Thursday, February 13, 2014

၃၈ လမ်းမှ တရားမဝင် သင်္ဘောသားများ စေလွှတ်သည့် ရုံးခန်းကို စသုံးလုံး ဝင်ဖမ်း

Photo: ၃၈ လမ်းမှ တရားမဝင် သင်္ဘောသားများ စေလွှတ်သည့် ရုံးခန်းကို စသုံးလုံး ဝင်ဖမ်း
Thursday, February 13, 2014

 ကျောက်တံတားမြို့နယ် ၃၈လမ်းအတွင်းရှိ သင်္ဘောသားများ စေလွှတ်ပေးနေ သည့် ရုံးခန်းတစ်ခုကို တရားမဝင် လိမ်လည်လုပ်ဆောင်နေသည်ဟုဆိုကာ ဖေဖော်ဝါရီ ၁၁ရက်တွင် အထူးစုံစမ်းစစ်ဆေးရေး (စသုံးလုံး) တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးလိုက်သည်။

အဆိုပါ တပ်ဖွဲ့မှ စုံစမ်းရေး ဦးစီးအရာရှိဖြစ်သူ ဦးခင်ဇော်နှင့်အဖွဲ့သည် (၈)ရပ်ကွက်၊ ၃၉ လမ်း၊ အမှတ် (၂၀၆)တွင် နေသူတစ်ဦးနှင့် အဖွဲ့ကို သင်္ဘောသားနှင့် သက်ဆိုင်သော စာအုပ်၊ စာရွက်စာတမ်းများ အတုပြုလုပ်ပြီး တရားမဝင်သင်္ဘော လိုင်းများဖြင့် ချိတ်ဆက်၍ သင်္ဘောသားများထံမှ ငွေကြေးရယူ ပို့ဆောင်ပေးလျက်ရှိကြောင်း သတင်းရရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့ ရုံးခန်းရှိရာ ကျောက်တံတားမြို့နယ်၊ (၆)ရပ်ကွက်၊ (၃၈)လမ်း၊ အမှတ် (၉၀)သို့ ဦးစီးအရာရှိ ဦးခင်ဇော်နှင့် အဖွဲ့က ဝင်ရောက်ရှာဖွေ ခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ရှာဖွေမှုကြောင့် စာအုပ်စာတမ်းများ အတုပြုလုပ်သော ကွန်ပျူတာ၊ ပရင့်တာနှင့် သင်္ဘောတက်ရောက်ခွင့် မှတ်တမ်းစာအုပ်(CDC)၊ သင်္ဘောသားအရာရှိ ကျွမ်းကျင်လက်မှတ်စာအုပ်(COC)၊ ဆက်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်မှုစာအုပ် (GOC) နှင့် သင်္ဘောသား ကျွမ်းကျင်မှုဆိုင်ရာ ထောက်ခံချက်ပုံစံအလွတ်များ အတုပြုလုပ်နေကြောင်း တွေ့ရှိခဲ့သည်။

ထို့ပြင် အတုပြုလုပ်ရာတွင် အသုံးပြုသည့် စာအုပ်မျက်နှာဖုံးများအတွင်း စာရွက်စာသားများ ပုံစံစာရွက်များနှင့် အတူ ပူးတွဲအသုံးပြုသည့် လဝက ဗီဇာ တံဆိပ်တုံးအတု၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ တံဆိပ်တုံးအတုများကို ရှာဖွေတွေ့ရှိခဲ့သည်ဟုလည်း ဆိုထားသည်။

ယင်းအပြင် ပနားမားတူးမြောင်းနှင့် ပြည်ပသင်္ဘော ကုမ္ပဏီအသီးသီးတို့တွင် အသုံးပြုသည့် တံဆိပ်တုံးအတုများ၊ ဆေးစာတံဆိပ်တုံးအတုနှင့် နိုင်ငံတော် တံဆိပ်ပါရှိသည့် အသားတံဆိပ်တုံး အတုများနှင့်အတူ အတုပြုလုပ်သည့် စာရေးကိရိယာ ပစ္စည်းများကိုပါ ဖမ်းဆီးရမိလိုက်သည်။

ထို့ကြောင့် ယင်းကဲ့သို့ လိမ်လည်အတုပြုလုပ်နေသူကို အရေးယူပေးရန် ဦးခင်ဇော်က တရားလိုပြုလုပ် တိုင်တန်းလိုက်ခြင်း ဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။

ယင်းတိုင်တန်းမှုကို ကျောက်တံတားရဲစခန်းက (ပ)၅၃/၂၀၁၄ဖြင့် အမှုဖွင့်လိုက်ပြီး ပြစ်မှုပုဒ်မ ၄၂၀/၄၆၈/၄၇၁/၁၀၉ တို့ဖြင့် အရေးယူရန် အမှုစစ် တရားလိုကိုယ်တိုင် ဆက်လက်စစ်ဆေးစုံစမ်းနေသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese
 ကျောက်တံတားမြို့နယ် ၃၈လမ်းအတွင်းရှိ သင်္ဘောသားများ စေလွှတ်ပေးနေ သည့် ရုံးခန်းတစ်ခုကို တရားမဝင် လိမ်လည်လုပ်ဆောင်နေသည်ဟုဆိုကာ ဖေဖော်ဝါရီ ၁၁ရက်တွင် အထူးစုံစမ်းစစ်ဆေးရေး (စသုံးလုံး) တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးလိုက်သည်။

H7N9 ရောဂါပိုး ကာကွယ်ဆေး တရုတ် သုတေသီများ စမ်းသပ်တီထွင်

Photo: H7N9 ရောဂါပိုး ကာကွယ်ဆေး တရုတ် သုတေသီများ စမ်းသပ်တီထွင်
Thursday, February 13, 2014

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ သုတေသီ များသည် H7N9 ရောဂါပိုး ကာကွယ်ဆေးကို ကနဦး အနေဖြင့် စမ်းသပ်တီထွင် နိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်း ဌာနများက ဖော်ပြခဲ့သည်။

တရုတ် သုတေသီ များသည် နိုင်ငံအတွင်း မြင့်တက်လာသည့် အဆိုပါ ရောဂါ ကူးစက်မှု များကို ထိန်းချုပ် ကာကွယ်နိုင်ရန် ကြိုးပမ်းချက် တစ်ရပ် အနေဖြင့် ယင်းကာကွယ် ဆေးကို တီထွင်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံ အရှေ့ပိုင်း ကျဲကျန်း ပြည်နယ်တွင် H7N9 ကြက်ငှက်တုပ်ကွေး ရောဂါပိုး ကူးစက် ခံရသူတစ်ဦးကို ထပ်မံ တွေ့ရှိရသည့် အတွက် ယခုနှစ် အတွင်း ၎င်းပြည်နယ်တွင် အဆိုပါ ရောဂါပိုး ကူးစက် ခံရသူ ၇၄ ဦးအထိ ရှိပြီဖြစ်ကြောင်း သိရသည်။

အသက် ၆၁ နှစ်အရွယ်ရှိ ဟန်ကျိုးမြို့ ရှောင်ရှန် ခရိုင်မှ အဆိုပါ အမျိုးသား၏ အခြေအနေမှာ စိုးရိမ်ရသည့် အနေအထား ရှိသည်ဟု သိရသည်။

ထို့အပြင် H7N9 ရောဂါပိုး ကူးစက် ခံရပြီးနောက် အသက် ၅၃ နှစ်အရွယ် အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း ကျန်းဆု ခရိုင်မှ တာဝန်ရှိသူ များက ထုတ်ဖော် ပြောကြား ထားသည်။

၎င်းရောဂါပိုး ကာကွယ်ဆေးကို ကနဦး အနေဖြင့် တိရစ္ဆာန် များတွင် စမ်းသပ်အောင်မြင် ခဲ့ပြီးဖြစ်ကြောင်း ရှန်ဟိုင်းပြည်သူ့ ကျန်းမာရေး ဌာနမှ တာဝန်ရှိသူ များက ဆင်ဟွာသတင်း ဌာနသို့ ပြောကြားခဲ့သည်။

မြ၀တီ
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ သုတေသီ များသည် H7N9 ရောဂါပိုး ကာကွယ်ဆေးကို ကနဦးအနေဖြင့် စမ်းသပ် တီထွင် နိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်း ဌာနများက ဖော်ပြခဲ့သည်။

၂၀၀၇ က ရပ်ဆိုင်းထားသည့် တောင်နှင့် မြောက်ကိုရီးယား အကြီးတန်း အရာရှိများ ဆွေးနွေးပွဲ ပြန်စ

Photo: ၂၀၀၇ က ရပ်ဆိုင်းထားသည့် တောင်နှင့် မြောက်ကိုရီးယား အကြီးတန်း အရာရှိများ ဆွေးနွေးပွဲ ပြန်စ
Thursday, February 13, 2014

၂၀၀၇ ခုနှစ် နောက်ပိုင်း ရပ်ဆိုင်းထားသော တောင်နှင့် မြောက်ကိုရီးယား နိုင်ငံတို့မှ အကြီးတန်း ကိုယ်စားလှယ်များ၏ တွေ့ဆုံ ဆွေးနွေးမှုကို နှစ်နိုင်ငံ နယ်စပ်ရှိ တောင်ကိုရီးယား နိုင်ငံဘက်ခြမ်းတွင် ပြုလုပ်လျက်ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား၏ အဆိုပြုချက်ကြောင့် ခြောက်နှစ်အတွင်း ပထမဆုံး ပြန်လည် ကျင်းပသည့် နှစ်ဖက်အကြီးတန်း ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးမှုကို နှစ်နိုင်ငံ နယ်စပ်အနီး တောင်ကိုရီးယားနိုင်ငံ ပန်မန်ဂျွမ် ကျေးရွာတွင် စတင် ပြုလုပ်နေခြင်း ဖြစ်သည်။

ယခု တွေ့ဆုံ ဆွေးနွေးမှုတွင် မည်သည့် အကြောင်းအရာ များကို ဆွေးနွေးမည်ဆိုသည့် ကိစ္စကို ဖော်ပြထားခြင်း မရှိဘဲ ယခုလကုန်ပိုင်းတွင် ပြုလုပ်မည့် ကိုရီးယားစစ်ပွဲအပြီး ကွဲကွာသွားသော မိသားစုများ ပြန်လည် တွေ့ဆုံမည့် အစီအစဉ် ဖြစ်ဖွယ်ရှိကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် စတင်ပြုလုပ်သော အဆိုပါ ဆွေးနွေးပွဲသည် မိနစ် ၉၀ ခန့် ကြာမြင့်ခဲ့ပြီး၊ နေ့လယ်ပိုင်းတွင် ထပ်မံ၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း AFP သတင်း အေဂျင်စီက ပြောကြားသည်။

“ဒီဆွေးနွေးပွဲဟာ ကိုရီးယား ကျွန်းဆွယ်ရဲ့ ခေတ်သစ်တစ်ခုကို စတင်ဖို့ အခွင့်အလမ်းပါ” ဟု တောင်ကိုရီးယား ကိုယ်စားလှယ်ခေါင်းဆောင် တောင်ကိုရီးယား အမျိုးသားလုံခြုံရေး လက်ထောက်အကြံပေး ကင်ကြူဝှန်းက ဆွေးနွေးပွဲ မတိုင်မီ ပြောကြားသည်။

မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်လာသူမှာ ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးနှင့်ဆိုင်သည့် အကြီးတန်းအရာရှိ တစ်ဦးဖြစ်သူ ၀န်တောင်ယွမ် ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

တောင်ကိုရီးယား အနေနှင့် ရန်လိုသော စစ်ရေး လေ့ကျင့်မှုများကို ရပ်တန့်သင့်ကြောင်း၊ စစ်ရေး လေ့ကျင့်မှုများမျာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် အတားအဆီးများ ဖြစ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး စိုးစေပြောင်းက ပြောကြားသည်။

တောင်နှင့်မြောက် ကိုရီးယားတို့သည် ၁၉၅၀- ၅၃ ခုနှစ် ကိုရီးယား စစ်ပွဲအပြီးတွင် ကွဲကွာ သွားခဲ့ကြသော မိသားစုများကို ဖေဖော်ဝါရီလ ၂၀ ရက်မှ စတင်၍ ငါးရက်ကြာ တွေ့ဆုံကြရန် သဘောတူထားပြီး ဖြစ်သည်။

ကိုရီးယား စစ်ပွဲအပြီး ကွဲကွာသွားသော မိသားစုများ ပြန်လည် ဆုံစည်းပွဲကို နောက်ဆုံးအကြိမ်အဖြစ် ၂၀၁၀ ပြည့်နှစ်တွင် ပြုလုပ်ခဲ့ပြီး ယင်းအချိန်က အမေရိကနှင့် တောင်ကိုရီးယားတို့၏ ပူးတွဲ စစ်ရေး လေ့ကျင့်မှုနှင့် တိုက်ဆိုင်နေခြင်းကြောင့် မြောက်ကိုရီးယားက စိတ်ဆိုး ဒေါသထွက်ခဲ့သည်။

အမေရိကနှင့် တောင်ကိုရီးယားတို့၏ နှစ်စဉ် ပြုလုပ်နေကျ စစ်ရေး လေ့ကျင့်မှုသည် မြောက်ကိုရီးယားကို ကျူးကျော်ရန် ရည်ရွယ်သည်ဟု မြောက်ကိုရီးယားက ရှုမြင်လျက်ရှိပြီး ယခုနှစ်တွင် စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခဲ့ပါက ကွဲကွာသွားသော မိသားစုများ တွေ့ဆုံပွဲ အစီအစဉ်ကို ပယ်ဖျက်ပစ်မည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်ထားသည်။

The Voice Weekly
၂၀၀၇ ခုနှစ် နောက်ပိုင်း ရပ်ဆိုင်းထားသော တောင်နှင့် မြောက်ကိုရီးယား နိုင်ငံတို့မှ အကြီး တန်း ကိုယ် စားလှယ်များ၏ တွေ့ဆုံ ဆွေးနွေးမှုကို နှစ်နိုင်ငံ နယ်စပ်ရှိ တောင်ကိုရီးယား နိုင်ငံ ဘက်ခြမ်း တွင် ပြု လုပ်လျက်ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အလေးချိန် ၁၅ တန်ခန့်ရှိ ကျောက်စိမ်းအရိုင်းတုံးကြီး ဖားကန့် ဝှေခါရွာ အနီး တွေ့ရှိ

ဖေဖော်ဝါရီ ၉ ရက် ညနေ ၅ နာရီက ဖားကန့်မြို့နယ် ဆိပ်မူ ကျေးရွာအုပ်စု ဝှေခါကျေးရွာနတ်ကြီးစင် အဟောင်းအောက်မော်သောင်းကျေးရွာအဆင်းလမ်းတွင် အရွယ်အစား အလွန်ကြီး မားသော ကျောက် စိမ်းအရိုင်းတုံးကြီးတစ်တုံးတွေ့ရှိကြောင်း ဝှေခါကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းက အကြောင်းကြား ခဲ့သည်။

မြန်မာနိုင်ငံတွင် အာဆီယံ ဆန်စပါးအသင်းချုပ် ဖွဲ့စည်းမည်

Photo: မြန်မာနိုင်ငံတွင် အာဆီယံ ဆန်စပါးအသင်းချုပ် ဖွဲ့စည်းမည် 
Thursday, February 13, 2014

စိုက်ပျိုးရေးကိုသာ အဓိက အားထားနေရဆဲ ဖြစ်သည့် မြန်မာနိုင်ငံ တွင် ဒေသတွင်း နိုင်ငံများရှိ ပုဂ္ဂလိက ဆန်စပါးအသင်းများ ပူးပေါင်း၍ အာဆီယံ ဆန်စပါး အသင်းချုပ် (ASEAN Rice Federation) ပထမဆုံး ဖွဲ့စည်းမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ စုံစမ်းသိရှိရသည်။

အာဆီယံ ဆန်စပါး အသင်းချုပ် ဖွဲ့စည်းနိုင်ရန်အတွက် ဖေဖော်ဝါရီလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တို့တွင် ရန်ကုန်မြို့၌ ဒေသတွင်း နိုင်ငံများမှ ဆန်စပါးအသင်း တာဝန်ရှိသူများကို ဖိတ်ခေါ်ကာ အစည်းအဝေး ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။
“ဒီအစည်းအဝေးကို ထိုင်းကစပြီး လူစုတဲ့ သဘောမျိုးပါ။ သူတို့က မြန်မာ့ဆန်ကိုလည်း စိတ်ဝင်စားနေတာကိုး။ အဲဒီအစည်းအဝေးပွဲ သဘောတူညီချက်ရရင် ဖွဲ့ဖြစ်မှာပါ” ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောကြားသည်။ 

အာဆီယံ ဆန်စပါး အသင်းချုပ် ဖွဲ့စည်းဖြစ်ပါက ဆန်စပါး တင်ပို့မှုများမှာ လွယ်ကူလာမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ထိုင်းနိုင်ငံမှ ကုန်သည်များမှာ မြန်မာ့ဆန်ဖြင့် ဆန်ထွက်ပစ္စည်း အမျိုးမျိုး ထုတ်လုပ်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ အကျိုးတူ တင်ပို့ရောင်းချရန် စိတ်ဝင်စားလျက် ရှိကြောင်း CNA သတင်းဌာနက ရေးသားသည်။

အထူးသဖြင့် မြန်မာ့ဆန်ကို ဝိုင်၊ ခေါက်ဆွဲနှင့် ဆန်ဖြင့် ထုတ်လုပ်နိုင်သော စားသောက်ကုန်များ ထုတ်လုပ်ကာ တရုတ်ဈေးကွက်သို့ တင်ပို့လိုကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly
စိုက်ပျိုးရေးကိုသာ အဓိက အားထားနေရဆဲ ဖြစ်သည့် မြန်မာနိုင်ငံ တွင် ဒေသတွင်း နိုင်ငံများရှိ ပုဂ္ဂလိက ဆန်စပါးအသင်းများ ပူးပေါင်း၍ အာဆီယံ ဆန်စပါး အသင်းချုပ် (ASEAN Rice Federation) ပထမဆုံး ဖွဲ့စည်းမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ စုံစမ်း သိရှိရ သည်။

ရွှေတိဂုံ စေတီတော်တွင် နိုင်ငံခြားသား ဧည့်ဝင်ကြေး ပိုယူမှုများရှိဟုဆို

နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်စားမှု အများဆုံးနှင့် ဝင်ရောက်မှု အများဆုံး ဖြစ်သော ကမ္ဘာကျော် ရွှေ တိဂုံ စေတီတော်တွင် နိုင်ငံခြားသား များထံမှ ဧည့်ဝင်ကြေး ကောက်ခံရာတွင် သတ်မှတ်ထားသော ဧည့်ဝင်ကြေးထက် ပိုယူမှုများ ရှိကြောင်း ဂျပန် ဧည့်လမ်းညွှန်တစ်ဦးက ပြောကြားသည်။

အတိုက်အခံနှင့် အာဏာရ ပါတီတို့၏ အပြိုင်အဆိုင် အမှုဖွင့်ခြင်းများကို ထိုင်းအခြေခံဥပဒေ ခုံရုံး ပယ်ချ၊ လက်ရှိ အချိန်အထိ ယင်းလပ်တို့ အသာစီးရ

Photo: အတိုက်အခံနှင့် အာဏာရ ပါတီတို့၏ အပြိုင်အဆိုင် အမှုဖွင့်ခြင်းများကို ထိုင်းအခြေခံဥပဒေ ခုံရုံး ပယ်ချ၊ လက်ရှိ အချိန်အထိ ယင်းလပ်တို့ အသာစီးရ
Thursday, February 13, 2014

ထိုင်းအိမ်စောင့် အစိုးရက နိုင်ငံရေး အကျပ်အတည်း ပြေလည်စေရန် ကျင်းပပေးသည့် ဖေဖော်ဝါရီ ၂ ရက်နေ့ ဒီမိုကရေစီ ရွေးကောက်ပွဲသည် တရားဥပဒေနှင့် ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးပေးရန် အတိုက်အခံ ဒီမိုကရက်တစ် ပါတီက ဦးတိုက် လျှောက်ထားခဲ့သည့် လျှောက်လဲချက်ကို အခြေခံ ဥပဒေ ခုံရုံးက ပယ်ချလိုက်သလို အစိုးရ ဆန့်ကျင်ရေး အုပ်စုဖြစ်သည့် ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ PDRC ခေါင်းဆောင်များသည် အခြေခံဥပဒေနှင့် ကိုက်ညီမှု မရှိသည့် နည်းလမ်းဖြင့် ဒီမိုကရေစီ အစိုးရတစ်ရပ်ကို ဖြုတ်ချရန် ကြိုးပမ်းခဲ့ခြင်း ရှိ၊ မရှိဟူ၍ အာဏာရ ဖေ့အ်ထိုင်း ပါတီဘက်က အသနားခံ လျှောက်လဲချက်ကိုပါ ယင်းခုံရုံးက ပယ်ချလိုက်ကြောင်း ထိုင်းမီဒီယာများနှင့် နိုင်ငံခြား သတင်းဌာနများ၏ ရေးသား ဖော်ပြချက်များအရ သိရသည်။

ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ဦးဆောင်သည့် အိမ်စောင့်အစိုးရက ဖေဖော်ဝါရီလ ၂ ရက် ရွေးကောက်ပွဲကို ကျင်းပ ပေးခဲ့ခြင်းသည် ဥပဒေနှင့် ကိုက်ညီမှု မရှိသောကြောင့် အရေးယူပေးပါရန် အတိုက်အခံ ဒီမိုကရက်တို့ဘက်က ထိုင်းအခြေခံ ဥပဒေ ခုံရုံးသို့ အမှုဖွင့် လျှောက်ထားကာ အစိုးရကို တိုက်ရိုက် စိန်ခေါ်ခဲ့မှုမှာ ခုံရုံးဘက်က ဗုဒ္ဓဟူးနေ့တွင် ပယ်ချလိုက်ခြင်းကြောင့် အရေးနိမ့် သွားခဲ့ရသည်။ 

ထို့အတူ ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ (PDRC) မှ ဆူတက်တာဆူဘန် အပါအ၀င် ခေါင်းဆောင်များသည် ဘုရင်စနစ် လက်အောက်ရှိ ဒီမိုကရက်တစ် အုပ်ချုပ်ရေး ယန္တရား တစ်ရပ်ကို ဖြုတ်ချရန် ကြိုးပမ်းခဲ့ခြင်း ရှိ မရှိ၊ သို့မဟုတ် အခြေခံဥပဒေ အပိုဒ် ၁ အခန်း ၆၈ ကို ချိုးဖောက်ကာ အခြေခံဥပဒေနှင့် ကိုက်ညီမှု မရှိသော နည်းလမ်းများဖြင့် တိုင်းပြည် အစိုးရတစ်ရပ်ကို ရယူရန် ကြိုးပမ်းခဲ့ခြင်း ရှိ မရှိ စစ်ဆေးပေးရန် အာဏာရ ဖေ့အ်ထိုင်း ပါတီဘက်မှ လျှောက်ထားချက်ကို ခုံရုံးက အဆိုပါနေ့တွင်ပင် ပယ်ချခဲ့သည်။ 

ဖေဖော်ဝါရီလ ၂ ရက် ရွေးကောက်ပွဲအပေါ် အတိုက်အခံ ဒီမိုကရက်တစ် ပါတီဘက်က ဥပဒေဖြင့် စိန်ခေါ်မှုကို ထည့်သွင်း စဉ်းစားရန် အခြေခံ အကြောင်းအချက် တစ်စုံတစ်ရာ မတွေ့ရှိကြောင်း ခုံရုံးက ထုတ်ဖော် အသိပေးသည်။ 

အငြင်းပွားဖွယ် အဆိုပါ ရွေးကောက်ပွဲကို အတိုက်အခံ ဒီမိုကရက် ပါတီဘက်က သပိတ်မှောက်ခဲ့သောကြောင့် ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်နှင့် ၎င်း၏ ဖေ့အ်ထိုင်း ပါတီတို့သည် ကံကောင်း ထောက်မစွာပင် အနိုင်ရရှိမည့် အနေအထားတွင် ရှိကြောင်း VOA သတင်းဌာနက ရေးသား ဖော်ပြသည်။ 
သို့သော်လည်း အတိုက်အခံ အင်အားစုများ၏ ကဖျက်ယဖျက် လုပ်မှုကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မဲဆန္ဒနယ်များတွင် မဲပေးမှု ထပ်မံ မပြုလုပ် နိုင်သေးသရွေ့ တရားဝင် ရွေးကောက်ပွဲ ရလဒ်များ ထွက်ပေါ်လာနိုင်မည် မဟုတ်ပေ။ 

ဤအတောအတွင်းမှာပင် တည်ငြိမ်မှု မရှိဘဲ ဥပဒေ ချိုးဖောက်မည့် အလားအလာ ရှိသည့် ဒေသများတွင် ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ပေးဦးမည် မဟုတ်ကြောင်း၊ ယင်းနေရာ ဒေသများတွင် အစစအရာရာ မူလ အနေအထားသို့ ပြန်လည် ရောက်ရှိကာ တည်ငြိမ် အေးချမ်းသွားပါမှ မဲပေးမှု ဖြစ်စဉ်ကို ပြန်လည် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဆူပါချိုင်းဆွမ်ချန်ရွန်းက အသိပေး ပြောကြားသည်။ 

လက်ရှိ အနေအချိန်ကာလအထိ အရေးပေါ် အခြေအနေ အမိန့်ဒီကရီနှင့် သတိပေး ပြောဆိုချက်များ ရှိနေသည့်တိုင် အတိုက်အခံများက ဆန္ဒပြမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ကြေညာ ထားသည်။ 

ထိုင်းအာဏာပိုင်များ အဆိုအရ အစိုးရ ဆန့်ကျင်ရေး ခေါင်းဆောင် ၁၉ ဦးကို ဖမ်းဆီးရန် ၀ရမ်းများကို ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း သိရသည်။ 

မည်သို့ပင်ဆိုစေ အိမ်စောင့်အစိုးရ ဖြုတ်ချရေးနှင့် ရွေးကောက်ပွဲ သပိတ်မှောက်ရေးဟူသည့် ဆူတက်တာဆူဘန် ဦးဆောင်သော အတိုက်အခံတို့၏ ကြိုးပမ်းမှုမှာ လက်ရှိ အချိန်အထိ အောင်မြင်မှု မရရှိကြောင်း လေ့လာ စောင့်ကြည့်သူတို့က အကဲဖြတ်ကြသည်။ 

မကြာသေးခင် ရက်ပိုင်းက ထွက်ပေါ်လာသော ကိန်းဂဏန်းများအရ ရာနှုန်းပြည့် အောင်မြင်မှု မရှိခဲ့သော အဆိုပါ ရွေးကောက် ပွဲတွင် တစ်နိုင်ငံလုံးတွင် မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း၏ ၄၇ ဒသမ ၇ ရာခိုင်နှုန်းသာ မဲပေးခွင့် ရရှိခဲ့သည်။

The Voice Weekly
ထိုင်းအိမ်စောင့် အစိုးရက နိုင်ငံရေး အကျပ်အတည်း ပြေလည်စေရန် ကျင်းပပေးသည့် ဖေဖော်ဝါရီ ၂ ရက်နေ့ ဒီမိုကရေစီ ရွေးကောက်ပွဲသည် တရားဥပဒေနှင့် ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးပေးရန် အတိုက်အခံ ဒီမိုကရက်တစ်ပါတီက ဦးတိုက် လျှောက်ထားခဲ့သည့် လျှောက်လဲချက်ကို အခြေခံဥပဒေ ခုံရုံးက ပယ်ချလိုက်သလို အစိုးရ ဆန့်ကျင်ရေး အုပ်စုဖြစ် သည့် ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်း လဲရေး ကော် မတီ PDRC ခေါင်းဆောင် များသည် အခြေခံဥပဒေနှင့် ကိုက်ညီမှု မရှိသည့် နည်းလမ်းဖြင့် ဒီမိုကရေစီ အစိုးရ တစ်ရပ်ကို ဖြုတ်ချရန် ကြိုးပမ်းခဲ့ခြင်း ရှိ၊ မရှိဟူ၍ အာဏာရ ဖေ့အ်ထိုင်း ပါတီဘက်က အသနားခံ လျှောက်လဲချက် ကိုပါ ယင်းခုံရုံးက ပယ်ချလိုက်ကြောင်း ထိုင်းမီဒီယာများနှင့် နိုင်ငံခြား သတင်းဌာန များ ၏ ရေးသား ဖော်ပြချက်များအရ သိရသည်။

သန်းခေါင်စာရင်း အချက်အလက်များ ၂၀၁၅ ခုနှစ် အစောပိုင်းတွင် ထုတ်ပြန်မည်

Photo: သန်းခေါင်စာရင်း အချက်အလက်များ ၂၀၁၅ ခုနှစ် အစောပိုင်းတွင် ထုတ်ပြန်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

နှစ်ပေါင်း သုံးဆယ်ကျော်တွင် ပထမဆုံးအကြိမ် ကောက်ယူမည့် ပြည်လုံး ကျွတ်သန်းခေါင်စာရင်း ကောက်ယူပြီး ရရှိသည့် အချက်အလက် မူကြမ်းကို ၂၀၁၅ ခုနှစ် အစောပိုင်းတွင် ထုတ်ပြန်မည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူ ရရှိသည့် အချက်အလက် စာရင်းအကြမ်းကို ၂၀၁၅ ခုနှစ် အစောပိုင်းတွင် တရားဝင် ထုတ်ပြန်ပေးမည် ဖြစ်ပြီး ကျန်အချက်အလက်များကို ကဏ္ဍအလိုက် ထပ်မံထုတ် ပြန်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကို အမှတ်အသား (Code) ဖြင့် ကောက်ယူမည် ဖြစ်ပြီး အဆိုပါ Code ဖြင့် ကောက်ယူသည့် စာရွက်ကို စက်ဖြင့် အချက်အလက် စုဆောင်းမည် ဖြစ်သဖြင့် စာရင်းမြန်မြန်ဆန်ဆန် ထုတ်ပြန်နိုင်သော်လည်း Code နံပါတ်မ ရရှိသူများမှာ ကြန့်ကြာမည် ဖြစ်ကြောင်း ဦးခင်ရီက ပြောဆိုသည်။ 

သန်းခေါင်စာရင်း ကောက်ယူရာတွင် အချက်အလက် မှန်မှန်ကန်ကန် ဖြေဆိုရန် အလွန်အရေးကြီးပြီး တိကျသည့် ကိန်းဂဏန်းများ အချက်အလက်များ ရရှိမှသာလျှင် နိုင်ငံ၏ လက်ရှိနှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို ရေးဆွဲ အကောင်အထည် ဖော်နိုင်မည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဌာနမှ သိရှိရသည်။

အဆိုပါ ကိန်းဂဏန်များ အတိအကျကို ရရှိမှသာ လူဦးရေစာရင်း၊ အလုပ်လက်မဲ့နှုန်း၊ လုပ်သားအင်အား၊ စာတတ်မြောက်မှုနှုန်း၊ လူနေမှု အဆင့်အတန်း၊ အိမ် အကြောင်းအရာနှင့် ပိုင်ဆိုင်မှု၊ မွေးဖွားခြင်းနှင့် သေဆုံးခြင်း၊ ပြည်တွင်း၊ ပြည်ပ ပြောင်းရွှေ့ခြင်း၊ မိသားစု ပုံသဏ္ဌာန်၊ အရွယ်အစား၊ အသက်ကြီးရွယ်အို၊ လူတန်းစား ကွာဟမှု၊ အသက်မွေးလုပ်ငန်း၊ လူမျိုး၊ ဘာသာ စသည့် အချက်အလက်များကို ရရှိနိုင်မည့် ဖြစ်ပြီး ယင်းကိစ္စများနှင့် ပတ်သက်၍ ကိန်းဂဏန်း အတိအကျ ရရှိမှသာလျှင် လိုအပ်ချက်များကို နိုင်ငံတော်က ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်ကြောင်း ယင်းဌာနမှ သိရှိရသည်။ 

အသက်အရွယ်ကို မှန်မှန်ကန်ကန် ဖြေဆိုမှသာ အလုပ်လုပ်ကိုင်နိုင်သူ ဦးရေ (အသက် ၁၅ နှစ်မှ ၅၉ နှစ်ကြား)၊ အမှန်တကယ် အလုပ်လုပ်ကိုင်နေသူ ဦးရေ၊ အလုပ်လက်မဲ့ နှုန်းများကို တိတိကျကျ ရရှိမည် ဖြစ်ကြောင်း၊ ယင်းမှသာ အလုပ်အကိုင် ဖန်တီးပေးမှုကို အတိအကျ အကောင်အထည် ဖော်နိုင်မည် ဖြစ်ကြောင်း ဦးခင်ရီက ဆိုသည်။
“တက္ကသိုလ်ဝင်တန်း မအောင်တဲ့ သူတွေများတဲ့ နေရာဆိုရင်တော့ အသက်မွေးဝမ်းကျောင်း သင်တန်းတွေ ဖွင့်ပေးဖို့ လုပ်ရမယ်” ဟု ၎င်းက ဥပမာပေးကာ ရှင်းပြသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ယူမည် ဖြစ်ပြီး အဆိုပါ စာရင်း ကောက်ယူရန် စာရင်းကောက် တစ်သိန်းခန့်၊ စာရင်းစစ် နှစ်သောင်းခန့် အသုံးပြုမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရှိရသည်။
နှစ်ပေါင်း သုံးဆယ်ကျော်တွင် ပထမဆုံးအကြိမ် ကောက်ယူမည့် ပြည်လုံး ကျွတ်သန်းခေါင် စာရင်း ကောက် ယူပြီးရရှိသည့်အချက်အလက် မူကြမ်းကို ၂၀၁၅ ခုနှစ် အစောပိုင်းတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

သွားလာရေး ခက်ခဲသော ဒေသများတွင် ပညာရေး ၀န်ထမ်းများကို ဒေသခံများသာ ခန့်အပ်မည်

မြန်မာနိုင်ငံတွင် ပညာရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိရာ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ သွား လာရေး ခက်ခဲသော ဒေသများတွင် ပညာရေး ၀န်ထမ်း ဆရာ၊ ဆရာမ လိုအပ်ချက်များ ကို ဒေသခံ ဆရာ၊ ဆရာမများဖြင့်သာ ဖြည့်တင်း ခန့်အပ်သွားမည် ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ပညာရေးမှူးရုံး အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးကို ကွမ်းခြံကုန်းဒေသခံများ ကန့်ကွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်း မြို့နယ်တွင် ကောင်းမြတ်သောမြေ ကုမ္ပဏီလီမိတက်က ကျောက်  မီးသွေး စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့်အပေါ် ဒေသခံများ ကန့်ကွက်ကြောင်း အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် နေရာအနီးတွင် နေထိုင်သူရွာသူ၊ ရွာသားများ က ပြောကြားသည်။

သားကိုပြန်လာခေါ်သော ဇနီးသည်ကို ခင်ပွန်းက အက်စစ်ဖြင့်ပက်

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းရပ်ကွက်၊ ဝါးခင်းကျောင်းလမ်း တွင် ဖေဖော် ဝါရီလ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်က လင်မယား ကွဲကွာနေစဉ် ခင်ပွန်း၏ နေအိမ်ထံ ကျန်ခဲ့သော သားဖြစ်သူကို လာခေါ်သည့် ဇနီးသည်အား ခင်ပွန်းဖြစ်သူက အက်စစ်ဖြင့် ပက်ခဲ့ကြောင်း အင်းစိန် မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ကြားကားများကို အရေးယူရန် တိုင်းအစိုးရထံ တင်ပြမည်

Photo: ကြားကားများကို အရေးယူရန် တိုင်းအစိုးရထံ တင်ပြမည်
Thursday, February 13, 2014

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင်ယာဉ် မဟုတ်ဘဲ ကြားကားအဖြစ် ပြေးဆွဲနေသော ယာဉ်များကို ဖမ်းဆီး အရေးယူရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြမည် ဖြစ်ကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

လတ်တလောတွင် ထိုယာဉ်များ ပြေးဆွဲနေသည်ကို ဓာတ်ပုံရိုက်၍ မှတ်တမ်း တင်လျက်ရှိပြီး မည်သည့် နေရာများတွင် ပြေးဆွဲလျက် ရှိသည်တို့ကို ယခုလပိုင်းအတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြနိုင်ရန် စီစဉ်ထားကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ထိုသို့ အရေးယူ ဆောင်ရွက်ရခြင်းမှာ ခရီးသည် တင်ယာဉ်များနှင့် ကြားကားအဖြစ် ပြေးဆွဲနေသည့် ယာဉ်များကြား မကြာခဏ အချင်းများလေ့ ရှိသည်ကို တွေ့ရခြင်းနှင့် တရားဝင် ပြေးဆွဲခြင်းဖြင့် ပြည်သူများ အတွက်ပါ အသက်အန္တရာယ် ကင်းရှင်းစေနိုင်ရန် ရည်ရွယ်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဘတ်စ်ကား စီးရသည်မှာ မှတ်တိုင်တွင် ကြာမြင့်ခြင်း၊ ယာဉ်နောက်လိုက်များ ယဉ်ကျေးမှု မရှိခြင်း၊ ကြားကားမှာ လိုရာခရီးသို့ အလျင်အမြန် ရောက်ခြင်းတို့ကြောင့် ဈေးအနည်းငယ် ပိုပေးရသော်လည်း ကြားကားစီးခြင်း ဖြစ်ကြောင်း ပန်းဆိုးတန်းမှ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ် မြို့တော်သို့ ကြားကားဖြင့် နေ့စဉ်သွားသူ အမျိုးသားတစ်ဦးက ပြောကြားသည်။

ယခင်က ကြားကားများမှာ ညပိုင်းခရီးသည်တင် ဘတ်စ်ကားများ ရှားသည့် အချိန်တွင်သာ ပြေးဆွဲခဲ့သော်လည်း ယခုအခါ ဘတ်စ်ကားများနှင့် တန်းတူ ပြေးဆွဲနေသည်ကို တွေ့ရပြီး လှိုင်သာယာမြို့နယ်ရှိ အဝိုင်းများ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ရွှေရည်မှတ်တိုင်၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ ခြောက်ကွေ့ မှတ်တိုင်၊ ယုဇနဥယျာဉ်မြို့တော်၊ ဒဂုံဆိပ်ကမ်း မြို့နယ် (၈၈) ရပ်ကွက်နှင့် သာကေတ မြို့နယ်များတွင် ပြေးဆွဲလျက် ရှိကြောင်း မထသ (ဗဟို) ထံမှ စုံစမ်းသိရသည်။

The Voice Weekly
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင်ယာဉ်မဟုတ်ဘဲ ကြားကားအဖြစ် ပြေး ဆွဲနေသော ယာဉ်များ ကို ဖမ်းဆီးအရေးယူရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြမည်ဖြစ်ကြောင်း မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင် က ပြောကြားသည်။

ပြည်ထောင်စု ခေါင်းဆောင် ဗိုလ်ချုပ်ရဲ့ ပဋိသန္ဓေနှစ် ၁ဝဝပြည့် မွေးနေ့

မြန်မာ့သားကောင်း's photo.
ကျွန်တော် မြင်တွေ့မိတဲ့ သမိုင်းဝင် ဓာတ်ပုံတစ်ပုံရဲ့ ခေါ်ဆောင်ရာ နောက် အတွေးလေး လိုက်ပါ သွားမိခဲ့ပြီး ”တပည့်ပုံကို ဂုဏ်ယူ ချိတ်ဆွဲထားတဲ့ ဆရာနဲ့ ဆရာ ကတောင် အလေး ထားရ တဲ့တပည့်။ အဲ့ဒီ တစ်ခေတ်တည်း မှာ ပေါ်ခဲ့တာ တစ်ခါဆို ဆိုသလောက်ပါ ပဲ”လို့ ရေရွတ်မိ လိုက်ပါတယ်။

အင်ဂျင်နီယာများ အာဆီယံဒေသတွင်း လွတ်လပ်စွာ ရွှေ့ပြောင်းလုပ်ကိုင်ခွင့် ယခုနှစ်အတွင်း စခွင့်ပြုမည်

အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံမှ အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ အာဆီယံ အဖွဲ့ဝင် နိုင်ငံများတွင် လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ခွင့်ကို ယခုနှစ်အတွင်း စတင်စမ်းသပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ စိစစ်ရေး ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းမြင့်က The Voice သို့ ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်း ၉၉ နှစ်မြောက်မွေးနေ့ အခမ်းအနား ကျင်းပမည်

Photo: ဗိုလ်ချုပ်အောင်ဆန်း ၉၉ နှစ်မြောက်မွေးနေ့ အခမ်းအနား ကျင်းပမည်

ရန်ကုန်၊ ဖေဖောဝါရီ ၁၂

တပ်မတော်ဖခင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် ၉၉ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော်တို့တွင် ကျင်းပရန် စီစဉ်ထားကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် အခမ်းအနား စီစဉ်သူများထံမှ သိရသည်။

ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရွှေဂုံတိုင်ရှိ NLD ပါတီရုံးချုပ်တွင် အခမ်းအနား ကျင်းပမည် ဖြစ်ကြောင်း၊ ယင်းအခမ်းအနားသို့ ဗိုလ်ချုပ်၏ သမီးထွေးဖြစ်သူ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်သော်လည်း အသံဖိုင် ပေးပို့ထားကြောင်း NLD မှ ဒေါ်အေးအေးမာက ပြောကြားသည်။
“ကလေးတွေအတွက် ပန်းချီပြိုင်ပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေ လုပ်မယ်၊ ပြီးရင် အခမ်းအနားကို ၁၂ နာရီမှာစပြီး ဘဘဦးတင်ဦး မိန့်ခွန်းပြောပါမယ်” ဟု ၎င်းကရှင်းပြသည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရွှေဘုန်းရှိန်ရပ်ကွက် NLD ရုံးနှင့် ရဲမွန်တောင် ရပ်ကွက်ရှိ ကံတက်ကုန်း မစိုးရိမ် ကျောင်းတိုက်တို့တွင် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် ပဲပြုတ်နှင့် နံပြား လှူဒါန်း ကျွေးမွေးရန် အစီအစဉ် ရှိကြောင်း အဆိုပါ ဘုန်းတော်ကြီး ကျောင်းတိုက်နှင့် NLD ထံမှ သိရသည်။

အလားတူ မန္တလေးမြို့တွင်လည်း ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အကြောင်း သီကုံးထားသည့် ကဗျာများ ရွတ်ဆိုခြင်း၊ ကဗျာစာအုပ်များ ဈေးလျှော့ရောင်းချပေးခြင်း စသည်တို့ကို ၃၄ လမ်း ၈၀x၈၁ လမ်းကြားရှိ သီရိ ပန်းချီပြခန်းတွင် ကျင်းပမည် ဖြစ်ကြောင်း အခမ်းအနား စီစဉ်သူများက ပြောဆိုသည်။

ထို့အပြင် မန္တလေးမြို့မှ မြင့်မြတ် ဧရာဝတီ လူမှုကွန်ရက်က ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် သွေးလှူဒါန်းပွဲ ကျင်းပမည် ဖြစ်ပြီး ယခုအကြိမ်မှာ လေးကြိမ်မြောက် ဖြစ်ကြောင်း အဆိုပါ ကွန်ရက်ထံမှ သိရသည်။

၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် စနေနေ့တွင် နတ်မောက်မြို့ အဖရှေ့နေကြီး ဦးဖာနှင့် မိခင်ဒေါ်စုတို့က မွေးဖွားသော မောင်ထိန်လင်းခေါ် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တေဇခေါ် ဗိုလ်ချုပ်အောင်ဆန်းသည် ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ၂၀၁၄ ခုနှစ်တွင် အသက် ၉၉ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သော်လည်း ၁၉၄၇ ဇူလိုင်လတွင် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသဖြင့် လူ့လောကတွင် ၃၂ နှစ်သာ အသက်ရှင် နေထိုင်နိုင်ခဲ့သည်။
တပ်မတော်ဖခင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် ၉၉ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော်တို့တွင် ကျင်းပရန် စီစဉ်ထားကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် အခမ်းအနား စီစဉ်သူများထံမှ သိရသည်။

နှမ်းစေ့၏ ကျန်းမာရေး အာနိသင်များ

Photo: နှမ်းစေ့၏ ကျန်းမာရေး အာနိသင်များ
Thursday, February 13, 2014

နှမ်းစေ့မှာ အာဟာရဓာတ်တွေ အပြည့်ပါဝင်နေသလို ကော့ပါးဓာတ်၊ သွပ်ဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်၊ မဂ္ဂနိစ်၊ ဆီလီနီယမ်နဲ့ ဆိုဒီယမ်စတဲ့ သတ္တုဓာတ်တွေလည်း

အပြည့်ပါဝင်နေပါတယ်။ ဗီတာမင် အေ၊ ဗီတာမင် အီး၊ ဗီတာမင် B6 သိုင်ယာမင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်နဲ့ တိုကိုဖီရောစတဲ့ ဗီတာမင်တွေလည်း အများအပြား တွေ့ရပါတယ်။ နှမ်းစေ့မှာ ပရိုတင်းဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ အမိုင်နိုအက်စစ်၊ အမျှင်ဓာတ် စတာတွေလည်း ပါဝင်နေပါတယ်။ ဒါကြောင့် နှမ်းစေ့မှာ အင်တီအောက်ဆီးဒင့် အများအပြားပါဝင်ပြီး ကိုလက်စထရော နည်းပါတယ်။ နှမ်းစေ့မှာ ပါဝင်တဲ့ ကျန်းမာရေး အကျိုး ကျေးဇူးတွေက အများအပြား ရှိပါတယ်။

အရိုးကျန်းမာရေး
နှမ်းစေ့ လက်တစ်ဆုပ်စာ ပမာဏမှာ နွားနို့တစ်ဖန်ခွက်မှာပါတဲ့ ကယ်လ်စီယမ်ထက် ပိုမို ပါဝင်နေပါတယ်။ နှမ်းစေ့မှာပါတဲ့ ကယ်လ်စီယမ်ဟာ အရိုးကျန်းမာအောင် တည်ဆောက်နိုင်ပြီး အရိုးအားနည်းတာနဲ့ သွားခိုင်မာမှု လျော့ကျတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သက်လတ်ပိုင်း အရွယ်နဲ့ သက်ကြီး အမျိုးသမီးတွေမှာ အရိုးပါးရောဂါ မရအောင် နှမ်းစေ့က ကာကွယ် ပေးနိုင်ပါတယ်။

ကင်ဆာကာကွယ်ရေး
နှမ်းစေ့မှာပါတဲ့ Sesamine နဲ့ Sesamolin တို့မှာ ကင်ဆာဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ ရှိနေပါတယ်။ နှမ်းစေ့ကို စားတာကြောင့် ကင်ဆာဆဲလ်တွေ ကြီးထွားဖွံ့ဖြိုးမှု မဖြစ်အောင် ကာကွယ် ပေးနိုင်သလို ကင်ဆာ ကုသရေး ကိုလည်း အထောက်အပံ့ ပေးပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်း သက်သာရန်
နှမ်းစေ့မှာပါတဲ့ မဂ္ဂနီဆီယမ်ဟာ ခေါင်းတစ်ခြမ်း ကိုက်စေတဲ့ သွေးကြောကျုံ့ဆန့်မှုကို လျော့ကျစေပါတယ်။ နှမ်းစေ့ကို ပုံမှန် စားတာကြောင့် ခေါင်းတစ်ခြမ်းကိုက်တာ၊ ခေါင်းကိုက် တာနဲ့ မူးဝေတာတွေကို သက်သာစေပါတယ်။

နာ့ဗ်ကြောစနစ် သန်စွမ်းအောင်
နှမ်းစေ့မှာပါတဲ့ ဗီတာမင်အီးဟာ နာ့ဗ်ကြောစနစ်ကို ကောင်းမွန်စေပြီး နာ့ဗ်ကြောစနစ်မှာ ဝေဒနာတွေ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

အသားအရေ ထိန်းသိမ်းမှု
နှမ်းစေ့နဲ့ နှမ်းဆီမှာ အရေပြားနဲ့ ဆံပင်အတွက် အကျိုးရှိတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ နှမ်းဆီက အရေပြား မီးလောင် ဒဏ်ရာတွေကို သက်သာစေပြီး အရေပြားဆိုင်ရာ ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ နှမ်းစေ့ကို ပုံမှန်စားတာက အသားအရေ အမျိုးအစား အားလုံးအတွက် အကျိုးကျေးဇူး ရှိပါတယ်။

အူလမ်းကြောင်းနှင့် အစာခြေစနစ် ကျန်းမာရေး
နှမ်းစေ့ဟာ အူလမ်းကြောင်း တစ်လျှောက်မှာ သန်ကောင်တွေ ကူးစက်မှု မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ နှမ်းမှာပါတဲ့ အမျှင်ဓာတ်တွေက အစာခြေလမ်းကြောင်းစနစ် ကျန်းမာရေးကို ကောင်းမွန်စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။

နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး
နှမ်းစေ့မှာပါတဲ့ Sesamine နဲ့ Sesamolin တို့ဟာ သွေးတိုးတာ မဖြစ်အောင်နဲ့ သွေးတွင်း ကိုလက်စထရော အဆင့် လျော့ကျအောင် ကာကွယ် ပေးနိုင်ပါတယ်။ နှမ်းစေ့ဟာ နှလုံး သွေးကြော စနစ်ဆိုင်ရာ ရောဂါတွေ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

ရင်ကျပ်ပန်းနာရောဂါ ကာကွယ်ရေး
နှမ်းစေ့မှာပါတဲ့ မဂ္ဂနီစီယမ်ဟာ ရင်ကျပ် ရောဂါထတာနဲ့ အသက်ရှူ လမ်းကြောင်း စနစ်ဆိုင်ရာ ဝေဒနာတွေ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

သွေးဆုံးဝေဒနာ သက်သာရေး
နှမ်းစေ့ စားသုံးတာကြောင့် သွေးဆုံးချိန် ရောက်နေတဲ့ အမျိုးသမီးတွေမှာ ပူနွေးတာ၊ ညဘက် ချွေးထွက် လွန်တာနဲ့ အိပ်မပျော်တာတွေလို သွေးဆုံး ဝေဒနာတွေကို လျော့ပါး စေ ပါတယ်။ နှမ်းစေ့ကို စားတာကြောင့် အနာကျက်နှုန်းမြန်တာ၊ အဆစ်ရောင်နာ သက်သာစေတာနဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် ဖြစ်ပျက်နှုန်း ကောင်းစေတာစတဲ့ အကျိုးကျေးဇူး တွေကိုလည်း ရရှိစေပါတယ်။

မြ၀တီ
နှမ်းစေ့မှာ အာဟာရဓာတ်တွေ အပြည့်ပါဝင်နေသလို ကော့ပါးဓာတ်၊ သွပ်ဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်၊ မဂ္ဂနိစ်၊ ဆီလီနီယမ်နဲ့ ဆိုဒီယမ်စတဲ့ သတ္တုဓာတ်တွေလည်း အပြည့်ပါဝင်နေ ပါတယ်။ ဗီတာမင် အေ၊ ဗီတာမင် အီး၊ ဗီတာမင် B6 သိုင်ယာမင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်နဲ့ တိုကို ဖီရော စတဲ့ ဗီတာမင်တွေလည်း အများအပြား တွေ့ရပါတယ်။ နှမ်းစေ့မှာ ပရိုတင်းဓာတ်၊ ကာဗို ဟိုက် ဒရိတ်၊ အမိုင်နိုအက်စစ်၊ အမျှင်ဓာတ် စတာတွေလည်း ပါဝင်နေပါတယ်။ ဒါကြောင့် နှမ်းစေ့မှာ အင်တီအောက်ဆီးဒင့် အများအပြားပါဝင်ပြီး ကိုလက်စထရော နည်းပါတယ်။ နှမ်းစေ့မှာ ပါဝင်တဲ့ ကျန်းမာရေး အကျိုး ကျေးဇူးတွေက အများအပြား ရှိပါတယ်။

မြောက်ပိုင်းကျောင်းသားများသေဆုံးမှု အစီရင်ခံစာထွက်မည့်အချိန် တိကျရန် တောင်းဆို

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF ) မြောက်ပိုင်းတပ်တွင် ကျဆုံးခဲ့ သည့် ကျောင်းသားများ သတ်ဖြတ်ခံရမှုများနှင့်ပတ်သတ်၍ အစီရင်ခံစာ ထွက်မည့်အချိန် အတိအကျ ဖြစ်စေလိုသည်ဟု မြန်မာပြည်မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းတစ်ဦးဖြစ်သည့် မန္တလေးမှ ကို ညီညီကျော်က မဇ္ဈိမကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောသည်။

သယံဇာတအရေးကိစ္စများအတွက် ဆွီဒင်ကူညီမည်

မေလတွင်စတင်မည့် ဒေသအလိုက် သယံဇာတဆိုင်ရာ လုပ်ငန်းစီမံချက်များတွင် ငွေကြေးနှင့် နည်း ပညာပိုင်းကို ဆွီဒင်နိုင်ငံ ငြိမ်းချမ်းရေးနှင့် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ (Swedish Peace and Arbitration Society – SPAS)မှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးရာတွင် ပါဝင်ခဲ့သူ အထက်ချင်းတွင်းလူငယ်ကွန်ရက်မှ ဦးကျော်သက်ဝင်းက မဇ္ဈိမကို ပြောသည်။

KIO/A မှ တအာင်းဒေသခံများအပေါ် တပ်သားသစ်များစုဆောင်းခြင်းနှင့် ဆပ်ကြေးများ ဆက်လက်ကောက်ခံနေ

Photo: KIO/A မှ တအာင်းဒေသခံများအပေါ် တပ်သားသစ်များစုဆောင်းခြင်းနှင့် ဆပ်ကြေးများ ဆက်လက်ကောက်ခံနေ
Thursday, February 13, 2014

၂၀၁၄ခုနှစ်၊ဖေဖော်ဝါရီလ ၄ရက်နေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင် ၊ ကွတ်ခိုင်မြို့နယ် အခြေစိုက် KIO/A စစ်တပ် မန်လွယ်တိုက်နယ် ဦးဘရမ်း တောင် မှ ဖတ်ရိုင်း-ပြိန်းဟွယ်အုပ်စု နမ့်ခုမ် ၊ မာန်မောဝ် ၊ ပြိန်းဟွယ်၊ မန်အောင်စုစည်း ၊ ပန်းဆေး ၊ ပန်ကူအုပ်စု ၊ နောင်ခွန် ကျေးရွာများသို့ ၀င်ရောက်ကာ ကျေးရွာကြီးရင် ကြီးသလို တပ်သားသစ် ၅ဦးမှ ၁၀ဦးအထိ ကောက်ခံသည့်အပြင် ဆန်၊ဆားပါကောက်ခံနေကြောင်းသိရသည်။

ရွာခံများမှ သတ်မှတ်ထားသောတပ်သားသစ် မပို့ပေးနိုင်သေးသဖြင့် ဆန်နှင့်ဆားကိုသာ ငွေပမာဏနှင့်တွက်ချက်၍ တစ်မိသားစုကို ငွေ(၁၇၀၀၀) တစ်သောင်းခုနှစ်ထောင်ကျပ်စီကောက်ခံပြီးပို့ပေးရန် အထက်ပါကျေးရွာ လူကြီးများစုဆုံပြီး နမ့်ခုမ်ကျေးရွာတွင် အစည်းအဝေးပြုလုပ်နေကြောင်း သိရသည်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၉ ရက်နေ့တွင်လည်း ဟိုနောင်အုပ်စု၊ ပန်လောကျေးရွာ တွင် ကချင်ပြည်နယ်လွတ်မြောက်ရေး တပ်မတော် ( ခဖရော် တိုက်နယ် -ဦးဘရန်ဂမ်) မှ ဦးဆောင်ပြီး တပ်သားသစ် အယောက်(၅၀)ပေးပို့ခိုင်းသည်။ ကျေးရွာမှ ရွာသူရွာသားများအား တောင်းသလောက်မပေးနိုင်သဖြင့် ရွာကိုယ်စား ဦးပန်းဦး အသက် (၅၀)နှစ် ၊ဦးအိုက်ဒွတ် အသက် (၄၀)၊ ဦးအိုက်လုမ် အသက် (၄၀)တို့သုံးဦးအား မသွားမနေရသွားခိုင်းရပြီး ကျန်ရွာတွင်းရှိ တစ်မိသားစုလျင် ကျပ်ငွေနှစ်သောင်း (၂၀၀၀၀) စီကောက်ခံ စုစုပေါင်း ကျပ်ငွေသိန်းနှစ်ဆယ် (၂၀) ပို့ပေးခဲ့ရသည်။ မပို့ပေးပါက ရွာကို ၀င်ရောက်ဖျက်ဆီးမည်ဟု ပြောဆိုသောကြောင့် ရွာသားများမှာအချိန်မှီ ပို့ဆောင်ပေးခဲ့ရကြောင်း ဒေသခံများမှပြောပြခဲ့သည်။

ပြီးခဲ့သော နိုင်ဝင်ဘာလ (၁၉ )ရက်နေ့ညတွင်လည်း ပန်လောကျေးရွာ ဒေသခံ ကျား(၆)ဦးနှင့်မ(၈)ဦး စုစုပေါင်း(၁၄)ဦး အား တပ်သားသစ်အဖြင့် ကချင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်မှ ဖမ်းခေါ်ဆောင်သွားခဲ့သည်။ ယင်းသို့ ခေါ်ဆောင်သွားခံရသူများထဲမှ အလယ်တန်းကျောင်းသူ (၄)ဦးနှင့် ကလေးငယ်ရှိသော အမျိုးသမီး(၁)ဦး အား အဆိုပါညတွင် ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသား(၆)ဦးမှာ(၁)ဦးချင်းအလိုက် မိမိတို့နည်းလမ်းဖြင့် နောက်ရက်တွင် ထွက်ပြေးလွတ်မြောက်လာကြခြင်းဖြစ်ကြောင်းသိရှိရသည်။

Credit to:TSYO (Ta’ang Students and Youth Organization) Official
၂၀၁၄ခုနှစ်၊ဖေဖော်ဝါရီလ ၄ရက်နေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင် ၊ ကွတ်ခိုင်မြို့နယ် အခြေစိုက် KIO/A စစ်တပ် မန်လွယ်တိုက်နယ် ဦးဘရမ်း တောင် မှ ဖတ်ရိုင်း-ပြိန်းဟွယ်အုပ်စု နမ့်ခုမ် ၊ မာန်မောဝ် ၊ ပြိန်းဟွယ်၊ မန်အောင်စုစည်း ၊ ပန်းဆေး ၊ ပန်ကူအုပ်စု ၊ နောင်ခွန် ကျေးရွာများသို့ ၀င်ရောက်ကာ ကျေးရွာကြီးရင် ကြီးသလို တပ်သားသစ် ၅ဦးမှ ၁၀ဦးအထိ ကောက်ခံသည့်အပြင် ဆန်၊ဆားပါကောက်ခံနေကြောင်းသိရသည်။

ငြိမ်းချမ်းရေးဖော်ဆောင်ဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ နေ့စဉ်ဖြစ်နေဆဲဟု ND-Burma အစီရင်ခံစာ ဖော်ပြ

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက် နေသော်လည်း တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများသည် နေ့စဉ်ဖြစ်နေဆဲဟု လူ့အခွင့်ရေးမှတ်တမ်းကွန်ရက် ND-Burma အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

ချစ်သူများနေ့အမှတ်တရ အရောင်းဆိုင်ဖွင့်တဲ့ဓလေ့ မန်းလူငယ်တွေကြား အထူးရေပန်းစားလာ

Photo: ချစ်သူများနေ့အမှတ်တရ အရောင်းဆိုင်ဖွင့်တဲ့ဓလေ့ မန်းလူငယ်တွေကြား အထူးရေပန်းစားလာ
Thursday, February 13, 2014

ဖုန်ထူနေပူပြီး ဆိုင်ကယ်သံတွေ ဆူညံနေတဲ့ မန္တလေးမြို့မှာ ဇန်န၀ါရီလ နောက်ဆုံး သီတင်းပတ်
လောက်ကစပြီး ၇၃ လမ်းမပေါ် အပါအ၀င် မြို့တွင်းလမ်းဘေးဝဲယာ တစ်လျှောက်မှာ ချစ်သူများနေ့
အတွက် လက်ဆောင်ပစ္စည်းရောင်းတဲ့ ယာယီဆိုင်တွေနဲ့ စည်ကားနေပါပြီ။

သီချင်းတွေကိုလည်း အပြိုင်အဆိုင်ဖွင့်လို့ပေါ့။ ယာယီဆိုင်ငယ်တွေက သေးငယ်ပေမယ့်
ချစ်သူများနေ့မှာ လက်ဆောင်ပေးချင်စရာ အရုပ်၊ ချောကလက်၊ ပန်းစည်းတွေကို အရောင်အသွေး
စုံစုံလင်လင် ရွေးချယ်စရာအများအပြားနဲ့ကို တွေ့နိုင်ပြီး ဆိုင်ဖွင့်သူတွေကလည်း လူငယ်
ကျောင်းသားတွေပဲ အများဆုံးဖြစ်ကြပါတယ်။

တရုတ်ဘုံကျောင်းတစ်ကျောင်းမှာ တရုတ် စာသင်ယူနေတဲ့ မထက်ထက်ဦးကတော့ ဒီနှစ်မှာ
ပထမဆုံးအနေနဲ့ သူငယ်ချင်း လေးယောက် စုပြီး ချစ်သူများနေ့ အမှတ်တရပစ္စည်းဆိုင်ဖွင့်ဖြစ်တယ်
လို့ ပြောပါတယ်။

"ခုချိန်က ဘုံကျောင်းပိတ်ရက်ဖြစ်ပြီး တခြားရွယ်တူ သူငယ်ချင်းတွေလည်း ဈေးဆိုင်ဖွင့်ပြီး
ရောင်းတာမြင်လို့ ပျော်လို့လိုက်ရောင်းတာပါ။ ချောကလက်နဲ့ ပန်းစည်း အဓိကတင်ထားတယ်၊
လိုအပ်တဲ့ အမှတ်တရပစ္စည်းလေးတွေကိုတော့ သူငယ်ချင်းတွေစုပြီး ၀ယ်ကြပါတယ်"လို့
မထက်ထက်ဦးက ပြောပါတယ်။

နှင်းဆီပန်းမျိုးစုံအဓိကရောင်းတဲ့ သူ့ဆိုင်မှာ အဓိက လာဝယ်သူတွေက အသက် ၂၀ ၀န်းကျင်တွေ
ဖြစ်ပြီး လူကြီးတွေလည်း လာဝယ်သူတွေထဲမှာ ပါဝင်တယ်လို့ ပြောပါတယ်။

"အဲ.. မနေ့ကတော့ ကလေးလေး၊ အသက်ရှစ်နှစ်လောက်ပဲ ရှိဦးမယ် ကောင်လေးတစ်ယောက်
နှင်းဆီပန်းတစ်ပွင့် လာဝယ်တယ်။ အတန်းထဲက ကောင်မလေးတစ်ယောက်ကို ပေးမလို့တဲ့။
ပျော်စရာအရမ်းကောင်းပါတယ်"လို့ ပြောပါတယ်။

မန္တလေးမြို့မှာ လွန်ခဲ့တဲ့ သုံးလေးနှစ် ၀န်းကျင်ကစပြီး ချစ်သူများနေ့နီးလာချိန်ဆို ကျောင်းသား
လူငယ်တွေစုပြီး ယာယီအမှတ်တရ လက်ဆောင်အရောင်းဆိုင်တွေ ဖွင့်လာကြပြီး ချစ်သူများနေ့
အထိ ရောင်းချကြတယ်လို့ သိရပါတယ်။

မန္တလေးမြို့က သူငယ်ချင်းတွေရဲ့အစီအစဉ်ကြောင့် နမ္မတူမြို့ကနေ လာရောက်ဆိုင်ဖွင့် ရောင်းချတဲ့
မ၀င်းဝင်းသန့်ကတော့ ချစ်သူမရှိ မယ့်အတူတူ သူငယ်ချင်းတွေနဲ့ အခုလိုဈေးရောင်းရတာ ပျော်စရာ
ကောင်းတယ်လို့ ဆိုပါတယ်။

"ကျွန်မတို့က ချစ်သူ မရှိကြဘူးရှင့်။ ဒီတော့ ကိုယ်တိုင်မရှိမယ့်အတူတူ ရှိတဲ့သူတွေအတွက်
အမှတ်တရတွေဖြစ်စေဖို့ သူငယ်ချင်းတွေစုပြီး ဈေးရောင်းကြတာပေါ့။ ဒါဆို ချစ်သူမရှိလည်း
ကိုယ်တွေပါ ချစ်သူများနေ့မှာ အမှတ်တရ ပျော်စရာတွေ ဖြစ်လာမယ်လေ"လို့ ဖေဖော်ဝါရီလ
၇ ရက်နေ့မှာ ဈေးစရောင်းခဲ့တဲ့ မ၀င်းဝင်းသန့်က ပြောပါတယ်။

အရောင်းဆိုင်တွေဟာ တစ်ဆိုင်နဲ့ တစ်ဆိုင် ငါးပေ၊ ဆယ်ပေလောက်ပဲ ကွာဝေးပေမယ့် ဆိုင်ဖွင့်
ရောင်းသူ လူငယ်အုပ်စုအချင်းချင်း အပြိုင်အဆိုင်မဖြစ်ကြဘဲ ပျော်ပျော်ရွှင်ရွှင် ရောင်းချနေကြတာပါ။

ရောင်းချဖို့အတွက် ပစ္စည်းတွေကိုတော့ တရုတ်ပြည်နယ်စပ်၊ မူဆယ်၊ ရွှေလီမြို့တွေကို အများဆုံး
သွားရောက် ၀ယ်ယူကြပြီး ပြန်လည်ရောင်းချရာမှာ ပျမ်းမျှ အနည်းဆုံးကျပ် ၁,၅၀၀ နဲ့ အများဆုံး
ကျပ် လေးသောင်းခွဲ ပစ္စည်းတွေပဲ တင်ကြပါတယ်။

သူငယ်ချင်းတွေ နောက်ဆုံးဆုံတွေ့ရတဲ့နှစ်မှာ အမှတ်တရဖြစ်ချင်လို့ အရောင်းဆိုင်ဖွင့်ခဲ့ကြတဲ့
ကိုစိုင်းအောင်၊ ကိုဇော်ပိုင်နဲ့ မနန်းပပစိုး တို့ကတော့ သူငယ်ချင်း ရှစ်ယောက်စုပြီး အမှတ်တရ
အရုပ်ဆိုင်ကို ဖွင့်ထားကြပါတယ်။

"နောက်နှစ်ဆို နိုင်ငံခြားသွားတဲ့သူတွေ၊ ကျောင်းဆက်တက်မယ့်သူတွေ၊ လုပ်ငန်းခွင်ဝင်မယ့်သူ
တွေနဲ့ အကုန်လူစု ကွဲသွားကြမှာဆိုတော့ ဒီနှစ် အမှတ်တရဖြစ်အောင် ဆိုင်ဖွင့်ကြတာပါ။
သူငယ်ချင်းတွေက ကျောင်းတွေမတူကြတော့ ဆေး၊ ရတနာပုံ၊ ယူအက်ဖ်အယ်လ် အကုန်စုပြီး ဒီမှာ
အတူတူ ဈေးရောင်းကြပါတယ်"လို့ ကိုစိုင်းအောင်က ပြောပါတယ်။

စီးပွားရေးအရမဟုတ်ဘဲ အပျော်အတွက်သာ ဖွင့်လှစ်ရောင်းချကြတာမို့ ဆိုင်ဖွင့်တဲ့ လူငယ်တွေဟာ
တစ်နှစ်နဲ့တစ်နှစ် မတူကြပေမယ့် ဆိုင်အရေအတွက်ကတော့ ပိုတိုးလာတယ်လို့လည်း သိရပါတယ်။

"ချစ်သူနဲ့ဆိုရင် နှစ်ယောက်ထဲပဲ ပျော်ရမှာလေ။ ခုဆို သူငယ်ချင်းတွေ အများကြီးနဲ့ ပျော်စရာကြီး။
ပြီးတော့ ကိုယ့်ဆိုင်မှာ အရုပ်လာ ၀ယ်တဲ့သူတွေကိုလည်း သူတို့ ကောင်မလေးတွေကိုယ်စား
အရင်ပျော်နေရတာနဲ့ဆိုတော့ တကယ့် အမှတ်တရအကြီးကြီးပါပဲ"လို့ မနန်းပပစိုးက ပြောပါတယ်။

အရောင်းဆိုင်ဖွင့်ကြတဲ့ ကျောင်းသားတွေရဲ့ မိဘတွေအနေနဲ့လည်း ချစ်သူများနေ့မှာ သားသမီး
အတွက် စိတ်မပူရတော့ဘဲ ဆိုင်ပါ ၀ိုင်းကူဖွင့်ပေးပြီး အကြိုအပို့တွေ လုပ်ကြပါတယ်တဲ့။

"အိမ်က သူငယ်ချင်းတွေနဲ့ဆိုတော့ စိတ်ချတယ်လေ။ မနက်လိုက်ပို့၊ ညနေ လာကြို၊ ထမင်းတွေ
ဘာတွေချက်ပြီးတောင် လာပို့ပြီး ဆိုင်လည်း ၀ိုင်းကူခင်းပေးတယ်။ အပျော်ဆိုပေမယ့် တကယ်တမ်း
ဈေးလည်းရောင်းရတာဆိုတော့ လူတွေနဲ့ ပိုထိတွေ့ရတော့ အတွေ့အကြုံ လည်းရတယ်လေ"လို့
မနန်းပပစိုးက ပြောပါတယ်။

ချစ်သူများနေ့မရောက်ခင် ပစ္စည်းကုန်ရင် ထပ်သွားဝယ်ပြီး ပြန်ရောင်းမယ်လို့ အားတင်းထားကြ
ပေမယ့် တကယ်လို့ မကုန်ရင်လည်း သူငယ်ချင်းတွေ အကုန်ခွဲဝေယူကြမယ်လို့ ဆုံးဖြတ်ထားကြတဲ့
အတွက် လောဘကင်းတဲ့ ချစ်စရာလူငယ်ဓလေ့ကိုလည်း တွေ့နိုင်ပါတယ်။

ချစ်သူများနေ့ နီးလာလေလေ ဖွင့်တဲ့ ဆိုင်ပိုများလေဖြစ်ပြီး မနက် ၉ နာရီကနေ ည ၁၀ နာရီ
ဝန်းကျင်လောက်အထိ ဖွင့်တတ်ကြတဲ့ အမှတ်တရ ပစ္စည်းအရောင်းဆိုင်တွေက ချစ်သူများနေ့
မှာတော့ ညသန်းခေါင်အထိ ဖွင့်လှစ် ရောင်းချကြပါတယ်။

ငြိမ်းအိအိထွေး

မြန်မာတိုင်း(မ်)

မန္တလေးမြို့က အမှတ်တရပစ္စည်းဆိုင် တစ်ဆိုင်မှာ ပစ္စည်းတွေ ခင်းကျင်းနေတဲ့ လူငယ်တစ်ဦး။ စည်သူလွင်/မြန်မာတိုင်း(မ်)
မန္တလေးမြို့က အမှတ်တရပစ္စည်းဆိုင် တစ်ဆိုင်မှာ ပစ္စည်းတွေ ခင်းကျင်းနေတဲ့ လူငယ်တစ်ဦး။ စည်သူလွင်/မြန်မာတိုင်း(မ်)
ဖုန်ထူနေပူပြီး ဆိုင်ကယ်သံတွေ ဆူညံနေတဲ့ မန္တလေးမြို့မှာ ဇန်န၀ါရီလ နောက်ဆုံး သီတင်း ပတ် လောက် က စပြီး ၇၃ လမ်းမပေါ် အပါအ၀င် မြို့တွင်းလမ်းဘေးဝဲယာ တစ်လျှောက်မှာ ချစ်သူများနေ့အတွက် လက်ဆောင်ပစ္စည်းရောင်းတဲ့ ယာယီဆိုင်တွေနဲ့ စည်ကားနေပါပြီ။

ကင်တားနား မြန်မာပြည်နောက်ဆုံးခရီး မျှတမှုရှိရန်မျှော်မှန်း

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် သောမတ်စ်အိုဟေးကင်တားနား၏ တိုက်တွန်းချက် အစီရင်ခံစာများတွင် မြန်မာအစိုးရဘက်က လက်မခံနိုင်သည့်အချက်များ ရှိနေ သဖြင့် ဖေ ဖော်ဝါရီ ၁၄ ရက်မှ ၁၉ ရက်အထိ လာရောက်မည့် ကင်တားနား၏ မြန် မာနိုင်ငံ နောက် ဆုံးခရီးစဉ်တွင် တကယ့် ပြည်တွင်းအခြေအနေ၊ လက်တွေ့ဖြစ်ရပ်များပေါ် အခြေခံသည့် သုံးသပ်ချက်များ၊ ရှုမြင်ချက် များဖြစ်လာရန် မျှော်လင့်သည်ဟု သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။

ရင်သားအလှ မထိခိုက်စေရန်

Photo: ရင်သားအလှ မထိခိုက်စေရန်
Thursday, February 13, 2014

ရင်သားဆိုတာ မိန်းကလေး တစ်ယောက်ရဲ့ ခန္ဓာကိုယ် အလှအပကို ဖော်ဆောင်ပေးတဲ့ အရာပါ။

မိန်းကလေး တစ်ယောက် ကြည့်ကောင်း တယ်လို့ သတ်မှတ်ခံရတဲ့ အခါမှာလည်း ရင်သား အလှဟာ ပါဝင် ပတ်သက် နေပါတယ်။ ရင်သားလှတဲ့ မိန်းကလေးတွေဟာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတတ်ကြပါတယ်။ ဒါကြောင့် မိန်းကလေး တစ်ယောက် အတွက် ရင်သားအလှ မထိခိုက်စေဖို့နဲ့ ရင်သား ကျန်းမာရေး ကောင်းမွန် နေစေဖို့ အတွက် သိထားသင့်တဲ့ လမ်းညွှန်ချက်တွေကို ဖော်ပြ ပေးလိုက်ပါတယ်။

၁) ဖြည့်စွက်ဆေး သောက်ပါ
ရင်သား ကျန်းမာရေးအတွက် လိုအပ်တဲ့ အစားအသောက်တွေကို ပြည့်ဝအောင် စားပေးပါ။ တကယ်လို့ မစားဖြစ်ရင် ဖြည့်စွက်ဆေးကို မှီဝဲသင့်ပါတယ်။ မှီဝဲသင့်တဲ့ အစားအသောက် တွေကတော့ ဗီတာမင်နဲ့ သတ္တုဓာတ် ပေါကြွယ်ဝတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အဆီနည်း အသား၊ ငါး၊ ပဲအမျိုးမျိုးနဲ့ အခွံချွတ် မထားတဲ့ ဆန်လုံးညိုလို ကောက်နှံ စာတွေပဲ ဖြစ်ကြပါတယ်။ တကယ်လို့ ဒီအာဟာရတွေကို အလုံအလောက် မစားဖြစ်ရင်တော့ ဗီတာမင်နဲ့ သတ္တုဓာတ်ပါတဲ့ ဖြည့်စွက်ဆေးကို မှီဝဲပေး သင့်ပါတယ်။

၂) ကျန်းမာရေးနှင့် ညီညွတ်သော အဆီကို စားပါ
အဆီတွေဟာ ဟော်မုန်း ထုတ်လုပ်ဖို့အတွက် လိုအပ်ပါတယ်။ အဆီတွေဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီး လုပ်ငန်းဆောင်တာ များစွာကို ကောင်းမွန်စေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကို စားပေးတဲ့အခါ သင့်ခန္ဓာကိုယ်က ပိုကြည့် ကောင်းလာပြီး စိတ်ခံစားမှုလည်း ပိုကောင်းလာတာကို တွေ့ရမှာပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကတော့ ငါး အဆီ၊ အခွံမာသီး၊ အစေ့ အဆန်၊ သံလွင်ဆီ စတာတွေ ဖြစ်ကြပါတယ်။ တကယ်လို့ မစားဖြစ်ရင် အိုမီဂါသရီး ဖက်တီးအက်စစ် အားဖြည့်ဆေးကို မှီဝဲပေးပါ။

၃) အပင်ထွက် ဟော်မုန်းကို မှီဝဲပါ
ဖိုင်တိုဟော်မုန်းတွေဟာ အပင်ကနေ ရတဲ့ ဟော်မုန်းတွေဖြစ်ပြီး ခန္ဓာကိုယ် ကျန်းမာရေး အတွက် မရှိမဖြစ် အရေးပါတဲ့ ဟော်မုန်း အမျိုးအစား အားလုံးကို ဖန်တီး ထုတ်လုပ်ရာမှာ ကူညီပါတယ်။ ဟော်မုန်း စနစ် ဟန်ချက်ညီတာဟာ ရင်သားတွေကို ကျန်းမာစေပါတယ်။ ဒါကြောင့် ဖိုင်တိုဟော်မုန်း ရအောင် အပင်ထွက် အစားအစာတွေကို စားသုံး ပေးသင့်ပါတယ်။

၎) အသည်း ကျန်းမာအောင် ဂရုစိုက်ပါ
အသည်းရဲ့ လုပ်ငန်းဆောင်တာဟာ ဟော်မုန်းတွေနဲ့ တခြား ဓာတု ပစ္စည်းတွေကို တည်ဆောက် ဖြိုခွဲတာ ဖြစ်ပါတယ်။ အသည်း ကျန်းမာစေဖို့ အတွက် အရက် အလွန်အမင်း မသောက်ပါနဲ့။ မကောင်းတဲ့ ထပ်ပြန်ကြော်ဆီ၊ တိရစ္ဆာန်ထွက် အဆီ စတာတွေကို ရှောင်ပါ။ မှိုတက်နေတဲ့ အစားအစာတွေကို လုံးဝ မစားပါနဲ့။ အသည်း ကောင်းနေမှ ဟော်မုန်းတွေ ဟန်ချက်ညီကာ ရင်သား ကျန်းမာနေမှာ ဖြစ်ပါတယ်။

၅) စိတ်ဖိစီးမှုကို ဖြေဖျောက်ပါ
စိတ်ဖိစီးမှုကို လျှော့ချနိုင်ဖို့က အပြောလွယ်သလောက် လုပ်ရတာ ခက်ခဲပါတယ်။ စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ် ကျန်းမာရေးအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိနေတာကြောင့် အာဟာရ ပြည့်ဝအောင် စားတာ၊ တရား ထိုင်တာ၊ ယောဂကျင့်တာ၊ လေ့ကျင့်ခန်း လုပ်တာ စတဲ့ နည်းလမ်းတွေနဲ့ လျှော့ချ ကြည့်သင့်ပါတယ်။

၆) အပို ကိုယ်အလေးချိန်ကို လျှော့ချပါ
ကိုယ်အလေးချိန် ပိုနေရင် ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ကျန်းမာရေးကို ထိခိုက် စေသလိုပဲ ရင်သားကိုပါ ထိခိုက် စေနိုင်ပါတယ်။ ပုံမှန်ထက် ကိုယ်အလေးချိန် ပိုများတာနဲ့ ကျန်းမာရေး ပြဿနာအကြား ဆက်စပ်မှု ရှိနေတာကြောင့် ကိုယ် အလေးချိန်ကို ပုံမှန် ရှိအောင် ထိန်းသင့်ပါတယ်။

၇) အမျှင်ဓာတ်များသော အစားအစာ စားပါ
အမျှင်ဓာတ် များတဲ့ အစားအစာတွေကို စားတာက အူလှုပ်ရှားမှုကို ကောင်းမွန် စေပါတယ်။ ခန္ဓာကိုယ်က မလိုအပ်တဲ့ အဆိပ်အတောက်တွေနဲ့ အပို အီစထရိုဂျင်တွေကို ဖယ်ရှားပေးနိုင်ရင် ရင်သားကို ကျန်းမာစေ တာကြောင့် အမျှင်ဓာတ်များတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အခွံချွတ် မထားတဲ့ ကောက်နှံစာ စတာတွေကို စားပေးသင့်ပါတယ်။ အသားကို လျှော့စားသင့်ပါတယ်။

၈) ကျန်းမာရေးနှင့် မညီညွတ်သော အရာများနှင့် ထိတွေ့မှု မရှိပါစေနှင့်
ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ကင်ဆာ ဖြစ်စေတဲ့ အရာတွေနဲ့ ညစ်ညမ်းတဲ့ အခိုးအငွေ့ စတာတွေနဲ့ မထိတွေ့မိအောင်၊ မရှုရှိုက်မိအောင် တတ်နိုင်သမျှ ရှောင်ပါ။ ဒီအရာတွေဟာ ခန္ဓာကိုယ် တွင်း ဟော်မုန်း စနစ်ကိုသာ မက ရင်သား ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

မြ၀တီ
ရင်သားဆိုတာ မိန်းကလေး တစ်ယောက်ရဲ့ ခန္ဓာကိုယ် အလှအပကို ဖော်ဆောင်ပေးတဲ့ အရာပါ။

လူမျိုးစု ၁၃၅ မျိုးတွင် မပါသူများ တိုင်းရင်းသားဖြစ်ခွင့် ရှိ၊ မရှိကို သန်းခေါင်စာရင်းကောက်ပြီးနောက် လွှတ်တော်တွင် ဆုံးဖြတ်မည်

မတ်လ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ရာတွင် ပြည်သူများအနေဖြင့် ကြိုက်နှစ်သက်ရာ လူမျိုး စုအမည်များကို ထည့်သွင်းခွင့်ရှိသည်ဟု သတ်မှတ်ထားသော်လည်း ၎င်းတို့ တိုင်းရင်းသားဖြစ်ခွင့် ရှိခြင်း မရှိခြင်းကို သန်းခေါင်စာရင်းကောက်ပြီးမှ လွှတ်တော်တွင် အတည်ပြု ဆုံးဖြတ်သွားမည်ဟု အစိုးရအဖွဲ့ က ပြောဆိုလိုက်ကြောင်းကို စစ်ကိုင်းတိုင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုထန်ကပ်က မဇ္ဈိမကို ပြောသည်။

နားအိုကြီးအနီး ပရန်တိုင်းမှော်ကြားတွင် အစိုးရတပ်များနယ်မြေလုံခြုံရေး လုပ်ဆောင်စဉ် KIA နဲ့တိုက်ပွဲဖြစ်ရာ KIA ဘက်မှ အများအပြားကျဆုံး

Photo: နားအိုကြီးအနီး ပရန်တိုင်းမှော်ကြားတွင် အစိုးရတပ်များနယ်မြေလုံခြုံရေး လုပ်ဆောင်စဉ် KIA နဲ့တိုက်ပွဲဖြစ်ရာ KIA ဘက်မှ အများအပြားကျဆုံး
Thursday, February 13, 2014

ဗန်းမော်ခရိုင် မန်စီမြို့နယ် နားအိုကြီး အနီး ပရန်တိုင်းမှော်ကြား ဖေဖ၀ါရီလ ၇ ရက်နေ့တွင် အစိုးရတပ်နှင့် KIA တပ်ရင်း ၁၂ တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA ဘက်မှ အရာရှိ ၂ ဦး ကျဆုံးသည့်အပြင် အများအပြားဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

အစိုးရတပ်ဖြစ်သော ရွှေဂူတပ်ခြေမြန်တပ်ရင်း ၆၀၂ သည် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် KIA တပ်ရင်း ၁၂ မှ ကြိုတင်စောင့်ပြီးတိုက်ခိုက်ရန် လှုပ်ရှားလာစဉ် နှစ်ဖက်တပ်များ မိနစ် ၃၀ ကျော်ကြာ ထိပ်တိုက် ပစ်ခတ်မှုဖြစ်ပွားကာ KIA မှ ဒုဗိုလ် နှင့် အရာခံဗိုလ် တို့ ၂ ဦး ကျဆုံးခဲ့သည့်အပြင် အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့သည်။ အစိုးရတပ်မှ ကျဆုံးမှုမရှိသော်လည်း ထိခိုက်ဒဏ်ရသူတော့ ရှိတယ်ဟု ကောင်ရွန်ရွာမှ ဒေသခံတစ်ဦးမှပြောသည်။

ယခုနောက်ပိုင်းတွင် အစိုးရတပ်မှာ နယ်မြေလုံခြုံရေးနှင့် တရားမဝင် သစ်မှောင်ခိုများကို စနစ်တကျ ရှင်းလင်းစဉ် KIA နဲ့ တိုက်ပွဲများဖြစ်ပွားကာ KIA ဘက်မှ အများအပြား ကျဆုံးမှုအပေါ် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်နှိမ့်ကျ မှုများရှိလာသည့် အပြင် လူသစ်စုဆောင်းခြင်းခံရသော KIA စစ်သားများမှာ စစ်တိုက်လိုသော စိတ်မရှိတာကြောင့် ဖြစ်တယ်ဟု KIA တပ်ရင်း ၁၂ အရာရှိက ပြောကြားခဲ့သည်။ 

ယခုချိန် KIA တပ်ရင်း ၃၄ ဒေသတွင် ရင်း ၃၄ နှင့် ပလောင် (TNLA) တပ်ဖွဲ့များ ပူးပေါင်းက အစိုးရတပ်အား တိုက်ခိုက်နေပြီ KIA တပ်ရင်း ၃၄ နဲ့ တပ်ရင်း ၁၂ သည် စစ်အင်အား ပြန်လည်တိုးမြင့်ကာ လှုပ်ရှားနေပြီး KIA တပ်ရင်း ၈ ဒေသနှင့် KIA တပ်မဟာ (၃) နယ်မြေတွင်လည်း အင်းအားများတိုးချဲ့ထားရှိသည်။

ဇော်ဆန်း

ကချင်ပြည်နယ် အမျိုးသား ပြန်လည်ထူထောင်ရေးအဖွဲ့
ဗန်းမော်ခရိုင် မန်စီမြို့နယ် နားအိုကြီး အနီး ပရန်တိုင်းမှော်ကြား ဖေဖ၀ါရီလ ၇ ရက်နေ့တွင် အစိုးရတပ်နှင့် KIA တပ်ရင်း ၁၂ တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA ဘက်မှ အရာရှိ ၂ ဦး ကျဆုံးသည့်အပြင် အများအပြားဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

ကိုရီးယား ဇတ်လမ်းတွေက သူတို့ယဉ်ကျေးမှု ထုံးစံကို ထည့်ရိုက်တယ် သင်ဇာဝင့်ကျော်

Photo: ကိုရီးယား ဇတ်လမ်းတွေက သူတို့ယဉ်ကျေးမှု ထုံးစံကို ထည့်ရိုက်တယ် သင်ဇာဝင့်ကျော်
Thursday, February 13, 2014

ကိုရီးယား ဇတ်လမ်းတွေက သူတို့ယဉ်ကျေးမှု ထုံးစံကို ထည့်ရိုက်တယ် သင်ဇာဝင့်ကျော် သင်ဇာ ကိုရီးယားဇာတ်ကား ကိုကြည့်ဖြစ် ပါတယ်။ သူက series တွေလေ။ series ဆိုတော့ တစ်ပိုင်း ပြီးခါနီးတိုင်း နောက်တစ်ပိုင်းကြည့် ချင်အောင် စိတ်ဝင်စား စရာကောင်း အောင် ထည့်ထားကြတယ်။ အဲဒါ ကြောင့် နောက်တစ်ပိုင်းကို လူတွေ က ကြည့်ချင် လာတယ်။ သင်ဇာတို့ မြန်မာ ဗီဒီယိုကကြည့်ပြီး ပြီးသွား တယ်။ ဘယ်နေရာမှာ ဘာဖြစ်မလဲ ဆိုတာ ကြိုပြီးခန့်မှန်း လို့ရတဲ့ ထဲမှာ ပါတယ်။

အဲဒါကြောင့် ကိုရီးယား ကားနဲ့ကွာခြား တယ်လို့ထ င်ပါတယ်။ ကိုရီးယားကား ကလည်း သူ့အရည် အချင်းနဲ့ သူတော်ကြတယ်။ သင်ဇာ တို့လည်း ထိုးဖောက်နိုင်ဖို့ကြိုး စားရ ဦးမှာပါ။ သင်ဇာ series လည်း သိပ်မကြည့်ဖြစ်ဘူး။ အချိန်ပေးရ လို့။ Moving လောက်ပဲကြည့် ဖြစ်တယ်။ သင်ဇာတို့ မြန်မာကား တွေ ရိုက်ရင် ယဉ်ကျေးမှုပျောက်နေ တယ်။ နိုင်ငံခြားကားတွေမှာ သူတို့ ကားတိုင်း ယဉ်ကျေးမှုတစ်ခုခုပါ တတ်တယ်။ ကိုရီးယားကားဆိုလည်း ရိုးရာအဝတ် အစားမျိုးတွေ၊ သူတို့ ရိုးရာမပျောက်တဲ့ ဆင်န်းလေးတွေ ပါတတ်တယ်။

ဒီမှာက အဲဒါမျိုးတွေ ပျောက်နေတော့ မြန်မာ လူမျိုးတွေ ကျတော့ မေ့လုလုတောင်ဖြစ်နေ တယ်။ အဲဒီတော့ ကိုယ့်ယဉ်ကျေးမှု ကို ကားရိုက်တိုင်းထည့်ပေးရင် အ ဆင်ပြေမယ်လို့ ထင်တယ်။ မြန်မာ မိန်းကလေးတွေက ကိုရီးယားကား တွေကြည့်ပြီး ယောကျာ်းလေးတွေ ကို တစ်ဖက်သတ် ကြိုက်တာတို့၊ Propose လုပ်တာတို့တွေရှိလာ တယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင် မိလဲဆိုတော့ ဘယ်လိုပြောရမလဲ။ ကိုယ်ကလည်း အရမ်း Perfect ဖြစ်နေတဲ့ မိန်းကလေး တစ်ယောက် လည်း မဟုတ်ဘူးလေ။ ကိုယ်လည်း ကိုယ့်ခံယူချက်နဲ့ သွားနေသလို သူ တို့လည်း သူတို့ခံယူချက်နဲ့ ပဲသွား ပါစေ။ သူတို့အတွက်လည်း ဘာမှ ပြောပေးစရာ အကြောင်းလဲ မရှိဘူး။ ပြောလည်း မပြောချင်ဘူး။

ဘာလို့ လဲဆိုတော့ ကိုယ်ပြော လိုက်လို့ တစ် ခုခုအမှားအယွင်း ဖြစ်သွားမှာစိုး လို့ပါ။ ပိုပြီး မှားသွားမှာ စိုးလို့ပါ။ ကိုရီးယားကားတွေမှာက အိမ် ထောင်ရေးဖောက်ပြန် တာတွေ များ တော့ အတုယူမှား တာတွေဖြစ်နိုင် လားဆိုတော့ ဒီကားကိုကြည့်ပြီး ဒီလိုလုပ် ရမယ်လို့ ဒီကားပြတဲ့အ ချိန်မှာ ပြောထားတာ မဟုတ်ဘူး လေ။ လူဆိုတာ စဉ်းစားချင့်ချိန် နိုင်တဲ့ ဥာဏ်တော့ရှိပါတယ်။ လုပ် သင့်လား။ မလုပ်သင့်ဘူးလား ဆိုတာ သေသေချာချာ စဉ်းစားပြီးမှ လုပ်ပေါ့။ ကိုယ်လုပ် လိုက်လို့ ကိုယ်ကျူးလွန် လိုက်လို့ လူတစ်ဖက်သား နစ်နာသွား မလားဆိုတာ စဉ်းစားပေါ့။ စဉ်းစား ပြီးအားလုံးကို လုပ်စေချင်ပါတယ်။

By 8 Days
ကိုရီးယား ဇတ်လမ်းတွေက သူတို့ယဉ်ကျေးမှု ထုံးစံကို ထည့်ရိုက်တယ် သင်ဇာဝင့်ကျော် သင်ဇာ ကိုရီးယားဇာတ်ကား ကိုကြည့်ဖြစ် ပါတယ်။ သူက series တွေလေ။ series ဆိုတော့ တစ်ပိုင်း ပြီးခါနီးတိုင်း နောက်တစ်ပိုင်းကြည့် ချင်အောင် စိတ်ဝင်စား စရာကောင်း အောင် ထည့်ထားကြတယ်။ အဲဒါ ကြောင့် နောက်တစ်ပိုင်းကို လူတွေ က ကြည့်ချင် လာတယ်။ သင်ဇာတို့ မြန်မာ ဗီဒီယိုကကြည့်ပြီး ပြီးသွား တယ်။ ဘယ်နေရာမှာ ဘာဖြစ်မလဲ ဆိုတာ ကြိုပြီးခန့်မှန်း လို့ရတဲ့ ထဲမှာ ပါတယ်။

ကျွဲတိုက်မိပြီး တိမ်းမှောက်နေသော ပရိုဘောက်ယာဉ်အား ဆူဇူကီးဝက်စ်ဂွန်းယာဉ်မှ ထပ်မံဝင်တိုက်

Photo
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၆၇/၁-၂)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မန္တလေးမှရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်နေ ထွန်းထွန်းမင်း(၂၈)နှစ် မောင်းနှင် လာသည့် BB/xxxx ပရိုဘောက်အဖြူရောင်ယာဉ်သည် လမ်းဖြတ်ကူးသော ကျွဲအားရှောင်တိမ်းရာမှ အရှိန် မထိန်းနိုင်ဘဲ ပွတ်တိုက်၍ သစ်ပင်အားတိုက်မိကာ ရပ်တန့်သွားခဲ့သည်။

သန်းခေါင်စာရင်း ကောက်ယူခံရရေးအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်နေ

Photo: သန်းခေါင်စာရင်း ကောက်ယူခံရရေးအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်နေ
Thursday, February 13, 2014

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခံရရေးအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လည်ဝင်ရောက်မှုများ ပြုလုပ်နေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရသည်။

သို့သော် ယင်းသို့ဝင်ရောက်လာမှုများ အနေဖြင့် သန်းခေါင်စာရင်း နည်းစနစ်များအရ ပြန်လည်ဝင်ရောက်ရန် မလိုအပ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ရှင်းလင်းခဲ့သည်။

“ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခံရရေးအတွက် ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ ပြန်ဝင်လာမှုတွေ ဖြစ်နေတယ်။ အဓိကတော့ မလိုအပ်ဘူး။ အဓိကအတွက်လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့တွေ့ပြီး အသိပေးမှုတွေ ပြုလုပ်နေပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူခံရရန် မိသားစုလိုက် ပြည်ပသို့ ပြောင်းရွှေ့လုပ်ကိုင်ခြင်း အမျိုးအစားများသာ ပြန်လာသင့်ကြောင်း၊ တစ်ဦးတစ်ယောက်တည်း အနေဖြင့် ပြန်လည်ဝင်ရောက်ခြင်း မပြုလုပ်သင့်ကြောင်း ၀န်ကြီးက ပြောကြားသည်။

ယင်းသို့ ပြန်လည်ဝင်ရောက်မှုများ အနေဖြင့် ထိုင်းနိုင်ငံဘက်မှ အများဆုံးပြုလုပ်နေပြီး ထိုင်းနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့် အပြီးပြန်လည်နေထိုင်ရန် ၀င်ရောက်လာသော မြန်မာနိုင်ငံသားများ ပါရှိနေပြီး ရောထွေးမှုများ ရှိနေသည့်အတွက် စာရင်းအတိအကျကို ပြုလုပ်ရန် အခက်အခဲများ ရှိနေကြောင်း သိရသည်။

ပြည်သူ့အင်အား ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က “၀င်မလာနဲ့ ဆိုတော့လည်း လုပ်လို့မရဘူး။ ဒါက ကိုယ်ပိုင်လွတ်လပ်ခွင့် ဖြစ်နေတာကိုး။ ဒါပေမဲ့ အလုပ်အကိုင်ရှိတဲ့သူဆိုလည်း ပျက်သွားနိုင်တယ်လေ” ဟု ပြောကြားသည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မတ်လ ၃၀ ရက် သန်းခေါင်အချိန်မှ စတင်ကာ ကောက်ယူသွားမည်ဖြစ်ပြီး ဧပြီ ၁၀ ရက်အထိ ၁၂ ရက်ကြာ ကောက်ယူမည်ဖြစ်ကြောင်း၊ ယင်းသို့ကောက်ယူမှုမှာ လာမည့် ၂၀၁၅ ရွေးကောက်ပွဲအပြင် နိုင်ငံရေး၊ စစ်ရေး၊ လူမျိုးဘာသာ စသည်တို့အပေါ် ဖိနှိပ်အမြတ်ထုတ်ရန်တို့နှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

သန်းခေါင်စာရင်း အချက်အလက်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်၊ လက်ရှိနှင့်အနာဂတ် စီမံကိန်းများနှင့် မူဝါဒများရေးဆွဲသည့် လုပ်ငန်းစဉ်များတွင် များစွာအထောက်အကူပြုမည်ဖြစ်ပြီး သန်းခေါင်စာရင်းကောက်ယူမှုအတွက် အမေရိကန်ဒေါ်လာ ၇၄ သန်းကုန် ကျမည်ဖြစ်ကြောင်း သိရသည်။

Credit to:EMG
ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခံရရေးအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လည် ၀င်ရောက်မှုများ ပြုလုပ်နေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရ သည်။

ဒေသခံ ရှမ်းနှင့်ပလောင်လူငယ်များကို မူးယစ်ဆေးဝါးနှင့်ငွေ အမြောက်အမြားပေးကာ KIA မှ လူသစ် စုဆောင်း ခိုင်းစေ

Photo: ဒေသခံ ရှမ်းနှင့်ပလောင်လူငယ်များကို မူးယစ်ဆေးဝါးနှင့်ငွေ အမြောက်အမြားပေးကာ KIA မှ လူသစ် စုဆောင်း ခိုင်းစေ
Thursday, February 13, 2014

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်းရှိ ဒေသခံရှမ်းနှင့်ပလောင်လူငယ်များကို မူးယစ်ဆေးဝါးနှင့်ငွေ အမြောက်အမြားပေးကာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အဖွဲ့မှ လူသစ်စုဆောင်း ခိုင်းစေမှုများကို ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ ပြုလုပ်လာကြောင်း ယင်းဒေသခံများထံမှ သိရသည်။

KIA သည် ယခင်က ကချင်ပြည်နယ်အတွင်း နေထိုင်သော တိုင်းရင်းပေါင်းစုံကို လက်နက်ဖြင့် ခြိမ်းခြောက်ပြီး ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်းများ ပြုလုပ်ခဲ့သော်လည်း ယခုအခါဒေသခံ ရှမ်းနှင့် ပလောင် လူငယ်များအား စည်းရုံးကာ လူသစ်စုဆောင်းခိုင်းနေကြောင်း မံစီမြို့ခံတစ်ဦးက ပြောသည်။

``လူငယ်ဆိုတော့ ငွေရရင် ဘာမဆိုလုပ်မှာပဲလေ။ မူးယစ်ဆေးဝါးကိုလည်း သုံးချင်သလောက် ပေးတယ်။ ငွေကိုလည်း အမြောက်အမြားပေးတယ် ဆိုတော့ ဒေသခံရှမ်းနဲ့ ပလောင်လူငယ်တွေ စိတ်ပြောင်းသွားနိုင် တာပေါ့။ အခု KIA က သူတို့ ကိုယ်စား အဲဒီလူငယ်တွေကို စည်းရုံးပြီး လူသစ် စုဆောင်းခိုင်းနေတယ်´´ ဟု စီခမ်းကြီးရွာသား တစ်ဦးက ဆိုသည်။

မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲပြီး ငွေကြေးရရှိထားသော ဒေသခံရှမ်းနှင့် ပလောင်လူငယ်များမှာ KIA အဖွဲ့ ဆီမှ ထုတ်ပေးထားသော တရားမ၀င် လက်နက်များကို ကိုင်ဆောင်ပြီး နန့်လင်းပါ၊ နန့်ကောက်၊ နန့်ဟန်၊ ကောင်းလွင်၊ မိုင်းနောင်၊ စီအူ၊ စီခမ်းကြီး ကျေးရွာများကို လှည့်လည်ကာ ရွယ်တူ ရှမ်း၊ ပလောင်လူငယ်များအား KIA အဖွဲ့ထဲသို့ဝင်ရန် လူသစ်စု ဆောင်းမှုများပြုလုပ်လာကြောင်း နန့်လင်းပါရွာသားများ၏ ပြောပြချက်အရ သိရသည်။

``အဓိကကတော့ ရှမ်းလူငယ်တွေကို စုဆောင်းခိုင်းတယ်လို့ သိရပါတယ်။ KIA ရဲ့ လုပ်ရပ်တွေဟာ ရှမ်းလူငယ် တွေရဲ့ အနာဂတ်ကို တမင်ရည်ရွယ်ပြီး ဖျက်ဆီးနေတယ်ဆိုတာ ထင်ရှားပါတယ်။ အဲဒီကိစ္စကို သေချာစုံစမ်းပြီး ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)အနေနဲ့ တာဝန်ရှိသူအဆင့်ဆင့်ကို တင်ပြသွားမှာဖြစ်ပါတယ်´´ ဟု ယင်းအဖွဲ့ဝင်တစ်ဦးက ပြောကြားသွားခဲ့သည်။

ခွန်နော်
Credit : Kachin Daily News
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်းရှိ ဒေသခံရှမ်းနှင့်ပလောင်လူငယ်များကို မူးယစ်ဆေးဝါးနှင့်ငွေ အမြောက် အမြားပေးကာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အဖွဲ့မှ လူသစ်စုဆောင်း ခိုင်းစေမှုများကို ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ ပြုလုပ်လာကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ဘဏ်တိုက် ဓါးပြတိုက်တဲ့နေ့မှာ ဖွဲ့စည်းထားတဲ့ KIA

Photo: ဘဏ်တိုက် ဓါးပြတိုက်တဲ့နေ့မှာ ဖွဲ့စည်းထားတဲ့ KIA
Thursday, February 13, 2014

ကချင်ပြည်နယ် လဂျားယန်အနီး ဂျာအင်ယန်ရွာအနောက်ဘက် ၂ မိုင်ခန့်အကွာမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေပိုင်းတွင် အစိုးရစစ်တပ်နှင့် သစ်ပုံစောင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။

ဖြစ်စဉ်က ဂျာအင်ယန်ရွာဘက်မှာ သစ်တွေစုပုံထားကြောင်း သတင်းရလို့ ဝင်ရောက် ရှင်းလင်းဖမ်းဆီးရာမှာ သစ်မှောင်ခိုလုပ်နေတဲ့ သစ်အကာကွယ်ပေး KIA တွေက အစိုးရတပ်ကို ပစ်ခတ်တိုက်ခိုက်တာကစပြီး KIA (၂၀) ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ကြောင်း၊ တိုက်ပွဲမှာ KIA ဘက်က အထိနာပြီးတော့ ဆုတ်ခွာသွားကြောင်း၊ စစ်တပ်ဘက်မှ လိုက်လံရှင်းလင်းရာ ကျွန်း၊ တမလန်းသစ်တန်ချိန် ၁၀၀၀ ခန့် ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။

KIA များအနေဖြင့် မကြာမီ အင်တာနက်စာမျက်နှာတွေမှာ မဟုတ်တမ်းတရားတွေနဲ့ အစိုးရစစ်တပ်တွေက သူတို့ကို စပြီးအလစ်အငိုက်တိုက်တယ်… ရွာတွေကို ဖျက်ဆီးတယ်ဆိုပြီး လျှောက်အော်တော့မှာ သေချာတယ်… KIA တွေက သူတို့ တရုတ်တွေနဲ့ပေါင်းပြီး သစ်မှောင်ခို ခိုးထုတ်နေတယ်ဆိုတာကိုတော့ ဘယ်တော့မှ ထုတ်ဖော်ပြောမှာမဟုတ်ဘူး… ဒီကောင်တွေက လုပ်ရပ်က ဒီအတိုင်းပါပဲဗျာ… ဒါ့ကြောင့်လည်း လာရှိုးဘဏ်တိုက် ဓါးပြတိုက်တဲ့နေ့မှာ ဖွဲ့စည်းတဲ့ ဓါးပြတွေက အမြဲတမ်း သူတို့ကအမှန်… ။ ကိုယ်တိုင်ဆက်ကြေးကောက်တာ တွေ၊ ကိုယ့်နိုင်ငံရဲ့ သယံဇာတတွေကို သူတစ်ပါးနိုင်ငံကိုရောင်းပြီး အကျိုးစီးပွားရှာနေတာတောင် အစိုးရစစ်တပ်က စစ်အင်အားသုံး တိုက်ခိုက်ပြီး တိုက်ပွဲတွေကို တစ်ဖက်သတ်ဖန်တီးတယ်လို့ ခုထက်ထိ အသံကောင်းဟစ်နေတုန်းပါပဲဗျာ….။

ဘာတဲ့….. “သူခိုးက လူပြန်ဟစ်နေတယ်” ဆိုတဲ့ စကားပုံက KIA အတွက် ပြောခဲ့သလား မှတ်ရတယ်…

ဒါနဲ့များ ဓါးပြသူခိုးက ဓါးပြတိုက်တဲ့နေ့ကို တော်လှန်ရေးနေ့တဲ့… ဇောင်းဟရားကလဲ လူလိမ်ပဲ… ကချင်လူငယ်တွေကို လှည့်စားပြီး ဗမာကိုတော်လှန်တဲ့နေ့တဲ့လေ… ကချင်ကတော့ ကချင်ပါပဲ… KIA ဥက္ကဌတောင် အမှန်မပြော ကူလီကူမာကောင်ကြီး ဦးဆောင်နေမှတော့ အားလုံးကလူလိမ်လူကောက်တွေချည်းပဲ…

ဒါ့ကြောင့် ကချင်ကောက်တာ မမြင်ရဘူး… ဆံပင်ကောက်တာ မြင်ရတယ်ပြောတာ… ကချင် ဖြောင့်တာ တံစဉ်ကောက်သလောက်တော့ ကျန်သေးတယ်တဲ့ဗျာ….။

Credit to:စိုင်းနော်စိုင်း
ကချင်ပြည်နယ် လဂျားယန်အနီး ဂျာအင်ယန်ရွာအနောက်ဘက် ၂ မိုင်ခန့်အကွာမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေပိုင်းတွင် အစိုးရ စစ်တပ်နှင့် သစ်ပုံစောင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်း လွတ်လပ်ခွင့် အခြေအနေ တိုးတက်

Photo: မြန်မာနိုင်ငံ စာနယ်ဇင်း လွတ်လပ်ခွင့် အခြေအနေ တိုးတက်
Thursday, February 13, 2014

မြန်မာနိုင်ငံရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ အဆင့် ၁၅၁ ရှိရာကနေ ဒီနှစ် အဆင့် ၁၄၅ ဖြစ်လာကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ၂၀၁၄ ခုနှစ်အတွက်ထုတ်ပြန်တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်စာရင်းအရ သိရပါတယ်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်အဆင့် သတ်မှတ်ချက်ညွှန်းကိန်းမှာ ဖေါ်ပြထားတာပါ။

အခုလို စာနယ်ဇင်းလွတ်လပ်ခွင့် အဆင့် ၁၄ ဆင့် တက်လာတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက RFA ကို အခုလိုပြောပါတယ်။

“၂ဝ၁၂ မှာ စာပေးစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းပြီးတော့ လွတ်လွတ်လပ်လပ် ရေးသားခွင့်ပေးလိုက်တယ်၊ အဲဒါနံပါတ် ၁ အချက်၊ ၂ အချက်က ၂ဝ၁၃ ဧပြီ၊ မေ လောက်ကစပြီး ပုဂ္ဂလိက သတင်းစာတွေကို ထုတ်ဝေခွင့်ပေးလိုက်တယ်၊ တိုင်းပြည်မှာ ထုတ်ဝေနေတဲ့ သတင်းစာတွေ၊ ဂျာနယ်တွေ၊ လစဉ်ထုတ် မဂ္ဂဇင်းတွေမှာ အစိုးရကို၎င်း၊ လွှတ်တော်ကိုသော်၎င်း တိုင်းပြည်ရဲ့ နိုင်ငံရေးရာကိစ္စတွေမှာ အဓိကဆောင်ရွက်နေတဲ့ နို်င်ငံရေး အဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေကို လွတ်လွတ်လပ်လပ် ဖော်ပြခွင့်ရတယ်”

မြန်မာနိုင်ငံဟာ စာနယ်ဇင်းလွတ်လပ်ခွင့် ၁၄ ဆင့် တက်လာပေမဲ့လည်း ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်မှာ တင်သွင်းထားတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်းမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ကန့်သတ်ထားတဲ့အချက်တွေ ပါရှိနေကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ အစီအရင်ခံစာမှာ ဖေါ်ပြခဲ့ပါတယ်။

၂၀၁၄ ခုနှစ်အတွက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ ညွှန်းကိန်းတွေအရ ဖင်လန်၊ နယ်သာလန်နဲ့ နော်ဝေးနိုင်ငံတွေက စာနယ်ဇင်းလွတ်လပ်ခွင့် အကောင်းဆုံးနိုင်ငံတွေဖြစ်ပြီး အယ်ရီဒယီးယားစ်နိုင်ငံ၊ မြောက်ကိုရီးယား၊ တာမန်နစ်စတန်(စ်)နဲ့ ဆီရီးယားနိုင်ငံတွေကတော့ စာနယ်ဇင်းလွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံတွေဖြစ်ပါတယ်။

RFA Burmese
မြန်မာနိုင်ငံရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ အဆင့် ၁၅၁ ရှိရာကနေ ဒီနှစ် အဆင့် ၁၄၅ ဖြစ်လာကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ၂၀၁၄ ခုနှစ်အတွက်ထုတ်ပြန်တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်စာရင်းအရ သိရပါတယ်။

2014 AFC Challenge Cup ပြိုင်ပွဲ အုပ်စုမဲခွဲခဲ့ရာ မြန်မာအသင်း အုပ်စု(က)တွင် အိမ်ရှင် မော်လ်ဒိုက်၊ ပါလက်စတိုင်း၊ ကာဂျစ္စတန်တို့နှင့်အတူ ကျရောက်

2014 AFC Challenge Cup ခြေစစ်ပွဲတွင် မြန်မာအသင်းနှင့် အိန္ဒိယအသင်းတို့ 
ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ- ညီညီစိုးညွန့်)
အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် 2014 AFC Challenge Cup ပြိုင်ပွဲ၏ နောက်ဆုံးအဆင့် အုပ်စုပွဲစဉ် များ မဲနှိုက်ရေးဆွဲခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက်က မော်လ်ဒိုက်နိုင်ငံရှိ  Paradise Island Resort တွင် ကျင်းပခဲ့ကြောင်း သိရသည်။ အုပ်စု မဲနှိုက်ရေးဆွဲမှုအရ မြန်မာအသင်းမှာ အုပ်စု (က)တွင် အိမ်ရှင် မော်လ်ဒိုက်၊ ကာဂျစ္စတန်၊ ပါလက်စတိုင်းတို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်ခဲ့ကြောင်း သိရသည်။

KIA ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲရာမှ ဒေသခံရှမ်းလူမျိုးတစ်ဦး ပြင်းထန်းစွာ ဒဏ်ရာရရှိ

Photo: KIA ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲရာမှ ဒေသခံရှမ်းလူမျိုးတစ်ဦး ပြင်းထန်းစွာ ဒဏ်ရာရရှိ
Thursday, February 13, 2014

ကချင်ပြည်နယ် တနိုင်းမြို့နယ် အင်ဂါးဂါးစခန်းနှင့် ပယင်းမှော်သွားလမ်းဘေးရှိ ဝေလော်ကျေးရွာအနီးတွင် ယမန်နေ့မနက် ၈ နာရီခန့်က ဒေသခံရှမ်းလူမျိုးတစ်ဦး KIA အဖွဲ့ထောင်ထားသော မိုင်းတစ်လုံးအား နင်းမိ ပေါက်ကွဲရာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းဒေသခံအချို့ထံမှ သိရသည်။

``မိုင်းကွဲသံကြားတာကတော့ မနက်ရှစ်နာရီလောက်ပဲ၊ ဝေလော်ရွာက ရှမ်းတစ်ယောက်လို့တော့ သိရတယ်။ ဒါပေမယ့် အဲဒီမိုင်းထိလူနာကို KIA အဖွဲ့က ဘာမှ လုပ်မပေးဘူးလို့ ကြားတယ်´´ ဟု ပယင်းမှော်တွင် ကျင်းသားအဖြစ် အလုပ်လုပ်နေသော ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ မိုင်းထိလူနာအား KIA အဖွဲ့မှ ဆေးဝါးကုသဖို့ထက် ဒေသခံရှမ်းလူမျိုးများ သိမှာကို စိုးရိမ်သည့်အတွက် အင်ဂါးဂါးစခန်းတွင် ဆေးကုသမှုမပေးဘဲ ရွာထဲတွင် ဆေးမြီးတိုဖြင့်ကုသရန် ပြောဆိုခဲ့ကြောင်း ယင်းရွာသား တစ်ဦး၏ ပြောပြချက်အရ သိရသည်။

``တကယ်ဆိုရင် သူတို့ထောင်ထားတဲ့မိုင်းကို နင်းမိတာလေ။ အင်ဂါးဂါးစခန်းနဲ့ နီးနီးလေးပါ။ စခန်းမှာ မိုင်းထိ ဒဏ်ရာကို ကုသပေးရမှာပေါ့။ ခုတော့ သူတို့နဲ့ မဆိုင်သလို လုပ်နေတယ်။ ရှမ်းတွေကို KIA က ရည်ရွယ်ချက် ရှိရှိ နှိပ်စက်တယ်ဆိုတာ မြင်သာပါတယ်´´ ဟု ဝေလော်ရွာသား ကိုစိုင်းမိန်းက ပြောကြားသည်။

မိုင်းထိလူနာမှာ KIA ၏ ထိန်းချုပ်ခြိမ်းခြောက်မှုကြောင့် မိုင်းထိဒဏ်ရာအား ဆေးရုံသို့ သွားရောက်ကုသခွင့် မရကြောင်း၊ KIA အနေဖြင့်လည်း မိုင်းထိလူနာအတွက် ထောက်ပံ့ငွေ၊ ထောက်ပံ့ပစ္စည်းတစ်စုံတစ်ရာမျှ လာရောက်ပံ့ပိုးပေးခြင်းမရှိကြောင်း ယင်းရွာသားအချို့ထံမှ သိရသည်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)မှ တာဝန်ရှိသူတစ်ဦးက``KIA ရဲ့ လုပ်ရပ်က တော်တော် အောက်တန်းကျပါတယ်။ အဲဒီပတ်ဝန်းကျင်မှာ သူတို့အဖွဲ့ပဲ မိုင်းထောင်ထားတာ၊ ရွာသားတွေက စားဝတ် နေရေးအတွက် သွားလာလှုပ်ရှားရမှာပဲလေ။ အခုမိုင်းနင်းမိတော့ မိသားစုက ဘ၀ပျက်ပြီပေါ့။ ဆေးလည်း ကုမပေးဘူး။ ဆေးကုသစရိတ်လည်း မပေးတဲ့အပြင် ဆေးကုခွင့်တောင်မပြုဘူးဆိုတော့ ကျွန်တော်တို့ ရှမ်း တွေကို KIA က သက်သက်မဲ့ အနိုင်ကျင့်တယ်ဆိုတာ ထင်ရှားနေတာပဲ။ ဒီလိုသာဆက်ပြီး အနိုင်ကျင့် နေမယ်ဆိုရင် ကျွန်တော်တို့ ရှမ်းတွေကလည်း ပြည်သူ့စစ်ဖွဲ့ပြီး လက်နက်ကိုင်ဖို့ လုပ်ရတော့မယ်၊ ဒါမှသူတို့ အနိုင်ကျင့်တာမခံ ရမှာ ´´ ဟု ပြောကြားသွားခဲ့သည်။

စိုင်းအောင်ဝင်း

ဓါတ်ပုံ - KIA အသုံးပြုနေသော မိုင်းများ
ဓါတ်ပုံ - KIA အသုံးပြုနေသော မိုင်းများ
ကချင်ပြည်နယ် တနိုင်းမြို့နယ် အင်ဂါးဂါးစခန်းနှင့် ပယင်းမှော်သွားလမ်းဘေးရှိ ဝေလော်ကျေးရွာအနီးတွင် ယမန်နေ့မနက် ၈ နာရီခန့်က ဒေသခံရှမ်းလူမျိုးတစ်ဦး KIA အဖွဲ့ထောင်ထားသော မိုင်းတစ်လုံးအား နင်းမိ ပေါက်ကွဲရာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းဒေသခံအချို့ထံမှ သိရသည်။

ဗိုလ်တထောင်၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်နှင့် ကမာရွတ်မြို့နယ်တို့တွင် တန်ဖိုးမျှတအိမ်ရာ၊ မြို့ပြအိမ်ရာစီမံကိန်းနှင့် အဆင့်မြင့် ယာဉ်ရပ်နားစခန်းများကို ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် အကျိုးတူလုပ်မည်

Photo: ဗိုလ်တထောင်၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်နှင့် ကမာရွတ်မြို့နယ်တို့တွင် တန်ဖိုးမျှတအိမ်ရာ၊ မြို့ပြအိမ်ရာစီမံကိန်းနှင့် အဆင့်မြင့် ယာဉ်ရပ်နားစခန်းများကို ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် အကျိုးတူလုပ်မည်
Thursday, February 13, 2014

ရန်ကုန်မြို့ရှိ ဗိုလ်တထောင်၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်နှင့် ကမာရွတ်မြို့နယ်တို့တွင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်း၊ မြို့ပြအိမ်ရာ စီမံကိန်းနှင့် အဆင့်မြင့် ယာဉ်ရပ်နားစခန်း စီမံကိန်းများကို ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ယင်းသို့ဆောင်ရွက်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တင်ဒါများ စတင်ခေါ်ယူထားကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ မြေဧရိယာ ၃ ဒသမ ၀၆၈ ဧကခန့်နှင့် ၄၅ လမ်းရှိ မြေဧရိယာ ၂ ဒသမ ၅၆၁ ဧကခန့်တို့တွင် မြို့ပြအိမ်ရာ စီမံကိန်းနှင့် ယာဉ်ရပ်နားစခန်း၊ ကြည့်မြင်တိုင်မြို့နယ် ဈေးကြီးလမ်းရှိ မြေဧရိယာ ၀ ဒသမ ၃၆၄ ဧကခန့်နှင့် မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ၊ ပုလဲလမ်းနှင့် ဟံသာဝတီလမ်းထောင့်ရှိ မြေဧရိယာ ၁၀ ဒသမ ၉၃ ဧကခန့်တွင် မြို့ပြအိမ်ရာ စီမံကိန်းများ၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ ရာဇဓိရာဇ်လမ်းရှိ မြေဧရိယာ ၄၀ ဒသမ ၄၉၃ ဧကခန့်တွင် မြို့ပြအိမ်ရာ စီမံကိန်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် မင်းရဲကျော်စွာလမ်းရှိ မြေဧရိယာ ၁၁ ဧကခန့်တွင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်း၊ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းနှင့် ထန်းတပင်လမ်းထောင့်ရှိ မြေ ၀ ဒသမ ၁၀၃ ဧကတွင် အဆင့်မြင့် ယာဉ်ရပ်နားစခန်း အဆောက်အအုံ စီမံကိန်းတို့အား အကျိုးတူဆောင်ရွက်ရန် တင်ဒါခေါ်ယူထားခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်းများအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အတည်ပြုသည့် အစီအစဉ်များနှင့်အညီ တည်ဆောက်လုပ်ကိုင်ရမည်ဖြစ်ပြီး တင်ဒါစာရွက်စာတမ်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)တွင် ဖေဖော်ဝါရီ ၂၅ ရက်မှစတင်၍ ရုံးချိန်အတွင်း ၀ယ်ယူနိုင်သည်ဟု သိရသည်။

တင်ဒါသွင်းမည်ဆိုပါက အာမခံစပေါ်ငွေများ တင်ထားရမည်ဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တို့ရှိ မြို့ပြအိမ်ရာ စီမံကိန်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများအတွက် အာမခံစပေါ်ငွေ ဒေါ်လာငါးသောင်းတန်ဖိုး၊ ကျန်စီမံကိန်းများအတွက် အာမခံစပေါ်ငွေ ဒေါ်လာတစ်သိန်းရှိ ဘဏ်အာမခံ ပါရှိရမည်ဖြစ်ပြီး မတ် ၃၁ ရက်မတိုင်မီ သွင်းရမည်ဖြစ်ကာ တင်ဒါဖွင့်ခြင်းကို တင်ဒါတင်သွင်းသူ ကိုယ်စားလှယ်များရှေ့မှောက်တွင် ပြုလုပ်မည်ဟု ကြေညာထားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရန်ကုန်မြို့ ဒုတိယဗဟိုစီးပွားရေးဇုန် စီမံကိန်း(မင်းဓမ္မ)နှင့် မင်္ဂလာတောင်ညွန့် စီးပွားရေး အဆောက်အအုံ စီမံကိန်းတို့အတွက်လည်း ၂၀၁၃ စက်တင်ဘာလအတွင်းက တင်ဒါများခေါ်ယူခဲ့ပြီး ယင်းတင်ဒါအတွက် ပြည်တွင်းရှိ နာမည်ကြီးကုမ္ပဏီများဖြစ်သော Capital Development Co.Ltd, A1 Construction, Asia Picific Construction, Ayeyar Hin Thar Construction, Yangon Engineering Group, New Innovation Co.Ltd, Ga Mone Pwint Co.Ltd, IGE Co.Ltd စသည့် ကုမ္ပဏီများက စိတ်ဝင်စားခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်တွင် တင်ဒါပိတ်ခဲ့သည်။

ယင်းသို့တင်ဒါပိတ်ပြီး ဖြစ်သော်လည်း တင်ဒါတင်သွင်းသည့် ကုမ္ပဏီအရေအတွက်နှင့် မည်သည့်ကုမ္ပဏီများ တင်ဒါတင်သွင်းခဲ့သည်ကို ထုတ်ပြန်၍ မရနိုင်သေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (အဆောက်အအုံ)ဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။  

Eleven Media Group

ရန်ကုန်မြို့တော်အတွင်းရှိ တိုက်တာအဆောက်အအုံများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်မြို့တော်အတွင်းရှိ တိုက်တာအဆောက်အအုံများအား တွေ့ရစဉ်
 (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်မြို့ရှိ ဗိုလ်တထောင်၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်နှင့် ကမာရွတ်မြို့နယ်တို့တွင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်း၊ မြို့ပြအိမ်ရာ စီမံကိန်းနှင့် အဆင့်မြင့် ယာဉ်ရပ်နားစခန်း စီမံကိန်းများကို ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ယင်းသို့ဆောင်ရွက်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တင်ဒါများ စတင်ခေါ်ယူထားကြောင်း သိရသည်။

“၀” တပ်သား ၃၀ ဦးအား ရဟတ်ယာဉ်မောင်းသင်တန်းတက်ရန် တရုတ်နိုင်ငံသို့ စေလွှတ်မည်ဆိုသောသတင်း UWSA ငြင်းဆို

Photo: “၀” တပ်သား ၃၀ ဦးအား ရဟတ်ယာဉ်မောင်းသင်တန်းတက်ရန် တရုတ်နိုင်ငံသို့ စေလွှတ်မည်ဆိုသောသတင်း UWSA ငြင်းဆို
Thursday, February 13, 2014

“ဝ” တပ်သား ၃ဝ ဦးအား တရုတ်နိုင်ငံသို့ စေလွှတ်၍ ရဟတ်ယာဉ်မောင်းသင်တန်းတက်ရန် စေလွှတ်မည့်သတင်းမမှန်ကြောင်း “ဝ” သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ပြောရေးဆိုခွင့်ရှိသူ ဦး အောင်မြင့်က ဖေဖော်ဝါရီ ၁၂ ရက်တွင် ငြင်းဆိုခဲ့သည်။

“ဝ” တပ်သားများအား ရဟတ်ယာဉ်မောင်းသင်ရန် တရုတ်သို့ စေလွှတ်မည့်သတင်းကို ဖေဖော်ဝါရီ ၁၁ ရက်က ဧရာဝတီသတင်းဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ ထိုသတင်း၌ UWSP/ UWSA ဌာနချုပ် ပန်ဆန်းသို့ ရောက်ရှိခဲ့ကြသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးနှင့် ပန်ဆန်းမြို့သို့ သွားရောက်လည်ပတ်ခဲ့သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အရာရှိတစ်ဦးတို့၏ ပြောဆိုချက်များကို ကိုးကားပြီး ဖော်ပြခဲ့ခြင်းဖြစ်သည်။ “ဝ” တပ်သားများအား တရုတ်သို့စေလွှတ်မည့်ကိစ္စအား UWSA ခေါင်းဆောင်ပိုင်းများထံမှ သိရှိခဲ့ရသည်ဟု  ဧရာဝတီသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ထိုကိစ္စရပ်နှင့် ပတ်သက်၍  UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်ကို ဖေဖော်ဝါရီ ၁၂ ရက်တွင် The Daily Eleven က ဆက်သွယ်မေးမြန်းရာ ထွက်ပေါ်နေသောသတင်းများ မှန်ကန်မှုမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“ရဟတ်ယာဉ်မောင်းဖို့ ပိုင်းလော့တွေ ပညာသင်ဖို့သွားမယ်ဆိုတာ၊ ကျွန်တော်တို့ ဒီကတက္ကသိုလ်အောင်တဲ့သူတောင် မရှိဘူး။ ဘယ်လိုသွားသင်မလဲ။ ဘယ်လိုသွားမောင်းမလဲ” ဟု ဦးအောင်မြင့်က ဆိုသည်။

ထို့ပြင် ယင်းကိစ္စကို စတင်ပြောကြားခဲ့သူများကိုလည်း ပြန်မေးသင့်ကြောင်း ၎င်းက ပြောကြားသည်။

“ပြောတဲ့သူတွေကို ပြန်မေးကြည့်ပါလား။ ကျွန်တော်ကတော့ သေချာမသိဘူး။  ကျွန်တော်တို့ ဒီမှာကတော့ ဖော်ကာ ငယ်ငယ်လေး တစ်စင်းရှိတယ်။ ရဟတ်ယာဉ် တစ်စင်းရှိတယ်။ နောက်မော်တော်ဘုတ် တစ်စင်း ရှိတယ်။ ဒါကဥယျာဉ်မှာ ပြဖို့ထားဖို့။  ကျွန်တော်တို့ ဒေသခံပြည်သူတွေက သိတဲ့အတိုင်းပဲလေ။ နယ်စပ်ဒေသဆိုတော့ အပေါ်မှာပျံနေတာ၊ ပြေးနေတာပဲ တွေ့နေသိနေတယ်။ ရုပ်ရှင်မှာပဲ တွေ့တာရှိတယ်။ လက်တွေ့ ဘယ်သူမှ မတွေ့ဖူးဘူး။ ဒါကြောင့်မို့ ဒီဟာကို ဥယျာဉ်ထဲမှာထားဖို့၊ လုပ်ဖို့ထားတာ” ဟု ဦးအောင်မြင့်က ပြောကြားသည်။

၂ဝ၁၃ ခုနှစ် ဧပြီ ၂၉ ရက်က “ဝ” သွေးစည်းညီညွတ်ရေးတပ်မတော်သည် တရုတ် ထံမှ TY 90  ဝေဟင်ပစ်ဒုံးကျည် တပ်ဆင်ထားသော Mi 70 အမျိုးအစား စစ်ရဟတ်ယာဉ်ငါးစင်း ရရှိခဲ့သည်ဟု Janes Inte- lligence  ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။  
ထိုသို့ ပေးပို့လိုက်သည့် ရဟတ်ယာဉ်သည် ငါးစင်းဖြစ်သော်လည်း အစိုးရသတင်းရင်းမြစ်တစ်ခု၏ အဆိုအရ နှစ်စင်းသာဖြစ်ကြောင်းနှင့် ထိုရဟတ်ယာဉ်များကို တရုတ်နိုင်ငံမှ တိုက်ရိုက်တင်ပို့ခြင်းမဟုတ်ဘဲ လာအိုမှတစ်ဆင့် မဲခေါင်မြစ်ကို ဖြတ်သန်းကာ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု Janes Inte- lligence က ဖော်ပြသည်။

သို့သော် ထိုသတင်းကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် UWSP/UWSA  တို့က ငြင်းဆိုခဲ့သည်။

သို့သော် မြန်မာ့အရေးကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး UWSA  သတင်းများကို အတွင်းကျကျသိရှိထားသူ ဆွီဒင်ဂျာနယ်လစ် ဘာတေးလစ်တနာက ၎င်း၏အတွေ့အကြုံနှင့် သိရှိထားသောအချက်အလက်များအရ သတင်းမှန်ကန်သည်ဟု The Daily Eleven  သို့ ပြောကြားသည်။

ထိုအချိန်နောက်ပိုင်းတွင် UWSA  ဘက်က ရဟတ်ယာဉ်ဝယ်ယူသည့် သတင်းမှန်ကြောင်း၊ ထိုရဟတ်ယာဉ်များမှာ အင်ဂျင်မပါသော ရဟတ်ယာဉ်များသာဖြစ်ပြီး ထိုရဟတ်ယာဉ်နှင့်အတူ ဝယ်ယူထားသော အင်ဂျင်မပါသော သင်္ဘောတစ်စင်းကို အများပြည်သူ ကြည့်ရှုနိုင်ရန် ပန်းခြံ၌ပြထားရန် ရည်ရွယ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

၂ဝ၁၃ ခုနှစ် မေလအတွင်းမှာပင် UW SP/UWSA  ၏ နိုင်ငံခြားဆက်ဆံရေးဌာန  ဒုတိယတာဝန်ခံ ဦးဆမ်ခွန်းက UWSA  ၏ စစ်အင်အားအခြေအနေနှင့် ၎င်းတို့ကိုထိပါးလာမည်ဆိုက လက်တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့သဖြင့် ဦးဆမ်ခွန်းကို UWSP  ပေါ်လစ်ဗျူရိုအကြီးအကဲများက ခေါ်ယူသတိပေးခဲ့ပြီး ရာထူးတစ်ဆင့်နိမ့် အရေးယူခြင်းများ ရှိခဲ့ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် ဇန်နဝါရီလအတွင်းက UWSP ၏ ပေါ်လစ်ဗျူရိုအစည်းအဝေးပြုလုပ်ခဲ့ပြီး ပါတီဗဟိုကော်မတီအတွင်း အပြောင်းအလဲ ပြုလုပ်ခဲ့ကြောင်း ဦးအောင်မြင့်က အတည်ပြုခဲ့သည်။

“ကျွန်တော်တို့ ဗဟိုကော်မတီတစ်ခုလုံးကို အကုန်ပြန်ပြီးတော့ ပြန်ပြင်ဖွဲ့ပါတယ်။ လူသစ်တွေ အပါအဝင်၊ လူငယ်တွေလည်း အပါအဝင်၊ သူတို့လည်းဦးစီးလုပ်ငန်းမှာ အတွေ့အကြုံရအောင်ပေါ့။ ဒီလူတွေကိုလည်း တော်တော်များများ တင်မြှောက်ထားပါတယ်” ဟု ဦးအောင်မြင့်က ပြောကြားသည်။

The Daily Eleven က စုံစမ်းသိရှိခဲ့ရသော အချက်အလက်များအရ UWSP ၏ ပေါ်လစ်ဗျူရို အစည်းအဝေးတွင် ဗဟိုကော်မတီဝင် ကျောက်ဝင်ကွမ်း၊ အတိုင်ပင်ခံ ကော်မတီဥက္က| ဗိုလ်လိုက်ခမ်းနှင့် ဒေသအုပ်ချုပ်ရေး ဒုတိယအကြီးအကဲ  ဦးဘောင်တင်းတို့ကို ရာထူးမှ အနားပေးလိုက်ကြောင်း သိရသည်။

ဗိုလ်လိုက်ခမ်းနှင့် ဦးဘောင်တင်းတို့မှာ ပြည်တွင်းမှတစ်ဆင့်  UWSP  သို့ ရောက်ရှိပြီး ကာလရှည်ကြာ တာဝန်ထမ်းဆောင်နေသူများ ဖြစ်သည်။

ထို့နောက် ပေါ်လစ်ဗျူရို ဗဟိုကော်မတီတွင် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရာ၌ အဓိကပါဝင်ဆောင်ရွက်နေသူ  ကျောက်ကော့အန်းနှင့် ပေါက်ယိုလျံတို့ နှစ်ဦးကို အစားထိုးခန့်အပ်လိုက်သည်။ ထိုသို့အစားထိုးခန့်အပ်လိုက်သူ နှစ်ဦးမှာ တရုတ်နိုင်ငံ၌ မွေးဖွားခဲ့သူများဖြစ်သည်။

ထို့ပြင် ဗဟိုကော်မတီတွင် လူငယ်တပ်မဟာမှူး ငါးဦးခန့်ကိုလည်း တာဝန်ပေးလိုက်ကာ ထိုသူများထဲတွင် “ဝ” တောင်ပိုင်းဒေသတွင် တာဝန်ထမ်းဆောင်နေသူများ ပါဝင်သည့် အပြင် UWSA  ၏ ဒုတိယစစ်ဦးစီးချုပ် စိုင်းဆမ်လည်း ဗဟိုကော်မတီ တွင် ပါဝင်ခဲ့ကြောင်း သိရသည်။  

ဗဟိုကော်မတီ အစည်းအဝေး၌ ဗဟိုကော်မတီဝင်များကို ပြန်ပြင်ဖွဲ့ခြင်းအပါအဝင် ဆုံးဖြတ်ချက်လေးရပ်ကို ချမှတ်ခဲ့ကြောင်း ဦးအောင်မြင့်က ဆိုသည်။

“နိုင်ငံတော်အခြေအနေတစ်ခုလုံးနဲ့ ပတ်သက်လို့ အခြေအနေ၊ သုံးသပ်ချက်ကို ဗဟိုမှာတင်ပြချက်၊ ဆုံးဖြတ်ချက်ယူတာ ရှိတယ်။ ဒုတိယတစ်ခုပေါ့။ တတိယကတော့ ကျွန်တော်တို့ဒေသမှာ ထုတ်လုပ်နေတဲ့ သတ္တုတွေနဲ့ ပတ်သက်လို့ပေါ့။ ပြန်ပြီးတော့ ကုမ္ပဏီတွေကပဲ ဖြစ်စေ။ လုပ်တဲ့အခါမှာ  စည်းမရှိကမ်းမရှိဘဲ လုပ်တဲ့ဟာ။ ဒါကြောင့်မို့ အကုန်ဖျက်သိမ်းပြီးတော့ အကုန်ပြန်ပြီးတော့ အဖွဲ့အစည်းကနေပြီးတော့ ပြန်ပြီးလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်တစ်ခုကတော့ ဥက္ကဌကြီးရဲ့ မိန့်ခွန်းပေါ့။ ဒါကတော့ ပုံမှန်ပေါ့။ အဓိကဆုံး ဖြတ်ချက် လေးခုရှိပါတယ်” ဟု ဦးအောင်မြင့်က ပြောကြားသည်။

UWSP/UWSA  သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် စစ်အင်အားအကြီးမားဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး စစ်သည်အင်အား ၃ဝဝဝဝ နီးပါးရှိနေကာ ၂ဝ၁၁ ခုနှစ်အတွင်းက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးထားသည်။

“ဝ” တပ်သား ၃ဝ အား  ရဟတ်ယာဉ်မောင်းသင်ရန် တရုတ်သို့စေလွှတ်မည့် သတင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန်ခံဖြေကြားမည့်သူ မရှိခဲ့ပေ။  ပုံမှန်အားဖြင့်မူ UWSA အတွက် လိုအပ်သော စစ်သင်တန်းများကို တရုတ်ထောက်လှမ်းရေးများက သင်ကြားပို့ချပေးသည်ဆိုသော သတင်းများမှာ ကာလအတန်ကြာကပင် ထွက်ပေါ်ခဲ့ပြီး ဖြစ်သည်။

Eleven Media Group

၂၀၁၂ ခုနှစ် ဧပြီ ၁၇ ရက်က ပြုလုပ်သည့် “၀” သွေးစည်းညီညွတ်ရေးပါတီ တည်ထောင်မှု ၂၃ နှစ်ပြည့် အခမ်းအနား၌ စစ်ရေးပြနေသော “၀” တပ်ဖွဲ့ဝင်များ
၂၀၁၂ ခုနှစ် ဧပြီ ၁၇ ရက်က ပြုလုပ်သည့် “၀” သွေးစည်းညီညွတ်ရေးပါတီ တည်ထောင်မှု 
၂၃ နှစ်ပြည့် အခမ်းအနား၌ စစ်ရေးပြနေသော “၀” တပ်ဖွဲ့ဝင်များ
“ဝ” တပ်သား ၃ဝ ဦးအား တရုတ်နိုင်ငံသို့ စေလွှတ်၍ ရဟတ်ယာဉ်မောင်းသင်တန်းတက်ရန် စေလွှတ်မည့် သတင်းမမှန်ကြောင်း “ဝ” သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ပြောရေးဆိုခွင့်ရှိသူ ဦး အောင်မြင့် က ဖေဖော်ဝါရီ ၁၂ ရက်တွင် ငြင်းဆိုခဲ့သည်။

အစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး မြှင့်တင်ရန်အတွက် ကြိုးပမ်းမှုအားလုံးကို ထောက်ခံသွားမည်ဟု ပြည်ထောင်စုနေ့ အခမ်းအနားသို့ပေးပို့သော သ၀ဏ်လွှာတွင် သမ္မတဦးသိန်းစိန်ပြောကြား

ဖေဖော်ဝါရီ ၁၂ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့
အခမ်းအနားကို တွေ့ရစဉ်
နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး မြှင့်တင်သွားရန်အတွက် ကြိုးပမ်းမှုအားလုံးကို အင်တိုက်အားတိုက် ထောက်ခံသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သော ၎င်း၏သ၀ဏ်လွှာတွင် ထည့်သွင်းပြောကြားသည်။

ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း အမျိုးသားလွှတ်တော် အတည်ပြု

ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း အမျိုးသား လွှတ်တော်က အတည်ပြုခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အခြေခံမပါဘဲ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အသက်မ၀င်နိုင်ဟု ပြည်ထောင်စုနေ့တွင် NLD ထုတ်ပြန်

Photo: ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အခြေခံမပါဘဲ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အသက်မ၀င်နိုင်ဟု ပြည်ထောင်စုနေ့တွင် NLD ထုတ်ပြန်
Thursday, February 13, 2014

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အခြေခံမပါဘဲ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှသည် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲများ အသက်မ၀င်နိုင်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီ ၁၂ ရက်က ရန်ကုန်မြို့ရှိ ဒို့ရိုးရာစားသောက်ဆိုင်၌ ပြုလုပ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာ၌ ယင်းကဲ့သို့ ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အခြေခံသည့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့သည် အဓိကအကျဆုံး လက်ငင်းစိန်ခေါ်ချက်ဖြစ်ကြောင်း၊ ယင်းစိန်ခေါ်ချက်နှစ်ရပ်သည် အသွင်သဏ္ဌာန်အားဖြင့် ကွဲပြားနေစေကာမူ အနှစ်သာရအားဖြင့် တစ်ခုတည်းသာဖြစ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ စိန်ခေါ်ချက် အားလုံးသည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပင်မရေစီးအတွင်းသို့ ပေါင်းဆုံကြရမည်သာဖြစ်ကြောင်း စသည်ဖြင့် ကြေညာချက်တွင် ဖော်ပြထားသည်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်အလက်တွေကို ခြုံလိုက်ရင် ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းစဉ်ဖြစ်သည့် ‘စစ်တပ်သည် ပြည်သူ့လွှတ်တော်ကို ဘယ်တော့မှ မလွှမ်းမိုးရ၊ ပြည်သူ့လွှတ်တော်ကသာ စစ်တပ်ကို လွှမ်းမိုးစေရမည်’ ဆိုသည့် သဘောတရားကို ဖျက်ဆီးကာ ပြည်သူသာအမိ၊ ပြည်သူသာအဖ ဖြစ်ရမည့် အစဉ်အလာကောင်းများကိုပါ ဖျက်သိမ်းလျက် တပ်မတော်သာအမိ၊ တပ်မတော်သာအဖဆိုသည့် သဘောထားကို အခိုင်အမာ ဆုပ်ကိုင်ထားတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များကို ပယ်သင့်တာပယ်၊ ဖြုတ်သင့်တာဖြုတ်၊ နှုတ်သင့်တာနှုတ်၊ ဖြည့်သင့်တာဖြည့်၊ အစားထိုးသင့်တာ ပြင်ဆင်အစားထိုးခြင်းဖြင့် ပြောင်းလဲပစ်ကြရမှာ အမှန်ဖြစ်ပါတယ်” ဟု အဆိုပါအခမ်းအနားတွင် သဘာပတိမိန့်ခွန်းပြောကြားရာ၌ NLD နာယက ဦးတင်ဦးက ထည့်သွင်းပြောကြားသည်။

နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲအောင် တပ်မတော်အပါအ၀င် ပြည်သူလူထု တစ်ရပ်လုံး၏ အင်အားသည် အဓိကဖြစ်သည်ကို ဒီမိုကရေစီစနစ်ဖြင့် ထူထောင်သော နိုင်ငံ၏ အစဉ်အလာကောင်းဖြစ်ကြောင်း၊ အပြန်အလှန် ထိန်းကျောင်းပြုပြင်ခြင်း နားလည်မှုရှိလျှင် ပိုမို၍ တပ်မတော်နှင့် တိုင်းရင်းသားများသည် အစဉ်ကြည်ဖြူကြမည်ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြင်ဆင်ရန် တင်းကျပ်လွန်းသည့် အချက်များကို ပြောင်းလဲပစ်ကာ ကြိုးပမ်းအားထုတ် ဆောင်ရွက်ကြရန် စသည်ဖြင့်လည်း ကာချုပ်ဟောင်း တစ်ဦးလည်းဖြစ်သည့် ဦးတင်ဦးက ပြောကြားသည်။    

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်နိုင်ရေးအတွက် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ညှိနှိုင်းမှုများ ပြုလုပ်နေပြီး လာမည့်မတ်လအတွင်း ဘားအံမြို့၌ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ရန်ရှိကြောင်း သိရသည်။

အမျိုသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံအနှံ့ သွားရောက်ကာ ပြည်သူ့ဆန္ဒသဘောထား ကောက်ယူခြင်းနှင့် အဆိုပါဥပဒေ၏ အားနည်းချက်များကို လိုက်လံဟောပြောမှုများ ပြုလုပ်နေပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့်လည်း ပူးပေါင်းလုပ်ဆောင်သွားရန် သဘောတူထားကြောင်း သိရသည်။ 

Eleven Media Group

ဖေဖော်ဝါရီ ၁၂ ရက်က နေပြည်တော်၌ပြုလုပ်သော (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်၍ နိုင်ငံတော်အလံအား အလေးပြုစဉ်
ဖေဖော်ဝါရီ ၁၂ ရက်က နေပြည်တော်၌ပြုလုပ်သော (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း 
တက်ရောက်၍ နိုင်ငံတော်အလံအား အလေးပြုစဉ်
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အခြေခံမပါဘဲ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှ သည် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲများ အသက်မ၀င်နိုင်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ထုတ်ပြန်ခဲ့သည်။

အမျိုးသားစီမံကိန်း ဥပဒေကြမ်းတွင် စီမံကိန်းချထားမှုများအား လွှတ်တော်ကိုယ်စားလှယ်များ ကြည့်နိုင်သလောက် အလွဲများတွေ့နိုင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းပြောကြား

အမျိုးသားစီမံကိန်း ဥပဒေကြမ်းတွင် ၀န်ကြီးဌာနများ၏ စီမံကိန်းလျာထားမှုများကို လွှတ်တော် ကိုယ်စား လှယ်များကြည့်ရင် ကြည့်နိုင်သလောက် အလွဲများ ထပ်မံတွေ့နိုင်ကြောင်း သာပေါင်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာကင်တားနား ဖေဖော်ဝါရီ ၁၄ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာသောမတ်စ်ကင်တားနားသည် ပြဿနာ များနှင့် ကြုံတွေ့နေရသည့် ရခိုင်ပြည်နယ်တွင် အစိုးရက လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်မှုများ အခြေ အနေ တိုးတက်မှုရှိမရှိ ဆန်းစစ်နိုင်ရန်အတွက် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၁၄ ရက်တွင် လာရောက် မည်ဖြစ် သည်ဟု Channel News သတင်းမီဒီယာ၏ ဖော်ပြထားချက်အရ သိရသည်။

ပြည်ထောင်စုအား စတင်ဖွဲ့စည်းစဉ်က သဘောတူချမှတ်ခဲ့သည့် ပြည်ထောင်စုပုံစံမျိုး ဖွဲ့စည်းထူထောင်နိုင်ခြင်း မရှိသေး၍ ဆက်လက်ကြိုးစားရဦးမည်ဟု UNA ထုတ်ပြန်

ပြည်ထောင်စုအား စတင်ဖွဲ့စည်းစဉ်က သဘောတူချမှတ်ခဲ့သည့် ပြည်ထောင်စုပုံစံမျိုး ဖွဲ့စည်း ထူထောင်နိုင်ခြင်း မရှိသေးသည့်အတွက် ဆက်လက်ကြိုးစားရဦးမည်ဟု စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)က ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာ့စာနယ်ဇင်း လွတ်လပ်ခွင့် တိုးတက်မှု ယခင်နှစ်ကထက် တုံ့နှေးသွားဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ World Press Freedom Index 2014 အစီရင်ခံစာတွင်ဖော်ပြ

၂ဝ၁၄ ခုနှစ်အတွက် World Press Freedom Index ကို နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (Reporters Without Borders-RSF) က ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၈ဝ အနက် အဆင့် ၁၄၅ ရှိခဲ့သော်လည်း ၂ဝ၁၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တိုးတက်မှုနှုန်း တုံ့နှေးသွားကြောင်း သိရသည်။

ABSDF တာဝန်ရှိသူများ အနေဖြင့် စွပ်စွဲခံခဲ့ရသူများနှင့် စစ်ကြောရေး လုပ်ခဲ့သူများအား တွေ့ဆုံဖြေရှင်းနိုင်သည့်ပုံစံမျိုး ဖန်တီးပေးရန် မြောက်ပိုင်းပြန်များတောင်းဆို

၁၉၉၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က ထောက်လှမ်းရေးများဟု စွပ်စွဲကာ သတ်ဖြတ်ခံခဲ့ရသည့် ကျောင်းသားလူငယ်များအတွက် အမှတ်တရပွဲကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာ လမ်းမပေါ်ရှိ ကျိုက္ကဆံ-ဓမ္မပီယကျောင်းတိုက်တွင် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၉ နာရီမှ စတင်ကျင်းပခဲ့ရာ ထိုပွဲသို့ တက်ရောက်လာသော မြောက်ပိုင်းပြန်ကျောင်းသားများက ABSDF မှ ဖွဲ့စည်းထားသည့် အမှန်တရားပေါ်ပေါက်ရေး ကော်မတီအနေနှင့် ကျောင်းသားများအား ထောက်လှမ်းရေးဟုစွပ်စွဲကာ သတ်ဖြတ်ခဲ့သည့် တာဝန်ရှိသူများနှင့် စွပ်စွဲနှိပ်စက် ခံခဲ့ရသူများအား တွေ့ဆုံဖြေရှင်းနိုင်စေရန် စီစဉ်ပေးဖို့ တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

လျှို့ဝှက်လက်နက်စက်ရုံ ဆောင်းပါးကိစ္စနှင့် ပတ်သက်ပြီး ယူနတီဂျာနယ်မှ ယာဉ်မောင်းကို ခေါ်ယူစစ်ဆေးမေးမြန်း

လျှို့ဝှက်လက်နက်စက်ရုံ ဆောင်းပါးကိစ္စနှင့် ပတ်သက်ပြီး ယူနတီဂျာနယ်မှ ယာဉ်မောင်းဦးမျိုးကိုအား သက် ဆိုင်ရာက ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၉ နာရီ မိနစ် ၃၀ ခန့်က ခေါ်ဆောင်သွားခဲ့ကြောင်း ယူနတီ ဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်း၏ ပြောရေးဆိုခွင့်ရှိသူ ကိုသီဟအောင်က ပြောကြားသည်။

ခင်ဦးမြို့တွင် တရားစီရင်ရေး မမျှတမှုများနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများကို ဒေသခံပြည်သူများ ထပ်မံဆန္ဒပြ

ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ငွေကြေးနှင့် အာဏာ အလွဲသုံးစားမှုများကြောင့် အုပ်ချုပ်ရေးပိုင်း တာဝန် ရှိသူများကို ဒေသခံ ၁၅၀ ခန့်က ဖေဖော်ဝါရီ ၁၁၊ ၁၂ ရက်များက ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်း ရရှိသည်။

သဲကုန်းမှာ ဆန္ဒပြလယ်သမား ခေါင်းဆောင်တွေကို တရားစွဲဆို

Photo: သဲကုန်းမှာ ဆန္ဒပြလယ်သမား ခေါင်းဆောင်တွေကို တရားစွဲဆို
Thursday, February 13, 2014

ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်မှာ သိမ်းဆည်းခံထားရတဲ့ လယ်မြေဧက ငါးထောင်ကျော်ကို ပြန်ပေးဖို့အတွက် ဒေသခံလယ်သမား ၅၀ လောက် သပိတ်စခန်းဖွင့် ဆန္ဒပြနေရာမှာ အဲဒီသပိတ်စခန်းကို ဦးဆောင်တဲ့ လယ်သမား ၃ ယောက်နဲ့ အကူအညီပေးနေသူ ၁ ဦး၊ စုစုပေါင်း ၄ဦးကို တရားမ၀င် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ သဲကုန်းမြို့နယ် ရဲစခန်းက ဒီနေ့ တရားစွဲလိုက်ပါတယ်။

မနေ့ကစပြီး ဒေသခံ လယ်သမား ၅၀ လောက်ဟာ သဲကုန်းမြို့ပေါ်မှာ သပိတ်စခန်းဖွင့်လှစ် တောင်းဆိုနေတာဖြစ်ပြီး လယ်မြေတွေပြန်မရမချင်း ဆက်လက်တောင်းဆိုသွားမယ်လို့ တရားစွဲခံရတဲ့တောင်သူ ကိုပေါက်စက ပြောပါတယ်။

“ကျနော်တို့လယ်ယာမြေတွေ ပြန်မရမခြင်း ဒီသပိတ်စခန်းကို နောက်မဆုတ်ပေးနိုင်ဘူး၊ ကျနော်တို့ကို ပုဒ်မ ၁၈ နဲ့ ဖမ်းလည်း ကျနော်တို့က ဆက်လုပ်သွားမယ်လို့ သူတို့ကို တောင်းဆိုထားပါတယ်၊ မနေ့က ရဲအုပ်က ကျနော်တို့ကို ဆရာတော်ကြီးရဲ့ တရားပွဲရှိနေတဲ့အတွက် နောက်ဆုတ်ခိုင်းတယ်၊ ကျနော်တို့ နောက်မဆုတ်နိုင်ဘူး၊ သပိတ်စခန်းက တောင်သူတွေ လယ်ယာမြေ ပြန်မရမချင်း နောက်မဆုတ်ဘူးလို့ ကတိပေးထားပါတယ်”

သဲကုန်းမြို့နယ် အောင်ကုန်း၊ သင်တော၊ ကဇွန်းအင်း၊ ယင်းတိုက်တန်းနဲ့ နှောကုန်းကျေးရွာတွေက လယ်မြေဧက ငါးထောင်ကျော်ကို တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ က ၂၀၀၀ ခုနှစ်အတွင်း သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ လယ်သမားတွေက ပြောပါတယ်။ အဲဒီအထဲက ဧက တစ်ထောင်ကျော်ကို ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးကို ငါးမွေးမြူရေးလုပ်ငန်းအတွက် စစ်တပ်က ငှားရမ်းထားတယ်လို့လည်း သိရပါတယ်။

RFA Burmese
ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်မှာ သိမ်းဆည်းခံထားရတဲ့ လယ်မြေဧက ငါးထောင်ကျော်ကို ပြန်ပေးဖို့အတွက် ဒေသခံလယ်သမား ၅၀ လောက် သပိတ်စခန်းဖွင့် ဆန္ဒပြနေရာမှာ အဲဒီသပိတ်စခန်းကို ဦးဆောင်တဲ့ လယ်သမား ၃ ယောက်နဲ့ အကူအညီပေးနေသူ ၁ ဦး၊ စုစုပေါင်း ၄ဦးကို တရားမ၀င် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ သဲကုန်းမြို့နယ် ရဲစခန်းက ဒီနေ့ တရားစွဲလိုက်ပါတယ်။

ပြည်ထောင်စုစိတ်ဓာတ်နဲ့ ညီညွတ်ရေး NLD နာယကတိုက်တွန်း

Photo: ပြည်ထောင်စုစိတ်ဓာတ်နဲ့ ညီညွတ်ရေး NLD နာယကတိုက်တွန်း
Thursday, February 13, 2014

၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတရပ်ကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်မြို့မှာ ကျင်းပခဲ့ရာမှာ NLD ရဲ့ နာယကဖြစ်တဲ့ သူရဦးတင်ဦးက ဒီနေ့ကာလမှာ ဒီမိုကရေစီနည်းမကျတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးကို NLD အနေနဲ့ အလေးထား ဆောင်ရွက်နေတယ်ဆိုပြီး ပြောသွားပါတယ်။

ပြည်ထောင်စုနဲ့ပတ်သက်လို့တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်မှန်တဲ့ ပြည်ထောင်စု တနည်းအားဖြင့် ဖယ်ဒရယ်စနစ်ဆိုတာကို ထိတ်လန့်နေစရာ မလိုဘူးလို့ ပြောထားပါတယ်။ NLD က ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက် သတင်းယူထားတဲ့ ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

NLD နာယက ဦးတင်ဦးကနေ ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ဖွင့်ပွဲမိန့်ခွန်း ပြောဆိုခဲ့တာဖြစ်ပြီး၊ ပင်လုံစာချုပ်ကို အောင်အောင်မြင်မြင် လက်မှတ်ရေးထိုးနိုင်ခဲ့တာဟာ ညီညွတ်ရေးကြောင့်ဖြစ်ပြီး၊ ညီညွတ်ရေးဆိုတာဟာလည်း တူညီသော အလုပ်ဖြစ်ရမယ်ဆိုပြီး အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ပြောဆိုခဲ့တာကို ပြန်ကိုးကား ပြောဆိုသွားပါတယ်။

ဒါ့အပြင် လက်ရှိ နိုင်ငံရေးအခြေအနေမှာ အဓိက လိုအပ်ချက်ကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးဖြစ်ပြီး၊ ဒါကို အားလုံးညီညွတ်စွာနဲ့ ဆောင်ရွက်ကြဖို့ဆိုပြီး ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်းဖြစ်တဲ့ NLD နာယက သူရဦးတင်ဦးက တိုက်တွန်းပြောကြားသွားပါတယ်။ ဒါ့အပြင် တပ်မတော်ဟာ ပြည်သူ့ဝန်ထမ်းတွေသာဖြစ်ပြီး၊ နိုင်ငံရဲ့ အဆုံးအဖြတ်တွေမှာ ပြည်သူတွေရဲ့အခန်းကဏ္ဍကို အဓိက နေရာမှာရှိတယ်လို့လည်း ပြောပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းစဉ်ဖြစ်သည့် စစ်တပ်သည် ပြည်သူ့လွှတ်တော်ကို ဘယ်တော့မှ မလွှမ်းမိုးရ။ ပြည်သူ့လွှတ်တော်ကသာ စစ်တပ်ကို လွှမ်းမိုးရခြင်းဖြင့် သဘောထားကို ဖျက်စီးကာ ပြည်သူသာလျှင်အမိ၊ ပြည်သူသာလျှင်အဖ ဖြစ်ရမည့် အစဉ်အလာ ကောင်းများကိုပါ ဖျက်စီးလျက် တပ်မတော်သည်အမိ၊ တပ်မတော်သည်အဖ ဆိုတဲ့ သဘောထားကို အခိုင်အမာ ကိုင်ဆွဲလျက်ရှိနေပါသေးတယ်။ သို့ကြောင့်မို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အချက်များကို ပယ်သင့်တာတွေပယ်၊ ဖြုတ်သင့်တာတွေဖြုတ်၊ နှုတ်သင့်တာတွေနှုတ်၊ ဖြည့်သင့်တာတွေဖြည့်၊ အစားထိုးသင့်တာတွေ၊ ပြင်ဆင်သင့်တာတွေကို အစားထိုး ပြင်ဆင် ပြောင်းလဲပစ်မှသာ၊ ပြောင်းလဲပစ်ကြရမှာ အမှန်ပင်ဖြစ်ပါတယ်။ အခု ၂၀၀၈ အခြေခံဥပဒေတွင် ပြင်ဆင်နိုင်သည့်အချက်များကို တင်ထားသော်လည်းပဲ ပြင်လို့မရအောင် တင်းကျပ်ထားခြင်း ဖြစ်နေပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ၀င်ကတည်းက ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကို မူဝါဒတခုလို ချမှတ်ပြီး ဒီအပေါ်မှာ ခိုင်မြဲစွာ ရပ်တည်ထားတယ်လို့ ပြောပါတယ်။ အခုဆိုရင် လွှတ်တော်ထဲရောက်နေတဲ့ NLD ကိုယ်စားလှယ်တွေဘက်ကလည်း ဒီမူဝါဒအတိုင်း အောင်မြင်အောင် ဆောင်ရွက်နေကြသလိုပဲ၊ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အထူးသဖြင့် တိုင်းရင်းသားဒေသတွေကို စည်းရုံးရေးခရီးစဉ်တွေ ဆင်းပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စကို ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်ဆိုပြီး ဦးတင်ဦးက ပြောပါတယ်။

အဓိကအချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံဟာ သန္ဓေအားဖြင့်ကို မမှန်ဘဲ ဒီမိုကရေစီနဲ့ ဆန့်ကျင်တာ ရှေ့နောက် မညီညွတ်တာတွေ ရှိနေတယ်လို့ ထောက်ပြခဲ့ပါတယ်။ တချိန်တည်းမှာတာ့ တိုင်းရင်းသားတွေအကြား မသင့်မမြတ်ဖြစ်ပြီး ပြည်တွင်းစစ်ပွဲတွေ ဖြစ်လာခဲ့ရာမှာ၊ အခုအခါ အပြန်အလှန် သဘောပေါက် နားလည်ပြီးတော့ တနိုင်ငံလုံး အပစ်ရပ်ရေးအထိ အောင်မြင်ဖို့ အလားအလာ ရှိတဲ့အပေါ်မှာလည်း သူ့အနေနဲ့ စိတ်သက်သာရာ ရမိတယ်လို့ သူရဦးတင်ဦးက ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း နယ်စပ်ဒေသတွေမှာ မတည်ငြိမ်မှုတွေကို ရင်ဆိုင်နေရဆဲ ဖြစ်တယ်ဆိုတဲ့ အချက်ကိုလည်း ထောက်ပြခဲ့ပါတယ်။

“ဆင်းရဲသားပြည်သူအပေါင်းတို့ဟာ အပြစ်ကင်းစင် ရိုးသားပြီး တိုင်းရင်းသားပြည်သူလူထုများဟာ မိမိတို့ရဲ့ အခြေကျနယ်မြေတွေကနေ ဘေးလွတ်အောင် ထွက်ပြေးတိမ်းရှောင်ကြရသည့် ဒုက္ခသည် ယနေ့တိုင် နယ်စပ်တွေမှာ၊ တဘက်နိုင်ငံတွေမှာ အလွန် ကြီးမားသော ဒုက္ခတွေကို အတောမသတ် ခံစားနေကြရတာဖြစ်တယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကိုတော့ ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ ဒို့ရိုးရာစားသောက်ဆိုင်မှာ ကျင်းပခဲ့တာပါ။ ရန်ကုန်တိုင်းအစိုးရကတော့ မနက်ပိုင်းက ပြည်သူ့ရင်ပြင်မှာ ပြည်ထောင်စုနေ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်ထောင်စုနေ့ သ၀ဏ်လွှာထဲမှာတော့ နှစ် ၆၀ ကြာဖြစ်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို အဆုံးသတ်နိုင်ဖို့အတွက် ညှိနှိုင်းဆွေးနွေးမှုတွေကို ဆောင်ရွက်ခဲ့ပြီး ရလဒ်ကောင်းတွေ ရရှိနေပြီလို့ ဖော်ပြပါတယ်။ ကချင်ပြည်နယ် လိုင်ဇာမှာကျင်းပခဲ့တဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်တဲ့ ဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ အရေးကြီးတဲ့ မှတ်တိုင်ဖြစ်တယ်ဆိုပြီး သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်ထောင်စုနေ့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။

ကိုသားညွန့်ဦး
ဗွီအိုအေ
၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတရပ်ကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်မြို့ မှာ ကျင်းပခဲ့ရာမှာ NLD ရဲ့ နာယကဖြစ်တဲ့ သူရဦးတင်ဦးက ဒီနေ့ကာလမှာ ဒီမိုကရေစီနည်းမကျတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးကို NLD အနေနဲ့ အလေးထား ဆောင်ရွက်နေတယ်ဆိုပြီး ပြောသွား ပါတယ်။