မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ မကွေးတိုင်းဒေသကြီး၊
ငဖဲမြို့နယ်အတွင်း သိမ်းဆည်းခဲ့သည့် မြေယာများအတွက် ပေးလျော်ရမည့်
လျော်ကြေးငွေပမာဏ အလွန်များပြား သဖြင့် ငွေသားများ လုံခြုံရေးအတွက်
အစိုးရနှင့် ကုမ္ပဏီဘက်မှ စနစ်တကျပေးချေသည့် နည်းလမ်းများသတ်မှတ်ပြီး
တောင်သူများလက်သို့ မကြာမီကာလအတွင်း ပေးအပ်နိုင်ရန် စီစဉ်နေကြောင်း ဧပြီ
၃၀ ရက် ရန်ကုန်မြို့ရှိ Sedona ဟိုတယ်၌ ကျင်းပသည့် SEAGP ကုမ္ပဏီ၏
သတင်းစာရှင်းလင်းပွဲမှ သိရသည်။
Thursday, May 1, 2014
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုနှင့် လူသေဆုံးမှုဖြစ်စဉ်များ မြင့်တက်လာသည့်အတွက် ချို့ယွင်းနေသည့် လမ်းပိုင်းများကို ပြုပြင်ပြီး ယာဉ်မောင်းနှင့်ယာဉ်များကိုလည်း စောင့်ကြည့်စစ်ဆေးမည်
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုနှင့် လူသေဆုံးမှုဖြစ်စဉ်များ ယခုနှစ်အတွင်း ပြန် လည်မြင့်တက်လာသဖြင့် ချို့ယွင်းနေသည့် လမ်းပိုင်းများကို ပြုပြင်ပြီး ယာဉ်မောင်းနှင့် ယာဉ်များ ကိုလည်း စောင့်ကြည့်စစ်ဆေးသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ရုံးအဖွဲ့မှူးဖြစ်သူ ဦးဝင်းနောင်က ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
ပထမဦးဆုံးအကြိမ် K Pop ဖျော်ဖြေပွဲ မြန်မာပရိသတ်များ စိတ်ဝင်စားမှုများပြား
ဧပြီ ၃၀ ရက် ညပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံတွင် ပထမဆုံးကျင်းပသော K Pop ဖျော်ဖြေပွဲကို ပရိသတ်များ စိတ်ဝင်စားမှု များပြားခဲ့သည်။
ပထမဦးဆုံးအကြိမ် K Pop ဖျော်ဖြေပွဲတွင် ကိုရီးယားနိုင်ငံမှ K Pop အဖွဲ့များဖြစ်သော Girl's Day၊ Dal Shabet၊ Tint အမျိုးသမီး အဆိုတော်အဖွဲ့များနှင့် ‘ဆောင်းဦးရွက်ကြွေချစ်သက်သေ’ ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲမှ နောက်ခံတေးသီချင်းအဆိုရှင် Jung II Young နှင့် အမျိုးသား K Pop အဖွဲ့ဖြစ်သော MIB တို့ ပါဝင်သီဆို ဖျော်ဖြေခဲ့သည်။ အဆိုပါ ဖျော်ဖြေပွဲတွင် မြန်မာအနုပညာရှင် များဖြစ်သည့် ဟဲလေးနှင့်
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်သည့် သတင်းသူရဲကောင်း ၁၀၀ စာရင်းတွင် ထောင်ဒဏ် ကျခံနေရသော DVB သတင်းထောက် ကိုဇော်ဖေ ပါဝင်
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်ခဲ့သည့်
သတင်းသူရဲကောင်း ၁၀၀ စာရင်း၌ သရက်ထောင်တွင် ထောင်ဒဏ်ကျခံနေရသော DVB
သတင်းထောက် ကိုဇော်ဖေ ပါဝင်ခဲ့ကြောင်း သိရသည်။
အဖွဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် (RSF) က ထုတ်ပြန်ခဲ့သော သတင်းသူရဲကောင်း ၁၀၀ စာရင်းသည် မေ ၃ ရက်တွင် ကျရောက်မည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဖွဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် (RSF) က ထုတ်ပြန်ခဲ့သော သတင်းသူရဲကောင်း ၁၀၀ စာရင်းသည် မေ ၃ ရက်တွင် ကျရောက်မည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့က
ဟိုင်းလတ်ယာဉ်လိုင်းများမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂၀၀ ကျော်က မြို့အတွင်း ၁၈ လ တိုးမြှင့်ပြေးဆွဲခွင့် ရရှိရေး မြို့တော်ခန်းမအနီး တတိယအကြိမ် ဆန္ဒပြ
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ဟိုင်းလတ်ယာဉ်လိုင်း အသီးသီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂၀၀ ကျော် စည်ပင်နယ်နိမိတ်အတွင်း ယခင်လမ်းကြောင်းများအတိုင်း အချိန် ၁၈ လ တိုးမြှင့်ပြေးဆွဲခွင့် ရရှိရေးအတွက် ဧပြီ ၃၀ ရက် မွန်းတည့် ၁၂ နာရီတွင် မဟာဗန္ဓုလ လမ်းပန်းခြံဘေးတွင် ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြမှုကို တရားဝင်ခွင့်ပြုမိန့်ဖြင့် ပြုလုပ်ခဲ့ကြပြီး ဆန္ဒပြသူများက “မထသ (ဗဟို)မှ ထုတ်ပြန်ထားသော ယာဉ်လိုင်းပိတ်သိမ်းမည့် အချိန်အား ၁၈ လ တိုးမြှင့်ပေး”၊ “ဥပဒေဘောင်အတွင်း လွတ်လပ်စွာ စီးပွားရှာပိုင်ခွင့်ပြုရေး”၊ “ခရီးသည်တင် ဟိုင်းလတ်ယာဉ်များအား နယ်နိမိတ် ကန့်သတ်ခြင်းကို
"အဆိုတော် မီးမီးခဲနှင့် ထူးအယ်လင်း တရားဝင် ကွာရှင်းခွင့်ရရှိ"
အဆိုတော် မီးမီးခဲနှင့် ၄င်း၏ ခင်ပွန်းဖြစ်သူ အဆိုတော် ထူးအယ်လင်း တို့နှစ်ဦးအား ယနေ့နေ့လည် ၂ နာရီ ၁၀ မိနစ် တွင် အနောက်ပိုင်း ခရိုင် ဒုခရိုင်စစ် တရားရုံးမှ တရားဝင် ကွာရှင်း ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း မီးမီးခဲထံမှ သိရသည်။
တရားဝင်လင်မယားအဖြစ်မှကွာရှင်းပြတ်စဲရေးနှင့် လင်မယားနှစ်ဦးပိုင်ပစ္စည်းများအား ခွဲဝေပေးစေလိုမှု အတွက် မီးမီးခဲဘက် မှ တောင်းဆိုခဲ့ပြီး ယင်း အချက်များကိုလည်း တရားရုံးမှ ခွင့်ပြုခဲ့ခြင်းဖြစ်သည် ဟု
ရခိုင်ပြည်နယ်မှာ မခွဲခြားဘဲ ကူညီဖို့ ယူနီဆက် ကတိပြု
ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF အဖွဲ့ရဲ့ ရခိုင်ပြည်နယ်အတွင်း အကူအညီပေးရေးလုပ်ငန်းတွေဟာ လူမျိုးရေး၊ ဘာသာရေး ကွဲပြားချက်တွေအပေါ်မှာ အခြေခံမှာမဟုတ်ဘဲ လုပ်ငန်းလိုအပ်ချက်အပေါ်မှာသာ အခြေခံပြီး အကူအညီပေးသွားမှ ဖြစ်တယ်လို့ UNICEF အဖွဲ့က ဒီကနေ့ ပြောလိုက်ပါတယ်။
ရန်ကုန်မြို့ Micasa ဟိုတယ်မှာ ဒီကနေ့ ညနေပိုင်းက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ ရခိုင်ပြည်နယ်အတွင်းလုပ်ဆောင်နေတဲ့ အစီအစဉ်တွေနဲ့ပတ်သက်တဲ့
အလုပ်သမားနေ့ အခမ်းအနားများ ရန်ကုန်မြို့တော်တွင် ပြုလုပ်မည်
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လှိုင်သာယာ မြို့နယ်၊ ကျောက်တံတား
မြို့နယ်နှင့် တောင်ဥက္ကလာပ မြို့နယ်တို့တွင် အလုပ်သမားနေ့ အခမ်းအနားများကို
ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ ပွဲစီစဉ်သူများထံမှ သိရသည်။
လှိုင်သာယာမြို့နယ်တွင် အလုပ်သမားနေ့ အခမ်းအနားကို အမှတ် (၆) ရပ်ကွက်ရှိ အောင်မြေသာယာ ဘောလုံးကွင်းတွင် နံနက် ၈ နာရီခွဲမှ ညနေ ၆ နာရီခန့်အထိ ပြုလုပ်မည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးထင်အောင်တို့ တက်ရောက်မည် ဖြစ်ကာ
လှိုင်သာယာမြို့နယ်တွင် အလုပ်သမားနေ့ အခမ်းအနားကို အမှတ် (၆) ရပ်ကွက်ရှိ အောင်မြေသာယာ ဘောလုံးကွင်းတွင် နံနက် ၈ နာရီခွဲမှ ညနေ ၆ နာရီခန့်အထိ ပြုလုပ်မည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးထင်အောင်တို့ တက်ရောက်မည် ဖြစ်ကာ
မြစ်ကြီးနားမှာ ဆွေးနွေးဖို့ ကေအိုင်အို ကမ်းလှမ်းချက် အစိုးရလက်ခံ
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုက ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အစိုးရနဲ့ သီးသန့် ဆွေးနွေး လိုကြောင်း ကမ်းလှမ်းချက်ကို အစိုးရဘက်က လက်ခံကြောင်းနဲ့ လတ်တလော တွေ့ဆုံနိုင်မယ့်ရက်ကို ညှိနှိုင်းနေတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ပြောပါတယ်။
ကေအိုင်အိုရဲ့ ကမ်းလှမ်းချက်ကို ၀န်ကြီး ဦးအောင်မင်းက လက်ခံလိုက်ပြီး ဆွေးနွေးနိုင်မယ့်ရက်ကို အကြောင်းပြန်ပေးသွားမယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ အထူးအကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။
"မနေ့နေ့လယ်က ဝန်ကြီး ဦးအောင်မင်းရုံးကို ဆွေးနွေးပွဲခေါင်းဆောင်က လက်မှတ်ထိုးပြီးတော့ စာပို့တာရပါတယ်ခင်ဗျ၊ စာရကြောင်းလည်း ကျနော်တို့ အကြောင်းပြန်ထားပါတယ်၊ မြစ်ကြီးနားဆွေးနွေး
Subscribe to:
Posts (Atom)