Tuesday, May 21, 2013

ဂျပန်ဝန်ကြီးချုပ် မေလ ၂၅ ရက်နေ့ မြန်မာနိုင်ငံလာမည်



Photo: ဂျပန်ဝန်ကြီးချုပ် မေလ ၂၅ ရက်နေ့ မြန်မာနိုင်ငံလာမည်
Tuesday, May 21, 2013

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် နှစ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ မေလ ၂၅ ရက်နေ့တွင် လာရောက်မည်ဖြစ်ပြီး သုံးရက်ကြာ နေထိုင်မည် ဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ဂျပန်-မြန်မာ နှစ်နိုင်ငံ စီးပွားရေးမြှင့် တင်ရန် အဓိကရည်ရွယ်၍ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်ပြီး ၄င်း၏ခရီးစဉ်တွင် ဂျပန်နိုင်ငံ ထိပ်တန်း စီးပွားရေး လုပ်ငန်းများမှ အမှုဆောင်အရာရှိ ၃၀ ခန့်လိုက်ပါလာမည် ဖြစ်ကာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝန်ကြီးချုပ်၏ ယခုခရီးစဉ်သည် နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးနှင့် သီးခြားရပ်တည် နေခဲ့သည့် မြန်မာနိုင်ငံ အပေါ် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးနေမှု များကို တုံ့ပြန်နိုင်ရန် အကူအညီပေး လိမ့်မည်ဟု မျှော်လင့်ကြောင်း ဂျပန်အစိုးရ အဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်ဟု ဂျပန်တိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ဆောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံရန်လည်း စီစဉ်ထားကြောင်း ယင်း သတင်းစာအရ သိရသည်။

သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု အားကောင်းစေရေး ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရန်၊ အခြေခံအဆောက်အဦများ ဆောက်လုပ်ပေးရန် စသည့် အကူအညီများ ဂျပန်နိုင်ငံက ပေးအပ်လိုကြောင်း တင်ပြ ဆွေးနွေးသွားမည်ဟု ယင်းသတင်းတွင် ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူနည်းစု များကို စာသင်ကျောင်းများ၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍ နည်းပညာ အထောက်အပံ့များ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး စသည်တို့အတွက် လိုအပ်သည့် အထောက်အပံ့များ ပေးအပ်ရန်လည်း စီစဉ်ထားကြောင်း ၄င်းသတင်း များအရ သိရသည်။

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ဝန်ကြီးချုပ်ရာထူးကို ဒုတိယအကြိမ် ဆက်ခံခဲ့သော ရှင်ဇိုအာဘေးသည် ၄င်းရာထူး ဆက်ခံပြီး တစ်ပတ်အကြာတွင် မြန်မာနိုင်ငံတွင် စစ်မှန်သောဒီမိုကရေစီ ဖော်ဆောင် နိုင်ရေးအတွက် ဂျပန် ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များကို စေလွှတ်၍ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးစေ ခဲ့သည်။

ဂျပန်နိုင်ငံသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယခင်ဝန်ကြီးချုပ် ယိုရှိဟီကိုနိုဒါ၏ ဖိတ်ခေါ်ချက်အရ ၂၀၁၂ ခုနှစ် ဧပြီလတွင် သွားရောက်လည်ပတ်ခဲ့ပြီး စတုတ္ထအကြိမ်မြောက် ကျင်းပသော ဂျပန်-မဲခေါင်ဒေသ ထိပ်သီးအစည်းအဝေးသို့ တက်ရောက် ခဲ့သည်။
လက်ရှိဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ဖိတ်ခေါ်ချက်အရ ယခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်ခဲ့သည်။

မြန်မာနိုင်ငံသို့ ၁၉၇၇ ခုနှစ်က ဝန်ကြီးချုပ် Takeo Fukuda ပထမဦးဆုံး လာရောက်ခဲ့ပြီးနောက် ယခုဝန်ကြီးချုပ် ရှင်ဇိုသည် နှစ်ပေါင်း ၃၆ နှစ်အကြာတွင် ပထမဦးဆုံး လာရောက်မည့် ဂျပန်နိုင်ငံ အကြီးအကဲဖြစ်သည်။

The Voice Weekly
ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် နှစ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ မေလ ၂၅ ရက်နေ့တွင် လာရောက်မည်ဖြစ်ပြီး သုံးရက်ကြာ နေထိုင်မည် ဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

မိတ္ထီလာ လူသတ်မှု နှစ်ရှည် ထောင်ဒဏ်များချ



Photo: မိတ္ထီလာ လူသတ်မှု နှစ်ရှည် ထောင်ဒဏ်များချ
Tuesday, May 21, 2013

မိတ္ထီလာမြို့ အဓိကရုဏ်းတွင် ဘုန်းတော်ကြီး ဦးသောဘိတကို သတ်မှုဖြင့် တရားစွဲဆိုခံရသူ ၇ ဦးကို ယနေ့ မေလ ၂၁ ရက်နေ့တွင် ထောင်ဒဏ် တသက်တကျွန်းအပါအ၀င် ပြစ်ဒဏ် အသီးသီးကို ခရိုင်တရားရုံးက ချမှတ်လိုက်ပြီဖြစ်သည်။

တရားခံ ၇ ဦးကို ပြစ်ဒဏ် ချမှတ်လိုက်သော်လည်း ­­­အဓိက တရားခံ ၄ ဦးလွတ်မြောက်နေသေးခြင်းက အငြင်းပွားစရာဖြစ် နေသေးကြောင်း ၎င်းတို့၏ရှေ့နေ ဦးသိန်းသန်းဦးက ဧရာဝတီသို့ ပြောသည်။

“ အမိန့်ချတာမှာ ပြစ်ဒဏ်နဲ့ပြောစရာရှိတာဆိုလို့ တစ်ဖက်နဲ့ တစ်ဖက် ထွက်ဆိုတာချင်း မတူတာပဲ ရှိတယ်။ တရားရုံးရဲ့ စစ်ဆေးတာလည်း ပွင့်လင်းမြင်သာတယ်။ ဥပဒေနဲ့လည်း ညီပါတယ်။ ပြစ်ဒဏ်ချခံလိုက်ရတဲ့သူတွေထဲက ၁၀ နှစ်အထိ ချ မှတ်ခံရတဲ့သူတွေ မိတ္ထီလာထောင်မှာပဲ ထားမှာ။ ၁၀ နှစ်အထက်ကိုတော့ မြင်းခြံထောင်မှာထားမှာ” ဟု ၎င်းက ဆိုသည်။

အဓိက တရားခံ ကိုမြတ်ကိုကို(ခ) အဏ္ဏ၀ါကို ခရိုင်တရားရုံးမှ လူသတ်မှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အလုပ်နှင့် ထောင်ဒဏ် တသက်တကျွန်း( နှစ် ၂၀ ) ၊ သာသနာညှိုးနွမ်းစေမှု ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၅ အရ ထောင်ဒဏ် ၂ နှစ်နှင့် တရားမ၀င် လူစုလူဝေးဖြင့် ဆူပူဖန်တီးမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၄ အရ ထောင်ဒဏ် ၂ နှစ်ဖြင့် စုစုပေါင်း ထောင်ဒဏ် ၂၄ နှစ် ချမှတ်လိုက်သည်။

တရားခံ မျိုးထွန်းထွန်း၊ မျိးချစ်(ခ)မျိုးညွန့်ဦး၊ ဖိုးချို တို့ ၃ ဦးကို လူသတ်မှု အားပေးကူညီမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ  ၃၀၂/၁၁၄ အရ ထောင်ဒဏ် ၁၀ နှစ်၊ သာသနာညှိုးနွမ်းစေမှု ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၅ အရ ထောင်ဒဏ် ၂ နှစ်နှင့် တရားမ၀င် လူစုလူဝေးဖြင့် ဆူပူဖန်တီးမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၄ အရ ထောင်ဒဏ် ၂ နှစ်ဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၄ နှစ်ကို ခရိုင်တရားရုံးမှ ချမှတ်လိုက်သည်။

ထို့အပြင် တခြားတရားခံ ဇော်ထက်နိုင်နှင့် မျိုးဝင်း(ခ)ဒါဂျိဂန်တို့ ၂ ဦးကို တရားမ၀င် လူစုလူဝေးဖြင့် ဆူပူဖန်တီးမှု ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၁၄၄ အရ ထောင်ဒဏ် ၂ နှစ်စီ ခရိုင်တရားရုံးမှ ချမှတ်လိုက်သည်။

မြို့နယ်တရားရုံးမှ အဆိုပါ တရားခံ ၇ ဦးထဲမှ ၃ ဦးကို ထပ်မံတရားစွဲဆို ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း ၎င်းတို့၏ ရှေ့နေ ဦးသိန်းသန်းဦးက ဆိုသည်။

မြို့နယ်တရားရုံးမှ တရားခံ ဇော်ထက်နိုင်နှင့် မျိုးထွန်းထွန်းတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ) အရ ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်လိုက်သောကြောင့် တရားခံ ဇော်ထက်နိုင်သည် စုစုပေါင်း ထောင်ဒဏ် ၄ နှစ်၊ မျိုးထွန်းထွန်းသည် ထောင်ဒဏ် ၁၆ နှစ်ဖြစ်သွားကြောင်း၊ တရားခံ ဖိုးချိုကို ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုဖြင့် ထောင်ဒဏ် ၇ နှစ်၊ ပညာရေးမှူးရုံးကို မီးရှို့ရာ တွင် အားပေးကူညီမှုဖြင့် ထောင်ဒဏ် ၇ နှစ် ထပ်မံချမှတ်လိုက်သောကြောင့် စုစုပေါင်း ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခံရ ကြောင်း သိရသည်။

အသက်မပြည့်သေးသည် တရားခံ ညီညီနိုင်ကို ကလေးသူငယ်တရားရုံးမှ ထောင်ဒဏ် ၇ နှစ်၊ ပုဒ်မ ၁၄၄ အရ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၂၉၅(က) အရ ထောင်ဒဏ် ၂ နှစ် ကို ပြစ်ဒဏ် ၃ ရပ်လုံး တပေါင်းထဲ ကျခံစေရန် အမိန့်ချမှတ် ခဲ့သည်။

“ ညီညီနိုင်ကတော့ စုစုပေါင်း ၁၁ နှစ် ချမှတ်တယ်ဆိုပေမယ့် ကလေးသူငယ်တွေကို ၇ နှစ်ထက် အများဆုံး ပိုချလို့မရတဲ့ အတွက် သူက ၇ နှစ်ပဲ ကျခံရမှာပါ” ဟု ရှေ့နေ ဦးသိန်းသန်းဦးက ဆိုသည်။

ထို့အပြင် အဓိကရုဏ်း ဖြစ်ပွားခဲ့သော ဒေသများတွင် ထုတ်ပြန်ထားသော အရေးပေါ်ပုဒ်မ ၁၄၄ ထုတ်ပြန်ချက်ကို ထပ်မံ သက်တမ်းတိုးရန်အတွက် ယနေ့တွင်ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုလိုက်ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်၏ အရေးပေါ် အစည်းအဝေးတွင် သက်တမ်းတိုးသင့် မသင့်နှင့် ပက်သက်ပြီး လွှတ်တော်ကိုယ် စားလှယ် ၁၃ ဦးမှ ဆွေးနွေးတင်ပြကြပြီး နောက်ဆုံး အတည်ပြုလိုက်ခြင်းဖြစ်သည်။

ဆွေးနွေးကြသူ လွှတ်တော်ကိုယ်စားလှယ်များတွင် အများစုက သက်တမ်းတိုးရန် ထောက်ခံဆွေးနွေးခဲ့ကြကြောင်း၊ ထုတ် ပြန်ချက်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်သောကြောင့်  မိမိအနေဖြင့် ထောက်ခံခဲ့ရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဆိုသည်။

ထိုသို့ မိတ္ထီလာမြို့နယ်တွင် အရေးပေါ်ပုဒ်မ ၁၄၄ ကို သက်တမ်းတိုးရန်လိုအပ်မည်ဟု ထင်မြင်ကြောင်း၊  လက်ရှိအနေအ ထားအရ ပြန်လည်နေရာချထားရေးလုပ်ငန်းများကို လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း မိတ္ထီလာခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး  ဦးတင်မောင်စိုးက  ဧရာဝတီသို့ ပြောသည်။

ထို့အပြင် အစ္စလမ်ဘာသာဝင် ဒုက္ခသည်များ နေရပ်ပြန်ရာတွင် ဒေသခံတချို့၏ လက်မခံသော အခြေအနေကြောင့် နေရပ် မပြန်နိုင်ခြင်းများလည်း ရှိနေသေးကြောင်း၎င်းက ဆက်ပြောသည်။

“ ဘုန်းကြီးကျောင်းနဲ့ နီးတဲ့နေရာတို့၊ အဓိကရုဏ်းဖြစ်ခဲ့တဲ့ နေရာတို့က ဒေသခံတွေက အစ္စလမ်ဒုက္ခသည်တွေကို လက်မခံသေးဘူး။ နောက်ပြီး  ကြောက်လန့်တကြားနဲ့ တခြားနေရာတွေကို ထွက်ပြေးသွားတဲ့သူတွေကိုလည်း ပြန်လက်ခံဖို့လုပ်ရဦးမယ်” ဟု ဦးတင်မောင်စိုးက ဆိုသည်။

လက်ရှိ မိတ္ထီလာပဋိပက္ခကြောင့် ဗုဒ္ဓဘာသာနှင့် အစ္စလမ်ဘာသာဝင် စုစုပေါင်း ၇၄ ဦးကိုဖမ်းဆီးကာ ဥပဒေအရ တရားရုံးတင် အမှုဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း၊ အဆိုပါ အမှုများတွင် လူသတ်မှုက အများဆုံးဖြစ်ကြောင်း၊ နေအိမ်များ၊ ဆိုင်ခန်းများကို ဖျက်ဆီးမှု၊ မီးရှို့မှုများလည်း ပါဝင်ကြောင်း ခရိုင် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ထို့အပြင် ယနေ့အချိန်အထိ ဖမ်းဆီးထားသူများထဲမှ အမိန့်ချ အရေးယူခဲ့သူများမှာ ရွှေဆိုင်ပိုင်ရှင်အပါအ၀င် ၃ ဦးနှင့် ယခု ဘုန်းတော်ကြီးကို သတ်သည့်အမှုမှ ၇ ဦးတို့သာရှိသေးပြီး တခြားသူများကိုလည်း မကြာခင်အချိန်အတွင်း အမိန့်ချ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ
မိတ္ထီလာမြို့ အဓိကရုဏ်းတွင် ဘုန်းတော်ကြီး ဦးသောဘိတကို သတ်မှုဖြင့် တရားစွဲဆိုခံရသူ ၇ ဦးကို ယနေ့ မေလ ၂၁ ရက်နေ့တွင် ထောင်ဒဏ် တသက်တကျွန်းအပါအ၀င် ပြစ်ဒဏ် အသီးသီးကို ခရိုင် တရားရုံးက ချမှတ်လိုက်ပြီဖြစ်သည်။

" ချန်ပီယံလိဂ်အကောင်းဆုံး ၁၁ ယောက်တွင် မက်ဆီ မပါဝင်"

" ချန်ပီယံလိဂ်အကောင်းဆုံး ၁၁ ယောက်တွင် မက်ဆီ မပါဝင်"
 ==================================

ယနေ့ မေလ ၂၁ နေ့က နာမည်ကျော် အားကစားသတင်းစာမျက်နှာဖြစ်သော The Sun Football မှရွေးချယ်သော ချန်ပီယံလိဂ်အကောင်းဆုံး ၁၁ ယောက်ကို ထုတ်ပြန်ကြေငြာလိုက်ပြီး ဘာစီလိုနာအသင်း၏ နာမည်ကျော်ကစားသမား လီယွန်နယ်မက်ဆီ ပါဝင်ခဲ့ခြင်းမရှိသည်ကို တွေ့၇သည်။ 

ယခုနှစ် ချန်ပီယံလိဂ်တွင် All-German 
Champions League final ဖြစ်ခဲ့ပြီးနောက် ဖိုင်နယ်ရောက် ဂျာမန်အသင်းများမှကစားသမားများဖြစ်ကြသော လီဝန်ဒေါစကီး၊ဖီးလစ်လမ်း၊ ရှဝိုင်းစတိုင်ဂျာ 
စသောနာမည်ကြီးကစားသမားများပါဝင်ပြီး စပိန်ကလပ်များမှ   ရော်နယ်ဒို (ရီးရဲလ်မက်ဒရစ်)၊  ဇာဗီ (ဘာစီလိုနာ) တို့သာ အရွေးချယ်ခံရသည်။ 

၎င်း ချန်ပီယံလိဂ်အကောင်းဆုံး ၁၁ ယောက်တွင် ရီးရဲမက်ထရစ်မှ (၁) ဦး၊ ဘာစီလိုနာမှ (၁)ဦး၊ ဂါလာတာစာရေးမှ (၁)ဦး၊ ဒေါ့မွန်မှ (၃)ဦး၊ ဘိုင်ယန်မြူးနစ်မှ(၃)ဦးနှင့်  မာလာဂါအသင်းမှ (၂)ဦး ပါဝင်ခဲ့သည်။ z

photo - the sun
ယနေ့ မေလ ၂၁ နေ့က နာမည်ကျော် အားကစားသတင်းစာမျက်နှာဖြစ်သော The Sun Football မှရွေး ချယ်သော ချန်ပီယံလိဂ်အကောင်းဆုံး ၁၁ ယောက်ကို ထုတ်ပြန်ကြေငြာလိုက်ပြီး ဘာစီလိုနာအသင်း၏ နာမည်ကျော်ကစားသမား လီယွန်နယ်မက်ဆီ ပါဝင်ခဲ့ခြင်းမရှိသည်ကို တွေ့၇သည်။

မန္တလေးတွင် ဖုန်းတန်းစီရာမှ လူခြောက်ဦး မူးလဲ၊ တစ်ဦးသေဆုံး

မန္တလေးတွင် ဖုန်းတန်းစီရာမှ လူခြောက်ဦး မူးလဲ၊ တစ်ဦးသေဆုံး
.......................................................................
မန္တလေး၊ မေလ ၂၀

မန္တလေးတိုင်းဒေသကြီးရှိ ရပ်ကွက် နှစ်ခုတွင် ဒုတိယအကြိမ် ထပ်မံရောင်းချ ပေးသည့် ကျပ်၁၅၀၀ တန်ဖုန်းဝယ်ယူရန် မေလ ၁၉ ရက်နေ့ ညနေ ၄ နာရီ အချိန်မှစတင်၍ ရပ်ကွက်ရုံးရှေ့တွင် လူထောင်ချီတန်းစီ စောင့်ဆိုင်းရာမှ လူခြောက်ဦး မူးလဲပြီး တစ်ဦးသေဆုံးမှု မေလ ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါရပ်ကွက်နေထိုင် သူများက ပြောကြားသည်။

သေဆုံးသူမှာ မေလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက ပုရစ်နှင့် အရက် သောက်စားထားပြီး ည ၇ နာရီခန့်တွင် ၁၅၀၀ တန်ဖုန်းတန်းစီရန် ထိုင်နေစဉ် မူးလဲခဲ့သဖြင့် ဆေးခန်းသွားပြပြီးနောက် မေလ ၂၀ ရက်နေ့ နံနက် ၃ နာရီတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း ယင်းဖြစ်ရပ် ဖြစ်ပွားရာ ချမ်းအေးသာစံမြို့နယ် ပတ်ကုန်းရပ်ကွက် ဒေသခံ များက ဆိုသည်။

အဆိုပါ ၁၅၀၀ ကျပ်တန် တန်ဖိုးနည်းဖုန်း ဝယ်ယူခွင့်ရရေး တန်းစီစောင့် ဆိုင်းရာ မေလ ၂၀ ရက်မွန်းလွဲ ၁ နာရီ အချိန်ခန့်က အောင်မြေသာစံမြို့နယ် မာလာအရှေ့ရပ်ကွက် တွင်လည်း အမျိုးသမီး ခြောက်ဦးခန့် မူးလဲခဲ့ကြောင်း အဆိုပါ ရပ်ကွက်ဒေသခံ အချို့နှင့် ရပ်ကွက်မီးသတ် အရန်တပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

၁၅၀၀ ကျပ်တန်ဖုန်းကတ် ရရှိရေးအတွက် မေလ ၁၉ ရက်နေ့ ညပိုင်းက စတင်၍ လူရာချီ တန်းစီစောင့်ခဲ့ပြီးနောက် နေရာလု ရန်ဖြစ်ခြင်းကြောင့် ယင်းကဲ့သို့ အမျိုးသမီး အချို့ မူးလဲခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ရပ်ကွက် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

"ရှူဆေးနဲ့ ပြုစုပေးလိုက်တာ ကောင်းသွားတယ်။ ဆေးရုံပို့စရာမလိုလို့ မပို့ပါဘူး"ဟု မာလာအရှေ့ရပ်ကွက် အရန်မီးသတ်ရုံးမှ ဦးစိုးပြေဝင်းက ပြောဆိုသည်။

ဒုတိယအကြိမ် ရောင်းချပေးခဲ့သည့် ၁၅၀၀ ကျပ်တန်ဖုန်းကတ် တန်းစီဝယ်ယူ သူများကို ထိန်းသိမ်းရန် ခက်ခဲသဖြင့် မန္တလေးတိုင်းဒေသကြီး ရပ်ကွက်အချို့တွင် မေလ ၂၁ ရက်နေ့ နံနက် ၇ နာရီတွင် ပြန်လည် ရောင်းချပေးမည်ဖြစ်ကြောင်း မန္တလေးခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက The Voice သို့ ပြောကြားသည်။

မန္တလေးတိုင်း ဒေသကြီးအတွက် ကျပ် ၁၅၀၀ တန် တန်ဖိုးနည်းဖုန်းကတ် ၆၈၃၉၅ ခုခွဲတမ်းရရှိရာ မန္တလေးခရိုင် အတွင်းရှိ မြို့နယ်တစ်မြို့နယ်လျှင် ၁၅၀၀ တန်ကတ်ခွဲတမ်း လေးထောင် သတ်မှတ် ပေးထားပြီး ဖုန်းကတ်များကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး များမှ တစ်ဆင့် မေ ၂၀ ရက်နေ့ နံနက် ၉ နာရီတွင် စတင် ရောင်းချပေးခဲ့သည်။

The Voice Weekly
မန္တလေးတိုင်းဒေသကြီးရှိ ရပ်ကွက် နှစ်ခုတွင် ဒုတိယအကြိမ် ထပ်မံရောင်းချ ပေးသည့် ကျပ်၁၅၀၀ တန်ဖုန်းဝယ်ယူရန် မေလ ၁၉ ရက်နေ့ ညနေ ၄ နာရီ အချိန်မှစတင်၍ ရပ်ကွက်ရုံးရှေ့တွင် လူထောင်ချီ တန်းစီ စောင့်ဆိုင်းရာမှ လူခြောက်ဦး မူးလဲပြီး တစ်ဦးသေဆုံးမှု မေလ ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါရပ်ကွက်နေထိုင် သူများက ပြောကြားသည်။

မြန်မာ့ဒီမိုကရေစီ အားပေးမည်ဟု အိုဘားမားပြော



Photo: မြန်မာ့ဒီမိုကရေစီ အားပေးမည်ဟု အိုဘားမားပြော
Tuesday, May 21, 2013

သမ္မတဦးသိန်းစိန်၏ ဦးဆောင်မှုနှင့် လျှောက်လှမ်းနေသော မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းသစ် အောင်မြင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက အားပေးထောက်ခံသွားမည်ဖြစ်ကြောင်းနှင့် မွတ်စလင်လူနည်းစုတို့အပေါ် လေးစား ကူညီ စောင့်ရှောက်ရန် အမေရိကန်သမ္မတ အိုးဘားမားက ပြောဆိုလိုက်သည်။

မေလ ၂၀ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ သမ္မတအိမ်ဖြူတော်ရှိ ဘဲဥပုံ ရုံးခန်းတွင် သမ္မတအိုဘားမားနှင့် သမ္မတဦးသိန်းစိန်တို့ သမိုင်းဝင် တွေ့ဆုံကြစဉ် သမ္မတအိုဘားမားက ယင်းသို့ပြောဆိုလိုက်ခြင်းဖြစ်ပြီး အမေရိကန်သမ္မတအနေဖြင့် အစဉ်အဆက် သုံးစွဲခဲ့သော “Burma” အသုံးအနှုန်းအစား  “Myanmar” ဟု တရားဝင် ပြောင်းလဲသုံးစွဲခဲ့သည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ နိုင်ငံရေးတွင် အားလုံးပါဝင် ဆောင်ရွက်နေခြင်း၊ ယုံကြည်လောက်သော ရွေးကောက်ပွဲကျင်းပခဲ့ခြင်း၊ လူမျိုးစုပြသနာနှင့် ပဋိပက္ခများဖြေရှင်းရေး လုပ်ဆောင်နေခြင်း၊ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်နေခြင်းအပါအ၀င် ပြုပြင်ပြောင်းလဲမှုများကြောင့် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများကို ဖြေလျော့ပေးခဲ့ကြောင်း၊ မြန်မာ့ဒီမိုကရေစီလမ်းကြောင်းသစ်အောင်မြင်ရေး အမေရိကန်က ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း၊ သို့ရာတွင် ဒီမိုကရေစီလမ်းကြောင်းသည် ရှည်လျားသော ခရီးတခုဖြစ်ကြောင်း သမ္မတအိုးဘားမားက ပြောသည်။

“သမ္မတကြီး ဦးသိန်းစိန်ကတော့ နောင်ကို ဆက်ပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း လွှတ်ပေးမယ်။ နောက်ပြီးတော့ လူမျိုးစု ပြဿနာတွေ ဖြစ်နေတဲ့ ကိစ္စတွေမှာလည်းပဲ အပစ်အခတ် ရပ်စဲရုံတင်မဟုတ်ဘဲနဲ့ သူတို့လည်း နိုင်ငံရေးမှာ ပါဝင်ပူးပေါင်းနိုင်အောင်၊ ဆောင်ရွက်နိုင်အောင် လုပ်မယ်လို့ ပြောသွားပါတယ်။ သမ္မတကြီးရဲ့ ဦးဆောင်မှုနဲ့ ဒီ လမ်းကြောင်းသစ်ကို သွားနေတဲ့ကိစ္စမှာ အောင်အောင်မြင်မြင်ဖြစ်အောင်လည်း ကျနော်တို့က အားပေးပါမယ်။ သမ္မတကြီး ဦးသိန်းစိန် ပြောသလိုပါပဲ၊ ဒါက အင်မတန်မှ ရှည်လျားတဲ့ ခရီး ဖြစ်ပါတယ်။ အဲ့တော့ တော်တော်လေးတော့ လုပ်ယူရပါလိမ့်မယ်”ဟု စကားပြန်က တဆင့် သမ္မတ အိုဘားမားက ဆိုသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော မွတ်စလင်လူနည်းစုအပေါ် အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး သမ္မတနှစ်ဦးက ထည့်သွင်းဆွေးနွေးကြပြီး နိုင်ငံတကာက အကူအညီပေးရေးနှင့် မွတ်စလင်လူနည်းစုအပေါ် လေးလေးစားစား ဆက်ဆံရန်ကိစ္စများလည်း ထည့်သွင်းဆွေးနွေးကြကြောင်း သိရှိရသည်။

“မြန်မာနိုင်ငံမှာ  မွတ်စလင်တွေအပေါ်မှာ အကြမ်းဖက်မှုတွေ ဖြစ်တဲ့ကိစ္စနဲ့ပတ်သက်လို့လည်း ကျနော် သမ္မတကြီးနဲ့ ဆွေးနွေးခဲ့ပါတယ်။ အဲ့တော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ သူတို့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေ၊ နောက်ပြီးတော့ ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့ ဆက်လက်ပြီးတော့ အကူအညီ ပေးဖို့အတွက် ကျနော်တို့ သဘောတူကြပါတယ်။ နိုင်ငံတကာကလည်း ကူညီပေးနေတာ ဖြစ်ပါတယ်။ နောက်တခုကတော့ သူတို့ကို လေးလေးစားစား ဆက်ဆံဖို့ကိစ္စတွေလည်း ပါဝင်တယ်”ဟု အိုဘားမားက ဆိုသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး အကူအညီများ ပေးအပ်မည်ဖြစ်ပြီး လယ်ယာစိုက်ပျိုးရေး တိုးတက်ရေး၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပြုပြင်ရေးတို့ကို ကူညီဆောင်ရွက်ပေးမည်ဟု အိုဘားမားက ဆိုသည်။

သမ္မတ ဦးသိန်းစိန်ကမူ မြန်မာနိုင်ငံအနေဖြင့် အစိုးရသက်တမ်း ၂ နှစ်တာ ကာလအတွင်း နိုင်ငံရေး စိးပွားရေး ပြုပြင်ပြောင်းလဲမှုများ ကို ဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီနှင့်ပတ်သက်ပြီး အတွေ့အကြုံ အလေ့အကျင့် နည်းပါးသေးသည့်အတွက် အောင်မြင်မှုများရှိသကဲ့သို့ အခက်အခဲ စိန်ခေါ်မှုရှိကြောင်း၊ မြန်မာနိုင်ငံသည် ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်မားနေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း၊ ပြည်သူများတွင် ဒီမိုကရေစီအတွေ့အကြုံနှင့် အလေ့အကျင့်များ နည်းပါးနေဆဲဖြစ်ကြောင်း၊ သို့ရာတွင် အမေရိကန်သမ္မတ အိုဘားမားမကြာခဏ ပြောဆိုဖူးသော “Move Forward” ဆိုသော စကား အတိုင်း ဒီမိုကရေစီစနစ်ရှင်သန် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

“ဒီမိုကရေစီရှေ့ကို ဆက်လက်ပြီးတော့ ရှင်သန်ဖွံ့ဖြိုးဖို့အတွက် ကျနော်တို့ ဒီ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ၊ ဒါတွေကို ကျနော်တို့ လုပ်နေပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေးဆိုတာ တစ်ခုနဲ့တစ်ခု ကျနော်တို့ ခွဲခြားလို့ မရပါဘူး။ ကျနော်တို့ ခွန်အားနဲ့ ကျနော်တို့နိုင်ငံအတွက် လုပ်နေသလို တဘက်ကလည်း ကျနော်တို့ကို ထောက်ခံအားပေးတဲ့ ပြည်ပရဲ့ ခွန်အားတွေကိုပါ ကျနော်တို့ ရယူပြီးတော့မှ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ပြောချင်တာကတော့ ဒီမိုကရေစီစနစ် ရှေ့ကို ဆက်လက်ပြီးတော့ ရှင်သန်ဖွံ့ဖြိုးဖို့အတွက် သမ္မတကြီး မကြာခဏ ပြောဖူးသလိုပါပဲ Forward ဆိုတဲ့အတိုင်းပဲ ကျနော်တို့ရဲ့ ဒါ Move Forward ဆိုပြီး ဆက်ပြီးတော့ သွားမှာဖြစ်ပါတယ်” ဟု ဦးသိန်းစိန်က ဆိုသည်။

အမေရိကန်သမ္မတ အိုဘားမားက ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် အလည်အပတ်ခရီးစဉ်လာရောက်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် သမိုင်းဝင်မိန့်ခွန်းပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်သည် အမေရိကန်ခရီးစဉ်အတွင်း ဂျွန်ဟော့ပ်စကင်းတက္ကသိုလ်တွင် မိန့်ခွန်းပြောကြားခြင်း၊ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီနှင့် တွေ့ဆုံခြင်း၊ အမေရိကန် ကုန်သည်ကြီးများအသင်း တွေ့ဆုံပွဲတွင် မိန့်ခွန်းပြောကြားခဲ့သေးသည်။

ခရီးစဉ်တွင် လိုက်ပါသွားသူ သမ္မတဦးသိန်းစိန်၏ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒု ဝန်ကြီးဦးရဲထွဋ်က သူ၏ Facebook စာမျက်နှာတွင် “အမေရိကန် ကုန်သည်ကြီးများ အသင်းရဲ့ ညစာစားပွဲမှာ သမ္မတကြီး မိန့် ခွန်းပြောပါတယ်။ မိန့်ခွန်းပြောအပြီးမှာတော့ ဧည့်ပရိသတ်က သမ္မတကြီး သူ့ရဲ့ စားပွဲကို ပြန်ရောက်တဲ့အထိ မတ်တပ်ရပ်ကာ လက်ခုတ်သြဘာပေးခဲ့ကြပါတယ်။  ဒီလက်ခုပ်သံတွေဟာ သမ္မတကြီးအတွက်သာမဟုတ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းမှာ ပါဝင်နေတဲ့ ဒီမိုကရေစီကို နှစ်သက်လိုလားစွာ အကောင်အထည်ဖော်နေတဲ့ မြန်မာပြည်သူများ အတွက်ဖြစ်တယ်လို့ ခံစားမိပါတယ်။ ကျနော့်ဘေးမှာ ထိုင်တဲ့ ဂျွန်ဟော့ကင်းတက္ကသိုလ်က ဆရာမကြီးက ပုခုံးကိုပုတ်ပြီး မြန်မာဟာ သူ့ နေရာကို သူပြန်ရပြီလို့ ပြောလိုက်တော့ မြန်မာနိုင်ငံသစ်အတွက် မျက်ရည်လည်အောင် ဂုဏ်ယူမိပါတယ်” ဟု ရေးသားထားသည်။

ဧရာဝတီ
သမ္မတဦးသိန်းစိန်၏ ဦးဆောင်မှုနှင့် လျှောက်လှမ်းနေသော မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်း သစ် အောင်မြင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက အားပေးထောက်ခံသွားမည်ဖြစ်ကြောင်းနှင့် မွတ်စလင်လူနည်းစုတို့အပေါ် လေးစားကူညီ စောင့်ရှောက်ရန် အမေရိကန်သမ္မတ အိုးဘားမား က ပြော ဆိုလိုက်သည်။

တရုတ်နိုင်ငံတွင် မိုးသက်မုန်တိုင်း ၀င်ရောက်တိုက်ခတ်ခဲ့

တရုတ်နိုင်ငံတောင်ပိုင်း Guangdong ပြည်နယ်မှာ မိုးသက်မုန်တိုင်း ၀င်ရောက် တိုက်ခတ် ခဲ့ပြီး ရေကြီး မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက်လူ ၃၄ဦးသေဆုံးခဲ့ပြီး ၁၁ဦး ပျောက်ဆုံးလျက်ရှိ တယ်လို့သိရပါတယ်။ Guangdong ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကနေ ကြာသပတေးနေ့အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဒေသတွင်းရှိ မြစ် ၂စင်း ဟာလည်း ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

လေယာဉ်ကိုအနီးကပ်မြင့်ရသည့် နယ်သာလန်က Sint Maarten ကမ်းခြေ

လေယာဉ်ကိုအနီးကပ်မြင့်ရသည့် နယ်သာလန်က Sint Maarten ကမ်းခြေ
Tuesday, May 21, 2013

လူဦးရေ ၄ သောင်းဝန်းကျင်ပဲ ရှိတဲ့ Sint Maarten ကျွန်းမြို့ ငယ်လေးက
the princess Juliana အမည်ရ နိုင်ငံတကာ လေဆိပ်တစ်ခု ဖြစ်ပါတယ်။ Photoshop နဲ့ ပြုပြင်ထားခြင်း မဟုတ်ပါဘူး။

နယ်သာလန်နိုင်ငံပိုင် ကာရေးဘီးယန်းပင်လယ်ဘက်အခြမ်း Sint Maarten ကမ်းခြေမြို့ မှာ ဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားများနဲ့ အမြဲ စည်ကားလျက် ရှိပြီး အထူးခြားဆုံး အရာ တစ်ခုကတော့ လေယာဉ်ပျံ အနီးကပ် ပျံသန်းခြင်း ဖြစ်ပါတယ်။ မြေပြင်နဲ့ အနီးကပ်ပျံသန်းတာပါ။ အကြောင်း ကတော့ လေယာဉ်ကွင်း အရှည်က မီတာ ၂၁၈၀ ပဲရှိပါတယ်။ Air Bus ကြီးတွေ ဆင်းသက်ဖို့အတွက် လုံလောက်တဲ့ မိုင်အရှည် မရှိပါဘူး။

ဒါကြောင့် ပင်လယ်ကမ်းခြေက စလို့ မြေပြင်နဲ့ အတက်နိုင်ဆုံး အနီးကပ်
မောင်းပြီး ဆင်းသက်ပါတယ်။ ဒါကြောင့် ကမ်းခြေမှာ လာရောက် အပန်းဖြေတဲ့ ခရီးသွားများ အနေနဲ့ လေယာဉ်အနီးကပ် ပျံသွား၊ တက်သွားတာကို မြင်တွေ့ရပါတယ်။ ယင်းအတွက်တောင် သီးသန့်စောင့် ကြည့်ကြပါတယ်။ အန္တရာယ်လည်း များလို့ ခပ်မြင့်မြင့် အဆောက်အအုံ
တွေလည်း ကမ်းခြေမှာ ဆောက်မထားပါဘူး။

လေယာဉ်ကြီးများ မြေပြင်နဲ့ အနီးကပ်ပျံသန်းတဲ့ Sint Maarten ကမ်းခြေဟာ လည်း ကမ္ဘာ့အလှဆုံး အပန်းဖြေကမ်းခြေများ စာရင်းမှာ ပါဝင်ကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar
လူဦးရေ ၄ သောင်းဝန်းကျင်ပဲ ရှိတဲ့ Sint Maarten ကျွန်းမြို့ ငယ်လေးက the princess Juliana အမည် ရ နိုင်ငံတကာ လေဆိပ်တစ်ခု ဖြစ်ပါတယ်။ Photoshop နဲ့ ပြုပြင်ထားခြင်း မဟုတ်ပါဘူး။

မြန်မာ – အိန္ဒိယ ကုန်သွယ်ရေး တိုးမြှင့်ရန် ပြင်ဆင်ပြီ

Photo: မြန်မာ – အိန္ဒိယ ကုန်သွယ်ရေး တိုးမြှင့်ရန် ပြင်ဆင်ပြီ
Monday, May 21, 2013

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်လုပ်ဆောင်နိုင်ရန် အတွက် နှစ်ဘက်အစိုးရ အဖွဲ့တို့၏ တွေ့ဆုံပွဲများ ကို စစ်ကိုင်းတိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းနှင့် မဏိပူရ်ပြည်နယ် အကြားရှိ တမူးမြို့အစပ်တွင် မိုးရေး-နန်းဖာလုံဟု ခေါ်ဆိုသော နယ်စပ်ကုန်သွယ်စခန်း တခုရှိပြီး မြန်မာဘက်မှ ကုန်စည်များအား အိန္ဒိယနိုင်ငံသို့ အဓိက သွင်းနေခြင်းဖြစ်သည်။

“၂၀၁၃ ခုနှစ် မြန်မာ-အိန္ဒိယ ဒေသဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုပွဲလို့ နာမည် ပေးထားတယ်။ ဒီလ ၂၈၊ ၂၉ လုပ်မယ်” ဟု စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။ ဆွေးနွေးမည့် အကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ် ပြောဆိုခဲ့ခြင်း မရှိပေ။

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အိုက်ဇောမြို့တွင် အခြေစိုက်သော ခေါနူမ်းထုန် အွန်လိုင်း သတင်းဌာန၏ သတင်း တရပ်တွင်မူ ယင်းပွဲသို့ မဏိပူရ်ပြည်နယ် ၀န်ကြီးချုပ် Okram Ibobi တက်ရောက်မည် ဖြစ်ကြောင်း၊ မဏိပူရ်ပြည်နယ် မြို့တော် အင်ဖားနှင့် မန္တလေးမြို့ကို ခရီးသည်တင်ယာဉ် ပြေးဆွဲရန်၊ အိန္ဒိယမှ မြန်မာနိုင်ငံသို့ လျှပ်စစ်မီး ပေးရန်နှင့် ခရီးသွား လုပ်ငန်းများ တိုးချဲ့ရန် ကိစ္စရပ်များ အဓိက ဆွေးနွေးသွားရန် ရှိကြောင်း ဖော်ပြထားသည်။

ဧပြီလ ၆ ရက်နေ့က စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့တို့ မဏိပူရ်ပြည်နယ် အင်ဖားမြို့သို့ သွားရောက်ခဲ့ပြီး နှစ်ဘက်အစိုးရအဖွဲ့တို့ တွေ့ဆုံခဲ့ကြောင်း၊ ယင်းတွေ့ဆုံပွဲတွင် မဏိပူရ် အစိုးရက စစ်ကိုင်းတိုင်း၊ တမူးမြို့အား ၂၄ နာရီ မီးပေးလိုကြောင်း၊ လိုအပ်သော ထရန်စဖော်မာများ နှင့် ဓာတ်ကြိုးများ အတွက် အများပိုင် ကုမ္ပဏီများကို ဖိတ်ခေါ်သွားရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

“အင်ဖားမှာ ၀န်ကြီးချုပ်နဲ့ တွေ့တုန်းက သူတို့ဘက်က မီးပေးမယ်၊ ဒီဘက်ကို ဘတ်စ်ကားတွေ ဆွဲခွင့်ကို တောင်းဆိုတယ်။ အကြမ်းဖျဉ်း သဘောတူညီချက် ရထားပါပြီ” ဟု တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သော တမူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရွှေက ပြောသည်။

နယ်စပ် ကုန်သွယ်ရေး စခန်းမှ ဒေသခံများ၏ ပြောကြားချက်များ အရမူ အင်ဖားနှင့် မန္တလေး ပြေးဆွဲရန် အင်းဖား-တမူး-ကလေးဝ-မုံရွာ-မန္တလေးသို့ ဆက်သွယ်ထားသော ကားလမ်းမကြီး ရှိကြောင်း၊ ကားများလည်း ပြေးဆွဲရန် အဆင်သင့် ရှိနေပြီး အင်ဖားမြို့မှ ထွက်လာသော ကားများသည် မိုးရေးတွင် ခဏရပ်နားကာ တမူးမြို့မှ မန္တလေးသို့ ဆက်လက်ပြေးဆွဲ ရမည် ဖြစ်ကြောင်း သိရသည်။

အိန္ဒိယ-မြန်မာ နယ်စပ် ကုန်သွယ်စခန်းအနီး၌ ကွတ်ကီ (ချင်း) လက်နက်ကိုင်အဖွဲ့၊ ကသည်းလက်နက်ကိုင် အဖွဲ့နှင့် ယင်း ကသည်းအဖွဲ့မှ ခွဲထွက်လာသော ကသည်းများလည်း ရှိပြီး မကြာခဏ တိုက်ပွဲများဖြစ်ပွားလေ့ရှိသည်။

လက်နက်ကိုင် အဖွဲ့ များပြားသည့် အလျောက် နှစ်ဘက်အစိုးရ၏ အားနည်းချက်များ ရှိနေပြီး နန်းဖာလုံဈေးတွင် မြန်မာဘက်၌ လာရောက်ခိုလှုံနေသော ကသည်း လက်နက်ကိုင် အဖွဲ့များ၏ ဆက်ကြေးတောင်း ခံရမှုများ ရှိနေကြောင်း၊ အိန္ဒိယမှ လာသော ကုန်သည်အကြီးစားများ ထံမှလည်း ငွေကြေး အများအပြား တောင်းယူခြင်း၊ ပြန်ပေးဆွဲခြင်းများ ပြုလုပ်သည့် အတွက် အရောင်းအ၀ယ်တွင် အခက်ခဲများ ကြုံတွေ့ရကြောင်း နန်းဖာလုံ ဈေးဆိုင်ပိုင်ရှင်များက ဆိုသည်။

“ကုန်သည်ကြီးတွေ မလာတာ ကြာတော့ ဈေးဆိုင်ပိုင်ရှင်တွေရော တနိုင်သမားတွေပါ အလုပ် မဖြစ်တာကြာပြီ။ သူပုန်နယ်မြေ ဆိုတော့ လုံခြုံရေးက စိတ်မချရဘူး” ဟု နန်းဖာလုံဈေးမှ ဆိုင်ခန်းပိုင်ရှင် တဦးဖြစ်သူ ချင်းအမျိုးသား ကိုပါခုပ်က ပြောသည်။

မဏိပူရ် ပြည်နယ်အတွင်း လုံခြုံရေး အားနည်းသော်လည်း ကျန်းမာရေး ကုသစရိတ် နည်းပါးပြီး ပညာရေးစနစ် ကောင်းမွန်ခြင်းကြောင့် မြန်မာနိုင်ငံမှ တဘက်နိုင်ငံသို့ သွားရောက်ပြီး ဆေးကုသသူများနှင့် ကျောင်းတက်သူများ များပြား ကြောင်း၊ အင်ဖားနှင့် တမူးမှာ မိုင် ၁၀၀ ခန့်သာ ဝေးပြီး ၃ နာရီခန့်သာ ကားစီးရကြောင်း သိရသည်။

“ကားလိုင်း ဆွဲမယ်ဆိုတာနဲ့ ပြည်သူတွေရဲ့ လုံခြုံရေး တာဝန်ကို မဏိပူရ်ဘက်က ယူပေးသင့်တယ်။ အခု မြန်မာဘက်ကပဲ လူတွေကို လုံခြုံရေး ပေးထားတယ်။ သူတို့ဘက်မှာက အင်ဖားနဲ့ မိုရေး ကြားမှာတင် တိုက်ပွဲလို ပြဿနာတွေဖြစ်နေတာ” ဟု တမူးမြို့နယ် ကြံ့ခိုင်ရေး ပါတီမှ တာဝန်ရှိသူ ဦးဝင်းဌေးက ပြောသည်။

၂၀၁၃ ဇန်န၀ါရီလ ၁၅ ရက်နေ့က မိုးရေးတွင် လက်နက်ကိုင်အဖွဲ့တခုက တခြားတဖွဲ့၏ အကြီးအကဲအိမ်ကို လက်ပစ်ဗုံး နှစ်လုံးဖြင့် ပစ်ခတ်ဖောက်ခွဲပြီး မြန်မာဘက်သို့ ထွက်ပြေးဝင်ရောက်လာကြောင်း၊ အဆိုပါ အဖြစ်အပျက်အတွက် မိုးရေး ဒေသခံများက မကျေမနပ်ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး စခန်းအား ခုံတန်းရှည်များဖြင့် ပိတ်ဆို့ကာ သုံးရက်ကြာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း၊ ထို့ကြောင့် ကုန်စည် ရောင်းဝယ်မှုများ ပြတ်တောက် သွားခဲ့ရကြောင်း သိရသည်။

ထို့အပြင် ကသည်း လက်နက်ကိုင်များက မြန်မာပြည်ဘက်ရှိ နေအိမ်များကို ဖိအားပေး၍ ငှားရမ်းနေထိုင်နေကြပြီး ၎င်းတို့ လက်နက်ကိုင် အဖွဲ့ အချင်းချင်း ပစ်ခတ်မှုများကြောင့် ကသည်းများ သေဆုံးခဲ့ပါက မြန်မာအစိုးရက အိမ်ရှင်ကို တရားစွဲဆို ထောင်ချမှုများ ရှိနေသည်။

ဧရာဝတီ
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်လုပ်ဆောင်နိုင်ရန် အတွက် နှစ်ဘက်အစိုးရ အဖွဲ့တို့ ၏ တွေ့ ဆုံပွဲများ ကို စစ်ကိုင်းတိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့အပြောင်းအလဲ အိုဘားမားကြိုဆို၊ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့ သတိပေး

Photo: မြန်မာ့အပြောင်းအလဲ အိုဘားမားကြိုဆို၊ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့ သတိပေး

အမေရိကန် သမ္မတ အိုဘားမားဟာ မြန်မာသမ္မတ ဦးသိန်းစိန်ကို ဝါရှင်တန်ဒီစီ သမ္မတ အိမ်ဖြူတော်မှာ တနင်္လာနေ့ မွန်းလွဲပိုင်းက ကြိုဆိုတွေ့ဆုံခဲ့ပါတယ်။

သမ္မတနှစ်ဦး တွေ့ဆုံဆွေးနွေးခဲ့ကြအပြီး သတင်းထောက်တွေကို ပြောကြားခဲ့ကြရာမှာ သမ္မတ အိုဘားမားက ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်မှုတွေကို ချီးကျူးလိုက်ပြီး၊ တချိန်တည်းမှာ မြန်မာနိုင်ငံတွင်းက ဘာသာရေးပဋိပက္ခတွေအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအပေါ် ဆက်ဆံရေးပြောင်းလဲလာရတာက သမ္မတ ဦးသိန်းစိန်ရဲ့ ခေါင်းဆောင်မှုနဲ့ နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲမှုတွေကြောင့်ဖြစ်ပါတယ်၊ သမ္မတဦးသိန်းစိန် ပြောခဲ့သလိုပဲ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းဟာ ခရီးရှည်ကြီးဖြစ်ပါတယ်၊  နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်၊ လက်နက်ကိုင် လူမျိုးစုတွေနဲ့လည်း အပစ်အခတ်ရပ်စဲရေးသာမက၊ နိုင်ငံရေးမှာ ပါဝင်ပူးပေါင်းနိုင်အောင် ဆောင်ရွက်မယ်လို့လည်း ပြောခဲ့ပါတယ်။

ဒါ့ပြင်မွတ်စလင်တွအပေါ် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့အခါ အိုးအိမ်မဲ့ဖြစ်ပြီး၊ နေရာရွှေ့ပြောင်းရသူတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီဆက်ဆံပြီး အကူအညီတွေပေးရေးကိစ္စ သဘောတူခဲ့ကြပါတယ်၊ နိုင်ငံတကာကလည်း ကူညီမှာဖြစ်ပါတယ်၊ ဒါ့ပြင် အမေရိကန်ပြည်ထောင်စုရဲ့ အကူအညီတွေ ဥပမာ UDAID ရဲ့ မြန်မာ့လယ်ယာစိုက်ပျိုးရေးလုပ်ငန်း အကူအညီ၊ ရန်ကုန်-မန္တလေး အမြန်လမ်းပြုပြင်ရေးစတဲ့ကိစ္စတွေလည် ဆွေးနွေးခဲ့ကြပါတယ်လို့ ပြောကြားခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်က ပြောကြားရာမှာ

"အမေရိကန်ပြည်ထောင်စုဟာ ၁၉၄၇ ခုနှစ် ကျွန်တော်တို့ လွတ်လပ်ရေးမရခင်ကာလတည်းက သံတမန်ဆက်သွယ်မှုရှိခဲ့ပါတယ်၊ ဟိုတုန်းကလည်း အကြီးအကဲတွေ လာရောက်လည်ပတ်မှုတွေ ရှိခဲ့ပါတယ်၊ အမှန်က သမိုင်းကြောင်းအရ ရင်းနှီးပြီးသားနိုင်ငံတွေဖြစ်ပါတယ်၊ သို့သော်လည်းပဲ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့ နှစ်နိုင်ငံဆက်ဆံရေးဟာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်၊ ကျွန်တော်ဆိုရင် နှစ်ပေါင်းများစွာအတွင်းမှာ မြန်မာနိုင်ငံရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ အခုလိုအမေရိကန်ကို ပထမဆုံးအကြိမ် လာရောက်ခွင့်ရတာဖြစ်ပါတယ်၊ ဒါကလည်း သမ္မတကြီး ဖိတ်ကြားပေးတဲ့အတွက်ကြောင့် အခုလိုလာရောက်ခွင့်ရတာဖြစ်ပါတယ်"

ဆက်လက်ပြီး ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ရပ်တန့်အောင် ဆောင်ရွက်မှာဖြစ်သလို၊ လှုံ့ဆော်သူတွေအားလုံးကိုလည်း တရားဥပဒေနဲ့အညီ အရေးယူမှာဖြစ်ကြောင်း၊ ခွဲခြားဆက်ဆံမှုမရှိရအောင်လည်း ကြိုးပမ်းသွားမှာဖြစ်ကြောင်း၊ အသွင်ကူးပြောင်းမှုတွေ အောင်မြင်အောင်၊ ဒီမိုကရေစီအမြစ်စွဲအောင်၊ အထီးကျန်ဘဝကို အတိတ်မှာထားရစ်ခဲ့နိုင်အောင်၊ တခြားအာရှနိုင်ငံတွေကို အမီလိုက်နိုင်အောင်၊ အကြမ်းဖက်မှုနဲ့ တိုက်ပွဲတွေရပ်ဆိုင်းအောင် ပြည်သူအားလုံးက ဘယ်လောက်ထိ ဆန္ဒပြင်းပြနေကြတယ်ဆိုတာ သိရှိပါကြောင်း၊ မြန်မာနိုင်ငံဟာ ကုန်သွယ်ရေးနဲ့ ပညာရေးအဆင့်မြှင့်ဖို့အတွက် အမေရိကန် ပြည်ထောင်စုအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အစွမ်းကုန်ကူညီမှုတွေကို လိုအပ်နေပါကြောင်း ပြောကြားခဲ့ပါတယ်။

သမ္မတ အိုဘားမားဟာ သတင်းစာရှင်းလင်းပွဲမှာ မြန်မာဆိုတဲ့အမည်ကို တစ်လျှောက်လုံး သုံးနှုန်းခဲ့ပါတယ်၊ ယဉ်ကျေးမှုသဘောနဲ့ သုံးနှုန်းတာဖြစ်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရသူ ဂျေးကာနေးက ဆိုပါတယ်၊ ဂျေးကာနေးကတော့ Burma ရော Myanmar ပါ အမည်နှစ်မျိုးလုံး သုံးစွဲသွားခဲ့ပါတယ်။
အမေရိကန် သမ္မတ အိုဘားမားဟာ မြန်မာသမ္မတ ဦးသိန်းစိန်ကို ဝါရှင်တန်ဒီစီ သမ္မတ အိမ်ဖြူတော်မှာ တနင်္လာနေ့ မွန်းလွဲပိုင်းက ကြိုဆိုတွေ့ဆုံခဲ့ပါတယ်။

အင်္ဂါဂြိုဟ်သွား တိရစ္ဆာန်များ သေဆုံး

အင်္ဂါဂြိုဟ်ခရီးစဉ်အတွက် စမ်းသပ်သည့် အနေဖြင့် အာကာသတွင် ပို့ထားခဲ့သည့် တိရစ္ဆာန် များကို မြေပြင် သို့ ပြန်ခေါ်ခဲ့ရာ အားလုံးနီးပါး သေဆုံးကုန်ကြကြောင်း ရုရှား အာကာသ လေ့လာရေး အဖွဲ့ ပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ရုရှားရုပ်သံအစီအစဉ်က Bion-M ဟုအမည်ပေးထားသည့် အာကာသ မှ ပြန်လာသော ဒုံးပျံထိပ်ဖူးကို ပြသပြီး၊ ထိုထိပ်ဖူးထဲတွင် မြေပြင်မှ ထည့်ပေးလိုက်သည့် ကြွက် ၄၅ ကောင်၊ ပုတ်သင် ၁၅ ကောင်၊ ခရု၊ အိမ်မြှောင်၊ အပင်များ၊ ပူးများ ပါဝင်ခဲ့သည်။ ယင်းတိရစ္ဆာန်များကို

အိုကလာ ဟိုးမား မြို့မှာ လေဆင်နှာမောင်း ဝင်မွှေ

Photo: အိုကလာ ဟိုးမား မြို့မှာ လေဆင်နှာမောင်း ဝင်မွှေ
Tuesday, May 21, 2013

အမေရိကန် ပြည်ထောင်စု အိုကလာ ဟိုးမား မြို့မှာ အင်အား ပြင်းထန်တဲ့ လေဆင်နှာမောင်း တိုက်ခတ် သွားခဲ့ပါတယ်။

ရုပ်မြင်သံကြားမှာ မြင်တွေ့ရတဲ့ ပုံတွေ အရ အိမ်နဲ့ အဆောက်အဦပျက်တွေ လမ်းတွေပေါ်မှာ ပုံနေပြီး ကျောင်းနှစ် ကျောင်းနဲ့ ဘိုးလင်း ကစားရုံ တခု ပြားပြား ဝပ်သွားခဲ့သလို ကားတွေ ထရပ်ကားတွေဟာ လေနဲ့ အတူ သိမ်းကျုံး ပါသွားကာ ပျက်စီး သွားတာကို တွေ့ရပါတယ်။

ဒါ့အပြင် မီးလောင်မှု တခုလည်း ဖြစ်ပွားခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေကတော့ အပျက်အဆီး ပုံတွေကြား ပိတ်မိနေတဲ့ လူတွေကို ကယ်ထုတ်ဖို့ ကြိုးစား နေပါတယ်။

အမေရိကန် မိုးလေဝသ ဌာနက လေဆင်နှာမောင်း ဝင်မယ်လို့ ကြိုတင် သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် ဒေသခံ လူအများအပြားဟာ ယာယီ ကယ်ဆယ်ရေး စခန်းတွေမှာ သွားရောက် ခိုလှုံ နေကြလိမ့်မယ်လို့ ယူဆရပါတယ်။

အဲဒီဒေသမှာ နောက်ထပ် လေဆင်နှာမောင်း ထပ်ပြီး တိုက်မယ့် အလားအလာ ရှိတယ်လို့လည်း သတင်းတွေရရှိပါတယ်။
BBC
အမေရိကန် ပြည်ထောင်စု အိုကလာဟိုးမားမြို့မှာ အင်အား ပြင်းထန်တဲ့ လေဆင်နှာမောင်း တိုက်ခတ် သွားခဲ့ပါတယ်။

ကျောင်းအပ်ချိန် အလှူငွေကောက်ခံပါက ရာထူးမှ ထုတ်ပယ်မည်

Photo: ကျောင်းအပ်ချိန် အလှူငွေကောက်ခံပါက ရာထူးမှ ထုတ်ပယ်မည်

အစိုးရသစ်လက်ထက် လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးစီမံချက်များ ကြောင့် ယခုပညာသင်နှစ် ကျောင်းအပ်ချိန်တွင် သက်ဆိုင်ရာကျောင်းအုပ်က ကျောင်းသားမိဘများ ထံမှ အကြောင်းအမျိုးမျိုးဖြင့် အလှူငွေ ကောက်ခံသည်ကို စစ်ဆေးတွေ့ရှိလျှင် ရာထူးမှ ထုတ်ပယ်သည် အထိ အရေးယူ အပြစ်ပေးသွားမည်ဖြစ် ကြောင်း တိုင်းပညာရေးမှူး တစ်ဦးက The Voice သို့ပြောကြားသည်။

"ဒီ ၂ နှစ်အတွင်းကို ပိုတင်းကျပ်လာတာ။ ဘာကြောင့်ပဲယူယူ စစ်ဆေးလို့ ကောက်ခံထားတာ တွေ့တာနဲ့ ရာထူးက တစ်ခါတည်း အနားပေးလိုက်တယ်" ဟု ၄င်းက ထပ်လောင်းပြောကြားသည်။

ယခင်အစိုးရလက်ထက်က ကျောင်းအပ်ချိန် အလှူငွေကောက်ခံကြောင်း တိုင်ကြားစာရရှိလျှင် ပညာရေးဝန်ကြီးဌာနမှ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ အဖွဲ့က စစ်ဆေးပြီးတွေ့ရှိပါက အပြစ်အနည်းအများအလိုက် ပြောင်းရွှေ့ပြစ်ဒဏ် သာချမှတ်ခဲ့ဖူးကြောင်း အဆိုပါ ပညာရေးမှူးက ပြောဆိုသည်။

"အခုက တအား ဖိအားပေးခံနေရတယ်။ ကျောင်းဆောင်တွေကတော့ ပေးတဲ့ အသုံးစရိတ်လောက်နဲ့ ရသလောက်ပဲ ပြုပြင်သွားမှာပဲ" ဟု ရန်ကုန်မြို့တော်ရှိ ကျောင်းအုပ်ဆရာ တစ်ဦးက The Voice သို့ ပြောဆိုသည်။

နှစ်စဉ် ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်ချိန် အလှူငွေကောက်ခံခြင်း၊ ကျောင်းပိုင်ပစ္စည်းများ ရောင်းချခြင်းတို့ကို တားမြစ် ထားသော်လည်း အချို့အခြေခံ ပညာကျောင်းများတွင် အလှူငွေ ကောက်ခံမှုများ ရှိနေသေးကြောင်း ကျောင်းသား မိဘများထံမှ သိရသည်။

လက်ရှိ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံရေးနေ့ များကို မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ကျင်းပသွားမည် ဖြစ်ပြီး ဇွန်လ ၃ ရက် နေ့တွင် တစ်နိုင်ငံလုံး အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည်။

The Voice Weekly News
အစိုးရသစ်လက်ထက် လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးစီမံချက်များ ကြောင့် ယခုပညာ သင်နှစ် ကျောင်းအပ်ချိန်တွင် သက်ဆိုင်ရာကျောင်းအုပ်က ကျောင်းသားမိဘများထံမှ အကြောင်း အမျိုးမျိုးဖြင့် အလှူငွေ ကောက်ခံသည်ကို စစ်ဆေးတွေ့ရှိလျှင် ရာထူးမှ ထုတ်ပယ်သည် အထိ အရေးယူ အပြစ်ပေးသွားမည်ဖြစ် ကြောင်း တိုင်းပညာရေးမှူး တစ်ဦးက The Voice သို့ပြောကြားသည်။

ဖုန်းဆင်းကဒ်အတွက် စီတန်းသည့်နေရာ ရောင်းချမှုများရှိလာ

မန္တလေးတိုင်းဒေသကြီးအတွင်း ဒုတိယအကြိမ်ချထားပေးသည့် ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း မိုဘိုင်း ဖုန်းဆင်း ကဒ်များအတွက် တန်းစီစောင့်ဆိုင်းရသည့် နေရာအား ကျပ် (၅၀၀၀) ဖြင့် ရောင်းချမှုများ ရှိလာကြောင်း စုံစမ်းသိရှိရသည်။
 

ရန်ကုန်တိုင်း ကြည့်မြင့်တိုင် မြို့နယ် အမှိုက်ပုံး အတွင်းမှ လက်နက်၊ ခဲယမ်းများ တွေ့ရှိ



Photo: ရန်ကုန်တိုင်း ကြည့်မြင့်တိုင် မြို့နယ် အမှိုက်ပုံး အတွင်းမှ လက်နက်၊ ခဲယမ်းများ တွေ့ရှိ
Tuesday, May 21, 2013

၂၀၁၃ခုနှစ်၊ မေလ ၂၀ရက် ညနေ (၄)နာရီ(၁၀)မိနစ် အချိန် ခန့်တွင် ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ဈေးကြီး အရှေ့ရပ်ကွက် ဗိုလ်သူရလမ်းနှင့် ပိတောက်ပင် လမ်းတွင် သန့်ရှင်းရေး ဆောင် ရွက်နေသော မြို့နယ် စည်ပင် သာယာ ရေး ကော်မတီမှ မသင်းမြတ်စိုး (၃၂)နှစ် (ဘ) ဦးစိန်မြင့်ဦးသည် အမှိုက်ပုံးအတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထားသော အမ်-၁၆ ကျည်ဆံ (၅၆)တောင့် (အသုံးပြုရ)၊ ၎င်းကျည်ကဒ် (၁)ကဒ် (အသုံးပြုရ)၊ ကာဘိုင်ကျည်ဆံ (၁၁)တောင့် (အသုံးပြုရ)၊ ၉မမ ကျည်ဆံ (၂၂)တောင့် (အသုံးပြုရ)၊ ပွိုင့် -၃၈ကျည် (၁၃)တောင့်တို့နှင့် ကိုယ်ထည် အမှတ် C- 117374 စပိန်နိုင်ငံ ထုတ် အဖုံးတွင် Star Trade Mark စာတမ်းပါ စတီး ပစ္စတို (၁)လက် (အသုံးပြုရ)နှင့် ပစ္စတို ထည့်အိတ် အနက်ရောင် (၁)လုံးတို့အား တွေ့ရှိခဲ့ရသဖြင့် သက်ဆိုင်ရာသို့ အကြောင်း ကြားခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန် ရှိသူများမှ သွားရောက် သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိပါသည်။
မြ၀တီ
၂၀၁၃ခုနှစ်၊ မေလ ၂၀ရက် ညနေ (၄)နာရီ(၁၀)မိနစ် အချိန် ခန့်တွင် ရန်ကုန်တိုင်း ကြည့်မြင်တိုင် မြို့နယ် ဈေးကြီးအရှေ့ရပ်ကွက် ဗိုလ်သူရလမ်းနှင့် ပိတောက်ပင်လမ်းတွင် သန့်ရှင်းရေး ဆောင် ရွက်နေသောမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ မသင်းမြတ်စိုး (၃၂)နှစ် (ဘ) ဦးစိန်မြင့်ဦးသည် အမှိုက်ပုံး အတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထားသော အမ်-၁၆ ကျည်ဆံ (၅၆)တောင့် (အသုံးပြုရ)၊ ၎င်း

တ ရုတ် သံ အမတ်ကြီး မဒေး ကျွန်း ကို လာေ ရာက်လေ့ လာ

Photo: တရုတ်သံအမတ်ကြီး မဒေးကျွန်းကို လာရောက်လေ့လာ

မေလ ၂၁ ရက် ၂၀၁၃ 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Li Junhua ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းကို မနေ့က နေ့လည်ပိုင်းမှာ လာရောက်လေ့လာပြီး ဒေသခံတွေ နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

သံအမတ်ကြီးနဲ့အတူ အဖွဲ့ဝင် ၂၀ ခန့် လိုက်ပါလာပြီး မဒေးကျွန်းမှာရှိတဲ့ တရုတ်နိုင်ငံပိုင် CNPC ရုံးကနေတစ်ဆင့် ပြိန်ရွာ မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းမှာ ဒေသခံ ၅၀ လောက်နဲ့ တွေ့ဆုံခဲ့တာဖြစ်တယ်လို့ မဒေးကျွန်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ကျနော်တို့ မဒေးကျွန်းကို သူကစိတ်ဝင်စားတယ်၊ မဒေးကျွန်းက ရေမြေရေခံကောင်းတယ်တဲ့၊ သူတို့ မဒေးကျွန်းကအရမ်းကို တိုးတက်လာမယ်ပေါ့၊  နောက်မှာ မဒေးကျွန်းဟာ တော်တော်လေး အဆင်ပြေလာမယ်ပေါ့ပြောတယ်၊ ကျနော်တို့ ကမေးတယ်၊ မဒေးကျွန်းကို လာရင်းကိစ္စ ဘာကိစ္စလဲမေးတယ်၊ သူကဒီဟာမဖြေဘူးဗျ၊ မဒေးကျွန်းကို ရောက်ဖူးချင်လို့လာတာ ဒီလိုပုံစံမျိုးပြောတယ် "

သံအမတ်ကြီးရဲ့ အခုခရီးစဉ်ဟာ ပြီးခဲ့တဲ့လက မဒေးကျွန်းပေါ်မှာ ဖြစ်ပွားခဲ့တဲ့ CNPC ရုံးရှေ့ ဆန္ဒပြတောင်းဆိုမှုတွေအပြီး ပထမဆုံးအကြိမ် လာရောက်လည်ပတ်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်း ဒေသခံတွေအနေနဲ့ မဒေးကျွန်းပေါ်မှာ တည်ဆောက်နေတဲ့ တရုတ်ရေနံပိုက်လိုင်း စီမံကိန်း ကြောင့် ထိခိုက်နစ်နာမှုတွေအတွက် ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က CNPC ရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပြီး အခု လက်ရှိမှာ တောင်းဆိုချက်ထဲမှာပါဝင်တဲ့ ကျေးရွာချင်းဆက် မြေသားလမ်းတွေကို အစိုးရက စတင်ဖောက်လုပ်ပေးနေပြီ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Li Junhua ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းကို မနေ့က နေ့လည်ပိုင်းမှာ လာရောက်လေ့လာပြီး ဒေသခံတွေ နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဇနီးနှင့် ကလေးမွေးဖွားနုန်းကို ကန့်သတ် ထားသော မောင်တော ခရိုင်တွင် Blacklist စာရင်း ၀င် ကလေး အရေ အတွက် ၆၀၀၀၀ ရှိ

Photo: ဇနီးနှင့် ကလေးမွေးဖွားနုန်းကို ကန့်သတ်ထားသော မောင်တောခရိုင်တွင် Blacklist စာရင်းဝင် ကလေး အရေအတွက် ၆၀၀၀၀ ရှိ

မေလ ၂၁ ရက် ၂၀၁၃ 

အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားနုန်းကို ဒေသန္တရ အမိန့်ထုတ်ပြန်ကာ ကန့်သတ်ထားသော မောင်တောခရိုင်တွင် တရားမ၀င် Blacklist စာရင်းသွင်းခံရသူ ဘင်္ဂလီ ကလေးငယ် (၆) သောင်း ရှိကြောင်း သိရသည်။

Maungdaw watch towerဘူးသီးတောင်နှင့် မောင်တောမြို့နယ် (၂) ခုဖြင့် ဖွဲ့စည်းထားသော မောင်တောခရိုင်တွင် ဘင်္ဂါလီများ အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားနုန်းကို ဒေသန္တရ အမိန့်ထုတ်ပြန်ကာ ကန့်သတ်ထားမူကို ယခင် စစ်အစိုးရ လက်ထက်ကပင် ကျင့်သုံးခဲ့သည်။

သို့သော်လည်း ထုတ်ပြန်ထားသော ဒေသန္တရ အမိန့်များကို အုပ်ချုပ်သူ တာဝန်ရှိသူများက ဥပဒေနှင့် အညီ  လိုက်နာ ဆောင်ရွက်ခြင်း မရှိဘဲ ကိုယ်ကျိုး အတွက် အသုံးချခဲ့ကြသဖြင့်  ယခုကဲ့သို့ တရားမ၀င် Blacklist စာရင်းသွင်းခံရသူ ကလေးငယ် အရေအတွက် တိုးပွားလာခြင်း ဖြစ်သည်ဟု သိရသည်။

Blacklist စာရင်းသွင်းခံရသော ကလေးငယ်များမှာ သက်ဆိုင်ရာမှ ခွင့်ပြုချက်မရှိဘဲ အိမ်ထောင်ပြုသော မိဖ နှစ်ပါးမှ မွေးဖွားလာသူများ ဖြစ်ကြသည်။ တချို့ ကလေးများမှာ သက်ဆိုင်ရာ၏ တစ်စုံတစ်ရာ မှတ်တမ်းမှတ်ရာများ မရှိဘဲ မွေးဖွားသော ကလေးငယ်များ ဖြစ်နေကြသည်ဟု ဆိုသည်။

ထိုသို့ တရားမ၀င် မွေးဖွားလာသော ကလေးငယ် ၆၀၀၀၀ ရှိကြောင်းကို ရခိုင်စုံစမ်းရေး ကော်မရှင်၏ ရခိုင်အစီရင်ခံစာ စာမျက်နာ ၁၁၂ တွင်လည်း  ဖေါ်ပြထားသည်။

“ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများ အနေဖြင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိ၏ ခွင့်ပြုချက် မရရှိဘဲ အိမ်ထောင်ပြုခွင့် မရှိပါ။ ဤစည်းမျဉ်းသည် ဘင်္ဂါလီများထံမှ လာဘ်ယူရန် အခွင့်အရေး ဖန်တီးပေးနေသကဲ့သို့ ဖြစ်နေပြီး လက်တွေ့တွင် အကျိုးသက်ရောက်မူ မရှိသည်ကို တွေ့ရှိရကြောင်း”  အစီရင်ခံစာတွင် ဖေါ်ပြသည်။

ယခုကဲ့သို့ တရားမ၀င် Blacklist ကလေး ၆၀၀၀၀ ထိ ရှိခြင်းမှာ  မောင်တောခရိုင်အတွင်းရှိ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိများသည် ချမှတ်ထားသော ဥပဒေကို လိုက်နာခြင်း မရှိဘဲ အဆိုပါ ဒေသန္တရ အုပ်ချုပ်ရေး အမိန့်အာဏာများကို မိမိကိုယ်ကျိုး အတွက် အသုံးချရာမှ ဖြစ်ပေါ်လာသော အကျိုးဆက် ဖြစ်ကြောင်း မောင်တောမြို့မှ အမည်မဖေါ်လိုသူ ကျောင်းအုပ် ဆရာကြီး တစ်ဦးက အတည်ပြု ပြောကြားသည်။

မောင်တောခရိုင်တွင် ဘင်္ဂါလီများအား အိမ်ထောင်ပြုရာတွင် အမျိုးသား အသက် (၂၀) နှင့် အမျိုးသမီးမှာ အသက် (၁၈) နှစ်ပြည့်ရမည်ဟု  ဒေသန္တရ အမိန့်ထုတ်ထားသော်လည်း အသက်မပြည့်ဘဲ ယူလိုပါက ဒေသဆိုင်ရာ အာဏာပိုင်များကို လက်ထပ်ခွင့် တစ်စောင် ကျပ်နှစ်သောင်း ကနေ ကျပ် သိန်းချီထိ  ပေးကြရသည်ဟု ဆိုသည်။

၎င်းပြင် တစ်လင် တစ်မယား စနစ်ကို ကျင့်သုံးရမည်ဟု ဥပဒေ ထုတ်ထားသော်လည်း တစ်ဦးထက် ပိုယူပါကလည်း အုပ်ချုပ်ရေး အရာရှိများကို သိန်းဂဏန်းရှိသောငွေဖြင့် လာဘ်ထိုး ဖြေရှင်းနိုင်ကြသည်ဟု ပြောသည်။

၎င်းပြင် သားသမီးကို နှစ်ဦးထက် ပိုမယူရဟု ဒေသန္တရ  ဥပဒေ ထုတ်ထားသော်လည်း ပို၍ ယူသူများ အနေဖြင့် ပိုက်ဆံပေးပြီး အိမ်ထောင်စု စာရင်းတွင် သွင်းနိုင်ကြောင်း သိရသည်။

တဖက်နိုင်ငံသို့ ထွက်ပြေးသွား၍ အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ထားသူ  (အစိုးရ အခေါ် ဘီဒီပြေး) များအားလည်း မြန်မာသို့ ပြန်လာပြီး အိမ်ထောင်စု စာရင်းတွင် သွင်းပေးရန် တစ်ဦးကို ကျပ် သုံးသိန်းမှ ငါးသိန်းအထိ ယူကြောင်း သိရသည်။

၎င်းပြင် အမြဲတမ်းရှောင်တခင် စစ်ဆေးမှု ပြုလုပ်သော  ဆွဲ/တင်/စစ် ပြုလုပ်ရာတွင်လည်း ပတ်စ်ပို့ ဆိုက်အရွယ် ဓါတ်ပုံ တစ်ပုံကို ကျပ် ၃၀၀၀ မှ ၇၀၀၀ ထိ သက်ဆိုင်ရာမှ တောင်းယူသည်ဟု ဆိုသည်။ ဆွဲတင်စစ်ဆိုသည်မှာ  လူဦးရေစစ်မည့် ရွာကို မြေပုံဆွဲခြင်း၊  ရွာမှာရှိတဲ့ အိမ်ထောင်စုတွေကို ဓါတ်ပုံရိုက်ခြင်း၊  လူဦးရေကို မှတ်တမ်းတင်ခြင်းကို ဆိုခြင်း ဖြစ်သည်။

ထိုသို့ ဒေသန္တရ ဥပဒေများကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အရာရှိများမှ ကိုယ်ကျိုး အတွက် လာဘ်ငွေ ယူပြီး ဆောင်ရွက်ခြင်းများကြောင်း မောင်တောခရိုင်တွင် လူဦးရေမှာ ကြောက်ခမန်းလိလိ တိုးပွားလာသည်ဟု သိရသည်။

မောင်တောခရိုင်ရှိ ဘင်္ဂါလီ အိမ်ထောင်စုများတွင် အိမ်ထောင်စုတစ်စုလျှင် လူဦးရေ ၃၀ ကျော်ရှိနေပြီး အချို့ အိမ်ထောင်စုများတွင် လူဦးရေ ၇၀ ကျော်ပင် ရှိနေကြောင်းလည်း တွေ့ရှိခဲ့ရသည်ဟု လ၀က အရာရှိ တစ်ဦးကို ကိုးကားပြီး  Hot News Weekly တွင် မေလ ၁၇ ရက်နေ့က ဖေါ်ပြသည်။

ယခု လက်ရှိ အစိုးရကလည်း မောင်တောခရိုင် အတွင်း ဒေသန္တရ အုပ်ချုပ်ရေးကို ဆက်လက် ကျင့်သုံးမည် ဖြစ်ကြောင်း မောင်းတောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစောနိုင်မှ သတင်း မီဒီယာများသို့ တရားဝင် ပြောကြားထားသည်။

ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ် (၂) ခုဖြင့် ဖွဲ့စည်းထားသော မောင်တောခရိုင်တွင် အုပ်ချုပ်ရေး အရာရှိများမှ ဆက်လက်ပြီး ဒေသန္တရ အမိန့်အာဏာကိုများကို ကိုယ်ကျိုးအတွက် လာဘ်လာဘ ယူပြီး လုပ်ဆောင်နေကြလျှင် အခြေအနေမှာ ယခု လက်ရှိထက် ဆိုးရွားကာ လုံးဝ ထိန်းမနိုင် သိမ်းမရသော အခြေအနေသို့ ရောက်ရှိသွားနိုင်ကြောင်း ဒေသခံများက ပြောဆိုလျှက် ရှိသည်။

Narinjara
အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားနုန်းကို ဒေသန္တရအမိန့်ထုတ်ပြန်ကာ ကန့်သတ် ထားသော မောင်တော ခရိုင်တွင် တရားမ၀င် Blacklist စာရင်းသွင်း ခံရသူ ဘင်္ဂလီ ကလေးငယ် (၆) သောင်း ရှိကြောင်း သိရသည်။

စစ်ပြင် ဆင် မှု ကြား ထဲ က KIA နှင့် အစိုး ရ ဆွေးနွေး ပွဲ

Photo: စစ်ပြင်ဆင်မှု ကြားထဲက KIA နှင့် အစိုးရ ဆွေးနွေးပွဲ

မေလ ၂၁ ရက် ၂၀၁၃ 

အစိုးရ တပ်ဖွဲ့များသည် ကချင် လွတ်လပ်ရေး KIO/KIA အဖွဲ့အပေါ်  တင်းကြပ်သော လုံခြုံရေးများနှင့် တပ်ဖွဲ့များ တိုးချဲ့ ချထား လာနေသဖြင့် သဘော တူထားသည့် တွေ့ဆုံဆွေးနွေးပွဲကို ထိခိုက် သွားဖွယ်ရာ ရှိနေကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တဦးက ဆိုပါသည်။ 

“တွေ့ဆုံပွဲက မေလ ၂၅ ရက်နေ့လဲ ပြောတယ်။ ၂၈ ရက်နေ့လဲ ပြောနေကြတယ်။ ကျနော့် အမြင်က ဖြစ်လာနိုင်ချေ နည်းလာနေတယ်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က အစိုးရ ကားတန်းတွေ မန္တလေး ကနေ ကသာ- ဗန်မော် နဲ့ မြစ်ကြီးနား ဘက်ကို တက်လာနေတာ တွေ့နေရတယ်။ ဒါတောင် မကဘူး မြစ်ကြီးနား မြို့မှာလဲ ခါတိုင်းထက် လုံခြုံရေး တင်းကြပ် ထားတယ် ဆိုတော့ KIA ကို ဖိအားပေး သလို ဖြစ်နေမလားပေါ့” ဟု ဆိုပါသည်။

အဆိုပါ စစ်ကားတန်းသည် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှ မန္တလေးမြို့သို့ သံချပ်ကာ အပါဝင် စစ်ကား အစီးပေါင်း များစွာ တက်လာ ခဲ့သည်ကို တွေ့ခဲ့ရကြောင်း၊ ထိုစစ်ကားများသည် မန္တလေးမှ တဆင့် မြစ်ကြီးနား မြို့သို့ လည်းကောင်း၊ မန္တလေးမှ ဗန်မော်မြို့သို့ လည်းကောင်း ပို့ဆောင် ထားသည်ဟု ဆိုပါသည်။

သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်ကမူ ထိုစစ်ကား တန်းများသည် ပုံမှန် တပ်များ လဲလှယ်ရေး အတွက်သာ ချီတက် သွားနေခြင်း ဖြစ်ကြောင်း ပြီးခဲ့သည့် အပတ်တွင် မီဒီယာများအား ထုတ်ဖော် ပြောကြား ခဲ့ပါသည်။ လေ့လာ စောင့်ကြည့် သူများကမူ သံချပ်ကာ ကားသည် ပုံမှန် တပ်ပြောင်းလဲရန် အတွက် မဖြစ်နိုင်ကြောင်း ဆိုပါသည်။  

“ သူတို့က တပ်ဖလှယ်တယ်ဘဲ ပြောတယ်။ အခု ချီတက်နေတဲ့ သံချပ်ကာ ကားတွေကို မိုးကောင်းဖက် ပို့ထားပြီး ဖားကန့်ဖက်က KIA တွေကို တိုက်ဖို့ ပြင်ဆင် ထားသလိုမျိုး ဖြစ်နေတယ်။  အဲဒီလိုပါဘဲ လိုင်ဇာ ဘက်ကို ဦးတည် တက်သွားနေတဲ့ သံချပ်ကာ ကားတွေလည်း ရှိပါတယ်။ ဆိုတော့ ဒါတွေကို ကြည့်ခြင်း အားဖြင့် လိုင်ဇာကို အပြီး သိမ်းဖို့လား ဆိုတဲ့ အနေအထားမှာ ရှိနေပါတယ် ” ဟု မျက်မြင် တစ်ဦးက ဆိုပါသည်။

ထို့အပြင် လိုင်ဇာ အနီး ပတ်ဝန်းကျင်၌ ရှိသော အစိုးရ တပ်စခန်းများ တွင်လည်း ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့ ကတည်းက တပ်အင်အားများ ဖြည့်တင်းထား သည်ဟု KIO/KIA အရှိများက ဆိုပါသည်။

ဤကဲ့သို့ KIA နယ်မြေ ထဲတွင် အကြီးစား စစ်ရေး ပြင်ဆင်မှု ပြုလုပ်ပြီး ကာမှ လာမည့် မေလ ၂၈ ရက်နေ့တွင် KIO နှင့် တွေ့ဆုံဆွေးနွေး လိုကြောင်း အဆိုပြုခြင်းသည် စစ်မှန်သောငြိမ်းချမ်းရေး အတွက် ရည်ရွယ်ခြင်း မဖြစ်နိုင်ဘဲ အကြပ်ကိုင် လိုခြင်းသာ ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်က ဆိုပါသည်။

“ မေလ ၂၈ မဟုတ်ရင် ၃၀ ရက်နေ့ မှာ တွေ့ကြဖို့ KIO က ကမ်းလှမ်း ထားပါတယ်။ အစိုးရ ဖက်ကတော့ ၂၈ ရက်နေ့မှာ တွေ့ကြမယ်လို့ အကြောင်းပြန်ပါတယ်။ ဒါပေမဲ့ KIA က တောင်းဆို ထားတဲ့ ပြည်ပကြားလူတွေ ပါရေးမပါရေး ကိစ္စရယ်၊ ပြီးတော့ ဒီလောက်တောင် စစ်ရေး အင်အားတွေ တိုးချဲ့နေမှတော့ ဆွေးနွေးပွဲဖြစ်လာပါ့ မလားကိုတော့ သဲသဲကွဲကွဲ မသိရသေးဘူး။” ဟုဆိုပါသည်။

၎င်းအပြင် ယင်းတွေ့ဆုံဆွေးနွေး ပွဲသို့ မည်သည့် ပုဂ္ဂိုလ်များ တက်ရောက် မည်ကိုလည်း မသိရသေး ကြောင်း အကျိုးတော်ဆောင် တဦးဖြစ်သူ လမိုင်ခွန်ဂျာက ဆိုပါသည်။

ဤကဲ့သို့ တွေ့ဆုံဆွေးနွေးရန် ရှိသည်ဟု သတင်းဖြစ်ပေါ်နေသော်လည်း KIO ဖက်မှ တရားဝင် ထုတ်ဖေါ်ပြော ကြားခဲ့ခြင်း မရှိသေးဟု KIA အရာရှိ တစ်ဦးက ဆိုပါသည်။

အစိုးရ တပ်များသည် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် KIA အား ကမ်းလှမ်းနေသလို တဖက်တွင်လည်း စစ်ပြင်ဆင်မှုများ တိုးချဲ့ထားသည့် အပြင် ရှမ်းပြည်မြောက်ပိုင်းရှိ KIA တပ်မဟာ (၄) ဒေသ တွင် နေ့စဉ်နှင့် အမျှ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိနေပါသည်။

ရွှေဟင်္သာ
အစိုးရတပ်ဖွဲ့များသည် ကချင်လွတ်လပ်ရေး KIO/KIA အဖွဲ့အပေါ် တင်းကြပ်သော လုံခြုံရေးများနှင့် တပ်ဖွဲ့များ တိုးချဲ့ချထား လာနေသဖြင့် သဘောတူထားသည့် တွေ့ဆုံဆွေးနွေးပွဲကို ထိခိုက်သွားဖွယ်ရာ ရှိနေကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တဦးက ဆိုပါသည်။

တောင်ကိုရီးယား အခြေစိုက် KIA ကား ကုမ္ပဏီ ၏ တရားဝင် ကားအရောင်းပြခန်း မေ ၁၉ ရက်တွင် ဖွင့်လှစ်

Photo: တောင်ကိုရီးယား အခြေစိုက် KIA ကားကုမ္ပဏီ၏ တရားဝင် ကားအရောင်းပြခန်း မေ ၁၉ ရက်တွင် ဖွင့်လှစ်

မေလ ၂၁ ရက် ၂၀၁၃ 

တောင်ကိုရီးယား အခြေစိုက် KIA ကားကုမ္ပဏီ၏ ပထမဦးဆုံး ကားအရောင်းပြခန်းကို မေ ၁၉ ရက်က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း အမှတ် (၂၂-ဘီ၊ ၂၃-အေ) (Micasa Hotel Apartments) အနီးတွင် ဖွင့်လှစ်ခဲ့သည်။

KIA ကားကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ တရားဝင် ကိုယ်စားလှယ်အဖြစ် Super Seven Star Co.,Ltd (SSS) သည် ၂၀၁၂ ခုနှစ် စက်တင်ဘာက လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ယခုပထမဦးဆုံး ကားအရောင်းပြခန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

''ကားအသစ်တွေချည်းပဲ ရောင်းချမှာပါ။ Saloon, SUVs နဲ့ Truck ကားတွေ ရောင်းမှာပါ။ အဲဒီအရောင်းပြခန်းမှာ KIA ရဲ့ ကမ္ဘာ့အဆင့်စံနှုန်းအတိုင်း ၀န်ဆောင်မှု ပေးသွားမှာပါ'' ဟု Super Seven Star Motors Industry Co.,Ltd ဒါရိုက်တာ ဦးကျော်သူရက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ တောင်ကိုရီးယား နိုင်ငံထုတ် မော်တော်ယာဉ်များသည် ဈေးကွက်ဝေစု အနည်းအကျဉ်းသာ ရရှိထားသော်လည်း KIA ထုတ် SUVs ကားများကို မြန်မာပြည်သူများ စိတ်ဝင်စားမှု များပြားနေကြောင်း ယင်းက ဆက်လက် ပြောကြားသည်။

လက်ရှိ SSS မှ တင်သွင်းရောင်းချ လျက်ရှိသော KIA ကားအမျိုးအစား အချို့မှာ Cerato, Quoris, Optima, Picanto, Rio, Sorento, Sportage, Mohave, Soul နှင့် K 2700 စသည့် မော်တော်ယာဉ်များ ဖြစ်သည်။ SSS သည် မော်တော်ယာဉ် ထုတ်လုပ်မှု လုပ်ငန်းများ၊ တင်သွင်းမှု လုပ်ငန်းများကို ၁၉၉၃ ခုနှစ်ကတည်းက လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ဒဂုံအရှေ့ပိုင်း စက်မှုဇုန်တွင်လည်း နိုင်ငံတကာ အဆင့်မီ မော်တော်ယာဉ် ထုတ်လုပ်တပ်ဆင်မှု လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။ SSS ကားအရောင်း ပြခန်းများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပြည်၊ မိတ္ထီလာ၊ လားရှိုးမြို့ များတွင် ဖွင့်လှစ်ထားပြီး SSS မှထုတ်လုပ်သော ကားများနှင့် KIA, Hyundai, Foton, King Long ကားများ တင်သွင်းရောင်းချ လျက်ရှိသည်။

KIA ၀န်ဆောင်မှုနှင့် အပိုပစ္စည်း ရောင်းချမှုစင်တာကို SSS ၏ ၀န်ဆောင်မှုစင်တာတွင် ပူးတွဲဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုစင်တာမှာ တောင်ဥက္ကလာပမြို့နယ် ရတနာလမ်း (ကျိုက္ကဆံအနီး) တွင် တည်ရှိကြောင်း သိရသည်။

KIA သည် တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံး ကားကုမ္ပဏီ တစ်ခုဖြစ်ပြီး ကမ္ဘာ့ကား အရောင်းရဆုံး စာရင်းဝင် ကုမ္ပဏီတစ်ခု ဖြစ်သည်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ ကျော်တွင် KIA ကားများကို ဖြန့်ဖြူးရောင်းချ လျက်ရှိပြီး ၂၀၁၂ ခုနှစ်အတွင်း ယာဉ်စီးရေ ၁ ဒသမ ၆သန်း ကျော် ရောင်းချခဲ့ရသည်။

KIA ကားကုမ္ပဏီကို ၁၉၄၄ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဆိုးလ်မြို့တွင် အခြေစိုက်ထားသည်။ KIA ကုမ္ပဏီ၏ အစုရှယ်ယာ ၃၃ ဒသမ ၉၉ ရာခိုင်နှုန်းကို တောင်ကိုရီးယား အခြေစိုက် ကမ္ဘာ့စတုတ္ထအကြီးဆုံး ကားကုမ္ပဏီဖြစ်သည့် Hyundai က ပိုင်ဆိုင်ထားပြီး ၂၀၁၂ ခုနှစ်အတွင်း ၀င်ငွေအမေရိကန် ဒေါ်လာ ၄၂ ဒသမ ၄၅ ဘီလျံ ရရှိခဲ့သည်။

Eleven 
တောင်ကိုရီးယား အခြေစိုက် KIA ကားကုမ္ပဏီ၏ ပထမဦးဆုံး ကားအရောင်းပြခန်းကို မေ ၁၉ ရက်က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း အမှတ် (၂၂-ဘီ၊ ၂၃-အေ) (Micasa Hotel Apartments) အနီးတွင် ဖွင့်လှစ်ခဲ့သည်။

ပင်လယ် ကမ်းခြေမှာ မြင်း ထိန်းပြီး ငွေရှာတဲ့ ကလေးများ

Photo: ပင်လယ်ကမ်းခြေမှာ မြင်းထိန်းပြီး ငွေရှာတဲ့ ကလေးများ

မေလ ၂၁ ရက် ၂၀၁၃ 

မွန်ပြည်နယ်၊ သံဖြုဇရပ်မြို့နယ်၊ စက်စဲပင်လယ်ကမ်းခြေရှိ မြင်းအပျော်စီးလုပ်ငန်းတွင် လုပ်ကိုင်နေကြသူတို့မှာ ပုံတွင် တွေ့ရသည့်အတိုင်း အသက် ၁၂ နှစ်မှ ၁၄ နှစ်အရွယ် ကလေးများ  ဖြစ်သည်။

"ဒီမှာလာတဲ့ဧည့်သည်တွေစီးဖို့ မြင်း ထိန်းရတယ်။ မြင်းတခါစီးရင် ၁ဝ မိနစ်စာအတွက်  ၁,ဝဝဝ ယူတယ်" ဟု အသက် ၁၂ နှစ်အရွယ် မြင်းထိန်းလုပ်သားလေးတယောက်က ရှင်းပြသည်။

ဝင်ငွေအများစုကို မြင်းပိုင်ရှင်က ယူသည်။
မြင်းပိုင်ရှင်များက ကမ်းခြေတွင် စားသောက်ဆိုင်နှင့် တည်းခိုခန်းအသေးစားဖွင့်ထားသူများဖြစ်သည်။

ထို့ကြောင့် မြင်းထိန်း ကောင်လေး၏  ဝင်ငွေက တရက် ၂,၅ဝဝ ဝန်းကျင် ရှိသည်ဟု ဆိုသည်။ 

ကမ်းခြေတလျှောက် မြင်းကောင်ရေ ၄၀ ခန့်ရှိသောကြောင့် မြင်းထိန်းအလုပ် လုပ်ကိုင်နေသူ ကလေး အရေအတွက်ကလည်း ၄၀ ခန့် ရှိကြောင်း ဒုတိယတန်းကျောင်းသားဟောင်း ကလေးငယ်တယောက်က ပြောသည်။ 

"မြင်းပိုင်ရှင်တွေက ခုနောက်ပိုင်း ကလေးတွေပဲ သုံးကြတော့တယ်။  ကလေးတွေက လူကြီးတွေလို ခံစားခွင့်တွေ ဘာတွေ ပေးဘို့မလိုဘူး။ သူတို့ပေးချင် သလောက်ပေးလို့ရတယ်" ဟု သက်ကြီးမြင်းထိန်းသမားဟောင်းတဦးက  ပြောသည်။

မြင်းထိန်း ကလေးငယ်တယောက်က "ဧရာဝတီတိုင်းက လာတာပါ။ မိဘတွေ မရှိတော့ဘူး။ အကို အမတွေနဲ့ နေတယ်။ ဒီမှာက သားတို့အရွယ်အလုပ်က ဒါပဲ ရှိတယ်။
နည်းပေမဲ့ ရွေးစရာ အလုပ်မရှိဘူး။ ဆူဆဲလည်း ခံရတာပဲ။ ဒီကမ်းခြေမှာက သားတို့လို အခြေမဲ့တွေများတယ်။ ကိုယ်မလုပ်ရင် အစားဝင်မဲ့လူက အများကြီးပဲ" ဟု လုပ်ငန်း အခြေအနေကို ပြောပြသည်။

မြင်းထိန်းကလေးငယ်များ နေထိုင်မကောင်းဖြစ်ပါက မြင်းပိုင်ရှင်က တစုံတရာတာဝန်ယူမှု မရှိသည့်အပြင် မြင်းကို အခြား ကလေးငယ်များထံသို့ လွှဲပြောင်းပေးလိုက်သည်ဟုလည်း ပြောသည်။

 ၎င်းတို့၏ လုပ်ငန်းခွင်အတွင်း ကလေးအခွင့်အရေး ဆိုင်ရာ စံချိန်စံညွှန်းတို့နှင့် ကိုက်ညီခြင်း ရှိမရှိ အာဏာပိုင်တို့က ကြပ်ကြပ်မတ်မတ် စစ်ဆေးလာပါက ဤဒေသတွင် မြင်းထိန်းကလေးငယ်များကို တွေ့နိုင်မည်မဟုတ်ဟု ယူဆရသည်။

မော်လမြိုင်မြို့ တောင်ဘက်မိုင် ၆၀ ခန့်အကွာတွင် တည်ရှိသော စက်စဲကမ်းခြေသည် မွန်ပြည်နယ်၏ တခုတည်းသော ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း ဖြစ်သည်။ 

ဧရာဝတီ Blog 
 မွန်ပြည်နယ်၊ သံဖြုဇရပ်မြို့နယ်၊ စက်စဲပင်လယ်ကမ်းခြေရှိ မြင်းအပျော်စီးလုပ်ငန်းတွင် လုပ်ကိုင်နေကြသူ တို့မှာ ပုံတွင် တွေ့ရသည့်အတိုင်း အသက် ၁၂ နှစ်မှ ၁၄ နှစ်အရွယ် ကလေးများ ဖြစ်သည်။

အီရတ် ဗုံးခွဲ တိုက်ခိုက် မှု လူ အများ အပြား သေ ဆုံး

Photo: အီရတ်ဗုံးခွဲ တိုက်ခိုက်မှု လူအများအပြား သေဆုံး
Tuesday, May 21, 2103

အီရတ် နိုင်ငံ ဘဂ္ဂဒက် မြို့တော်နဲ့ ဘာစရာ မြို့တို့မှာ ကားဗုံးခွဲ တိုက်ခိုက်မှု အများ အပြား ဖြစ်ပွား ခဲ့တာကြောင့် လူ ၅၀ ကျော် သေဆုံး သွားပြီး၊ တခြား လူ ၂၀၀ ဒဏ်ရာ ရရှိသွားကြပါတယ်။

ထိခိုက် သေဆုံးသူ အများစုဟာ ရှီယာ မွတ်ဆလင်တွေ ဖြစ်ကြ တယ်လို့ ယူဆရပါတယ်။
မြို့တော်မှာ အနည်းဆုံး ဗုံး ၉ လုံးပေါက်ကွဲ ခဲ့ပြီး၊ ဘတ်စကား ဂိတ်တွေနဲ့ လေဟာပြင် ဈေးတွေကို ပစ်မှတ်ထား ဖေါက်ခွဲ ခဲ့ကြတာ ဖြစ်ပါ တယ်။

တောင်ပိုင်း ဘာစရာ မြို့မှာတော့ ကားဗုံးခွဲ တိုက်ခိုက်မှု နှစ်ခု ဖြစ်ပွားခဲ့ရာ၊ စားသောက်ဆိုင် တဆိုင်နဲ့ ဘတ်စကား ဂိတ် တခုကို ပစ်မှတ် ထား တိုက်ခိုက်ခဲ့ တာပါ။

စနေနေ့ ကတော့ နိုင်ငံ အနောက်ဘက် အန်ဘာ ပြည်နယ်မှာ ပြန်ပေးဆွဲ ခံခဲ့ ရတဲ့ ရဲ ၁၀ ဦးလည်း သေဆုံးလျက် ပြန်တွေ့ရ ပါတယ်။

ဘဂ္ဂဒက်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ပြောတာ ကတော့ အခု ဖြစ်ပွား နေတဲ့ ဂိုဏ်းဂဏကွဲ တိုက်ခိုက် မှုတွေဟာ ငါးနှစ် အတွင်း ဒါ အဆိုးဝါးဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

BBC Burmese
ထိခိုက် သေဆုံးသူ အများစုဟာ ရှီယာ မွတ်ဆလင် တွေ ဖြစ်ကြ တယ်လို့ ယူဆရပါတယ်
ထိခိုက် သေဆုံးသူ အများစုဟာ ရှီယာ မွတ်ဆလင် တွေ ဖြစ်ကြ တယ်လို့ ယူဆရပါတယ်
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်နဲ့ ဘာစရာမြို့တို့မှာ ကားဗုံးခွဲတိုက်ခိုက်မှု အများအပြား ဖြစ်ပွားခဲ့တာကြောင့် လူ ၅၀ ကျော် သေဆုံးသွားပြီး၊ တခြား လူ ၂၀၀ ဒဏ်ရာရရှိသွားကြပါတယ်။

H7N9 ဗိုင်းရပ်စ်ပိုး လူသား များ အကြား ကူးစက်မှုပိုမိုမြန်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO သည် တရုတ်နိုင်ငံသို့ သွားရောက်ကာ H7N9 တုပ်ကွေး ဗိုင်းရပ်စ် ကို လေ့လာ စူးစမ်းမှု ပြုလုပ်ခဲ့ရာ ၄င်း H7N9 ဗိုင်းရပ်စ်သည် အခြားသော တုပ်ကွေးဗိုင်းရပ်စ်များထက် လူအချင်းချင်း ကူးစက်မှုတွင် ပိုမိုလျင်မြန်ကြောင်း တွေ့ရှိရသည်ဟူသော သတင်းထုတ်ပြန်ချက်ကို မေ ၁၈ ရက်က ဆင်ဟွာ သတင်း၌ ဖော်ပြထားသည်။ 

တေးသီချင်း နားထောင်ခြင်းဖြင့် လေဖြတ် ခံရသည့် လူနာများ ရောဂါ သက်သာ စေနိုင်

Photo: တေးသီချင်း နားထောင်ခြင်းဖြင့် လေဖြတ် ခံရသည့် လူနာများ ရောဂါ သက်သာ စေနိုင်

မေလ ၂၀ ရက် ၂၀၁၃ 

လေဖြတ် ခံရသည့် လူနာများ၏ အခြေအနေ တိုးတက် ကောင်းမွန် လာစေ .ရေး အတွက် သီချင်းများ နားထောင်ခြင်းက အကျိုး သက်ရောက်မှု ထင်ထင် ရှားရှား ရှိကြောင်း လန်ဒန်ရှိ ပညာရှင် များက ပြောကြား လိုက်သည်။
လေဖြတ် မှု ခံစား ထားရသူများသည် တိတ်ဆိတ်နေမှုကို နှစ်ခြိုက်လေ့ မရှိကြောင်း London Imperial Collegeမှ ဒေါက်တာ ဒေးဗစ် ဆော့တိုက ရှင်းပြခဲ့သည်။ အာရုံကြော အထူးကု တစ်ဦးဖြစ်သည့် ဒေါက်တာ ဆော့တို သည် လေဖြတ်ခံ လူနာများ အနေနှင့် အနှစ်သက်ဆုံး သီချင်းများကို ကြားရပါ က မည်သို့သော အကျိုး ကျေးဇူးများ ရရှိ နိုင်သည်ကို အသေးစိတ် လေ့လာသည့် သုတေသန အဖွဲ့အား ဦးဆောင်သူ တစ်ဦးလည်း ဖြစ်သည်။

လူတစ်ဦးချင်းစီ အလိုက် အကြိုက် ကွာခြားသော သီချင်းများကို စမ်း ဖွင့် ပေးခဲ့ပြီး မှတ်တမ်း မှတ်ရာများ စနစ်တကျ ပြုစုခဲ့ရာ လေဖြတ်မှု အခြေ အနေမှ နာလံ ထလာသူများ အတွက် စိတ်ကြိုက် သီချင်းများ နားထောင်ခွင့် ရခြင်းက အလွန် အကျိုး ကျေးဇူးများကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။
ဒေါက်တာ ဆော့တိုက အချို့သော လူနာများသည် Kenya Rogers ကို နှစ်သက်ကြောင်း၊ အချို့ကလည်း Frank Sinatra၏ သီချင်းများကို သဘော ကျကြောင်း၊ ၎င်းတို့ အကြိုက် သီချင်းများ အလိုက် နားဆင် ခွင့် ပေးခြင်းက အကျိုးထူးများ ပေါ်ပေါက် စေခဲ့ကြောင်း ရှင်းပြ ခဲ့သည်။
ဗြိတိန်နိုင်ငံတွင် နှစ်စဉ် လေဖြတ်သူ (၁၅၀၀၀၀) ခန့်ရှိပြီး ၎င်းတို့အနက် (၆၀) ရာခိုင်နှုန်းသည် အခြေအနေ ဆိုးရွားလေ့ ရှိကြောင်း သိရသည်။ ဒေါက်တာ .ဆော့တို က သီချင်းဖွင့် ပေးရာတွင် လူနာ တစ်ဦးချင်းစီ၏ ကြိုက်နှစ်သက်မှု အလိုက် ရွေးချယ်ရန် လိုအပ်ကြောင်း သတိ ပေးခဲ့သည်။ ကြိုက်နှစ် သက် .သော သီချင်းများကို နားထောင်ခွင့် ရခြင်းကြောင့် လူမမာ ဖြစ်သူ၏ ဦးနှောက်ကို လှုံ့ဆော်မှုများ ပေါ်ပေါက် လာစေပြီး ထိုအခြေအနေ သည် ပျော်ရွှင် ကျေနပ်နေသော လူနာအတွက် ရောဂါဝေဒနာမှ သက်သာ ပျောက်ကင်း စေရေး အလွန် အရေးကြီးသော သော့ချက် တစ်ခု ဟု ညွှန်းဆို သွားသည်။

AP News
လေဖြတ်ခံရသည့်လူနာများ၏ အခြေအနေတိုးတက် ကောင်းမွန်လာစေ .ရေးအတွက် သီချင်းများ နားထောင်ခြင်းက အကျိုးသက်ရောက်မှု ထင်ထင်ရှားရှားရှိကြောင်း လန်ဒန်ရှိပညာရှင်များက ပြောကြား လိုက်သည်။

အီရတ်ဗုံးခွဲ တိုက်ခိုက်မှု လူအများအပြား သေဆုံး

Photo: အီရတ်ဗုံးခွဲ တိုက်ခိုက်မှု လူအများအပြား သေဆုံး
Tuesday, May 21, 2103

အီရတ် နိုင်ငံ ဘဂ္ဂဒက် မြို့တော်နဲ့ ဘာစရာ မြို့တို့မှာ ကားဗုံးခွဲ တိုက်ခိုက်မှု အများ အပြား ဖြစ်ပွား ခဲ့တာကြောင့် လူ ၅၀ ကျော် သေဆုံး သွားပြီး၊ တခြား လူ ၂၀၀ ဒဏ်ရာ ရရှိသွားကြပါတယ်။

ထိခိုက် သေဆုံးသူ အများစုဟာ ရှီယာ မွတ်ဆလင်တွေ ဖြစ်ကြ တယ်လို့ ယူဆရပါတယ်။
မြို့တော်မှာ အနည်းဆုံး ဗုံး ၉ လုံးပေါက်ကွဲ ခဲ့ပြီး၊ ဘတ်စကား ဂိတ်တွေနဲ့ လေဟာပြင် ဈေးတွေကို ပစ်မှတ်ထား ဖေါက်ခွဲ ခဲ့ကြတာ ဖြစ်ပါ တယ်။

တောင်ပိုင်း ဘာစရာ မြို့မှာတော့ ကားဗုံးခွဲ တိုက်ခိုက်မှု နှစ်ခု ဖြစ်ပွားခဲ့ရာ၊ စားသောက်ဆိုင် တဆိုင်နဲ့ ဘတ်စကား ဂိတ် တခုကို ပစ်မှတ် ထား တိုက်ခိုက်ခဲ့ တာပါ။

စနေနေ့ ကတော့ နိုင်ငံ အနောက်ဘက် အန်ဘာ ပြည်နယ်မှာ ပြန်ပေးဆွဲ ခံခဲ့ ရတဲ့ ရဲ ၁၀ ဦးလည်း သေဆုံးလျက် ပြန်တွေ့ရ ပါတယ်။

ဘဂ္ဂဒက်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ပြောတာ ကတော့ အခု ဖြစ်ပွား နေတဲ့ ဂိုဏ်းဂဏကွဲ တိုက်ခိုက် မှုတွေဟာ ငါးနှစ် အတွင်း ဒါ အဆိုးဝါးဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

BBC Burmese
ထိခိုက် သေဆုံးသူ အများစုဟာ ရှီယာ မွတ်ဆလင် တွေ ဖြစ်ကြ တယ်လို့ ယူဆရပါတယ်
အီရတ် နိုင်ငံ ဘဂ္ဂဒက် မြို့တော်နဲ့ ဘာစရာ မြို့တို့မှာ ကားဗုံးခွဲ တိုက်ခိုက်မှု အများ အပြား ဖြစ်ပွား ခဲ့တာကြောင့် လူ ၅၀ ကျော် သေဆုံး သွားပြီး၊ တခြား လူ ၂၀၀ ဒဏ်ရာ ရရှိသွားကြပါတယ်။

ရီးရဲလ်နှင့် မော်ရင်ဟို လမ်းခွဲလိုက်ပြီ

Photo: ရီးရဲလ်နှင့် မော်ရင်ဟို လမ်းခွဲလိုက်ပြီ
Tuesday, May 21, 2103

ရာသီကုန်တွင် ရီးရဲလ်မှ မော်ရင်ဟို ထွက်ခွာမည်ဟု အသင်းဥက္ကဋ္ဌ ပီရက်ဇ်က အတည်ပြုခဲ့သည်။ ရီးရဲလ်မှာစပိန့်ဘုရင့်ဖလား ဗိုလ်လုပွဲတွင် မြို့ခံပြိုင်ဘက် အက်သလက်တီကိုကို ရှုံးနိမ်ခဲ့ပြီးနောက် ဖလားလက်မဲ့ရာသီနှင့် ကြုံတွေ့ခဲ့ရပြီး မော်ရင်ဟိုကလည်း ယခုရာသီမှာ ၎င်း၏နည်းပြဘ၀ အဆိုးရွားဆုံးရာသီဟု ၀န်ခံထားခဲ့ကာ ယခုအခါတွင် နှစ်ဦးနှစ်ဖက် သဘောတူညီမှုဖြင့် လမ်းခွဲခဲ့ခြင်းဖြစ်သည်။

မော်ရင်ဟို ထွက်ခွာမည့် ကိစ္စနှင့် ပတ်သက်၍ ပီရက်ဇ်က “ မော်ရင်ဟိုနဲ့ ကျွန်တော်တို့ လမ်းခွဲဖို့ အချိန်တန်ပြီလို့နှစ်ဦးနှစ်ဖက် သဘောတူခဲ့ကြပါတယ်။ သုံးနှစ်သက်တမ်းအတွင်း သူကြိုးစားပေး ခဲ့တာတွေအတွက် သူ့ကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ သူ့လက်ထက်မှာ အသင်းဟာ ပိုတိုးတက်လာခဲ့ပေမယ့် ရီးရဲလ်လို အသင်းမျိုးအတွက်၊မော်ရင်ဟိုလို နည်းပြမျိုးအတွက်မျှော်မှန်းထားတဲ့
အောင်မြင်မှုမျိုးတော့မဟုတ်ခဲ့ပါဘူး”ဟု
ပြောကြားခဲ့သည်။

ရီးရဲလ်မှာ မော်ရင်ဟိုနေရာတွင် အစားထိုးမည့်နည်းပြ မရှိသေးကြောင်း ဖွင့်ဟခဲ့သော်လည်း ပီအက်စ်ဂျီနည်းပြ အန်စလော့တီကိုခေါ်ယူရန် ကမ်းလှမ်းထားခဲ့ကြောင်း သတင်းရရှိသည်။ ရီးရဲလ်နှင့် သဘောတူ စာချုပ်ဖျက်သိမ်းခဲ့သောကြောင့် ချယ်လ်ဆီးအနေဖြင့် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည်ဖြစ်သည်။

ရိုးရာလေး
ရာသီကုန်တွင် ရီးရဲလ်မှ မော်ရင်ဟို ထွက်ခွာမည်ဟု အသင်းဥက္ကဋ္ဌ ပီရက်ဇ်က အတည်ပြုခဲ့သည်။ ရီးရဲလ် မှာစပိန့်ဘုရင့်ဖလား ဗိုလ်လုပွဲတွင် မြို့ခံပြိုင်ဘက် အက်သလက်တီကိုကို ရှုံးနိမ်ခဲ့ပြီးနောက် ဖလား လက်မဲ့ ရာသီနှင့် ကြုံတွေ့ခဲ့ရပြီး မော်ရင်ဟိုကလည်း ယခုရာသီမှာ ၎င်း၏နည်းပြဘ၀ အဆိုးရွားဆုံးရာသီဟု ၀န်ခံ ထားခဲ့ကာ ယခုအခါတွင် နှစ်ဦးနှစ်ဖက် သဘောတူညီမှုဖြင့် လမ်းခွဲခဲ့ခြင်းဖြစ်သည်။

နေပြည်တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ အိမ်ခြံမြေ ရောင်း ၀ယ်ခြင်း ဈေးကွက် ၈၀ ရာခိုင် နှုန်းခန့် ကျဆင်းပြီး ရောင်းသူများပြီး ၀ယ်လက်အေးလျက်ရှိ

Photo: နေပြည်တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ အိမ်ခြံမြေ ရောင်း ၀ယ်ခြင်း ဈေးကွက် ၈၀ ရာခိုင် နှုန်းခန့် ကျဆင်းပြီး ရောင်းသူများပြီး ၀ယ်လက်အေးလျက်ရှိ

နေပြည်တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် အတွင်းရှိ အိမ်ခြံမြေ ရောင်းဝယ်ခြင်း လုပ်ငန်းများ ၈၀ ရာခိုင်နှုန်း ကျဆင်းလျက်ရှိကြောင်း ညီလေးအိမ်ခြံမြေနှင့် အထွေထွေ အကျိုးဆောင် လုပ်ငန်းမှ သိရှိရသည်။

နေပြည်တော် အိမ်ခြံမြေ ဈေးကွက်တွင် ယခင်က စီးပွားရေး လုပ်ငန်းရှင်များ ဈေးပေးဝယ်သည့် ရာဇဌာနီ လမ်းမကြီး၏ လမ်းဘေးဝဲ၊ ယာမြေကွက်များသည် ပေ ၄၀_၆၀ မြေတစ်ကွက်တွင် သိန်း ၂၅၀၀ ကျပ်ရှိခဲ့ပြီး ယခုအခါတွင် သိန်းပေါင်း ၁၈၀၀ အောက်သို့ ကျဆင်းခဲ့သည်။

နေပြည်တော် ပျဉ်းမနားမြို့ အိမ်ခြံမြေ အကျိုးဆောင် ဦးညီလေးက ''ကျန်တဲ့နေရာ တွေမှာလည်း သိန်း ၅၀၀ တန်တဲ့ဝိုင်းကို သိန်း ၂၀၀၊ ၃၀၀ လောက် တစ်ဝက်နီးပါး ကျသွားတယ်။ ၀ိုင်းကွက်တွေက ရောင်းတဲ့ဝယ်တဲ့ သူအနေနဲ့ ရောင်းချင်တဲ့သူ အပ်ထားတဲ့ သူတွေတော့ အများကြီးပဲ။ တချို့သူတွေသာ ပေါင်ထားတယ်။ အပေါင်ဆုံးတော့မှာမို့ ရောင်းလိုက်ရတာတွေပဲရှိတယ်။ ခြုံပြောရမယ်ဆိုရင် ၂၀၁၃ ခုနှစ်မှာ အရောင်း၊ အ၀ယ် တွေက ၈၀ ရာခိုင်နှုန်းနီးပါးကျပြီး အရောင်းအ၀ယ် အေးလျက်ရှိသည်'' ဟု ပြောကြားသည်။

နေပြည်တော် အိမ်ခြံမြေဈေးကွက်တွင် ကျောက်မျက်ပြပွဲ နီးလာလျှင် အရောင်းအ၀ယ်နှင့် အငှားများ တွင်ကျယ်ခဲ့ပြီး ယခုအခါ ကျောက်မျက်ကုမ္ပဏီနှင့် ကုန်သည်များ နိုင်ငံတော်မှ မြေကွက်များ ချထားပေးသည့်အတွက် ၀ယ်ငှားလုပ်ငန်းများ အေးလျက်ရှိကြောင်း သိရှိရသည်။

''ဈေးမြင့်တာတွေ အငှားမဖြစ်ဘူး။ ဈေးနိမ့်တဲ့ သောင်းဂဏန်းတန်တွေ လောက်ပဲ အလုပ်ဖြစ်တယ်။ တစ်သိန်းပတ်ဝန်းကျင် လောက်ပေါ့။ အရင်က ကျောက်မျက်ပွဲဆိုရင် အုတ်တံတိုင်း ခတ်ထားမယ်၊ ကျောက်ထားဖို့ နေရာကျယ်မယ်၊ အခြားအိမ်တွင်း ပရိဘောဂ ပြည့်စုံတယ်ဆိုရင် ငါးသိန်း၊ ခြောက်သိန်းလောက် တောင်းလို့ရတယ် ပေးတယ်ပေါ့။ အခု ငါးသိန်း၊ ခြောက်သိန်း ဆိုတာတွေက တစ်သိန်းနဲ့ သုံးသိန်း ပတ်ခြာလည်ဆိုရပြီး ဈေးတွေက ထက်ဝက်ကျော်ကျော်လောက်ကို ကျသွားတယ်'' ဟု အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ပြောကြားသည်။


နေပြည်တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် အတွင်းရှိ အိမ်ခြံမြေ ရောင်းဝယ်ခြင်း လုပ်ငန်း များ ၈၀ ရာခိုင်နှုန်း ကျဆင်းလျက်ရှိကြောင်း ညီလေးအိမ်ခြံမြေနှင့် အထွေထွေ အကျိုးဆောင် လုပ်ငန်းမှ သိရှိရသည်။

ကမ္ဘာ့ရွှေဈေး ဆက်တိုက်ကျ၊ မြန်မာ့ရွှေဈေး ကျပ် ၇ သိန်းအောက် အကျဈေး၌ ဆက်ရှိ

ကမ္ဘာ့ရွှေဈေးမှာ တစ်ပတ်အတွင်း ဒေါ်လာ ၁၀၀ နီးပါးအထိ ဆက်တိုက် ထိုးဆင်းနေသည့် အတွက် မြန်မာ့ရွှေဈေးမှာလည်း အကျဈေး၌သာ ဆက်ရှိနေမည်ဟု သိရသည်။
ကမ္ဘာ့ရွှေဈေးမှာ မေလ ၁၂ ရက်နေ့က တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၄၄၁ ကျော် ရှိနေရာမှ မေလ ၂၀ ရက်နေ့တွင် ၁၃၄၃ ဒေါ်လာအထိ ဆက်တိုက် ထိုးဆင်းလျက် ရှိသည်။

အခြေခံပညာကဏ္ဍ၌ တစ်နိုင်ငံလုံး အတိုင်းအတာအရ အခြေခံပညာကျောင်း များ ဇွန် ၃ ရက်တွင် ဖွင့်လှစ်မည်

Photo: အခြေခံပညာကဏ္ဍ၌ တစ်နိုင်ငံလုံး အတိုင်းအတာအရ အခြေခံပညာကျောင်း များ ဇွန် ၃ ရက်တွင် ဖွင့်လှစ်မည်

၂၀၁၃-၁၄ ပညာသင်နှစ်အတွက် အခြေခံပညာ ကဏ္ဍ၌ တစ်နိုင်ငံလုံး အတိုင်းအတာအရ အခြေခံပညာ ကျောင်းများအား ၂၀၁၃ ခုနှစ် ဇွန် ၃ ရက်တွင် စတင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။

ပညာရေး ၀န်ကြီးဌာန၊ ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာ ကျောင်းများအား ဇွန် ၃ ရက်တွင် ဖွင့်လှစ်ရန် သတ်မှတ် ထုတ်ပြန်ထားကြောင်း သိရသည်။

''အခြေခံပညာကျောင်းတွေ အားလုံး ဇွန် ၃ ရက် စတင်ဖွင့်လှစ် သွားမှာပါ၊ တစ်နိုင်ငံလုံး အတိုင်းအတာအရ အခြေခံပညာကျောင်း အကုန်လုံး ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်'' ဟု အမှတ် (၃) အခြေခံပညာ ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက ပြောကြားခဲ့သည်။

ထို့ပြင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အခြေခံပညာ ကျောင်းများ၏ ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် ၂၀၁၃ ခုနှစ် မေ၂၇ ရက် မှ ၃၁ ရက်အထိ သတ်မှတ်ထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းရှိ သက်ဆိုင်ရာ မြို့နယ်အလိုက် အခြေခံပညာ ကျောင်းများတွင်မူ ကျောင်းအပ်နှံမှုများအား ယခု အချိန်မှ စတင်ကာ လက်ခံနေပြီ ဖြစ်သည်။

အစိုးရကျောင်းများ၌မူ သူငယ်တန်းဝင်ခွင့် လျှောက်လွှာများအား ၂၀၁၃ ခုနှစ် ဧပြီ ၂၄ ရက်မှ စတင်ကာ မွေးစာရင်း၊ အိမ်ထောင်စုဇယားမူရင်း၊ မိတ္တူတို့နှင့်အတူ သက်ဆိုင်ရာ ကျောင်းများတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၏ ကျောင်းအပ် လက်ခံမှုဆိုင်ရာ စည်းကမ်းများကို လာရောက်ကြည့်ရှု နေကြစဉ်
ဒဂုံမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၏ ကျောင်းအပ် လက်ခံမှုဆိုင်ရာ စည်းကမ်း များကို လာရောက်ကြည့်ရှု နေကြစဉ်
၂၀၁၃-၁၄ ပညာသင်နှစ်အတွက် အခြေခံပညာ ကဏ္ဍ၌ တစ်နိုင်ငံလုံး အတိုင်းအတာအရ အခြေခံ ပညာ ကျောင်းများအား ၂၀၁၃ ခုနှစ် ဇွန် ၃ ရက်တွင် စတင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ပညာရေး ၀န်ကြီး ဌာနမှ သိရသည်။

မီဒီယာလောကအတွက် တတိယမြောက် ဥပဒေကြမ်းတစ်ခု ထပ်ပေါ်လာပြန်

မြန်မာမီဒီယာလောက၌ ရှိထားပြီးဖြစ်သော ဥပဒေများကို ဖျက်သိမ်းခြင်း မရှိသေးဘဲ အသစ်ရေးဆွဲနေသော ဥပဒေကြမ်းများနှင့် ပတ်သက်၍ အငြင်းပွားမှုများ ရှိနေချိန်တွင် မီဒီယာလောကအတွက် တတိယမြောက် ဥပဒေကြမ်းတစ်ခု ထပ်မံပေါ်ပေါက် လာခဲ့ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအိုဘားမားတို့ အိမ်ဖြူတော်၌ သမိုင်းဝင် တွေ့ ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အတွက် ကူညီမည်ဟု ကတိပြု

Photo: သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအိုဘားမားတို့ အိမ်ဖြူတော်၌ သမိုင်းဝင် တွေ့ ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အတွက် ကူညီမည်ဟု ကတိပြု

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့သည် ၀ါရှင်တန်ရှိ အိမ်ဖြူတော်၌ မေ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့် (မြန်မာစံတော်ချိန် မေ ၂၁ ရက် နံနက်အစောပိုင်း) က သမိုင်းဝင်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ထိုသို့ တွေ့ဆုံရာတွင် အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အတွက် အကူအညီပေးရန် ကတိပြု ပြောကြားခဲ့သည်။

မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး အကောင်အထည် ဖော်မှုများကို အမေရိကန်က ထောက်ခံသော လက္ခဏာ တစ်ရပ်ဖြစ်သည့် အိမ်ဖြူတော်၌ တွေ့ဆုံရာတွင် အမေရိကန်သမ္မတ အိုဘားမားက မြန်မာသမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်မှုများအတွက် ချီးကျူးခဲ့ပြီး မြန်မာနိုင်ငံတွင် မွတ်စလင်များအပေါ် အကြမ်းဖက်မှုများ ရပ်ဆိုင်းရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိမ်ဖြူတော်သို့ ပထမဆုံး လာရောက်သည့် သမ္မတဦးသိန်းစိန်အား ကြိုဆိုရင်း အိုဘားမားက မြန်မာနိုင်ငံကို ယခင်က ခေါ်ဝေါ်သုံးစွဲခဲ့သော ''ဘားမား'' အစား တရားဝင်နာမည် ''မြန်မာ'' ဟု သုံးနှုန်းခဲ့ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင်မှု အပြည့်အ၀ အကောင်အထည် ပေါ်လာရေး တွန်းအားပေးခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သမ္မတ အိုဘားမားနှင့် တွေ့ဆုံရာတွင် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှုများ ရှေ့ဆက်ဖြစ်ပေါ်ရေး ကတိပြုခဲ့သည်။

အိမ်ဖြူတော်ရှိ နာမည်ကျော် ဘဲဥပုံ ရုံးခန်းတွင် အတူယှဉ်ထိုင်ရင်း နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးသည် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ ဆက်လက် အကောင်အထည်ဖော်ရေး၊ နိုင်ငံရေး အကျဉ်းသားများ ဆက်လက် လွှတ်ပေးရေးတို့ကို ဆွေးနွေးခဲ့သည်။ သမ္မတနှစ်ဦး၏ တွေ့ဆုံမှုအပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် သမ္မတ ဦးသိန်းစိန်က စကားပြန်မှတစ်ဆင့် မြန်မာနိုင်ငံ၌ စိန်ခေါ်မှုများစွာ ရှိနေကြောင်း၊ သမ္မတအိုဘားမား၏ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံသွားမည့် မူဝါဒသည် မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ကူညီရာရောက်ကြောင်း၊ ယင်းအတွက်ကြောင့် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန်သည် ၄၇ နှစ်အတွင်း အိမ်ဖြူတော်၌ ကြိုဆိုခံရသည့် ပထမဆုံး မြန်မာသမ္မတ ဖြစ်လာခဲ့ပြီး ယင်းသည် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာနှင့် နှစ်ပေါင်းများစွာ ကင်းကွာခဲ့ရာမှ သံတမန်ရေး မှတ်တိုင်တစ်ခု ပြန်လည်ထူထောင် လာနိုင်ခြင်းလည်း ဖြစ်သည်။

၁၉၆၆ ခုနှစ်တွင် သမ္မတဂျွန်ဆင်၏ ဖိတ်ကြားချက်အရ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းသည် အမေရိကန် အိမ်ဖြူတော်သို့ သွားရောက်ပြီး သမ္မတ ဂျွန်ဆင်နှင့် တွေ့ဆုံဆွေးနွေး ခဲ့ဖူးသည်။

ယခုကဲ့သို့ မြန်မာသမ္မတတစ်ဦး အနေဖြင့် အမေရိကန်သမ္မတ အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးနိုင်သည့် အနေအထားသည် ပြီးခဲ့သည့်နှစ်များက စဉ်းစား၍ပင် မရသည့် အရာတစ်ခု ဖြစ်ခဲ့သည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ဖိတ်ကြားချက်အရ အမေရိကန်သို့ အလုပ်သဘော ခရီးသွားရောက်သည့် သမ္မတ ဦးသိန်းစိန်သည် ၀ါရှင်တန် စံတော်ချိန် မေ ၁၈ ရက် နံနက်ပိုင်းတွင် ၀ါရှင်တန်ဒီစီသို့ ရောက်ရှိခဲ့သည်။

ယင်းသည် သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ လာရောက်ပြီး ခြောက်လအကြာတွင် မြန်မာသမ္မတ အမေရိကန်သို့ ယခုလို သွားရောက်ခြင်းလည်း ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ သမိုင်းဝင် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သမ္မတအိုဘားမားနှင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက် တွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဧည့်ခန်းမ၌ ပထမဆုံး တွေ့ဆုံ ဆွေးနွေးခဲ့ဖူးသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံတွင် အမေရိကန် ကုမ္ပဏီကြီးများ လာရောက်ရင်းနှီး မြှုပ်နှံရန်၊ အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီနှင့် အမေရိကန် ကုန်သည်ကြီးများ အသင်းတို့နှင့် တွေ့ဆုံသွားရန် စီစဉ်ထားသည်။

သမ္မတဦးသိန်းစိန်အား အိမ်ဖြူတော်သို့ ဖိတ်ခေါ်ဆွေးနွေးခြင်းသည် စောလွန်းရာရောက်ပြီး အချိန်မတန် သေးကြောင်းနှင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ကိစ္စအချို့နှင့် ပြုပြင်ပြောင်းလဲရေးများ ဆက်လက် အကောင်အထည်ဖော်ရန် လိုအပ်နေသေးကြောင်း လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့အချို့က ဝေဖန်ခဲ့ကြသည်။

မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ကာကွယ်စောင့်ရှောက်ရေး တို့တွင် ဆက်လက် လုပ်ဆောင်သွားရန် ကျန်ရှိနေသေးသော်လည်း ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှုများတွင် တိုးတက်မှုများ ရှိနေသည်ကို လျော့တွက်၍ မရကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ပါစကီးက မေ ၁၇ ရက်တွင် ပြောကြားသည်။

''ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ မြန်မာနိုင်ငံအနေနဲ့ တိုးတက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ အချက်ကို ကျွန်မတို့အနေနဲ့ လျော့တွက်လို့ မရပါဘူး။ လုပ်စရာတွေ အများကြီး ကျန်ရှိနေသေးတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ်လို့ သူတို့ လုပ်ဆောင်ခဲ့တဲ့ တိုးတက်မှုတွေဟာ သိသာထင်ရှား လွန်းပါတယ်'' ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ပါစကီးက နိုင်ငံရေး အကျဉ်းသား ၂၃ ဦးအား မြန်မာအစိုးရက လွှတ်ပေးအပြီးတွင် ပြောကြားသည်။

၎င်းက မြန်မာအစိုးရက နောက်ထပ်နိုင်ငံရေး အကျဉ်းသားအချို့အား မေ ၁၆ ရက် တွင် လွှတ်ပေးခဲ့မှုကို အမေရိကန်အနေဖြင့် ကြိုဆိုပါကြောင်းလည်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန် အစိုးရ ၂၀၁၁ ခုနှစ် မတ်လက စတက်လာပြီးနောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နေသောကြောင့် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို တစ်ဆင့်ပြီးတစ်ဆင့် ရုပ်သိမ်းနေသလို မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အားပေးသည့် အနေဖြင့် အမေရိကန်သည် အမေရိကန်ဒေါ်လာ ၇၅ ဒသမ ၄ သန်းတန်ဖိုးရှိ ကူညီထောက်ပံ့မှုကို လာမည့် ၂၀၁၄ ခုနှစ်တွင် ပေးအပ်ရန် အဆိုပြုထားသည်။

ယင်းပမာဏသည် ၂၀၁၂ ခုနှစ်တွင် ပေးအပ်ခဲ့သည့် ပမာဏထက် အမေရိကန် ဒေါ်လာ ၂၈ ဒသမ ၈ သန်း သိသိသာသာ တိုးမြင့်လာခြင်း ဖြစ်ကြောင်း သိရသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား လက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏ မူဝါဒကို ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးသည့် လမ်းစဉ်ကို ကျင့်သုံးလာခဲ့သည်။ အမေရိကန်-မြန်မာ သံတမန် ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်ကတည်းက စတင်ခဲ့သည်။

သမ္မတဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ အိမ်ဖြူတော်တွင် မေ ၂၀ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့် (မေ ၂၀ ရက် မြန်မာစံတော်ချိန် နံနက် ၀၀း၃၀ နာရီခန့်) က တွေ့ဆုံစဉ် (Photo: AFP)
သမ္မတဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ အိမ်ဖြူတော်တွင် မေ ၂၀ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့် (မေ ၂၀ ရက် မြန်မာစံတော်ချိန် နံနက် ၀၀း၃၀ နာရီခန့်) က တွေ့ဆုံစဉ် (Photo: AFP)
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့သည် ၀ါရှင်တန်ရှိ အိမ်ဖြူတော် ၌ မေ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့် (မြန်မာစံတော်ချိန် မေ ၂၁ ရက် နံနက်အစောပိုင်း) က သမိုင်းဝင်တွေ့ ဆုံ ဆွေးနွေးခဲ့ကြသည်။ ထိုသို့ တွေ့ဆုံရာတွင် အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အတွက် အကူအညီပေးရန် ကတိပြု ပြောကြားခဲ့သည်။

မိတ္ထီလာ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး အရေးပေါ်အစည်းအဝေးခေါ်ယူ

Photo: မိတ္ထီလာ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး အရေးပေါ်အစည်းအဝေးခေါ်ယူ
Tuesday, May 21, 2103

မိတ္ထီလာ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတက အရေးပေါ်အခြေအနေ ကြေညာထားတာ ရက်ပေါင်း ၆၀ ပြည့်တာကြောင့် အခြေခံ ဥပဒေပြဌာန်းချက်အရ ဒီကိစ္စကို ဆွေးနွေးဖို့ ဒီနေ့မှာ ပြည်ထောင်စု လွှတ်တော်အရေးပေါ် အစည်းအဝေးကို စတင်ခဲ့ပါတယ်။

ဒီနေ့ အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က အဲဒီ အရေးပေါ် ဥပဒေကို ဆက်လက်ထားရှိဖို့ အဆိုတင်သွင်းသွားပါတယ်။

ဒုက္ခသည်တွေ အားလုံး သက်ဆိုင်ရာ နေအိမ်တွေပြန်ရောက်မှသာ သမ္မတထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ အရေးပေါ် ဥပဒေကို ရုတ်သိမ်းသင့်ကြောင်း မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က အခုလိုပြောပါတယ် ။

" ဒုက္ခသည်တွေက မူဆလင်ဒုက္ခသည်တွေရော ဗုဒ္ဓဘာသာဒုက္ခသည်တွေရော စခန်းမှာရှိနေသမျှကာလပတ်လုံးက အခြေအနေက ပုံမှန်ပြန်မဖြစ်သေးဘူး၊ သူတို့ပြန်ရောက်မှသာလျှင် ပုဒ်မ ၁၄၄ ကိုပြန်လည်ရုတ်သိမ်းဖို့ တိုက်တွန်းတာပေါ့၊ အဲ့ဒါက တစ်လဖြစ်ရင်ဖြစ်မယ် နှစ်လဖြစ်ရင်ဖြစ်မယ် အကန့်အသတ်ထားတာတော့ ကျွန်တော်တို့ မထောက်ခံဘူး၊ ရပ်ကွက်လိုက် ရပ်ကွက်လိုက်ကင်းစောင့်တာတွေ ဘာတွေက အဲ့ဒါတွေကြောင့်ဖြစ်တာ၊ မီးလန့်တာတွေဖြစ်တယ်၊ မှောင်ရိပ်ခိုပြီးမှ ချဉ်းကပ်တာတွေကရှိတယ်၊ ဘယ်သူက ချဉ်းကပ်ပြီးဘယ်လိုလုပ်နေတယ်ဆိုတာက ခုထိ ဖော်ထုတ်လို့ မရသေးဘူး၊ ဒါတွေက ရပ်ကွက်လိုက်ဖြစ်ပြီဆိုတာနဲ့ အကုန်လုံးက ညမှာ ကျီးလန့်စာစားဖြစ်ရတော့တာပဲ၊ အဲ့ဒါတွေရှိနေတဲ့ အတွက်ကြောင့်မို့ ကျွန်တော်က ၁၄၄ ကို ဆက်ထားစေချင်တာ"

မိတ္တီလာမြို့ မှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ မတ်လ ၂၂ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိတ္တီလာ၊ ဝမ်းတွင်း၊ မလှိုင်နဲ့ သာစည်မြို့နယ်တွေမှာ အရေးပေါ် အမိန့် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို အရေးပေါ် အခြေအနေ ကြေညာပြီး ရက်ပေါင်း ၆၀ ပြည့်ရင် ပြည်ထောင်စုလွှတ်တော် အရေးပေါ် အစည်းအဝေး ခေါ်ယူရမယ်လို့ ပါရှိကြောင်း သိရပါတယ်။

မိတ္ထီလာနဲ့ မြို့နယ်တချို့မှာ ထုတ်ပြန်ထားတဲ့ အရေးပေါ် အမိန့်ကို ဆက်လက်ထားရှိ သင့်- မသင့် ဆိုတာကို မနက်ဖြန် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

RFA
မိတ္ထီလာ အဓိကရုဏ်းနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတက အရေးပေါ်အခြေအနေ ကြေညာထားတာ ရက်ပေါင်း ၆၀ ပြည့်တာကြောင့် အခြေခံ ဥပဒေပြဌာန်းချက်အရ ဒီကိစ္စကို ဆွေးနွေးဖို့ ဒီနေ့မှာ ပြည်ထောင်စု လွှတ်တော်အရေးပေါ် အစည်းအဝေးကို စတင်ခဲ့ပါတယ်။