Tuesday, August 26, 2014

ခေါင်းလောင်းကြီးကို နဂါးတွေပူဇော်နေလို့ သတင်းထုတ်ပြန်ဖို့ နောက်ကျခဲ့ရ

လူအများ စိတ်ဝင်စားနေကြတဲ့ ဓမ္မစေတီခေါင်းလောင်းကြီးကို ရှာတွေ့ပြီလို့ ခေါင်းလောင်းရှာဖွေရေး အဖွဲ့ခေါင်းဆောင် ဦးစံလင်းက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ 

သူရဦးရွှေမန်းအမေရိကသွားမည်


ယခုနှစ် နိုဝင်ဘာလ မကုန်မီ အချိန်အတွင်း ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် အမေရိကန်ပြည် ထောင်စုသို့ သွားရောက်ရန်ရှိ ကြောင်း ပြည်သူ့လွှတ်တော် နိုင်ငံ တကာဆက်ဆံရေးကော်မတီထံ မှသတင်းရရှိသည်။
ယခုလ ၇ ရက်က မြန်မာနိုင် ငံသို့ ရောက်ရှိခဲ့သော အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်းတို့တွေ့ ဆုံရာတွင် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးက နိုဝင်ဘာလမကုန် မီ အမေရိကန်ပြည်ထောင်စုသို့ လာရောက်ရန် ဖိတ်ကြားခဲ့ ကြောင်း ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးက ပြောသည်။
‘‘အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးနဲ့ တွေ့တုန်းက ဖိတ်တာ ကို ဥက္ကဋ္ဌကြီးက လက်ခံထားပါ တယ်။ ဒါပေမဲ့ ဘယ်တော့သွား မယ်ဆိုတာတော့ တိတိကျကျ သတ်မှတ်မထားပါဘူး။ နိုဝင်ဘာ မကုန်မီအထိတော့ ဟိုဘက်က ဖိတ်ထားတယ်’’ဟု ဦးလှမြင့်ဦးက ဆိုသည်။

အိန္ဒိယနိုင်ငံမှစစ်သွေးကြွများကို မြန်မာ တိုက်ခိုက်မည်

အိန္ဒိယနိုင်ငံ၏ အ ကြမ်းဖက်တိုက်ဖျက်ရေးကို ကူညီ ပံ့ပိုးသည့်အနေဖြင့် မြန်မာ့မြေ ပေါ်တွင်ရှိသည့် အိန္ဒိယအရှေ့ မြောက် ပိုင်း စစ်သွေးကြွများ၏သင်တန်းလေ့ကျင့်ရာစခန်းများကိုဖြိုခွင်းမည်ဖြစ်ကြောင်း မြန်မာအစိုးရက ပြောကြားလိုက်သည်။
အိန္ဒိယနိုင်ငံကို ဆန့်ကျင် တိုက်ခိုက်ရန် အကြမ်းဖက်သမားများ မြန်မာ့မြေကို အသုံးပြုခွင့် ဘယ်တော့မှပေးမည်မဟုတ် ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်သည်။
မြန်မာအစိုးရအနေဖြင့် အိန္ဒိ ယအစိုးရသစ်၏ စစ်သွေးကြွ နှိမ်နင်းမှုများကို အပြည့်အ၀ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။
အိန္ဒိယနိုင်ငံစစ်သွေးကြွများ၏ လေ့ကျင့်ရေးစခန်းများနှင့် ပတ်သက်၍ နေရာနှင့် အခြားအ ချက်အလက်များကို တိကျစွာသ တင်းပေး ပါက မြန်မာအနေဖြင့် ၎င်းတို့ကို အရေးယူရန် အဆင်သင့်ပါဟု ၀န်ကြီးဦးရဲထွဋ်က အိန္ဒိယနိုင်ငံသတင်းမီဒီယာ တစ် ခုနှင့် မေးမြန်းခန်းတွင် ပြောကြားသည်။

ရန်ကုန်ရှိ ရှေးဟောင်းမြို့ပြအမွေအနှစ်များ ထိန်းသိမ်းရေးအဆို ရှုံးနိမ့်


Photo: ရန်ကုန်ရှိ ရှေးဟောင်းမြို့ပြအမွေအနှစ်များ ထိန်းသိမ်းရေးအဆို ရှုံးနိမ့်
Tuesday, August 26, 2014

ရန်ကုန်မြို့အတွင်းရှိ ရှေးဟောင်းမြို့ပြအမွေအနှစ်များ စနစ်တကျထိန်းသိမ်းရန် တိုင်းဒေသကြီးအစိုးရအား တိုက်တွန်းကြောင်းအဆိုကို တိုင်းဒေသကြီးလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့ကြောင်းသတင်းရရှိသည်။

ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာဒေါ်ညိုညို သင်း တင်သွင်းသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို့တော်အတွင်းရှိ ရှေး ဟောင်းမြို့ပြအမွေအနှစ်များအား စနစ်တကျထိန်းသိမ်းရန်တိုက်တွန်းကြောင်း အဆိုကို သြဂုတ်လ ၂၅ ရက်တွင် ကျင်းပသောရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မဲခွဲဆုံးဖြတ်ရာတွင် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အ စည်းအဝေးသို့တက်ရောက်သော လွှတ်တော်ကိုယ်စားလှယ် ၁၁၄ ဦး အနက် အဆိုကို ထောက်ခံခဲ့သူမှာ ၁၁ ဦးသာရှိခဲ့၍ထောက်ခံသူနည်းပါးသည့်အတွက် လွှတ်တော်တွင်အတည်ပြုနိုင်ခဲ့ခြင်း မရှိပေ။

ရှေးဟောင်းမြို့ပြအမွေအ နှစ်များတွင် ပါဝင်သော ပန်းခြံ၊ အဆောက်အအုံများ၊ ကန်များ၊ စိမ်းလန်းသော နေရာများအား စနစ်တကျထိန်းသိမ်းရန် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းက လွှတ်တော်သို့ တင်ပြခဲ့သည်။

လက်ရှိအချိန်တွင် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ဥရောပသမဂ္ဂ၏ အကူအညီဖြင့် မြို့ပြအမွေအ နှစ် ထိန်းသိမ်းခြင်းကို ဆောင်ရွက်နေကြောင်း၊ ရန်ကုန်မြို့ပြအမွေ အနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust) တို့နှင့်လည်း ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က လွှတ်တော်တွင် ပြန်လည်ရှင်းပြခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနအနေဖြင့်လည်း လက်ရှိအချိန်ထိ ပန်းခြံပေါင်း ၆၃ ခုကို အများပြည်သူ အပန်းဖြေနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။

သမိုင်းဝင်အဆောက်အအုံ များ တည်ရှိရာ ရန်ကုန်မြို့၏ အထင်ကရမြို့လယ်ဧရိယာအား ၂၀၁၄ ခုနှစ် ယဉ်ကျေးမှုအမွေ အနှစ်နေရာတစ်ခုအဖြစ် ကမ္ဘာ့ သမိုင်းဝင် အဆောက်အအုံစောင့် ကြည့်ရေးအဖွဲ့ (World Monument Watch) ၏ စောင့်ကြည့် မည့် စာရင်းတွင် ထည့်သွင်းရန် ရွေးချယ်ထားသည်။

7Day DAILY 

ရန်ကုန်မြို့တော်ခန်းမ အဆောက်အအုံကို မဟာဗန္ဓုလပန်းခြံအတွင်းမှ တွေ့ရစဉ် ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)
ရန်ကုန်မြို့တော်ခန်းမ အဆောက်အအုံကို မဟာဗန္ဓုလပန်းခြံအတွင်းမှ တွေ့ရစဉ်
ရန်ကုန်မြို့အတွင်းရှိ ရှေးဟောင်းမြို့ပြအမွေအနှစ်များ စနစ်တကျထိန်းသိမ်းရန် တိုင်းဒေသကြီးအစိုးရအား တိုက်တွန်းကြောင်းအဆိုကို တိုင်းဒေသကြီးလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့ကြောင်းသတင်းရရှိသည်။

ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာဒေါ်ညိုညို သင်း တင်သွင်းသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို့တော်အတွင်းရှိ ရှေး ဟောင်းမြို့ပြအမွေအနှစ်များအား စနစ်တကျထိန်းသိမ်းရန်တိုက်တွန်းကြောင်း အဆိုကို သြဂုတ်လ ၂၅ ရက်တွင် ကျင်းပသောရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားပညာရေးဥပဒေကို တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း စုပေါင်း ကန့်ကွက်

ပြည်ထောင်စုလွှတ် တော်က အတည်ပြုထားသော အမျိုးသားပညာရေး ဥပဒေသည် ပညာရေးလွတ်လပ်မှုကို အာမခံ ထားခြင်းမရှိသောကြောင့် တက္က သိုလ်ဆရာ၊ ဆရာမများအသင်း တို့က စုပေါင်း၍ ကန့်ကွက် ကြောင်း ကြေညာချက် ထုတ်ပြန် သည်။မြန်မာနိုင်ငံ၏ ပညာရေး ကဏ္ဍလွတ်လပ်မှုအပေါ် အုပ်ချုပ်ရေးမဏ္ဍိုင်က လွှမ်းမိုးချုပ်ချယ် ခဲ့သောကြောင့် အာရှထိပ်တန်း အဆင့်မှ တဖြည်းဖြည်းကျဆင်း ပျက်စီးခဲ့ရာ အရှေ့တောင်အာရှ နိုင်ငံများကပင် အသိအမှတ်မပြု တော့သည်ကို သမိုင်းသင်ခန်းစာ ယူရန် အရေးကြီးကြောင်း တက္က သိုလ်ဆရာများက ထောက်ပြ ထားသည်။အခြေခံပညာကျောင်းများ ၏ စီမံခန့်ခွဲပိုင်ခွင့်ကို ၀န်ကြီးဌာန က ရရှိထားပြီး အဆင့်မြင့်ကဏ္ဍ တွင်လည်း တက္ကသိုလ်များအား လွတ်လပ်သော ကိုယ်ပိုင်စီမံ ခန့်ခွဲပိုင်ခွင့် ပေးအပ်ရာတွင် လွှမ်းမိုးချုပ်ကိုင်လိုသော ပြဋ္ဌာန်း ချက်များရှိနေကြောင်း ထုတ်ပြန် ချက်တွင် ရေးသားထားသည်။ ကျောင်းသားသမဂ္ဂများ၊ ဆရာ သမဂ္ဂများ ဒီမိုကရေစီနည်းကျ လွတ်လပ်စွာဆောင်ရွက်လုပ် ကိုင်ခွင့်ကို ချုပ်ကိုင်ရန် ပြဋ္ဌာန်း ချက်များပါဝင်နေခြင်းနှင့် ဆရာ များကိုယ်ကျင့်တရားကောင်းလာ မှသာ ဗဟိုချုပ်ကိုင်မှုကိုလျှော့ချ မည်ဟု အဓိပ္ပာယ်ရသော ပြဋ္ဌာန်း ချက်သည် ဆရာများ၏ ဂုဏ်သိက္ခာကို သေးသိမ်စေခြင်းကြောင့် အပြင်းအထန်ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

သွေးနမူနာကို ကမ္ဘာ့ကျန်းမာရေးဓာတ်ခွဲခန်းသို့ မပို့ရသေး

ဝေဘာဂီကူးစက်ဆေးရုံ တွင် စစ်ဆေးကုသမှုခံယူနေသော အီဘိုလာရောဂါသံသယရှိလူနာ ၏ သွေးကို စစ်ဆေးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO ဓာတ်ခွဲမှုဌာနရှိရာ အိန္ဒိယနိုင်ငံ၊ ပူးနေမြို့ သို့ သြဂုတ်လ ၂၅ရက်အထိ ပေးပို့ခြင်းမရှိသေးကြောင်း ကျန်း မာရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။
မည်သည့် ကူးစက်မြန်ရော ဂါမဆို နိုင်ငံတကာရှိ ညွှန်းပို့ဓာတ် ခွဲခန်းများသို့ နမူနာပေးပို့ရန် ကန့်သတ်ချက်များရှိနေ၍ ပေးပို့ ရန်အခက်အခဲများရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သ တင်းထုတ်ပြန်ထားသည်။
‘‘သတ်မှတ်ထားတဲ့ဓာတ်ခွဲ ခန်းကို ပို့ဖို့စီစဉ်နေတုန်းပါ။ ပြီး တော့ ကျွန်တော်တို့ ဓာတ်ခွဲခန်းမှာ စစ်တုန်းက ငှက်ဖျားပိုးနှစ်ခုတွေ့ တော့ လက်ရှိမှာလည်း ငှက်ဖျားဆေးနဲ့ပဲကုနေတယ်။ လူနာလည်း ထမင်းတောင်စားနိုင်နေပါပြီ။ လေဆိပ်တွေမှာ စစ်တာတွေဘာတွေကတော့ WHOရဲ့ ညွှန်ကြားထားတဲ့ သတ်မှတ်ကာလအထိလုပ်ဆောင်သွားမှာပါ’’ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါကာကွယ် နှိမ်နင်းရေးဌာနမှ တွဲဖက်လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်ကပြော ကြားသည်။

အိမ်ခန်းငှားရမ်းခ ထိန်းချုပ်ရေး ရန်ကုန်တိုင်းလွှတ်တော်တွင် ဆွေးနွေးမည်

Photo: အိမ်ခန်းငှားရမ်းခ ထိန်းချုပ်ရေး ရန်ကုန်တိုင်းလွှတ်တော်တွင် ဆွေးနွေးမည်
Tuesday, August 26, 2014

ရန်ကုန်မြို့တွင် မြင့် တက်လာသော အိမ်ခန်းငှားရမ်း ခများကို ထိန်းချုပ်ပေးရေးအ တွက် တိုင်းအစိုးရက ဆောင်ရွက် ပေးရန် သြဂုတ်လ ၂၅ ရက်တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်အစည်းအဝေးတွင် တင်ပြလိုက်ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်း အိမ်ငှားခများ မြင့်တက်မှု ကြောင့် အိမ်ရာမဲ့ ပြည်သူမိသား စုများ စားဝတ်နေရေးအခက်အခဲ များ ဖြစ်ပေါ်နေမှုများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက သင့် လျော်သော အိမ်ငှားရမ်းခ နှုန်း ထားများ ဖြစ်ပေါ်ရေးအတွက် အိမ်ခန်းငှားရမ်းမှု အဆင်ပြေချောမွေ့ ရေးအဖွဲ့များဖွဲ့ပြီး စီစဉ်ဆောင် ရွက်ပေးပါရန် တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စား လှယ် ဦးသောင်းကျော်က တင် သွင်းခဲ့ခြင်း ဖြစ်သည်။

‘‘ရန်ကုန်တိုင်း အတွင်းမှာ အိမ်ရာမဲ့ ပြည်သူအများစု ရှိပါ တယ်။ သူတို့ ၀င်ငွေရဲ့ ၃၅ ရာခိုင်နှုန်းက ၅၀ ရာခိုင်နှုန်းအထိ အိမ် ခန်းငှားရမ်းခများကို ပေးနေရပါ တယ်။ ယနေ့ အိမ်ခြံမြေဈေးနှုန်း များတက်လာသည်နှင့်အမျှ အိမ် ငှားခဈေးနှုန်းများလည်း တက်လာပါတယ်’’ ဟု ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ လွှတ် တော်ကိုယ်စားလှယ် ဦးသောင်း ကျော်က လွှတ်တော်သို့ တင်ပြခဲ့သည်။

အိမ်ခန်းငှားရမ်းခ ဈေးနှုန်းမြင့်မားလာမှုကြောင့် ၀င်ငွေ နည်း မိသားစုများနေထိုင်ရေးသင့်လျော်သည့် အိမ်ခန်းများကို ငှားရမ်းရန် အခက်အခဲများ ရှိလာကြောင်း၊ တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူများပြားလာခြင်းသည် လည်း အိမ်ခန်းငှားရမ်းခများ ဈေးနှုန်းမြင့်မားလာမှုကြောင့်လည်း ပါဝင်သည်ဟု လွှတ်တော်ကိုယ် စားလှယ် အချို့က ပြောကြားသည်။

ရန်ကုန်မြို့တွင် အိမ်ခြံမြေ ဈေးများ မြင့်တက်လာမှုနှင့်အတူ အိမ်ခန်းငှားရမ်းခဈေးနှုန်းများမြင့်တက်လာပြီး အိမ်ခန်းငှားရမ်းခများ သည် တစ်စတုရန်းပေကို ငါးကျပ်နှုန်းမှ တစ်ထောင်နှုန်းအထိ ဈေး တက်လာမှုများ ရှိသည်။

ရန်ကုန်တိုင်းအတွင်း အိမ် ငှားရမ်းခများ မြင့်တက်မှုကို အစိုးရ ဆောင်ရွက်ပေးရန် အဆို ကို ယခုလ ၂၇ ရက်တွင် ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြမည်ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလမှစတင်ပြီး တစ်နိုင်ငံလုံးရှိ ပြည်သူ့အိမ်ရာ အဟောင်းများမှ အိမ်ခန်းပေါင်း တစ်သောင်းကျော်၏ အိမ်လခ များကို အဆတစ်ရာကျော် တိုးမြှင့်ကောက်ခံခဲ့သည်။

7Day DAILY 

အဆောက်အအုံသစ်များ ဖြစ်ထွန်းလာသည်နှင့်အမျှ လူနေထူထပ်လာသော ရန်ကုန်မြို့လယ်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ −နစ်ကီ)
ရန်ကုန်မြို့တွင် မြင့် တက်လာသော အိမ်ခန်းငှားရမ်း ခများကို ထိန်းချုပ်ပေးရေးအ တွက် တိုင်းအစိုးရက ဆောင်ရွက် ပေးရန် သြဂုတ်လ ၂၅ ရက်တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်အစည်းအဝေးတွင် တင်ပြလိုက်ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအ တွင်း အိမ်ငှားခများ မြင့်တက်မှု ကြောင့် အိမ်ရာမဲ့ ပြည်သူမိသား စုများ စားဝတ်နေရေးအခက်အခဲ များ ဖြစ်ပေါ်နေမှုများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက သင့် လျော်သော အိမ်ငှားရမ်းခ နှုန်း ထားများ ဖြစ်ပေါ်ရေးအတွက် အိမ်ခန်းငှားရမ်းမှု အဆင်ပြေချောမွေ့ ရေးအဖွဲ့များဖွဲ့ပြီး စီစဉ်ဆောင် ရွက်ပေးပါရန် တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စား လှယ် ဦးသောင်းကျော်က တင် သွင်းခဲ့ခြင်း ဖြစ်သည်။

မောင်းနှင်လာသောယာဉ်ပေါ် မြန်မာ့ဆက်သွယ်ရေးဖုန်းတိုင်ကျိုးကျမှုကြောင့် တစ်ဦးဒဏ်ရာရ

Photo: မောင်းနှင်လာသောယာဉ်ပေါ် မြန်မာ့ဆက်သွယ်ရေးဖုန်းတိုင်ကျိုးကျမှုကြောင့် တစ်ဦးဒဏ်ရာရ
Tuesday, August 26, 2014

တာမွေမြို့နယ်တွင် မောင်းနှင်လာသောယာဉ်ပေါ် မြန်မာ့ဆက်သွယ်ရေးမှဖုန်းတိုင် ရုတ်တရက်ကျိုးကျမှုကြောင့် ယာဉ်မောင်းဒဏ်ရာရရှိမှု သြဂုတ် ၂၅ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်။
တာမွေမြို့နယ် နတ်ချောင်းရပ်ကွက် သီရိလင်္ကာရာမကျောင်းလမ်းအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူမှာ အဆိုပါမြို့နယ် ၁၆၄ လမ်းနေ ဦးတင်ဝင်းဆိုသူဖြစ်ကြောင်း သိရသည်။
"ကျွန်တော်ကားကို ပုံမှန်အတိုင်းမောင်းလာတုန်း မျက်စိထဲရိပ်ခနဲမြင်လိုက်တယ်။ ပထမတော့ ဓာတ်တိုင်ကျိုးကျတယ်လို့ထင်တာ။ နောက်တော့ ဖုန်းတိုင်ဖြစ်မှန်းသိတယ်။ ဆက်သွယ်ရေးကို အကြောင်းကြားလိုက်လို့ လာတော့ကြည့်သွားတယ်။ ဘာမှမပြောသွားဘူး" ဟု ဦးတင်ဝင်းကဆိုသည်။
ဖုန်းတိုင်သည် အဆိုပါကြက်ခြင်းများတင်ဆောင်လာသော ယာဉ်၏ယာဘက်ခြမ်းယာဉ်မောင်းနေရာ ခေါင်မိုးပေါ်သို့ကျိုးကျပြီး နောက်ယာဉ်ရှေ့မှန်ပေါ်သို့ ပိသွားခဲ့သည်။
ယာဉ်မောင်းဦးတင်ဝင်းတွင် ဖုန်းတိုင်ကျိုးကျပြီး ယာဉ်ပေါ်ပိသွားမှုကြောင့် ဦးခေါင်းနှင့်လက်တွင် ပွန်းပဲ့ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဦးတင်ဝင်းက ယင်းဖုန်းတိုင်၏ ကွန်ကရစ်အတွင်း မြှုပ်နှံဖရိန်ချထားသော သံချောင်းများ၏အရွယ်အစားမှာ ရှိသင့်သောပမာဏထက် သေးလွန်းကြောင်း ၎င်း၏အမြင်ကို ပြောကြားသည်။
ယာဉ်ပေါ်သို့ကျိုးကျသွားသော ဆက်သွယ်ရေးဖုန်းတိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Eleven
တာမွေမြို့နယ်တွင် မောင်းနှင်လာသောယာဉ်ပေါ် မြန်မာ့ဆက်သွယ်ရေးမှဖုန်းတိုင် ရုတ်တရက်ကျိုးကျမှုကြောင့် ယာဉ်မောင်းဒဏ်ရာရရှိမှု သြဂုတ် ၂၅ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်။တာမွေမြို့နယ် နတ်ချောင်းရပ်ကွက် သီရိလင်္ကာရာမကျောင်းလမ်းအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူမှာ အဆိုပါမြို့နယ် ၁၆၄ လမ်းနေ ဦးတင်ဝင်းဆိုသူဖြစ်ကြောင်း သိရသည်။"ကျွန်တော်ကားကို ပုံမှန်အတိုင်းမောင်းလာတုန်း မျက်စိထဲရိပ်ခနဲမြင်လိုက်တယ်။ ပထမတော့ ဓာတ်တိုင်ကျိုးကျတယ်လို့ထင်တာ။ နောက်တော့ ဖုန်းတိုင်ဖြစ်မှန်းသိတယ်။ ဆက်သွယ်ရေးကို အကြောင်းကြားလိုက်လို့ လာတော့ကြည့်သွားတယ်။ ဘာမှမပြောသွားဘူး" ဟု ဦးတင်ဝင်းကဆိုသည်။ဖုန်းတိုင်သည် အဆိုပါကြက်ခြင်းများတင်ဆောင်လာသော ယာဉ်၏ယာဘက်ခြမ်းယာဉ်မောင်းနေရာ ခေါင်မိုးပေါ်သို့ကျိုးကျပြီး နောက်ယာဉ်ရှေ့မှန်ပေါ်သို့ ပိသွားခဲ့သည်။
ယာဉ်မောင်းဦးတင်ဝင်းတွင် ဖုန်းတိုင်ကျိုးကျပြီး ယာဉ်ပေါ်ပိသွားမှုကြောင့် ဦးခေါင်းနှင့်လက်တွင် ပွန်းပဲ့ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။