ဖားကန့် ဒေသ ကေအိုင်အေနှင့် အစိုးရစစ်တပ် ကြား ပိတ်မိနေသည့်ရွာသုံးရွာမှ
ဒေသ ခံများအနေဖြင့် မိမိတို့ဒေသမှ ပြောင်း ရွှေ့စရာမလိုဘဲ အေးချမ်းစွာ
နေထိုင်ကြ ရန် မြန်မာ့တပ်မတော်မှ ဖားကန့်အခြေ စိုက် စစ်ဗျူဟာမှူးက
အောက်တိုဘာ ၁၇ ရက်က ကတိပြုပြောကြားခဲ့ကြောင်း သိ ရသည်။
နှစ်ဖက်တင်းမာမှုများကြောင့် ပိတ်မိနေသည့် အောင်ဘာလေကျေးရွာ ရှိ ဒေသခံများထံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဘာသာရေးအဖွဲ့အစည်း များ သွားရောက်အကူအညီပေးစဉ် ယခု ကဲ့သို့ ဖားကန့်အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမြင့်သန်းက ပြောခြင်းဖြစ်ကြောင်း သိရသည်။
ကေအိုင်အေ အနောက်ပိုင်း တပ်မှူးတန်ဆိုင်းက ''ပြည်သူလူထုကို တော့ ကတိပေးသွားပေမယ့် တပ်ပိုင်း ဆိုင်ရာတော့ မပါ ပါဘူး။ စစ်ကြောင်း တွေ တိုးချထားတာတော့ ရှိသေးတယ်။ စစ်ကြောင်းတွေ ဝင်လာ ရင်တော့ တိုက် ပွဲက ဖြစ်မှာပဲ။ ခုလိုအခြေအနေကတော့ တည်ငြိမ်လာတယ်လို့ ပြောလို့ရပါတယ်'' ဟု ပြောသည်။