Tuesday, July 15, 2014

ဆင့်ခေါ်စာဖြင့် ဒေသခံများထံ KIA မှ ဆက်ကြေးကောက်ခံ

Photo: ဆင့်ခေါ်စာဖြင့် ဒေသခံများထံ KIA မှ ဆက်ကြေးကောက်ခံ
Tuesday, July 15, 2014

ကချင်ပြည်နယ် ၊ မိုးကောင်းမြို့ပေါ်ရပ်ကွက်များရှိ စီးပွားရေး လုပ်ငန်းရှင် များနှင့် ဈေးဆိုင်များအား ဇူလိုင် ၁၂ ရက်နေ့တွင် ကချင်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ ဆင့်ခေါ်စာဖြင့် ဆက်ကြေးငွေ တောင်းခံခဲ့ကြောင်း ယင်းမြို့ခံများထံမှ သိရ သည်။

“ လူတစ်ယောက်က ဆိုင်ကယ်နဲ့ လာပေးသွားတာလို့သိရ တယ်၊ ဈေးဆိုင် ပိုင်ရှင်တွေက ကြောက်တော့ ဘယ်အဖွဲ့အစည်း ကိုမှ သတင်းမပေးရဲဘူး၊ ဒါပေမယ့် အဲဒီဆင့်ခေါ်စာက တစ်မြို့လုံး ပျံ့နေပါပြီ ” ဟု နတ်ကြီးကုန်း ရပ်ကွက်နေ မြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါ ဆင့်ခေါ်စာမှာ ဆိုင်းဒါးတိုက်နယ်ရုံးမှ ဒေသခံ စီးပွားရေးလုပ်ငန်း ရှင်များနှင့် ဈေးဆိုင်ပိုင်ရှင်များထံသို့ ဘဏ္ဍာရေး ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းရန် ဆင့်ခေါ်ခြင်းဟု ရေးသားထားကာ ဆက်ကြေးငွေ ၂ သိန်း တောင်းခံခြင်း ဖြစ်ကြောင်း သိရသည်။

“ အတောင်းခံရတဲ့ လုပ်ငန်းရှင်တွေ၊ ဈေးဆိုင်ပိုင်ရှင်တွေကို တစ်ယောက် နှစ်သိန်းတောင်းထားတယ်လို့ သိရတယ်၊ ဇူလိုင် ၁၄ ရက်နေ့အပြီး သွားသွင်းရမှာ ၂ သိန်းတောင်းခံရတဲ့လူတွေကလည်း ဌာနဆိုင်ရာတွေကို သတင်းပေးရင် လာသတ် မယ်ပြောလို့ ဘာမှမလုပ်ရဲဘူးဖြစ်နေတယ် ” ဟု မြို့နယ်ထွေအုပ်ရုံးမှ ၀န်ထမ်းတစ်ဦး ကပြောသည်။

အဆိုပါဆင့်ခေါ်စာအရ ဆက်ကြေအတောင်းခံရသော ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များသည် ဇူလိုင် ၁၄ ရက်နေ့ နောက်ဆုံးထားကာ ဆိုင်းဒါးတိုက်နယ် အထွေထွေအုပ်ချုပ်ရေးရုံး၊ မိုးကောင်းချောင်းသို့ ငွေ ၂ သိန်း လာရောက်ပို့ဆောင် ရမည်ဖြစ်ကြောင်း သိရသည်။

“ ဆင့်ခေါ်စာထဲမှာ ခြိမ်းခြောက်တဲ့ သဘောမျိုးလည်းပါနေတာကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေလည်း ဘာလုပ် ရမှန်းမသိဘူး ဖြစ်နေတယ်၊ အဲဒီစာတွေက မြို့ပေါ်မှာ ပြန့်နေတာ ၊ ဌာနဆိုင်ရာတွေလည်း သိကုန်ပြီလေ၊ ဆင့်ခေါ်စာကို အထောက်အထားပြပြီး၊ KIO/ KIA ထိပ်ပိုင်းခေါင်းဆောင်တွေ ကို ဖြေရှင်းခိုင်းမယ်လို့လည်း သိရတယ် ” ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသွားသည်။

ဇော်မိုင်
ကချင်ပြည်နယ် ၊ မိုးကောင်းမြို့ပေါ်ရပ်ကွက်များရှိ စီးပွားရေး လုပ်ငန်းရှင် များနှင့် ဈေးဆိုင်များအား ဇူလိုင် ၁၂ ရက်နေ့တွင် ကချင်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ ဆင့်ခေါ်စာဖြင့် ဆက်ကြေးငွေ တောင်းခံခဲ့ကြောင်း ယင်းမြို့ခံများထံမှ သိရ သည်။

လူရွှင်တော် ဇာဂနာ နိုင်ငံရေးဗေဒင်ဟောမယ်

Photo: လူရွှင်တော် ဇာဂနာ နိုင်ငံရေးဗေဒင်ဟောမယ်
Tuesday, July 15, 2014

ထိမိတဲ့ ပြက်လုံးတွေနဲ့ အမြင်မတော်တာတွေ ပြည်သူကိုမီးမောင်းထိုးပြတဲ့ ဘာမထီလူရွှင်တော် ဇာဂနာတစ်ယောက်တစ်ယောက် နိုင်ငံရေးဗေဒင် ဟောပါတော့မယ်။ မဟာသန္တိသုခလိုကိစ္စ၊ မန္တလေး အကြမ်းဖက်မှုလို နိုင်ငံရေးအဖြစ်အပျက်တွေကို ဇာဂနာတစ်ယောက် ဘယ်လိုဟောမှာလဲ။
ကွက်စိပ်ဆိုတဲ့ ရုပ်သံအစီအစဉ်တစ်ခုကို စတင်ရိုက်ကူးနေတဲ့ လူရွှင်တော် ဇာဂနာက “ကျနော်တို့ ဒီဖက်ခေတ်မှာ ကွပ်စိပ်တွေ ပျောက်နေတယ်လေ။ ကွက်စိပ်ဆိုတာ နိုင်ငံတကာရဲ့ မူအရတော့ မတ်တပ်ရပ်ပြီး ပြောတာပေါ့။ မြန်မာကွက်စိပ်ကတော့ ထိုင်ပြောတယ်။ ဒီဟာကြီး ပျောက်သွားမှာစိုးလို့ ကွက်စိပ်ကို မော်ဒန်ဖြစ်အောင် ခေတ်ပေါ်ပုံစံပြန်ပြောင်းပြီး (TV)ရိုက်ကူးနေပါတယ်” လို့ ပြောပါတယ်။

ဇာဂနာရဲ့ ကွက်စိပ်ဟာ လွန်ခဲ့တဲ့ နှစ်၅ဝလောက်က ရေဒီယိုကနေ ထုတ်လွှင့်ခဲ့တဲ့ ဒဂုန်ဆရာတင်တို့ ကွက်စိပ်မျိုးမဟုတ်ဘဲ ရှေးတုန်းက ပုံပြင်တွေ၊ အဖြစ်အပျက်တွေကို အခြေခံပြီး လတ်တလော အကြောင်းအရာတွေနဲ့ ပေါင်းစပ်ရိုက်ကူးမှာဖြစ်တယ်လို့ ဆိုပါတယ်။ အထက်မြန်မာပြည်က လူရွှင်တော်ကြီးတွေလည်း ဒီအစီအစဉ်မှာ ပါဝင်မယ်လို့ ပြောပါတယ်။
“မန္တလေးက လူရွှင်တော်ကြီးတွေဖြစ်တဲ့ ဦးချစ်စရာတို့၊ ဦးသပြေဂျာအေးတို့၊ ဦးပြုံးချိုတို့၊ ဦးပေါ်လေးတို့ ပါဝင်ပါမယ်။ ဒီဆရာကြီးတွေနဲ့ရော ရန်ကုန်က လူရွှင်တော်တွေနဲ့ရော မရိုက်ခင်မှာ အရင်ဆုံး တိုင်ပင်ပါတယ်။ မန္တလေးက လူရွှင်တော်ကြီးတွေကတော့ သမားစဉ်ကို အလေးထားပြီး ရိုက်ကူးကြမှာဖြစ်ပါတယ်” လို့ ဇာဂနာက ပြောပါတယ်။

“ကျနော်တို့အခုရိုက်ကူးမယ့်အကြောင်းအရာတွေကတော့ ဥပမာ သန္တိသုခအကြောင်း၊ မန္တလေးအကြမ်းဖက်မှုလို ဟာမျိုးတွေ ပါမယ်။ စသဖြင့်ပေါ့ဗျာ။ အဲဒါမျိုးတွေကို ရယ်စရာဖြစ်အောင် ပြောတယ်။ အခုဆိုရင် သီးလေးသီး ရိုက်ပြီးသွားပြီ။ သီးလေးသီး၊ မြန်မာပြည်စတား၊ ဒီစတား၊ ဟားငါးကောင်တို့၊ ကိုကျော်ထူးတို့ ရိုက်ပြီးသွားပြီ။ မန္တလေးက ဦးချစ်စရာ၊ ဦးပြုံးချို၊ ဦးပေါ်လေးတို့ ရိုက်ကူးပြီးသွားပြီ။ အားလုံး ၂၄ပိုင်း ရိုက်ကူးပြီးသွားပြီ။ စက်တင်ဘာလမှာ Channel 9 ကနေ စတင်ထုတ်လွှင့်ပါတော့မယ်။ ဗီဒီယိုခွေတွေ ထွက်မှာ မဟုတ်ပါဘူး။ အဲဒီအတွက်တော့ ခိုးကူးသမားတွေက တာဝန်ယူလုပ်ကိုင်သွားပါလိမ့်မယ်”

(ရွှေညာခိုင်စိုး)
kamayutmedia
ထိမိတဲ့ ပြက်လုံးတွေနဲ့ အမြင် မတော် တာတွေ ပြည်သူကိုမီးမောင်းထိုးပြတဲ့ ဘာမထီ လူရွှင်တော် ဇာဂနာတစ်ယောက် တစ်ယောက် နိုင်ငံရေးဗေဒင် ဟောပါတော့မယ်။ မဟာသန္တိသုခလိုကိစ္စ၊ မန္တလေး အကြမ်းဖက်မှုလို နိုင်ငံရေးအဖြစ်အပျက်တွေကို ဇာဂနာတစ်ယောက် ဘယ်လိုဟောမှာလဲ။
ကွက်စိပ်ဆိုတဲ့ ရုပ်သံအစီအစဉ်တစ်ခုကို စတင်ရိုက်ကူးနေတဲ့ လူရွှင်တော် ဇာဂနာက “ကျနော်တို့ ဒီဖက်ခေတ်မှာ ကွပ်စိပ်တွေ ပျောက်နေတယ်လေ။ ကွက်စိပ်ဆိုတာ နိုင်ငံတကာရဲ့ မူအရတော့

ထိုင်းရှိ မြန်မာဒုက္ခသည်များ မြန်မာနိုင်ငံသို့ပြန်ရန် တစ်နှစ်ခန့် အချိန်ယူရန်လိုအပ်

ရန်ကုန်၊ ဇူလိုင် ၁၄ - ထိုင်းနိုင်ငံရှိ မြန်မာ ဒုက္ခသည် များအား မြန်မာနိုင်ငံသို့ ပြန်ပို့ရန် အတွက် အနည်းဆုံးတစ်နှစ်ခန့် အချိန်ယူရန် လိုအပ်ကြောင်း ထိုင်းစစ်တပ်က ပြောကြားခဲ့ သည်ဟု ဘန်ကောက်ပို့စ်သတင်းစာ၏ ဖော်ပြ ချက်အရ သိရသည်။

ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းကိုးခုမှ ဒုက္ခ သည်များ ကို တွေ့ဆုံမေးမြန်းခဲ့သည့် ဒုက္ခသည် အရေး စာရင်းပြုစုမှုကော်မတီများ၏ စာရင်း ပြုစုချက်များအရ မြန်မာနိုင်ငံသို့ပြန်ပို့မည့် ဒုက္ခသည်များကို

ရက်သတ္တပတ် အနည်းငယ်အတွင်း Ooredoo ဆင်းမ်ကတ်များ စတင်သုံးစွဲနိုင်တော့မည်

Ooredoo Myanmar ဆက်သွယ်ရေးကုမ္ပဏီက မကြာမီရက်သတ္တပတ် အနည်းငယ်အတွင်း ၁၅၀၀ ကျပ်ထပ်မပိုသော ဆင်းမ်ကတ်များကို စတင်ရောင်းချတော့မည်ဖြစ်သည်။

ရန်ကုန်၊မန္တလေး၊ နေပြည်တော်အစရှိသည့် မြို့ကြီးသုံးမြို့နှင့် အနီးတဝိုက်မြို့များတွင်

KIA ဖမ်းဆီးထားသော ဆင်းရဲနွမ်းပါး တံငါသည် ဒေသခံ (၁၀) ဦးအား ငွေ (၅) သိန်းဖြင့် ပြန်ရွေး

Photo: KIA ဖမ်းဆီးထားသော ဆင်းရဲနွမ်းပါး တံငါသည် ဒေသခံ (၁၀) ဦးအား ငွေ (၅) သိန်းဖြင့် ပြန်ရွေး
Tuesday, July 15, 2014

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ မိုးလဲချောင်းအတွင်း ငါးဖမ်းနေသော ဒေသခံရွာသား (၁၀) ဦးအား ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ ဇူလိုင် (၁၄) ရက် နံနက် ၂ နာရီခန့်တွင် ဖမ်းဆီးသွားခဲ့ကြောင်း ယင်း ဒေသခံ များထံမှ သိရသည်။

အဆိုပါ ရွာသားများမှာ ကုန်းခါးကျေးရွာနှင့် သဖန်းပင် ကျေးရွာများ ၌ နေထိုင်သူများဖြစ်ကြပြီး ဇူလိုင် ၁၃ ရက် ည ၉ နာရီမှ ဇူလိုင် ၁၄ ရက် နံနက် ၂ နာရီအထိ ချောင်း အတွင်း ငါးဖမ်းနေစဉ် KIA မှ လာရောက် ဖမ်းဆီးခေါ် ဆောင် သွားခြင်းဖြစ် ကြောင်း ကုန်းခါးရွာသားတစ်ဦးက ပြောသည်။

“KIA အဖွဲ့ဖမ်းသွားပြီဆိုတာနဲ့ ငွေနဲ့ပြန်ရွေးရမယ်ဆိုတာ တွက်ထားပြီးသားပါ၊ မရှိ ရှိတဲ့နေရာက ငွေချေးပြီး ပြန်ရွေးခိုင်းရ တာပေါ့၊ ဒါတောင် ဦးမျိုးဝင်းက သွားညှိနှိုင်းပေးလို့ ၅ သိန်းနဲ့ ပြီးသွားတာ ” ဟု ဖမ်းဆီးခံရသော ရွာသားတစ်ဦး၏ ဇနီးက ဆိုသည်။

KIA အဖွဲ့မှ ဖမ်းဆီးသွားသော ရွာသား (၁၀) ဦးအား သဖန်းပင်ကျေးရွာနေ ဦးမျိုးဝင်းမှ ဇူလိုင် ၁၄ ရက် နံနက် ၁၀ နာရီခန့် တွင် အောက်ဆားကျင်းရွာအနီးသို့ သွားကာ ငွေ (၅) သိန်းဖြင့် ပြန်ရွေးလာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ ရွာနားက လယ်တဲတွေမှာ ကချင်စစ်သားတွေ သေနတ်တကားကား နဲ့ ရောက်နေကြတယ်၊ ရွာအနီးမှာပဲ ငါးဖမ်းရမယ်၊ နယ်မြေမကျော်ရဘူးဆိုပြီး လာပြောတယ်၊ ငါးဖမ်းမှ ထမင်းစားရတဲ့ မိသားစုတွေ ဒုက္ခရောက်တာပေါ့၊ လယ်ယာစိုက်ချိန်မှာ ကချင်စစ်သားတွေ ရောက်နေတော့ မသွားရဲကြဘူး၊ အဖမ်းခံရမှာ ကြောက်လို့၊ အဖမ်းခံရရင် ပိုက်ဆံနဲ့ ပြန်ရွေးခိုင်း တာလေ၊ မိသားစုတောင် စားဖို့အနိုင်နိုင်၊ ဖမ်းသွားရင် ပြန်ရွေးဖို့ ငွေမရှိလို့ ဒီအတိုင်း ထိုင်နေကြရတယ် ” ဟု အောက် ဆားဂျင်း ရွာသားတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဗန်းမော်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “ သဘာဝအတိုင်း စီးနေတဲ့ချောင်းမှာ ဒေသခံတွေ ငါးဖမ်းစားတယ်၊ ဒါကို KIA ကလာဖမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတယ်၊ ငါးဖမ်းမှ ထမင်းစားရတဲ့ ဆင်းရဲနွမ်းပါး ဒေသခံတွေဆီကတောင် ငွေတောင်းနေတာဆိုတော့ KIA ရဲ့လုပ်ရပ်က တော်တော် ရှက်စရာကောင်းပါတယ်၊ ငြိမ်းချမ်းရေး ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ KIA ကတော့ သူတို့ရဲ့ လုပ်ရပ်တွေကို ဘယ်တော့မှ ပြောင်းမှာမဟုတ်ပါဘူး၊ ရှင်းရှင်းပြော ရရင် KIA ဆိုတာ ဒေသခံပြည်သူတွေအပေါ် အမြဲတမ်း အနိုင်ကျင့်နေတဲ့ သူပုန်အဖွဲ့ပါပဲ ” ဟု ပြောကြားသွားခဲ့သည်။

နေသွေး (ဗန်းမော်)
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ မိုးလဲချောင်း အတွင်း ငါးဖမ်းနေသော ဒေသခံရွာသား (၁၀) ဦးအား ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ ဇူလိုင် (၁၄) ရက် နံနက် ၂ နာရီခန့်တွင် ဖမ်းဆီးသွားခဲ့ကြောင်း ယင်း ဒေသခံ များထံမှ သိရသည်။
အဆိုပါ ရွာသားများမှာ ကုန်းခါးကျေးရွာနှင့် သဖန်းပင် ကျေးရွာများ ၌ နေထိုင်သူများဖြစ်ကြပြီး ဇူလိုင် ၁၃ ရက် ည ၉ နာရီမှ ဇူလိုင် ၁၄ ရက် နံနက် ၂ နာရီအထိ ချောင်း အတွင်း ငါးဖမ်းနေစဉ် KIA မှ လာရောက် ဖမ်းဆီးခေါ် ဆောင် သွားခြင်းဖြစ် ကြောင်း

၁၂ တန်းပညာရေးစနစ် စတင်ပါက စာသင်ခန်းလိုအပ်ချက်များ ဖြစ်လာနိုင်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၁၄- ၁၂ တန်း ပညာရေးစနစ်စတင်ပါက စာသင် ခန်း လိုအပ် ချက်များဖြစ်လာနိုင်သည့် အတွက် ကြိုတင်ဖြည့်ဆည်းမှုများ လိုအပ်ကြောင်း ပညာရေးအရာရှိ အချို့က ပြောကြားလိုက်သည်။
ပညာရေးဝန်ကြီးဌာနမှ ၁၂ တန်းပညာရေးစနစ် (KG+543)ကို ၂၀၁၇-၁၈ တွင်အကောင်အထည် ဖော်နိုင်ရန် ကြိုးစားလျက်ရှိရာ ယင်းစနစ်သည် မူလတန်းနှင့် အလယ် တန်းတွင် တစ်တန်းစီတိုးရ မည်ဖြစ် သောကြောင့် စာသင်ခန်း လိုအပ်မှု များ ဖြစ်ပေါ်လာနိုင်သည့်အတွက် မစတင်မီ အချိန်တွင် စာသင်ခန်း အရေအတွက်ကို လုံလောက်စွာစီမံ ထားရှိရမည်ဟု အခြေခံပညာ အသိုင်းအဝိုင်းမှ အရာရှိများက ပြောသည်။

ပညာရေးဘွဲ့ကို အဝေးသင်စနစ်ဖြင့် သင်ကြားပေးရန် စီစဉ်နေ

တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သော ကျောင်းသား များအား လာမည့်ပညာသင်နှစ် တွင် ပညာရေးတက္ကသိုလ်များမှ ပညာရေးဘွဲ့(B.Ed)ကို အဝေး သင်စနစ်ဖြင့် သင်ကြားပို့ချရန် စီ စဉ်နေကြောင်း သတင်းရရှိသည်။

ကျောင်းသား၊ ဆရာအချိုး ကွာဟချက်မြင့်မားနေမှုကို လျှော့ ချနိုင်ရန် ပညာရေးဘွဲ့ကို အ ဝေးသင်စနစ်ဖြင့် သင်ကြားပို့ချ ရန် စီစဉ်နေခြင်းဖြစ်ပြီး အငြိမ်း စားပညာရေးပညာရှင်များက ပြန် လည်စဉ်းစားသုံးသပ်ရန် အကြံပြု ထားကြောင်း သိရသည်။

‘‘ပညာရေးဘွဲ့ကို အဝေး သင်ပေးဖို့ သူတို့အစီအစဉ်တွေ လုပ်နေတယ်။ ဆရာတို့က အ ဝေးသင်နဲ့တော့

သမီးဖြစ်သူကို မဖွယ်မရာပြုလုပ်ရန် ကြံစည်သူကို အရက်တိုက်ပြီး ရိုက်သတ်ဟုဆို

သမီးဖြစ်သူကို မဖွယ်မရာလုပ်ရန် ကြံစည်ဖူးသည်ကို အငြှိုးထားကာ အရက်မူးအောင်တိုက်ပြီး ရိုက်သတ်ခဲ့သည်ဆိုသည့် လူသတ်မှုတစ်ခု မြန်အောင်မြို့နယ် ရှားတောကျေးရွာအုပ်စုတွင် ဇူလိုင်လ ၁၀ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြန်အောင်မြို့မ ရဲစခန်းမှူး ဒုရဲမှူး မောင်မောင်တာက ပြောကြားသည်။

မြန်အောင်မြို့နယ် ရှားတော ကျေးရွာအုပ်စု ဆင်ကျုံးတံတားအောက်တွင် ဇူလိုင်လ ၁၁ ရက်နေ့

လူနာတဦး အဆုံးစီရင်မှု မြောင်းမြ ဆေးရုံကို ဧရာဝတီတိုင်း အစိုးရ စစ်ဆေးမည်

Photo: လူနာတဦး အဆုံးစီရင်မှု မြောင်းမြ ဆေးရုံကို ဧရာဝတီတိုင်း အစိုးရ စစ်ဆေးမည်
Tuesday, July 15, 2014

ဧရာဝတီတိုင်း၊ မြောင်းမြခရိုင် ပြည်သူ့ဆေးရုံ ငွေတောင်းခံမှုကို မပေးနိုင်သဖြင့် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည် ဆိုသော လူနာတဦးနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရက မြောင်းမြဆေးရုံမှ တာဝန်ရှိသူများအား ကော်မတီဖွဲ့၍ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေး ၀န်ကြီး ဒေါ်ခင်စောမူက “ဒီကိစ္စ စဖြစ်ပြီး နောက်တနေ့မှာပဲ မြောင်းမြ ဆေးရုံအုပ်ကြီးက ဌာနတွင်း ကော်မတီဖွဲ့ပြီး စစ်ခဲ့ပါတယ်။ ပြီးတော့ ကျမတို့ဆီ တင်ပြတယ်။ ဒါက ပဏာမ စစ်ချက်ပေါ့။ ဒါပေမယ့် ဧရာဝတီတိုင်း အစိုးရ EC (ကက်ဘိနက်) အစည်းအဝေးမှာ ၀န်ကြီးချုပ်က ဒီကိစ္စကို စစ်ဆေးရေး အဖွဲ့နဲ့ အသေးစိတ် ပြန်လည် စစ်ဆေးသွားဖို့ ညွှန်ကြားထားပါတယ်။ ဒါကြောင့် တိုင်းအစိုးရအဖွဲ့ကနေ ကော်မတီဖွဲ့ပြီး စစ်ဆေးသွားမှာပါ” ဟု ပြောသည်။

စစ်ဆေးရေး ကော်မတီ၏ အစီရင်ခံစာပေါ် မူတည်ပြီး တာဝန်ရှိသူများကို အရေးယူမှုများ ပြုလုပ်သွားမည်ဟု ၀န်ကြီး ဒေါ်ခင်စောမူက ဆိုသည်။

မြောင်းမြမြို့၊ ဘုရားချောင်း ရပ်ကွက်၊ အေ – ၅ လမ်းတွင် နေထိုင်သည့် ဦးညီညီအောင်သည် အူကျ ဝေဒနာကို ခွဲစိတ် ကုသမှုခံယူရန် ဇွန်လ ၂၉ ရက်က မြောင်းမြ ဆေးရုံသို့ ရောက်ချိန်တွင် သူနာပြု ဆရာမ တဦးက ခွဲစိတ်ခ ၈ သောင်းကျပ်နှင့် ခွဲစိတ်ခန်းသို့ လူနာ အသွင်းအထုတ် ပြုလုပ်ခ ၁ သောင်းကျပ်၊ စုစုပေါင်း ၉ သောင်းကျပ် တောင်းခံခဲ့ကြောင်း၊ တောင်းခံသည့် ငွေကြေးအား မတတ်နိုင်သည့်အတွက် ဝေဒနာကို မခွဲစိတ်တော့ဘဲ နေအိမ်သို့ ပြန်လာခဲ့ပြီးနောက် ယင်းနေ့မှာပင် ဦးညီညီအောင်သည် မိမိကိုယ်ကို ကြိုးဆွဲချပြီး အဆုံးစီရင်ခဲ့သည်ဟု ဇနီးဖြစ်သူ ဒေါ်သင်းသင်းခိုင်က ပြောသည်။

ဒေါ်သင်းသင်းခိုင်က “ကျမတို့ အိမ်ပြန်လာတဲ့ လမ်းမှာ ရပ်ကွက်စာရေးက တွေ့ပြီး မေးတော့ ပိုက်ဆံတောင်းလို့ မပေးနိုင်လို့ ပြန်လာတာလို့ ပြောပြလိုက်တယ်။ အဲဒီမှာ စာရေးလေးက ဒါက ၀န်ကြီး ဦးတင့်ဆန်း အစီအစဉ်နဲ့ အခမဲ့ ခွဲစိတ်ပေးရမယ့် ကိစ္စဆိုပြီး ဆေးရုံကို ပြန်ပို့ပေးတယ်။ ဆေးရုံရောက်တော့ အပြာဝတ် ဆရာမ တယောက်က နေပြီး နင်တို့လို လူတွေဆီက ငါတို့က ငွေတောင်းစရာလား ဆိုပြီး အော်ဟစ် ကြိမ်းမောင်းပြီး ရန်တွေ့တယ်။ အဲဒါနဲ့ ကျမယောက်ျားက ရှက်လို့ မခွဲတော့ဘူးဆိုပြီး အိမ်ပြန် လာခဲ့တယ်။ ကျမ အပြင်ခဏသွားတာ ပြန်လာတော့ ကျမယောက်ျားက အိမ်က ထုပ်တန်းမှာ ကြိုးဆွဲချပြီး သေနေတာ တွေ့ရတာပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ဦးညီညီအောင် အဆုံးစီရင်ခဲ့မှုကို အကြောင်းပြုပြီး မြို့ခံ ၂၀၀ ကျော်က မြောင်းမြ ဆေးရုံမှ ဆရာဝန်၊ သူနာပြုနှင့် အောက်ခြေ ၀န်ထမ်းများကို ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက ဆန္ဒပြခဲ့ ကြသည်။

ဆန္ဒပြပွဲ ဦးဆောင်သူ ဦးစစ်အောင်က “ပိုက်ဆံပေးမှ လူနာကို ဂရုစိုက်တယ်။ ပိုက်ဆံပေးမှ ခွဲစိတ်ပေးတယ်။ ဒီလို အကျင့်စာရိတ္တ ပျက်ပြားတဲ့ ဆရာဝန်၊ ဆရာမတွေကို အရေးယူပေးဖို့ ဆန္ဒ ဖော်ထုတ်တာပါ” ဟု ပြောသည်။

မြောင်းမြဆေးရုံတွင် ခွဲစိတ်ခ၊ အထူးခွဲစိတ်ခ၊ ခွဲစိတ်ခန်း အသွင်းအထုတ်ခ၊ သန့်ရှင်းရေးခ၊ ဆေးရုံဝင်ခ၊ လူနာစောင့် ဝင်ထွက်ခ၊ ရင်ခွဲရုံမှ အလောင်းထုတ်ခ စသဖြင့် အမျိုးအစားအလိုက် ၄ သောင်းမှ ၃ ထောင်ကျပ်အထိ ပေးရကြောင်း မြောင်းမြဒေသခံများက ဆိုသည်။

မြောင်းမြမြို့ခံ ဦးဝင်းရွှေက “မြောင်းမြ ဆေးရုံက အခုလို လူနာတွေအပေါ် တရားမဲ့ ငွေတောင်းနေတာ ကြာပါပြီ” ဟု ပြောသည်။

မြောင်းမြ ဆေးရုံမှ ၀န်ထမ်းများ၏ လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း မြောင်းမြမြို့ရှိ ဂရုဏာရှင် လူငယ်များအသင်း၊ မြောင်းမြ လူငယ် ကွန်ရက်၊ မြောင်းမြ အမျိုးသမီး ကွန်ရက်၊ အေးမြဖြူစင် သွေးလှုအသင်း၊ ဖြူစင်မေတ္တာ ကျန်းမာရေး စောင့်ရှောက်မှု အသင်း၊ အသောက ရေလှူအသင်းနှင့် ဓမ္မစွမ်းအား စာကြည့်တိုက် စသည့် အရပ်ဘက် အဖွဲ့အစည်းများက ဇူလိုင်လ ၃ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဧရာဝတီ
ဧရာဝတီတိုင်း၊ မြောင်းမြခရိုင် ပြည်သူ့ဆေးရုံ ငွေတောင်းခံမှုကို မပေးနိုင်သဖြင့် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည် ဆိုသော လူနာတဦးနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရက မြောင်းမြဆေးရုံမှ တာဝန်ရှိသူများအား ကော်မတီဖွဲ့၍ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

လူတစ်သိန်းကျော်သည့် ပခုက္ကူ ပွဲ၌ တစ်ဦးသေဆုံး

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပခုက္ကူဟောပြောပွဲတွင် အသက် ၆၀ အရွယ်ရှိ ဦးမြင့်သိန်းဆိုသူမှာ သွေးတိုး၊ နှလုံးရောဂါအခြေခံဖြင့် ကွယ်လွန်သွားသည်ဟု မကွေးတိုင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အတွင်းရေးမှူး ဦးနေမျိုးကျော်က မဇ္ဈိမကို အတည်ပြုသည်။

မြောက်ကိုရီးယား အမြောက်ကျည် ၁၀၀ ခန့် အရှေ့ဘက်ပင်လယ်သို့ ပစ်ခတ်

Photo: မြောက်ကိုရီးယား အမြောက်ကျည် ၁၀၀ ခန့် အရှေ့ဘက်ပင်လယ်သို့ ပစ်ခတ်
Tuesday, July 15, 2014

ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုများ မကြာခဏ ပြုလုပ်လေ့ ရှိသော မြောက်ကိုရီးယားသည် တနင်္လာနေ့က အရှေ့ဘက် ပင်လယ်ဘက်သို့ အမြောက်ကျည် ၁၀၀ ခန့် ပစ်ခတ်ခဲ့ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား အမြောက်ကျည်များ ပစ်လွှတ်သည့် နေရာမှာ တောင်နှင့် မြောက်ကိုရီးယားတို့၏ စစ်မဲ့ဇုန်ဖြစ်သော တောင်ကိုရီးယား နယ်စပ်မြို့ ဂိုဆောင်းမြို့မှ အရှေ့မြောက်ဘက် ပင်လယ်ပြင်သို့ ပစ်လွှတ်ခဲ့ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ဆင်ဟွာ သတင်းဌာနသို့ တယ်လီဖုန်းဖြင့် ပြောကြားသည်။

စစ်မဲ့ဇုန်အနီးရှိ တောင်ကိုရီးယားမြို့ ဂိုဆောင်းသည် တောင်ကိုရီးယားမြို့တော် ဆိုးလ်နှင့် ကီလိုမီတာ ၂၂၀ အကွာတွင် ရှိပြီး တနင်္လာနေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၅၃ မိနစ်တွင် အမြောက်ပစ်ခတ်မှုများ စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားက ပစ်ခတ်ခဲ့သော အမြောက်ကျည်များထဲမှ တစ်ချို့သည် တောင်နှင့် မြောက်ကိုရီးယားတို့ ပိုင်နက်အငြင်းပွားနေသော အရှေ့ပင်လယ်တွင်းရှိ မြောက်ဘက် ကန့်သတ်နယ်နိမိတ် မျဉ်းအနီး တစ်ကီလိုမီတာမှ ရှစ်ကီလိုမီတာ အတွင်းသို့ ကျရောက်ခဲ့သည်။

မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှု၊ အမြောက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်မှာ ယခုအကြိမ် အပါအဝင် ၁၅ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှစ၍ မြောက်ကိုရီးယားသည် တာတိုပစ်နှင့် တာလတ်ပစ် ဒုံးကျည် ၉၀ ကျော် စမ်းသပ် ပစ်လွှတ်ခဲ့သည်။

မြောက်ကိုရီးယားသည် ဇူလိုင်လ ၁၃ ရက်နေ့က Scud အမျိုးအစား ဒုံးကျည်ဟု ယူဆရသည့် တာတိုပစ် တိုက်ချင်းပစ် ဒုံးကျည်နှစ်စင်းကို စစ်မဲ့ဇုန်မှ ကီလိုမီတာ ၂၀ ခန့်သာ ကွာဝေးသည့် ကေဆောင်မြို့မှ အရှေ့ပင်လယ်ဘက်သို့ စမ်းသပ် ပစ်လွှတ်ခဲ့သည်။

အဆိုပါ ဒုံးကျည်များသည် ကီလိုမီတာ ၅၀၀ အကွာအဝေးအထိ ပစ်ခတ် ရောက်ရှိနိုင်စွမ်း ရှိသည်။

မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုများနှင့် ပတ်သက်၍ အမေရိကနှင့် တောင်ကိုရီးယားတို့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ တင်သွင်းသွားမည် ဖြစ်ကြောင်း တောင်ကိုရီးယား အစိုးရ တာဝန်ရှိသူတစ်ဦးကို ကိုးကား၍ တောင်ကိုရီးယား သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားသည် ယခုကဲ့သို့ အမြောက်များဖြင့် ပစ်ခတ်ခြင်းကို ဇူလိုင်လ ၁၆ ရက်မှ ဇူလိုင်လ ၂၁ ထိ ပြုလုပ်မည့် အမေရိကနှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေး လေ့ကျင်မှု မတိုင်မီ ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ပြင် ဇူလိုင်က ၂၁ ရက်မှ ၂၂ ရက်နေ့ထိ တောင်ကိုရီးယား တောင်ပိုင်း အပန်းဖြေကျွန်း တစ်ကျွန်းဖြစ်သော ဂျယ်ဂျူးကျွန်းတောင်ဘက် နိုင်ငံတကာ ရေပိုင်နက်တွင် တောင်ကိုရီးယား၊ အမေရိကနှင့် ဂျပန်နိုင်ငံတို့မှာ သုံးနိုင်ငံ ပူးတွဲစစ်ရေး လေ့ကျင့်ကြမည် ဖြစ်သည်။

The Voice Weekly
  ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုများ မကြာ ခဏ ပြု လုပ်လေ့ ရှိသော မြောက်ကိုရီးယားသည် တနင်္လာနေ့ က အရှေ့ဘက် ပင်လယ်ဘက်သို့ အမြောက်ကျည် ၁၀၀ ခန့် ပစ်ခတ်ခဲ့ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား အမြောက်ကျည်များ ပစ်လွှတ်သည့် နေရာမှာ တောင်နှင့် မြောက်ကိုရီးယားတို့၏ စစ်မဲ့ဇုန်ဖြစ်သော တောင်ကိုရီးယား နယ်စပ်မြို့ ဂိုဆောင်းမြို့မှ အရှေ့မြောက်ဘက် ပင်လယ်ပြင်သို့ ပစ်လွှတ်ခဲ့ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား

အစ်ကိုအရင်းတစ်ယောက် သာမက သားအရင်း ၂ ယောက်ကိုတောင် မနိုင်ဘဲ ပြည်သူနဲ့ တပ်မတော်ကို ဘယ်လိုစည်းရုံးမလဲ ဒေါ်စု

Photo: အစ်ကိုအရင်းတစ်ယောက် သာမက သားအရင်း ၂ ယောက်ကိုတောင် မနိုင်ဘဲ ပြည်သူနဲ့ တပ်မတော်ကို ဘယ်လိုစည်းရုံးမလဲ ဒေါ်စု
Tuesday, July 15, 2014

ဇူလိုင်လ ၁၂ ရက်နေ့ ပခုက္ကူမြို့ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ သူမ၏ သားနှစ်ဦးနှင့် သူမတို့ လုံးဝမသက်ဆိုင်တော့ကြောင်းပြောဆိုခဲ့ရာ အစ်ကိုအရင်းနှင့် သားအရင်းများကိုတောင် မစည်းရုံးနိုင်ဘဲ ပြည်သူနှင့် တပ်မတော်ကို ဘယ်လိုစည်းရုံးမလဲ၊ အမျိုးသားရင်ကြားစေ့ရေး ဘယ်လိုလုပ်နိုင်မလဲ၊ ငြိမ်းချမ်းရေး နိုဘယ်ဆို ဘယ်လိုရခဲ့လဲ ဆိုပြီး မေးခွန်းထုတ်သံများ ဆူဆူညံညံ ကြားနေရပြီး ပြင်းပြင်းထန်ထန်ဝေဖန်မှုများ ရှိလာသည်။

ပခုက္ကူမြို့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ  “သားသမီးများဟာ ၁၈ နှစ်ကျော်သွားလို့ရှိရင် ဥပဒေအရ ကိုယ်နဲ့ လုံးဝမဆိုင်တော့ဘူး.. ဒါ ဥပဒေပဲ.. ကိုယ်နဲ့မဆိုင်တဲ့ ပုဂ္ဂိုလ်များ (ကိုယ့်သား/သမီးအရင်းများ) ရဲ့ အခြေအနေက ကိုယ့်အပေါ်မှာ သက်ရောက်မှုမရှိရဘူး… ကိုယ့်ရဲ့အခြေအနေ ကလည်း ကိုယ်နဲ့မဆိုင်တဲ့သူတွေ (ကိုယ့်သား/သမီးအရင်းများ)အပေါ်မှာ သက်ရောက်မှုမရှိရဘူး.. ဒါကြောင့်ကို ကျွန်မက လက်မခံနိုင်ဘူး..” ဟု ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုမှု အသုံးအနှုံးနှင့် အဓိပ္ပါယ်များက မြန်မာ့ရိုးရာ၊ မြန်မာ့ယဉ်ကျေးမှု၊ မိဘဝတ်၊ သားသမီးဝတ်များနှင့် ဆန့်ကျင်နေပြီး မြန်မာပြည်သူအများအပြားမှ ကန့်ကွက်ခဲ့ကြသည်။ မြန်မာ စကားပုံတွင် “သားသမီး မကောင်း မိဘခေါင်း” ဟူ၍ ရှေးစာဆိုရှိယုံမျှမက “မကောင်းမြစ်တား၊ ကောင်းရာ ညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင် ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ” ဟူ၍ လည်းကောင်း၊ “ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ် ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ” ဟူ၍လည်းကောင်း ရှေးလူကြီးတို့၏ အဆုံးအမများရှိခဲ့သည်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး မိဘတိုင်းသည် သားသမီးများကို အသက် ၁၈ နှစ် ကျော်သည်ဖြစ်စေ၊ မကျော်သည်ဖြစ်စေ သားသမီးလုပ်သမျှ မိဘများက အိမ်ထောင်မကျမချင်း ခေါင်းခံကြရသည်။ (တစ်ခါတစ်ရံ အိမ်ထောင်ကျပြီးလည်း ခေါင်းခံကြသည်)။ အသက် ၃၀/၄၀ မှ အိမ်ထောင်ကျသည်ဖြစ်စေ မိဘများက တက်နိုင်သမျှ တာဝန်ယူကြရပြီး ပညာအမွေ၊ ဥစ္စာအမွေများ ပေးလေ့ရှိကြသည်။ အလားတူ သားသမီးများ ကလည်း မိဘများကို လုပ်ကျွေးခြင်း၊ မိဘများကိစ္စကို မိမိကိစ္စအဖြစ် သဘောထားကာ စီမံဆောင်ရွက်ခြင်း၊ မိဘအမွေကို ခံယူထိုက်သူဖြစ်အောင်ကြိုးစားခြင်း၊ မိဘများအတွက် အလှူအတန်းများ လုပ်ဆောင်ပေးခြင်း သာမက အရေးအကြီးဆုံးဖြစ်သည့် အမျိုးစောင့်ခြင်းများကိုပါ လုပ်ဆောင်ကြရသည်။ 

သမိုင်းအဆက်ဆက် အစဉ်အလာကြီးမားခဲ့သော၊ မိဘနှင့် သားသမီး တစ်သားတည်းရှိသော မြန်မာ နိုင်ငံတွင် သမ္မတလုပ်မည်ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်မှ မိဘနှင့် သားသမီး ၁၈ နှစ်ကျော်လျှင် ဘာမှ မဆိုင်ဟုပြောဆိုခြင်းမှာ လူထုတစ်ရပ်လုံး၏ ရိုးရာအစဉ်အလာကို ဆန့်ကျင်သလိုဖြစ်နေသည်။ ဒေါ်အောင်ဆန်း စုကြည်သည် သားသမီးဝတ်နှင့် မိဘဝတ်များကို မသင်ခဲ့ရခြင်း (သို့မဟုတ်) ယခင်ကတည်းက လက်မခံခြင်း လည်း ဖြစ်နိုင်သည်။ ထို့ကြောင့်ပင် အမျိုးစောင့်ခြင်းမရှိ၊ မိဘအတွက် လှူဒါန်းခြင်း မတွေ့ဖူး ဖြစ်နေသည်။ တစ်ခုတော့ရှိသည်။ ၁၈ နှစ်ကျော်လျှင် မိဘနှင့် သားသမီး ဘာမျှမဆိုင် ဟုသာဆိုသည် အသက် ၇၀ ဒေါ်အောင်ဆန်းစုကြည်မှ ဘာမှမဆိုင်သော ဗိုလ်ချုပ်အောင်ဆန်းပုံကို သွားလေရာယူပြန်သည်။ NLD ပါတီ ဆိုင်ရာ အခမ်းအနားများတွင် NLD နှင့် လုံးဝမသက်ဆိုင်သော ဗိုလ်ချုပ်အောင်ဆန်း ပုံများ အသုံးချနေခြင်းနှင့် ပတ်သက်၍ လူအများကမေးခွန်းထုတ်နေသည်မှာကြာပြီဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှဖြေကြားခြင်း မရှိသေးပေ။ မိဘနှင့် သားသမီးမို့ ဟု ယခင်က ဖြေလို့ရသော်လည်း ပခုက္ကူမိန့်ခွန်းအရ အသက် ၇၀ ဒေါ်စု နှင့် ကွယ်လွန်သူ ဗိုလ်ချုပ်အောင်ဆန်းတို့ ဘာမှမဆိုင်တော့ပေ။

မြန်မာစိတ်မရှိတော့တာကြောင့် မြန်မာ့ဓလေ့ထုံးစံကို ဆန့်ကျင်ပြောဆိုနေတာ ဖြစ်နိုင်ကြောင်း ဝေဖန်မှု များရှိသလို၊ ဗြိတိန်နိုင်ငံသား မိသားစုဝင်ဖြစ်ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်မှ ယခုကဲ့သို့ ပြောဆိုခြင်းဟု အချို့က သုံးသပ်ကြသော်လည်း ပြီးပြည့်စုံသော အကြောင်းပြချက်တော့ မဟုတ်ပေ။ ဗြိတိန်နိုင်ငံတွင် မိဘနှင့် သားသမီး မျိုးရိုးအစဉ်အတိုင်း နာမည်ပေးရသည်။ အဲလီဇဘတ် ဘုရင်မကြီး၏ သား ချားစ် သည် အိမ်ရှေ့ မင်းသား အဖြစ် ရပ်တည်နေဆဲ။ ဝီလီယံနှင့် ဟယ်ရီတို့၏ လုပ်ဆောင်မှုများသည် မိဘ နှစ်ဦးကိုသာမက အဘိုး အဘွားများအထိ အရှက်ရနေဆဲ ဖြစ်သည်။

ဤသို့သော အခြေအနေမျိုးတွင် ဒေါ်အောင်ဆန်းစုကြည်မှ သူမနှင့် သားနှစ်ဦးတို့ ဘာမှမသက်ဆိုင် ကြောင်း ခါးခါးသီးသီးငြင်းနေခြင်းမှာ သားနှစ်ဦးကို စည်းရုံး၍မရခြင်း (သို့မဟုတ်) သားနှစ်ဦးအပေါ်တွင် အာဏာမသက်ရောက်သည့် မိခင်တစ်ဦးဖြစ်ခြင်းကြောင့် ဖြစ်နိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးမှာ ဒေါ်အောင်ဆန်းစုကြည် စကားကို လုံးဝ နားမထောင်ဟု သတင်းထွက်ပေါ်နေသည်မှာ ကြာပြီ ဖြစ်သည်။ အကြီးကောင် အလက်စန္ဒားအဲရစ် ဆိုလျှင် မိခင်အဖြစ်တောင် အသိအမှတ်မပြုဟု ဆိုသည်။ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးကလည်း ညီမအဖြစ် အသိအမှတ်မပြုဟု ဆိုသည်။ ဦးအောင်းဆန်းဦးမှာ ပြဿနာ မဟုတ် သော်လည်း အလက်စန္ဒားအဲရစ် နှင့် ကမ်င်အဲရစ်တို့မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် အဓိက အတားအဆီးများ ဖြစ်နေသည်။ သန်း ၆၀ ဆန္ဒပြည့်ဖို့ လူ ၂ ယောက်၏ ဆန္ဒကိုသာ စည်းရုံးရန်လိုအပ်သည်။ သို့သော် ဒေါ်အောင်အောင်ဆန်းစုကြည် မလုပ်နိုင်။

ဆွေမျိုးအရင်းများကိုတောင် ရင်ကြားမစေ့နိုင်သည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူကို ဘယ်လိုရင်ကြားစေ့မလဲ၊ တပ်မတော်ကို မည်သို့စည်းရုံးမလဲ ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ အရည် အချင်းကို မေးစရာတောင် လိုမည်မထင်တော့။ ငြိမ်းချမ်းရေးနိုဘယ်ဆုကို အားနာမိသည်။ မိမိဝမ်းနှင့် လွယ်လာ သော သားများကိုတော့ ပျော့ပြောင်းစွာ မစည်းရုံးနိုင်လျှင် တစ်သွေး၊ တစ်သံ၊ တစ်မိန့်နှင့် စည်းကမ်း မူဝါဒ ခိုင်မာတောင့်တင်းသည့် စစ်တပ်ကို မည်သို့စည်းရုံးနိုင်မည်နည်း။ ဦးအောင်ဆန်းဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ အလက်စန္ဒားအဲရစ် နှင့် ကမ်င်အဲရစ်တို့ သွေးသားရင်းခြာ ၄ ဦးတောင် မျက်နှာချင်းဆိုင်အောင် မလုပ်နိုင်သည့် ဒေါ်အောင်ဆန်းစုကြည်သည် သွေးမတော် သားမစပ်သည့် အစိုးရ၊ လွှတ်တော်၊ စစ်တပ်နဲ့ အတိုက်အခံဆိုပြီး လေးပွင့်ဆိုင်နိုင်အောင် မည်သို့လုပ်နိုင်မည်နည်း။ ဒေါ်အောင်ဆန်းစုကြည် ကြောင့် မျက်နှာချင်းမဆိုင်နိုင်တာ လား၊ ဒေါ်အောင်ဆန်းစုကြည်ကို မယုံကြည်ကြလို့ ရင်ကြားမစေ့နိုင်ကြတာလား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတ္တကြောင့် မလိုက်လျှောကြတာလားဆိုသည်ကို ကြီး သုံး ကြီး ကိုသာမက မိသားစုဝင် ၃ ဦးကိုပါ ပွင့်ပွင့် လင်းလင်း မေးခွန်းထုတ်ရမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးမှုစွမ်းရည်ကိုလည်း များစွာ သံသယ ဖြစ်မိပါသည်။

From : ..ထွန်းနိုင်ဝင်း
ဇူလိုင်လ ၁၂ ရက်နေ့ ပခုက္ကူမြို့ဟောပြော ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ သူမ၏ သားနှစ်ဦးနှင့် သူမတို့ လုံးဝမသက်ဆိုင်တော့ကြောင်းပြောဆိုခဲ့ရာ အစ်ကို အရင်းနှင့် သားအရင်းများကိုတောင် မစည်း ရုံးနိုင်ဘဲ ပြည်သူနှင့် တပ်မတော်ကို ဘယ်လိုစည်းရုံးမလဲ၊ အမျိုးသားရင်ကြားစေ့ရေး ဘယ်လိုလုပ်နိုင်မလဲ၊ ငြိမ်းချမ်းရေး နိုဘယ်ဆို ဘယ်လိုရခဲ့လဲ ဆိုပြီး မေးခွန်းထုတ်သံများ ဆူဆူညံညံ ကြားနေရပြီး ပြင်းပြင်းထန်ထန်ဝေဖန်မှုများ ရှိလာသည်။

ပခုက္ကူမြို့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြော ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ “သားသမီးများဟာ ၁၈ နှစ်ကျော်သွားလို့ရှိရင် ဥပဒေအရ ကိုယ်နဲ့

လွှတ်တော်ဥက္ကဋ္ဌ သတိပေးချက်ကို လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ပထမဆုံး အကြိမ် ကန့်ကွက်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ သတိပေးချက်ကို ဇူလိုင်လ ၁၄ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ကန့်ကွက်ခဲ့မှုမှာ လွှတ်တော်ဥက္ကဋ္ဌ၏ သတိပေးချက်ကို လွှတ်တော်အမတ်က ပထမဆုံး ကန့်ကွက်ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

သီပေါမဲဆန္ဒနယ်မှ ဦးရဲထွန်း မေးမြန်းသော မေးခွန်းတွင် မူလ မေးမြန်းထားသည့်

ကေအိုင်အေ အရာရှိနှစ်ဦးကို မူးယစ်နှင့် လက်နက်ခဲယမ်းမှုများဖြင့် ဖမ်းဆီးစစ်ဆေး

ကချင်ပြည်နယ်အတွင်း တပ်မတော် စစ်ကြောင်းများက ဇွန်လ နောက်ဆုံးပတ်၌ ကေအိုင်အေ အရာရှိနှစ်ဦးကို မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းမှုတို့ဖြင့် ဖမ်းဆီးမိခဲ့ပြီး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

နယ်မြေလုံခြုံရေး အခြေအနေအရ ရဲတပ်ဖွဲ့ဝင်များ သွားရောက်နိုင်ခြင်း မရှိ၍ တပ်မတော် စစ်ကြောင်းများက

ဓာတ်ကြိုးပြတ်ကျ သေဆုံးမှုများအတွက် ခုံရုံးဖွဲ့စစ်ဆေးမည်

ဓာတ်ကြိုးပြတ်ကျ၍ အ များပြည်သူသေဆုံးမှုများနှင့်ပတ် သက်ပြီး သက်ဆိုင်သူများကိုအ ရေးယူနိုင်ရန် စုံစမ်းစစ်ဆေးရေးခုံ ရုံးဖွဲ့စစ်ဆေးဖော်ထုတ်ပြီး အရေး ယူသွားမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော်လျှပ်စစ်ဓာတ်အားပေး ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင် ဓာတ်ကြိုး ပြတ်ကျပြီးဓာတ်လိုက်သေဆုံးမှု ၁၉ရက်အတွင်း သုံးကြိမ်ဖြစ်ပွား ပြီး လူခြောက်ဦးသေဆုံးခဲ့သည်။

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်သစ် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည်

Photo: ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်သစ် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည် 
Tuesday, July 15, 2014

ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် Ms. Yanghee Lee သည် ဇူလိုင်လ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည် ဖြစ်ပြီး လတ်တလော ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် မန္တလေးမြို့တော် အပါအဝင် ရခိုင်နှင့် ကချင်ပြည်နယ်တို့သို့ သွားရောက်မည် ဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNOHCR) က ထုတ်ပြန်သည်။

Ms. Yanghee Lee ၏ (၁၀) ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်ရေးဆိုင်ရာ အခြေအနေများကို လေ့လာရန် အဓိက ရည်ရွယ်ထားကြောင်း၊ အစိုးရ၏ ဖိတ်ကြားချက်အရ လာရောက်သည့် ခရီးစဉ်အတွင်း နေပြည်တော်သို့လည်း သွားရောက်မည် ဖြစ်ကြောင်း ဇူလိုင်လ ၁၄ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

“အထူးကိုယ်စားလှယ် တစ်ယောက်အနေနဲ့ မြန်မာအစိုးရ၊ ပြည်သူတွေနဲ့ နီးနီးကပ်ကပ် ထိတွေ့ ဆက်ဆံသွားမယ်” ဟု Ms. Yanghee Lee က ဆိုသည်။

ပထမဆုံး ခရီးစဉ်အတွင်း အစိုးရအဖွဲ့ အပါအဝင်၊ နိုင်ငံရေး၊ ဘာသာရေးနှင့် လူမှုအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေး ချိုးဖောက် ခံရသူများ အပြင် ပြည်တွင်းရှိ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်လည်း တွေ့ဆုံသွားမည် ဖြစ်ကြောင်း ၎င်းက ထုတ်ပြန် ပြောဆိုသည်။

ခရီးစဉ်အပြီးတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တစ်ခုကို ပြုစု၍ အောက်တိုဘာလ အတွင်း ကျင်းပမည့် ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တင်သွင်းမည် ဖြစ်ကြောင်း UNOHCR ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရာထူးသက်တမ်း ခြောက်နှစ် ပြည့်ခဲ့သည့် လူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်း မစ္စတာကင်တားနား၏ နေရာတွင် ဇွန်လမှ စတင် အစားထိုး တာဝန်ယူခဲ့သော ကိုယ်စားလှယ်သစ် Ms. Yanghee Lee သည် တောင်ကိုရီးယားနိုင်ငံသူ တစ်ဦးဖြစ်ပြီး Sungkyunwan တက္ကသိုလ်၏ ပါမောက္ခ တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်နေသူလည်း ဖြစ်သည်။

ကိုယ်စားလှယ်ဟောင်း ကင်တားနား၏ ရာထူးသက်တမ်းအတွင်း မြန်မာနိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် အဓိကရုဏ်းကြီးများ ဖြစ်ပွားချိန်နှင့် ကြုံတွေ့ခဲ့ပြီး ၎င်း၏ ပြောဆိုချက်များမှာ ဘက်လိုက်မှုများ ရှိကြောင်း ဝေဖန်ခံခဲ့ရသည့်အပြင် တိုင်းရင်းသားများ၏ ဆန္ဒပြ ကန့်ကွက်မှုများကိုလည်း ရင်ဆိုင်ခဲ့ရသည်။

The Voice Weekly
ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် Ms. Yanghee Lee သည် ဇူလိုင်လ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည် ဖြစ်ပြီး လတ်တလော ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် မန္တလေးမြို့တော် အပါအဝင် ရခိုင်နှင့် ကချင်ပြည်နယ်တို့သို့ သွားရောက်မည် ဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNOHCR) က ထုတ်ပြန်သည်။

Ms. Yanghee Lee ၏ (၁၀) ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်ရေးဆိုင်ရာ အခြေအနေများကို လေ့လာရန် အဓိက ရည်ရွယ်ထားကြောင်း၊ အစိုးရ၏ ဖိတ်ကြားချက်အရ လာရောက်သည့် ခရီးစဉ်အတွင်း နေပြည်တော်သို့လည်း သွားရောက်မည် ဖြစ်ကြောင်း ဇူလိုင်လ ၁၄ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

“အထူးကိုယ်စားလှယ် တစ်ယောက်အနေနဲ့ မြန်မာအစိုးရ၊ ပြည်သူတွေနဲ့ နီးနီးကပ်ကပ် ထိတွေ့

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်သစ် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည်

Photo: သတင်းမီဒီယာများကို ဖိနှိပ်နေမှုများနှင့် ပတ်သက်ပြီး လွှတ်တော်သို့ စာနယ်ဇင်းကောင်စီ စာပို့
Tuesday, July 15, 2014

Unity ဂျာနယ် အရေးကိစ္စ အပါအဝင် ပုဂ္ဂလိက သတင်းမီဒီယာများအပေါ် အစိုးရအဖွဲ့က ဖိနှိပ်နေမှုများနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ရှိ သက်ဆိုင်ရာရေးရာ ကော်မတီ သုံးခုထံသို့ ဇူလိုင်လ ၁၄ ရက်နေ့က အကြောင်းကြားစာ ပို့ထားကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်များထံမှ သိရသည်။

ပုဂ္ဂလိက သတင်းမီဒီယာများကို အစိုးရ သတင်းတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့မှု၊ Bi မွန်းတည့်နေဂျာနယ် အယ်ဒီတာ အဖွဲ့ဝင်များကို ဖမ်းဆီး ထိန်းသိမ်းထားမှု၊ ယခုနောက်ဆုံး Unity ဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် လေးဦးကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်သည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး လွှတ်တော်က ဝင်ရောက် ဖြေရှင်းပေးရန် စာပို့ထားခြင်း ဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦကျော်မင်းဆွေက ဆိုသည်။

“ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေမှာ ပြည်ထဲရေးဌာန အပါအဝင် အစိုးရအဖွဲ့ အနေနဲ့ ကောင်စီကို ကြိုတင် အသိပေးတာမျိုး မရှိဘဲ သတင်းထောက်တွေကို ဖမ်းဆီးခဲ့တယ်။ Unity ကိစ္စဆိုရင်လည်း အမိန့်မချခင် ကာလကတည်းက နိုင်ငံတော်သမ္မတဆီကို စာပို့ခဲ့တယ်။ တစ်စုံတစ်ရာ ဝင်ရောက် ဖြေရှင်းပေးဖို့။ ဒါပေမဲ့ ဘာတစ်ခုမှ အကြောင်းမပြန်ခဲ့ဘူး” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကို နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် တိုက်ရိုက် ဖွဲ့စည်းပေးခဲ့သော်လည်း အစိုးရ အဖွဲ့အစည်းများက အသိအမှတ် မပြုသလို ဆက်ဆံ ပြုမူနေကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

လတ်တလော အခြေအနေတွင် Bi မွန်းတည့်နေ အယ်ဒီတာချုပ်နှင့် အယ်ဒီတာ အဖွဲ့ဝင် နှစ်ဦးကို ၁၉၅၀ ခုနှစ် အရေးပေါ် အက်ဥပဒေ ပုဒ်မ ၅ (ဃ)/ (ည) ဖြင့် တရားစွဲဆိုထားသည့် အပြင် Unity ဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် လေးဦးကို ဇူလိုင်လ ၁၀ ရက်နေ့က ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ထားသည်။

ယင်းအပြင် အစိုးရက သတင်းမီဒီယာများအပေါ် ဖိနှိပ်ကန့်သတ်မှုများ လုပ်ဆောင်နေသည့် အပေါ် ဇူလိုင်လ ၁၂ ရက်နေ့က ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခဲ့သည့် သတင်းမီဒီယာသမား ၅၀ ဦးမှာလည်း ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံထားရသည်။

စာနယ်ဇင်းကောင်စီက လွှတ်တော်ရေးရာ ကော်မတီများထံသို့ စာပို့ထားခြင်း အပေါ် လွှတ်တော် လုပ်ထုံး လုပ်နည်းများအတိုင်း ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဝင် ဦးခိုင်မောင်ရည်က The Voice သို့ ပြောဆိုသည်။

အစိုးရအဖွဲ့နှင့် သတင်းမီဒီယာများ အကြား ဖြစ်ပေါ်နေသည့် ပြဿနာများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတကို တွေ့ဆုံခွင့် တောင်းဆိုထားပြီး ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌနှင့်လည်း တွေ့ဆုံနိုင်ရန် တောင်းဆို သွားမည် ဖြစ်ကြောင်း ကောင်စီဝင်များထံမှ သိရသည်။

ပခုက္ကူမြို့တွင် ဇူလိုင်လ ၁၂ ရက်နေ့က ပြုလုပ်သော အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲတွင် ပခုက္ကူခရိုင် ပေါက်မြို့နယ်အတွင်းရှိ ကာကွယ်ရေးပစ္စည်း စက်ရုံသတင်းကို ဖော်ပြသော ယူနတီဂျာနယ်မှ သတင်းထောက်များကို ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခြင်းသည် များလွန်းပြီး ပြန်လည် စိစစ်သင့်သည်ဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ယူနတီဂျာနယ် အပါအဝင် ဖမ်းဆီးအရေးယူ ခံထားရသည့် သတင်းသမားများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ)/ မျိုးဆက်သစ်လူငယ်များ (GW) နှင့် အမျိုးသားဒီမိုကရေစီအင်အားစု ပါတီတို့က ကြေညာချက် အသီးသီး ထုတ်ပြန်လိုက်သည်။

ွှThe Voice Weekly
ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် Ms. Yanghee Lee သည် ဇူလိုင်လ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည် ဖြစ်ပြီး လတ်တလော ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် မန္တလေးမြို့တော် အပါအဝင် ရခိုင်နှင့် ကချင်ပြည်နယ်တို့သို့ သွားရောက်မည် ဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNOHCR) က ထုတ်ပြန်သည်။

Ms. Yanghee Lee ၏ (၁၀) ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်ရေးဆိုင်ရာ

အွန်လိုင်းလောကပေါ် ပြန်တက်လာတဲ့ ဦးရဲထွဋ်

Photo: အွန်လိုင်းလောကပေါ် ပြန်တက်လာတဲ့ ဦးရဲထွဋ်
Tuesday, July 15, 2014

သမ္မတပြောခွင့်ရ ဦးရဲထွဋ် ဖေ့စ်ဘုတ်ပေါ်က ထွက်ပြေးသွားပြီဆိုပြီး အွန်လိုင်းလောကမှာ သတင်းကြီးနေ
ချိန်မှာ ပြီးခဲ့တဲ့ နာရီပိုင်းကပဲ ဖေ့စ်ဘုတ်ပေါ်မှာ ဦးရဲထွဋ် ပြန်လည် ထွက်ပေါ်လာခဲ့ပါပြီ။ ဖေ့စ်ဘုတ်လောကမှာ
ပြန်ပေါ်လာတဲ့ ဦးရဲထွဋ်က အွန်လိုင်းပေါ်က ဘာကြောင့် ပျောက်ကွယ်နေရတယ်ဆိုတာနဲ့ ကောလဟာလ
တွေနဲ့ ပတ်သက်လို့ သူ့ဖေ့စ်ဘုတ်က တဆင့် ပြောထားပါတယ်။ ဖမ်းဆီးခံ ယူနီတီ သတင်းသမားတွေ ကို အလုပ်ကြမ်းနဲ့ ထောင် ၁၀ နှစ်ချခဲ့တာကြောင့် တနေ့က မြန်မာ ငြိမ်းချမ်းရေး စင်တာ MPC ရှေ့မှာ သမ္မတကို သတင်းသမားတွေ ဆန္ဒဖော်ထုတ်တာကြောင့် ပုဒ်မ ၁၈ နဲ့ တရားစွဲခံနေရတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ တဆက်တည်း သမ္မတပြောခွင့်ရ ဦးရဲထွဋ်က သတင်းသမားတွေ အနေနဲ့ သမ္မတ ကို တောင်းပန်ရင် တရားစွဲခံထားရာက က ခွင့်လွှတ်ပေးမယ်ဆို တဲ့ 
ကောလဟာလအပေါ် တုံ့ပြန်ပြောဆိုထားပါတယ်။ 
  
အပြည့်အစုံကို ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ်က ကူးယူဖော်ပြလိုက်ပါတယ်။ 

 ကျွန်တော် အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့တော်က ၀ါရှင်တန်တက္ကသိုလ်က အမေရိကန် နိုင်ငံခြား
ရေး မူဝါဒနဲ့ပတ်သက်တဲ့ နှစ်ပတ်ကြာသင်တန်းကို ဇူလိုင်လ ၇ ရက်နေ့က စပြီး တက်ရောက်နေပါ တယ်။ နေပြည်တော်ကနေ ဇူလိုင်လ ၃ ရက်နေ့ထဲက ထွက်ခဲ့ပြီး မိမိလုပ်ငန်းတာဝန်များကို လွှဲပြောင်း 
ပေးခဲ့ပြီး ဖြစ်တဲ့အတွက် ပညာသင်ကြားရေးကိစ္စများကိုပဲ အလေးထားဆောင်ရွက်နေခဲ့ပါတယ်။ 

 ဒါ့ကြောင့် Face Book ပေါ်လည်းမရောက်ဖြစ်ပါဘူး။ သတင်းနဲ့ပတ်သက်လို့လည်း ဒီမှာ ရှိတဲ့ အာရ်အက်ဖ်အေ သတင်းဌာနက လာရောက်ဆက်သွယ်လို့တွေ့ဆုံမေးမြန်းခန်း တစ်ကြိမ်လုပ်ပေး ခဲ့ပြီး အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဆဲဗင်းဒေးက လှမ်းမေးလို့ တစ်ခါ ပြန်ဖြေတာက လွဲရင် ဘယ်သတင်းဌာနကိုမှ မဖြေခဲ့ပါဘူး။ 

ဒီနေ့ညနေမှာတော့ VOA သတင်းဌာနက ဆက်သွယ်ပြီး အင်တာနက်ပေါ်မှာ ကျွန်တော်က သတင်း မီဒီယာများက တောင်းပန်ရင် ကြေအေး မယ်လို့ ပြောတယ်ဆိုပြီးတက်နေကြောင်း ဆက်သွယ် မေးမြန်း လာပါတယ်။ 

 ဒါ့ကြောင့် ကျွန်တော်က ကြေအေးဖို့ပြောတယ်ဆိုပြီး တက်နေတဲ့ သတင်းများ မှန်ကန်မှု မရှိကြောင်း ပြော လို ပါ တယ်။ အဲဒီလိုပဲ မီဒီယာတွေပေါ်မှာ ကျွန်တော်အကြောင်းမှန်းဆရေးသားနေတာတွေ ဟာလည်း မှန်ကန်မှုမရှိကြောင်း၊ တစ်ချို့အင်တာနက်ဆရာကြီးများရေးသလို လူမှုကွန်ယက်မီဒီယာ ပေါ်က ထွက်ပြေး သွားပြီဆိုတာမဟုတ်ကြောင်း တင်ပြလိုပါတယ်။ 

အခု ပညာသင်ကြားနေတဲ့ ကိစ္စပြီးလို့ မူလတာဝန်များကို ပြန်လည် ထမ်းဆောင်တဲ့အခါ မိတ်ဆွေများ နဲ့ ပြန်တွေ့ပါ့မယ်။ လောလော ဆယ်ဆယ်တော့ ကျောင်းသားလုပ်နေလို့ Face Book နဲ့ ဝေးနေပါဦးမယ်။

အထက်ပါအတိုင်း ဦးရဲထွဋ်က ရေးသားတုံ့ပြန်ထားပါတယ်။ 

ဧရာဝတီ
သမ္မတပြောခွင့်ရ ဦးရဲထွဋ် ဖေ့စ်ဘုတ်ပေါ်က ထွက်ပြေးသွားပြီဆိုပြီး အွန်လိုင်းလောကမှာ သတင်းကြီးနေ
ချိန်မှာ ပြီးခဲ့တဲ့ နာရီပိုင်းကပဲ ဖေ့စ်ဘုတ်ပေါ်မှာ ဦးရဲထွဋ် ပြန်လည် ထွက်ပေါ်လာ ခဲ့ပါပြီ။ ဖေ့စ်ဘုတ်လောကမှာပြန်ပေါ်လာတဲ့ ဦးရဲထွဋ်က အွန်လိုင်းပေါ်က ဘာကြောင့် ပျောက် ကွယ်နေရတယ်ဆိုတာနဲ့ ကောလဟာလ
တွေနဲ့ ပတ်သက်လို့ သူ့ဖေ့စ်ဘုတ်က တဆင့် ပြောထားပါတယ်။ ဖမ်းဆီးခံ ယူနီတီ သတင်းသမားတွေ ကို အလုပ်ကြမ်းနဲ့ ထောင်

ပြည်မြို့က နွားနှစ်ကောင် ဓာတ်လိုက်သေဆုံး

Photo: ပြည်မြို့က နွားနှစ်ကောင် ဓာတ်လိုက်သေဆုံး
Tuesday, July 15, 2014

 ဝါဆိုလပြည့် သောကြာနေ့က ပြည်မြို့ ရွာဘဲရပ်ကွက်၊ ရွှေဟင်္သာအရှေ့ပေါက် မြတ်လေးရုံ ဘုန်းတော်ကြီး ပညာသင်ကျောင်းအနီး လမ်းမပေါ်ကို လျှပ်စစ်မီးကြိုး ပြတ်ကျရာမှာ အဲဒီနေရာ ရောက်နေတဲ့ ဖီရှန်နို့စားနွား(၂)ကောင် ဓာတ်လိုက်သေဆုံးသွားပါတယ်။ အပေါ်ပုံကတော့ အဲဒီနွားနှစ်ကောင်ရဲ့ရုပ်အလောင်းကို အငှားယာဉ်ငယ်နဲ့ သယ်ဆောင်သွားတော့မယ့်ပုံပါ။

        ဒီဖြစ်ရပ်ကြောင့် မြို့နယ်လျှပ်စစ်ရုံးက လျော်ကြေးပေးမယ်လို့ 
ပြောဆိုထားကြောင်း နွားပိုင်ရှင် ဒေါ်ခင်မြင့်က ရှင်းပြပါတယ်။ 

“အန်တီတို့ကို လျှပ်စစ်က အတက်နိုင်ဆုံး ကူညီပံ့ပိုးပေးပါ့မယ်လို့ပြောတယ်။
သူတို့ပေါ့ဆမှုလေ။ မိန်းကြိုးကြီးဖြစ်တဲ့အတွက် ပျက်ကျတာနဲ့
ချက်ခြင်း ဓာတ်လိုက်သေခဲ့ရတာ။
 ခါတိုင်းဆို အမျိုးသားက
နွားနောက်ကနေ လိုက်တယ်။ ဒီနေ့ နောက်က မလိုက်လို့ တော်သေးတာပေါ့။
လူသာဆိုရင် မတွေးရဲတော့ဘူး။ သူတို့ဓာတ်တိုင်က ဓာတ်ကြိုးမကောင်းဘူး
ကောင်းတယ်ဆိုတာ သူတို့စစ်ရမှာ။ အခု သူတို့ဘက်က တန်ရာတန်ကြေးရဲ့
တဝက်လောက်ကို အနစ်နာခံဖို့တော့ ပြောထားတယ်”

သေဆုံးသွားတာတွေဟာ ခက်ခက်ခဲခဲ မွေးမြူခဲ့ရတဲ့ နို့စားနွားတွေဖြစ်တယ်လို့ ပိုင်ရှင်က ဆက်ပြောပါတယ်။

“နွားက သိတဲ့အတိုင်း ဈေးလည်းကောင်းတယ်။ နွားတကောင်ဖြစ်ဖို့အရေး
ကြိုးကြိုးစားစားမွေးခဲ့ရတာ။ ဒုက္ခလည်းရောက်ပါတယ်။ ခိုင်းနွားလည်းမဟုတ်ဘူး၊
နို့စားနွား၊ နိုင်ငံခြားနွားဆိုတော့ အဖိုးလည်းတန်ပါတယ်။ အန်တီတို့က နွား
(၂)ကောင်လုံးမှ (၂)သိန်းပဲ လျော်ကြေးပေးဖို့ တောင်းထားတာပါ။
အန်တီတို့လည်း တဝက်ခံမယ် မျှမျှတတလုပ်မယ်ဆိုရင် အမှုလည်း မလုပ်ဘူး
ဘာမှ မလုပ်ဘူး”

        အခုလို ဓါတ်ကြိုး ပြက်တောက်မှုမဖြစ်ပွားခင် (၂) ရက်ခန့်က
မြို့နယ်လျှပ်စစ်ရုံးသို့ လာရောက် ပြင်ဆင်ပေးရန် အကြိမ်ကြိမ်
သွားရောက်အကြောင်းကြားခဲ့တယ်လို့  ရွှေဟင်္သာရပ်ကွက်
ရာအိမ်မှူး ဦးသူရဦးက ပြောပါတယ်။ 

“ကျနော်တို့ပြောချင်တာကတော့ ဒီလျှပ်စစ်ကိုပဲ အဲဒိကြိုးလျော့နေတုန်းကလည်း
သူတို့ သွားအကြောင်းကြားတယ်တဲ့။ ဖုန်းလည်း ဆက်တယ်၊ လူကိုယ်တိုင်လည်း
သွားအကြောင်းကြားတာကို လာမလုပ်ဘူး။ ဖြစ်နိုင်ရင် သူတို့ဘက်က အရေးကြီးရင်
ကြီးသလို လာလုပ်ပေးစေချင်ပါတယ်။ ရပ်ကွက်ထဲမှာ
အခုချိန် ကျောင်းပိတ်ရက်ဖြစ်နေလို့တော်သေးတယ်။ ကျောင်းဖွင့်ရက်ဆို
အန္တရာယ် တော်တော်များပါတယ်”

ပြည်မြို့ပေါ်တွင် လိုက်လံစစ်ဆေးပြီး အမြန်ဆုံးပြင်ဆင်မှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း
ပြည်မြို့နယ်လျှပ်စစ်ထုတ်လုပ်ရေးမှ မြို့နယ်အင်ဂျင်နီယာ ဦးသန်းဇော်ဦးက
ဧရာဝတီကို ပြောပါတယ်။
အခုလို မတော်တဆမှုကြောင့် နစ်နာသူများကိုလဲ လျော်ကြေးပေးခဲ့ပြီဖြစ်ကြောင်းလည်း သူက ရှင်းပြပါတယ်။

“ကျနော်တို့ ယရကရော ရပ်ထောက်ကူအဖွဲ့တွေရော ပိုင်ရှင်မိသားစုနဲ့
ဖြေရှင်းပေးလိုက်ပါပြီ၊ ကျနော်တို့ မြို့မှာ ဓါတ်ကြိုးတွေပြင်မယ်ဆိုရင်
ပြင်စရာလေးတွေတော့ ရှိတာပဲ။ အဲဒါတွေကလည်း ကျနော်တို့
စီစစ်ပြီး တင်ပြသွားမှာပါ။ ပြင်ရမှာက အခုမှပြင်ရမှာမဟုတ်ဘူး။
ဓါတ်ကြိုးမှ မဟုတ်ပါဘူး။ ဒီလိုပစ္စည်းတွေက သက်တမ်းကြာလာတာနဲ့အမျှ
အဲဒိလိုမျိုးကတော့ ဖြစ်နေမှာပဲလေ”

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ရန်ကုန်တိုင်း
လှိုင်သာယာမြို့နယ် အတွင်းမှာလည်း လျှပ်စစ်ဓါတ်ကြိုးပျက်ကြမှုကြောင့်
အမျိုးသမီးသုံးဦး တနေရာတည်းမှာ တပြိုင်နက် သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ 

ပြည်မြို့နယ်မှာတော့  
အခုလိုဓါတ်ကြိုးပျက်ကျမှုဖြစ်ပြီး အသက် ဆုံးရှုံးမှု ဖြစ်ပွားတာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်ခင်ဗျာ။ 

ဧရာဝတီ
 ဝါဆိုလပြည့် သောကြာနေ့က ပြည်မြို့ ရွာဘဲရပ်ကွက်၊ ရွှေဟင်္သာအရှေ့ပေါက် မြတ်လေးရုံ ဘုန်းတော်ကြီး ပညာသင်ကျောင်းအနီး လမ်းမပေါ်ကို လျှပ်စစ်မီးကြိုး ပြတ်ကျရာမှာ အဲဒီနေရာ ရောက်နေတဲ့ ဖီရှန်နို့စားနွား(၂)ကောင် ဓာတ်လိုက်သေဆုံးသွားပါတယ်။ အပေါ်ပုံကတော့ အဲဒီနွားနှစ်ကောင်ရဲ့ရုပ်အလောင်းကို အငှားယာဉ်ငယ်နဲ့ သယ်ဆောင်သွားတော့မယ့်ပုံပါ။

တက္ကသိုလ်နဲ့ အခြေခံပညာ ဆရာများ သမဂ္ဂတွေ ဖိအားပေးခံနေရ

တက္ကသိုလ် ဆရာ ဆရာမများ သမဂ္ဂနဲ့ အခြေခံ ပညာ ဆရာ ဆရာမများ သမဂ္ဂ ဖွဲ့တာကို ပညာရေး ဝန်ကြီး ဌာနက ဖိအားတွေ အမျိုးမျိုး ပေးနေတယ်လို့ သိရပါတယ်။

သမဂ္ဂထဲကနေ ထွက်ဖို့ တရားဝင် အမိန့်ပေးတာမျိုး မရှိပေမယ့် ကျူရှင် မပေးရဘူး၊ ဘယ်အဖွဲ့အစည်းနဲ့မှ မပတ်သက်ရဘူး ဆိုပြီး လက်မှတ် လိုက်ထိုးခိုင်း တာတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ ဆရာမများ အဖွဲ့ချုပ် (ယာယီ) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆရာ ဦးသန်းထိုက်အောင်က ပြောပါတယ်။

ပြင်သစ်လူမျိုး စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးနှင့် လက်ထပ်ခဲ့သူ ချယ်ရီကိုးလ်

Girls Aloud အမျိုးသမီးဂီတအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ချယ်ရီကိုးလ်က ယခုလ ၇ ရက်က ၎င်း၏ ချစ်သူပြင်သစ်လူမျိုး စားသောက် ဆိုင်ပိုင်ရှင်တစ်ဦးနှင့် လက်ထပ်ခဲ့ပြီးဖြစ်ကြောင်း တရားဝင် ထုတ်ဖော် ကြေညာခဲ့သည်။

တေးသံရှင် ချယ်ရီကိုးလ်အနေဖြင့် အဆိုပါကြေညာ ချက်နှင့်အတူ ၎င်း၏ လက်ထပ်လက်စွပ်ကိုပါ တရားဝင် ထုတ်ဖော်ပြသခဲ့ပြီး “ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာတွေကိုပရိသတ်ကို သိပ်ချပြလေ့မရှိပေမယ့် ဒီလက်ထပ်တဲ့ ကိစ္စကိုတော့

တယ်လီနော၏ မြန်မာဝီကီပီးဒီးယားဆိုင်ရာ ဆွေးနွေးပွဲကို ဇူလိုင် ၁၄ ရက်က ဒဂုံတက္ကသိုလ်တွင် ကျင်းပခဲ့ပြီး ပရိသတ် ၂၀၀၀ ကျော်တက်ရောက်


Photo: တယ်လီနော၏ မြန်မာဝီကီပီးဒီးယားဆိုင်ရာ ဆွေးနွေးပွဲကို ဇူလိုင် ၁၄ ရက်က ဒဂုံတက္ကသိုလ်တွင် ကျင်းပခဲ့ပြီး ပရိသတ် ၂၀၀၀ ကျော်တက်ရောက်
Tuesday, July 15, 2014

Net Monday အစီအစဉ်အရ ပြုလုပ်သော တယ်လီနောမြန်မာ၏ မြန်မာ ၀ီကီပီးဒီးယားဆိုင်ရာဆွေးနွေးပွဲကို ဇူလိုင် ၁၄ ရက် က ဒဂုံတက္ကသိုလ်တွင် ပထမဆုံးအကြိမ်ကျင်းပခဲ့ပြီး ကျောင်းသားကျောင်းသူများအပါအ၀င် ပရိသတ်ပေါင်း ၂၀၀၀ ကျော်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာဝီကီပီးဒီးယားတွင် စတင်ရေးသားသူနှင့် စီမံခန့်ခွဲသူတစ်ဦးဖြစ်သော ကိုဇော်သက်အောင်က ၀ီကီပီးဒီးယားနှင့်ပတ်သက်သော အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ပြီး တယ်လီနောမြန်မာမှ ကျွမ်းကျင်သူများနှင့် ဒဂုံတက္ကသိုလ်၏ ပါမောက္ခချုပ် ဒေါက်တာလှဌေးတို့ကလည်း ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

"မြန်မာဝီကီကို ၂၀၀၄ ဇူလိုင်မှာစတင်ခဲ့ပြီး အဲဒီတုန်းကတော့ နိုင်ငံခြားသား တစ်ယောက်ကနေ စတင်ရေးသားခဲ့တာပါ။ မြန်မာဝီကီလို့ ဆိုပေမယ့် မြန်မာလိုအကြောင်းအရာမရှိသေးဘဲ အင်္ဂလိပ်လိုရေးထားတာတွေပဲရှိခဲ့တယ်။ ၂၀၀၅ ဒီဇင်ဘာမှာတော့ မြန်မာဘာသာနဲ့ဆောင်းပါးတွေကို စတင်ရေးသားခဲ့တယ်။ မြန်မာဝီကီမှာက ဖောင့်ပြဿ     နာရှိနေပြီး ဖတ်လို့မရတာတွေ ရှိနေပါတယ်။
အင်္ဂလိပ်ဝီကီနဲ့မြန်မာဝီကီမှာ ဘာသာစကားတင်မဟုတ်ဘဲ အကြောင်းအရာပိုင်းဆိုင်ရာတွေလည်း ကွာခြားမှုရှိပါတယ်။ ဥပမာ- ဆေးပေါ့လိပ်ကို ဘယ်လိုလုပ်သလဲ၊ မြန်မာ့ရိုးရာနိမိတ်ကောက်ပညာစတာတွေကို အင်္ဂလိပ်ဘာသာနဲ့ဝီကီမှာ သွားရှာလို့မရဘူး။ မြန်မာဝီကီမှာပဲ တွေ့နိုင်မှာဖြစ်ပါတယ်။ အကြောင်းအရာရဲ့ခိုင်မာမှန်ကန်မှုဆိုတာကတော့ ၀ီကီမှာတင်ရင် အကိုးအကားတွေကိုဖော်ပြရပြီး တည်းဖြတ်စိစစ်မှုတွေလည်း ရှိပါတယ်" ဟု ကိုဇော်သက်အောင်ကပြောကြားသည်။

"၀ီကီမှာ ကိုယ့်ဘာသာစကားနဲ့အကြောင်းအရာတွေရှိနေမှုမှာ ထိုင်းကမြန်မာထက် ၁၂၈ ဆ သာလွန်မှုရှိပါတယ်။ တယ်လီနောအနေနဲ့ ၀ီကီကိုသုံးတဲ့အချိန်မှာ အင်တာနက်အသုံးပြုခ အခမဲ့ဖြစ်ရမယ်ဆိုတာရယ်၊ မြန်မာဝီကီမှာ ၀င်ရောက်ရေးသားနိုင်ဖို့ လိုအပ်တဲ့လေ့ကျင့်သင်ကြားမှုတွေကို အကူအညီပေးသွားမယ်ဆိုတာရယ် အသေအချာပြောနိုင်ပါတယ်" ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Peter Furberg ကပြောကြားသည်။

လက်ရှိတွင် မြန်မာဝီကီပီးဒီးယား၌ ဆောင်းပါးပေါင်း ၃၁၉၉၁ ခန့်ရှိပြီး တည်းဖြတ်မှု စုစုပေါင်း ၄၇၁၂၄၊ အသုံးပြုသူ စုစုပေါင်း ၂၃၁၅၃၊ တည်းဖြတ်သူ ငါးဦး၊ ပုံပေါင်း ၃၇၃၀ ရှိကြောင်းသိရသည်။ 

Eleven

မြန်မာဝီကီပီးဒီးယားဆိုင်ရာ ဆွေးနွေးပွဲတွင် ဒဂုံတက္ကသိုလ်ကျောင်းသား ၊ ကျောင်းသူများအား တွေ့ရစဉ်

Net Monday အစီအစဉ်အရ ပြုလုပ်သော တယ်လီနောမြန်မာ၏ မြန်မာ ၀ီကီပီးဒီးယား ဆိုင်ရာဆွေးနွေး ပွဲကို ဇူလိုင် ၁၄ ရက် က ဒဂုံတက္ကသိုလ်တွင် ပထမဆုံးအကြိမ်ကျင်းပ ခဲ့ပြီး ကျောင်းသားကျောင်းသူ များအပါအ၀င် ပရိသတ်ပေါင်း ၂၀၀၀ ကျော်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာဝီကီပီးဒီးယားတွင် စတင်ရေးသားသူနှင့် စီမံခန့်ခွဲသူတစ်ဦးဖြစ်သော ကိုဇော်သက်အောင်က ၀ီကီပီးဒီးယားနှင့်ပတ်သက်သော အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ပြီး တယ်လီနောမြန်မာမှ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်း(ပလောင်) ဒေသတွင် စစ်ဘေးဒုက္ခသည် ၄၀၀၀ ကျော်ရှိနေပြီး အကူအညီများ လိုအပ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်း (ပလောင်)တိုင်းရင်းသားဒေသတွင် စစ်ဘေး ဒုက္ခသည် ၄ဝဝဝ ကျော်ရှိနေပြီး အကူအညီများ လိုအပ်နေကြောင်း တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO) နှင့် တအာင်း လက်နက်ကိုင်တပ်ဖွဲ့တို့ ထံမှ သိရသည်။

လက်ရှိတွင် တပ်မတော်နှင့် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး မလုပ်ဆောင် ရသေးသည့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား တိုက်ပွဲများ လျှော့ချနိုင်ရေး ဆွေးနွေးနိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ

နိုင်ငံတော်သမ္မတအား တပ်မတော်က နှစ်စဉ်ပုံမှန်အခမ်းအနားဖြင့် ချီတက်အလေးပြုသောနေ့ သတ်မှတ်ရန်မှာ နိုင်ငံတော်သမ္မတကြီး၏ စိတ်ဆန္ဒသဘောအတိုင်းဖြစ်ကြောင်း ကာကွယ်ရေးဒုဝန်ကြီး လွှတ်တော်၌ ဖြေကြား

နိုင်ငံတော်သမ္မတအား ချီတက် အလေးပြု ရန်မှာ နိုင်ငံတော်သမ္မတကြီး၏ စိတ်ဆန္ဒသဘော အတိုင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့် က ပြောကြား သည်။
ဇူလိုင် ၁၄ ရက်က ပြုလုပ်သည့် အမျိုးသား လွှတ်တော်အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေမေးမြန်း သည့် နိုင်ငံတော် ၏ အထွတ်အထိပ်ဖြစ်သော နိုင်ငံတော်သမ္မတအား တပ်မတော်မှ နှစ်စဉ်ပုံမှန် အခမ်းအနားဖြင့် ချီတက် အလေးပြုသောနေ့အား မည်သည့်နေ့ရက်တွင်