Sunday, November 17, 2013

လက်တစ်ကမ်းမှ အဆိပ်သင့် အစိမ်းရောင်ကမ္ဘာ

သင်ဟာ ဟင်းသီးဟင်းရွက်ကို ခုံမင်စွာ စားသုံးသူတစ်ဦး ဖြစ်နေပါသလား။ ယုတ်စွအဆုံး ထမင်းစားစဉ် ဟင်းသီးဟင်းရွက်တို့ကို အတို့အမြှုပ်အဖြစ်ထည့်သွင်း စားသုံးသူ တစ်ဦး ဟုတ်နေပါသလား။ ဟုတ်မှန်တယ် ဆိုရင် သင်ဟာ ဟင်းသီးဟင်းရွက်ကိုသန့်စင်စွာ စိတ်ချလက် ချဆေးကြောကာ စားသုံးရ ပါမည်။ ထိုသို့ မဟုတ်ပါက ကင် ဆာရောဂါအပါအဝင် လတ်တလော ဘေးဒုက္ခဖြင့် ရင်ဆိုင်ကြုံ တွေ့ရနိုင်သည်ဟု ဇီဝနည်းပညာ ဘာသာ ရပ်ဖြင့် အီတလီမှ ပါရဂူဘွဲ့ ရရှိ ထားသော ဒေါက်တာ သန်း သန်းစိန်က သတိပေး စကားပြောကြားထားသည်။

တရုတ် ပျော်တော်ဆက် ဇနီးအဖြစ် ရောင်းချခံရသော မြန်မာ အမျိုးသမီးများ ပေါက်ဈေး ၂၅ သိန်းမှ သိန်း ၅၀ ကြားရှိ

 
(မြန်မာ-တရုတ်နယ်စပ် ၀င်ပေါက် ထွက်ပေါက် တစ်ခုဖြစ်သော မူဆယ်-ကျယ်ဂေါင် 
နယ်စပ်ဂိတ်အား တွေ့ရစဉ်) 

တရုတ်ပျော်တော်ဆက် ဇနီးအဖြစ် ရောင်းချခံရသော မြန်မာအမျိုးသမီးများ ပေါက်ဈေး ၂၅ သိန်းမှ သိန်း ၅၀ ကြား ရှိနေကြောင်း သိရသည်။

OIC ကိုယ်စားလှယ် အဖွဲ့ မြန်မာ သမ္မတနဲ့ တွေ့ဆုံ ဆွေးနွေး

အဖွဲ့ဝင် ၅၇ နိုင်ငံပါ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကိုယ်စားလှယ်များရဲ့ မြန်မာပြည်ခရီး။အဖွဲ့ဝင် ၅၇ နိုင်ငံပါ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကိုယ်စားလှယ်များရဲ့ မြန်မာပြည်ခရီး။

မြန်မာနိုင်ငံမှာရောက်နေတဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ OIC ရဲ့ အတွင်းရေးမှူးချုပ် ပါမောက္ခ အက်ခ်မယ်လက်ဒင်န် အီဆာနိုဂလူ (Ekmeleddin Ihsanoglu) ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ စနေနေ့ မနက်ပိုင်းက နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။ OIC နဲ့ မြန်မာအစိုးရကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စ အပါအ၀င် ကိစ္စရပ် အများအပြား ကို ဆွေးနွေး ခဲ့ကြပြီးတော့ မြန်မာနိုင်ငံမှာ OIC ရုံးခွဲ ဖွင့်လှစ်ဖို့ မရှိသေးပါဘူးလို့ အတွင်းရေးမှူး ချုပ်က ဗွီအိုအေကိုပြောပါတယ်။ အပြည့်အစုံကိုတော့ OIC အတွင်းရေးမှူးချုပ်ကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

စိတ်သာလျှင် အဓိက

သတ္တ လောကကြီး တွင် ဖြစ်ခြင်း တရားနှင့် ပျက်ခြင်း တရားတို့သည် ထာဝစဉ် ဒွန်တွဲ နေသော်လည်း ပျက်မှန်း သိလျက် ပစ်ထားလျှင် သုံးစွဲမရ ဖြစ်ကာ အမှိုက် ဘဝသို့ ကူးပြောင်း သွားပေလိမ့်မည်။ အချိန် မီ ပြုပြင် လိုက်သော် တစ်ခဏ အတွင်းမှာပင် အကောင်း ပကတိသို့ ပြောင်းသွား နိုင်ပေသည်။ ထို့ကြောင့် ပျက်အစဉ် ပြင်ခဏ ဟူသော စကားပုံသည် လူသားတို့ အတွက် သတိပေး ခေါင်းလောင်းပမာ ပေါ်ထွန်း လာခဲ့သည်။

ကျောက်အရိုင်းတုံးအတွက် တွင်းဝခွန် ၂၀ ရာခိုင်နှုန်း ကောက်ခံမှုသည် ရောင်းချချိန်တွင် ရရှိသည့် ငွေကြေးထက် များစွာ နည်းပါးနေပြီး နိုင်ငံတော်မှ ရရှိမည့်အခွန်များ ဆုံးရှုံးနေ

A.16.11
ဖားကန့်ဒေသအတွင်းရှိ ကျောက်မျက်တူးဖော်သည့် နေရာများကို ပြီးခဲ့သည့် အောက်တိုဘာလ က တွေ့ ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)  
ကျောက်အရိုင်းတုံးများအတွက် တွင်းဝခွန် ၂၀ ရာခိုင်နှုန်း ကောက်ခံမှုသည် အမှန်တကယ် ရောင်းချ ချိန်တွင် ရရှိသည့် ငွေကြေးထက် များစွာနည်းပါးနေပြီး နိုင်ငံတော်မှ ရရှိမည့် ရတနာခွန်များ ဆုံးရှုံးနေ သည့် အတွက် အမှန်တကယ် ရောင်းချချိန်တွင် တန်ဖိုး၏ ၁၅ ရာခိုင်နှုန်း ပေးဆောင် ရမည်ဟု ပြင် ဆင် ဖြည့်စွက်လိုကြောင်း အမျိုးသားလွှတ်တော် သတ္တုနှင့် သယံဇာတရေးရာ ကော်မတီက အကြံပြုခဲ့ သည်။

အရိုးအဆစ်ရောင်၊အကြောတက်ခြင်း

အကြော၊ အဆစ်နဲ့ ကာယကုဌာနမှာ လာပြလေ့ ရှိတဲ့လူနာရဲ့ ၅ ရာခိုင်နှုန်းမှာ အကြော တက်ခြင်းဟာ ဖြစ်ပွား တတ်ပါ တယ်။ အမျိုးသမီးတွေက အမျိုးသား တွေထက် ၁ဝ ဆပိုတယ်။ အကြော တက်တာဟာ လူတွေရဲ့ နေမှုထိုင်မှု ဘဝနဲ့ တိုက်ရိုက် ဆက်စပ်နေတယ်။

ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် မိမိကိုယ်၌ကလည်း လိုက်ပါပြောင်းလဲရန် လိုအပ်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

R-17-11
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကလေးမြို့နယ် မြို့တော်ခန်းမတွင် ဒေသခံ များနှင့် တွေ့ ဆုံ နှုတ်ဆက်စဉ်
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် မြို့တော်ခန်းမတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ကလေးခရိုင်၊ တမူးခရိုင်၊ မော်လိုက်ခရိုင်တို့မှ ပါတီအသီးသီး၊ အုပ်ချုပ်ရေး အဖွဲ့များ၊ လူမှုရေး အဖွဲ့ များနှင့် တွေ့ ဆုံရာတွင် ဒီမိုကရေစီအရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးများ စသည့်ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် မိမိကိုယ်၌ကလည်း လိုက်ပါပြောင်းလဲရန် လိုအပ်သည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်ဟု သိရသည်။

နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ရယူရေးပွဲကို နိုဝင်ဘာ ၁၈ ရက်တွင် ပြုလုပ်မည်

T-17-11
NLD ပါတီ ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းလုံးကျွတ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့သဘောထား ရယူပွဲသို့ လူထု ၂၀၀၀၀ ကျော် တက်ရောက်ခဲ့စဉ်
နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထား ရယူရေးပွဲကို သက်ဆိုင်ရာမှ တားမြစ်မှု ပြုလုပ် ခဲ့သော် လည်း နိုဝင်ဘာ ၁၈ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က The Daily Eleven သို့ ပြောကြား သည်။

ရွှေပေါက်ကံမြို့သစ်ရှိ သိမ်းဆည်းထားသည့် လယ်မြေနေရာများပေါ်မှ ပိုနေသည့် ပလပ်မြေများကို ရပ်ကွက် အုပ်ချုပ်ရေးပိုင်းများက အကွက်ဖော်ပြီး လက်သိပ်ထိုး ရောင်းစားနေဟု ဒေသခံများဆို

H.17.11
လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့(၁)မှ ဒေါ်ခင်ဝိုင်းကြည်က ရှင်းလင်း ပြောကြားနေစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ မြို့သစ်ရှိ သိမ်းဆည်းထားသည့် လယ်မြေနေရာများပေါ်မှ အဆောက်အအုံ ဆောက်လုပ်ခြင်း မရှိသည့် ပလပ်မြေများကို ရပ်ကွက် အုပ်ချုပ်ရေးပိုင်းများက လက်သိပ်ထိုး ရောင်းစားနေသည်ဟု လယ်သိမ်းခံ ကာယကံရှင်များက နိုဝင်ဘာ ၁၆ ရက်က  ရွှေပေါက် ကံ မြို့သစ်၊ ၁၄ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ နိုဝင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက လယ်ယာမြေ စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့(၁)နှင့် တွေ့ဆုံစဉ် ပြောကြားသည်။