
အနည်းဆုံးအခကြေးငွေနှုန်းထား ပြဋ္ဌာန်းနိုင်ရန် မြေပြင်ကွင်းဆင်း စစ်တမ်းကောက်ခံရာတွင် အလုပ်ရှင် အလုပ်သမား တောင်းဆိုဖော်ပြချက်များနှင့် ကွာဟလျက်ရှိကြောင်း မြန်မာဖွံ့ဖြိုးမှုအရင်းအမြစ်အဖွဲ့ (MDRI) အကြီးတန်းသုတေသနပညာရှင် ဒေါက်တာအောင်သူငြိမ်းက ပြောကြားသည်။








ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ်ခရီးစဉ်တွင် ရှမ်းပြည်နယ် NLD ၏
စီမံဆောင်ရွက်မှုများ အပေါ် ဒေသခံရှမ်းလူမျိုးများက မကျေမနပ် ဖြစ်နေကြောင်း
သိရသည်။ စိုင်းဆိုင်လင်း
အမည်ရှိ ရှမ်းလူငယ်တစ်ဦးက "ကျွန်တော် NLD ကိုရော ဒေါ်အောင်ဆန်းစုကြည် ကိုပါ
လေးစားထောက်ခံ ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ်ခရီးစဉ်ကို
ရှမ်းလူငယ် တစ်ယော်ကအနေနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ဒါပေမယ့်
ရှမ်းပြည်နယ် NLD ကြိုဆိုရေးအဖွဲ့က မသိတာလား၊ သတိမထားမိတာလား။
ကျွန်တော်တို့ စိတ်ထဲမှာ စိတ်မကောင်းဖြစ်ရပါတယ်။ 
