းချ ခိုင်းခြင်း မဟုတ်ဟု ပြည် ထဲ ရေးဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဇန်န၀ါရီလ ၂၃ ရက် အမျိုးသားလွှတ်တော် အစည်း အဝေးတွင် ပြောဆိုလိုက်သည်။

ဟိုပင် ဆယ်ဇင်း ကားလမ်းပေါ်တွင် KIA မှ ဆက်ကြေးကောက်ခံလျှက်ရှိ

Photo: ဟိုပင် ဆယ်ဇင်း ကားလမ်းပေါ်တွင် KIA မှ ဆက်ကြေးကောက်ခံလျှက်ရှိ
Friday, January 24, 2014

ဟိုပင် ဆယ်ဇင်း ကားလမ်းပေါ်တွင် KIA မှ ခရီးသည်တင်ယာဉ်များထံ ဆက်ကြေးများ အတင်းအဓမ္မကောက်ခံလျှက်ရှိကြောင်း ဆယ်ဇင်းရွာသားတစ်ဦး ပြောကြားချက်အရသိရသည်။  

ပွင့်လင်းရာသီရောက်လာလို့ ဟိုပင် ဆယ်ဇင်း ကားလမ်းပွင့်ပြီး ကျနော်တို့ရွာသားတွေ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေခဲ့ပါတယ်။ ခုတော့ KIA ကလမ်းကကားတွေကို လမ်းပြင်စားရိတ်ဆိုပြီး ၁၂ဘီးကားကို တစ်စီး ၁၅သိန်း၊ ခရီးသည်တင်ကားကို တစ်စီး ၅သိန်း ဆပ်ကြေးကောက်ခံနေပါတယ်။ ဦးဆောင်သူကတော့ KIA ဆယ်ဇင်းရွာတာဝန်ခံ ဦးဌေး နှင့် နဂါးလေးတို့ဖြစ်ပါတယ်။ ဆပ်ကြေးမပေးရင်လဲ KIA ကကားတွေကိုမီးရှို့မယ်လို့ နဂါးလေးကိုယ်တိုင်ရွာထဲမှာ ခြိမ်းခြောက်ထားပါတယ်။ ဒါတင်မကသေးပဲ KIA ရိက္ခာအတွက်ဆိုပီး ၁၂ဘီးကို ၁၂သိန်း ခရီးသည်တင်ကားကို ၇သိန်းမပေးမနေရ ထပ်ကောက်နေပြန်ပါတယ်။ ဆပ်ကြေးတွေ ခေါင်းစဉ်အမျိုးမျိုးနဲ့ မတရားကောက်ခံနေတာကြောင့် ကားပိုင်တွေ ဒုက္ခရောက်ရသလို ကျေးရွာနေ ပြည်သူတွေကလဲ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း ဆပ်ကြေးပေးရခြင်းဖြင့် အတော့်ကို ဒုက္ခရောက်နေကြရပါတယ်ခင်ဗျာ။ DVB ကperson of the year ပေးထားတဲ့ ဗိုလ်ချုပ်ဂွမ်မော်နှင့် သက်ဆိုင်သူများ ဒီကိစ္စတွေကို သိသလားတော့ မသိဘူး။ သက်ဆိုင်သူတွေအနေနဲ့  အမြန်လာရောက် ကူညီဖြေရှင်းပေးစေချင်ပါတယ်။ 

From : .... www.MyanmarExpress.net
ဟိုပင် ဆယ်ဇင်း ကားလမ်းပေါ်တွင် KIA မှ ခရီးသည်တင်ယာဉ်များထံ ဆက်ကြေးများ အတင်း အဓမ္မကောက်ခံ လျှက် ရှိကြောင်း ဆယ်ဇင်းရွာသားတစ်ဦး ပြောကြားချက်အရသိရသည်။ 

စာချုပ်ဖျက်သိမ်းခံရသည့် ဧရာဝတီ ကစားသမားများ လျော်ကြေးမရဟုဆို

၂၀၁၃ မြန်မာနေရှင်နယ်လိဂ်တွင် ဧရာဝတီယူနိုက်တက်အသင်း၌ ပါဝင်ကစားခဲ့ပြီး ၂၀၁၄ ရာသီမစတင် မီတွင် စာချုပ်ဖျက်သိမ်းခံခဲ့ရသည့် ဧရာဝတီယူနိုက်တက်ကစားသမားများကို အသင်းမှသုံးလစာ လျော်ေ ကြးေ ငွပေး မည် ဟု ဆိုခဲ့သော်လည်း ယခုအချိန်ထိ ရရှိခြင်း မရှိသေးကြောင်း စာချုပ်ဖျက်သိမ်းခံ ရသည့် ကစားသမားလေးဦးတွင် တစ်ဦးအပါအ၀င် ဖြစ်သည့် တောင်ပံကစားသမား ညီညီမင်းက ပြော သည်။

ဘောလုံးကန်စဉ် စကားများရာမှ လူသတ်မှုဖြစ်

မှော်ဘီမြို့နယ်တွင် ဘောလုံးကစားစဉ် စကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦးမှာ ချွန်ထက်သောအရာဖြင့် ခုနစ်ချက်ခန့်ထိ ထိုးသွင်း သတ်ဖြတ် ခံလိုက်ရသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဇန်န၀ါရီ ၂၃ တွင် သတင်းထုတ်ပြန်သည်။

လွှတ်တော် လာရောက်လေ့လာသည့် NLD ပါတီဝင်တစ်ဦးရုတ်တရက် သတိလစ်သွားသဖြင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များထဲမှ ပါရဂူ ဆရာဝန်ကြီးများမှ အရေးပေါ် ကုသပေးခဲ့

Photo: လွှတ်တော် လာရောက်လေ့လာသည့် NLD ပါတီဝင်တစ်ဦးရုတ်တရက် သတိလစ်သွားသဖြင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များထဲမှ ပါရဂူ ဆရာဝန်ကြီးများမှ အရေးပေါ် ကုသပေးခဲ့
Wednesday, January 23, 2014

နေပြည်တော် ပြည်သူ့လွှတ်တော်တွင် ကျင်းပလျက်ရှိသော ၂၃-၁-၂၀၁၄ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ လာရောက်လေ့လာလျက် ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကျောက်ပတောင်း မြို့နယ်ပါတီဝင် ဦးမြင့်အေး၊ အသက် ၄၀ နှစ် ရှိသူသည် ၀က်ရူးပြန်ရောဂါကြောင့် ရုတ်တရက် သတိလစ် တက်သွားခဲ့ရာ လွတ်တော်အတွင်းရှိ တပ်မတော်သား ပြည်သူ့လွတ်တော်ကိုယ်စားလှယ် များထဲတွင် ပါဝင်သည့် ပါရဂူ ဆရာဝန်ကြီးများမှ အရေးပေါ်ကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။ ၎င်းဖြစ်စဉ်ကြောင့် ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းမှ အစည်းအဝေးအား ခေတ္တရပ်နားပေးခဲ့သည်။

ဖြစ်ပွားချိန်မှာ နေ့လည် ၁၂ နာရီခန့်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးမြင့်အေးသည် နေပြည်တော် နေ့လည် အပူရှိန်တို့ကြောင့် ယခင်အခံရှိသော ၀က်ရူးပြန်ရောဂါ ရုတ်တရက်ထ၍ သတိလစ်သွား ခြင်းဖြစ်ကြောင်း၊ တပ်မတော်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ပါရဂူဆရာဝန်ကြီးများ၏ ပြုစုကုသမှုကြောင့် သတိပြန်လည် ရရှိလာခဲ့ပြီး ၄င်းအား နေပြည်တော် ပြည်သူ့ဆေးရုံ (ကုတင် ၁၀၀၀) သို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ပြည်သူ့လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် ၁၁၀ ဦးရှိပြီး ၄င်းတို့အနက် ၅ ဦးမှာ ပါရဂူ ဆရာဝန်ကြီးများဖြစ်ကြောင်း သိရှိရသည်။

ရေးသားသူ - မောင်မြင့်နောင်
ဓာတ်ပုံ - ဥက္ကာကိုကို
နေပြည်တော် ပြည်သူ့လွှတ်တော်တွင် ကျင်းပလျက်ရှိသော ၂၃-၁-၂၀၁၄ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ လာရောက်လေ့လာလျက် ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကျောက်ပတောင်း မြို့နယ်ပါတီဝင် ဦးမြင့်အေး၊ အသက် ၄၀ နှစ် ရှိသူသည် ၀က်ရူးပြန်ရောဂါကြောင့် ရုတ်တရက် သတိလစ် တက်သွားခဲ့ရာ လွတ်တော်အတွင်းရှိ တပ်မတော် သား ပြည်သူ့လွတ်တော်ကိုယ်စားလှယ် များထဲတွင် ပါဝင်သည့် ပါရဂူ ဆရာဝန်ကြီးများမှ အရေးပေါ်ကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။ ၎င်းဖြစ်စဉ်ကြောင့် ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းမှ အစည်းအဝေးအား ခေတ္တရပ်နားပေးခဲ့သည်။