Monday, March 11, 2013

ကျွဲ၊ နွားမှတစ်ဆင့် လူသို့ကူးစက်တတ်သည့် ဒေါင့်သန်းရောဂါသည် အပူပိုင်းဇုန်များတွင် အဖြစ်များပြီး လူသို့ ကူးစက်ပါက အရေပြားအနာများဖြစ်ကာ အသက်ဆုံးရှုံး ခြင်းများပင် ရှိနေ

3.11.1မန္တလေးတိုင်းဒေသကြီး၌ ရုတ်တရက်သေဆုံးပြီး နွားဒေါင့်သန်းရောဂါဟု သံသယရှိသည့်နွားကို သယ်ယူနေစဉ်
ကျွဲ၊ နွားတို့မှတစ်ဆင့် လူသို့ ကူးစက်တတ်သည့် ဒေါင့်သန်း ရောဂါသည် အပူပိုင်းဇုန်များတွင် အဖြစ်များပြီး ယင်းရောဂါကြောင့် သေဆုံးသည့် ကျွဲနွား သိုးဆိတ်တို့၏ အသားများကို စားသုံးမိသူများမှာ အရေပြားအနာများ

နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးကို လာမည့်ဧပြီလအတွင်း ရွေးချယ်ပေးအပ်မည်

Education-9-march11ရန်ကုန်တက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ ပညာရှင်တစ်ဦး ၀င်ရောက်ယှဉ်ပြိုင်နေစဉ်
အဆင့်မြင့်ပညာကဏ္ဍ၌ နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုကို ၂၀၁၃ ခုနှစ်မှစ၍ နှစ်စဉ်ရွေးချယ် ချီးမြှင့်သွားမည်ဖြစ်ပြီး အဆိုပါဆုကို ပထမဆုံးအကြိမ်အဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ သက်ဆိုင်ရာ တက္ကသိုလ်များအလိုက်၊ ဘာသာရပ်အသီးသီးအလိုက် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

နယူးဒေလီမုဒိမ်းမှုတွင် အဓိကသံသယရှိသူ ရမ်ဆင်း အကျဉ်းထောင်အတွင်း ကြိုးဆွဲချသေဆုံး


အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီ၌ ပြီးခဲ့သည့် ဒီဇင်ဘာအတွင်း ဖြစ်ပွားခဲ့သော အသက်၂၃ နှစ် အရွယ် ဆေးကျောင်းသူ တစ်ဦးအား ဘတ်စ်ကား တစ်စီးပေါ်၌ အသက်သေစေသည်အထိ အုပ်စုဖွဲ့ ရိုက်နှက် မုဒိမ်းကျင့်မှုတွင် အဓိကသံသယရှိသူ ရမ်ဆင်းကို မတ် ၁၁ ရက်တွင် အကျဉ်းခန်းအတွင်း၌ ကြိုးဆွဲချ သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။

ဂူဂဲလ် ဥက္ကဌ မြန်မာပြည် လာမည်

ဂူဂဲလ် ဥက္ကဌ မြန်မာပြည် လာမည်
====================
 အဲရစ်ရှမစ် (ဓာတ်ပုံ – Reuters)

အင်တာနက် အခြေပြု ကမ္ဘာကျော် ကုမ္ပဏီကြီးဖြစ်သည့်  ဂူဂဲလ်၏ ဥက္ကဌ  မစ္စတာ အဲရစ်ရှမစ် မကြာမီ မြန်မာပြည် လာရောက်လည်ပတ်ရန် ရှိကြောင်း ကုမ္ပဏီနှင့် နီးစပ်သူများက ဧရာဝတီသို့ ပြောကြားသည်။

ဂူဂဲလ်၏ ဥက္ကဌသည် ဇန်နဝါရီလအတွင်းက မြန်မာ့နိုင်ငံရေးနှင့် မစိမ်းသည့် ဒီမိုကရက်ပါတီ၏ ထင်ရှားသော နိုင်ငံရေးသမား မစ္စတာ ဘေလ်ရစ်ချတ်ဆန်နှင့်အတူ အင်တာနက်ကို ချုပ်ထိန်းထားသည့် မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး အစိုးရအရာရှိများ၊ ကျောင်းသားများ၊ သိပံ္ပပညာရှင်များ၊ ဆော့ဖ်ဝဲ အင်ဂျင်နီယာများနှင့် တွေ့ဆုံခဲ့သည်။

ယခုလအတွင်း ဖြစ်မြောက်ရန် ရည်မှန်းထားသော မြန်မာပြည် ခရီးစဉ်တွင်လည်း အစိုးရ ထိပ်တန်းအရာရှိများ၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးသမားများနှင့် တွေ့ဆုံမည်ဟု သိရသည်။

ဂူဂဲလ်ကုမ္ပဏီသည် ကမ္ဘာတလွှားရှိ ဒေတာစင်တာများတွင် ဆာဗာပေါင်း တစ်သန်းကျော် ပိုင်ဆိုင်ထားပြီး တနေ့လျှင် ရှာဖွေချက်ပေါင်း တစ်ဘီလီယံကို လက်ခံနေရသည်။ အမေရိကန်အခြေပြု www.google.com သည် အင်တာနက်တွင် လူအများဆုံး ဝင်ရောက်ကြသည့်ဆိုက်ဖြစ်ပြီး ဂူဂဲလ်ပိုင် ယူကျုနှင့် ဘလော့ဂါတို့သည်လည်း လူအများဆုံး ဝင်ရောက်သည့်ဆိုက်များဖြစ်သည်။

မြန်မာနိုင်ငံမှာမူ ကမ္ဘာပေါ်တွင် အင်တာနက်အသုံးပြုမှု အနည်းဆုံးနိုင်ငံများတွင် တနိုင်ငံဖြစ်သည်။ လူတရာတွင် တယောက်သာ အင်တာနက်နှင့် လက်လှမ်းမီသည်။

ဂူဂဲလ် ဥက္ကဌ၏ မြန်မာပြည်ခရီးစဉ် ရည်ရွယ်ချက်မှာ မရှင်းလင်းသေးသော်လည်း သတင်းမီဒီယာကို ပြင်းထန်စွာ နှိပ်ကွပ်သည့် မြောက်ကိုရီးယားနှင့် မတူမည်မှာ သေချာသည်။ သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် သတင်းနည်းပညာကဏ္ဍသည်လည်း အရေးတကြီးနေရာက ပါဝင်နေရာ ဂူဂဲလ်အနေဖြင့် မြန်မာ့ဈေးကွက်ကို စိတ်ဝင်စားနိုင်မည်ဖြစ်သည်။
ဧရာဝတီ

အင်တာနက် အခြေပြု ကမ္ဘာကျော် ကုမ္ပဏီကြီးဖြစ်သည့် ဂူဂဲလ်၏ ဥက္ကဌ မစ္စတာ အဲရစ်ရှမစ် မကြာမီ မြန်မာပြည် လာရောက်လည်ပတ်ရန် ရှိကြောင်း ကုမ္ပဏီနှင့် နီးစပ်သူများက ဧရာဝတီသို့ ပြောကြားသည်။

အစိုးရနှင့် ကေအိုင်အို ဆွေးနွေးပွဲ မြင်ကွင်းဓါတ်ပုံများ