Monday, January 27, 2014

မိုင်လီဆိုင်းရပ်စ်ကို အားကျနေသည့် တက်သစ်စ အဆိုတော်မလေး

Photo: မိုင်လီဆိုင်းရပ်စ်ကို အားကျနေသည့် တက်သစ်စ အဆိုတော်မလေး
Monday, January 27, 2014

Right Thereစတား အဆိုတော်မလေးက အငြင်းပွားဖွယ် အခြေအနေများစွာ ဖန်တီးပြခဲ့သည့် မိုင်လီ၏ ဘက်တော်သား တစ်ဦးအနေဖြင့် ရပ်တည်ခဲ့သည်

သူမအနေဖြင့် မိုင်လီဆိုင်းရပ်စ်၏ မိမိကိုယ်ကိုယ် ယုံကြည် စိတ်ချမှုမျိုးကို နှစ်သက် သဘောကျမိကြောင်း တက်သစ်စ အဆိုတော်မလေး အေရီရာနာ ဂရန်ဒီက ပြောကြားလိုက်သည်။ Right Thereစတား အဆိုတော်မလေးက အငြင်းပွားဖွယ် အခြေအနေများစွာ ဖန်တီးပြခဲ့သည့် မိုင်လီ၏ ဘက်တော်သား တစ်ဦးအနေဖြင့် ရပ်တည်ခဲ့သည်။ Wrecking Ball ဂီတ ဗီဒီယိုတွင် မိုင်လီက ဝတ်လစ်စားလစ် ပုံရိပ်များ ထည့်သွင်းခဲ့သလို ပြီးခဲ့သည့်နှစ် MTV၏ VMA ဆုပေးပွဲတွင် ကြမ်းတမ်းလော်လီလွန်းသည့် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် လူပြောများခဲ့သည်။

မိုင်လီ့အနေဖြင့် ဝေဖန်မှုများ ကြုံနေရသော်လည်း ထောက်ခံရပ်တည်သူများလည်း ရှိနေရာ ယင်းတို့အနက် အေရီရာနာက တစ်ဦးအပါအဝင် ဖြစ်လာသည်။ အေရီရာနာက "ကျွန်မကတော့ မိုင်လီ့စိတ်ကို သဘောကျတယ်။ သူ့ကို Rock Starတစ်ယောက်လို မြင်တယ်။ မိုင်လီဟာ ကိုယ့်သရုပ်သကန်ကိုယ် ယုံယုံကြည်ကြည် ထုတ်ပြနေတာလို့ ကျွန်မ ထင်ပါတယ်။ Popဂီတ ယဉ်ကျေးမှုမှာ နည်းနည်းပါးပါး လွန်ကဲသွားတာဟာ အမှားတစ်ခု မဟုတ်ဘူး။ ပြောရရင် ကျွန်မကိုယ်တိုင်လည်း သံဘောလုံးကြီး တစ်ခုပေါ်မှာ ဝတ်လစ်စားလစ် တက်ထိုင်ပြရဲတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ကိုးစားမှုမျိုး လိုချင်မိပါတယ်။ ဒီအခြေအနေမှာ ကိုယ့်ခန္ဓာကိုယ်အပေါ် အပြည့်အဝ ဂုဏ်ယူယုံကြည်စိတ် ရှိနေရမယ်လေ"ဟု ပြောကြားခဲ့သည်။

အသက်(၂၀) အရွယ်ရှိ အေရီရာနာက Popဂီတ လောက၏ လူဆိုးလေးအဖြစ် နာမည်ကြီးနေသော ဂျက်စတင်ဘီဘာကိုလည်း ကာကွယ်သွားသည်။ ဂျက်စတင်သည် မကြာသေးမီက အရက်သောက်ပြီး ကားမောင်းမှုဖြင့် အဖမ်းခံရသည်။ "လူတွေက ပုံကြီးချဲ့နေတာပါ။ Twitterမှာ ဒါမျိုးဒါမျိုးတွေကို လူပေါင်းစုံ လုပ်ပြတာတွေ ဂုဏ်ယူပြီး ရေးနေတာပဲ။ အဲဒီလူတွေကျတော့ မျက်ကွယ်ပြု ခံနေရတယ်။ ဂျက်စတင် အဆင်ပြေပါစေလို့ ကျွန်မ ဆန္ဒပြုပါတယ်"ဟု သူမက ဂျက်စတင်ဘက်မှ ရပ်တည် ပြောဆိုသွားသည်။

Planet Myanmar Network
Right Thereစတား အဆိုတော်မလေးက အငြင်းပွားဖွယ် အခြေအနေများစွာ ဖန်တီးပြခဲ့သည့် မိုင်လီ၏ ဘက်တော်သား တစ်ဦးအနေဖြင့် ရပ်တည်ခဲ့သည်။

ဂျီဒီပီ ၉.၁ ရာခိုင်နှုန်းအထိ တိုးရန် လုပ်ဆောင်မည်ဟု ဦးသိန်းစိန် ပြော

Photo: ဂျီဒီပီ ၉.၁ ရာခိုင်နှုန်းအထိ တိုးရန် လုပ်ဆောင်မည်ဟု ဦးသိန်းစိန် ပြော
Monday, January 27, 2014

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံ၏ စုစုပေါင်း ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု တန်ဖိုး ဂျီဒီပီ (GDP) ကို ၉.၁ ရာခိုင်နှုန်း အထိ တိုးရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောသည်။

နေပြည်တော်၌ ယနေ့ကျင်းပသည့် ဒုတိယ အကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် ၄င်းက အထက် ပါ အတိုင်း ပြောခြင်း ဖြစ်သည်။

“အကူအညီ၊ အထောက်အပံ့၊ အတိုးမဲ့ ချေးငွေ၊ အတိုးနှုန်းသက်သာတဲ့ ချေးငွေ၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ နည်း ပညာ အကူအညီတွေကို စနစ်တကျ စီမံခန့်ခွဲပြီး GDP တိုးတက်မှု ရရှိရန် စီမံထားခြင်း ဖြစ်ပါတယ်”ဟု သမ္မတ ဦးသိန်းစိန်က ဆို သည်။

ပြီးခဲ့သည့်၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် မူလ ခန့်မှန်းထားသော စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှုန်း ပမာဏမှာ ၆.၇ ရာခိုင်နှုန်း ဖြစ် သော်လည်း လက်တွေ့တွင် ၇.၃ ရာခိုင်နှုန်း အထိ ရောက်ရှိခဲ့ခြင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် ရလဒ်တခု ဖြစ်ကြောင်း လည်း ဦးသိန်းစိန်က ဆက်ပြောသည်။

ပထမ အကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်းက ကျင်းပခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF) ၏ ခန့်မှန်းထားချက်များ အရ မြန်မာနိုင်ငံ၏ GDP တန်ဖိုးမှာ ယခုနှစ်တွင် ၇.၈ ရာခိုင်နှုန်းနီးပါး အထိ မြင့်လာနိုင်သည်ဟု ပြောဆိုထားပြီး ယခုဘဏ္ဍာနှစ် အတွက် မျှော်မှန်းထားမှုမှာ ၈.၉ ရာခိုင်နှုန်း ဖြစ်သည်။

နှစ်အလိုက် GDP တိုးနှုန်း အနေအထားကို ကြည့်မည်ဆိုပါက မြန်မာနိုင်ငံတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၅.၆ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၇.၃ ရာခိုင်နှုန်း ဖြစ်ပြီး ယခုဘဏ္ဍာနှစ်တွင် ၇.၈ ရာခိုင်နှုန်း ခန့်မှန်းထားရာ လာမည့် ၂၀၁၄-၂၀၁၅ တွင် ၉.၁ ရာခိုင်နှုန်းအထိ ရောက်ရှိရန် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

သမ္မတ၏ GDP တိုးနှုန်း ရည်မှန်းချက်သည် မြင့်မားသည်ဟု ပြောနိုင်သော်လည်း ဖြစ်နိုင်ခြေ ရှိကြောင်း သမ္မတ စီးပွားရေး အကြံ ပေး ဒေါက်တာ ဇော်ဦးက ပြောဆိုသည်။

“ဘာကြောင့်ဆို IMF က တွက်ထားတယ် ဆိုတဲ့ဟာမှာလည်း အစိုးရရဲ့ကိန်းဂဏန်းတွေကို အများဆုံး အချိန်ယူထားတာပေါ့နော်၊ အခုဟာက ပြည်တွင်းမှာ ရှိတဲ့ အစိုးရတွေရဲ့ စဉ်းစားချက်က GDP ကောက်တဲ့ အခါမှာ ပုဂ္ဂလိက ကဏ္ဍရဲ့ GDP စွမ်းဆောင်မှုတွေက ကိန်းကဏ္ဍန်းတွေ ပိုပြီးရလာတယ်၊ ဒီကဏ္ဍကနေပြီး အရင်တုန်းက မသိတဲ့ဟာတွေ သိလာတယ်၊ အဲဒီအပေါ်မှာ အခြေခံ လိုက် တဲ့ အခါကြတော့ ကျနော်တို့က IMF တို့ World Bank တို့ စဉ်းစားတာထက် ပိုပြီးတော့ ပြည့်ပြည့်စုံစုံ စဉ်းစားလို့ ရလာတာ ရှိတယ်၊ အဲဒီအတွက်ကြောင့် ကျနော်တို့ တွက်ချက်မှုက နည်းနည်းပိုနေတဲ့ သဘောရှိတာပေါ့”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ GDP တန်ဖိုး တိုးတက်လာသည်နှင့် အတူ ငွေဖောင်းပွမှုနှုန်း မြင့်တက်ခြင်းလည်း ရှိနေသဖြင့် တတ်နိုင်သမျှ ထိန်း ထားရန် စီးပွားရေး ပညာရှင်များက ထောက်ပြ ပြောဆို ထားသည်။

နိုင်ငံ၏ လက်ရှိ ဘတ်ဂျက်လိုငွေ ပမာဏမှာ ၂.၇ ဘီလီယံ ဖြစ်ပြီး GDP ၏ ၄ ရာခိုင်နှုန်း ရှိကြောင်း အစိုးရက တရားဝင် ထုတ်ပြန် ထားသည်။

ယင်းအခြေအနေတွင် ဘတ်ဂျက် လိုငွေကို GDP ၏ ၅ ရာခိုင်နှုန်း အထက် မရောက်စေရန် ထိန်းသွားရမည်ဟု IMF နှင့် ကတိ က၀တ် များထားကာ မြန်မာနိုင်ငံက လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

“ငွေဖောင်းပွမှုနှုန်းမှာ အစိုးရ ဘတ်ဂျက် လိုငွေပြတဲ့ ပြဿနာပေါ့၊ IMF နဲ့လည်း ကတိက၀တ် ခံပြီး အလုပ်လုပ်နေတာ ဖြစ်တယ်၊ အဲ့ဒါအရ ကျနော်တို့ဟာ လိုငွေကို ၅ ရာခိုင်နှုန်း အထက်မှာ မကျော်အောင် ထိန်းရမယ်ဆိုတဲ့ သဘောပဲ”ဟု ဒေါက်တာ ဇော်ဦးက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ငွေဖောင်းပွမှုနှုန်းမှာ ၆ ရာခိုင်နှုန်း ရှိနေသည်ဟု IMF က ခန့်မှန်းထားပြီး ဆက်လက် မြင့်တက်နိုင်သည့် အနေအထား ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။

ဧရာဝတီ

ဇန်န၀ါရီ လဆန်း က နှစ်သစ်ကူး မိန့်ခွန်း ပြောကြားနေသော သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ – သမ္မတရုံး ၀က်ဘ်ဆိုက်)
ဇန်န၀ါရီ လဆန်း က နှစ်သစ်ကူး မိန့်ခွန်း ပြောကြားနေသော သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ – သမ္မတရုံး ၀က်ဘ်ဆိုက်)
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံ၏ စုစုပေါင်း ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး ဂျီဒီပီ (GDP) ကို ၉.၁ ရာခိုင်နှုန်း အထိ တိုးရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောသည်။

ထိုင်းရောက် မြန်မာများအတွက် သင်တန်းသစ်စမည်

ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာတွေထဲက ပညာဆက်လက်သင်ကြား လိုသူတွေအတွက် ထို်င်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ပညာရေးပေါင်းကူးသင်တန်းကျောင်း BEAM Education Foundation က အခုနှစ် ၂၀၁၄ ပညာသင်နှစ်မှာ ထိုင်း - မြန်မာ ပေါင်းစပ် ပညာရေးပုံစံသစ်နဲ့ ပထမဆုံး သင်ကြားပေးသွား မယ် လို့ သိရပါတယ်။

ပါရမီကားနှစ်စီး အပြိုင်မောင်းရာမှ ဓာတ်တိုင်ဝင်တိုက် ကျိုးသွားသည့် ဓာတ်တိုင် နောက်မှ ပါရမီကားပေါ်လဲကျ

Photo: ပါရမီကားနှစ်စီး အပြိုင်မောင်းရာမှ ဓာတ်တိုင်ဝင်တိုက် ကျိုးသွားသည့် ဓာတ်တိုင် နောက်မှ ပါရမီကားပေါ်လဲကျ
Monday, January 27, 2014

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် ရန်ကုန်-အင်းစိန် လမ်းမကြီး ဘုရားလမ်းမှတ်တိုင်အနီး၌ ဇန်န၀ါရီ ၂၆ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ် ၀န်းကျင်က ပါရမီ ခရီးသည်တင်ကားနှစ်စီး အပြိုင် မောင်းရာမှ ရှေ့ကားက ဓာတ်တိုင် ၀င်တိုက်မိပြီး မောင်းပြေးသွားရာ နောက်ကား ပေါ်သို့ ဓာတ်တိုင်လဲကျသည့် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည်။

ရန်ကုန်-အင်းစိန် လမ်းမကြီး အတိုင်းမြောက်မှတောင်သို့ ပါရမီ (၁၇၄) ယာဉ်နှစ်စီးသည် အပြိုင်မောင်းနှင်ရာမှ (၁၇၄) ယာဉ်အမှတ် ၂ဂ/၄၅၈၃ သည် ဘုရားလမ်းမှတ်တိုင်အနီးတွင် လမ်းလယ်ကျွန်း ဓာတ်တိုင်အား အရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိပြီး ဓာတ်တိုင်လဲကျသော်လည်း
ဆက်လက်မောင်းနှင်သွားရာနောက်မှ ကပ်ပါလာသော (၁၇၄)ယာဉ်အမှတ် ၇ခ/၇၉၄၀ ပေါ်သို့ ဓာတ်တိုင်လဲပြိုကျခဲ့ခြင်းဖြစ်သည်။

ဖြစ်ပွားရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများရောက်ရှိစစ်ဆေးကာ ဓာတ်တိုင်ဝင်တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားသော ယာဉ်အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။

မြင့်ဝေ(မြင်းခြံ)  
စံတော်ချိန် နေ့စဉ်သတင်းစာ
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် ရန်ကုန်-အင်းစိန် လမ်းမကြီး ဘုရားလမ်းမှတ်တိုင် အနီး၌ ဇန်န၀ါရီ ၂၆ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ် ၀န်းကျင်က ပါရမီခရီးသည်တင်ကားနှစ်စီး အပြိုင် မောင်း ရာမှ ရှေ့ကားက ဓာတ်တိုင်ဝင်တိုက်မိပြီး မောင်းပြေးသွားရာ နောက်ကား ပေါ်သို့ ဓာတ်တိုင်လဲကျသည့် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည်။

စီအန်ပီစီ ရေနံပိုက်လိုင်းကုမ္ပဏီတွင် မီးရှို့မှုဖြစ်ပွား

 Photo: စီအန်ပီစီ ရေနံပိုက်လိုင်းကုမ္ပဏီတွင် မီးရှို့မှုဖြစ်ပွား

ရခိုင်ပြည်နယ် အမ်းမြို့နယ် ရန်ကုန်စစ်တွေလမ်းမပေါ်မှာရှိတဲ့ စီအန်ပီစီ ရေနံပိုက်လိုင်းကုမ္ပဏီ ဆီသန့်ထုတ်ကြားစခန်းတခုမှာ ဇန်န၀ါရီ ၂၆ ရက် ည ၁၂ နာရီလောက်က မီးရှို့မှုတခု ဖြစ်ပွားခဲ့ပါတယ်။

မီးရှို့မှုတိုင်ခင်က  အဲဒီစက်ရုံမှာ ကုမ္ပဏီဝန်ထမ်းနဲ့  ဒေသခံအလုပ်သမားတွေ အချင်းများခဲ့ကြပြီး ညသန်းခေါင်လောက်မှာ ဆီပီပါတခုကို အလုပ်သမားတွေက မီးရှို့ခဲ့တယ်လို့ အန်းမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ဗဟိုကော်မ တီဝင် ဒေါ်သွယ်သွယ်စိုးက ပြောပါတယ်။

“အိမ် ၂ ထပ်အိမ်ပါတယ်။ အပေါ်မှာ တရုတ်တွေ နေပါတယ်။ အောက်မှာက ဒေသခံ လုပ်သားတွေ နေပါတယ်။ အပေါ်က ရေတွေ ကျနေတာကို လုပ်သားတွေက တမင်ကျတာလား၊ တမင်လုပ်တာလား၊ ဒေသခံလုပ်သားတွေက စကားပြန်ကတဆင့်မေးတော့ ဘယ်သူက လုပ်တယ်ဆိုပြီး တောင်းပန်လိုက်ရင် ကျေအေးသွားဖို့ သဘော ရှိပါတယ်။ မတောင်းပန်ဘဲ ၀န်မခံတော့ ပိုဆိုးသွားပြီး ဒေါသတွေ ဖြစ်ပြီး မနေ့က ဆီပီပါကို မီးရှို့လိုက်ကြတာပါ။”

အလုပ်သမားနေအိမ်တွေ၊ ၀န်ထမ်းအိမ်ရာတွေနဲ့ လောင်စာဆီ သိုလောင်ကန်တွေ မီးလောင်ခဲ့တဲ့အတွက် တရားခံတွေကို လိုက်လံ ဖမ်းဆီးနေပြီး လက်ရှိမှာ ဒေသခံအလုပ်သမား ၈ ယောက်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှ ရုံးအဖွဲ့မှူးက ပြောပါတယ်။

“ကျနော်တို့ ဆက်လုပ်နေတုန်းပဲ ရှိသေးတယ်။ ခရိုင်တပ်ဖွဲ့က လုံခြုံရေးတွေ သွားယူပြီး ပြစ်မှုကျူးလွန်တဲ့ တရားခံတွေကို ဖမ်းဆီးနေတယ်။ အခု ၈ ယောက် ဖမ်းမိပါပြီ။ ပြစ်မှုကျူးလွန်သူ မှန်သမျှကို အကုန်ဖမ်းမှာပါ။ ခရိုင်မှူးကိုယ်တိုင်လည်း သွားရောက် စုံစမ်းစစ်ဆေးနေပါတယ်။”

မီးလောင်မှုကြောင့် ဆီနဲ့ အဆောက်အဦ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၂ ထောင်ကျော် ဆုံးရှုံးခဲ့တယ်လို့ ကာယကံရှင်အလုပ်သမားတွေနဲ့ ဆက်သွယ်နေတဲ့ ရခိုင်ပြည်နယ် လူမှုကွန်ရက်အဖွဲ့ဝင် ဦးထွန်းကြည်က ပြောပါတယ်။

လောင်စာဆီသိုလှောင်ကန်နဲ့ နေအိမ်တွေ မီးလောင်သွားပေမယ့် တရုတ်နိုင်ငံကို ဂက်စ်ပေးပို့မှုကတော့ ရပ်တန့်မသွားဘူးလို့ ဒေသတာဝန်ရှိသူတွေက ပြောပါတယ်။

By ဒီဗွီဘီ
ရခိုင်ပြည်နယ် အမ်းမြို့နယ် ရန်ကုန်စစ်တွေလမ်းမပေါ်မှာရှိတဲ့ စီအန်ပီစီ ရေနံပိုက်လိုင်းကုမ္ပဏီ ဆီသန့် ထုတ်ကြားစခန်းတခုမှာ ဇန်န၀ါရီ ၂၆ ရက် ည ၁၂ နာရီလောက်က မီးရှို့မှုတခု ဖြစ်ပွားခဲ့ပါတယ်။

သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေး လွှတ်တော်တွင် ရှင်းလင်း

Photo: သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေး လွှတ်တော်တွင် ရှင်းလင်း
Monday, January 27, 2014

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းဟာ နိုင်ငံတကာစံနှုန်းနဲ့အညီ တည်ဆောက်ထားတာဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေ ဘေးကင်းလုံခြုံစိတ်ချရတယ်လို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးအောင်ထူးက လွှတ်တော်မှာ ရှင်းလင်းပြောကြားသွားပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (အာအန်ဒီပီ) ပုဏ္ဏားကျွန်းမြို့နယ် လွှတ်တော်အမတ် ဦးထွန်းအောင်ကျော်က သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာ လမ်းကြောင်းတလျှောက်က ပြည်သူတွေ၊ ကျေးရွာတွေနဲ့ လယ်ယာခြံမြေ သစ်တောတွေ ဘေးအန္တရာယ် ကင်းရှင်းစေရေး လုံခြုံရေး အကာအကွယ်ပေးဖို့ အစိုးရအနေနဲ့ အစီစဉ် ရှိ မရှိ မေးမြန်းခဲ့တာပါ။

ဒီမေးမြန်းချက်နဲ့ ပတ်သက်ပြီး စွမ်းအင်ဒုဝန်ကြီးက ပိုက်လိုင်းကို နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ ဖောက်လုပ်ထားတာဖြစ်ပြီး သဘာဝဓာတ်ငွေ့တွေကို ပိုက်လိုင်းတွေ ကြိုတင်စစ်ဆေးစမ်းသပ်ပြီးမှ ပို့လွှတ်တာဖြစ်တဲ့အတွက် အန္တရာယ်မရှိနိုင်ကြောင်း၊ ပိုက်လိုင်းကို စောင့်ကြည့်နေပြီး မတော်တဆဖြစ်လာရင်လည်း ဒေသခံတွေကို အချိန်မီ သွားရောက် အကာအကွယ်ပေးနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ဖြေကြားသွားပါတယ်။

ဝန်ကြီးရဲ့ ဖြေကြားချက်နဲ့ ပတ်သက်ပြီး ဦးထွန်းအောင်ကျော်က “၀န်ကြီးကတော့ သတင်းအတိအကျ ရထားပါတယ်။ အန္တရာယ်မရှိပါဘူး။ တကယ်လို့ ထပ်ဖြစ်လာရင်လည်း သူတို့အားလုံး အဲဒါကို အားလုံး ပြုပြင်ထားတယ်။ အဲလို ပြောသွားတယ်။ အကာအကွယ်ပေးမယ့်အဖွဲ့တွေနဲ့ အစီအစဉ်တွေ စနစ်တကျ ဆွဲထားတယ်ဆိုပြီး ပြောသွားတယ်။ ဒါပေမယ့် တကယ် ကြီးကြီးကျယ်ကျယ် ပေါက်ကွဲပြီး ဖြစ်လာရင် ၀န်ကြီးပြောသလောက် မလွယ်ဘူးလို့ ထင်တယ်။ အမ်းလမ်းဆိုတာကလည်း ကတ္တရာ ခင်းထားတဲ့ လမ်းမဟုတ်ဘူး။ ဖြစ်တာနဲ့ ချက်ချင်း ၁ နာရီအတွင်း ဘယ်လိုမှ မရောက်နိုင်ဘူး။ ဖြစ်လာပြီး နာရီပေါင်းများစွာ ကြာပြီးတော့မှ နောက်က လိုက်ရမှာ။ မဖြစ်ပါစေနဲ့ပဲ ဆုတောင်းတယ်။ ဖြစ်လာရင်တော့ အဲဒီလမ်းခရီးတွေက သိပ်မလွယ်ဘူး။”

ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းထားတဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်ထဲက ကျေးရွာတွေမှာ ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုနဲ့ ယိုစိမ့်မှုအန္တရာယ် ရှိနိုင်တယ်ဆိုပြီး ဒေသခံတွေက ပြောလာတဲ့အတွက် လုံခြုံရေးကာကွယ်ပေးဖို့ ရည်ရွယ်ပြီး ရခိုင်ပါတီအမတ်က လွှတ်တော်မှာ မေးမြန်းခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အမ်းမြို့နယ် သပြုချိုင်ကျေးရွာအုပ်စုမှာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဆက်ထားရာနေရာတခုကနေ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပြီး မီးလောင်မှု တခုဖြစ်ပွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။

ဓာတ်ငွေ့ပိုက်လိုင်းကို စောင့်ကြည့်လေ့လာ အစီရင်ခံစာတွေ ထုတ်ပြန်နေတဲ့ ရွှေဂတ်စ် လှုပ်ရှားမှုအဖွဲ့ တာဝန်ခံ ဦးဝင်းအောင်ကတော့ ဒီပိုက်လိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေအနေနဲ့ ဒေသခံပြည်သူတွေကို အာမခံချက် ပေးနိုင်လောက်တဲ့ အခြေအနေ မရှိသေးဘူးလို့ ပြောပါတယ်။

“ဥပမာ တရုတ်နိုင်ငံ၊ မက္ကဆီကို နိုင်ငံတို့မှာလို ပေါက်ကွဲတာတို့၊ ရေနံ ယိုစိမ့်တာတို့ ဖြစ်လာခဲ့ရင် နိုင်ငံတော်ကနေပြီး ဘယ်လိုမျိုး အာမခံချက် ရှိရှိနဲ့ လုပ်နိုင်လောက်တဲ့ အခင်းအကျင်းကို အခုထိ မတွေ့ရသေးဘူး။ ဘာပဲဖြစ်ဖြစ် ဒီတ၀ိုက်မှာနေတဲ့သူတွေ ဆုံးရှုံးမှုတွေ အများကြီး ဖြစ်နိုင်တယ်။ လူတွေရဲ့ လုပ်ကိုင်စားသောက်မှု၊ အသက်မွေးဝမ်းကျောင်းတွေ ထိခိုက်နစ်နာမှု အန္တရာယ်တွေ အင်မတန် ကြီးပါတယ်။ တဖက်မှာ မြေငလျင်နဲ့ ဆက်စပ်ပြီး ဖြစ်လာမယ့် ပြဿနာတွေ ရှိသလို အဲဒီဟာနဲ့ ဆက်စပ်ပြီး အစိုးရက စနစ်တကျ ထုတ်ပြန်ထားတာ မရှိဘူးဆိုတော့ သဘာဝအန္တရာယ်နဲ့ တစုံတခု ရင်ဆိုင်လာရရင် ဒေသခံ တိုင်းသူပြည်သားတွေပဲ ဆုံးရှုံးနစ်နာတာတွေ ရင်ဆိုင်ရမှာပါ။”

ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထိ ကီလိုမီတာ ၈၀၀ နီးပါးအရှည်ရှိတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်က မြို့နယ်ပေါင်း ၂၀ ကျော်ကို ဖြတ်သန်းဖောက်လုပ်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဇူလိုင်လက သဘာဝဓာတ်ငွေ့တွေ စတင်ပို့လွှတ်နေတာ ဖြစ်ပါတယ်။

By ပီတာအောင် (ဒီဗွီဘီ)

ဒုဝန်ကြီး ဦးအောင်ထူးနှင့် ဦးထွန်းအောင်ကျော်
ဒုဝန်ကြီး ဦးအောင်ထူးနှင့် ဦးထွန်းအောင်ကျော်
မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ဟာ နိုင်ငံ တကာစံနှုန်းနဲ့အညီ တည်ဆောက်ထားတာဖြစ်တဲ့ အတွက် ဒေသခံပြည်သူတွေ ဘေးကင်း လုံခြုံစိတ်ချ ရတယ်လို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးအောင်ထူးက လွှတ်တော်မှာ ရှင်း လင်းပြောကြား သွားပါတယ်။

အခုထိတော့ ရုပ်ရှင်ရိုက်ဖို့ စိတ်ကူး မရှိသေးပါဘူး ဆိုတဲ့ နန်းသူဇာ

Photo: အခုထိတော့ ရုပ်ရှင်ရိုက်ဖို့ စိတ်ကူး မရှိသေးပါဘူး ဆိုတဲ့ နန်းသူဇာ
Monday, January 27, 2014

မော်ဒယ်လ်တစ်ဦး အဖြစ်သာမက အဆိုပိုင်းကိုပါ ခြေချစပြုလာပြီဖြစ်တဲ့ နန်းသူဇာက ''အခုထိ ရုပ်ရှင်ရိုက်ဖို့ စိတ်ကူး မရှိသေးပါဘူး'' ဟု ပြောပြခဲ့သည်။ ''နန်းသူဇာ အနေနဲ့ ရုပ်ရှင်ရိုက် ဖို့တော့ အခုထိ စိတ်ကူး မရှိသေးပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ သရုပ်ဆောင် မော်ဒယ်လ် တိုင်း ရုပ်ရှင်ရိုက်တာ မဟုတ်ဘူးလေ အဲဒီထဲမှာ နန်းသူဇာ ပါချင်ပါနေမှာပေါ့'' ဟု သူမက ပြောပြခဲ့သည်။

သူမ၏လတ်တလော အနုပညာလှုပ်ရှားမှုများကို မေးကြည့်သည့်အခါ ''ပြင်ဦးလွင်မှာ သီချင်းဆိုဖို့ ရှိတယ်။ Valentime ကျရင် ကိုဘိုစန်းရှိုးပွဲမှာ သီချင်းဆိုဖို့ ရှိတယ်။ Valentime အမှတ်တရကတော့ ငယ်ငယ်က သူငယ်ချင်းတွေ အချင်းချင်း ချောကလက်တွေ ကျွေးကြတယ်။ အဲဒါတော့ ခုထိ အမှတ်ရနေတုန်းပါပဲ။ နောက်မ၀ိုင်းစုတို့ မင်္ဂလာဆောင်မှာ ပန်းကြဲပေးဖို့ ရှိတယ်။ မ၀ိုင်းစုက နန်သူဇာတို့ရဲ့ စီနီယာ တစ်ယောက်လဲ ဖြစ်သလို သူ့သီချင်း တွေဆို နန်းသူဇာ အရမ်းကြိုက်လို့ အားပေးခဲ့ရတဲ့ အဆိုတော် တစ်ဦးလဲ ဖြစ်တဲ့အတွက် သူ့မင်္ဂလာဆောင်မှာ ဒီလိုပန်းကြဲခွင့် ရတာလဲ ဝမ်းသာမိပါတယ်''ဟု သူမက ဆက်လက်ပြောပြ ခဲ့သည်။

နန်းမြတ်ဖြိုးသင်းနှင့် အတူ ရိုက်ထားသည့် MTV ကို ၂ဝ၁၄ ခုနှစ်တွင် ထွက်ဖြစ်အောင် ကြိုးစားလျက် ရှိပြီး ပရိသတ်များ အနေဖြင့်လည်း သူ့ကိုမေ့မသွားဘဲ ဆက်လက်အားပေး ကြပါလို့ ပြောပြခဲ့သည်။

Aသူ
မြ၀တီ
မော်ဒယ်လ်တစ်ဦး အဖြစ်သာမက အဆိုပိုင်းကိုပါ ခြေချစပြုလာပြီဖြစ်တဲ့ နန်းသူဇာက ''အခုထိ ရုပ်ရှင်ရိုက်ဖို့ စိတ်ကူး မရှိသေးပါဘူး'' ဟု ပြောပြခဲ့သည်။ '' နန်းသူဇာအနေနဲ့ ရုပ်ရှင်ရိုက် ဖို့တော့ အခုထိ စိတ်ကူးမရှိသေး ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သရုပ်ဆောင် မော်ဒယ်လ် တိုင်း ရုပ်ရှင်ရိုက်တာ မဟုတ်ဘူးလေ အဲဒီထဲမှာ နန်းသူဇာ ပါချင်ပါနေမှာပေါ့'' ဟု သူမက ပြောပြခဲ့သည်။

လှိုင်သာယာမြို့နယ်တွင် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန် ဆန္ဒထုတ်ဖော်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန် ဆန္ဒပြတောင်းဆိုနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
ဇန်န၀ါရီ ၂၆ ရက် နံနက် ၉ နာရီတွင် လှိုင်သာယာမြို့နယ်၌ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ တစ်ရာကျော်တို့မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန်အတွက် ဆန္ဒထုတ်ဖော် ပွဲကို ပြု လုပ်ခဲ့ကြသည်။

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာသန်း ၂၀၀၀ အသုံးပြု၍ ကူညီမည်ဖြစ်ကြောင်းပြောကြား


မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ကူညီရန်နှင့် မြန်မာပြည်သူများ ကြုံတွေ့နေရသည့် လျှပ်စစ်ဓာတ်အား အသုံးမပြုနိုင်သည့် အနေအထားများနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ အတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာသန်း ၂၀၀၀ အသုံးပြုသွားမည်ဟု ကမ္ဘာ့ဘဏ်အုပ်စု၏ဥက္ကဌ ဂျင်ယုံကင်မ်မှ မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် ခရီးစဉ်တွင် ပြောကြားခဲ့ကြောင်း ကမ္ဘာ့ဘဏ်အုပ်စု၏ ဇန်န၀ါရီ ၂၆ ရက်က ထုတ်ပြန်ချက်အရ သိရှိရသည်။

တရားမျှတမှုမရှိသည့် ဥပဒေအချို့ကြောင့် မြန်မာနိုင်ငံတွင် မလိုလားအပ်ဘဲ တရားခံများပြားနေဟု ပြည်သူ့လွှတ်တော်နာယက ပြောကြား

မြန်မာနိုင်ငံတွင် တရားမျှတမှုမရှိသော ဥပဒေအချို့ကြောင့် မလိုလားအပ်ပဲ တရားခံများ များပြားနေ ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဇန်န၀ါရီ ၂၆ ရက်က စစ်ကိုင်း တိုင်းဒေသကြီး ရွှေဘိုခရီးစဉ်တွင် ပြောကြားသည်။

“တချို့ဥပဒေတွေဟာ တရားမျှတမှုမရှိဘူး။ လက်တွေ့မလိုက်နာနိုင်ဘူးဆိုရင် ဥပဒေပြဌာန်းလိုက်ကတည်း ကိုက ဒီဥပဒေကို ချိုးဖောက်ပြီးသားလူတွေ ရှိနေတယ်။ ချိုးဖောက်တာကို လက်ပိုက်ကြည့်နေကြတဲ့ တာဝန်ရှိသူများကလည်း ဥပဒေကို ထပ်ဆင့်ချိုးဖောက်လိုက်တာဖြစ်တယ်။ အဲဒီတော့ မလိုအပ်ပဲနဲ့ တရားခံတွေ မြန်မာနိုင်ငံမှာ အများကြီး ဖြစ်လာတယ်” ဟု ဦးရွှေမန်းက ပြောကြားသည်။