Monday, January 6, 2014

မြန်မာသံရုံး ဗုံးခွဲရန် ကြံစည်သည့် အကြမ်းဖက်များနှင့် အင်ဒိုရဲများ တိုက်ပွဲဖြစ်၊ အကြမ်းဖက်သမား ခြောက်ဦးသေဆုံး

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာတွင် ရှိသော မြန်မာသံရုံးကို ဗုံးခွဲရန် အဓိက ကြိုးကိုင် ကြံစည်သည့် အဖွဲ့ဝင်များနှင့် အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက် နှိမ်နင်းရေး ရဲတပ်ဖွဲ့တို့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားရာ အင်ဒိုနီးရှား ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အကြမ်းဖက်သမား ခြောက်ဦး သေဆုံးသွားကြောင်း AFP သတင်းဌာနတွင် ဖော်ပြထားသည်။

ရွှေပြည်သာ အုပ်စုဖွဲ့လူသတ်မှု သံသယရှိသူ ခုနစ်ဦးကို ငါးရက်အတွင်း ဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် (၁၀) ရပ်ကွက် ဘုရင့်နောင်လမ်းနှင့် ပြည်တော်သာ ပတ်လမ်းဆုံတွင် ဇန်နဝါရီလ ၁ ရက်နေ့ (နှစ်သစ်ကူးနေ့) က အသက် ၂၃ နှစ်အရွယ် လူတစ်ဦး သေဆုံးခဲ့သော အုပ်စုဖွဲ့ လူသတ်မှုနှင့် ပတ်သက်၍ သံသယရှိသူ ခုနစ်ဦးကို ငါးရက်အတွင်း ဖမ်းမိခဲ့ပြီး စစ်ဆေးလျက် ရှိကြောင်း ရွှေပြည်သာ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက The Voice သို့ ပြောကြားသည်။

မားမား ခေါက်ဆွဲခြောက်စက်ရုံအတွင်း မီးလောင်

လှိုင်သာယာမြို့နယ် စက်မှုဇုန် အမှတ် (၃)၊ ဆိပ်ကမ်းသာလမ်းရှိ မားမားခေါက်ဆွဲခြောက် စက်ရုံဝင်း တွင် ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) ညနေ ၄ နာရီ ၅၄ မိနစ်က ဖွဲပြာ မီးကြွင်းမီးကျန်များမှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနထံမှ စုံစမ်းသိရှိရသည်။
ယင်းစက်ရုံ အနောက်ဘက်တွင် ပီနံအိတ်ဖြင့် စုပုံထားရှိသော (ဘွိုင်လာအိုးကို မီးထိုးရာတွင် အသုံးပြုပြီးသော) ဖွဲပြာအိတ်များရှိ ဖွဲပြာ မီးကြွင်းမီးကျန်များမှ ပီနံအိတ်၊ ပလတ်စတစ်အိတ်များနှင့် ယင်းအိတ် အနီးရှိ စားအုန်းဆီ ပီပါခွံများကို မီးကူး လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ မီးသတ် ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဦးနှောက်အကြောင်းသိကောင်းစရာ

၁) ဦးနှောက်ခြောက်ခြင်း
သင့်ရဲ့ဦးနှောက်ကို ရုပ်မြင်သံကြားအစီအစဉ်တွေထဲမှာမြင်ရသလို အညိုရောင်အစိုင်အခဲအတုံးကြီးအဖြစ် သင်ထင်နေပါတယ်... ဦးနှောက်ရဲ့ အစိတ်အပိုင်းအများစုကို ရေတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုရင် သင်အံ့သြကောင်း အံ့သြမိသွားနိုင်ပါတယ်... ဦးနှောက် တစ်သျှူးတွေရဲ့ ၈၀% ဟာ အရည်ချည်း သက်သက်ဖြစ်ပါတယ်... ဒါကြောင့် သင့်အနေနဲ့ ရေငတ်သလိုဖြစ်လာခဲ့တယ်ဆိုရင် ဦးနှောက် မခြောက်ဖို့ ရေသောက်ဖို့ လိုမယ်ဆိုတာကို သတိပြုနိုင်ပါလိမ့်မယ်....

တိုင်းဒေသကြီးနှစ်ခုကြား အငြင်းပွားမြေနုကျွန်း ပိုင်ဆိုင်မှု မြန်မာပြည် မြေတိုင်းအဖွဲ့ တိုင်းတာမည်

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်ရှိ သက္ကယ်ကျွန်း ကျေးရွာနှင့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အဖျောက်မြို့ ရေပေါ်သောင် ကျေးရွာတို့မှ နှစ်ဖက် တောင်သူများ လုပ်ပိုင်ခွင့် အငြင်း ပွားနေသော မြေနု ကျွန်းများ ပိုင်ဆိုင်မှု ဖြေရှင်းနိုင်ရန် မြေတိုင်းဦးစီးဌာနက တိုင်းတာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအုန်းသန်းက ဇန်နဝါရီလ ၃ ရက်နေ့က ဇလွန်မြို့တွင် ပြောကြားသည်။

ပြည်သူများ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်နိုင်မည့် သီးသန့်နေရာများ တစ်နိုင်ငံလုံးတွင် ပြုလုပ်ပေးရန် ဦးမင်းကိုနိုင် တောင်းဆို

ပြည်သူများ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်နိုင်မည့် သီးသန့်နေရာများ တစ်နိုင်ငံလုံးတွင် ပြုလုပ်ပေးရန် ဦးမင်းကိုနိုင် တောင်းဆို
Monday, January 6, 2014

 ပြည်သူများ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်နိုင် ရန်အတွက် သီးသန့်နေရာများ ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်ပေးရန် ၈၈မျိုးဆက်(ငြိမ်း /ပွင့်)မှ ဦးမင်းကိုနိုင်က တောင်း ဆိုလိုက်ကြောင်း သိရသည်။ ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီမှုမရှိသည့် ဥပဒေများကို ပယ်ဖျက်ပေးရန်အတွက် ဇန်နဝါရီ ၅ရက်က မဟာဗန္ဓုလပန်းခြံဘေးနှင့် ယခင် တရားရုံးချုပ်ဟောင်းကြားရှိနေ ရာ၌ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

''ပြည်သူလူထု အခွန်အခ မတတ်နိုင်ဘူးဆိုတာကို အဲဒီမှာ စုရုံးခွင့်၊ ဟောပြောနိုင်ခွင့်အတွက် နေရာတွေကို မြို့တိုင်းရွာတိုင်းမှာ ရှိအောင် ကျွန်တော်တို့ပြန်တောင်း ဆိုရမယ်။ တောင်းကိုတောင်းရ မယ်။ နိုင်ငံသားအခွင့်အရေးအ ပြည့်အဝ ရဖို့ဆိုရင် ကျွန်တော်တို့ ထုတ်ဖော်နရမယ်။ နေရာပေး ပါ။ စည်ပင်သာယာကပေးမလား၊ အိုးအိမ်ကပေးမလား ဘယ်သူပေး ပေး၊ အုပ်ချုပ်တဲ့အစိုးရပေးမလား။ ဘယ်သူပေးပေး ပြည်သူလူထုနေ ရာတွေကို ပြန်ပေးဖို့တောင်းဆိုပါ တယ်''ဟု ဦးမင်းကို နိုင် က တောင်း ဆိုခဲ့သည်။

ပြည်သူလုထု ဆိုသည်မှာ တိုင်းပြည်၏ အရှင်သခင်ဖြစ်သည့် အတွက် အရှင်သခင်ကျေနပ်မှုမ ရှိသည့်အကြောင်းအရာကို ချက် ချင်း ပြောဆိုတောင်းဆိုနိုင်ရန်အ တွက်နေရာလိုအပ်ကြောင်း ယင်း က ဆက်လက်ပြောသည်။ ''ဥပဒေဆိုတာ ပြည်သူ ရဲ့ အပေါ်က ကျလာတာဖြစ်နေတယ်။ နောက်နောင်မှာ ဥပဒေဆိုတာ ပြည်သူက ပြဋ္ဌာန်းတာဖြစ်အောင် လို့ ကျွန်တော်တို့အားလုံးဝိုင်းဝန်း ပါဝင်ပူးပေါင်း ကြိုးစားသင့်တယ်'' ဟု ဦးကိုကိုကြီးက ပြောသည်။

၈၈မျိုးဆက်(ငြိမ်း/ပွင့်)မှ ဦးမြအေးက ''ဒီနေ့ပွဲဟာ နောင် လာမယ့် ဆန္ဒပြပွဲတွေအတွက်အ တုယူစရာဖြစ်လာမှာပါ။ ကျွန်တော် တို့ပြည်သူတွေဟာ စည်းရှိကမ်း ရှိဆန္ဒပြတတ်တယ်ဆိုတာ ကြွေး ကြော်တဲ့ပွဲဖြစ်ပါတယ်''ဟု ပြည်သူ လူထုအား ဟောပြော ခဲ့သည်။ အဆိုပါဆန္ဒပြမှုသည် ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)မှ ဦးဆောင် ခြင်းဖြစ်ပြီး ၎င်းတို့မှဦးဆောင်မှု ဖြင့် လူမှုအဖွဲ့အစည်းပေါင်း ၅၉ဖွဲ့ မှ ပူးပေါင်းပါဝင်ခဲ့ကြခြင်းဖြစ်ပြီး သက်ဆိုင်ရာမှာ တရားဝင်ခွင့်ပြု ချက်ဖြင့် ပြုလုပ်ခဲ့ကြ ခြင်းဖြစ် သည်။

ထို့ပြင် လွှတ်တော်ကိုယ်စား လှယ်များလည်း တက်ရောက်ခဲ့ပြီး ပြည်သူများက တခဲနက်အားပေး ထောက်ခံခဲ့ကြကာ ဦးမင်းကိုနိုင် က တက်ရောက်လာသောပြည်သူ များသို့ ''ဒီထဲမှာ ၃ဝဝဝရလို့တက် တဲ့သူတွေပါလား။ တစ်အိမ်တစ် ယောက်နှုန်း ဖြင့် မတက် မနေရ၊ မတက်ရင် တည်ဆဲဥပဒေအရအ ရေးယူမယ်ဆိုလို့ တက်တဲ့သူများ ပါသလား''ဟု မေးမြန်းခဲ့သည်။ ယင်းဆန္ဒပြပွဲအား ယခင် က ဇန်နဝါရီလ၄ရက်(လွတ်လပ် ရေးနေ့)တွင် ပြုလုပ်ရန်ခွင့်ပြုမိန့် တင်ခဲ့သော်လည်း သက်ဆိုင် ရာ မှ ညှိနှိုင်းမှု ကြောင့် ယခုကဲ့သို့ ဇန် နဝါရီ၅ရက်သို့ ပြောင်းလဲပြုလုပ် ခဲ့ခြင်းဖြစ်သည်။


ဇန်နဝါရီ၅ရက်က မဟာဗန္ဓုလပန်းခြံဘေးတွင် ပြည်သူလူထုအား ဟောပြောနေသည့် ဦးမင်းကိုနိုင်အား တွေ့ရစဉ်။ဓာတ်ပုံ - အေအက်ဖ်ပီ
ရွှေရည်မဉ္ဇူ၊ နန်းသီတာဝင်း

The Yangon Times
ပြည်သူများ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်နိုင် ရန်အတွက် သီးသန့်နေရာများ ကို တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ပြုလုပ်ပေးရန် ၈၈မျိုးဆက်(ငြိမ်း /ပွင့်)မှ ဦးမင်းကိုနိုင်က တောင်း ဆိုလိုက်ကြောင်း သိရသည်။ ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီမှုမရှိသည့် ဥပဒေများကို ပယ်ဖျက်ပေးရန်အတွက် ဇန်နဝါရီ ၅ရက်က မဟာဗန္ဓုလပန်းခြံဘေးနှင့် ယခင် တရားရုံးချုပ်ဟောင်းကြားရှိနေ ရာ၌ပြုလုပ်ခဲ့သည့် ဆန္ဒပြ ပွဲတွင် ပြောဆို ခဲ့ခြင်းဖြစ်သည်။

သမ္မတက ကျပ်သိန်းသုံးထောင် မဲဖောက်ပေးသည်ဟုဆိုကာ ငွေလိမ်တောင်း

နိုင်ငံတော်၏ ၂၀၁၃ ဘဏ္ဍာနှစ်အချုပ် ငွေတွင် ပိုငွေသိန်း ၃၃၀၀ ကို ပြည်သူများအတွက် မဲဖောက်ပေး သည်ဟုဆိုကာ ငွေလိမ်လည်ရန် ကြိုးပမ်းမှုတစ်ခု နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ဖြစ်ပွားခဲ့ သည်ဟု လိမ်လည်ခံရသူ မခင်မိုးက ဒီဇင်ဘာ ၅ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ဘဏ္ဏာငွေများအား နိုင်ငံတော်မှ ချထားပေးသော ဖုန်းနံပါတ်များ မဲဖောက်ပေးခဲ့ရာတွင် ဖုန်း ပိုင်ရှင် သုံးဦးမဲပေါက်ခဲ့သည့်အတွက် တစ်ဦးလျှင် သိန်း ၁၁၀၀ ကျပ်စီ ရရှိမည်ဖြစ်ပြီး နိုင်ငံတော်သို့ အခွန်ငွေအဖြစ် ကျပ် ၂၂ သိန်းကို ပြန်လည်ပေးသွင်းရမည်ဟုဆိုကာ ဇန်န၀ါရီ ၂ ရက်တွင် ဖုန်းဖြင့် ဆက်သွယ် လိမ်လည် ခဲ့ခြင်းဖြစ်သည်။

ယာဉ်မောင်းနေစဉ် ဖုန်းသုံးစွဲခြင်း အကြီးမားဆုံးအန္တရာယ်ဟု လေ့လာသူများ သုံးသပ်

ယာဉ်မောင်းနေစဉ်အတွင်း ဖုန်းသုံးစွဲခြင်းသည် အကြီးမားဆုံးအန္တရာယ်တစ်ရပ်ဖြစ်သည်ဟု အင်္ဂလန် နိုင်ငံ ထုတ် ဆေးဝါးဂျာနယ်တစ်စောင်မှ လေ့လာချက်အသစ်တစ်ရပ်တွင် ဖော်ပြထားသည်။

ကားတစ်စီးအား မောင်းနှင်နေစဉ်တွင် ဆဲလ်ဖုန်းခေါ်ဆိုမှုပြုလုပ်ခြင်းသည် ယာဉ်တိုက်မှုအန္တရာယ်နှင့် ယာဉ်တိုက်လုနီးပါးအခြေအနေဖြစ်ပေါ်မှုကို သာမန်ထက်ရှစ်ဆခန့် ပိုမိုများပြားစေနိုင်သည်ဟု လေ့လာမှု တွင် ဖော်ပြထားသည်။ သုတေသီများသည် ဗာဂျီနီးယားအနောက်တောင်ပိုင်းမှ ဆယ်ကျော်သက် အရွယ် လိုင်စင်ရထားပြီးသား ယာဉ်မောင်း ၄၂ ဦးနှင့် ၀ါရှင်တန်မှအတွေ့အကြုံရှိသည့် မော်တော်ကား မောင်းသူ ၁၀၉ ဦးတို့ထံမှ ယာဉ်မောင်းဆိုင်ရာ အချက်အလက်များကို ၁၂ လမှ ၁၈ လကြာအထိ စု ဆောင်းကောက် ယူခဲ့ကြသည်။

3.1.2014 to 9.1.2014 ထိ ၇ရက်ဟောစာတမ်း

တနင်္ဂနွေ

ရည်ရွယ်ချက် မရှိဘဲ အလုပ်တစ်ခု လုပ်ဖြစ်မည်။ လက်ရှိ အလုပ် အတိုက်အခံ ပေါ်မည်။ မမျှော်လင့်သော ခရီးတစ်ခု ထွက်ဖြစ်မည်။ ချစ်သူ ၁ယောက် နှင့် စိတ်ဝမ်းကွဲမည်။ မိသားစု၏ အပြစ်တင်ခြင်းခံရမည်။ လူယုံမထားရ။ လူပေါင်းမှားမယ်။ စကားပြောဆင်ခြင်ပါ။ စက် ၊ မြေ ၊ အိမ်များ ပြောင်းလဲ ၊ ရောင်းဝယ် ၊ ပြုပြင်မှု့တွေ ဖြစ်မည်။ လုပ်ငန်းသစ်တစ်ခု လုပ်ဖြစ်မည်။ ရှယ်ယာတစ်ခုအောင်မြင်မည်။

အကျိုးပေးဂဏန်းမှာ - ၉၊ ၆၊ ၃။

ဥပဒေများ ပြည်သူကတစ်ဆင့် ပြဋ္ဌာန်းရန်လိုဟု ၈၈ အဖွဲ့ဆို

နိုင်ငံနှင့်လူမျိုးအတွက် ဥပဒေများပြဋ္ဌာန်းရာတွင် ပြည်သူ့အတွက် အာမခံချက်ပေးနိုင်ရန်သာမက အဆိုပါ ဥပဒေပြဋ္ဌာန်းချက်များသည် ပြည်သူလူထုကိုယ်တိုင် ပြဋ္ဌာန်းခွင့်ရရန်လိုပြီး ပြည်သူကို ပိတ်ပင် တားဆီး ရာရောက်နေသည့် ဥပဒေများသည်လည်း မလိုအပ်တော့ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ထောက်ပြ ပြောဆိုလိုက်သည်။

ပုဒ်မ ၁၈ အပါအ၀င် ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်သော ဥပဒေများအား ပြင်ဆင်၊ ဖျက်သိမ်းရန် ဆန္ဒထုတ်ဖော်

ပုဒ်မ ၁၈ အပါအ၀င် ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်သော ဥပဒေများအား ပြင်ဆင်၊ ဖျက်သိမ်းရန် ဆန္ဒထုတ်ဖော်မှုကို ဇန်န၀ါရီ ၅ ရက်က ရန်ကုန်မြို့တော်ခန်းမ အနီးတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင်များ ဦးဆောင်၍ ပြုလုပ်ခဲ့ကြသည်။