မန္တလေးတိုင်းဒေသကြီးအတွင်း လိုင်းကျပ်မှုများကြောင့် ပြီးခဲ့သည့်
ဖေဖော်ဝါရီလက ရောင်းချပေးမှု ရပ်နားထားခဲ့သည့် တန်ဖိုးနည်း GSM
မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များကို မတ်လတွင် ပြန် လည် ရောင်း ချပေးမည်
ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (မန္တလေးတိုင်းဒေသကြီး)
ထုတ်ပြန်ချက်များအရ သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် GSM ဆင်းမ်ကတ် အပါအဝင် ဆင်းမ်ကတ်ပေါင်း ၅၅,၃၀၀ ကျော် ရောင်း ချပေးမည် ဖြစ်ပြီး ပင်စင်စားများအတွက် WCDMA ဆင်းမ်ကတ် ၅၃၀၀၊ အများပြည်သူအတွက် CDMA ဆင်းမ်ကတ် ၄၂,၀၀၀၊ GSM ဆင်းမ်ကတ် ၈၀၀၀ ခန့်ကို မတ်လ ၂၄ ရက်နေ့တွင် ရောင်းချပေး