Saturday, June 1, 2013

တရုတ် Cyber တိုက်ခိုက်မှု အမေရိကန် ကာကွယ်ရေး ၀န်ကြီး ဝေဖန်

Photo: တရုတ် Cyber တိုက်ခိုက်မှု အမေရိကန် ကာကွယ်ရေး ၀န်ကြီး ဝေဖန်

ဇွန်လ ၁ ရက် ၂၀၁၃

စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ အာရှဒေသလုံခြုံရေးနှစ်ပတ်လည်ဆွေးနွေးပွဲတက်ရောက်နေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက တရုတ်အစိုးရဟာ Cyber အင်တာနက်နည်းပညာနဲ့ အမေရိကန်ပစ်မှတ်တွေကို တိုက်ခိုက်နေတယ်လို့ လူသိ ရှင်ကြားစွပ်စွဲလိုက်ပါတယ်။ 

အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးမှာ ကသိကအောက်ဖြစ်လာတဲ့ Cyber အင်တာနက် တိုက်ခိုက်မှုကို တရုတ်အစိုးရက ကိုင်တွယ်ရေး အမေရိကန်ကဖိအားတွေဆက်ပြီး တိုးမြှင့်သွားမယ်လို့ Shangri-La လုံခြုံရေးဆွေးနွေးပွဲမှာ ဒီကနေ့ မှတ်ချက်ချလိုက်တာပါ။ အင်တာနက် နယ်ပယ်မှာ တာဝန်သိစွာပြုမူကြဖို့ နိုင်ငံတကာ စံနှုန်းတွေထားရှိရေးအတွက် အမေရိကန်က တရုတ်နဲ့ရော တခြားနိုင်ငံတွေနဲ့ပါ အတူတကွ ဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ၀န်ကြီး Hagel ကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီညီလာခံတက်ရောက်စဉ်အတွင်း တရုတ် ကိုယ်စားလှယ်အဖွဲ့နဲ့ သီးခြားတွေ့ဆုံဖို့ စီစဉ်နေတယ်လို့လည်းဆိုပါတယ်။

တရုတ် ကွန်ပြူတာနည်းပညာနဲ့ တိုက်ခိုက်သူ Hacker တွေက Pentagon စစ်ဌာနချုပ်ရဲ့ ဒါဇင်နဲ့ချီတဲ့ လက်နက် အစီအစဉ်တွေနဲ့ တခြား ကာကွယ်ရေးနည်းပညာတွေကို ခိုးယူခဲ့တယ်လို့ အမေရိကန်အစိုးရနဲ့ သတင်းမီဒီယာတွေက မကြာသေးခင်ကပြောဆိုထားပါတယ်။ တရုတ်ကတော့ ဒီစွပ်စွဲချက်ကိုငြင်းဆိုပေမဲ့ အခု ၀န်ကြီး Hagel ရဲ့ မှတ်ချက်ကိုတော့ တုံ့ပြန်တာမရှိသေးပါဘူး။ 

သမ္မတအိုဘားမာနဲ့ တရုတ်သမ္မတရှီကျင်ဖျင်တို့ California မှာ မတွေ့ဆုံခင် ရက်ပိုင်းအလိုမှာ ကာကွယ်ရေးဝန်ကြီး Hagel က တရုတ်ကို ပြောင်ပြောင်တင်းတင်းစွပ်စွဲလိုက်တာပါ။ သမ္မတ ၂ ဦးတွေ့တဲ့အခါမှာလည်း ဒီကိစ္စဆွေးနွေးဖို့ရှိတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။

VOA
စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ အာရှဒေသလုံခြုံရေးနှစ်ပတ်လည်ဆွေးနွေးပွဲတက်ရောက်နေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက တရုတ်အစိုးရဟာ Cyber အင်တာနက်နည်းပညာနဲ့ အမေရိကန်ပစ်မှတ်တွေကို တိုက်ခိုက်နေတယ်လို့ လူသိ ရှင်ကြားစွပ်စွဲလိုက်ပါတယ်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်းများကို အတန်းတင်စာမေးပွဲ စနစ်ပြောင်းမည်

Photo: စတုတ္ထတန်းနှင့် အဋ္ဌမတန်းများကို အတန်းတင်စာမေးပွဲ စနစ်ပြောင်းမည်

ဇွန်လ ၁ ရက် ၂၀၁၃

အခြေခံပညာအဆင့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းများတွင် ကျောင်းတွင်း စစ်ဆေးမှု စာမေးပွဲစနစ် ကျင့်သုံးရာမှ ကျောင်းမိသားစုနှင့် မြို့နယ်ခရိုင်အလိုက် အတန်းတင်စာမေးပွဲ များအဖြစ် ပြောင်းလဲရန် စီစဉ်လျက်ရှိကြောင်း ပညာရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးအေးကြူက ပြောကြားသည်။
အဆိုပါစနစ်ကို အခြေခံပညာ ကျောင်းများနှင့် သက်ဆိုင်ရာပညာရေး ဝန်ထမ်းများထံ အကြောင်းမကြား ထားသေးသည့် အတွက် ယခုပညာသင်နှစ် စတင် ဖြစ် မဖြစ် မသေချာကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။

အခြေခံပညာ အဆင့်အတန်း အသီးသီး၏ မေးခွန်းများသည် အလွတ်ကျက်မှတ် ဖြေဆိုရသော မေးခွန်းပုံစံ ဖြစ်သောကြောင့် ကလေးများ၏ စဉ်းစားတွေးခေါ်မှု စွမ်းရည် အားနည်းစေခြင်းတို့ကို လေ့လာ တွေ့ရှိရကြောင်း ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်းအဆင့် ၁ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် ကျောင်းသားများအတွက် ကျောင်းပေါင်းစုံ သို့မဟုတ် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး အလိုက် နှစ်ဆုံးစာမေးပွဲ ကျင်းပကာ တတ်မြောက်မှု စစ်ဆေးသင့်ကြောင်း ထပ်မံ အကြံပြုထားသည်။
"ကျောင်းသားတွေက အားထုတ်မှုတွေ အားနည်းကြတယ်။ အချိန်တန် အောင်မှာပေါ့ ဆိုတဲ့ စိတ်ပဲရှိတယ်" ဟု မူလတန်း လွန် ကျောင်းအုပ်ဆရာကြီးတစ်ဦးက The Voice သို့ ပြောကြားသည်။

ယင်းကြောင့် အဆိုပါစာမေးပွဲစနစ်ကို ပြင်ဆင်မည်ဆိုပါက အခြေခံပညာရေးအတွက် သင့်တော်ပြီး ရာခိုင်နှုန်းပြည့် အောင်ချက်များ လျော့နည်းကာ အရည်အသွေးပိုင်း မြင့်မားလာနိုင်ကြောင်း ၄င်းက သုံးသပ်ပြောဆိုသည်။

လက်ရှိအခြေခံပညာရေး စနစ်တွင် မူလတန်းမှ အလယ်တန်းအဆင့်ထိ အတန်းတိုင်းတွင် ရာခိုင်နှုန်းပြည့် အောင်ချက်များကြောင့် ပညာရေးစနစ် အားနည်းချက်များ ဖြစ်ပေါ်ကာ အဆင့်မြင့်ပညာရေးကဏ္ဍအထိ ထိခိုက်မှုများ ရှိလာသည့်အတွက် ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုတွင် အခြေခံပညာရေးပိုင်းကို အဓိကထား ဆောင်ရွက်လျက်ရှိသည်။

The Voice
အခြေခံပညာအဆင့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းများတွင် ကျောင်းတွင်း စစ်ဆေးမှု စာမေးပွဲစနစ် ကျင့်သုံးရာမှ ကျောင်းမိသားစုနှင့် မြို့နယ်ခရိုင်အလိုက် အတန်းတင်စာမေးပွဲ များအဖြစ် ပြောင်းလဲရန် စီစဉ်လျက်ရှိကြောင်း ပညာရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးအေးကြူက ပြောကြားသည်။

KIO ကိုယ်စားလှယ်များ လိုင်ဇာသို့ ရောက်ရှိ

Photo: KIO ကိုယ်စားလှယ်များ လိုင်ဇာသို့ ရောက်ရှိ

ဇွန်လ ၁ ရက် ၂၀၁၃

မြစ်ကြီးနားမှ ယနေ့ ဇွန် ၁ ရက်နေ့ နံနက် ၉ နာရီခန့်မှ စတင်ပြီ ထွက်ခွာလာသော KIO ကိုယ်စားလှယ်များ ညနေ (၃) နာရီခန့်တွင် လိုင်ဇာမြို့သို့ရောက်ရှိကာ ဒေသခံများ (၄) ထောင် ခန့်အားပါးတရ ကြိုဆိုခဲ့ကြသည်။

KIO ကိုယ်စားလှယ်များမှ လည်း ဒေသခံများနှင့် တွေ့ဆုံကာ ဆွေးနွေးပွဲရလာဒ်များအား ရှင်းလင်းပြောပြခဲ့သည်။

မြစ်ကြီးနားမှ ယနေ့ ဇွန် ၁ ရက်နေ့ နံနက် ၉ နာရီခန့်မှ စတင်ပြီ KIO ဆွေးနွေးပွဲ ကိုယ်စားလှယ်များအား ကုလအထူးကိုယ်စားလှယ် Mrs.Maria၊ လွတ်တော်အမတ် နှစ်ဦး ဦးခက်ထိန် နန် နှင့် ဒေါ်ဒွဲဘူ ၊ PCG အဖွဲ့၊ ကချင်ရပ်မိရပ်ဖ နှင့် ကချင် လူငယ်များ အင်းအား ၈၀၀ ခန့် သည် နမ်ဆန်ယန်အထိ လိုက်လည်လိုက်ပို့ခဲ့ကြသည်။

လူငယ်များမှာ မြစ်ကြီးနားမှ ဆိုင်ကယ်အောင်မြေ (၂) အထိလိုက်ပို့ ခဲ့ပြီး ကချင်ရပ်မိ ရပ်ဖအချို့ မှာ နမ်ဆမ်ယန်အထိ ကားများဖြင့် လိုက်လည် လိုက်ပို့ခဲ့သည်။ မြစ်ကြီးနားမြို့မှ အောင်မြေ(၂) အထိ လမ်းတစ်လျှောက် ဒေသခံများ စောင့်ကြို နှုတ်ဆက်ခဲ့ကြသည်။ 

မြစ်ကြီးနားမြို့မှဆိုင်ကယ်အစီးရေ (၃၀၀) ခန့်နှင့် ကားအစီးရေး (၁၀၀) ခန့်ရှိသော ကားတန်းများဖြင့် မြစ်ကြီးမှ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

Kachinwaves
မြစ်ကြီးနားမှ ယနေ့ ဇွန် ၁ ရက်နေ့ နံနက် ၉ နာရီခန့်မှ စတင်ပြီ ထွက်ခွာလာသော KIO ကိုယ်စားလှယ် များ ညနေ (၃) နာရီခန့်တွင် လိုင်ဇာမြို့သို့ရောက်ရှိကာ ဒေသခံများ (၄) ထောင် ခန့်အားပါးတရ ကြိုဆို ခဲ့ကြသည်။

“ ပြည်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်၏ Facebook စာမျက်နှာတွင် လက်ရှိဖြစ်ပေးနေသော မလေးရှားရောက် မြန်မာနိုင်ငံသားများအရေးနှင့် ပတ်သက်၍ ဖော်ပြထားချက် ”

Photo: “ ပြည်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်၏ Facebook စာမျက်နှာတွင်
လက်ရှိဖြစ်ပေးနေသော မလေးရှားရောက် မြန်မာနိုင်ငံသားများအရေးနှင့် 
ပတ်သက်၍ ဖော်ပြထားချက် ”

မလေးရှားနိုင်ငံ ကမ်ပွန်း( KamPung )ရှိ
မြန်မာဘုန်းတော်ကြီး
ကျောင်း အနီးမှာ ရိုက်ပွဲဖြစ်တယ်၊ ဆလာရန်းမှာ ရိုက်ပွဲဖြစ်တယ်၊ မြန်မာတွေ
သေတယ်ဆိုတဲ့ သတင်းတွေ အင်တာနက်ပေါ်မှာ တွေ့နေရပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက တဆင့် မလေးရှားမှာ ရှိတဲ့ မြန်မာသံရုံးကို ညနေ ငါးနာရီကျော်ကတစ်ကြိမ်၊ အခု ည ၈နာရီကျော်က တစ်ကြိမ်၊အဲဒီသတင်းတွေနဲ့ 
ပတ်သက်ပြီး စုံစမ်းမေးမြန်းခဲ့ပါတယ်။

သံအမတ်ကြီးက အဲဒီဖြစ်စဉ်တွေမှန်ကန်မှုမရှိကြောင်း၊ မြန်မာဘုန်းတော်ကြီးကျောင်းက ဆရာတော်နဲ့လည်း ညနေက စပြီး အဆက်အသွယ်မပြတ်ရရှိနေကြောင်း၊ ဆရာတော်က အဲဒီလို တိုက်ခိုက်မှုများမရှိကြောင်းပြောတယ်လို့ အကြောင်းပြန်ပါတယ်။

အင်တာနက်ပေါ်က သတင်းများကို အလွယ်တကူမယုံကြည်ကြပါနဲ့။မလေးရှားအပါအ၀င် နိုင်ငံ တကာမှာရှိနေတဲ့ မြန်မာသံရုံးများကလည်း မြန်မာနိုင်ငံသားများကို ကာကွယ်ကူညီစောင့်ရှောက် ဖို့ အသင့်ရှိပါတယ်။

- ဦးရဲထွဋ်
( https://www.facebook.com/ye.htut.988 )
မလေးရှားနိုင်ငံ ကမ်ပွန်း(KamPung)ရှိ မြန်မာဘုန်းတော်ကြီးကျောင်းအနီးမှာ ရိုက်ပွဲဖြစ်တယ်၊ ဆလာရန်း မှာ ရိုက်ပွဲဖြစ်တယ်၊ မြန်မာတွေ သေတယ်ဆိုတဲ့ သတင်းတွေ အင်တာနက်ပေါ်မှာ တွေ့နေ ရပါတယ်။

နို့နှင့်နို့ထွက် အစား အစာ အလွံအကျွံ စားသုံးမှုက အမျိုးသားတို့ ကလေးရနိုင်ချေ နည်းစေ


Photo: နို့နှင့်နို့ထွက် အစားအစာ အလွံအကျွံ စားသုံးမှုက အမျိုးသားတို့ ကလေးရနိုင်ချေ နည်းစေ

သာမန်အတိုင်း စားသုံးရင် ပရိုတိန်းဓာတ်၊ ကာဘွန်ဟိုက် ဒရိတ်ဓာတ် ကြွယ်ဝတဲ့ အစားအစာများက ကျန်းမာရေး အတွက် အကျိုးပြုပေမယ့် များများ စားသုံးရင် အမျိုးသားတို့ အတွက် ကလေးရနိုင်ချေ နည်းပါး စေကြောင်း သိရပါတယ်။

အမျိုးသားရယ်လို့ မဟုတ်ပဲ အမျိုးသမီးများရဲ့  မျိုးပွားနိုင်ချေ နှုန်းကိုပါ ထိခိုက် စေနိုင်တယ်လို့ လေ့လာ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ကာဘွန် ဟိုက်ဒရိတ်ဓာတ်၊ ပရိုတိန်းဓာတ်ကို သာမန်ထက် စားသုံးမိရင် အမျိုးသား တို့ရဲ့  မျိုးပွားနိုင်မယ့် ကျားဟိုမုန်း (Sperm) တွေကို သေစေပါတယ်။ 

ဒါကြောင့် ကလေးရန် ခက်ခဲစေခြင်း ဖြစ်ပါတယ်။ အမျိုးသမီးများရဲ့  မျိုးပွားနိုင် ၏တဲ့ vitro fertilization (IVF) ကိုလည်း ထိခိုက်စေပြီး ကိုယ်ဝန်ဆောင်နိုင်ချေကို နည်းပါးစေပါတယ်။ ထောပတ်ဒိန်ခဲ၊ မလိုင် တို့လို နို့နှင့် နို့ထွက် ပစ္စည်း များ အားလုံးပဲ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၊ ကက္ကဆက် တက္ကသိုလ်မှ ဆေးပညာရှင် သုတေနီနဲ့ ပရော်ဖက်ဆာများ လက်တွေ့ လေ့လာ စစ်တမ်း ကောက်ယူထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နို့နှင့် နို့ထွက် အစားအစာများကို ပုံမှန်စားသုံးခြင်း ထက် မပိုသင့်ပါလို့ တိုက်တွန်း ထားကြောင်း သိရပါတယ်။

Ref: healtda
မြ၀တီ
သာမန်အတိုင်း စားသုံးရင် ပရိုတိန်းဓာတ်၊ ကာဘွန်ဟိုက် ဒရိတ်ဓာတ် ကြွယ်ဝတဲ့ အစားအစာများက ကျန်းမာရေး အတွက် အကျိုးပြုပေမယ့် များများ စားသုံးရင် အမျိုးသားတို့ အတွက် ကလေးရနိုင်ချေ နည်းပါး စေကြောင်း သိရပါတယ်။

လူ့အခွင့်အရေးကို OIC နိုင်ငံတွေဆီမှာသွားတောင်းပါလို့ ရခိုင်လူငယ်တစ်ဦး ဒေါ်စုအိမ်ရှေ့မှာပြော

Photo: လူ့အခွင့်အရေးကို OIC နိုင်ငံတွေဆီမှာသွားတောင်းပါလို့ ရခိုင်လူငယ်တစ်ဦး ဒေါ်စုအိမ်ရှေ့မှာပြော
Saturday, June 1, 2013

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မွတ်ဆလင်တွေဘက်လိုက်ပြီးလူ့အခွင့်အရေးအ ကြောင်းပြောနေမယ့်အစား OIC နိုင်ငံတွေမှာ လူ့အခွင့်အရေးသွားတောင်းပါလို့ ဇွန်လ ၁ ရက်နေ့မှာ ရခိုင်လူငယ်တစ်ယောက်ဖြစ်တဲ့ ကိုစစ်ငြိမ်းက ဝေဖန်ပြောဆိုခဲ့ပါတယ်။ 

“ ဒီနေ့တော့ ကျွန်တော်တို့လုပ်တာမဟုတ်ဘူး။ ဒါပေမယ့်
ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့စကားကို ကျွန်တော်တို့ ဘယ်လိုမှ လက်မခံနိုင်ဘူး။ သူ မွတ်ဆလင်ဘက်ကရပ်တည်နေတယ်။ ဘာကြောင့် ရပ်တည်နေတယ်။ ဘာကြောင့် ရပ်တည်နေတာလဲ.. ဟိုတစ်ခါတုန်း ကလည်း.. မှားပြီးပြီ.. စကား.. ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခုဘာကြောင့်ရပ် တည်တာလဲ.. မူစလင်တွေရဲ့လုပ်ရပ်တွေကိုလေ့လာပါ.. လူ့အခွင့်အရေးကိုတောင်းချင်တယ်.. ဒေါ်အောင်ဆန်းစု ကြည်အနေနဲ့ တောင်းချင်တယ်ဆိုရင်.. ဆော်ဒီနိုင်ငံမှာသွားတောင်းကြည့်လိုက်.. 
ဒေါ်အောင်ဆန်းစုကြည်ကိုအကြံ ပေးချင်တယ်..ဆော်ဒီမှာခေါင်းဖြတ် သတ်တဲ့နေရာမျိုးမှာသွားတောင်းကြည့်လိုက်..လူ့အခွင့်အရေးဆိုတာ ရမလား.. OIC နိုင်ငံတိုင်းမှာ လူ့အခွင့်အရေးဆိုတာကို
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့သွားတောင်းကြည့်.. OIC ကပြောလိုက် တဲ့လူ့အခွင့်အရေး..တောင်းနေတဲ့ OIC နိုင်ငံတိုင်းမှာ လူ့အခွင့်အရေး ဆိုတာရှိလား..ဒါကို ကျွန်တော်တို့ရခိုင်ပြည်ထဲ မှာလာပြီးမပြောနဲ့. . မြန်မာပြည်ထဲမှာလည်းမပြောနဲ့.. ကျွန်တော်တို့နိုင်ငံက ရှိပြီးသား.. လူ့အခွင့်အရေးဆိုတာ..... သီတာထွေး၊ အခုပြီးတော့ လားရှိုးမှာ မီးရှို့သတ်ခံရတဲ့ကောင်မလေး၊ ပြီးတော့ မိတ္ထီလာမှာ မီးရှို့သတ်ခံရတဲ့ ဘုန်းကြီးတွေကို ဓာတ်ပုံတွေ.. အဖြစ်အပျက်တွေကို ခဏလေ့လာကြည့်ပါ.. ပြီးမှ လူ့အခွင့်အရေးဆိုတာကြီးကို ပြောပါ..”ဟု ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်ဆန္ဒပြမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် တားဆီးနိုင်ဖို့အတွက် ရန်ကုန်တိုင်း၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကိုယ်တိုင် တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ကို ရောက်ရှိလာခဲ့ပါတယ်။ ရခိုင်အမျိုးသားတွေဘက်က ဒေါ်အောင်ဆန်း စုကြည်ကို ဆန္ဒပြမယ်ဆိုတာ မဟုတ်တဲ့အကြောင်း ပြောဆို ထွက်ခွာသွားပြီနောက်မှာ ကိုစစ်ငြိမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက် အပေါ် ဝေဖန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Kamayut Media
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မွတ်ဆလင်တွေဘက်လိုက်ပြီး လူ့အခွင့် အရေးအ ကြောင်းပြောနေမယ့်အစား OIC နိုင်ငံတွေမှာ လူ့အခွင့်အရေးသွားတောင်းပါလို့ ဇွန်လ ၁ ရက်နေ့မှာ ရခိုင်လူငယ်တစ်ယောက်ဖြစ်တဲ့ ကိုစစ်ငြိမ်းက ဝေဖန်ပြောဆိုခဲ့ပါတယ်။

ရန်ကုန် - မန္တလေး အမြန်လမ်းတွင် လိုအပ်ပါက ကုန်တင် ယာဉ်ငယ်များကို ဖြတ်သန်းခွင့်ပြုမည်

Photo: ရန်ကုန် - မန္တလေး အမြန်လမ်းတွင် လိုအပ်ပါက ကုန်တင် ယာဉ်ငယ်များကို ဖြတ်သန်းခွင့်ပြုမည်
Saturday, June 01, 2013

ရန်ကုန်- မန္တလေး အမြန်လမ်းမပေါ်တွင် အစိုးရဝန်ထမ်းများ အိမ်ပြောင်း ရွှေ့ခြင်းနှင့် ကုန်တင်ယာဉ်ငယ် များအရေးပေါ်ဖြတ်သန်းရန်လို အပ်ပါက ယာဉ်ပေါ်ပါပစ္စည်းများကို စစ်ဆေး၍ ဖြတ်သန်းခွင့်
 ပေးမည်ဖြစ်ကြောင်း အမြန်လမ်း တည်ဆောက်ရေးမှ အင်ဂျင်နီယာ မှူးကြီးဦးမျိုးမြင့်က ပြောသည်။ ယင်းကဲ့သို့ ဖြတ်သန်းသွား လာခြင်းကို နေ့စဉ် နံနက်ရှစ်နာ ရီမှ မွန်းလွဲနှစ်နာရီကြားဖြတ်သန်း ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရ သည်။

ဦးမျိုးမြင့်က ''အမြန်လမ်း မကြီးဥပဒေအရ ကုန်တင်ယာဉ်
 ကြီးယာဉ်ငယ်တွေကို ဖြတ်သန်း ခွင့်မပြုထားပါဘူး။ ဒါပေမဲ့ အ များပြည်သူ အကျိုးရှိမယ့် ကုန်တင်ကားလေး တခိျု့ကို လိုအပ်သ လိုစစ်ဆေးပြီး
 ဖြတ်သန်းခွင့်ပြုပါ တယ်။ နောက် စီမံကိန်းရွှေ့ပြောင်း တဲ့ယာဉ်တွေ၊ ဝန်ထမ်းမိသားစု တွေ အိမ်ပြောင်း တာတွေ ကိုလဲ ယာဉ်ကူစစ်ဆေးပြီး
 မောင်းနှင်ခွင့် ပြုထားပါတယ်''ဟုဆိုသည်။

ရန်ကုန်-  မန္တလေး အမြန် လမ်းတွင် အမြန်လမ်းမကြီး ဥပ ဒေပုဒ်မ-၈(ခ)အရ ကုန်တင်ယာဉ် များ၊ ဆိုင်ကယ်၊ စက်ဘီး၊ ထော် လာဂျီအပါအဝင် အနှေးယာဉ်များ ဖြတ်သန်း သွားလာခွင့် မပြုသော် လည်း ဌာနဆိုင်ရာဝန်ထမ်းများ အိမ်ပြောင်းရွှေ့ခြင်းနှင့် ကုန်တင် ယာဉ်ငယ်များအား ဖြတ်သန်းခွင့် ပြုခြင်းဖြစ်ကြောင်း သိရသည်။

ယင်းက ဆက်လက်ပြီး အဆိုပါအရေးကြီးယာဉ်များအား ဖြတ်သန်းရာတွင် နံနက် ရှစ်နာရီ မှ မွန်းလွဲနှစ်နာရီအတွင်း ဖြတ်ခွင့်ပြုကြောင်းနှင့် ယာဉ်ဖြတ်သန်း မောင်းနှင် ရန်သက်ဆိုင်ရာသို့ အ ကြောင်းကြားပြီး ယာဉ်နှင့် ယာဉ် မောင်းကို သေချာစစ်ဆေးပြီးမှ သာလျှင်ခွင့်ပြုကြောင်း ဆိုသည်။ ရန်ကုန်-မန0x081တလေး အမြန် လမ်းမကြီး တွင် ၂၀၀၉ခုနှစ် မတ် လမှ ယခုနှစ် ဧပြီလကုန်အထိ အမြန်လမ်းမပေါ်တွင် ယာဉ်စီးရေ စုစုပေါင်း ၇၁၀၅၇၁၁စီး ဖြတ် သန်းသွား လာခဲ့ကြောင်း အမြန် လမ်းရဲ တပ်ဖွဲ့မှ သိရသည်။

စိုင်းဟန်
Yangon Media Group
ရန်ကုန်- မန္တလေး အမြန်လမ်းမပေါ်တွင် အစိုးရဝန်ထမ်းများ အိမ်ပြောင်း ရွှေ့ခြင်းနှင့် ကုန်တင်ယာဉ်ငယ် များ အရေးပေါ်ဖြတ်သန်းရန်လို အပ်ပါက ယာဉ်ပေါ်ပါပစ္စည်းများကို စစ်ဆေး၍ ဖြတ်သန်းခွင့် ပေး မည် ဖြစ်ကြောင်း အမြန်လမ်းတည်ဆောက်ရေးမှ အင်ဂျင်နီယာ မှူးကြီးဦးမျိုးမြင့်က ပြောသည်။ ယင်းကဲ့သို့ ဖြတ်သန်းသွား လာခြင်းကို နေ့စဉ် နံနက်ရှစ်နာ ရီမှ မွန်းလွဲနှစ်နာရီကြားဖြတ်သန်း ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရ သည်။

ဟန်ဆောင်လက်ထပ်သူ မြန်မာနှစ်ဦး စင်ကာပူတွင်ထောင်ကျ

စင်ကာပူနိုင်ငံသို့ရောက်ရှိနေသော မြန်မာနိုင်ငံသားနှစ်ဦးကို ဟန်ဆောင်လက်ထပ်မှုဖြင့် စင်ကာပူ တရား ရုံးက မေလ ၃၁ ရက်နေ့တွင် ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း Singapore Now သတင်း ဌာနတွင် ရေး သား ဖော်ပြထားသည်။

ဒေါ်အောင်ဆန်း စုကြည်နေ အိမ်ရှေ့ ဆန္ဒ ထုတ်ဖော်မည့် အစီအစဉ် ဖျက် သိမ်းခဲ့

Photo: ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ ဆန္ဒထုတ်ဖော်မည့်အစီအစဉ် ဖျက်သိမ်းခဲ့
Saturday, June 1, 2013

ရခိုင်လူငယ်များအဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့၌ ဆန္ဒထုတ်ဖော်ခြင်းကို ရခိုင်တိုင်းရင်းသားဝန်ကြီး ဦးဇော်အေးမောင်က လာရောက်တားမြစ် ခဲ့ခြင်းကြောင့် ဆန္ဒထုတ်ဖော်မည့် အစီအစဉ် ဖျက်သိမ်းခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို တားမြစ်ရခြင်းမှာ တရားဝင်ဆန္ဒပြရန် ခွင့်ပြုချက် မပါရှိခြင်းကြောင့် နှင့် ရဲမင်းဦး အမှုကဲ့သို့ အဖမ်းခံရမည်စိုး၍ တားမြစ် ရခြင်းဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည် ပြောသွားခဲ့တဲ့စကားကို ရခိုင်အမျိုးသား တစ်ယောက်အနေနဲ့ လုံးဝကန့်ကွက်ပါတယ်၊ ဒါပေမယ့် အခုကဆန္ဒ မပြရအောင် လာပြီးတားတာပါ။” ဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂါလီ မိသားစုတစ်စုလျင် ကလေးနှစ်ယောက်နှုန်းသာ ယူရန် ဒေသန္တရ အမိန့်ထုတ်ပြန်ချက်သည် လူ့အခွင့်အရေးချိုး ဖောက်ခံ ရခြင်းဖြစ်သည် ဟု ပြောဆိုခဲ့ခြင်းအပေါ် လက်မခံနိုင်ခြင်းကြောင့် ရခိုင်လူငယ်အဖွဲ့ ၀င်အချို့က ဆန္ဒပြရန် စီစဉ်ရခြင်းဖြစ်သည်ဟု သိရှိရသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို အကြံပေးချင်တာက လူ့အခွင့်ရေး လို့ပြောမယ် ဆိုရင် သူတို့ ဘာသာဝင်တွေ အုပ်ချုပ်တဲ့ OIC အဖွဲ့ဝင်နိုင်ငံမျိုးတွေမှာ လူ့အခွင့်ရေးမပြောနဲ့ ကလေးအခွင့်အရေး၊ အမျိုးသမီးအခွင့်ရေး ရသလားဆို တာအရင်ကြည့်သင့်တယ်။”ဟု ရခိုင်တိုင်းရင်းသား ကိုစစ်ငြိမ်းက ပြောသည်။

၂၀၁၃ ခုနှစ် မေလ (၂၇)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးပွဲအပြန်တွင် သတင်းထောက် များမေးမြန်းသော မေးခွန်းအပေါ် ယခုကဲ့သို့ ပြန်လည်ဖြေ ကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ကတော့ ဘာမှမသိပါဘူး၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း ဘယ်တုန်းက ဘယ်လိုဖြေခဲ့မှန်းလည်း မသိပါဘူး” ဟု ဒီချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်(ပုသိမ်)က ပြောသည်။

တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့သို့ ဇွန်လ(၁)ရက် နေ့လည်(၁)နာရီ ၀န်းကျင်တွင် ရခိုင်လူငယ်အ ချို့ ရောက်ရှိနေစဉ် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးမှ ဆန္ဒထုတ်ဖော်မည့် အစီအစဉ်အား လာရောက်တားမြစ်ခဲ့ခြင်းဖြစ်သည်။

မိုးမြင့်ကျော် (မြစ်မခ)/မြန်မာခရိုနီကယ်
ရခိုင်လူငယ်များအဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့၌ ဆန္ဒထုတ်ဖော်ခြင်းကို ရခိုင်တိုင်းရင်းသားဝန်ကြီး ဦးဇော်အေးမောင်က လာရောက်တားမြစ် ခဲ့ခြင်းကြောင့် ဆန္ဒထုတ်ဖော်မည့် အစီအစဉ် ဖျက်သိမ်းခဲ့ကြကြောင်း သိရှိရသည်။

အုန်း သီး ရဲ့ လျှို့ ၀ှက် ချက်

Photo: အုန်းသီးရဲ့ လျှို့ဝှက်ချက် 
Saturday, June 1, 2013

အုန်းသီးဟာ လူတွေ အတွက် ကောင်းမွန် ထူးခြားတဲ့ အစာ တစ်မျိုး ဖြစ်ပါတယ်.

အထူး ခြားဆုံးက လူ့အသက်ကိုတောင် ကယ်တင် နိုင်စွမ်း ရှိတဲ့ အသီး ဖြစ်ပါတယ်. အုန်းသီးဟာ သွေးတွင်း သကြားဓာတ်ကို တည်ငြိမ် စေနိုင်စွမ်း ရှိခြင်း၊ ကိုလက်စရောကို လျော့ချ ပေးနိုင်စွမ်း ရှိခြင်း၊ ရေဓာတ်ကို ထိန်းသိမ်း ပေးခြင်းနဲ့ အရေးပေါ် သွေးရေကြည် သွင်းဖို့ လိုအပ်နေသူများကို တောင်မှ အုန်းရည်ဖြင့် အစားသွင်း ကုသပေးနိုင်ခြင်း စတဲ့ အုန်းသီးရဲ့ အသုံးဝင် အရေးပါပုံကို သိရှိသူမှာ လူအနည်းစု လောက်သာ ရှိပါတယ်. ခေတ်ပေါ် ဆေးသုတေသန ပြုသူများ ကလည်း အုန်းသီးဟာ ကျန်းမာရေး အတွက် အလွန် အကျိုးပြု စေနိုင်သော အသီးဖြစ်ကြောင်း လေ့လာ တွေ့ရှိရပါတယ်..

အုန်းရည်

အုန်းသီးထဲမှ အုန်းရည်ဟာ လူ့အသက်ကို ကယ်တင် ပေးနိုင်စွမ်း ရှိပုံနဲ့ ပတ်သက်ပြီး အကောင်းဆုံး သက်သေ တစ်ခုကို ပြောပြရမယ် ဆိုရင် ဒုတိယကမ္ဘာစစ် အတွင်းက ပစိဖိတ် ဒေသ စစ်ပွဲတွေ မှာ စစ်သားတွေ အများအပြား ဒဏ်ရာ ရကြတဲ့အခါ အရေးပေါ် သွေးသွင်းဖို့ လိုအပ် နေပေမဲ့ စစ်မြေပြင် ဖြစ်တာကြောင့် သွေးရည်ကြည် ပုလင်းတွေကို အချိန်မှီ ရရှိဖို့ အခက်အခဲ ဖြစ်နေချိန်မှာ ဆရာဝန်တွေဟာ အုန်းသီး နုနုထဲက သန့်စင်တဲ့ အုန်းရည်ကို သွေးရည်ကြည် အစား ထိုးသွင်း ကုသပြီး အသက် ကယ်ခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်. အုန်းရည်ဟာ လူခန္ဓာကိုယ်ရှိ သွေးရည်ကြည်နဲ့ ထပ်တူနီးပါး တူညီပြီး သွေးအမျိုးအစား အားလုံးနဲ့ သင့်တော်တယ်လို့ သိရပါတယ်.

အုန်းရည်ဟာ ဓါတ်တိုးပစ္စည်းပါဝင်မှု များပြားပြီး လူတွေကို အထူးအကျိုးပြုကြောင်း လေ့လာ တွေ့ရှိ ရပါတယ်.

ကိုလက်စရောကို ကျဆင်းစေခြင်း

အစာခြေနိုင်စွမ်း မြင့်မားစေခြင်း

အရေပြားတွန့်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း

ဗိုင်းရပ်စ်ပိုးများကို ကာကွယ်တိုက်ဖျက်ခြင်း

ဆဲလ်အသစ်များကို တိုးပွားစေခြင်း

ဟိုမုန်းကို ထိန်းချုပ်ပေးခြင်း

ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်ခြင်း

အဟာရဓာတ်နှင့် အောက်ဆီဂျင်ကို ဆဲလ်များအတွင်း ပို့ဆောင်ပေးနိုင်ခြင်း

ဇီဝရုပ်ဖြစ်ပျက်ခြင်းကို တိုးတက်စေခြင်း

ရောဂါများကို ခုခံကာကွယ်ပေးခြင်း

မှတ်ဥာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးခြင်း

ဘက်တီးရီးယားများကို သေစေနိုင်ခြင်း

စတဲ့ အကျိုးဆက် များစွာကို ပေးနိုင်တဲ့ အတွက်ကြောင့် ကျန်းမာရေးအတွက် အဖိုးတန်တဲ့

အုန်းသီး ဖြစ်ပါတယ်..

အုန်းသီး အနုတွင် သန့်စင် ကောင်းမွန်သော မပြည့်ဝဆီများ ပါဝင်တဲ့ အတွက် အုန်းသီးအရင့်ထက် စာရင် အဆီ ပါဝင်မှုနှုန်း နည်းပါးပါတယ်.. ထို့ကြောင့်လည်း ကျန်းမာရေး အတွက် စဉ်းစားပြီး အုန်းသီး တစ်လုံးကို ၀ယ်ယူမယ်ဆိုရင် အုန်းသီးအနုကို ရှာဖွေ ၀ယ်ယူ သင့်တယ်လို့ သိရပါတယ်.. အုန်းသီး အနုအရင့် ရွေးချယ်ပုံမှာ အုန်းသီးအနုသည် ခပ်စိမ်းစိမ်း အရောင်ရှိပြီး အုန်းသီးအရင့်မှာ အစိမ်းရောင် နည်းပါးပြီး အညို ခပ်ဖျော့ဖျော့ အရောင် ရှိတတ်ပါတယ်..

အုန်းဆီ

အုန်းသီးကနေ ရရှိတဲ့ အုန်းဆီဟာလည်း အလွန်အကျိုး များတဲ့ ဆေးကုသမှု ဆိုင်ရာ ပစ္စည်းအဖြစ် သုံးစွဲ နိုင်ပါသေးတယ်.. အုန်းဆီဟာ အားလုံး သိကြတဲ့ အတိုင်း ဆံပင်သန်စွမ်း နက်မှောင်ဖို့ အလွန်ကောင်းမွန်တဲ့ သဘာဝ အားဖြည့်ဆေး ဖြစ်ပါတယ်.. အုန်းဆီဖြင့် ဦးခေါင်းကို မှန်မှန် နှိပ်နယ်ပေးပါက ဦးရေပြားတွင် ဖြစ်တတ်သော ဘောက်နှင့် ဦးရေပြား ခြောက်သွေ့ခြင်း တို့ကို ကာကွယ် နိုင်ပါတယ်။ ပျက်စီးနေသော ဆံပင်များကို ပြုပြင် ထိန်းသိမ်းဖို့ အတွက်လည်း အုန်းဆီမှာ အလွန်ကောင်းမွန် အဆင်ပြေပါသည်။ ထို့ကြောင့်လည်း အုန်းဆီကို ဆံပင်ပြုပြင်ရေး ပစ္စည်း၊ ဗောက်များ ကာကွယ်သော ပစ္စည်းအဖြစ် နည်းမျိုးစုံဖြင့် ထုတ်လုပ်ကြပါတယ်.. နောက်ထပ် အသုံးဝင်သော အချက်မှာ အုန်းဆီသည် သွားပိုးစားခြင်း၊ သွားရောဂါများဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်.. အုန်းဆီအနည်းငယ်ကို သွားဖုံးနှင့် သွားတို့တွင် အမြဲတမ်း ပွတ်တိုက် ပေးပါက သွားများကို ပိုမို ခိုင်မာ စေနိုင်ပါတယ်လို့ ဖော်ပြ ထားပါတယ်.…

အုန်းဆီရဲ့ အခြားအသုံးဝင်ပုံမှာ ခြောက်သွေ့သော အရေပြားများ အတွက် အကောင်းဆုံး moisturizer ဖြစ်ပါတယ်..

အုန်းဆီကို အရေပြားပေါ် လိမ်းပြီး နှိပ်နယ်ပေးပါက အသားပတ်ခြင်း၊ ခြောက်သွေ့ခြင်း၊ အက်ကွဲခြင်းများ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်.. အရေပြား တွန့်ခြင်းကိုလည်း နှောင့်နှေး စေတယ် လို့ သိရပါတယ်. အုန်းဆီပါဝင်တဲ့ အရေပြား စောင့်ရှောက် ပစ္စည်းများ ဖြစ်တဲ့ ဆပ်ပြာ၊ အသားလှလိမ်းဆေး၊ လူးဆေးခရမ်စသဖြင့် အများအပြားကို ထုတ်လုပ် ကြပါတယ်.. ထိခိုက်ရှနာများ အတွက်လည်း အုန်းဆီဟာ ဆေးဝါးတစ်လက် အဖြစ် အထောက်အကူ ပြုနိုင် ပါသေးတယ်.. ဒဏ်ရာပေါ်မှာ အုန်းဆီကို လိမ်းပေးခြင်းအားဖြင့် ပြင်ပမှ ဖုန်များ ၊ ဘက်တီးရီးယားများနဲ့ ဗိုင်းရပ်စ်များ မ၀င်ရောက်နိုင်အောင် အလွှာပါးလေး အဖြစ် ဖုံးအုပ် ထားစေပါတယ်.. အုန်းဆီဟာ ဒဏ်ရာပေါ်မှ ပျက်စီးသွားသော တစ်ရှူးများကို အမြန်ဆုံး ပြန်လည် ကောင်းမွန် စေနိုင်စွမ်း ရှိကြောင်း သိရပါတယ်.. အုန်းဆီဟာ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ အရေပြားပေါ် ဖြစ်တတ်သော မှိုများ၊ စသည်တို့ကို ထိထိရောက်ရောက် ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်..

အုန်းသီးထွက်ပစ္စည်းများ

အုန်းသီးကနေ ထုတ်လုပ်တဲ့ အုန်းနို့၊ အုန်းမှုန့်၊ အုန်းသီးဖတ် စသည် တို့သည်လည်း အစားအသောက်များ၊ ဟင်းလျာများ၊ မုန့်များ ချက်ပြုတ်ရာတွင် အသုံးပြု ကြပါတယ်.. အချို့သော နိုင်ငံ များတွင် အုန်းနို့မှာ ဟင်းလျာ အတော်များများတွင် မပါမပြီး အသုံးပြုကြတဲ့ အရသာထူးကဲ ကောင်းမွန်စေသော ဟင်းချက်ဖွယ် တစ်မျိုး ဖြစ်ပါတယ်.. မြန်မာ နိုင်ငံတွင်တော့ ဟင်းချက်ရာတွင် အသုံးပြုမှု နည်းပါးသော်လည်း မြန်မာမုန့် တော်တော် များများတွင် အုန်းနို့ ပါဝင်တတ်ပါတယ်.. အုန်းရည်မှာ ကျန်းမာရေးအတွက် အထောက်အကူ များစွာ ဖြစ်စေနိုင်သော်လည်း အုန်းနို့နှင့် ပြု လုပ်သော အစားအသောက်များ အလွန်အကျွံ စားသုံးပါက သွေးတိုး ရောဂါသမားများအတွက် အလွန်အန္တရာယ် ကြီးပါတယ်..

ကျန်းမာရေးအတွက် အုန်းရည်များများသောက်ပြီး အုန်းဆီ များများလိမ်းလို့ အုန်းနို့ကိုတော့ သင့်တင့်ရုံသာ စားကြပါစို့နော်.... :)

Kiran Patil ရဲ့ Health Benefits of Coconut Oil, Coconut Water Health Benefits နှင့်

Funzug.com မှ အချက်အလက်များကို မှီငြမ်း ကိုးကားပါသည်။ ဤပိုစ့်ပါ အချက် အလက်များကို အတည်ပြုပေးပြီး အချက်အလက် အသစ်များ ထပ်မံ ရှာဖွေ ကူညီပေးသော ဒေါက်တာ ဇီဝက(ဆေး-၂) အားအထူး ကျေးဇူး တင်ရှိပါသည်။
အုန်းသီးဟာ လူတွေ အတွက် ကောင်းမွန် ထူးခြားတဲ့ အစာ တစ်မျိုး ဖြစ်ပါတယ်။

တေးရေး ဆရာ ကေအေတီ ကွယ် လွန်

 Photo: " တေးရေးဆရာ ကေအေတီ ကွယ်လွန်"
Saturday, June 1, 2013

နာမည်ကျော်တေးသီချင်းများ ရေးဖွဲ့ခဲ့သော တေးရေးဆရာ ကေအေတီသည် လွန်ခဲ့သော ၁ နာရီက သျှင်ပါကူ အထူးကုဆေးရုံတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားသောကြောင့် ပေါ်ပြူလာဂျာနယ်မှ မိသားစုနှင့်ထပ်တူဝမ်းနည်းရပါသည်။

Popular Journal
နာမည်ကျော်တေးသီချင်းများ ရေးဖွဲ့ခဲ့သော တေးရေးဆရာ ကေအေတီသည် လွန်ခဲ့သော ၁ နာရီက သျှင်ပါကူ အထူးကုဆေးရုံတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားသောကြောင့် ပေါ်ပြူလာဂျာနယ်မှ မိသားစုနှင့် ထပ်တူဝမ်းနည်းရပါသည်။

Popular Journal

ကချင် စစ်ပြေး ဒုက္ခသည် များ တစ်လ အတွင်း နေရပ်ပြန်နိုင်ရေး ကြိုး ပမ်း သွား မည်

Photo: ကချင်စစ်ပြေးဒုက္ခသည်များ တစ်လအတွင်း နေရပ်ပြန်နိုင်ရေး ကြိုးပမ်း သွားမည်
Saturday, June 1, 2013

ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည် စခန်းများ၌ ရှိနေသော စစ်ပြေးဒုက္ခသည်များ တစ်လအတွင်း နေရပ်ပြန်နိုင်ရေးကို ကြိုးပမ်းသွားမည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက မေ ၃၁ ရက်တွင် ပြောကြားသည်။

ဦးအောင်မင်းသည် မြစ်ကြီးနား ဆွေးနွေးပွဲအပြီး မေ ၃၁ ရက်တွင် ၀ိုင်းမော်မြို့နယ်ရှိ ဒုက္ခသည်စ ခန်းများသို့ သွားရောက်ပြီး ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ဒုက္ခသည်တွေ မပြန်ခင်မှာ မိုင်းရှင်းတာတွေ လုပ်ရဦးမယ်။ နေအိမ်တွေ ပြန်ဆောက်ရဦးမယ်။ ယာလုပ်ငန်းတွေ ပြန်မလုပ်နိုင်သေးခင်မှာ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးရမယ်။ ဒါတွေအားလုံး လုပ်ဆောင်နိုင်ဖို့ ခင်ဗျားတို့ ကိုယ်တိုင်ပါဝင်မှ လုပ်နိုင်မှာ ဖြစ်ပါတယ်'' ဟု ဦးအောင်မင်းက မိုင်းနား (RC) ဒုက္ခသည်စခန်းသို့ ရောက်ရှိချိန်တွင် ပြောကြားသည်။

ဒုက္ခသည်များ နေရပ်ပြန်ချိန်တွင် ရပ်ရွာလုံခြုံရေးအတွက် တပ်မတော်နှင့် KIO တို့က ပူးပေါင်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။

''လောလောဆယ်မှာတော့ နမ်ဆန်ယန်နဲ့ကန်တော်ယန်က ရောက်လာတဲ့လူတွေ နေရပ်ပြန်နိုင်ဖို့ ကျိန်းသေသလောက် ဖြစ်နေပါတယ်။ ဒီကအခြေအနေတွေကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ပြောတော့ သူက လိုအပ်တယ်ဆိုရင် တပ်က ၀ိုင်းကူပေးမယ်လို့ ပြောပါတယ်'' ဟု ဒုက္ခသည်စခန်းသို့ ဦးအောင်မင်းနှင့်အတူ ရောက်ရှိလာသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေနမ်ဘီးယားလည်း စစ်ပြေးဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။

''အရင်တစ်ခါ လာတုန်းက ခင်ဗျားတို့ရဲ့ မျက်လုံးတွေထဲမှာ စိတ်ပျက်မှုတွေ တွေ့ခဲ့ရတယ်။ ဒီတစ်ကြိမ်မှာတော့ ၀မ်းမြောက်မှုတွေ တွေ့ခဲ့ရပါတယ်။ ဆွေးနွေးပွဲရလဒ်က မျော်လင့်ချက်တွေ ဖြစ်ခဲ့ပါတယ်။ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ချမှတ်နိုင်ခဲ့ပါတယ်။ ခင်ဗျားတို့တွေ နေရပ်ပြန်နိုင်အောင် ကျွန်တော်ရော အစိုးရကပါ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်'' ဟု ဗီဂျေနမ်ဘီးယားက ဒုက္ခသည်များကို ပြောကြားသည်။

မေ ၃၁ ရက်က အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ဒုက္ခသည်စခန်း သုံးခုသို့ သွားရောက်ခဲ့သည့် နည်းတူ KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့လည်း ၀ိုင်းမော်မြို့ပေါ်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့သည်။ သီးခြားအနေဖြင့် သွားရောက်ခဲ့သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ နှစ်ဖွဲ့သည် ဒုက္ခသည်များနှင့် တွေ့ဆုံရာ၌ မြစ်ကြီးနား ဆွေးနွေးပွဲရလဒ်နှင့် ဆက်လက်လုပ်ဆောင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

Eleven
ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည် စခန်းများ၌ ရှိနေသော စစ်ပြေးဒုက္ခသည်များ တစ်လအတွင်း နေ ရပ်ပြန်နိုင်ရေး ကို ကြိုးပမ်းသွားမည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက မေ ၃၁ ရက်တွင် ပြောကြားသည်။

KIO ကိုယ်စားလှယ်အဖွဲ့ လိုင်ဇာသို့အပြန် ဆန္ဒပြခံရ

Photo: KIO ကိုယ်စားလှယ်အဖွဲ့ လိုင်ဇာသို့အပြန် ဆန္ဒပြခံရ
Saturday, June 1, 2013

ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့သော ဗိုလ်ချုပ် ဂွမ်မော်ဦးဆောင်သော KIO ကိုယ် စားလှယ်အဖွဲ့သည် မြစ်ကြီးနားမြို့မှ လိုင်ဇာမြို့သို့ ထွက်ခွာခဲ့ရာ ယနေ့နံနက် ၈ နာရီခွဲခန့်တွင် ၀ိုင်းမော်မြို့သို့ KIO ယာဉ်တန်း ဖြတ်သန်းစဉ် ဒေသခံရှမ်းလူမျိုး ၂၀၀ ဦးခန့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။

ဒေသခံတိုင်းရင်းသားလူမျိုးများအနေဖြင့် `` စိုက်ပျိုမြေများတွင် ထောင်ထားသော မိုင်းများကို ဖြန်ဖော်ပေးပါ၊ ဖမ်းဆီးခံ ထား ရသောတိုင်းရင်းသားများကို ပြန်လွှတ်ပေးပါ၊ အပစ်အခတ်ရပ်စဲရေး အမြန်လက်မှတ်ရေးထိုးပါ၊ ငြိမ်းချမ်းရေးအဖွဲ့ ကျန်းပါစေ၊ ရှမ်းမျိုးနွယ်စုများရဲ့ လူ့အခွင့်အရေးကို လေးစားပါ၊ တစ်ဖက်စောင်းနင်းခွဲခြားဆက်ဆံမှုမှ ရှောင်ကြဉ်ပါ၊ စစ်အရှိန်လျော့ချရေးမှ စစ်ပွဲလုံးဝရပ်တန့်ပါ၊ စစ်ပွဲလုံးဝ(လုံးဝ) အလိုမရှိ၊ တစ်ပြည်နယ်လုံး ငြိမ်းချမ်းပါစေ၊ အကြောက် တရားကင်းစွာ လယ်လုပ်ခွင့်ပြုပေးပါ၊ စစ်သားအဖြစ် စုဆောင်းခံထားရသော တိုင်းရင်းသားများကို အမြန်လွှတ်ပေး ပါ´´စသည့်အချက်(၉)ချက်ကို ဆောင်းဆိုဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများတွင် KIA အဖွဲ့အနေဖြင့် ကချင်ပြည်နယ်တွင် နေထိုင်ကြသော ရှမ်းလူမျိုးများအား လူ့အခွင့် အရေးချိုးဖောက်ခြင်း အတင်းအဓမ္မအနိုင်ကျင့်ခြင်း၊ လူသစ်များ စုဆောင်းခြင်းတို့ရှိကြောင်း ကချင် ပြည်နယ်ဒေသခံရှမ်းနီရှမ်းမျိုးများ ကြေငြာချက်တွင် မကြာခဏ တွေ့ရှိရသည်။
ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့သော ဗိုလ်ချုပ် ဂွမ်မော် ဦးဆောင်သော KIO ကိုယ် စားလှယ်အဖွဲ့သည် မြစ်ကြီးနားမြို့မှ လိုင်ဇာမြို့သို့ ထွက်ခွာခဲ့ရာ ယနေ့နံနက် ၈ နာရီခွဲခန့်တွင် ၀ိုင်းမော်မြို့သို့ KIO ယာဉ်တန်း ဖြတ်သန်းစဉ် ဒေသခံရှမ်းလူမျိုး ၂၀၀ ဦးခန့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ ၏ ကျေး လက်ဒေသ ဖွံ့ဖြိုးရေး အတွက် ကမ္ဘာ့ ဘဏ်မှ ကူညီမည်

Photo: မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်မှ ကူညီမည်
Saturday, June 01, 2013

ရေ၊ မီး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် ပညာရေး အပါအ၀င် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်မှ အကူအညီ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

''မြန်မာနိုင်ငံမှာ ရာခိုင်နှုန်း ၇၀ လောက်ရှိတဲ့ ပြည်သူတွေဟာ ကျေးလက်ဒေသမှာ နေထိုင်ကြတဲ့အတွက် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကျေးလက်ဒေသမှာရှိတဲ့ လူတွေရဲ့ဘ၀ တိုးတက်ဖို့ လုပ်ဆောင်ပေးဖို့လည်း လိုပါတယ်။ အဓိကအားဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့၊ ရေ၊ မီး ရရှိဖို့ လိုပါတယ်။ ဒါမှ နောက်တစ်ဆင့် အနေနဲ့ ကလေးတွေရဲ့ ပညာရေးအတွက်ကိုပါ အထောက်အကူ ဖြစ်သွားမှာပါ။ တိုင်းပြည်စီးပွားရေး တိုးတက်ဖို့အတွက် ရေရှည်အနေအထား တစ်ရပ်ကို ထည့်သွင်းဆွေးနွေးရင် ပညာရေးကို ချန်လှပ်ထားခဲ့လို့ မရပါဘူး။ ဒါကြောင့်မို့လို့ ကမ္ဘာ့ဘဏ်အနေနဲ့ ပညာရေး ဖွံ့ဖြိုးတိုးတက်ဖို့၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့ စတဲ့ အခြေခံ အဆောက်အအုံ ကောင်းတွေကို ကူညီပေးသွားမှာ ဖြစ်ပါတယ်'' ဟု ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုတိယဥက္ကဋ္ဌဖြစ်သူ Axel van Trotsenburg က မေ ၃၁ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

လက်ရှိအနေအထားတွင်လည်း ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံ အစိုးရအား ကဏ္ဍအသီးသီး အကူအညီ အထောက်အပံ့များ ပေးနေကြောင်း နည်းပညာပိုင်းဆိုင်ရာ အကူအညီများအပြင် အစိုးရကိုယ်စားလှယ်များအား ပြည်ပနိုင်ငံများသို့ ပို့ဆောင်ရေး၊ ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း အစီအစဉ်များကို လက်တွေ့ကွင်းဆင်း လေ့လာနိုင်ရန် အကူအညီများလည်း ပေးဆောင်နေကြောင်း အလားတူ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်နှင့်အတူ IFC (International Finance Corporation) တို့ မှလည်း အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးနေကြောင်း သိရသည်။

''ကျေးလက်ဒေသတွေတင် မဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ရေရရှိရေး၊ တယ်လီဖုန်းဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့အခြေခံ အဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံခြင်းဟာ ဖွံ့ဖြိုးတိုးတက်မှု လျင်မြန်စေဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။ လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်ခြင်းအားဖြင့် ကလေးငယ်တွေရဲ့ ပညာရေးအတွက် အများကြီး အထောက်အကူ ဖြစ်ပါတယ်။ ဆေးရုံ၊ ဆေးပေးခန်းတွေ အတွက်လည်း မရှိမဖြစ် လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိအနေအထားမှာ စုစုပေါင်း လူဦးရေရဲ့ လေးပုံတစ်ပုံလောက်ကပဲ လျှပ်စစ်မီး ရရှိကြတာပါ။ အဲဒီအတွက် ကမ္ဘာ့ဘဏ်အနေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သင့်တော်တဲ့ ဓာတ်ငွေ့တာဘိုင်တွေကိုသုံးပြီး လိုအပ်ချက်မြင့်မားတဲ့ လျှပ်စစ်ဓာတ်အားကို ထုတ်ယူနိုင်ဖို့ အတွက်လည်း အကူအညီပေးနေပါတယ်'' ဟု ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့သည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မီးရရှိရေး ဆောင်ရွက်ရာတွင် ရေတို၊ ရေရှည် စီမံကိန်းများ ချမှတ်၍ ဆောင်ရွက်ရန် လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်အနေဖြင့် လတ်တလော အခြေအနေတွင် မွန်ပြည်နယ်၌ လျှပ်စစ်ဓာတ်အား ရရှိရန်အတွက် မဂ္ဂါဝပ် ၁၂၀ ရှိသော ပရောဂျက်တစ်ခုအား စတင်လုပ်ဆောင်နေကြောင်း ရေရှည်အတွက်မူ လျှပ်စစ်ကဏ္ဍတွင် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်း၍ လုပ်ဆောင်သင့်ကြောင်း ရင်းနှီးမြှုပ်နှံမှုများလည်း လုပ်ဆောင်သင့်ကြောင်းနှင့် ရေရှည်အတွက် ကောင်းမွန်သော စွမ်းအင်ထုတ်လုပ်မှုများကို ဦးစားပေး ထုတ်လုပ်သင့်ကြောင်း ပြောကြားခဲ့သည်။

Eleven
ရေ၊ မီး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပညာရေးအပါအ၀င် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေး အတွက် ကမ္ဘာ့ဘဏ်မှ အကူအညီ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အပစ် အခတ် ရပ်စဲရေး မရရှိခဲ့သော် လည်း ငြိမ်းချမ်းရေး ကို ဆက် လက်ဆောင် ရွက်မည် ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး ပြောကြား

Photo: အပစ်အခတ်ရပ်စဲရေး မရရှိခဲ့သော်လည်း ငြိမ်းချမ်းရေးကို ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး ပြောကြား 
Saturday, June 1, 2013

အစိုးရနှင့် KIO တို့၏ သုံးရက်ကြာ မြစ်ကြီးနား ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မရရှိခဲ့ သော် လည်း တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို ဆက်လက်ဆောင်ရွက်မည်ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ဆွေးနွေးပွဲအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား မြစ်ကြီးနား ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ဖြစ်သည်။

''အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးနိုင်တာကလွဲလို့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေကို ဆက်လက် ဆောင်ရွက် သွား မှာပါ'' ဟု ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက ပြောကြားသည်။

''တပ်မတော်ကလည်း ပြည်သူ့ဆန္ဒအတိုင်း လုပ်နေပါတယ်။ KIO ကလည်း ဒီအတိုင်းပဲ လုပ်နေပါတယ်။ တပ်မတော်ဟာ ပေးထားတဲ့ ကတိကို လုံးဝမဖျက်ပါဘူး။ စည်းကမ်းလည်း မဖောက်ပါဘူး။ ကျွန်တော်တို့ ဒါကိုတော့ ခိုင်ခိုင်မာမာ ကတိလည်း ပေးတယ်'' ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထို့အပြင် နှစ်ဖက်တပ်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်၍လည်း ဖြည့်စွက်ပြောကြားသည်။

''ပြောစရာရှိတာက တချို့အပိုင်းတွေမှာ အောက်ခြေမှာ ထင်ယောင်ထင်မှား ဖြစ်တာလေးတွေရှိတယ်။ အဆင်မပြေမှု လေးတွေ ရှိတယ်။ ဒါတွေကတော့ သာမန်အိမ်ထောင်စု တစ်ခုမှာတောင်မှ မိသားစုတစ်ခုချင်းမှာ စိတ်ဝမ်းကွဲတာတွေ၊ ညီအစ်ကိုချင်းမှာ အခန့်မသင့်တာတွေ ရှိနေပါတယ်'' ဟု ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးက ပြောကြားသည်။

Eleven
အစိုးရနှင့် KIO တို့၏ သုံးရက်ကြာ မြစ်ကြီးနား ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မရရှိခဲ့သော်လည်း တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို ဆက်လက်ဆောင်ရွက်မည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး က ဆွေးနွေးပွဲအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

အာဖဂန် ပဋိပက္ခအရေး ဆွေးနွေးရန် နေတိုး အတွင်းရေးမှူးချုပ် အမေရိကန် သွားမည်

Photo: အာဖဂန် ပဋိပက္ခအရေး ဆွေးနွေးရန် နေတိုး အတွင်းရေးမှူးချုပ် အမေရိကန် သွားမည်
၁-၆-၂၀၁၃

http://themyawadydaily.blogspot.com/2013/05/blog-post_5500.html

နေတိုး အတွင်းရေးမှူးချုပ် အင်ဒါဖို့ ရက်မူဆန် သည် အာဖဂန် နစ္စတန် အရေးကိစ္စ နှင့် ပတ်သက်၍ အမေရိကန် သမ္မတ အိုဘားမား နှင့် တွေ့ဆုံ ဆွေးနွေးရန် အမေရိကန် နိုင်ငံသို့ အလည်အပတ် သွားရောက်မည် ဖြစ်ကြောင်း နေတိုး အဖွဲ့ က မေလ ၃၀ ရက်နေ့တွင် ပြောကြား ခဲ့ကြောင်း NEWS now သတင်း တစ်ပုဒ်အရ သိရသည်။

အင်ဒါဖို့ ရက်မူဆန် သည် အဆိုပါ ၂ ရက်ကြာ အလည်အပတ် ခရီးတွင် အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ကွန်ဒိုနီလွန် ၊ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ တို့နှင့်လည်း တွေ့ဆုံ ဆွေးနွေး သွားမည်ဟု သိရသည်။ သမ္မတ အိုဘားမား သည် အာဖဂန် ပဋိပက္ခအား အင်ဒါဖို့ ရက်မူဆန် နှင့် ဆွေးနွေး တိုင်ပင်ရန် စီစဉ် ခဲ့ကြောင်း အိမ်ဖြူတော် က ယခု ရက်သတ္တပတ် အတွင်းတွင် ပြောကြား ခဲ့သည်။ 

တာလီဘန် နှင့် အယ်လ်ကိုင်ဒါ တို့သည် ၁၀ နှစ်ကျော်ကြာ စစ်ပွဲ ပြီးသည့် နောက်တွင်လည်း ၄င်းတို့၏ ခြိမ်းခြောက်မှုများ ဆက်လက် ရှိနေခဲ့ကြောင်း အိုဘားများ က အမျိုးသား လုံခြုံရေး ဆိုင်ရာ မိန့်ခွန်း တစ်ရပ်တွင် ထည့်သွင်း ပြောကြား ခဲ့သည်။ ပါကစ္စတန် နှင့် နေတိုးအဖွဲ့ တို့သည် စစ်ဘက် အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုအား တိုးမြှင့် ခဲ့ကြောင်း နေတိုး တာဝန်ရှိ သူများက ပြောကြား ခဲ့သည်။ အမေရိကန် ၏ မောင်းသူမဲ့ လေယာဉ် တစ်စီး၏ တိုက်ခိုက်မှုကြောင့် ယခု ရက်သတ္တပတ် အတွင်း၌ ပါကစ္စတန်ရှိ တာလီဘန် အဆင့်မြင့် ခေါင်းဆောင် တစ်ဦး သေဆုံး ခဲ့သည်ဟု သိရှိရသည်။
နေတိုး အတွင်းရေးမှူးချုပ် အင်ဒါဖို့ ရက်မူဆန် သည် အာဖဂန် နစ္စတန် အရေးကိစ္စ နှင့် ပတ်သက်၍ အမေရိကန် သမ္မတ အိုဘားမား နှင့် တွေ့ဆုံ ဆွေးနွေးရန် အမေရိကန် နိုင်ငံသို့ အလည်အပတ် သွားရောက်မည် ဖြစ်ကြောင်း နေတိုး အဖွဲ့ က မေလ ၃၀ ရက်နေ့တွင် ပြောကြား ခဲ့ကြောင်း NEWS now သတင်း တစ်ပုဒ်အရ သိရသည်။

နယ်မြေခံ ရှမ်းသောင်း ကျန်းသူ အဖွဲ့မှ ပြည်သူ လူထု အပေါ် လက်နက် အား ကိုးဖြင့် အနိုင် ကျင့်၍ ဆက်ကြေး / ရိက္ခာများ တောင်းခံ လျက်ရှိ

Photo: နယ်မြေခံ ရှမ်းသောင်းကျန်းသူ အဖွဲ့မှ ပြည်သူလူထု အပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်၍ ဆက်ကြေး / ရိက္ခာများ တောင်းခံလျက်ရှိ
Saturday, June 1, 2013

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ နမ့်လန် မြို့နယ် ၊ မမုံဟိန် ရပ်ကွက် အုပ်ချုပ်ရေးမှူး ထံသို့ မေလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခန့် တွင် ရှမ်းဘောင်းဘီ ၀တ်လူငယ် ၂ ဦး ဆိုင်ကယ်ဖြင့် ရောက်လာပြီး ရှမ်းသောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့မှ စာတစ်စောင် ပေးခိုင်ခြင်း ဖြစ်ကြောင်း ၊ ၄င်းစာတွင် နယ်မြေခံ ရှမ်းသောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့မှ အုပ်ချုပ်ရေး နှင့် စီးပွားရေး တာဝန်ခံ ဆိုသူက လက်မှတ် ရေးထိုး ထားပြီး စာပါ အကြောင်းအရာ အား မြန်မာ ဘာသာသို့ ပြန်ဆိုချက် အရ ဆန် ၂၅ အိတ်အား မမုံဟိန် ရပ်ကွက် အုပ်ချုပ်ရေးမှူး မှ ဇွန်လ ၂ ရက်တွင် ကောင်းဟတ် ( ဒေသအခေါ် ) သို့ မပျက်မကွက် ပေးပို့ရန် ဖြစ်ကြောင်း သိရသည်။

ဒေသခံ ပြည်သူများ အနေဖြင့် သောင်းကျန်းသူ အဖွဲ့များ၏ ခေါင်းစဉ် အမျိုးမျိုး ပြကာ ဥပဒေမဲ့ အတင်း အဓမ္မ ဆက်ကြေး / ရိက္ခာ ကောက်ခံခြင်း နှင့် လူသစ် စုဆောင်းခြင်း တို့ကြောင့် အသက်အန္တရာယ် စိုးရိမ် နေရပြီး အကြောက် တရားဖြင့် လုပ်ဆောင် နေသည့် အတွက် အေးချမ်းစွာ လုပ်ကိုင် စားသောက် နိုင်ခြင်း မရှိ သဖြင့် ဆက်ကြေး ကောက်ခံလျက် ရှိသည့် ရှမ်း သောင်းကျန်းသူ တို့ အပေါ် ကျေနပ်မှု မရှိကြကြောင်း သိရှိရသည်။

http://pyichit-thar.blogspot.com/2013/05/blog-post_8670.html

TheMyawadyDaily
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ နမ့်လန် မြို့နယ် ၊ မမုံဟိန် ရပ်ကွက် အုပ်ချုပ်ရေးမှူး ထံသို့ မေလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခန့် တွင် ရှမ်းဘောင်းဘီ ၀တ်လူငယ် ၂ ဦး ဆိုင်ကယ်ဖြင့် ရောက်လာပြီး ရှမ်းသောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့မှ စာတစ်စောင် ပေးခိုင်ခြင်း ဖြစ်ကြောင်း ၊ ၄င်းစာတွင် နယ်မြေခံ ရှမ်းသောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့မှ အုပ်ချုပ်ရေး နှင့် စီးပွားရေး တာဝန်ခံ ဆိုသူက လက်မှတ် ရေးထိုး ထားပြီး စာပါ အကြောင်းအရာ အား မြန်မာ ဘာသာသို့ ပြန်ဆိုချက် အရ ဆန် ၂၅ အိတ်အား မမုံဟိန် ရပ်ကွက် အုပ်ချုပ်ရေးမှူး မှ ဇွန်လ ၂ ရက်တွင် ကောင်းဟတ် ( ဒေသအခေါ် ) သို့ မပျက်မကွက် ပေးပို့ ရန် ဖြစ်ကြောင်း သိရသည်။

အုပ်စုဖွဲ့ ပြိုင်ကားမောင်း လူသတ်မှုတွင်ပါဝင်သူ သိန်းတစ်ရာဖြင့် အာမခံရ

Photo: အုပ်စုဖွဲ့ ပြိုင်ကားမောင်း လူသတ်မှုတွင်ပါဝင်သူ သိန်းတစ်ရာဖြင့် အာမခံရ 
Saturday, June 1, 2013

ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရား လမ်းမပေါ် နှင်းဆီကုန်း ဘိုးဘွားရိပ်သာ ရှေ့ရှိ ဟာမစ်တစ် ကားမှတ်တိုင်တွင် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်ညက ဖြစ်ပွား ခဲ့သည့် ပြိုင်ကားနှင့် လူတစ်စု၏ အုပ်စုဖွဲ့ လူသတ်မှုမှ တရားခံဟု ယူဆရသူ တစ်ဦး ဖြစ်သည့် မအိန္ဒြာချိုအား ငွေကျပ်သိန်း ၁၀၀ တန် ခံဝန်ကို ဝန်ခံသူ နှစ်ဦးဖြင့် အာမခံ ခွင့်ပေး လိုက်ကြောင်း ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံး ထံမှ စုံစမ်း သိရှိရသည်။

တရားလိုပြ သက်သေ စစ်ဆေးဆဲ အဆင့်တွင် မအိန္ဒြာချိုမှာ ကိုယ်ဝန် ရှိနေပြီး ကျန်းမာရေး ချို့တဲ့ လွန်းသူ ဖြစ်သဖြင့် အင်းစိန် ထောင်တွင်း မွေးဖွားပါက အသက် အန္တရာယ် ရှိသောကြောင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ-၄၉၇( ၁ )အရ အချုပ်မှ အာမခံခွင့် လျှောက်ထားခဲ့ ကြောင်း၊ ထိုသို့ လျှောက်ထားဆဲ ကာလ အတွင်း ထပ်မံစစ်ဆေးခဲ့ရာ ကလေးမှာ အသက်မရှိကြောင်း စစ်ဆေးတွေ့ရှိရ၍ အင်းစိန်ဆေးရုံသို့ တင်ပို့ကုသလျက် ရှိကြောင်း အဆိုပါတရားရုံးထံမှ သိရှိရသည်။

ထိုအမျိုး သမီးသည် ရန်ကုန် အင်းစိန် အကျဉ်းထောင်မှ ဆရာဝန်၏ ဆေးလက်မှတ် ထောက်ခံချက် အရ ကိုယ်ဝန်ဆောင် အမျိုးသမီးဖြစ်ပြီး ပြင်ပမှ ဆေးကုသခွင့်ခံယူရမည့် လူနာဖြစ်ခြင်း၊ စွဲဆိုထား သောပြစ်မှု မှာ သေဒဏ်၊ တစ်သက် တစ်ကျွန်းဒဏ်စီရင်ထိုက်သည့် ပြစ်မှု မဟုတ်ခြင်း ယင်းအပြင် အာမခံပေးခွင့် မရသည့် ပြစ်မှုတွင် အာမခံ ပေးသင့်မပေးသင့်ကို အခြေအနေ အရပ်ရပ်ပေါ် မူတည်၍ အချုပ်လွတ် ထုချေလွာတင်နိုင်သည်ဟု ပြစ်မှု ဆိုင်ရာကျင့်ထုံး ဥပဒေ၄၉၇( ၁ )တွင် ပြဋ္ဌာန်းထားခြင်းတို့ကြောင့် ကန့်ကွက်ရန် မရှိကြောင်း နိုင်ငံတော်ကိုယ်စား လိုက်ပါဆောင်ရွက်သည့် ဒုတိယ ခရိုင်ဥပဒေ အရာရှိ က လျှောက်လဲခဲ့ သည်။

အင်းစိန် ထောင်ဆေးရုံမှ ဒေါက်တာ အောင်ကိုဦးက လူနာ၏ကိုယ်ဝန်မှာ ၁၆ ပတ်ကျော်နှင့် ၁၇ ပတ်ကြားသန္ဓေသားရှိနေ ပြီး အင်းစိန်ထောင်တွင် မွေးဖွားချိန်ထိ ကုသမှုခံယူရန် မသင့်တော်ကြောင်း၊ ယခု ချိန်မှစ၍ ကုသခြင်းမပြုပါက ကလေးနှင့် မိခင်၏ အသက်အန္တရာယ်ကို ထိခိုက်နိုင် ကြောင်း အဆိုပါ တရားရုံးတွင် ထွက်ဆိုခဲ့သည်ဟု သိရှိရသည်။

အဆိုပါဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၃ ရက် ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ကမ္ဘာအေးဘုရားလမ်းပေါ် ဟာမစ်တစ် မှတ်တိုင်၌ လူငယ်ငါးဦးပါ ပြိုင်ကားတစ်စီး စတန့်ထွင် မောင်းနှင်နေ ခဲ့ ရာမှ ကားပျက်၍ ရပ်ထားစဉ် သေဆုံးသူ ရဲကျော်သူနှင့် သူငယ်ချင်း သုံးဦးက အနီးမှ သီချင်းဆို၍ ဖြတ်လျှောက် သွား သောကြောင့် ပြိုင်ကားမောင်း သူများက မကျေနပ်၍ မေးမြန်းခဲ့ ရာ သေဆုံးသူကို ရဲကျော်သူက ပြန်လည်တောင်းပန် ခဲ့သော်လည်း ပြိုင်ကားနှင့် အဖွဲ့မှ လူတစ်ဦးက အနီးရှိ သောက်ရေ အိုးဖြင့် ဦးခေါင်းကို ရိုက်ခဲ့ပြီး ခိုက်ရန်ဖြစ်ပွား နေစဉ် နောက်ထပ် လူလေးဦးခန့် ထပ်မံရောက် လာကာ ရဲကျော်သူကို ဝိုင်းဝန်း ကန်ကျောက်ခဲ့ ကြောင်း မျက်မြင်တွေ့ရှိသူ အသက် ၃၀ ကျော်အရွယ် အမျိုးသား တစ်ဦး၏ ပြောကြား ချက်အရ သိရသည်။ 
The Voice
ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရား လမ်းမပေါ် နှင်းဆီကုန်း ဘိုးဘွားရိပ်သာ ရှေ့ရှိ ဟာမစ်တစ် ကားမှတ်တိုင်တွင် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်ညက ဖြစ်ပွား ခဲ့သည့် ပြိုင်ကားနှင့် လူတစ်စု၏ အုပ်စုဖွဲ့ လူသတ်မှုမှ တရားခံဟု ယူဆရသူ တစ်ဦး ဖြစ်သည့် မအိန္ဒြာချိုအား ငွေကျပ်သိန်း ၁၀၀ တန် ခံဝန်ကို ဝန်ခံသူ နှစ်ဦးဖြင့် အာမခံ ခွင့်ပေး လိုက်ကြောင်း ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံး ထံမှ စုံစမ်း သိရှိရသည်။

ရပ်ကွက် အုပ်ချုပ်ရေး မှူးနှင့် အဖွဲ့များ ၁၅၀၀ တန်ဖုန်း များ ပြည်သူ့ မျက် ကွယ် တွင် မဲနှိုက် သွားခြင်း

Photo: ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များ ၁၅၀၀ တန်ဖုန်းများ ပြည်သူ့ မျက်ကွယ်တွင် မဲနှိုက်သွားခြင်း
Saturday, June 1, 2013

ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ် သာယာကုန်း ရပ်ကွက် တွင် ၂၂.၅.၂၀၁၂ ရက်နေ့ ဗုဒ္ဓဟူးနေ့ မွန်းလွဲ ပိုင်းမှာ ၁၅၀၀ တန် ဖုန်းကတ်များကို ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များ၊ ရာအိမ်မှူး (လမ်းလူကြီး) များဖြင့်သာ ပြည်သူများကို အသိပေး အကြောင်း ကြားခြင်း၊ ကြေညာခြင်း မရှိဘဲ ပြည်သူလူထုမျက် ကွယ်တွင် ရပ်ကွက်ရုံး ခန်း၌ မဲနှိုက် ပြီးစီး သွားကြောင်း နောင်မှ ပြည်သူလူထု သိရှိကြရသည်။ နိုင်ငံတော်က ကျပ် ၁၅၀၀ တန် ဖုန်းကတ် များကို ပြည်သူများ လက်ဝယ်သို့ အရောက် ပြည်သူလူထု ရှေ့မှောက်တွင် မဲစနစ်ဖြင့် ပြည်သူများ ကိုယ်တိုင် မဲနှိုက်စေသည့်စနစ် လုပ်ဆောင် စေသော်ငြားလည်း ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၊ လမ်းလူကြီးများ ဖြင့်သာ ကိုယ့်သဘောဖြင့် မဲနှိုက်သွားသည့် ပုံစံမှာ ပြည်သူလူထု အတွက် စဉ်းစားစရာ ဖြစ်နေကြရသည်။ ၁၅၀၀ တန်ဖုန်းများကို ပြည်သူလူထု ရှေ့မှောက်တွင် စာရင်းအရ ပြည်သူလူထု ကိုယ်တိုင် မဲနှိုက်ခြင်းသာ တရားမျှတမည်ဟု ထင်ပါသည်။

 (ရပ်ကွက်သူတစ်ဦး)
The Voice
ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ် သာယာကုန်း ရပ်ကွက် တွင် ၂၂.၅.၂၀၁၂ ရက်နေ့ ဗုဒ္ဓဟူးနေ့ မွန်းလွဲ ပိုင်းမှာ ၁၅၀၀ တန် ဖုန်းကတ်များကို ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များ၊ ရာအိမ်မှူး (လမ်းလူကြီး) များဖြင့်သာ ပြည်သူများကို အသိပေး အကြောင်း ကြားခြင်း၊ ကြေညာခြင်း မရှိဘဲ ပြည်သူ လူထုမျက် ကွယ်တွင် ရပ်ကွက်ရုံး ခန်း၌ မဲနှိုက် ပြီးစီး သွားကြောင်း နောင်မှ ပြည်သူလူထု သိရှိကြရသည်။

ပိုကယ် လ်ဖလား ဗိုလ်လုပွဲ အပေါ် အာရုံစိုက် ထားရန် အသင်းဖော် များအား ရော်ဘင် တိုက်တွန်း

ပိုကယ်လ်ဖလား ဗိုလ်လုပွဲအပေါ် အာရုံစိုက်ထားရန် အသင်းဖော်များအား ရော်ဘင်တိုက်တွန်း 
ချန်ပီယံလိဂ် ဖလားရရှိခဲ့သည့် ဘိုင်ယန်မြူနစ် အသင်း၏ တောင်ပံ ကစားသမား ရော်ဘင်မှ လာမည့် တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင် ကစားရန် ရှိနေသည့် ပိုကယ်လ်ဖလား ဗိုလ်လုပွဲစဉ် အပေါ် အာရုံစိုက် ထားရန် အသင်း ဖော်များအား တိုက်တွန်း ပြောဆို ခဲ့သည်။ 

ကျပ် သိန်း ၂၆၀ ဖောက် ထွင်း မှု ခြောက် နာ ရီ အတွင်း မိ

Photo: ကျပ်သိန်း ၂၆၀ ဖောက်ထွင်းမှု ခြောက်နာရီအတွင်းမိ
Saturday, June 1, 2013

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ အမှတ် (၄) ရပ်ကွက် ဈေးချောင်း လမ်းရှိ နေလ ဆောက်လုပ်ရေး ပစ္စည်းဆိုင်မှ မေလ ၂၄ ရက်နေ့က ဖောက်ထွင်း ခိုးယူခံ ရသည့် ကျပ်သိန်း ၂၆၀ ကို စတင် တိုင်ကြားချိန်မှ ခြောက်နာရီ အကြာတွင် ပြန်လည် ဖမ်းဆီး ရမိကြောင်း ပုသိမ်မြို့ အသည်ကြီး ရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။ လွန်ခဲ့သော ရှစ်လခန့်က ယင်းဆိုင်တွင် အလုပ်လုပ် ဖူးသည့် အသက် ၂၀ အရွယ် လပြည့်(ခ) ပါစီကွေးက မေလ ၂၄ ရက်နေ့ နံနက် ၂ နာရီဝန်းကျင် မိုးသည်း ထန်စွာ ရွာသွန်းနေချိန်တွင် ယင်းဆိုင်နံဘေးရှိ ရေပိုက်မှ တွယ်တက်ကာ လေသာဆောင် ပြတင်းပေါက်ကို ဖျက်၍ ကျပ်သိန်း ၂၆၀ ရှိ ငွေအိတ်ကိုယူ သွားခြင်းဖြစ်ကြောင်း အသည်ကြီး ရဲစခန်း စစ်ချက်များ အရ သိရသည်။

ဆိုင်ရှင် လာရောက် တိုင်ကြားသည်မှာ မေလ ၂၄ ရက်နေ့ နံနက် ၆ နာရီခန့် ဖြစ်ပြီး ငွေထုပ် သယ်ယူ သွားသူကို ပုသိမ်-ငပုတော-စဥ့်ကူးကြီးသွား ရေယာဉ် ပေါ်တွင် ယင်းနေ့မွန်းတည့် ၁၂ နာရီခန့်က ဖမ်းဆီး ရမိကြောင်း ယင်းရဲတပ်ဖွဲ့စခန်းမှ ရဲအုပ် ရန်နိုင်လတ် က ပြောကြားသည်။ သင်္ဘော ပေါ်တွင် ဖမ်းမိစဉ် လပြည့် (ခ) ပါစီကွေး ထံတွင် ပီနံအိတ်ဖြင့် ထည့်ထား သော ကျပ် ၂၅၈ သိန်းနှင့် ၎င်း၏ဇနီးထံမှ ကျပ်တစ်သိန်း ရှစ်သောင်း ပြန်လည်သိမ်း ဆည်းရမိသည့် အတွက် လပြည့်(ခ) ပါစီကွေး ကို ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားပြီး ဇနီးဖြစ် သူကိုလည်း ပူးပေါင်းကြံစည် မှုဖြင့် အရေးယူ မည်ဖြစ်ကြောင်း ပုသိမ်မြို့ အသည်ကြီး ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်း သိရှိရသည်။ 

ယင်းအမှုကို အမြန်ဆုံး ဖော်ထုတ်နိုင်သည့် အတွက် ရဲတပ်ဖွဲ့ဝင်များကို ဆုငွေ ကျပ်ငါးသိန်းနှင့် ရဲတပ်ဖွဲ့စခန်းတွင် အသုံးပြုရန် ကွန်ပျူတာနှင့် ပရင်တာတစ်စုံ လှူဒါန်းခဲ့ကြောင်း နေလ ဆောက်လုပ်ရေး ပစ္စည်းဆိုင် လုပ်ငန်းရှင် ဦးထွန်းထွန်းက ပြောကြားသည်။ တန်ဖိုးကြီးအမှုများ ပေါ်ပေါက်သည့် အတွက် ဝမ်းသာသော်လည်း ခြံဝင်းအတွင်း ရပ်ထားသည့် မော်တော်ဆိုင်ကယ် ပျောက်ဆုံးမှုမျိုး ကဲ့သို့ အမှုများကိုလည်း ပေါ်ပေါက်ရန် ဆောင်ရွက်စေ လိုကြောင်း ဆိုင်ကယ် ပျောက်ဆုံး၍ အမှတ်(၁)ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်ထားသူ အမှတ်(၅)ရပ်ကွက်မှ ဦးမျိုးမြင့် က အကြံပြုသည်။

The Voice
ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ အမှတ် (၄) ရပ်ကွက် ဈေးချောင်း လမ်းရှိ နေလ ဆောက်လုပ်ရေး ပစ္စည်းဆိုင်မှ မေလ ၂၄ ရက်နေ့က ဖောက်ထွင်း ခိုးယူခံရသည့် ကျပ်သိန်း ၂၆၀ ကို စတင် တိုင်ကြားချိန်မှ ခြောက်နာရီ အကြာတွင် ပြန်လည် ဖမ်းဆီးရမိကြောင်း ပုသိမ်မြို့ အသည်ကြီး ရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။ လွန်ခဲ့သော ရှစ်လခန့်က ယင်းဆိုင်တွင် အလုပ်လုပ် ဖူးသည့် အသက် ၂၀ အရွယ် လပြည့်(ခ) ပါစီကွေးက မေလ ၂၄ ရက်နေ့ နံနက် ၂ နာရီဝန်းကျင် မိုးသည်း ထန်စွာ ရွာသွန်းနေချိန်တွင် ယင်းဆိုင်နံဘေးရှိ ရေပိုက်မှ တွယ်တက်ကာ လေသာဆောင် ပြတင်းပေါက်ကို ဖျက်၍ ကျပ်သိန်း ၂၆၀ ရှိ ငွေအိတ်ကိုယူ သွားခြင်းဖြစ်ကြောင်း အသည်ကြီး ရဲစခန်း စစ်ချက်များ အရ သိရသည်။

လားရှိုး ပဋိပက္ခမှု များတွင် ပါဝင် သူများကို အရေး ယူပေးရန် အစ္စလာမ် အဖွဲ့များ တောင်း ဆို

လားရှိုးပဋိပက္ခမှု များတွင် ပါဝင်သူများကို အရေးယူပေးရန် အစ္စလာမ်အဖွဲ့များ တောင်းဆို





ရှမ်းပြည်နယ် လားရှိုးမြို့တွင် ဖြစ်ပွား ခဲ့သည့် ပဋိပက္ခများ ဖြစ်ပွား စေရန် လှုံ့ဆော် သူများ၊ အကြမ်းဖက် ကျူးလွန် သူများနှင့် တာဝန် လစ်ဟင်းသူနှင့် တာဝန်မဲ့ သူများ အားလုံးကို မခွဲခြားဘဲ အရေး ယူရန် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ် အစိုးရတို့ထံ တောင်းဆိုကြောင်း အဖွဲ့ ၁၄ ဖွဲ့ဖြင့် ဖွဲ့စည်း ထားသည့် မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင် ကွန်ရက် ပေါင်းစုံ (Unity for Peace Networks) က မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန် လိုက်သည်။

ကား အမြန်မောင်း သူတွေ သိထားဖို့

Photo: ကား အမြန်မောင်းသူတွေ သိထားဖို့ 
Saturday, June 1, 2013

မြန်မာနိုင်ငံမှာ ယာဉ်အမြန်မောင်နှင်မှုကြောင့် ယာဉ်အန္တရာယ်တွေ မကြာခဏဖြစ်ပြီး သေဆုံးမှုတွေ မြင့် တက်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး အမြန်လမ်းမကြီးတွေ၊ မြို့ကြီးတွေမှာ ကားအမြန်မောင်းနှင်မှုကို အတိ အကျ မှတ်တမ်းတင်နိုင်မယ့် ကင်မရာတွေ တပ်ဆင်ပါတော့မယ်။ 

အဲဒီကင်မရာဟာ အမေရိကန်က ထိပ်တန်း နည်းပညာကုမ္ပဏီ တခုဖြစ်တဲ့ Laser Technology Inc. က ထုတ်လုပ်တဲ့ Traffic Over Speed Enforcement Laser ကိရိယာကို သုံးပြီး ယာဉ်အန္တရာယ်ကို တားဆီး ကာကွယ်ဖို့ အဆိုပါ ကိရိယာမိတ်ဆက်ပွဲ တခုကို မေလ ၃၀ ရက်နေ့က ရန်ကုန်မြို့ရှိ ဆီဒိုနားဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ 

ဒီကင်မရာဟာ ဓာတ်ပုံတွေကိုသာမက ဗီဒီယို မှတ်တမ်းကိုလည်း ၉၉ ရာခိုင်နှုန်းထိ တိတိကျကျ တိုင်းတာ ယူနိုင်ပြီး ကားအမျိုးအစား၊ နံပတ်ပြားတွေကိုပါ အထင်အရှား မှတ်တမ်းတင်နိုင်မှာ ဖြစ်သလို GPS စနစ် သုံးထားတဲ့အတွက် လည်း နေရာကိုပါ အတိအကျညွှန်ပြနိုင်မယ်လို့ ဆိုထားတာကို ယနေ့ထုတ် နိုင်ငံ ပိုင် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။ 

ဒီလို High-Resolution image Camera အမျိုးအစားကို ကမ္ဘာ့နိုင်ငံတွေမှာ ရာခိုင်နှုန်း ၈၀ လောက် အသုံးပြုနေတာလည်းဖြစ်တယ်လို့ သတင်းစာမှာ ဆိုထားပါတယ်။ ဒီကင်မရာ အသုံးပြုတဲ့အတွက် အရှိန်လွန် မြန်နှုန်းမြင့် မောင်းနှင်လို့ ဖြစ်ရတဲ့ ယာဉ်အန္တရာယ်တွေ လျော့ပါးသွားမှာဖြစ်တယ်လို့ လည်း ဆိုထားပါတယ်။ 

ဒီကင်မရာကို မြန်မာနိုင်ငံမှာ ပထမဆုံး အကြိမ် အသုံးပြုတော့မှာလည်း ဖြစ်ပါတယ်။ 

ဒါကြောင့် ကားအရှိန် မြန်နှုန်းမြင့် မောင်းနှင်သူတွေကို ဒီကင်မရာနဲ့မှတ်တမ်းယူကာ ဖမ်းဆီးနိုင်မှာဖြစ်တာ
ကြောင့် ကားအမြန်မောင်းသူတွေ သတိထားဆင်ခြင်ရတော့မှာပါ။ ဒါမှလည်း မြန်နှုန်းမြင့်မှုကြောင့် ယာဉ် မတော်တဆဖြစ်မှုတွေ ကျဆင်းလာဖွယ် ရှိပါတယ်။ 

ဧရာဝတီ Blog
မြန်မာနိုင်ငံမှာ ယာဉ်အမြန်မောင်နှင်မှုကြောင့် ယာဉ်အန္တရာယ်တွေ မကြာခဏဖြစ်ပြီး သေဆုံးမှုတွေ မြင့် တက်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး အမြန်လမ်းမကြီးတွေ၊ မြို့ကြီးတွေမှာ ကားအမြန်မောင်းနှင်မှုကို အတိ အကျ မှတ်တမ်းတင်နိုင်မယ့် ကင်မရာတွေ တပ်ဆင်ပါတော့မယ်။

သဘော တူညီချက် (၇)ချက်နှင့် ပတ်သက်၍ဒေသခံ တိုင်းရင်းသားများ ဆန္ဒထုတ်ဖေါ်

Photo
(၁.၆.၂၀၁၃)နေ့ နံနက် (၇)နာရီမှစတင်ကာ မြစ်ကြီးနားခရိုင်၊ ၀ိုင်းမော်မြို့၌ အစိုးရနှင့် KIA တို့၏ သဘောတူညီချက် (၇)ချက်နှင့် စပ်လျဉ်း၍ ကျေနပ်ခြင်းမရှိသော ဒေသခံတိုင်းရင်းများမှ အပတ်အခတ် ရပ်စဲရေး အမြန်လက်မှတ်ထိုးပါ၊

“ဝ” ပြည်နယ် အုပ်ချုပ်ခွင့် ရတောင်းခြင်းမှာ ရှမ်းပြည်နယ်မှ ခွဲထွက်လိုခြင်း မဟုတ်ဟုဆို



IMG_0091(1)
လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ် မှတ်ပေးထားသော “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသည် ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ် အဖြစ် နိုင်ငံတော်အစိုးရအား အသိအမှတ်ပြု သတ်မှတ်ခိုင်းရခြင်းမှာ ရှမ်းပြည်နယ်မှ ခွဲထွက်ရန်အတွက် မဟုတ်ဘဲ ယခုကဲ့သို့ တောင်းသင့်သည့်အရာအတွက်သာ တောင်းခြင်းဖြစ်ကြောင်း “ဝ”ပြည်နယ်ပြင်ပ ဆက်ဆံရေး ဌာနကြီး၏ ဒုတိယဌာနမှူးကြီး ဦးဆန်ခွင်း၏ ပြောကြားချက်အရ သိရသည်။

အာဇာနည်ဗိမာန်အား အများပြည်သူများ လေ့လာနိုင်ရန် စတင်ဖွင့်လှစ်

Photo: န်ကုန်၊ ဇွန် ၁။

ရန်ကုန်ကုန်မြို့၊ ရွှေတိဂုံဘုရားကြီး မြောက်ဘက်မုဒ်ရှိ အာဇာနည်ဗိမာန်အား
ယနေ့နံနက် (၈း၀၀) နာရီတွင် အများပြည်သူများ လေ့လာဂါရ၀ပြုနိုင်ရန် စတင်ဖွင့်လှစ်လိုက်သည်။

တနင်္လာနေ့နှင့် အစိုးရရုံးပိတ်ရက်များမှအပ ကျန်ရက်များအားလုံး ဖွင့်လှစ်
ထားမည်ဖြစ်ပြီး နံနက် (၈း၀၀) နာရီမှ ညနေ (၅း၀၀) နာရီအထိ ဖွင့်လှစ်မည်။

ဝင်ကြေးအနေဖြင့် လူကြီးတစ်ဦးလျှင် (၂၀၀) ကျပ်၊ ကလေးတစ်ဦးလျှင် (၁၀၀) ကျပ် နှင့် နိုင်ငံခြားသားတစ်ဦးလျှင် (၃) ဒေါ်လာ သို့မဟုတ် မြန်မာငွေနှင့်ညီမျှသော
(၂၇၀၀) ကျပ် ကောက်ခံမည်ဖြစ်သည်။ မူလတန်းမှ တက္ကသိုလ်ကျောင်းသားများ အထိ ကျောင်းသားကဒ်ပြားဖြင့် အခမဲ့ဝင်ခွင့်ပြုမည်ဖြစ်၍ အာဇာနည်နေ့တွင်
မည်သူမဆို အခမဲ့ဝင်ခွင့်ပြုမည်ဖြစ်သည်။

ဓါတ်ပုံ - သီဟ
ရန်ကုန်ကုန်မြို့၊ ရွှေတိဂုံဘုရားကြီး မြောက်ဘက်မုဒ်ရှိ အာဇာနည်ဗိမာန်အား ယနေ့နံနက် (၈း၀၀) နာရီ တွင် အများပြည်သူများ လေ့လာဂါရ၀ပြုနိုင်ရန် စတင်ဖွင့်လှစ်လိုက်သည်။ တနင်္လာနေ့နှင့် အစိုးရ ရုံးပိတ်ရက်များမှအပ ကျန်ရက်များအားလုံး ဖွင့်လှစ် ထားမည်ဖြစ်ပြီး နံနက် (၈း၀၀) နာရီမှ ညနေ (၅း၀၀) နာရီအထိ ဖွင့်လှစ်မည်။ 

သွေးပေါင် ကျခြင်းမှ ကာကွယ်ဖို့

Photo: သွေးပေါင် ကျခြင်းမှ ကာကွယ်ဖို့
Saturday, June 1, 2013

ချွေးထွက်တွေ များပြီး သွေးတိုး မရှိတဲ့ လူတွေက သွေးပေါင် အရမ်းကျ ကျပါတယ်။

သွေးတိုးရင်တော့ သွေးပေါင်ကျအောင် လုပ်ရသလို သွေးပေါင် ကျရင်လည်း သွေးပေါင် ပြန်တက်အောင် လုပ်လို့ရပါတယ်။ ဒါပေမယ့် မကျခင်မှာ ကြိုတင်ကာကွယ်တဲ့ နည်းလမ်း လေးတွေကို သိထားရင်လည်း ကြိုတင်ကာကွယ် ထားနိုင်ပါတယ်။

မုန်လာဥ အစိမ်းကို ဖျော်ရည်လုပ်၍ သောက်ခြင်းသည် သွေးတွေကျစေရန် သွေးပေါင်ချိန် ထိန်းရန် အလွန် အကျိုးရှိသော ကုသမှု ဖြစ်ပါတယ်။ မုန်လာဥ ဖျော်ရည် တစ်ခွက်ကို တစ်နေ့ နှစ်ကြိမ် သောက်သုံးပါ။ အာဟာရဓာတ် ကြွယ်ဝစေဖို့ အတွက် ပရိုတင်း၊ ဗိုက်တာ မင်စီနဲ့ ဘီအုပ်စုများ ပါဝင်တဲ့ အစာများကို မှီဝဲခြင်းက သွေးအတက်အကျကို ကာကွယ်ချိန် ညှိပေး နိုင်ပါတယ်။

သွေးပေါင်ကျခြင်းကို ထိန်းသိမ်းဖို့ရာ ဆားကို အသုံးပြုပေးပါ။ သွေးပေါင်ချိန် ပုံမှန်ရှိသူ တစ်ယောက်ပင် ဖြစ်စေကာမူ ဆားပါဝင်သော အစားအသောက်ကို စားသုံးပေးပါ။ ဆားလက်ဖက်ရည် ဇွန်းတစ်ဝက်ခန့်ကို ရေတစ်ဖန်ခွက်နှင့် ဖျော်၍ နေ့စဉ် သောက်သုံး ပေးလျှင် ကောင်းမွန် ပါတယ်။

ခန္ဓာကိုယ်ထဲမှ ရေဓာတ် ဆုံးရှုံးလျှင်လည်း သွေးပေါင်ချိန် ကျစေပြန်ပါတယ်။ သွေးပေါင်ချိန် ကျနေသော လူကို အရည်များများ ၀င်နိုင်သမျှ ၀င်အောင် တိုက်ပေးခြင်းဖြင့် ရေဓာတ် ဆုံးရှုံးမှုမှ ကယ်ဆယ် နိုင်ပါတယ်။

အကယ်၍ သွေးပေါင် တိုးနေပါက မိသားစု ဆရာဝန်ထံမှာ အကြံညဏ်ရယူပြီး သင့်တင့် မှန်ကန်သည့် ဆေးဝါး သောက်သုံးမှု ၊ ကုသမှု ယူသင့်ပါတယ်။ မိမိဘာသာ ဆေးများ သောက်သုံးခြင်း၊ သောက်ရသည့် ပမာဏထက် ပို၍ သောက်ခြင်း များကိုလည်း ရှောင်ကြဉ်ပါ။

By Health Articles
ချွေးထွက်တွေ များပြီး သွေးတိုး မရှိတဲ့ လူတွေက သွေးပေါင် အရမ်းကျ ကျပါတယ်။