Sunday, October 20, 2013

အိမ်တွင်းဖြစ် သဘာဝ အကိုက်အခဲပျောက်ဆေးများ

Photo: အိမ်တွင်းဖြစ် သဘာဝ အကိုက်အခဲပျောက်ဆေးများ
Sunday, October 20, 2013

ဂျင်း
သူက ကြွက်သား ကိုက်ခဲခြင်းကို ပျောက်ကင်း စေပါတယ်။ နေ့စဉ် ချက်ပြုတ်စားသောက်တဲ့ ဟင်းလျာထဲမှာ ဂျင်းအခြောက်မှုန့် လက်ဘက်ရည်ဇွန်း တစ်ဇွန်းသို့မဟုတ် ယင်းနှင့် ညီမျှသော ပမာဏကို ထည့်သွင်း စားသုံးသင့်ပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူကတော့ နားကိုက်တာကို ပျောက်ကင်းစေပါတယ်။ နားကိုက် ဝေဒနာ ခံစားရသူများ အနေနဲ့ ကြက်သွန်ဆီ ကို တစ်နေ့ ၂ ကြိမ် နားထဲ ၅ ရက်တိတိ သင့်လျော်သော ပမာဏ ထည့်ပေးခြင်းဖြင့် ပျောက် ကင်းစေပါတယ်။ ကြက်သွန်ဆီဆိုလို့ အခြားမဟုတ်ပါဘူး။ သံလွှင်ဆီသန့်နဲ့ ကြက်သွန်ထောင်း ကို စိမ်ထည့်ပြီး အအေးခန်းထဲထည့်ရင် ကြက်သွန်ဆီ ရပါတယ်။
လေးညှင်းပွင့်
သွားကိုက် ဝေဒနာ ခံစားရသူများအနေနဲ့ လေးညှင်းပွင့်ခြောက်မှုန့် နဲ့ သွားတိုက်ခြင်းက ကိုက်ခဲမှု ပျောက်ကင်းစေပါတယ်။

ပင်စိမ်းရွက်/ ပက်ပါမင့်ရွက်
Peppermint လို့ခေါ်တဲ့ အရွက်တစ်မျိုးက မြန်မာခေါ် ပင်စိမ်းရွက်နဲ့ နီးစပ်ပါတယ်။ သူ့မှရတဲ့ဆီကလည်း ကြွက်သား နာကျင်ကိုက်ခဲမှုကို ပျောက်ကွင်း စေပါတယ်။
စပျစ်သီး
စပျစ်သီး တစ်ခိုင်စာ နေ့စဉ် စားသုံးသူများအနေနဲ့ ကျောရိုးတစ်လျှောက်  ဆက်စပ်တဲ့ ရောဂါများကို ပျောက်ကင်းစေတယ်လို့ လေ့လာတွေ့ရှိထားကြ ပါတယ်။
နာနတ်သီး
နာနတ်သီးက အစာအိပ် နာတာတို့၊ ဗိုက်ကြွက်သား နာကျင်မှုတို့ ကို ပျောက်ကင်းစေ တယ်လို့ ဆိုပါတယ်။
ချယ်ရီသီး
ချယ်ရီသီးကတော့ ဦးခေါင်းကိုက်ဝေဒနာကို ပျောက်ကင်းစေပါတယ်။
ခရမ်းချဉ်သီး
ခါးအောက်ပိုင်း အကြော၊ ကြွက်သား နာကျင်မှုကို ပျောက်ကင်း စေပါတယ်။ ခရမ်းချဉ်သီးဖျော်ရည် နေ့စဉ်စားသုံးခြင်းဖြင့် ခြေထောက် ကိုက်ခဲတာတို့၊ ထုံကျင်တဲ့ ဖြစ်လေ့ဖြစ်ထကို ပျောက်ကင်းစေပါတယ်။

Ref: medic facts
Yoyarlay
ဂျင်း
သူက ကြွက်သား ကိုက်ခဲခြင်းကို ပျောက်ကင်း စေပါတယ်။ နေ့စဉ် ချက်ပြုတ်စားသောက်တဲ့ ဟင်းလျာ ထဲမှာ ဂျင်းအခြောက်မှုန့် လက်ဘက်ရည်ဇွန်း တစ်ဇွန်းသို့မဟုတ် ယင်းနှင့် ညီမျှသော ပမာဏကို ထည့် သွင်း စားသုံးသင့်ပါတယ်။

ဒိုက်ဦးတွင် ဗုံးလန့်

Photo: ဒိုက်ဦးတွင် ဗုံးလန့်
Sunday, October 20, 2013

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အမှတ် (၃) ဝါဆိုရပ်ကွက် မြို့ပတ်လမ်း အမှတ် (၁၀) အခြေခံပညာ အထက်တန်း ကျောင်းရှေ့ လမ်းဘေးမြက်တောတွင် အောက်တိုဘာလ ၁၈ ရက် နံနက် ၉ နာရီ ခန့်က ကြွပ်ကြွပ်အိတ် အနက်ရောင်ဖြင့် ထည့်ထားသော အထုပ်ကြောင့် ယင်းမြို့ တွင် ပထမဦးဆုံးအကြိမ် ဗုံးလန့်မှုဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွက် နေထိုင်သူများထံမှ သိရှိရသည်။

လမ်းဘေးတွင် ငါးမျှားသူတစ်ဦးက ငါးထည့်ထားသောအထုပ်ဖြင့် ယင်း အနက်ရောင်အိတ်ထုပ်ကို မှားယူမိ၍ ဖွင့်ကြည့်ရာမှ အိတ်အထပ်ထပ် ထုပ်ထားသော အထုပ်ဖြစ်ကာ ဝါယာကြိုးနှစ်စ ထွက်နေသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထံ အကြောင်းကြားခဲ့ကြောင်း စတင်တွေ့ရှိသူ ဦးမောင်ဌေးက ပြောကြားသည်။

အဆိုပါ မသင်္ကာဖွယ်အိတ် တစ်ထုပ်ကို သက်ဆိုင်ရာ နယ်မြေ တာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ရာ သစ်သားတုံးပေါ် တွင် ပိုးသတ်ဆေးအခွံကို တိပ်ဖြင့် ပတ်ကာ သံမှိုတစ်ချောင်း ရိုက်ပြီး ဖုန်းကြိုးဖြင့် ပတ်၍ ဝါယာကြိုးစ ထုတ်ထားသည့် ပစ္စည်းတစ်ခုသာ ဖြစ်ပြီး ပြည်သူများ စိုးရိမ်ဖွယ်ရာ မရှိကြောင်း၊ ယင်းပစ္စည်းကို တာဝန်ရှိသူများက မွန်းလွဲ ၂နာရီတွင် အပြီးသတ် ရှင်းလင်းခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရှိရသည်။

"ဗုံးလို့ ထင်ရအောင် ပြည်သူတွေကို အထိတ်တလန့်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာ၊ နောက်တာတော့ မဟုတ်ဘူး" ဒိုက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အုန်း က ပြောကြားသည်။

The Voice Weekly
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အမှတ် (၃) ဝါဆိုရပ်ကွက် မြို့ပတ်လမ်း အမှတ် (၁၀) အခြေခံပညာ အထက်တန်း ကျောင်းရှေ့ လမ်းဘေးမြက်တောတွင် အောက်တိုဘာလ ၁၈ ရက် နံနက် ၉ နာရီ ခန့်က ကြွပ်ကြွပ်အိတ် အနက်ရောင်ဖြင့် ထည့်ထားသော အထုပ်ကြောင့် ယင်းမြို့ တွင် ပထမဦးဆုံးအကြိမ် ဗုံးလန့်မှုဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွက် နေထိုင်သူများထံမှ သိရှိရသည်။

ပန်းဆိုးတန်းလမ်းတွင် မီးလောင်မှုဖြစ်ပွား

Photo: ပန်းဆိုးတန်းလမ်းတွင် မီးလောင်မှုဖြစ်ပွား
Sunday, October 20, 2013

ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း အလယ်ဘလောက်မှာရှိတဲ့ Samsung Show Room မှာ အောက်တိုဘာ ၁၈ ရက်နေ့ ည ၈ နာရီကျော်လောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးသတ်သမားတွေ ဒဏ်ရာရရှိခဲ့ကြပါတယ်။

မီးအားအတက်အကျကြောင့် ၀ါယာရှော့ဖြစ်ရာကနေ စတင် မီးလောင်ကျွမ်းတာဖြစ်တယ်လို့ မီးသတ်အရာရှိတဦးက ပြောပါတယ်။

မီးလောင်မှုဖြစ်စဉ်အတွင်း ဆိုင်အောက်ဘက်မှာ လောင်ကျွမ်းနေတဲ့ မီးကို ငြှိမ်းသတ်နေစဉ်မှာ ဆိုင်ရဲ့ ထပ်ခိုးခန်းကို မီးကူးစပ်ခဲ့ပြီး အပေါ်ထပ်ကို တက်တဲ့ လှေခါး မီးလောင်ကျွမ်းခဲ့တာကြောင့် မီးသတ်ဝန်ထမ်းတဦး လှေကားပေါ်ကနေပြုတ်ကျပြီး ပခုံးအဆစ်ပြုတ်ထွက်တဲ့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

မီးခိုးငွေ့တွေ အဆက်မပြတ် ထွက်နေတာကြောင့်လည်း မီးခိုးမွှန်ပြီး မေ့လဲခဲ့တဲ့ မီးသတ်သမားတွေနဲ့ အရပ်သားအချို့ကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပါတယ်။

ဆိုင်အတွင်းမှာ တီဗွီ၊ ရေခဲသေတ္တာစတဲ့ လျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ပြည့်နေတဲ့ အတွက် မီးငြှိမ်းသတ်ဖို့ အခက်အခဲဖြစ်ခဲ့ပြီး အောက်တိုဘာ ၁၉ ရက် မနက် ၁ နာရီလောက်မှာ မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီး အချိန် ၅ နာရီလောက် မီးငြှိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်မှုဖြစ်စဉ်ကို ထိန်းချုပ်နိုင်ဖို့ မီးသတ်ကား အစီးရေ ၃၀ လောက်ကို အသုံးပြုခဲ့တယ်လို့ မီးသတ်အရာရှိတဦးက ပြောပါတယ်။

“မီးက များတာမဟုတ်ပါဘူး။ ထပ်ခိုးပေါ်မှာ ပစ္စည်းတွေအများကြီးထည့်ထားတော့ ရေခဲသေတ္တာတွေ ဘာတွေက လှိုက်ပြီး လောင်နေတာပါ။ လှေခါးကလည်း တက်လို့ မရဘူး ပိတ်နေတယ်။ ဘယ်ကမှ ၀င်လို့မရဘဲ မီးက အထဲမှာ လှိုက်လောင်နေတာပါ။ ရှေ့ကဖောက်၊ နောက်ကဖောက်နဲ့ တော်တော်လုပ်ယူရတယ်။ ဒုက္ခပေးတာက မီးခိုးပါ။

ပန်းဆိုးတန်း မီးလောင်မှုကို မီးငြှိမ်းသတ်နေစဉ် အောက်တိုဘာလ ၁၉ ရက် မနက် ၁ နာရီလောက်မှာလည်း ရွှေဘုံသာလမ်း အောက်ဘလောက် အိမ်အမှတ် ၅၆ မှာလည်း မီးအားမြှင့်စက် ၀ါယာလျှော့ဖြစ်ရာမှ မီးလောင်မှုတခု ထပ်မံဖြစ်ပွားခဲ့ပြီး အဲဒီမီးကိုတော့ မိနစ်ပိုင်းအတွင်း ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီမီးလောင်မှု ဖြစ်စဉ်တွေကနေ ဆုံးရှုံးခဲ့တဲ့ တန်ဖိုးကို သက်ဆိုင်ရာက တွက်ချက်နေဆဲ ဖြစ်ပါတယ်။

ကောင်းထက်ကျော်
(ဒီဗွီဘီ)
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း အလယ်ဘလောက်မှာရှိတဲ့ Samsung Show Room မှာ အောက်တိုဘာ ၁၈ ရက်နေ့ ည ၈ နာရီကျော်လောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးသတ်သမားတွေ ဒဏ်ရာရရှိခဲ့ကြပါတယ်။

ဗုံးခွဲမှု မူလတရားခံဖေါ်ထုတ်ရေး အစိုးရနဲ့ KNU ဆွေးနွေး

Photo: ဗုံးခွဲမှု မူလတရားခံဖေါ်ထုတ်ရေး အစိုးရနဲ့ KNU ဆွေးနွေး
Sunday, October 20, 2013

ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်၊ မန္တလေး၊ တောင်ငူစတဲ့ မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးဖောက်ခွဲမူတွေရဲ့ အဓိကတရားခံကို ဖော်ထုတ်နိုင်ဖို့အတွက် ပြည်ထောင်စု အစိုးရအဖွဲ့နဲ့ KNU ကရင်အမျိုးသား အစည်းအရုံးက ထိပ်တန်းခေါင်းဆောင်တွေဟာ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

KNU နယ်မြေတွေထဲမှာ ဗုံးခွဲသမားတွေရှိနေရင် ဖမ်းဆီးပြီး အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကရင်အမျိုးသား အစည်းအရုံး ဗဟိုကော်မတီဝင် ပဒို မန်းငြိမ်းမောင်က ပြောပါတယ်။

“ဗုံးခွဲတဲ့သူနဲ့ပတ်သက်လို့ တချို့အထောက်အထားတွေ ကျနော်တို့ပေးပါတယ်၊ ပူးပေါင်းဆောင်ရွက်ဖို့လည်း သဘောထားရှိပါတယ်၊ တချို့ရတဲ့အချက်အလက်တွေပေါ်မှာ ကျနော်တို့ဘက်က ကူညီနိုင်တာတွေရှိပါတယ်၊ ဗုံးခွဲတဲ့သူ ကျနော်တို့နယ်မြေထဲမှာ ရှိနေတယ်ဆိုရင် အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်”

ဗုံးဖောက်ခွဲမူတွေကို ကြိုးကိုင်နေသူလို့ အစိုးရက ကြေညာထားတဲ့ စောနေတိုးဟာ KNU တပ်မဟာ ၅ လက်အောက်ခံတပ်ရင်းရဲ့ ဒုတပ်ရင်းမှူး အဆင့်ရှိသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုတွေကြောင့် KNU နဲ့ အစိုးရကြား ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ် ထိခိုက်သွားမှာမဟုတ်ဘူးဆိုတာ နှစ်ဘက်လုံးကလက်ခံကြတယ်လို့ ပဒို မန်းငြိမ်းမောင်က ပြောပါတယ်။

“ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဟာ လုံးဝထိခိုက်မှုမဖြစ်ဘူးဆိုတာကို နှစ်ဦးနှစ်ဖက်လက်ခံပြီးတော့ ယုံကြည်ချက်အပြည့်အဝဖွင့်ပြပါတယ်၊ ရှုပ်ထွေးနေတဲ့ကာလကြီးမှာ နိုင်ငံတော်အစိုးရနဲ့ ကရင်အမျိုးသား အစည်းအရုံးရဲ့ ငြိမ်းချမ်းရေးခရီးစဉ်ဟာ ပိုမိုခိုင်မာတယ်ဆိုတာကို လက်တွေ့ဖော်ပြတာပဲဖြစ်ပါတယ်”

ဒီနေ့ဆွေးနွေးပွဲကို ပြည်ထောင်စု အစိုးရဘက်က သမ္မတရုံး ပြည်ထောင်စု ဝန်ကြီးတွေဖြစ်တဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်းနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)က ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ တက်ရောက်ခဲ့ပြီး၊ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ ကာကွယ်ရေးဌာနက ဗိုလ်မှူးကြီး စောရောဂျာခင်၊ ဗိုလ်မှူးကြီး တူးတူးလေးနဲ့ ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်တို့ တက်ရောက်ခဲ့ကြပါတယ်။

ဗုံးကွဲမှုတွေနဲ့ပတ်သက်ပြီး KNU ကရင်အမျိုးသား အစည်းအရုံး က တနင်္ဂနွေနေ့မှာ သတင်းစာရှင်းလင်းပွဲ ခေါ်ယူကျင်းပမယ်လို့ သိရပါတယ်။

RFA Burmese
ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်၊ မန္တလေး၊ တောင်ငူစတဲ့ မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးဖောက်ခွဲမူတွေရဲ့ အဓိက တရားခံကို ဖော်ထုတ်နိုင်ဖို့အတွက် ပြည်ထောင်စု အစိုးရအဖွဲ့နဲ့ KNU ကရင်အမျိုးသား အစည်းအရုံးက ထိပ်တန်းခေါင်းဆောင်တွေဟာ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြားများနှင့် လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိ

Photo: WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြားများနှင့် လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိ 

Sunday, October 20, 2013

တာချီလိတ်မြို့နယ် ဟောင်လိတ်အုပ်စု တော်ကော့ (အပြင်)ရွာ အိမ်အမှတ် (တကပ/၂၄) အခန်း (၂၄)နေ ဒေါ်နန်းအွေ့ ၃၃ နှစ်(ဘ) ဦးအိုက်ဆိုက်၏ နေအိမ်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက သတင်းအရ အောက်တို ဘာ ၁၈ ရက် နံနက်ပိုင်းက ဝင်ရောက်ရှာဖွေ စစ်ဆေးရာ နန်းအွေ့ ဝတ်ဆင်ထားသည့် ညအိပ်ဝတ် ဘောင်းဘီရှည် အတွင်းမှ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၃ ပြား၊ လက်ဆွဲအိတ် အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၅၅ ပြား စုစုပေါင်း ၁၅၈ ပြား ဒေသတန်ဖိုး ၃၁၆ဝဝဝ ကျပ်နှင့် အိုက်စ် (သုည ဒသမ ဝဝ၂) ကီလိုဂရမ် ဒေသတန်ဖိုး ၄ဝဝဝဝ ကျပ်အား သိမ်းဆည်း ရမိသည်။

Yangon Police
တာချီလိတ်မြို့နယ် ဟောင်လိတ်အုပ်စု တော်ကော့ (အပြင်)ရွာ အိမ်အမှတ် (တကပ/၂၄) အခန်း (၂၄)နေ ဒေါ်နန်းအွေ့ ၃၃ နှစ်(ဘ) ဦးအိုက်ဆိုက်၏ နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်း

ကျိုက်ထီးရိုး ဘုရားဖူး ရာသီအဖွင့်တွင် ဘုရားဖူးလာသူများဖြင့် စည်ကား

မြန်မာနိုင်ငံ မြို့ကြီးများတွင် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ဗုံးတွေ့ရှိမှု ဖြစ်စဉ်များ ဆက်တိုက် ဖြစ် ပွားေ နသော် လည်း ယခုနှစ် ကျိုက်ထီးရိုးဘုရားသို့ လာရောက်ဘုရားဖူးသူများမှာ ပုံမှန်နှစ်စဉ်အတိုင်း စည်ကားနေကြောင်း သတင်းရရှိသည်။

သီတင်းကျွတ် လပြည့်နေ့မှစ၍ ရွှေတိဂုံ စေတီတော်၌ CID၊ ရဲတပ်ရင်း အပါအ၀င် ရဲတပ်ဖွဲ့အားလုံး ပူးပေါင်းပြီး လုံခြုံရေး ဆောင်ရွက်မည်

အောက်တိုဘာ ၁၉ ရက်တွင် ကျရောက်သည့် သီတင်းကျွတ် လပြည့်နေ့မှ စတင်၍ ရွှေတိဂုံစေတီတော်၌ လုံခြုံရေးဆောင်ရွက်မှုကို CID ရဲတပ်ဖွဲ့၊ ရဲတပ်ရင်း အပါအ၀င် ရဲတပ်ဖွဲ့အားလုံး ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။