Tuesday, October 16, 2012

ငြိမ်းချမ်းရေး ဆန္ဒပြသူများ တရားရုံး တစ်ရုံးစီ တွင် ရုံးချိန်းရင်ဆိုင်ပြီးမှသာ အမှုပေါင်းစစ်ခွင့် ရနိုင်မည်

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး နေ့တွင် ခွင့်ပြုမိန့် မရ ဘဲ စုဝေး လှည့်လည် ဆန္ဒ ပြသောကြောင့် မြို့နယ် တရားရုံး ၁ဝရုံးတွင် တရား ရင်ဆိုင်နေရ သည့် ကိုမိုးသွေး၊ ကိုကျော်ကျော်ဗိုလ်၊ မခင်စန္ဒာညွန့် နှင့် မဖွေးယုမွန် တို့သည် တရားရုံး တစ်ရုံးစီတွင် တရား ရင်ဆိုင်ပြီး ပြစ်မှုကြီး အမှု အမှတ် ရရှိမှသာ အမှုကို တစ်ပေါင်းတည်း စစ်ရန် လျောက်ထားခွင့် ရမည် ဖြစ်ကြောင်း မခင်စန္ဒာညွန့်က The Voice Weekly သို့ ပြောကြား သည်။

တရားဝင် မွန်နိုင်ငံရေးပါတီ နှစ်ခု ၂၀၁၄ မှာ အမည်သစ်ဖြင့် ပေါင်းရန် သဘောတူ


mon

စံခလပူရီ (မဇ္ဈိမ) ။         ။ တရားဝင် မွန်နိုင်ငံရေးပါတီ နှစ်ခု ဖြစ် သည့် မွန်ဒေ လုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMRDP) နှင့် မွန်ဒီမိုကရေစီပါတီ (MDP) တို့သည် ၂ဝ၁၄ နှစ်ကုန်၌ အမည်သစ် တခုဖြင့် ပေါင်းစည်းကြရန် နှစ်ဖက် ပါတီခေါင်းဆောင်များက သဘော တူညီလိုက်ကြသည်။လတ်တလော၌ လုပ်ငန်းတူများကို Join Action (ပူးတွဲဆောင်ရွက်မှု) အနေဖြင့် ပေါင်းစည်း လုပ်ဆောင် သွားကြ မည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၃ ရက်နေ့က ပူးတွဲ သဘော ထား ထုတ်ပြန်လိုက်ကြသည်။

ရန်ကုန်မြို့တွင် ယာဉ်လိုင်းသစ်များ ထပ်တိုးရန်ရှိ



ဂျပန်ကား ကုမ္ပဏီ လီမိတက် (JCCL) နှင့် ရထားပို့ဆောင်ရေး ဝန်ကြီး ဌာနလက်အောက်ရှိ ကုန်းလမ်းပို့ဆောင်ရေး (ကပရ) တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု အနေဖြင့် ခရီးသည်တင်ယာဉ်၊ တက္ကစီ၊ အဝေးပြေးယာဉ်၊ ကုန်တင်ယာဉ် ပြေးဆွဲရေး လုပ်ငန်းများ အတွက် ယာဉ်အစီး ၃၀၀၀ ကျော်ကို ဆက်တိုက် တင်သွင်းသွားရန် ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ တရားမ၀င် ရွှေ့ပြောင်း အလုပ်သမား ၄ သိန်းခန့် ပြန်ပို့ ခံရနိုင်



ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်း အလုပ်သမား ၄ သိန်းခန့်သည် လာမည့် ဒီဇင်ဘာလ အတွင်း ၎င်း တို့၏ နိုင်ငံများသို့ ပြန်ပို့ခံရဖွယ်ရှိသည်ဟု ထိုင်း အလုပ်သမား ၀န်ကြီးဌာနက ပြောကြားလိုက်သည်။ရွှေ့ပြောင်း အလုပ်သမား အရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ထိုင်း အလုပ်သမား

ယခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု(အကယ်ဒမီ) ချီးမြှင့်ခြင်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ၌ပြုလုပ်မည်

ယခုနှစ်မြန်မာ့ရုပ်ရှင် ထူးချွန်ဆု(အကယ်ဒမီ)ချီးမြှင့်ခြင်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအား ကစားရုံ ၌ပြု လုပ်သွားမည်ဟု မြန်မာ့ ရုပ်ရှင်လုပ်ငန်းမှ တရားဝင်သတင်း ထုတ်ပြ န်ေ ကြညာ ခဲ့သည်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ၂၀၀၇ ခုနှစ်မှစ တင်ကာ နေပြည်တော်၌ ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်ပြီ

အင်တာနက်ဆိုင်များ၌ Internet သုံးစွဲသူနည်းလာ

ဖုန်းများတွင် အင်တာနက်ဖွင့်ခွင့် ပေးလိုက်သဖြင့် အင်တာနက်ဆိုင်များ၌ စက်သုံးသူ (အင်တာနက် အသုံးပြုသူ) ယခင်ကလောက် မများေ တာ့ကြောင်း အောက်တိုဘာ ၁၅ ရက်က အင်တာနက်ဆိုင် တာဝန်ခံ တစ်ဦး၏ ပြောကြားချက်များအရ သိရသည်။ “ကျွန်တော်တို့ဆိုင်မှာ စက် ၂၄ လုံး ရှိပါတယ်။ ခါတိုင်းဆို

ရွေးချယ်ခံ ဗဟိုကော်မတီဝင် များ၏ ကတိသစ္စာပြုချက် ၆ချက်



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဗဟိုကော်မတီဝင်သစ်များ ယနေ့ရွေးချယ် တင်မြှောက်မည်ဖြစ်ရာ ရွေးချယ်ခံ ဗဟိုကော်မတီဝင် များက ကတိသစ္စာပြုချက် ၆ချက် ကို လေးနက်တည်ကြည်စွာဖြင့်ကတိသစ္စာပြုရမည်ဟု သိရသည်။

ရွေးချယ်ခံဗဟိုကော်မတီဝင်များ ကတိပြုရမည့် အချက်၆ချက်မှာ-

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဌအဖြစ် ဦသိန်းစိန်ဆက်လက်တာဝန်ထမ်းဆောင်မည်“

Photo: ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဌအဖြစ် ဦသိန်းစိန်ဆက်လက်တာဝန်ထမ်းဆောင်မည်“

နေပြည်တော်၊အောက်တိုဘာ၊၁၆

                                     
  
                                        ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီညီလာခံယနေ့ညနေ( ၅း၃၀ )အချိန်တွင်ရွေး
ချယ်တင်မြှောက်ခံရသူတို့၏အမည်စာရင်းများကို ကြေငြာခဲ့ရာ ပြန်လည်ရွေးချယ်ခံရသူသောဥက္ကဌ၊ဒုတိယဥက္ကဌ
၊အထွေထွေအတွင်းရေးမှူးတို့မှာ
ဥက္ကဌအဖြစ်ဦးသိန်းစိန်(နိုင်ငံတော်သမ္မတ) ၊ဒုတိယဥက္ကဌအဖြစ်သူရဦးရွှေမန်း၊သူရဦးအေးမြင့်၊ဦးဌေးဦး  ၊အထွေထွေအတွင်းရေးမှုးအ
ဖ်ြစ်ဦးမောင်မောင်သိမ်း ၊တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ်ဦးသိန်းဇော် ၊အတွင်းရေးမှူုးများအဖြစ် ဦးခင်အောင်မြင့်၊ဦးသိန်းဆွေသူရဦးအောင်ကို တို့ဖြစ်ကြသည်။
                                        ဒုတိယဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်မည့်သူရဦးရွှေမန်းမှာဥက္ကဌတာဝန်များကို ပူးတွဲထမ်းဆောင်ရ
မည်ဖြစ်ကြောင်းသတင်းရရှိသည်။
                                         ယင်းပါတီတွင်ယခင်ကတာဝန်ထမ်းဆောင်ခဲ့ကြသူများမှာ ဥက္ကဌ ဦင်္းသိန်းစိန်(ယခုနိုင်ငံတော်သမ္မတ)၊
ဒုတိယဥက္ကဌ သူရဦးရွှေမန်းနှင့်အထွေထွေအတွင်းရေးမှုး ဦးဌေးဦးတို့ဖြစ်ကြကြောင်းသိရသည်။
                                                                                                                           စွမ်းရဲထွဋ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီညီလာခံယနေ့ညနေ( ၅း၃၀ ) အချိန်တွင်ရွေးချယ်တင်မြှောက်ခံရသူတို့၏အမည်စာရင်းများ ကို ကြေငြာခဲ့ရာ ပြန်လည်ရွေးချယ်ခံရသူသောဥက္ကဌ၊ဒုတိယ ဥက္ကဌ၊ အထွေထွေ အတွင်းေ ရး မှူးတို့မှာဥက္ကဌအဖြစ်ဦးသိန်းစိန်(နိုင်ငံတော် သမ္မတ) ၊ဒုတိယဥက္ကဌအဖြစ်သူရဦးရွှေမန်း၊သူရဦးအေးမြင့်၊ ဦးဌေးဦး

တာကာငွေ ၂ ကုဋေ ကျော်ဖိုး ယာဘားဆေးပြားများ ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့ ထပ်မံ ဖမ်းဆီးမိ

တာကာငွေ ၂ ဒဿမ ၁၄ ကုဋေ ဖိုးခန့်ရှိသည့် ယာဘားဆေးပြား ၆၇၁၃၅ ပြားကို ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့က နယ်စပ်မြို့ တက်ကနက်တွင် ဖမ်းဆီး ရမိကြောင်း သက်ဆိုင်ရာက သတင်း ထုတ်ပြန်   ကြေညာသည်။

နေ ၄ စင်းထွန်းလင်းသော ဂြိုဟ်သစ်တစ်လုံး ရှာဖွေတွေ့ရှိ


နက္ခတ်ဗေဒ ပညာရှင်များသည် နေ(၄)စင်းနှင့် ထွန်းလင်းနေသော ဂြိုဟ်တစ်လုံးကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဂြိုဟ် ၏ ကောင်းကင်ယံတွင် နေ(၄)စင်း ထွန်းလင်းနေလေ့ရှိရာ အဆိုပါတွေ့ ရှိမှုမှာ နက္ခတ်ဗေဒ ပညာရပ် သမိုင်းတွင် ပထမဆုံး တွေ့ရှိ မှုမျိုး ဖြစ်လာခဲ့ သည်။ နက္ခတ်ဗေဒ ပညာရှင်များ သည် နေ(၄)စင်းနှင့်

ကျောက်မဲ၌ ကြေးဘုရားရုပ်ပွားတော် ခြေတော်ရင်းမှ ဖြတ်၍ ခိုးယူခံရ


ရှမ်းပြည်နယ် မြောက်ပိုင်းကျောက်မဲမြို့၌ ကြေးဘုရားရုပ်ပွားတော်တစ် ဆူ ပျောက် ဆုံးမှုဖြစ်ပွားပြီး နောက် တွင်ဘုရားစေတီများရှိကြေးဘုရားများ အတွက် ဒေသခံများက စိုးရိမ်ပူပန်မှုများလျှက်ရှိသည်။ ယင်းကဲ့သို့ ဘုရားရုပ် ပွားတော်ပျောက်ဆုံးမှုမှာ ကျောက်မဲမြို့တည်ရှိခဲ့ပြီးနှစ်ပေါင်း(၈၀)ကျော်အတွင်း ပထမဆုံး အကြိမ် ပျောက်ဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အောက်တို ဘာလ (၉)ရက်နေ့ညပိုင်းက အမှတ်(၂)ရပ် ကွက် ကျောက်တောင်ရပ်ရှိ အေးစေတီ ဘုရား တည်ထားရာ တောင်ပေါ်၌ ဥာဏ်တော်အမြင့် (၁၃)လက်မရှိေ သာ ကြေးဘုရားရုပ်ပွားတော်တစ်ဆူကို ခြေတော်ရင်းမှဖြတ်တောက်၍ ခိုးယူ ခံခဲ့ရခြင်းဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဌအတိုင်ပင်ခံအဖွဲ့အတည်ပြုရွေးချယ်

ယနေ့ကျင်းပသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ညီလာခံတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဌအတိုင်ပင်ခံအဖွဲအဖြစ် -
(က) ဦးအောင်သောင်း
(ခ) ဦးတင်ထွတ်
(ဂ)  ဦးစိုးသာတို့သုံးဦးကိုရွေးချယ်ခဲ့ပြီး၎င်းသုံးဦးသည် ဒုတိယဥက္ကဌနှင့် ရာထူးတူမည်ဖြစ်သည်။

“ပြည်ခိုင်ဖြိုးဖွဲ့စည်းပုံအသစ်အရ ဗဟိုကော်မတီနှင့်အရန်ဗဟိုကော်မတီဝင် အရေအတွက် (၁၄)ဦးလျော့မည်”

တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်အသစ်ဖွဲစည်းမည့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မ တီဝင်နှင့်အရံဗဟိုကော်မတီဝင်တို့တွင် မူလအရေအတွက်
အောက်(၁၄)ဦးလျော့ချဖွဲစည်း မည်ဟု     သိရသည်။ မူလဖွဲ့စည်းထား သည့် ဗဟိုကော်မတီဝင်နှင့်အရန်ဗဟိုကော်မတီဝင် စုစုပေါင်းမှာ ဦးရေသုံးရာဖြစ်သည်။

ကော့သောင်းရှိကျောက်မီးသွေးစက်ရုံဖျက်သိမ်းရန် ဒေသခံ ၂၀၀ ကျော်ဆန္ဒဖော်ထုတ်

ကော့သောင်းရှိရွှေပြည်သာရပ်ကွက်နှင့်အေးရိပ်ငြိမ်ရပ်ကွက်ကြား ကျောက် မီးသွေးစက်ရုံ၏ ဆူညံမှုများကြောင့် ဖျက်သိမ်းရန် ဒေသခံ ၂၀၀ခန့်စီတန်း လှည့်လည် ဆန္ဒထုတ်ဖော်လျှက်ရှိကြောင်းသိရသည်။အဆိုပါစက်ရုံ၏ ဆူညံမှုကြောင့် ပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောင်းများ၊စာသင်ကျောင်းများ၊ဒေသခံများအား စိတ်အနှောက်အယှက်ဖြစ်ကာ ကလေးများစာ

ရန်ကုန်မြို့တွင် ဟိုတယ်၊ Shopping Mall၊ ပုဂ္ဂလိကစာသင်ကျောင်းနှင့် အထူးကုဆေးရုံ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အဆိုပြုတင်ဒါ ခေါ်ယူ

https://encrypted-tbn3.gstatic.com/images?q=tbn:ANd9GcSieDcRoAJlKrz4WEBhcWRuTWCyM21gzzk0QBfFPJRaLFQQye22
နိုင်ငံတော်တွင် စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာတွင် အထောက်အကူဖြစ်စေရန် ရန်ကုန်မြို့ရှိ (က) ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ် (၁၂၊ ၁၃၊ ၁၄၊ ၁၅ ကံဘဲ့)၊ မြေကွက်အမှတ် (၁/က+၁/ခ၊ ၁/ဃ+၁/င)

ဂိုဏ်းဖွဲ့အကြမ်းဖက် ကျူးလွန်မှုများကို နိုင်ငံတကာ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းနှိမ်နင်းမည်

ဂိုဏ်းဖွဲ့ကျူးလွန်မှုများနှင့် အကြမ်းဖက်မှုများအတွက် ဥရောပနိုင်ငံ များရှိ နိုင်ငံတကာရဲတပ်ဖွဲ့များနှင့် ပူးပေါင်းကာ နှိမ်နင်းသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။ ယင်းကဲ့သို့ ဆောင် ရွက်နိုင်ရန် အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ပြင်သစ်နိုင်ငံတွင် ကျင်းပသည့် ဂိုဏ်းဖွဲ့ကျူးလွန်မှုနှင့် အကြမ်းဖက်မှုများကို နှိမ်နင်းရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သမ္မတနှင့် မိတ်ဆွေ ၁၀ ပါတီ ဒုတိယအကြိမ် တွေ့ဆုံမည်

နိုင်ငံတော်သမ္မတနှင့် ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီတို့ မကြာမီ ရက်ပိုင်းအတွင်း ဒုတိယအကြိမ် တွေ့ဆုံမည်ဖြစ်ကြောင်း မိတ်ဆွေ ၁၀ ပါတီဝင် ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ဆိုသည်။ ထိုသို့ တွေ့ဆုံရန် နိုင်ငံတော်သမ္မတရုံးမှ အကြောင်းကြား ထားခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ၏ ကိုရီးယားနိုင်ငံ ချစ်ကြည်ရေး

ပြန်ကြားရေး ဒုဝန်ကြီးက စာနယ်ကောင်စီ (ယာယီ) ရဲ့စကားကို မေးခွန်းထုတ်

 Ye Htut


ပြန်ကြားရေးဝန်ကြီးဌာနက အားကစားဂျာနယ်တွေမှာ လောင်းကြေးတွေေ ဖ်ာပြနေတာနဲ့ပတ်သက်ပြီး စာနယ်ဇင်းကောင်စီ အနေနဲ့     လိုအပ်သလို ကြပ်မတ်ထိန်းကျောင်းနိုင်ဖို့အတွက် အကြောင်းကြားခဲ့ပါတယ်။       အေ ကြာင်း ကြားတဲ့စာနဲ့အတူ လောင်းကြေးဖော်ပြထားတဲ့ ဂျာနယ်စာမျက်နှာ များရဲ့မိတ္တူများပါပေးပို့ခဲ့ပါတယ်။

OIC နှင့်ပတ်သက်၍ မည်သည့်အရာမျှ မရှိဟု ကြက်ခြေနီအသင်းငြင်းဆို

OIC နှင့်ပတ်သက်သည့် မည်သည့်အရာမျှ မြန်မာ့ကြက်ခြေနီရုံးတွင် မရှိကြောင်း ရန်ကုန်မြို့ကမ်နားလမ်းရှိ အဆိုပါရုံးမှ တာဝန်ရှိသူများ က အောက်တိုဘာလ ၁၆ ရက် မွန်းလွဲ ၁ နာရီက ပေါ်ပြူလာနယူးစ်မှ သွားရောက်တွေ့ဆုံစဉ်ပြောကြားသည်။

ရခိုင်လူငယ် တစ်ဦး တိုက်ခိုက်သူများကို အရေးယူ အပြစ်ပေးရန် အ၀ကျွန်းတွင် ရခိုင်အမျိုးသား ၅၀ ခန့် ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြ


ဘင်္ဂလာဒေခ်ျ့နိုင်ငံ အ၀ကျွန်းတွင် ရခိုင်လူငယ် တစ်ဦးအား တိုက်ခိုက်ခဲ့သူများအား တရားဥပဒေနှင့် အညီ အရေးယူ အပြစ်ပေးရန် ရခိုင်လူမျိုး ၅၀ ခန့်က ကွားကတားမြို့တွင် ငြိမ်းချမ်းစွာ စီတန်းပြီး တောင်းဆို  ဆန္ဒပြ ခဲ့ကြဟု သိရသည်။အဆိုပါ သတင်းအား ယနေ့ထုတ် The Daily Star သတင်းစာ တွင် ဖေါ်ပြရာတွင် ဆန္ဒပြသူများသည် တစ်ဦးနှင်း တစ်ဦး လက်ချင်းချိတ်ပြီး  စီတန်းကာ ဆန္ဒပြ တောင်းဆိုခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံအတွင်းသို့ခိုးဝင်လာသည့်ဘင်္ဂါလီများကလေးဒေသတွင် အုပ်စုလိုက်ရက်ဆက်ဖမ်းမိနေ

ကလေးဒေသတွင်မြန်မာအိန်္ဒိယဖက်မှခိုးဝင်လာသောဘင်္ဂါလီများ မကြာခ ဏ ဖမ်းမိလျှက်ရှိ့ရာယခုအောက်တိုဘာလ(၁၄)ရက်နေ့က၊ကေ လးမြိြုေ မာက်ပိုင်းသာယာကုန်းရွာမှဒေသခံတို့ဖမ်း ဆီးမိခဲ့သော ဘင်္ဂါလီများ မှာဦးရေအများဆုံးဖြစ်ကြောင်းသိရသည်။ခိုးဝင်လာသည့်ဘင်္ဂါလီ(၁၆)ယောက်ဖြစ်ပြီးထူးခြားချက်မှာကလေးဒေသတွင်ဖမ်းမိသော

ကော့သောင်းရှိကျောက်မီးသွေးစက်ရုံဖျက်သိမ်းရန် ဒေသခံ ၂၀၀ ကျော်ဆန္ဒဖော်ထုတ်နေကြပြီ

ကော့သောင်းရှိရွှေပြည်သာ  ရပ်ကွက်နှင့်အေးရိပ်ငြိမ်ရပ်ကွက် ကြား   ကျောက် မီးသွေးစက်ရုံ၏ ဆူညံမှုများကြောင့် ဖျက်သိမ်းရန် ဒေသခံ ၂၀၀ခန့်စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်လျှက်ရှိကြောင်း       သိရသည်။
အဆိုပါ စက်ရုံ၏ ဆူညံမှုကြောင့် ပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောင်း များ၊စာသင်ကျောင်းများ၊ဒေသခံများအား

OIC ရုံး ဖွင့်ခွင့်မပြုချင်းသည် လူသားချင်းစာနာမှု အကူအညီများ လက်မခံခြင်း မဟုတ်

သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သူ၏ အင်တာနက် လူမှု စာမျက်နှာတွင်       ဖော်ပြထားသည် OIC ရုံး   ဖွင့်ခွင့်      မပြုဆိုသည်မှာ
နိုင်ငံတ ကာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို လက်မခံဘူးဆိုတဲ့       သဘောမဟုတ်ဘူးဆိုတာ    ရှင်းလင်းထားတာကို
ပြန်လည် တင်ပြပေးလိုက်ပါတယ်။

NDPD ပါတီနှင့် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Michael H.Paser တို့ တွေ့ဆုံဆွေးနွေး

NDPD ပါတီမှ ဦးသာအေး (ခ) အာဘူတာဟေရ် သည် ယနေ့(၁၅-၁၀-၂၀၁၂)နေ့တွင် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးMr. Michael H.Paser
နှင့်တွေ့ဆုံဆွေးနွေးရာတွင် -

စက်သုံးဆီဆိုင်များရှိ လီတာပန့်များ၏ တစ်ဂါလန် အမှန်ဆီထွက်နှုန်းအား ၄ ဒသမ ၅၄၆ လီတာအဖြစ် စံသတ်မှတ်ပြီး တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်ရောင်းချရမည်

စက်သုံးဆီ အရောင်းဆိုင်များရှိ လီတာပန့်များ၏ တစ်ဂါလန် အမှန်ဆီထွက်နှုန်းအားကို ၄ ဒသမ ၅၄၆ လီတာအဖြစ် စံနှုန်းသတ်မှတ်ပြီး တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်ရောင်းချရန် စွမ်းအင်ဝန်ကြီး ဌာနမှ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ပါသည်။ စက်သုံးဆီဆိုင်ရှိ လီတာပန့်များ၏ Display Unit တွင် ၄ ဒသမ ၅ လီတာဟု ဖော်ပြသည့် အချိန်တွင်အမှန်ဆီထွက်နှုန်းအား ကို ၄ ဒသမ

တောင်ငူမြို့ သောက်ရေခပ်တမံပိတ် ဆို့မှုကြောင့် ရေလျှံထွက်ပြီးဒေသခံများ ကူးသန်းရောင်းဝယ်ရန် အခက်ကြုံ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် မြန်မာအစိုးရနှင့် ရွှေစွမ်းအင်(အေးရှားဝေါ)
ကုမ္ပဏီတို့ ပူးပေါင်းသည့် သောက်ရေခပ် ရေလှောင်တမံ ပိတ်ဆို့မှုကြောင့်
ချောင်းရေစီးဆင်းမှု ရပ်တန့်ကာ ရေလျှံထွက်သည့်အတွက်   တောင်သူဒေ
သခံလူထုမှာ ကုန်စိမ်းများ ကူးသန်းရောင်းဝယ်ရန် လမ်းပမ်းဆက်သွယ်ေ
ရး ခက်ခဲလျှက်ရှိသည်။

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ရာထူးများ ယနေ့ ရွေးချယ်မည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ယနေ့ကျင်းပသော ပါတီညီလာခံတွင် ပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ နာယကအဖွဲ့၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက် အထွေထွေအတွင်းရေးမှူး၊ အတွင်းရေးမှူးများ ကို ပြန်လည်ရွေး ချယ်အတည်ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင်ပတ္တမြားအထွက်နှုန်း ကျဆင်းလာ


မြန်မာနိုင်ငံမှထွက်ရှိသော ပတ္တြမားအထွက်နှုန်းမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုကျဆင်းလာကြောင်း SPGEMS & JEWELRY ကုမ္ပဏီမှ ဒါရိုက်တာ ကိုအောင်ကျော်ဇင်ကပြောသည်။မြန်မာနိုင်ငံမှထွက်ရှိသော ပတ္တြမား အထွက်နှုန်းမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုကျဆင်းလာကြောင်း SPGEMS & JEWELRY ကုမ္ပဏီမှ ဒါရိုက်တာ ကိုအောင်ကျော်ဇင်ကပြောသည်။ “ဝယ်လိုအားများလာပြီး ကုန်ကြမ်းရှားလာတဲ့သဘောပါ”ဟု

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ အမည်အလွဲသုံးစားသူများပေါ်ပေါက်



တနသာင်္ရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ၈၈မျိုးဆက်ကျောင်းသားများ အမည်ခံ အဖွဲ့အတု ပေါ်ပေါက်နေခြင်း ကို နိုဝင်ဘာလတွင် သွားရောက်စုံစမ်းမည်ဖြစ်ကြောင်း ၈၈မျိုး ဆက်ကျောင်းသားများအဖွဲ့မှ ကိုပြုံးချိုက ပြော သည်။တနသာင်္ရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ၈၈မျိုး ဆက်ကျောင်းသားများ အမည်ခံ အဖွဲ့အတု ပေါ်ပေါက်နေခြင်း

အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ် အတွင်းရေးမှူး ဦးဝဏ္ဏရွှေနှင့် VOA တို့ တွေ့ဆုံမေးမြန်း

မူဆလင်အဖွဲ့တွေဘက်က သဘောထားကို သိရအောင်လို့ အစ္စလာမ် သာသနာရေးရာကောင်စီ ဌာနချုပ်က ဦးဝဏ္ဏရွှေကို ဗွီအိုအေမြန်မာပိုင်းက မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ OIC ရုံးဖွင့်မယ့်ကိစ္စကို ကန့်ကွက်ဆန္ဒပြမှုတွေက လည်းရှိနေတယ်။ အခုဆိုရင် အစိုးရကလည်း တရားဝင် ထုတ်ပြော

ရဟန်းတော်များ ရန်ကုန်တွင် အိုအိုင်စီ ကိစ္စ ဆန္ဒဖော်ထုတ်ဖော်


Protest OIC-unwanted-Rakhaine-state-Burma

ဒီကနေ့  ရန်ကုန်မြို့မှာ ရဟန်းတော်တွေ အိုအိုင်စီ မြန်မာ နိုင်ငံမှာ ရုံးဖွင့်ရေးနဲ့ ပတ်သက်ပြီး ဆန္ဒ ထုတ်ဖေါ်ခဲ့ကြ ပါတယ်။ဆန္ဒပြပွဲမှာ ရဟန်းတော်များ အပါအ၀င် လူပေါင်း အင်းအား ၁၅၀၀၀ ခန့် ပါဝင်ခဲ့ပါတယ်။ ဒီနေ့ နေ့လည် ၁နာရီအချိန်ကစပြီးတော့ ရဟန်းရှင်လူအပေါင်းဟာ ရွှေတိဂုံ အရှေ့ဖက်မုဒ်ကနေ ဆူလေအထိ စီတန်းလမ်းလျှောက်ပြီးတော့ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

ANA လေကြောင်းလိုင်း တိုကျို- ရန်ကုန် တိုက်ရိုက်ပြေးဆွဲ

ဂျပန်နိုင်ငံ တိုကျိုမှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ All Nippon Airling - ANA လေကြောင်းလိုင်းဟာ ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်နေ့ ညနေမှ စတင်ကာ တိုက်ရိုက်ပြေးဆွဲမှု စတင်ခဲ့ပါတယ်။ပျံသန်းချိန် ၆ နာရီကျော် ကြာမြင့်တဲ့ တိုကျို- ရန်ကုန် လေကြောင်း ခရီးစဉ်အတွက် တပတ်မှာ တနင်္လာ၊ ဗုဒ္ဓဟူး၊ စနေ ၃ ရက်မှာ အသွားအပြန် တကြောင်းစီကို ဘိုရင်း ၇၃၇ ဂျက်လေယာဉ်တွေနဲ့ ပျံသန်းဖို့ ရှိပါတယ်။ 

ရုံးဖွင့်ခွင့် သဘောတူလက်မှတ် ရေးထိုးထားပြီး ဖြစ်ကြောင်း OIC တုန့်ပြန်

အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC  ဆက်ဆံရေးရုံးကို မြန်မာနိုင်ငံထဲမှာ ဖွင့်ခွင့်ပြုမှာ မဟုတ်ဘူးလို့ အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံထဲမှာ OIC ဆက်ဆံရေးရုံး ဖွင့်ခွင့်မပြုဖို့ ဆန္ဒပြပွဲတွေ နေရာ အတော်များများမှာ ဖြစ်ပွားနေချိန်မှာပဲ အခုလို သတင်းထုတ်ပြန်လိုက်တာပါ။ OIC အဖွဲ့ကတော့ အခုလို ရုံးခန်းဖွင့်ဖို့ ပယ်ဖျက်လိုက်တဲ့အကြောင်း