Thursday, January 16, 2014

ကုလညှင်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေးစာချုပ် မြန်မာ လက်မှတ်ရေးထိုးတော့မည်

Photo: ကုလညှင်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေးစာချုပ် မြန်မာ လက်မှတ်ရေးထိုးတော့မည်
Thursday, January 16, 2014

ကုလသမဂ္ဂက ပြဌာန်းထားတဲ့ ညှင်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေးစာချုပ် United Nations Convention Against Torture (UNCAT) အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးဖို့ ကြိုးစားနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော်က ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းဝေးမှာ ပြောလိုက်ပါတယ်။

အစိုးရအနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ညှင်းပမ်းနှိပ်စက်မှုကို ဆန့်ကျင်ရေးစာချုပ်ကို လေးစားလိုက်နာဖို့အတွက် ဘယ်အချိန်မှာ လက်မှတ်ရေးထိုးမယ်ဆိုတာကို သိရှိလိုကြောင်း ပွင့်ဖြူမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညိုရဲ့ မေးမြန်းမှုကို ဒုတိယ၀န်ကြီး ဦးသန့်ကျော်က အခုလို ပြန်လည်ဖြေဆိုခဲ့တာပါ။

"ညှင်းပန်းနှိပ်စက်မှုနဲ့ အခြားသောလူမဆန်သည့်(သို့မဟုတ်) လူ့သိက္ခာညှိုးနွမ်းစေသည့်ပြုကျင့်မှု (သို့မဟုတ်) ပြစ်ဒဏ်ပေးမှုတို့အား ဆန့်ကျင်တဲ့စာချုပ်ကို ဆောလျှင်စွာပါဝင်ရေးရှေ့ရှုလျက် လေ့လာသုံးသပ်အကောင်အထည်ဖော်မှုများကို ပြည်သူ့လွှတ်တော်နဲ့ အခြားသက်ဆိုင်တဲ့ ဝန်ကြီးဌာနများက ဤစာချုပ်ပါဝင်ရေးအား ပြည်သူ့လွှတ်တော်မှာ တိုက်တွန်းခြင်း၊ ထောက်ခံခြင်း၊ ဆွေးနွေးခြင်းပြုခဲ့ပြီ ဖြစ်တဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ယခု ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်း ပါဝင်ပြီးလက်မှတ်ရေးထိုးနိုင်ရန်အတွက် ရည်မှန်းချက်ထားပြီး ညှိနှိုင်းမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်"

လာမယ့် စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂရဲ့ ၆၅ ကြိမ်မြောက် အထွေထွေညီလာခံရဲ့ အစပိုင်းမှာပြုလုပ်မယ့် နိုင်ငံတကာစာချုပ်စာတမ်းများ လက်မှတ်ရေးထိုးပွဲမှာ လက်မှတ်ရေးထိုးနိုင်အောင် စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

ဒီကနေ့ လွှတ်တော်မှာမေးမြန်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညိုက မြန်မာအစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေးကို လက်တွေ့အကောင်ထည်ဖော်ချင်တယ်ဆိုရင် အဲဒီစာချုပ်မှာ မြန်မြန်လက်မှတ်ရေးထိုးနိုင်ဖို့ လိုအပ်တယ်လို့ လွှတ်တော်အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

"လေ့လာသုံးသပ်နေပါတယ်တဲ့။ စာချုပ်တစ်ခုကို လေးစားလိုက်နာပါမယ်ဆိုပြီးတော့ လက်မှတ်ထိုးပြီးကာမှ မလေးစား၊ မလိုက်နာနိုင်ရင် သိက္ခာကျပါတယ်တဲ့။ အမျိုးသားစီးပွားရေးနဲ့ ကိုက်ညီ၊ မညီ စဉ်းစားရပါတယ်တဲ့။ ကျနော်ကတော့ တင်ပြခဲ့တာ အမျိုးသားအကျိုးစီးပွားကို ဆန့်ကျင်တယ်လို့ မထင်ဘူး။ ဒီလိုစာချုပ်မျိုးတွေကို လက်မှတ်ထိုးမှ၊ တရားဥပဒေစိုးမိုးမှုရှိမှ၊ ကျနော်တို့နိုင်ငံကို ရင်းနှီးမြှုပ်နှံမှုတွေလာမယ်။ လူရိုသေ ရှင်ရိုသေဘဝကိုရောက်မယ်။ ဒီလိုမျိုးစာချုပ်တွေကို လက်မှတ်ရေးထိုးရန်ပျက်ကွက်နေသ၍ တရားစီရင်မှုစံနစ်၊ တရားဥပဒေစိုးမိုးမှုစံနစ်ကို လုံးဝယုံကြည်ကြမှာ မဟုတ်ဘူး။ ခုထက်ထိအောင် လက်မှတ်ရေးထိုးခြင်းမရှိတဲ့အတွက် ကျနော်တော့ အင်မတန်ဝမ်းနည်းပါတယ်"

UNCAT လို့ခေါ်တဲ့ ဒီစာချုပ်ကို ကမ္ဘာ့နိုင်ငံပေါင်း ၈၁ နိုင်ငံက လက်မှတ်ရေးထိုးထားတာပါ။ လက်မှတ်ထိုးတဲ့အဆင့်ဟာ လိုက်နာပါမယ်လို့သာ ပြောတဲ့အဆင့်ဖြစ်ပြီး ညှင်းပန်းနှိပ်စက်မှုရှိ မရှိဆိုတဲ့ အစီရင်ခံစာတင်တဲ့ အဆင့်ထိတောင် မရှိသေးဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ အဲဒီစာချုပ်ရဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ်ရောက်မှသာ နှစ်စဉ်အစီရင်ခံစာ တင်သွင်းရမှာဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံပေါင်း ၁၅၄ နိုင်ငံက စာချုပ်အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးထားပါတယ်။

အာဆီယံဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ကမ္ဘောဒီးယားတို့ဟာ အဖွဲ့ဝင်နိုင်ငံတွေဖြစ်ပြီး ဗီယက်နမ်နဲ့ လာအိုနိုင်ငံကတော့ စာချုပ်လက်မှတ်ထိုးထားတဲ့အဆင့်မှာပဲ ရှိနေပါသေးတယ်။

RFA Burmese
ကုလသမဂ္ဂက ပြဌာန်းထားတဲ့ ညှင်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေးစာချုပ် United Nations Convention Against Torture (UNCAT) အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးဖို့ ကြိုးစားနေေ ကြာင်း နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော်က ဒီကနေ့ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်အစည်းဝေးမှာ ပြော လိုက်ပါ တယ်။

KIAဖမ်းသည်ဆိုသောရှမ်းအားလုံးလွတ်မြောက်ရေး နိုင်ငံတကာသံတမန်များသို့ အကူအညီတောင်းမည်

ကချင်ပြည်နယ်အတွင်း KIA (ကချင်လွတ်မြောက်ရေးတပ်မတော်)မှ ဖမ်းဆီးထားသည် ဆိုသော ရှမ်းလူမျိုး အားလုံးလွတ်မြောက်ရေးအတွက် နိုင်ငံတကာသံတမန်များသို့ အကူအညီတောင်းခံ သွား မည်ဖြစ်သည်ဟု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (ကချင်ပြည်နယ်) ဒုခေါင်းဆော င် ဦးစိုင်းဆန်းဝေက မဇ္ဈိမကိုပြော သည်။

ဗိုလ်ဗထူးအိမ်ရာအနီး မြေကွက်များ လေးလအတွင်း နှစ်ဆ ခန့် ဈေးနှုန်းမြင့်တက်

Photo: ဗိုလ်ဗထူးအိမ်ရာအနီး မြေကွက်များ လေးလအတွင်း နှစ်ဆ ခန့် ဈေးနှုန်းမြင့်တက်
Thursday, January 16, 2014

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တည်ဆောက်လျက်ရှိသော ဗိုလ်ဗထူး အိမ်ရာအနီးရှိ မြေကွက် ဈေးနှုန်း များသည် လွန်ခဲ့သောလေးလက ဈေးနှုန်းထက် နှစ်ဆနီးပါးအထိ မြင့်တက် လာကြောင်း ရန်ကုန်မြို့အတွင်းရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောကြားသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) ၄၈ ရပ်ကွက်တွင် အကောင်အထည် ဖော်နေသော ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်းရှိ တိုက်ခန်းများကို ယခုလအတွင်း ကြိုတင် ရောင်းချနေသောကြောင့် အိမ်ရာအနီး အနားရှိ မြေကွက်များ ဈေးနှုန်း မြင့်တက်လာခြင်း ဖြစ်ကြောင်း စိုင်းခွန်နောင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးရန်အောင်က ပြောကြားသည်။

“အရင်သိန်း ၆၀၀ လောက်ရှိတဲ့ မြေတစ်ကွက်ကို အခုသိန်း ၁၀၀၀ ကျော်လောက် ဖြစ်လာတယ်” ဟု ၎င်းက ပြောဆိုသည်။

ဗိုလ်ဗထူး အိမ်ရာအနီး မြေဈေး တက်သော်လည်း အခြားနေရာများတွင် ပုံမှန်အတိုင်းသာ ဖြစ်ကြောင်း အာရှမြေ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဒေါ်လီလီက ပြောကြားသည်။

လက်ရှိရန်ကုန်မြို့၏ အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် အရောင်းအဝယ် ဆက်လက် အေးလျက်ရှိပြီး ငှားရမ်းမှုများပါ ပြန်လည် လျော့နည်းနေကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

The Voice Weekly
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တည်ဆောက်လျက်ရှိသော ဗိုလ်ဗထူး အိမ်ရာအနီး ရှိ မြေကွက် ဈေးနှုန်းများသည် လွန်ခဲ့သောလေးလက ဈေးနှုန်းထက် နှစ်ဆနီးပါး အထိ မြင့်တက် လာကြော င်း ရန်ကုန်မြို့အတွင်းရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောကြားသည်။

(၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ပထမနေ့ ပွဲစဉ်များ စတင်

Photo: (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ပထမနေ့ ပွဲစဉ်များ စတင်
Thursday, January 16, 2014

(၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစား ပြိုင်ပွဲ ပထမနေ့ ပွဲစဉ်များ ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိ အားကစား ဇုန်၌ ကျင်းပရာ အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းသည် ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်း ၌ ပြေးခုန်ပစ် အားကစား ပြိုင်ပွဲ လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ ခုနစ်ယောက် တစ်ဖက် ဘောလုံးပြိုင်ပွဲ၊ အားကစားရုံအမှတ် အေ၌ အမျိုးသား/ အမျိုးသမီးအသင်း ထိုင်လျက် ဘော်လီဘော ပြိုင်ပွဲများ၊ ဝဏ္ဏသိဒ္ဓိ ရေကူး ကန်၌ အမျိုးသား/ အမျိုးသမီး ရေကူး ပြိုင်ပွဲများကို လှည့်လည်ကြည့်ရှု အားပေးသည်။

ရေကူးပြိုင်ပွဲများ အပြီး အမျိုးသား မီတာ ၄ဝဝ အလွတ်ကူး ပြိုင်ပွဲ ဆေးအဆင့် သတ်မှတ်ချက် အလိုက် ပထမ၊ ဒုတိယ၊ တတိယ ရသူများအား အရှေ့တောင်အာရှ မသန်စွမ်း အားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ DATO ZAINAL ABUZARIN ၊ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန့်ရှင်း၊ ဒုတိယ ဝန်ကြီး ဦးဇော်ဝင်းနှင့် မြန်မာနိုင်ငံ မသန်စွမ်းအား ကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ် နေလင်းတို့က ဆုတံဆိပ်နှင့် အမှတ်တရ လက်ဆောင် ပစ္စည်း များ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြ၀တီ
(၇)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစား ပြိုင်ပွဲ ပထမနေ့ ပွဲစဉ်များ ယနေ့နံနက် ပိုင်းတွင် ဝဏ္ဏသိဒ္ဓိ အားကစားဇုန်၌ကျင်းပရာ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း သည် ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်း ၌ ပြေးခုန်ပစ် အားကစား ပြိုင်ပွဲ လေ့ကျင့်ရေး ကွင်း အမှတ်(၃)၌ ခုနစ်ယောက် တစ်ဖက် ဘောလုံးပြိုင်ပွဲ၊ အားကစားရုံအမှတ် အေ၌ အမျိုးသား/ အမျိုးသမီးအသင်း ထိုင်လျက် ဘော်လီဘော ပြိုင်ပွဲများ၊ ဝဏ္ဏသိဒ္ဓိ ရေကူး ကန်၌ အမျိုးသား/ အမျိုးသမီး ရေကူး ပြိုင်ပွဲများကို လှည့်လည်ကြည့်ရှု အားပေးသည်။

အင်ဒိုနီးရှား နိုင်ငံရှိ ဆီနာဘွန် မီးတောင် ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၁၆ဦး သေဆုံး

Photo: အင်ဒိုနီးရှား နိုင်ငံရှိ ဆီနာဘွန် မီးတောင် ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၁၆ဦး သေဆုံး
Thursday, January 16, 2014

အင်ဒိုနီးရှား နိုင်ငံမြောက် ဆူမတြား ကာရိုခရိုင် အတွင်းရှိ ဆီနာဘွန် မီးတောင် ပြင်းထန်စွာ ပေါက်ကွဲမှုကြောင့် ဒေသခံ ပြည်သူ အနည်းဆုံး ၁၆ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၁၅ရက်တွင် ပြောကြား ခဲ့သည်။

အဆိုပါ မီးတောင်သည် ယခုသီတင်းပတ် အကုန်မှစ၍ ဇန်နဝါရီ ၁၅ရက်အထိ ဆက်လက် ပေါက်ကွဲလျက် ရှိခြင်းကြောင့် နေအိမ်များမှ စွန့်ခွာထွက်ပြေး လာပြီး ကယ်ဆယ်ရေး စခန်းများနှင့် ဆေးရုံများသို့ တက်ရောက် ခိုလှုံ နေရသည့် ပြည်သူအနည်းဆုံး ၁၆ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ အမျိုးသား သဘာဝဘေး အန္တရာယ် စီမံ ခန့်ခွဲရေး အေဂျင်စီမှ အကြီးအကဲ ဖြစ်သူ ဆာယန်မာရစ်က ပြောကြားထားသည်။

ယင်းမီးတောင်သည် ပြာမှုန်များကို ကောင်ကင်အထက် ၇ဝဝဝအမြင့်သို့ မှုတ်ထွက်လျက်ရှိပြီး တစ်ချိန်တည်းမှာပင် မီးတောင်မှ ကျဆင်းလာသည့် ချော်ရည်များမှာ ဒေသအတွင်းရှိ မြစ်များအတွင်းသို့ စီးဆင်းလျက် ရှိသောကြောင့် ကျေးရွာအများ အပြားအား ခြိမ်းခြောက်လျက် ရှိကြောင်း သိရသည်။

အာဏာပိုင်များသည် အဆိုပါ ဒေသအတွင်းရှိ ပြည်သူများအတွက် အရေးပေါ် ကယ်ဆယ်ရေးအဖြစ် ဒေါ်လာ ၂ဒသမ ၁သန်းကို လျာထားခဲ့ပြီး ယခုအချိန်တွင် ဘေးအန္တရာယ် ကင်းရှင်းရာသို့ ရွှေ့ပြောင်း ပေးခဲ့ရသူ ဦးရေမှာ ၂၆ဝ၈၈ ဦးအထိ မြင့်တက်လာပြီ ဖြစ်ကြောင်း သိရသည်။

အမြင့် ၁၄၇၅ မီတာရှိ ဘွန်မီတောင်သည် နှစ်ပေါင်း ၄ဝဝခန့်အကြာ ငြိမ်သက် နေခဲ့ပြီးမှ လွန်ခဲ့သည့်နှစ် စက်တင်ဘာမှ စတင်၍ ပြန်လည်လှုပ်ရှား လာခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်မှစ၍ မကြာခဏ ပေါက်ကွဲမှုဖြစ်ပွား လာခဲ့သည်ဟု အာဏာပိုင်များက ပြောကြား ထားသည်။

မြ၀တီ
အင်ဒိုနီးရှား နိုင်ငံမြောက် ဆူမတြား ကာရိုခရိုင် အတွင်းရှိ ဆီနာဘွန် မီးတောင် ပြင်းထန်စွာ ပေါက်ကွဲ မှုကြောင့် ဒေသခံ ပြည်သူ အနည်းဆုံး ၁၆ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၁၅ရက် တွင် ပြောကြား ခဲ့သည်။

တွံတေးမြို့နယ်အတွင်း ကျူးကျော်နေထိုင်သူများကို နေရာချထားပေးရန် မရှိဟု မြို့နယ် အုပ်ချုပ်းရေးမှုးပြော

ပန်းလှိုင်တံတားအောက်နှင့် လမ်းတစ်လျောက် တွံတေးမြို့နယ်အပိုင်တွင်း ကျူးကျော်နေထိုင် သူများနှင့် ပါတ်သက်၍ ပြန်လည်နေရာချထားပေးရန် အစီစဉ်ကို တာဝန်ယူဆောင်ရွက်ပေး ရန် အစီစဉ်မရှိကြောင်း တွံတေးမြို့နယ် အုပ်ချုပ်ရေးမှုး ဦးသန်းဇော်ဟန် က မဇ္ဈိမ ကို ဇန်နဝါရီ ၁၆ရက်တွင် ပြောကြားသည် ။

ရေယာဉ်များကို စက်သုံးဆီ တိုက်ရိုက် ရောင်းချခွင့် လိုင်စင်များ လျှောက်ထားခွင့်ပြု

Photo: ရေယာဉ်များကို စက်သုံးဆီ တိုက်ရိုက် ရောင်းချခွင့် လိုင်စင်များ လျှောက်ထားခွင့်ပြု
Thursday, January 16, 2014

ပြည်တွင်းရှိ ရေယာဉ်များကို စက်သုံးဆီ တိုက်ရိုက်ဖြန့်ဖြူး ရောင်းချခွင့် လိုင်စင်များအား သက်ဆိုင်ရာ စွမ်းအင် ဝန်ကြီးဌာနများတွင် လျှောက်ထားနိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရ သည်။ အဆိုပါ စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် စက်သုံးဆီများ လွတ်လပ်စွာ ဝယ်ယူသုံးစွဲနိုင်ရေး အတွက် ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များကို ခွင့်ပြုမိန့်လိုင်စင်များ ထုတ်ပေး၍ ဖွင့်လှစ်ရောင်းချ ခွင့်ပြုလျက်ရှိကြောင်း၊ ယခု အခါတွင် ရေယာဉ်များကိုပါ ရောင်းချခွင့်လိုင်စင်များ ထုတ်ပေးလျက်ရှိပြီး လေယာဉ်ဆီများ လျှောက်ထားရန် ခွင့်ပြု ခဲ့သော်လည်း လျှောက်ထားသူ မရှိကြောင်း သိရသည်။ ''ပုဂ္ဂလိက စက်သုံးဆီ ကဏ္ဍတွေ တိုးတက်မှု ရှိလာဖို့ရယ်၊ နေရာဒေသမရွေး ဝယ်ယူနိုင်အောင်လို့ စီစဉ်ပေးနေတာပါ၊ လိုင်စင်တွေကိုတော့ စိစစ် လုပ်ဆောင်ပေးပါတယ်။ လတ်တလော စိစစ်နေဆဲ ဆိုင်တွေလည်းရှိပါတယ်။

ရေယာဉ်တွေ အတွက်လဲ လိုင်စင်တွေလျှောက် ထားနိုင်ပါပြီ''ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ စက်သုံးဆီ လိုင်စင် ထုတ်ပေးရန် စိစစ်ဆောင်ရွက်ဆဲ အရောင်းဆိုင်များမှာ စုစုပေါင်း ဆိုင်အရေအတွက ၄၅၉ ဆိုင်ရှိကြောင်း၊ ၎င်းတို့မှာ နေပြည်တော်တွင် ၁၂ ဆိုင်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၅၂ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင်၅၆ ဆိုင်၊ ရှမ်းပြည်နယ်တွင် ၈၂ဆိုင်၊ ရခိုင်ပြည်နယ်တွင် ၂၂ ဆိုင်၊ မွန်ပြည်နယ်တွင် ၃၁ ဆိုင်၊ ချင်းပြည်နယ်တွင် တစ်ဆိုင်၊ ကရင်ပြည်နယ်တွင် လေးဆိုင်၊ ကယားပြည်နယ်တွင် သုံးဆိုင်၊ ကချင်ပြည်နယ်တွင် ၂၈ ဆိုင်၊ တနင်္သာရီတိုင်း ဒေ သကြီးတွင် ၁၂ ဆိုင်၊ မကွေးတိုင်းဒေသကြီးတွင် ၂၃ ဆိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၃၆ ဆိုင်၊ပဲခူးတိုင်း ဒေသ ကြီးတွင် ၄၈ ဆိုင်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင်၄၉ ဆိုင်တို့ရှိကြောင်း သိရသည်။လက်ရှိတွင် မြန်မာနိုင်ငံ၌ ခွင့်ပြုမိန့် လိုင်စင်ဖြင့် ဖြန့်ဖြူး ရောင်းချလျက် ရှိနေသည့် စက်သုံးဆီ အရောင်းဆိုင် ၁ဝ၈၅ ဆိုင်ရှိကြောင်း၊ ယင်းတို့ အနက် မန္တလေးတိုင်း ဒေသကြီးတွင် ဆိုင်အရေအတွက် ၂၇ဝဖြင့် အများဆုံးရှိ နေကြောင်းသိရသည်။

မြ၀တီ
ပြည်တွင်းရှိ ရေယာဉ်များကို စက်သုံးဆီ တိုက်ရိုက်ဖြန့်ဖြူး ရောင်းချခွင့် လိုင်စင်များအား သက်ဆိုင်ရာ စွမ်းအင် ဝန်ကြီးဌာနများတွင် လျှောက်ထားနိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြ ချက် အရ သိရ သည်။

ထိုင်းဝန်ကြီးချုပ်အား စစ်ဆေးရန်နှင့် ဆန္ဒပြပွဲ အားပြိုင်မှု နောက်ဆုံး အခြေအနေများ

Photo: ထိုင်းဝန်ကြီးချုပ်အား စစ်ဆေးရန်နှင့် ဆန္ဒပြပွဲ အားပြိုင်မှု နောက်ဆုံး အခြေအနေများ 
Thursday, January 16, 2014

ထိုင်းနိုင်ငံ အိမ်စောင့် အစိုးရ ယာယီ ဝန်ကြီးချုပ် ယင့်လတ်ခ် ချင်နဝပ်ကို အမျိုးသား ငွေကြေး မသမာမှု ကာကွယ်ရေးနှင့် နှိမ်နင်းရေး ကော်မတီမှ ခေါ်ယူ စစ်ဆေး မည်ဟု ၄င်းဌာနမှ ယနေ့ ထုတ်ပြန် ကြေညာ ထားပါသည်။ အထူးသဖြင့် စပါး အပေါင် ခံခဲ့သည့် စီမံကိန်း၌ ငွေကြေး အလွဲသုံးစား လုပ်မှု ရှိခဲ့ကြောင်း တိုင်းကြားမှု အပေါ် အမျိုးသားငွေ ကြေး မသမာမှု ကာကွယ် ရေးနှင့် နှိမ်နင်း ရေး ကော်မတီမှ စီစစ် ခဲ့ရာ ငွေကြေး မသမာမှု အချက်အလက်များ တွေ့ရသည်ဟု ဆိုပါသည်။

ဤသို့ကြောင့် ကုန်သွယ်ရေး ဝန်ကြီးဟောင်း ဘွန်းစုန်း တေရိ ယားဖိရုမ်း အပါအဝင် ၁၅ ဦးကို စွဲချက် တင်ရန် အမျိုး သား ငွေကြေး မသမာမှု ကာကွယ် ရေးနှင့် နှိမ်နင်းရေး ကော်မတီမှ အတည်ပြု ထားပါသည်။ စပါး အပေါင်ခံသည့် စီမံကိန်းသည် အခက်အခဲ ပြဿနာ အမြောက်အများ ရှိသည်ကို သိသော်လည်း စီမံကိန်း ဥက္ကဌ ဖြစ်သူ ဝန်ကြီးချုပ် ယင့်လတ်ခ် ချင်နဝပ်မှ စီမံကိန်း ရပ်ဆိုင်းခြင်း မပြုလုပ်ခဲ့ သည့်အတွက် တာဝန် ပျက်ကွက်မှုကြောင့် စစ်ဆေး ခံရခြင်း ဖြစ်ပါသည်။

ထို့အပြင် စပါး အပေါင် ခံသည့် စီမံကိန်းတွင် ရှိနေသည့် နောက်ဆက်တွဲ အမှု (၇) မှု ကိုလည်း ဆက်လက် စီစစ် နေကြောင်း နှိမ်နင်းရေး ကော်မတီမှ ထုတ်ဖေါ်ပြော ကြား ပါသည်။ ဤအချိန် မျိုးတွင် နှိမ်နှင်းရေး ကော်မီတီမှ ထုတ်ပြန် ကြေညာ ခဲ့သည့်အတွက် အစိုးရအား ဆန့်ကျင် ဆန္ဒပြနေသူများ ဖက်မှ အားပေး သလို ဖြစ်နေ ခဲ့ပါသည်။

ထိုင်းအစိုးရသည် ဖေဖေါ်ဝါရီလ ၂ ရက်နေ့ ကျင်းပရန် ရှိသော ရွေးကောက်ပွဲကို ရက်ရွှေ့ဆိုင်း သင့်မသင့် ရွေးကောက်ပွဲ ကော်မီရှင်နှင့် ဆွေးနွေးရန် ယမာန်နေ့က ဖိတ်ခေါ် သည့်အပေါ် ကော်မီရှင်မှ တက်ရောက် ခဲ့ခြင်း မရှိသဖြင့် ဒုတိယ ဝန်ကြီးချုပ် ဖုန်းထေ့ပ် ထေ့ပ်ကန် ချနားမှ မရွှေ့သင့်ဟု ထုတ်ဖေါ် ပြောကြား သော်လည်း အတည်ပြု နိုင်ခဲ့ခြင်း မရှိပေ။

ရွေးကောက်ပွဲ ကော်မရှင် ကမူ ဝန်ကြီး ချုပ်နှင့် တွေ့ဆုံရန် ယနေ့ စာရေး အကြောင်းကြား ထားသော် လည်း ဝန်ကြီး ချုပ်မှ မတွေ့နိုင် သောကြောင့် နက်ဖြန် တွေ့ဆုံရန် ထပ်မံ ချိန်းဆိုထား ပါသည်။ ဤကိစ္စ သည် ရွေးကောက်ပွဲ ကော်မီရှင်နှင့် ၀န်ကြီးချုပ်ကြားသာ တွေ့ဆုံ ဆွေးနွေး ပြီးမှ ဆုံးဖြတ်ရန် ဖြစ်သည်ဟု အကြောင်းပြ ထားပါသည်။

ဝန်ကြီးချုပ် ကမူ ရွေးကောက်ပွဲ ရက် ရွေ့ဆိုင်း သင့်မသင့်ကို နိုင်ငံရေး ပါတီများ၊ စစ်တပ်၊ ရဲတပ်ဖွဲ နှင့်နိုင်ငံရေး တင်းမာသူ အားလုံး ပါဝင်သည့် ဆွေးနွေးပွဲ တရပ် ကျင်းပရန် ယမာန်နေ့က ဖိတ်ကြား ထားပြီး ရွေးကောက်ပွဲ ကော် မီရှင်နှင့် အတိုက်အခံများ တက်ရောက်ခြင်း မရှိပေ။

ရွေးကောက်ပွဲ ရက်သတ်မှတ် မှုသည် တည်ဆဲ ဥပဒေနှင့် ဖွဲ့စည်းပုံ အရ ဖြစ်ကြောင်း သတ်မှတ်ထားသည့် ဖေဖေါ်ဝါရီလ (၂) ရက်နေ့ကို ကျင်းပ သွားရန် ဖြစ်ပါသည်။

သို့သော် အတိုက် အခံ ဆန္ဒပြသူ များသည် လွတ်လပ် သည့် ကြားဖြတ် ကောင်စီ ဖွဲ့ပြီး နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ပြုလုပ် ရန်နှင့် ပြုပြင်ပြောင်းလဲ ထားသော ဖွဲ့စည်း ပုံဖြင့် ရွေးကောက်ပွဲ ကျင်းပရန် တောင်းဆို နေပါသည်။ ဤတောင်း ဆိုချက် မရမချင်း ဆက်လက် ဆန္ဒပြသွား မည်ဟု ကြေညာ ထားပါသည်။

ဤသို့ကြောင့် ထိုင်းနိုင် ငံရေး တင်းမာမှု သည် ယနေ့အထိ မဖြေရှင်း နိုင်သေးခြင်း ဖြစ်ပါသည်။ တချိန်ထဲ တွင်လည်း ဆန္ဒပြပွဲ လူထု အတွင်း ပစ်ခတ်မှုနှင့် အတိုက်အခံ ဒီမိုကရက် တစ်ပါတီ မှ ၀န်ကြီးချုပ်ဟောင်း ဝေ့ချာချီဝ အိမ်ရှေ့ ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်နေပြီး ဖမ်းဆီး ရမှုများ ရှိနေသဖြင့် တင်းမာမှုများ တနေ့တခြား ဖြစ်လာ နေပါသည်။

Written by ရွှေဟင်္သာ သတင်းဌာန 

ရွေးကောက်ပွဲ ရွေ့ဆိုင်းရေး ၀န်ကြီးချုပ် ဖိတ်ခေါ်ပွဲ ကျင်းပစဉ် ရွေးကောက်ပွဲ ရွေ့ဆိုင်းရေး ၀န်ကြီးချုပ် ဖိတ်ခေါ်ပွဲ ကျင်းပစဉ် ဓါတ်ပုံ - (အင်တာနက်)
ရွေးကောက်ပွဲ ရွေ့ဆိုင်းရေး ၀န်ကြီးချုပ် ဖိတ်ခေါ်ပွဲ ကျင်းပစဉ် ရွေးကောက်ပွဲ ရွေ့ဆိုင်းရေး ၀န်ကြီးချုပ် ဖိတ်ခေါ်ပွဲ ကျင်းပစဉ် ဓါတ်ပုံ - (အင်တာနက်)
ထိုင်းနိုင်ငံ အိမ်စောင့် အစိုးရ ယာယီ ဝန်ကြီးချုပ် ယင့်လတ်ခ် ချင်နဝပ်ကို အမျိုးသား ငွေကြေး မသမာမှု ကာကွယ်ရေးနှင့် နှိမ်နင်းရေး ကော်မတီမှ ခေါ်ယူ စစ်ဆေး မည်ဟု ၄င်းဌာနမှ ယနေ့ ထုတ်ပြန် ကြေညာ ထားပါသည်။ အထူးသဖြင့် စပါး အပေါင် ခံခဲ့သည့် စီမံကိန်း၌ ငွေကြေး အလွဲသုံးစား လုပ်မှု ရှိခဲ့ကြောင်း တိုင်းကြားမှု အပေါ် အမျိုးသားငွေ ကြေး မသမာမှု ကာကွယ် ရေးနှင့် နှိမ်နင်း ရေး ကော်မတီမှ စီစစ် ခဲ့ရာ ငွေကြေး မသမာမှု အချက်အလက်များ တွေ့ရသည်ဟု ဆိုပါသည်။

အစိုးရ မဟုတ်သော ပရဟိတ လူမှုအဖွဲ့အစည်းများက ဆီးရီးယား ပြည်သူများအတွက် အမေရိကန် ဒေါ်လာ သန်း ၄ဝဝ လှူဒါန်းရန် ကတိပြု

Photo: အစိုးရ မဟုတ်သော ပရဟိတ လူမှုအဖွဲ့အစည်းများက ဆီးရီးယား ပြည်သူများအတွက် အမေရိကန် ဒေါ်လာ သန်း ၄ဝဝ လှူဒါန်းရန် ကတိပြု
Thursday, January 16, 2014

အစိုးရမဟုတ်သော ပရဟိတ လူမှုအဖွဲ့ အစည်းများဆိုင်ရာ အစည်းအဝေး တစ်ရပ်ကို ဇန်နဝါရီ ၁၄ ရက်က ကူ ဝိတ်နိုင်ငံ၌ ကျင်းပခဲ့ရာ ၎င်း အစည်းအဝေးသို့ တက်ရောက်လာသော အဖွဲ့အစည်းများက ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေသော ဆီးရီးယား ပြည်သူများအတွက် အမေရိကန် ဒေါ်လာ သန်း ၄ဝဝ (ယူရို ၂၉၂ သန်း) ပေး အပ်ရန် ကတိပြုခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သဘာပတိအဖြစ် ဆောင်ရွက်သွား မည်ဖြစ်သော ဒုတိယ အကြိမ်မြောက် ဆီးရီးယားနိုင်ငံဆိုင်ရာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု အကူ အညီပေးရေးဆိုင်ရာ ဝန်ကြီးများအဆင့် ညီလာခံမကျင်းပမီ ၁ ရက်အလိုတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ကုလသ မ ဂ္ဂအနေဖြင့် ဆီးရီးယား လူမျိုးများအတွက် ရည်မှန်း၍ ဆီးရီးယားနိုင်ငံ အတွင်းနှင့် အိမ်နီးချင်း နိုင်ငံများတွင် ခိုလှုံ လျက်ရှိသည့် ဆီးရီးယားပြည်သူ ၁၃ ဒသမ ၄ သန်း ကျော်အတွက် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၆ ဒသမ ၅ ဘီ လီယံ အထိ တိုးမြင့်လာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။

ဒုတိယ အကြိမ်မြောက် ဆီးရီးယားနိုင်ငံဆိုင်ရာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေး ရေးဆိုင်ရာ ညီလာခံကို ဇန်နဝါရီ ၁၅ ရက်တွင် ကျင်းပခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ အပါအ ဝင် နိုင်ငံတကာ အဖွဲ့အစည်း ၁၄ ခုနှင့် နိုင်ငံပေါင်း ၆၉ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရ သည်။

မြ၀တီ
အစိုးရမဟုတ်သော ပရဟိတ လူမှုအဖွဲ့ အစည်းများဆိုင်ရာ အစည်းအဝေး တစ်ရပ်ကို ဇန်နဝါရီ ၁၄ ရက်က ကူ ဝိတ်နိုင်ငံ၌ ကျင်းပခဲ့ရာ ၎င်း အစည်းအဝေးသို့ တက်ရောက် လာသော အဖွဲ့အစည်းများက ပြည် တွင်းစစ်ကြောင့် ဒုက္ခရောက်နေသော ဆီးရီးယား ပြည်သူများ အတွက် အမေရိ ကန် ဒေါ်လာ သန်း ၄ဝဝ (ယူရို ၂၉၂ သန်း) ပေး အပ်ရန် ကတိပြု ခဲ့ကြောင်း သိရသည်။

မြန်မာသံရုံး ဗုံးခွဲရန်ကြံစည်သည့် အကြမ်းဖက်သမားများကို ထောင်ဒဏ် အသီးသီးချမှတ်

Photo: မြန်မာသံရုံး ဗုံးခွဲရန်ကြံစည်သည့် အကြမ်းဖက်သမားများကို ထောင်ဒဏ် အသီးသီးချမှတ်
Thursday, January 16, 2014

မြန်မာသံရုံးကို ဗုံးခွဲရန် ကြံစည်ခဲ့သည့် အကြမ်းဖက်သမားများကို အင်ဒိုနီးရှား တရားရုံးက အကြမ်းဖက်ဝါဒ နှိမ်နင်းရေး ဥပဒေအရ ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က ဖော်ပြထားသည်။

ဗုံးခွဲရန်ကြံစည်သူ အကြမ်းဖက်သမားများအနက်မှ ဗုံးခွဲရန်အတွက် လက်လုပ်ဗုံးများ သယ်ဆောင်သူ နှစ်ဦးဖြစ်သည့် Rokhadi alias Abu Jannah ကို ထောင်ဒဏ်ခြောက်နှစ်နှင့် Ahcmad Taufik alias Ovie ကို ထောင်ဒဏ်ခုနစ် နှစ်ခြောက်လ အသီးသီး ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ယင်းသတင်းများအရ သိရသည်။

ထို့အပြင် မြန်မာသံရုံးကို ဗုံးခွဲရန်အတွက် အဓိက ဦးဆောင် လှုပ်ရှားသူ ဖြစ်သည့် Sigit Indrajit ဆိုသူကို လာမည့် သီတင်းပတ်အတွင်း၌ တရားရုံးက စီရင်ချက် ချမှတ်သွားမည် ဖြစ်ကြောင်း အဆိုပါ သတင်းများအရ သိရသည်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန်အတွက် ၂၀၁၃ ခုနှစ် မေလအတွင်းက လက်လုပ်ဗုံးငါးလုံးကို ကိုယ်တွင်း သယ်ဆောင်လာသော အကြမ်းဖက်သမားနှစ်ဦး အပါအဝင် ဗုံးခွဲတိုက်ခိုက်ရန်အတွက် အဓိက ကြိုးကိုင်လှုပ်ရှားသူ ၁၄ ဦးကို အင်ဒိုနီးရှား အကြမ်းဖက် နှိမ်နင်းရေး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ယင်းဖမ်းဆီးရမိသူ ၁၄ ဦးတွင် အင်ဒိုနီးရှားနိုင်ငံရှိ နာမည်ကျော် အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တစ်ဦးနှင့် ခရစ်ယာန် ကက်သလစ်အနွယ်ဝင် ဘုန်းတော်ကြီးတစ်ပါးကို သတ်ဖြတ်ရန် ကြံစည်မှုဖြင့် အကျဉ်းကျခဲ့သော Iqbal Hussaini ဆိုသည့် အကြမ်းဖက် ခေါင်းဆောင်တစ်ဦး ပါဝင်ကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ထုတ်ပြန်သည်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာတွင်ရှိသော မြန်မာသံရုံးကို ဗုံးခွဲရန် အဓိက ကြိုးကိုင်ကြံစည်သည့် အဖွဲ့ဝင်များနှင့် အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက် နှိမ်နင်းရေး ရဲတပ်ဖွဲ့တို့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်သမား ခြောက်ဦး သေဆုံးသွားသည်။

မြန်မာသံရုံးကို ဗုံးခွဲရန် ကြံစည်မှုသည် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များက အစ္စလာမ် ဘာသာဝင်များအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများကို လက်တုံ့ပြန်ခြင်း ဖြစ်သည်ဟု ပြောကြားကြောင်း အင်ဒိုရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အလားတူပင် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဘာသာရေး ပဋိပက္ခများကို အကြောင်းပြကာ ၂၀၁၃ ခုနှစ် သြဂုတ်လ ၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံရှိ အစ္စလာမ် စစ်သွေးကြွများက ဂျာဗားပြည်နယ် အနောက်ဘက်ရှိ Ekayana Grha အမည်ရှိ ဗုဒ္ဓဘာသာ ဘုရားရှိခိုးကျောင်းကို အသေးစား ဗုံးခွဲတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ရာ ဘုရားရှိခိုး ဝတ်ပြုနေသူသုံးဦး ဒဏ်ရာ ရရှိသွားကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

The Voice Weekly
မြန်မာသံရုံးကို ဗုံးခွဲရန် ကြံစည်ခဲ့သည့် အကြမ်းဖက်သမားများကို အင်ဒိုနီးရှား တရားရုံးက အကြမ်းဖက် ဝါဒ နှိမ်နင်းရေးဥပဒေအရ ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံအခြေစိုက် သတင်း မီဒီယာ များတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က ဖော်ပြထားသည်။

2014 Consumer Electronics Show (CES) ပွဲမှာ LG က ဆုများရရှိခဲ့

2014 Consumer Electronics Show (CES) ပွဲမှာ LG က ဆုများရရှိခဲ့




2014 Consumer Electronics Show (CES) ပွဲမှာ LG က ဆုများရရှိခဲ့၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ အမေရိကန်နိုင်ငံ Las Vegas မြို့မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူသုံးကုန်လျှပ်စစ်ပစ္စည်းပြပွဲ (CES 2014) မှာ တောင်ကိုရီးယားအခြေစိုက် LG ကလည်း နောက်ဆုံးပေါ် နည်းပညာမြင့် ပစ္စည်းအသစ်အဆန်းများကို မိတ်ဆက်ပြသ သွားခဲ့ပါတယ်။ CES 2014 (Consumer Electronics Show) ဆိုတာကတော့ Las Vegas မြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ နိုင်ငံတကာ နည်းပညာထိပ်တန်းပြပွဲကြီး တစ်ခုဖြစ်ပြီး ယခုနှစ် ပြပွဲကတော့ သမိုင်းတစ်လျှောက် အကြီးမားဆုံးနဲ့ အအောင်မြင် ဆုံးပွဲ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းရေးအတွက် ကျပ်သိန်း ၇,၀၀၀ သုံးစွဲရန် သမ္မတ မျှော်မှန်း

Photo: ငြိမ်းချမ်းရေးအတွက် ကျပ်သိန်း ၇,၀၀၀ သုံးစွဲရန် သမ္မတ မျှော်မှန်း
Thursday, January 16, 2014

လာမည့် ဘဏ္ဍာရေးနှစ် (၂၀၁၄-၂၀၁၅) ၌ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများတွင် ကျပ်သိန်း ၇,၀၀၀ သုံးစွဲရန် နိုင်ငံတော်သမ္မတက ၎င်း၏အမျိုးသားစီမံကိန်းတွင် မျှော်မှန်းထားသည့်အချက်မှာ ဇန်န၀ါရီ ၁၅ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ကိုယ်စား လာရောက်တင်ပြသည့် နေပြည်တော်ကောင်စီဝင် ဦးကံချွန်၏ ရှင်းလင်းပြောဆိုမှု၌ ပါဝင်သည်။ ယင်းသည် သီးခြားခေါင်းစဉ်ဖြင့် ပထမဆုံးအကြိမ် လျာထား တောင်းခံခြင်းလည်း ဖြစ်သည်။

“တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့လုပ်ငန်းများမှာ သုံးဖို့ ကျပ်သိန်း ၇,၀၀၀ လျာထားပါ တယ်” ဟု ဇန်န၀ါရီ ၁၅ရက်တွင် သမ္မတရုံး၏ အမျိုးသားစီမံကိန်း လျာထားလုပ်ငန်းများ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြစဉ် ဦးကံချွန်က ပြောသည်။ ယင်းသည် သီးခြားခေါင်းစဉ်ဖြင့် ပထမဆုံးအကြိမ် ဘဏ္ဍာငွေတောင်းခံခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကမူ ထိုသို့မပါဝင်သည့်အတွက် စီမံကိန်း ဆွေးနွေး ရာတွင် လွှတ်တော်ကိုယ်စားလှယ် အချို့က ဝေဖန်ခဲ့ကြသေးသည်။

ထို့ပြင် လွှတ်တော်ရုံးအသုံးစရိတ်ထဲမှ ကျပ်သိန်းတစ်ထောင်ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် သုံးစွဲရန် ပြည်ထောင်စု လွှတ်တော်က သီးသန့်ခွင့်ပြုခဲ့ရသေးသည်။

“ပြီးခဲ့တဲ့နှစ်က ဘတ်ဂျက်မရှိတဲ့ အခါကျတော့ ဘာလုပ်လဲဆိုတော့ လွှတ်တော် ကိုယ်စားလှယ်တွေ ဆောက်မယ့် အိမ်ရာတွေကို ကိုယ်စားလှယ်အားလုံးက အိမ်ရာဆောက်မယ့်အစား ငြိမ်းချမ်းရေးအတွက် ပေးလိုက်ရင် ကောင်းမယ်ဆိုပြီး ဥက္ကဋ္ဌကပြောတော့ အားလုံးကသဘောတူပြီး လက်ရှိနေရာ (စည်ပင် ဧည့်ရိပ်သာ) မှာပဲ အဆင်ပြေအောင် နေကြတယ်” ဟု ဘားအံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်နန်းစေအွာက ပြောသည်။

ကော့ကရိတ်မဲဆန္ဒနယ်မှ ဦးသူရိန်ဇော်ကလည်း အဆိုပါ အသုံးစရိတ် တောင်းခံလာခြင်းကို ကန့်ကွက် ရန် မရှိဘဲ ၀မ်းမြောက်သည်ဟု ဆိုသည်။ “ဒီနှစ်တော့ လိုမှန်းသိလို့ အစိုးရက တောင်းထားတယ်” ဟု ၎င်းကဆိုသည်။ အခြားသော တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် အချို့ကမူ ထိုသို့တောင်းခံလာ ခြင်းကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းသုံးငွေများ ဥပဒေနှင့် လျော်ညီမှုရှိလာနိုင်မည်ဟု သုံးသပ်ကြသည်။

အဆိုပါ လျာထားငွေ လုံလောက်မှု ရှိမရှိဆိုသည်ကို စဉ်းစားခြင်းထက် အထောက်အပံ့ကောင်း ဖြစ်မည် ဟု ယုံကြည်သည်ဟု ၎င်းတို့က ထုတ်ဖော် ပြောဆိုကြသည်။

လက်ရှိတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံ လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် ဆွေးနွေးညှိနှိုင်း လျက်ရှိသည်။ အစိုးရက ပြည်တွင်း ငြိမ်းချမ်း ရေး တည်ဆောက်ရန် ဦးစွာအပစ်အခတ်ရပ်စဲလိုနေပြီး နိုင်ငံရေး ဆွေးနွေးရန် မူဘောင်ချမှတ်ခြင်း၊ နိုင်ငံ ရေးဆွေးနွေးပွဲ ကျင်းပခြင်းစသဖြင့် အဆင့်အလိုက်သွားရန် မျှော်မှန်းထားသည်။

Ref: Mizzima - News in Burmese
လာမည့် ဘဏ္ဍာရေးနှစ် (၂၀၁၄-၂၀၁၅) ၌ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများတွင် ကျပ်သိန်း ၇,၀၀၀ သုံးစွဲရန် နိုင်ငံတော်သမ္မတက ၎င်း၏အမျိုးသားစီမံကိန်းတွင် မျှော်မှန်းထားသည့် အချက်မှာ ဇန်န၀ါရီ ၁၅ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ကိုယ်စား လာရောက်တင်ပြ သည့် နေပြည်တော်ကောင်စီဝင် ဦးကံချွန်၏ ရှင်းလင်းပြောဆိုမှု၌ ပါဝင်သည်။ ယင်းသည် သီးခြားခေါင်းစဉ်ဖြင့် ပထမဆုံးအကြိမ် လျာထား တောင်း ခံခြင်းလည်း ဖြစ်သည်။

လပွတ္တာ-သင်္ကန်းကြီး ခရီးသည်တင်ကား တိမ်းမှောက် ဒဏ်ရာရ လူနားအချို့ ဒဏ်ရာရ လူနားအချို့

PhotoPhotoPhoto
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ-သင်္ကန်းကြီးရွာ ခရီးသည်တင်ကား ဇန်န၀ါရီ ၁၆ ရက်နေ့ မနက် ၇ နာရီခွဲလောက်က တိမ်းမှောက်မှု ဖြစ်ပွားခဲ့တဲ့အတွက် ကိုယ်ဝန်ဆောင်၊ ကလေးငယ် အပါအ၀င် ၁၆ ဦး ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

ကမ္ဘာလှည့်ခရီးသည် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရမှုအတွက် လူ(၂)ဦးကို အိန္ဒိယရဲ ဖမ်းဆီး

အိန္ဒိယနိုင်ငံ၊ ဒေလီရဲတပ်ဖွဲ့သည် ဒိန်းမတ်နိုင်ငံသူတစ်ဦး အုပ်စုဖွဲ့ အဓမ္မ ကျင့်ကြံခံရသည့် ကိစ္စနှင့် ပတ်သက်၍ မသင်္ကာသူ (၂)ဦးကို စတင်ဖမ်းဆီးလိုက်ပြီ ဖြစ်သည်။

ပေါက်တော ဆင်​တက်​​မော်​ မွတ်ဆလင် ဒုက္ခသည်​စခန်း မီး​လောင်

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော် မူဆလင် ဒုက္ခသည် စခန်းတွင် ယနေ့နံနက် က မီးလောင်း မူဖြစ်ပွားရာ အနည်းဆုံးအဆောင် ၃၀ ကျော်မီးထဲပါသွားသည်ဟုသတင်း ရရှိသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် နေအိမ် ဖောက်ခွဲရေးပစ္စည်းဖြင့် တိုက်ခိုက်ခံရ

Photo: ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် နေအိမ် ဖောက်ခွဲရေးပစ္စည်းဖြင့် တိုက်ခိုက်ခံရ
Thursday, January 16, 2014

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် နေအိမ် ဖောက်ခွဲရေး ပစ္စည်းဖြင့် တိုက်ခိုက် ခံရခြင်းကြောင့် ခေါင်မိုး ပျက်စီးသွားပြီး၊ ပြတင်းပေါက် မှန်များ ကွဲသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းတွင် ဖော်ပြထားသည်။

ဒီမိုကရက်တစ်ခေါင်းဆောင် အဘီဆစ်၏ နေအိမ်တွင်းသို့ အင်္ဂါနေ့ ညသန်းခေါင်ယံ အချိန်တွင် ဖောက်ခွဲရေး ပစ္စည်းဖြင့် ပစ်သွင်း တိုက်ခိုက်ခဲ့သော်လည်း တစ်စုံတစ်ဦးမျှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။
ထို့အပြင် တိုက်ခိုက်မှု ဖြစ်ပွားချိန် တွင် ဝန်ကြီးချုပ်ဟောင်း အဘီဆစ်နှင့် မိသားစု မှာ နေအိမ်တွင် ရှိမနေခဲ့ပေ။

တိုက်ခိုက်မှုနှင့် ပတ်သက်၍ သံသယရှိသူ လေးဦးကို ထိန်းသိမ်း လိုက်သော်လည်း သက်သေခိုင်လုံမှု မရှိသဖြင့် ပြန်လွှတ် ပေးလိုက်ကြောင်း ဘန်နမ်ရဲတပ်ဖွဲ့ အကြီးအကဲ ပိုကို သာဝပ်ကီယတ်က ပြောကြားသည်။

“ပေါက်ကွဲမှုကြောင့် အိမ်ခေါင်မိုး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ပါတယ်။ ဒါက ဗုံးမဟုတ်ပါဘူး။ မီးရှူးမီးပန်း အကြီးစားတစ်ခု ဖြစ်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု အဘီဆစ် နေအိမ်အနီးရှိ ရဲစခန်းမှ အရာရှိ တစ်ဦးက ပြောကြားသည်။

ထိုင်းအစိုးရအဖွဲ့ ဖြုတ်ချရေး ဆန္ဒပြသမားများ ဘန်ကောက် မြို့တော်အတွင်း စခန်းချ ဆန္ဒပြနေစဉ် ယခုကဲ့သို့သော ဝန်ကြီးချုပ်ဟောင်း နေအိမ်ကို တိုက်ခိုက်မှု ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ဆန္ဒပြပွဲများတွင် အဘီဆစ်နှင့် အခြားသော ဒီမိုကရက်တစ် ခေါင်းဆောင်များက ပူးပေါင်း ပါဝင်လျက်ရှိပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲ ဝင်ရန် ငြင်းဆန်လျက် ရှိသည်။

ဘန်ကောက်မြို့အခြေစိုက် ထိုင်း လူလတ်တန်းစားများ၊ တော်ဝင် ဝါဒီများနှင့် လက်ရှိ ဝန်ကြီးချုပ် ယင်းလပ်၏အကို သက်ဆင် အပေါ် ထောက်ခံသည့် ကျေးလက်နေ ထိုင်းအခြေခံ လူတန်းစားများကြား ရှစ်နှစ်ကျော်ကြာ ပဋိပက္ခများ ဖြစ်ပွားလျက်ရှိပြီး လက်ရှိ မတည်ငြိမ်မှုများမှာ နောက်ဆုံး ပေါ်ထွက်လာသော မတည်ငြိမ်မှုများ ဖြစ်သည်။

အဘီဆစ် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင် ဘန်ကောက် မြို့လည်၌ နှစ်လကြာ အခြေပြု ဆန္ဒပြနေသော ဘက်ဆင်ထောက်ခံရေး ဆန္ဒပြသမားများကို ရှင်းလင်းရန် စစ်သားများ စေလွှတ်ခဲ့သဖြင့် လူပေါင်း ၉၀ ကျော် သေဆုံးခဲ့သည်။

လက်ရှိဖြစ်ပွားနေသော ဆန္ဒပြမှု များ၏ ခေါင်းဆောင် ဆူတက်မှာ ယင်းကာလအတွင်း ဝန်ကြီးချုပ် အဘီဆစ်၏ လက်ထောက်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ဆန္ဒပြသမားများအား အင်အားသုံး ဖြေရှင်းမှုကို ကြီးကြပ်ခဲ့သူ ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း အဘီဆစ်မှာ ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံ၏ အင်အားအကြီးမားဆုံး အတိုက်အခံပါတီ ဖြစ်သော ဒီမိုကရက်တစ်ပါတီကို ဦးဆောင်နေသူ ဖြစ်သည်။

The Voice Weekly
ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် နေအိမ် ဖောက်ခွဲရေး ပစ္စည်းဖြင့် တိုက်ခိုက် ခံရခြင်းကြော င့် ခေါင်မိုး ပျက်စီးသွားပြီး၊ ပြတင်းပေါက် မှန်များ ကွဲသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းတွင် ဖော်ပြထားသည်။

ရွှေပေါ်မြတင် ဘ၀ပုံစံ နေထိုင်သည့် တရုတ်ဗိုလ်ချုပ် ဖမ်းဆီးခံရပြီ

Photo: ရွှေပေါ်မြတင် ဘ၀ပုံစံ နေထိုင်သည့် တရုတ်ဗိုလ်ချုပ် ဖမ်းဆီးခံရပြီ 
Thursday, January 16, 2014

အဂတိတရား နဲ့ ညစ်ထေးလက်တွေအားလုံး ဖမ်းဆီးခံရမှာဖြစ်ပြီး ဥပဒေစည်းကမ်းတွေကို စက္ကူ ကျားတွေ စာခြောက်ရုပ်တွေ အဖြစ်မခံ နိုင်ကြောင်း သည့်အပြင် အဂတိလိုက်စားမှုတွေက ကွန်မြူနစ်ပါတီကို အမြစ်က ဖြိုချပစ်လိုက်နိုင်ကြောင်း တို့ကို တရုတ်သမ္မတ ရှီကျင့်ဖင်က နိုင်ငံပိုင် သတင်းဌာန မှ ယမန်နေ့က ပြောကြားပြီးနောက် ယနေ့ တရုတ် ဗိုလ်ချုပ်တစ်ဦးကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးလိုက်သည်ဟု ဆိုသည်။

တရုတ်စစ်ဘက် ထိပ်တန်းခေါင်းဆောင် တစ်ဦးအား ရွှေလှေ ၊ ရွှေလက်ဆေးဇလုံ ၊ ရွှေပိန်းချ မော်စီတုန်းရုပ်တု ၊ အိမ်ကြီးရခိုင် ဒါဇင်ပေါင်းများစွာ ၀ယ်ယူထားမှု နှင့် လာဘ်စားမှု တို့ကြောင့် တရုတ် တွင် ဖမ်းဆီးထိန်းသိမ်း လိုက်သည်။ ၄င်းမှာ ပြည်သူလွတ်မြောက်ရေး တပ်မတော် အပေါ်သြဇာညောင်းသော ထောက်ပံ့ရေး ဒုအကြီးအကဲ ဗိုလ်ချုပ် ကူကျွန်းရှန် ဆိုသူဖြစ်ပြီး ရှန်ဟိုင်းမြို့တွင် ကန်ဒေါ်လာ သန်း ၃၃၀ တန် စစ်တပ်ပိုင် မြေကွက်တစ်ကွက်အား ၆ ရာခိုင်နှုန်း လာဘ်ယူ၍ ရောင်းချခဲ့သည် ဟု ဆိုသည် ။

သူနေထိုင်ရာ ဖုယန်မြို့တွင်လည်း ၄င်း၏ မိသားစုဝင်များသည် မြေယာများ သိမ်းပိုက်ရာတွင် နာမည်ကြီးကာ အဆောက်အဦးဆောက်လုပ်ရေး လုပ်ငန်းများ လုပ်သည်ဟု စိုက်ရှင်း Caixin သတင်းစာက ဆိုသည်။

ပေကျင်းမြို့မှ "တားမြစ်န်းမြို့" The Forbidden City ပုံစံအတိုင်း ၄င်း၏ ကိုယ်ပိုင်အိမ်ကို ဆောက်လုပ်ထားသည်ဟုလည်း Caixin သတင်းစာက ဖော်ပြကာ ၂၀၀၆ ခုနှစ်ကလည်း သူ့ရှေ့တွင် ယင်းရာထူးမျိုးကို တာဝန်ထမ်းဆောင်သွားခဲ့ဖူးသူ ၀မ်ရှို့ယဲ့ လည်း ဒေါ်လာသန်းပေါင်းများစွာ လာဘ်စားမှုဖြင့် စစ်ခုံရုံးမှ ဆိုင်းငံ့သေဒဏ် ကျခံခဲ့ရသည်။

တာဝန်ထမ်းဆောင်ပြီးနောက် ၁ နှစ်ကျော် ကာလတွင် သမ္မတ ရှီကျင့်ဖင်သည် အဂတိလိုက်စားမှု များကို တိုက်ဖျက်ရာတွင် လူသိရှင်ကြား ပြတ်သားတင်းမာလာခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။

Ref : Chinese General Arrested For Gilded Lifestyle

LYT

Popular Myanmar News Journal
အဂတိတရား နဲ့ ညစ်ထေးလက်တွေအားလုံး ဖမ်းဆီးခံရမှာဖြစ်ပြီး ဥပဒေစည်းကမ်းတွေကို စက္ကူ ကျားတွေ စာခြောက်ရုပ်တွေ အဖြစ်မခံ နိုင်ကြောင်း သည့်အပြင် အဂတိလိုက်စားမှုတွေက ကွန်မြူနစ်ပါတီကို အမြစ်က ဖြိုချပစ်လိုက်နိုင်ကြောင်း တို့ကို တရုတ်သမ္မတ ရှီကျင့်ဖင်က နိုင်ငံပိုင် သတင်းဌာန မှ ယမန်နေ့ က ပြောကြားပြီးနောက် ယနေ့ တရုတ် ဗိုလ်ချုပ်တစ်ဦးကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးလိုက်သည်ဟု ဆိုသည်။

သူနာပြုတက္ကသိုလ် ကျောင်းသူအား ဓားဖြင့်ထိုးသူကို ကွင်းဆက်များဖြင့် စုံစမ်းဖော်ထုတ်မည်

Photo: သူနာပြုတက္ကသိုလ် ကျောင်းသူအား ဓားဖြင့်ထိုးသူကို ကွင်းဆက်များဖြင့် စုံစမ်းဖော်ထုတ်မည်
Thursday, January 16, 2014

လမ်းမတော်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ ၇ လမ်းရှိ တိုက်ခန်း လှေကားတွင် ချစ်သူနှင့် ချိန်းတွေ့စဉ် စကားများရာမှ သူနာပြုတက္ကသိုလ် (ရန်ကုန်) နောက်ဆုံးနှစ် ကျောင်းသူကို ၎င်း၏ချစ်သူက ဓားဖြင့် ထိုးကာထွက်ပြေး တိမ်းရှောင်နေသဖြင့် ဓားဖြင့်ထိုးသူကို ဖမ်းမိနိုင်ရေးအတွက် ၎င်းနှင့် ပတ်သက်သော အမှုကွင်းဆက်များကို လိုက်လံ စုံစမ်းဖော်ထုတ်မည် ဖြစ်ကြောင်း လမ်းမတော်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဇန်နဝါရီလ ၁၄ ရက် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်က သူနာပြု တက္ကသိုလ် နောက်ဆုံးနှစ် တက်ရောက်နေသော အသက် ၁၉ နှစ်အရွယ် အမျိုးသမီးသည် ၎င်း၏ ချစ်သူနှင့် အဆောင်အောက်လှေကား၌ စကားပြောနေရာမှ ၎င်း၏ချစ်သူ Heavy Machine ကုမ္ပဏီမှ အင်ဂျင်နီယာ ကိုမင်းဆန်းက လေးလက်မခန့်ရှိ ဓားမြှောင်ဖြင့်ထိုးကာ ထွက်ပြေးခဲ့မှုကို မြို့နယ် ရဲတပ်ဖွဲ့ဝင်များက ကွင်းဆက်များနောက် ခြေရာခံပြီး လိုက်လံ စုံစမ်းနေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဓားထိုးမှု ဖြစ်ဖြစ်ချင်း မြို့နယ်ရဲတပ်ဖွဲ့ကို ဖုန်းဆက် အကြောင်းကြားခဲ့ရင် ဒီလူကို ချက်ချင်းဖမ်းမိမှာ။ သူ့နေအိမ်နဲ့ လှိုင်သာယာက သူ့အလုပ်လုပ်တဲ့ ကုမ္ပဏီကို သွားစုံစမ်းပြီးပြီ။ သူကိုင်တဲ့ လက်ကိုင် ဖုန်းကလည်း စက်ပိတ်ထားတယ်။ တရားခံကို အမြန်ဆုံး ဖမ်းမိဖို့ကို တပ်ဖွဲ့ဝင်တွေက ဒီလူနဲ့ ပတ်သက်တဲ့ ကွင်းဆက်မှန်သမျှကို စုံစမ်းဆောင်ရွက်ဆဲပါ” ဟု လမ်းမတော်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အဆိုပါ ဓားဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်နေသူ အမျိုးသားမှာ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ (၇) ရပ်ကွက်၊ မင်းတပ်လမ်းတွင် နေထိုင်သူ အသက် ၂၄ နှစ်အရွယ် ကိုမင်းဆန်းဆိုသူ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ဓားထိုးခံရသူသည် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရာမည ရပ်ကွက်တွင် နေထိုင်သူ ဖြစ်ပြီး သူနာပြုတက္ကသိုလ် (ရန်ကုန်) တွင် ပညာသင်ယူနေသူ ဖြစ်ကြောင်း၊ ဓားထိုးခံရစဉ် အချိန်က အဆိုပါ ကျောင်းသူ၏ အော်သံကြားသောကြောင့် ၎င်း၏ မိခင်က အခန်းအပြင် ထွက်ကြည့်ရာမှ တွေ့ရှိခဲ့ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ကုသခဲ့ကာ လက်ရှိအချိန်တွင် အသက်အန္တရာယ် စိုးရိမ်ဖွယ် မရှိတော့ကြောင်း အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ ဓားဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်နေသူ ကိုမင်းဆန်းကို (ပ) ၉/၁၄၊ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားပြီး အမှုကွင်းဆက်များဖြင့် လိုက်လံ စုံစမ်းဆောင်ရွက်နေကြောင်း လမ်းမတော် မြို့မရဲစခန်းမှ သိရှိရသည်။

The Voice Weekly
လမ်းမတော်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ၇ လမ်းရှိ တိုက်ခန်း လှေကားတွင် ချစ်သူနှင့် ချိန်းတွေ့စဉ် စကားများရာမှ သူနာပြုတက္ကသိုလ် (ရန်ကုန်) နောက်ဆုံးနှစ် ကျောင်းသူကို ၎င်း၏ချစ်သူက ဓားဖြင့် ထိုးကာ ထွက်ပြေး တိမ်းရှောင်နေသဖြင့် ဓားဖြင့်ထိုးသူကို ဖမ်းမိနိုင်ရေး အတွက် ၎င်းနှင့် ပတ်သက်သော အမှု ကွင်းဆက် များကို လိုက်လံ စုံစမ်းဖော်ထုတ်မည် ဖြစ်ကြောင်း လမ်းမတော်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦး က ပြောကြားသည်။

မောင်တောတွင် ပျောက်ဆုံးနေသော ရဲတပ်ကြပ်ကြီး၏ သွေး စွန်းနေသည့် အသုံးအဆောင်တချို့ တွေ့ရှိ

Photo: မောင်တောတွင် ပျောက်ဆုံးနေသော ရဲတပ်ကြပ်ကြီး၏ သွေး စွန်းနေသည့် အသုံးအဆောင်တချို့ တွေ့ရှိ 
Thursday, January 16, 2014

ရခိုင်ပြည်နယ်မောင်တော မြို့နယ်တွင် ဇန်နဝါရီ ၁၃ရက်ည ကပျောက်ဆုံး သွားသည့် ရဲတပ် ကြပ်ကြီး၏ သွေးစွန်းနေသောအသုံးအဆောင်တချို့အား ရှာဖွေ တွေ့ရှိထားကြောင်းသိရသည်။

ဇန်နဝါရီလ ၁၃ရက် ည ၁၀ နာရီခန့်က ဘင်္ဂါလီကျေးရွာအနီး ကင်းလှည့်နေစဉ် ပျောက်ဆုံး သွားခဲ့သည့်ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းအား ဇန်နဝါရီ ၁၅ရက် အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေး ဘဲ ယင်းနှင့် အတူပါရှိသွားသည့် သေနတ်ကျည်ပေါက် အခွံတစ်ခု၊ ခါးပတ်အတို အပိုင်း အစတစ် ခုနှင့် သွေးစွန်းနေသော အတွင်းခံအင်္ကျီ အပိုင်းအစတစ်ခုတို့ကို အခင်းဖြစ် ပွားရာကျေးရွာအတွင်းမှ ဇန်န ၀ါရီ ၁၄ရက်က ရှာဖွေတွေ့ရှိ ခဲ့ ခြင်းဖြစ်ကြောင်း မောင်တောမြို့ နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က အတည်ပြုပြောသည်။

““တပ်ကြပ်ကြီးကို အခင်းဖြစ် တဲ့ညကနေရှာဖွေနေတာ ဒီနေ့အ ထိရှာမတွေ့သေးဘူး။ ဒါပေမဲ့ အခင်းဖြစ်တဲ့ရွာထဲမှာတော့ တပ်ကြပ်ကြီးရဲ့အသုံးအဆောင်တ ချို့ကိုရှာတွေ့ခဲ့ပါတယ်””ဟု ယင်းက ပြောသည်။ ပျောက်ဆုံးနေသည့် ရဲတပ် ကြပ်ကြီး အောင်ကျော်သိန်းနှင့် အတူ ရဲတပ်ဖွဲ့ ဝင်လေးဦးပါဝင် သည့် လှည့်ကင်းအဖွဲ့သည် ဇန်န ဝါရီ ၁၃ရက် ည ၁ဝနာရီခန့်က ဘင်္ဂါလီများနေထိုင်သည့် မောင် တောမြို့နယ် ဒုချီးရားတန်းကျေး ရွာကို ကင်းလှည့်စဉ် ဘင်္ဂါလီများ ဝိုင်းဝန်းတိုက်ခိုက်ခဲ့မှုကြောင့်ထွက်ပြေးခဲ့ကြရာမှ ရဲတပ်ကြပ် ကြီးပျောက်ဆုံး သွားခဲ့ခြင်းဖြစ် ကြောင်း မောင်တောမြို့နယ် ရဲ တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးပြော ပြချက်အရ သိရ သည်။ 

အခင်းဖြစ်ပွားပြီးနောက် အဆိုပါကျေးရွာထဲမှ ဘင်္ဂါလီ ယောကျာ်းများအားလုံးမှာ ရွာမှ ထွက်ပြေး သွားကြပြီး ရွာထဲတွင် အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများသာ ကျန်ရှိကြကြောင်းရဲတပ်ကြပ်ကြီးအား ရှာဖွေရာတွင်ပါဝင်သည့် ဌာနဆိုင်ရာအကြီးအကဲ တစ်ဦး က ပြောသည်။

မာန်ယုကျော် ၊ ညိုသဏ်း
Yangon Media Group
ရခိုင်ပြည်နယ်မောင်တော မြို့နယ်တွင် ဇန်နဝါရီ ၁၃ရက်ညကပျောက်ဆုံး သွားသည့် ရဲတပ်ကြပ်ကြီး ၏ သွေးစွန်းနေသောအသုံးအဆောင်တချို့အား ရှာဖွေ တွေ့ရှိထားကြောင်းသိရသည်။

ကဘော်ချိုင့်ဝှမ်း ဒေသတွင် လက်နက်မှောင်ခိုမှုများ အများဆုံးဖမ်းမိနေ

Photo: ကဘော်ချိုင့်ဝှမ်း ဒေသတွင် လက်နက်မှောင်ခိုမှုများ အများဆုံးဖမ်းမိနေ 
Thursday, January 16, 2014

 မြန်မာ-အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး ကလေး၊ တမူးမြို့ ကဘော်ချိုင့်ဝှမ်းဒေသသည် လက်နက်မှောင်ခိုမှု အများဆုံးဖမ်းဆီးရမိသော နေရာတစ်ခုဖြစ်ကြောင်း နေပြည်တော်လုံခြုံရေးနှင့် ထောက်လှမ်းရေးဌာနမှ ဒုရဲမှူးကြီး တစ်ဦးက ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ပြောသည်။ အဆိုပါနေရာဒေသသည် အိန္ဒိယနိုင်ငံနှင့်နီးစပ်ပြီး ပြည်ပနိုင်ငံများမှ လက်နက်များကို အိန္ဒိယနိုင်ငံမှတစ်ဆင့် မြန်မာပြည်တွင်းသို့ သယ်ဆောင် လာကာ ယင်းလက်နက်များနှင့် အကြမ်းဖက် မသမာသူတချို့ကို စစ်ကိုင်း တမူးအနီးတစ်ဝိုက်ရှိမြို့များတွင် မကြာခဏ ဖမ်းဆီးရမိကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

ဒုရဲမှူးကြီးက ““စာရင်းအတိအကျတော့ လချုပ်စာရင်းတွေလုပ်မှ သိ မယ်။ လက်နက်မှောင်ခိုမှု အဖြစ်အများဆုံးကတော့ အဲဒီအိန္ဒိယနယ်စပ် ကလေး၊ တမူးဘက်ပဲ””ဟု ပြောသည်။ အဆိုပါနေရာဒေသမှတစ်ဆင့် မသမာသူများက အဆင့်ဆင့် လက်နက် မှောင်ခိုမှုများ ထပ်မံပြုလုပ်လျက်ရှိကြောင်း၊ မူးယစ်ရောင်းဝယ်ရေး လုပ်ဆောင် နေသူများအနေဖြင့်လည်း ယခုအခါ လက်နက်မှောင်ခိုမှုများကိုပါ ပူးတွဲလုပ် ကိုင်လာကြကြောင်း သိရသည်။

ကလေးမြို့ခံ တစ်ဦးက ““လောင်ချာတွေ၊ သေနတ်တွေက တမူးမှာ မကြာ ခဏဖမ်းမိတယ်။ အရင်က မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်တဲ့ လူတချို့ က လက်နက်ရောင်းဝယ်ရေးလုပ်ငန်းတွေကိုပါ တွဲလုပ်လာတယ်။ အဲဒီလို အမှုမျိုးတွေ အများ ကြီးပဲ””ဟု ပြောသည်။

အဆိုပါ ကလေး၊ တမူးဒေသ ရဲစခန်းများမှ တာဝန်ရှိရဲအရာရှိ တချို့ကို လည်း လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါးမှုများနှင့် တခြားမသမာမှုများတွင် အရေးယူမှု အားနည်းခြင်းများကြောင့် လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်းက အဆိုပါရဲ အရာရှိများ ကို စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျော်မြတ်ဇံ
Yangon Media Group
 မြန်မာ-အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး ကလေး၊ တမူးမြို့ ကဘော်ချိုင့်ဝှမ်းဒေသသည် လက် နက်မှောင် ခိုမှု အများဆုံးဖမ်းဆီးရမိသော နေရာတစ်ခုဖြစ်ကြောင်း နေပြည်တော် လုံခြုံရေး နှင့် ထောက် လှမ်းရေး ဌာနမှ ဒုရဲမှူးကြီးတစ်ဦးက ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ပြော သည်။

UWSA ၀တပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးသံသရာ

Photo: UWSA ၀တပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးသံသရာ
Thursday, January 16, 2014

ရှမ်းပြည်နယ်မှာရှိတဲ့ ဟိုပန်၊မိုင်းမော၊ပန်ဝိုင်၊နားဖန်း၊မက်မွန်းနဲ့ ပန်ဆန်း(ပန်ခန်း) မြို့နယ်(၆)မြို့နယ် ကို ခရိုင်(၂)ခရိုင်ဖွဲ့စည်းပြီး ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းသတ်မှတ်ထားပါတယ်။ အလားတူပဲ နာဂ၊ဓနု၊ပအိုဝ်း၊ပလောင်၊ကိုးကန့်တွေကိုလည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေအဖြစ် ၂၀၀၈ဖွဲ့စည်းပုံဥပဒေ အာဏာစတင်တည်ခဲ့တဲ့၂၀၀၈ခုနှစ်၊မေလ ၂၉ ရက်နေ စပြီး သတ်မှတ်ခဲ့ပါတယ်။နာဂ၊ဓနု၊ပအိုဝ်း၊ပလောင်၊ကိုးကန့်စတဲ့ဒေသတွေက ဘာသံမှထွက်မလာခဲ့ပေမယ့် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကတော့ ပေးထားတာထက်ပိုပြီး ထပ်တိုးပေးဖို့ တောင်းဆိုနေပါတယ်။

၂၀၀၈ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ဖို့ကြိုးစားနေသူတွေအနေနဲ့ ၀ တွေရဲ့ တောင်းဆိုချက်ကို လိုက်လျောဖို့သင့်၊မသင့် စဉ်းစားဆုံးဖြတ်သင့်ပါတယ်။ သူတို့ထပ်တိုးပြီး တောင်းဆိုထားတဲ့ နေရာဒေသ တွေမှာ နေထိုင်တဲ့လူဦးရေအရ ဆုံးဖြတ်မယ်ဆိုရင် ရှမ်းလူမျိုးတွေကပိုများနေပါတယ်။ လက်ရှိမှာလည်း ရှမ်းလူမျိုးတွေက ၀ တွေရဲ့တောင်းဆိုချက်ကို ကန့်ကွက်နေကြပါတယ်။ ၀တွေဟာ UWSA ဆိုတဲ့ လက်နက်ကိုင်တပ်ဖွဲ့စည်းပြီး သူတို့နယ်မြေကို ကာကွယ်ထားသလို ရှမ်းပြည်နယ်မှာနေထိုင်တဲ့ ၀ မဟုတ်တဲ့ လူမျိုးတွေကိုလည်း မူးယစ်ဆေးဝါးနဲ့တိုက်ခိုက် ဖျက်ဆီးနေပါတယ်။

ဟိုအရင် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) လက်အောက်မှာ နေစဉ်ကတည်းက ၀ တပ်ဖွဲ့ဝင်တွေ အနေနဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ စီးပွားရေးရှာဖွေနေခဲ့တာဖြစ်ပါတယ်။ ရှမ်းပြည်နယ်ထဲမှာ လက်နက်ကိုင် ဘ၀နဲ့ ဘိန်းကနေတစ်ဆင့် မူးယစ်ဆေးဝါးတွေကို အဆင့်မြှင့်ထုတ်လုပ်လာခဲ့တာဒီကနေ့အထိဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာမူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်တဲ့နေရာမှာ နာမည်ဆိုးနဲ့ကျော်ကြားနေတာဟာ ၀ တွေ ကြောင့်ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးကနေရတဲ့ငွေကြေးတွေနဲ့ အဆင့်မြင့်လက်နက်တွေ၊ လေယာဉ်ပျံတွေ ၀ယ်ယူထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်နိမိတ်ကို တိုးမြင့်တောင်းဆိုနေတာ ဖြစ်ပါတယ်။

ဝတွေရဲ့နောက်မှာ တရုတ်အစိုးရက ကျောထောက်နောက်ခံပြုထားပါတယ်။ ၀ တွေမူးယစ်ဆေးဝါး ထုတ်လုပ်နေမှန်းသိလျက်နဲ့ မသိချင်ယောင်ဆောင်နေတာတရုတ်ရဲ့မူဝါဒဖြစ်ပါတယ်။ သူတို့မှာ အမြဲတန်း ရန်သူ၊အမြဲတန်းမိတ်ဆွေဆိုတာမရှိပေမယ့် အမြဲတန်းအကျိုးစီးပွားဆိုတာတော့ ရှိနေပါတယ်။မြန်မာပြည်ထဲ မှာ တရုတ်တွေ ၀င်ရောက်ခြယ်လှယ်နေသလို နယ်စပ်ဒေသတွေမှာလည်း သူတို့ချယ်လှယ်နေပါတယ်။ အထူးသဖြင့် UWSAလို့ ခေါ်တဲ့ ၀ တပ်တွေကိုလက်နက်တပ်ဆင်ပေးထားပြီး မူးယစ်ဆေးဝါးထုတ်လုပ်မှုကို မသိချင်ယောင်ဆောင်နေတာဟာ ရှမ်းပြည်နယ်ကို တည်ငြိမ်မှုမရှိအောင်လုပ်နေတာဖြစ်ပါတယ်။

ဝ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းတွေအနေနဲ့ မူးယစ်ဆေးဝါြးေ ကာင့် အလွန်အမင်းချမ်းသာကြွယ်ဝနေ ပေမယ့် ၀ ငယ်သားတွေကတော့ တောထဲတောင်ထဲမှာ အငတ်ငတ်အပြတ်ပြတ်နဲ့ အသေခံနေကြရပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက်မှာ ထောင်ကျတဲ့အကျဉ်းသားတွေမကြာမကြာပြန်လွှတ်ပေးနေတော့ အခုအခါ မှာ မူးယစ်ဆေးဝါးအမှုနဲ့ထောင်ကျနေတဲ့ ၀ တပ်ဖွဲ့ဝင်တွေလည်း ပြန်လည်လွှတ်မြောက်လာခဲ့ပါတယ်။ ဒီလူ တွေအဖို့တော့ ငွေကြေးအမြောက်အများကို တစ်လုံးတစ်ခဲတည်းရတဲ့လုပ်ငန်းဟာ မူးယစ်ဆေးဝါးပဲဖြစ်တာမို့ လို့သူတို့ဟာမူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်ရေးတွေနဲ့ပဲ သံသရာလည်နေတော့မှာဖြစ်ပါကြောင်း တင်ပြ လိုက်ပါတယ်။

Credit to - လုံတ
ရှမ်းပြည်နယ်မှာရှိတဲ့ ဟိုပန်၊မိုင်းမော၊ပန်ဝိုင်၊နားဖန်း၊မက်မွန်းနဲ့ ပန်ဆန်း(ပန်ခန်း) မြို့နယ်(၆ )မြို့နယ်ကို ခရိုင်(၂)ခရိုင်ဖွဲ့စည်းပြီး ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ထည့်သွင်း သတ်မှတ်ထားပါတယ်။

Myanmar Instrumental Show 2014 အခမဲ့ ကြည့်ရှုနိုင်

Photo: Myanmar Instrumental Show 2014 အခမဲ့ ကြည့်ရှုနိုင်
Thursday, January 16, 2014

ဂီတလောကတွင် အောင်မြင်မှု ရရှိနေသော ဂစ်တာသမား ၂၀ ဦးကျော် ပါဝင်တီးခတ်ကြမည့် Myanmar Instrumental Show 2014 ကို ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ မိုင်ဒါကွင်း၌ ပထမဆုံးအကြိမ် ပြုလုပ်သွားမည်ဖြစ်ရာ မည်သူမဆို ဝင်ကြေး အခမဲ့ဖြင့် လာရောက် ကြည့်ရှုနိုင်ကြောင်း ယင်းပွဲကို စီစဉ်ပြုလုပ်သည့် ဂင်္ဂါ-ချယ်ရီ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးဂင်္ဂါက The Voice သို့ ပြောကြားသည်။

“ဒီလိုပွဲမျိုးတွေက နိုင်ငံခြားမှာတော့ လုပ်နေကြပါ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ရုပ်သံလိုင်းတွေကနေ စိတ်ဝင်တစား ကြည့်ဖူးတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလိုပွဲမျိုးလေး လုပ်ရင် ကောင်းမလားဆိုပြီး နာမည်ကျော် ဂစ်တာသမားတွေနဲ့ တိုင်ပင်တဲ့အခါ အားလုံးကလည်း လိုလိုလားလားနဲ့ ဒီပွဲလေးမှာ အားလုံး ပါဝင်ချင်ကြတဲ့အတွက် လုပ်ဖြစ်သွားတာပါ။ အစကတော့ ပြည်ပက ဂစ်တာသမားတွေကို ဒီပွဲအတွက် ဖိတ်ခေါ်ဖို့ စဉ်းစားသေးတယ်။ အချိန်မရတာနဲ့ မခေါ်ဖြစ်တော့တာ” ဟု ယင်းပွဲနှင့် ပတ်သက်ပြီး ၎င်းက ထပ်လောင်း ပြောကြားသည်။

ယင်းဖျော်ဖြေပွဲတွင် ဂီတလောကမှ နာမည်ကျော် ဂစ်တာသမား ၂၀ ဦးကျော်က လက်စွမ်းပြ တီးခတ်ကြမည် ဖြစ်ပြီး၊ အနယ်နယ် အရပ်ရပ်မှ ဝါသနာရှင်များ အနေနှင့်လည်း တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ တီးခတ်လိုပါက နံနက် ၁၀ နာရီမှစတင်ကာ နာမည်စာရင်းပေး၍ လာရောက် တီးခတ်နိုင်ကြောင်း၊ အခမဲ့ ကြည့်ရှုနိုင်သည့်ပွဲ ဖြစ်သော်လည်း ဖြစ်သလို မလုပ်ထားဘဲ စင်မြင့် ဒီဇိုင်းကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားထားသလို၊ မီးအလှဆင်မှု အပိုင်းတွင်လည်း ဂစ်တာသမားများ တီးခတ်မည့် သီချင်းနှင့် လိုက်ဖက်သည့် အလင်းရောင်မျိုးပေးနိုင် အောင်ကြိုးစားထားကြောင်း ဦးဂင်္ဂါက ဆိုသည်။

“ဒီပွဲမှာ ကျွန်တော်က ကျွန်တော်တီးဖူးတဲ့ သီချင်းတွေထဲက နှစ်ပုဒ်ကို နည်းနည်း Modify လုပ်ပြီးတီးမယ်။ အချိန်ကတော့ ဂစ်တာသမား တစ်ယောက်ကို ၁၅ မိနစ် သတ်မှတ်ပေးထားတဲ့အတွက် အဲဒီအချိန် အတိုင်းအတာအတွင်း ဝင်အောင်တော့ တီးရမှာပေါ့။ ဒီပွဲမျိုးက ဂီတလောကအတွက် လုပ်သင့်လုပ်ထိုက်တယ်။ ဂီတ ဝါသနာရှင်တွေလည်း စိတ်ဝင်စားမယ့် ပွဲမျိုးပါ။ ဂစ်တာသမားတွေ တီးခတ်တာကို နားထောင်ရုံသာမကဘဲ စိတ်ပါရင် ကိုယ်တိုင်လည်း တက်ပြီးတီးလို့ ရတဲ့အတွက် ဂစ်တာကို ဝါသနာပါတဲ့ ညီငယ်၊ ညီမငယ်တွေ အားလုံးကို လာကြည့်စေချင်ပါတယ်” ဟု ယင်းပွဲတွင် ပါဝင်တီးခတ်မည့် Iron Cross တီးဝိုင်းမှ လိဒ်ဂစ်တာသမား ချစ်စမ်းမောင်က ပြောကြားသည်။

The Voice Weekly
ဂီတလောကတွင် အောင်မြင်မှု ရရှိနေသော ဂစ်တာသမား ၂၀ ဦးကျော် ပါဝင်တီးခတ်ကြမည့် Myanmar Instrumental Show 2014 ကို ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ မိုင်ဒါကွင်း၌ ပထမဆုံးအကြိမ် ပြုလုပ်သွားမည်ဖြစ်ရာ မည်သူမဆို ဝင်ကြေး အခမဲ့ဖြင့် လာရောက် ကြည့်ရှုနိုင်ကြောင်း ယင်းပွဲကို စီစဉ်ပြုလုပ်သည့် ဂင်္ဂါ-ချယ်ရီ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးဂင်္ဂါက The Voice သို့ ပြောကြားသည်။

ဘင်္ဂါလီအရေးကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာ ဖြစ်၍ အာဆီယံအစည်းအဝေးများတွင် ဆွေးနွေးရေး တောင်းဆိုလာလျှင်လည်း လက်ခံဆွေးနွေးသွားမည် မဟုတ်ဟုဆို

Photo: ဘင်္ဂါလီအရေးကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာ ဖြစ်၍
အာဆီယံအစည်းအဝေးများတွင် ဆွေးနွေးရေး တောင်းဆိုလာလျှင်လည်း
လက်ခံဆွေးနွေးသွားမည် မဟုတ်ဟုဆို
Thursday, January 16, 2014

ဘင်္ဂါလီအရေးကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာ ဖြစ်သဖြင့်
အခြားအာဆီယံနိုင်ငံများက
အာဆီယံအစည်းအဝေးများတွင် ဆေွးနွေးရေး တောင်းဆိုလာလျှင်လည်း
လက်ခံဆွေးနွေးသွားမည် မဟုတ်ဟု
ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဠ်ကယနေ့ ပြောသည်။
ဒါက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကို ကျနော်တို့ အစိုးရရော ပြည်သူတွေက လက်မခံဘူးဆိုတာ
ရှင်းလင်းပြီးသားပါ ပြီးတော့ ဒီဘင်္ဂလီအရေးဟာ ကျနော်တို့ရဲ့ ပြည်တွင်းရေးပဲဆိုတော့
ကျန်တဲ့နိုင်ငံတွေက တောင်းဆိုလာရင်လည်း ကျနော်တို့ အာဆီယံဥက္ကဌ တာဝန်ယူချိန်မှာ
အာဆီယံအစည်းအဝေးတွေမှာ လက်ခံဆွေးနွေးသွားမှာ မဟုတ်ပါဘူး။
အကြံပေးတာဆိုရင်တော့ ကျနော်တို့နိုငိငံနဲ့ ကိုက်ညီတာကို လက်ခံသွားမှာပါဟု၎င်းကပြောသည်။
မြန်မာမှအာဆီယံဥက္ကဌတာဝန်စတင်ရယူချိန်တွင်
ပထမဆုံးအနေဖြင့်ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏သီးသန့်နှင့်ဆက်စပ်အစည်းအဝေးများကို ဇန်န၀ါရီ၁၆ရက်
မှစတင်ကာ ပုဂံမြို့ ရွှေနန်းတော်ဟိုတယ်တွင် စတင်ကျင်းပသည်။
ဇန်န၀ါရီလ(၁၅)ရက်နေ့တွင် အစည်းအဝေးသို့တက်ရောက်လာမည့် အဆင့်မြင့် အရာရှိများနှင့် ညစာစားပွဲပြုလုပ်မည်ဖြစ်ကာ
ဇန်န၀ါရီလ (၁၆)ရက်နေ့နံနက်ပိုင်းမှ စတင်၍ အစည်းအဝေးအဖွင့်နှင့် အာဆီယံအမြဲတမ်းကိုယ်စားလှယ်များ ကော်မတီ အစည်းအဝေးတို့ကို စတင်ကျင်းပသည်။
ထို့ပြင်ဇန်န၀ါရီလ(၁၇)ရက်နေ့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသီးသန့်အစည်း အဝေးကို ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါအာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးပွဲအစီစဉ်အချိန်ဇယားထုတ်ပြန်ချက်အရသိရသည်။ 

Popular Myanmar News Journal
ဘင်္ဂါလီအရေးကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာ ဖြစ်သဖြင့် အခြား အာဆီယံနိုင်ငံ များက အာဆီယံအစည်းအဝေးများတွင် ဆေွးနွေးရေး တောင်းဆိုလာလျှင်လည်း လက်ခံဆွေးနွေးသွားမည် မဟုတ်ဟု ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဠ်ကယနေ့ ပြောသည်။

၈၈ မျိုးဆက်နဲ့ အရေးကြီး လို့ တွေ့ဆုံခဲ့ကြောင်း ဒေါ်အောင် ဆန်းစုကြည် ပြောကြား

Photo: ၈၈ မျိုးဆက်နဲ့ အရေးကြီး လို့ တွေ့ဆုံခဲ့ကြောင်း ဒေါ်အောင် ဆန်းစုကြည် ပြောကြား 
Thursday, January 16, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တွေကို လွတ်လပ်ရေးနေ့ က တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး အရင် ကလည်း နိုင်ငံရေးပြသနာတွေကို မိမိတို့တိုင်ပင်ညှိနိုင်းလေ့ရှိသလို အခုလည်း တိုင်းပြည်ရဲ့လက်ရှိ အခြေအနေအရ အရေးကြီးတဲ့အတွက် တွေ့ဆုံဆွေးနွေး ခဲ့တာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

"နိုင်ငံရေးအရတော့ ညှိနှိုင်းပြီးတော့ လုပ်လေ့ရှိပါတယ်၊ ဒါထူးထူးထွေထွေ လွတ်လပ်ရေးနေ့မှာ တွေ့တာမဟုတ်ပါဘူး၊ မတွေ့တာကြာလို့ တွေ့တာလည်းပါပါတယ်၊ ဒီအချိန်ကလည်း အရေးကြီးတဲ့အချိန်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးစရာရှိတာလေး ဆွေးနွေးတာပါ"

RFA က သီးသန့်ထုတ်လွှင့်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့ကညနေပိုင်း ဆက်သွယ်မေးမြန်းရာမှာ အခုလိုဖြေကြားလိုက်တာဖြစ်ပါတယ်။

၈၈ မျိုးဆက်အဖွဲ့အနေနဲ့ နိုင်ငံရေးပါတီတစ်ခုထူထောင်ပြီး ရွေးကောက်ပွဲဝင်သင့်တယ် ထင်မြင်ယူဆပါသလားလို့ မေးမြန်းရာမှာတော့ ဒါဟာ ကာယကံရှင်တွေ ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ကြောင်း ပြောဆိုပါတယ်။

တဆက်တည်းမှာပဲ ချင်းပြည်နယ်ခရီးစဉ်အတွင်း ပြည်ထောင်စုရိပ်သာမှာ တည်းခိုခြင်းမပြုခဲ့တာနဲ့ ပတ်သက်ပြီး မိမိတို့တစ်ဖွဲ့လုံးအတွက် နားခိုရန်နေရာ အလုံအလောက်ရှိပါလျက်နဲ့ သက်ဆိုင်ရာက ကန့်သတ်ခဲ့တဲ့အတွက် အဆင်မပြေဖြစ်ခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောပါတယ်။

"ပြည်ထောင်စုရိပ်သာက လူပြည့်နေလို့လားဆိုတော့လည်း မဟုတ်ဘူး၊ လူကနှစ်ယောက်ပဲနေတယ်၊ အရေးပေါ်အတွက် အခန်းပိုထားရတယ်ဆိုလို့ရှိရင်တောင်မှ ၁၈ ယောက်အတွက် အများကြီးလုံလောက်တယ်လို့ ကျမထင်တယ်လေ၊ ၁၈ ယောက်ပေးလိုက်လို့ရှိရင် အဲဒီ ၁၈ ယောက်နဲ့ ၂ ယောက်ပေါင်းလိုက်မှ ၂ဝ ပေါ့၊ လူ ၁၄ ယောက်စာပိုမှာပဲ"

ဒါ့အပြင် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး လုပ်ကိုင်ဆောင်ရွက်ရာကနေ အစွန်းရောက်တဲ့ ဘာသာရေး လူမျိုးရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာခြင်းမရှိရန်အတွက် ပြုလုပ်သင့်တာတွေကို ဆရာတော်ကြီးများက မိမိထက် ပိုမိုသိရှိကြပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

RFA Burmese
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တွေကို လွတ်လပ်ရေးနေ့ က တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး အရင် ကလည်း နိုင်ငံရေးပြသနာတွေကို မိမိတို့တိုင်ပင် ညှိနိုင်းလေ့ ရှိသလို အခုလည်း တိုင်းပြည်ရဲ့လက်ရှိ အခြေအနေအရ အရေးကြီးတဲ့အတွက် တွေ့ဆုံဆွေးနွေး ခဲ့တာဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။

ဖိလိပိုင်ကလေးတွေ အင်တာနက် လိင်ဖျော်ဖြေမှုမှာ အသုံးချခံရ

 ဗြိတိန်နိုင်ငံက Paedophiles လို့ ခေါ်တဲ့ ကလေးသူငယ်တွေအပေါ် လိင်ကိစ္စနဲ့ စိတ်ဝင်စားတဲ့ လူတွေဟာ ဖိလိပိုင်နိုင်ငံက ကလေးတွေ လိင်ပိုင်းမဖွယ်မရာ ပြုမူ ဖျော်ဖြေကြတာကို အခကြေးငွေပေးပြီး ကွန်ပြူတာ အင်တာနက် ကနေ ကြည့်ရှုနေကြတယ်လို့ ဗြိတိန်နိုင်ငံ စုံစမ်းစစ်ဆေးမှုတခုက ဖေါ်ထုတ်ဖွင့်ချ လိုက်ပါ တယ်။
Photo: တိုင်းရင်းသားအခွင့်အရေး ဥပဒေမူကြမ်းထွက်ရှိ 
Thursday, January 16, 2014

အစိုးရကရေးဆွဲထားတဲ့ တိုင်းရင်းသားလူမျိုးများ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဥပဒေ (မူကြမ်း)ကို ပြည်သူ့လွှတ်တော်အမည်နဲ့ လွှတ်တော်သတင်းတွေတင်ပြနေတဲ့ ဖေ့ဆ်ဘွတ် စာမျက်နှာမှာ မနေ့ကဖေါ်ပြလိုက်ပါတယ်။

တိုင်းရင်းသားတွေဟာ ကိုယ်ပိုင်စကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဓလေ့ထုံးတမ်းနဲ့ ကိုးကွယ်တဲ့ ဘာသာသာသနာကို လွတ်လပ်စွာဆောင်ရွက်ခွင့် ရှိတဲ့အကြောင်း၊ စကားနဲ့စာပေကို နိုင်ငံတော် ရဲ့ပညာရေးမူဝါဒကို ထိခိုက်မှုမရှိစေပဲ သင်ကြားခွင့် သင်ယူခွင့်ရှိတဲ့အကြောင်းနဲ့၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းအရအခမ်းအနားတွေ နေ့ ထူးနေ့မြတ်တွေကို လွတ်လပ်စွာ ကျင်းပခွင့်ရှိတဲ့အကြောင်းတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ဘယ်ပုဂ္ဂိုလ်ကမှ ဒီဥပဒေပါ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ ပိတ်ပင်တားဆီးခြင်းမပြုရ ဆိုတဲ့အချက်ပါဝင်သလို၊ တိုင်းရင်းသားတွေကြား ခွဲခြားဆက်ဆံမှုအပါအဝင်၊ မုန်းတီးအောင်၊ ရန်မူအောင်၊ စိတ်ဝမ်းကွဲအောင် မပြုလုပ်ရလို့ ရေးဆွဲထားပါတယ်။

အဲဒီလိုတားမြစ်ချက်ကို ဖေါက်ဖျက်ကျူးလွန်သူကို အမြင့်ဆုံး ထောင်ဒဏ်နှစ်နှစ် (သို့မဟုတ်) ငွေဒဏ် ကျပ်နှစ်သိန်းအထိ(သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း ဖေါ်ပြပါရှိပါတယ်။

RFA Burmese
အစိုးရကရေးဆွဲထားတဲ့ တိုင်းရင်းသားလူမျိုးများ အခွင့်အရေး ကာကွယ်စောင့်ရှော က်ရေးဥပဒေ (မူကြမ်း) ကို ပြည်သူ့လွှတ်တော်အမည်နဲ့ လွှတ်တော်သတင်းတွေတင်ပြနေတဲ့ ဖေ့ဆ်ဘွတ်စာမျက်နှာမှာ မနေ့ ကဖေါ်ပြ လိုက်ပါတယ်။

ကျပ်သိန်း ၂၀၀ ကျော်တန် လက်ဝတ်ရတနာများ တက္ကစီသမားက ယူဆောင်မောင်းပြေး

ကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိသော ရွှေငွေလက်ဝတ်ရတနာပစ္စည်းများကို တက္ကစီယာဉ်မောင်းက ယူဆောင်ပြီးမောင်းနှင်ထွက်ပြေးသွားသည်ဟု ခရီးသည်တစ်ဦး၏ တိုင်တန်းမှုကို ဇန်န၀ါရီ ၁၅ ရက် နံနက် တွင် အမှုဖွင့်ဆောင်ရွက်နေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ပုဂံမှာ တွေ့ဆုံမယ်

Photo: အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ပုဂံမှာ တွေ့ဆုံမယ် 
Thursday, January 16, 2014

အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ ဥက္ကဌ ဖြစ်လာတဲ့ မြန်မာနိုင်ငံက ဒီလာမယ့် သောကြာနေ့ကစပြီး အာဆီယံအသင်းဝင် နိုင်ငံခြားဝန်ကြီးများ အလွှတ်သဘော တွေ့ဆုံပွဲကို ပုဂံမြို့မှာ လက်ခံကျင်းပ ပြုလုပ်ဖို့ရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အာဆီယံအစည်းအဝေးကျင်းပဖို့ အဆင်သင့်ဖြစ်နေပြီလို့ မြန်မာအစိုးရက ပြောဆိုလိုက်ပါတယ်။

နိုင်ငံခြားကိုယ်စားလှယ်တွေကို သယ်ယူပို့ဆောင်ရာမှာ အဆင်ပြေအောင် BMW နဲ့ limousines ဇိမ်ခံကားတွေလည်း စီးပွားရှင်တွေက လျူဒါန်းထားတဲ့အတွက် သယ်ယူပို့ဆောင်ရေးမှာလည်း အသင့်ဖြစ်နေပြီလို့ သိရပါတယ်။

အာဆီယံအသင်းဟာ ကမ္ဘာ့နိုင်ငံရေးမှာ ထွန်းတောက်လာတဲ့ ကြယ်တပွင့်ဖြစ်နေပြီး မြန်မာနိုင်ငံက ဥက္ကဌအဖြစ် ဆောင်ရွက်စဉ်အတွင်း ပိုပြီး ထွန်းတောက်လာအောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း မြန်မာအစိုးရက ပြောပါတယ်။

လာအိုနဲ့ ကမ္ဘောဒီးယားလို နိုင်ငံတွေက အာဆီယံ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့တုန်းက အဲဒီနိုင်ငံအပေါ် မျော်လင့်ချက်တွေ သိပ်မထားခဲ့တဲ့အတွက် အဲဒီနိုင်ငံတွေက ထင်တာထက်တောင် လုပ်နိုင်စွမ်းရှိခဲ့တယ်ဆိုပြီး သုံးသပ်ခဲ့ကြပေမယ့် မြန်မာနိုင်ငံအပေါ်မှာတော့ မျော်လင့်ချက် ကြီးကြီးမားမား ထားကြတဲ့အတွက် မျော်လင့်ထားသလို လုပ်ပြနိုင်ဖို့ လိုအပ်နိုင်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ သြစတြေးလျက စီးပွားရေးပညာရှင် ဒေါက်တာ Sean Turnell က ပြောပါတယ်။

ဒီနှစ်အတွင်း လာအိုနိုင်ငံက အာဆီယံ ဥက္ကဌအဖြစ် ဆောင်ရွက်ရမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံက ရယူလိုက်တာကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းနဲ့ ကမ္ဘာကို ပြန်ပြီး အဆက်အသွယ်လုပ်ခြင်ကြောင်း ပြသလိုက်သလို ဖြစ်တယ်လို့ အရှေ့တောင်အာရှအရေး ကျွမ်းကျင်သူ Carl Thayer ကလည်း သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံက ဥက္ကဌအဖြစ် ဆောင်ရွက်တုန်း တရုတ်နဲ့ အာဆီယံနိုင်ငံအကြား ဖြစ်နေတဲ့ ပင်လယ်ပြင် ပိုင်ဆိုင်မှု ပြဿနာကို ဦးဆောင်ဆွေးနွေးရမှာ ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံကို တောက်လျောက် ထောက်ပံ့ကူညီခဲ့တဲ့ မိတ်ဖက်နိုင်ငံ ဖြစ်တဲ့အတွက် ဒီလို ဆွေးနွေးမှုအတွင်း မြန်မာအနေနဲ့ တရုတ်ဖက်ကို ဘက်မလိုက်အောင် အနီးကပ် စောင့်ကြည့်တာတွေ ခံရနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အာဆီယံအစည်းအဝေးသာမက အရှေ့အာရှ ညီလာခံကိုပါ လက်ခံ ကျင်းပရမှာဖြစ်ပြီး အဲဒီညီလာခံကို တရုတ်၊ ရုရှားနဲ့ အမေရိကန်နိုင်ငံက ထိပ်သီးခေါင်းဆောင်တွေပါ တက်ရောက်လေ့ရှိပါတယ်။

ABC Radio Australia
အရှေ့တောင်အာရှ ​နိုင်ငံများအသင်း ​အာဆီယံ ​ဥက္ကဌ ​ဖြစ်လာတဲ့ ​မြန်မာနိုင်ငံက ​ဒီလာမယ့် ​သောကြာနေ့ ကစပြီး ​အာဆီယံအသင်းဝင် ​နိုင်ငံခြားဝန်ကြီးများ ​အလွှတ်သဘော ​တွေ့ဆုံပွဲကို ​ပုဂံမြို့မှာ ​လက်ခံကျင်း ပ ​ပြုလုပ်ဖို့ရှိပါတယ်။

ကမ္ဘာ့စီးပွားရေး တိုးတက်မည်ဟု IMF အကြီးအကဲသုံးသပ်

IMF အကြီးအကဲ Christine Lagarde
ကမ္ဘာ့စီးပွားရေးဟာ ၂၀၁၄ ခုနှစ်အတွင်း တိုးတက်လာဖို့ ရှိပေမဲ့ အဲဒီတိုးတက်မှုဟာ အရမ်းနဲ လွန်း၊ အားပျော့ပြီး မညီမျှမှုတွေ ရှိနေလိမ့်မယ်လို့ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ကြီး က ပြောပါတယ်။

တွံ့တေးကျူးကျော်တဲ ဖျက်ရာမှာ ရဲနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်

Photo: တွံ့တေးကျူးကျော်တဲ ဖျက်ရာမှာ ရဲနဲ့ ရုန်းရင်းဆန်ခတ်ဖြစ် 
Thursday, January 16, 2014

တွံတေးမြို့ ပန်းလှိုင် တံတားအောက် က မြေနုကျွန်း လယ်ယာမြေနဲ့ လမ်းဘေး ဝဲယာတလျှောက် ကျူးကျော်တဲတွေကို အစိုးရဘက်က ဖျက်ပစ်နေရာမှာ ကျူးကျော်နေသူတွေနဲ့ ရဲတွေအကြား ရုန်းရင်း ဆန်ခတ်မှုတွေ ရှိခဲ့ပါတယ်။

အခုခါမှာတော့ တွံတေးမြို့နယ် တလျှောက်မှာရှိတဲ့ ကျူးကျော်တဲတွေ အကုန်လုံးကို မြို့နယ် အုပ်ချုပ်ရေးရုံးက ဦးဆောင်ပြီး ဖျက်လိုက်ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ဖျက်နေတုန်း အချိန်မှာ ရဲဝန်ထမ်းတွေနဲ့ ကျူးကျော်နေသူတွေအကြား အပြန်အလှန်ရိုက်နှက်မှုတွေ ရှိခဲ့ပြီး ကျူးကျော်နေသူတချို့ကိုလည်း ရဲတွေက ဖမ်းဆီးထားပါတယ်။

ကျူးကျော်တဲမှာ နေထိုင်သူ တစ်ဦးကတော့ ရဲတွေက အရင်ဝင်ရိုက်လို့ သူတို့ဘက်က ပြန်လည် ခုခံရတာလို့ ပြောပါတယ်။

တွံတေး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဟန် ကတော့ ဖမ်းဆီးတာကို သူ့အနေနဲ့ မသိရှိဘူးလို့ ဆိုပါတယ်။

ကျူးကျော်တဲတွေ အခုလိုဆောက်လုပ်တာဟာ တရားမဝင်တာကြောင့် ဒါတွေကို ဦးစီးဦးဆောင် လုပ်သူကိုလည်း အမှုဖွင့်ထားတယ်လို့ ဦးသိန်းဇော်ဟန် ကပြောပါတယ်။

အခုလို ကျူးကျော်တွေကို ဖယ်ရှားတဲ့အခါမှာ ဒီထဲက အချို့တဲတွေမှာ မှာ လူနေထိုင်တာ ကိုတောင် မတွေ့ခဲ့ရဘူးလို့ ဦးသိန်းဇော်ဟန် က ဆက်လက် ပြောပြပါတယ်။

လွန်ခဲ့တဲ့ (၁)လကျော်လောက်ကမှ ရောက်ရှိလာတဲ့ ကျူးကျော်နေသူတွေဟာ လှိုင်သာယာနဲ့ သာကေတ ဘက်က ပြောင်းလာသူတွေဖြစ်ပီး သူတို့တွေဟာ သွားစရာနေရာ မရှိဘူးဆိုရင် အရင်နေခဲ့တဲ့ မူလနေရပ်ကိုဘဲ ပြန်သင့်တယ်လို့ တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဟန်က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
တွံတေးမြို့ ပန်းလှိုင် တံတားအောက် က မြေနုကျွန်း လယ်ယာမြေနဲ့ လမ်းဘေး ဝဲယာ တလျှောက် ကျူးကျော်တဲတွေကို အစိုးရဘက်က ဖျက်ပစ်နေရာမှာ ကျူးကျော်နေသူတွေနဲ့ ရဲတွေ အကြား ရုန်းရင်း ဆန်ခတ်မှုတွေ ရှိခဲ့ပါတယ်။

ရုရှားနိုင်ငံက အမေရိကန်နိုင်ငံသို့ နှစ်စဉ် သေနတ် နှစ်သိန်းကျော် ရောင်းချရန်စီစဉ်


ရုရှားနိုင်ငံ၏ Kalashnikov လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီသည် အမေရိကန် နိုင်ငံသို့ နှစ်စဉ် အမဲလိုက်နှင့် သေနတ်ပစ် အားကစားပြိုင်ပွဲသုံး ရိုင်ဖယ်များ၊ ပြောင်းချောသေနတ် များ နှစ်သိန်းေ ကျာ် ရောင်း ချပေးရန် စီစဉ် လျက်ရှိကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

တောင်ကိုရီးယား နိုင်ငံက ၂ဝ၁၄ ခုနှစ်တွင် ပြည်ပ နိုင်ငံများသို့ တိုးမြှင့် ထောက်ပံ့မည်

Photo: တောင်ကိုရီးယား နိုင်ငံက ၂ဝ၁၄ ခုနှစ်တွင် ပြည်ပ နိုင်ငံများသို့ တိုးမြှင့် ထောက်ပံ့မည်
Thursday, January 16, 2014

တောင်ကိုရီးယား နိုင်ငံသည် ကမ္ဘာပေါ်ရှိ စစ်မက်ဖြစ်ပွားမှု များကြောင့် ဆယ်စုနှစ်ခန့် စီးပွားရေးကျဆင်း နေသော နိုင်ငံများ ပြန်လည်ထူထောင်ရေး ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ၎င်းနိုင်ငံများ ဖွံ့ဖြိုးရေးအတွက် ယခုနှစ်၏ ကူညီထောက်ပံ့မှုကို ၁၁ ရာခိုင်နှုန်းထိ တိုးမြှင့်သွားမည် ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

အဆိုပါ ကူညီထောက်ပံ့ မှုအတွက် နိုင်ငံ၏ စုစုပေါင်း အသားတင် ဝင်ငွေ (GNI) ၏ သုည ဒသမ ၁၆ ရာခိုင်နှုန်း၊ ဝမ် ၂ ဒသမ ၂၇ ထရီလီယံ (အမေရိကန် ဒေါ်လာ ၂ ဒသမ ၁၄ ဘီလီယံ) ကို ယခုနှစ်၏ တရားဝင် ဖွံ့ဖြိုးတိုး တက်ရေး ကူညီထောက်ပံ့ပေးမှု (ODA) အတွက် အသုံးပြုရန် လျာထားခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော ၂ဝ၁၃ ခုနှစ်တွင် ထိုကဲ့သို့ ကူညီ ထောက်ပံ့မှုအဖြစ် နိုင်ငံ၏ စုစုပေါင်း ဝင်ငွေ သုည ဒသမ ၁၅ ရာခိုင် နှုန်း သို့မဟုတ် ဝမ် ၂ ဒသမ ဝ၄ ထရီ လီယံ (အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၃ ဘီလီယံ) အသုံးပြုခဲ့ကြောင်း သိ ရသည်။

ဒေသအလိုက် ကူညီမှုအနေဖြင့် အာရှဒေသတွင်း စီမံကိန်းများ အတွက် ၄၆ ဒသမ ၉ ရာခိုင် နှုန်း၊ အာဖရိက ဒေသအတွက် ၁၆ ဒသမ ၇ ရာခိုင်နှုန်းနှင့် လက်တင်အမေရိက နိုင်ငံများအတွက် ၆ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။


မြ၀တီ 
တောင်ကိုရီးယား နိုင်ငံသည် ကမ္ဘာပေါ်ရှိ စစ်မက်ဖြစ်ပွားမှု များကြောင့် ဆယ်စုနှစ်ခန့် စီးပွားရေး ကျဆင်း နေသော နိုင်ငံများ ပြန်လည်ထူထောင်ရေး ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ၎င်းနိုင်ငံများ ဖွံ့ဖြိုးရေးအတွက် ယခုနှစ်၏ ကူညီထောက်ပံ့မှုကို ၁၁ ရာခိုင်နှုန်းထိ တိုးမြှင့်သွားမည် ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

ဂျပန်နိုင်ငံက အာဖရိက ဒေသရှိ ဒုက္ခသည် များအတွက် အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၆ သန်း ထောက်ပံ့မည်

Photo: ဂျပန်နိုင်ငံက အာဖရိက ဒေသရှိ ဒုက္ခသည် များအတွက် အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၆ သန်း ထောက်ပံ့မည်
Thursday, January 16, 2014

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် အီသီယိုးပီးယား ဝန်ကြီးချုပ် Hailemariam Desalegn တို့သည် ဇန်နဝါရီ ၁၃ ရက်က အီသီယိုးပီးယား နိုင်ငံ၌ တွေ့ဆုံခဲ့ကြပြီး ဂျပန်နိုင်ငံ အနေဖြင့် တောင်ဆူဒန်နှင့် ဆိုမာလီ နိုင်ငံတို့မှ အိမ်ရာစွန့်ခွာ ထွက်ပြေးခဲ့ရသောဒုက္ခသည်များကို ကူညီရန် အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၆ သန်းထောက်ပံ့ မည် ဖြစ်ကြောင်း ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်ဟု အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။ အကြမ်း ဖက် တိုက်ခိုက်မှုများနှင့် ပြည်တွင်း စစ်ပွဲများကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည့် အာဖရိကဒေသရှိ နိုင်ငံ များမှ ဒုက္ခသည်များကို ကူညီရန် အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၆ သန်းနှင့် ညီမျှသည့် ဂျပန်ယန်းငွေ ၁ ဒသမ ၂ ဘီလီယံကို နိုင်ငံတကာ အဖွဲ့အစည်းများမှ တစ်ဆင့် ပေးအပ် သွားမည် ဖြစ်ကြောင်း အာဘေးက ပြောကြားခဲ့ သည်။

တောင်ဆူဒန်ရှိ အစိုးရနှင့် အကြမ်းဖက် အဖွဲ့များအကြား စစ်မက်ဖြစ်ပွားမှုများ ဆက်လက် ဖြစ်ပေါ်နေခြင်းနှင့် ပိုမို ဆိုးဝါးလျက် ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ စိုးရိမ်ခဲ့ရကြောင်း အာဘေးက ပြောကြားခဲ့သည်။ အီသီယိုး ပီးယားနိုင်ငံ ငြိမ်းချမ်းမှု ရှိစေရေး ကြိုးပမ်းအားထုတ်မှုအဖြစ် အနာဂတ်ကာလတွင် ဂျပန်နိုင်ငံနှင့် နီးကပ်စွာ ပူး ပေါင်း ဆောင်ရွက် လိုပါကြောင်းနှင့် တောင်ဆူဒန်ရှိ ကုလသမဂ္ဂ ငြိမ်းချမ်းမှုအဖွဲ့နှင့် ဆိုမာလီ ကမ်းလွန်ရှိ ပင်လယ် ဓားပြ နှိမ်နင်းရေး စစ်ဆင်ရေးများတွင် တာဝန်ထမ်းဆောင်နေသည့် ဂျပန် ကာကွယ်ရေး တပ်ဖွဲ့များ၏ အခန်း ကဏ္ဍကိုလည်း ချီးကျူးဂုဏ်ပြုပါကြောင်း Hailemariam က ပြန်လည် ပြောကြားခဲ့သည်။

အာဖရိကဒေသတွင် ဂျပန်နိုင်ငံက တည်ဆောက်မည့် ပထမဆုံး လုပ်ငန်းခွင် လေ့ကျင့်ရေးစခန်း ၁ဝ ခုကို အီသီ ယိုးပီးယား နိုင်ငံတွင် တည်ဆောက်မည် ဖြစ်ကြောင်းနှင့် အီသီယိုးပီးယား နိုင်ငံနှင့် အပြန်အလှန် ဆက်ဆံရေးများ ဖွံ့ဖြိုး တိုးတက်လာစေရန် ထပ်မံ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားလိုကြောင်း အာဘေးက ထပ်လောင်း ပြော ကြားခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံ တာဝန်ရှိသူများသည် ဂျပန်- အီသီယိုးပီးယား တိုက်ရိုက် လေကြောင်းခရီးစဉ် ပြေးဆွဲရေး သဘောတူညီချက် တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုး ခဲ့ကြကြောင်း သိရသည်။

မြ၀တီ
ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် အီသီယိုးပီးယား ဝန်ကြီးချုပ် Hailemariam Desalegn တို့သည် ဇန်နဝါရီ ၁၃ ရက်က အီသီယိုးပီးယား နိုင်ငံ၌ တွေ့ဆုံခဲ့ကြပြီး ဂျပန်နိုင်ငံ အနေဖြင့် တောင်ဆူဒန်နှင့် ဆိုမာလီ နိုင်ငံတို့မှ အိမ်ရာစွန့်ခွာ ထွက်ပြေးခဲ့ရသောဒုက္ခသည်များကို ကူညီရန် အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၆ သန်းထောက်ပံ့ မည် ဖြစ်ကြောင်း ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်ဟု အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။