Friday, February 6, 2015

ဝှိုက်ကတ်ပြဿနာ အမွေဆိုးကို တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးဖြေရှင်းသင့်ကြောင်းနှင့် မဖြေရှင်းခဲ့၍ သားစဉ်မြေးဆက်အထိ ဒုက္ခရောက်နေရကြောင်း လွှတ်တော်ကိုယ်စားလှယ်ပြောကြား

လက်ရှိအချိန်တွင် ၀ှိုက်ကတ်ပြဿနာ အမွေဆိုးကို တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးဖြေရှင်းသင့်ကြောင်းနှင့် မဖြေရှင်းခဲ့သည့်အတွက် သားစဉ်မြေးဆက် အထိ ဒုက္ခရောက်နေရကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ဖေဖော်ဝါရီ ၄ ရက်တွင် မီဒီယာများအားပြောကြားသည်။

ရန်ကုန်မြို့သို့ချီတက်နေသော ဧရာဝတီကျောင်းသား သပိတ်စစ်ကြောင်း၏ လုံခြုံရေးကို ဧရာဝတီတိုင်းအတွင်းသာ တာဝန်ယူမည်ဟု ၀န်ကြီးချုပ်က ကျောင်းသားမိဘများအား ပြောကြား


အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်၍ ရန်ကုန်မြို့သို့ချီတက်နေသော ဧရာ ဝတီကျောင်းသား သပိတ်စစ်ကြောင်းအတွင်း ပါဝင်သည့် ကျောင်းသားမိဘအချို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်က ဖေဖော်ဝါရီ  ၅ ရက် နံနက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ခေါ်ယူတွေ့ဆုံခဲ့ပြီး သပိတ်မှောက်ကျောင်းသားများ၏လုံခြုံရေးကို ဧရာဝတီတိုင်းဒေသကြီး အတွင်းသာ တာဝန်ယူ သွားမည်ဖြစ်ပြီး ရန်ကုန်မြို့သို့အရောက် မချီတက်စေချင်ဟု ကျောင်းသားမိဘများကို ပြောကြားခဲ့ကြောင်း တွေ့ဆုံဆွေးနွေးပွဲသို့ တက် ရောက်ခဲ့သည့် ကျောင်းသားမိဘများထံမှ သတင်းရရှိသည်။

ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်ပြုခြင်း စစ်တွေတွင် ဆန္ဒပြ

ယာယီသက်သေခံလက် မှတ် (၀ှိုက်ကတ်)ကိုင်ဆောင်သူ များမဲပေးခွင့်ပြုခဲ့ခြင်းကို ကန့် ကွက်ကြောင်း ဆန္ဒဖော်ထုတ်မှု များကို ဖေဖော်ဝါရီ ၅ ရက်မှစ တင်၍ စစ်တွေမြို့တွင် ပြုလုပ် နေကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၅ ရက်တွင် စစ်တွေမြို့ စစ်ကဲတော်မင်း ကျောင်းတိုက်၌ လူထုအစည်း အဝေးပြုလုပ်ခဲ့သည်။ ယင်း အစည်းအဝေးဆုံးဖြတ်ချက်အရ ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်းမှ စ၍ စစ်တွေမြို့ရှိ နေအိမ်များ တွင်

NLD ကိုယ်စားလှယ်များအပါအ၀င် ကိုယ်စားလှယ် ၂၇ ဦး၏ လက်မှတ်ရရှိပြီးဖြစ်၍ ၀ှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်ပြုခြင်းသည် အခြေခံဥပဒေနှင့် ညီ မညီ ခုံရုံးက ဆုံးဖြတ်ရန် ယနေ့ တင်မည်

 NLD လွှတ်တော်ကိုယ်စားလှယ်လေး ဦးအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၇ ဦး၏ သဘော တူကြောင်း လက်မှတ်များ ရထားပြီးဖြစ်၍ ဝှိုက်ကတ်ဖြင့် မဲပေးခွင့်ပြု ခြင်းသည် အခြေခံ ဥပဒေနှင့်ညီမညီဆုံးဖြတ် ပေးဖို့ ခုံရုံးသို့တင်ရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ ဖေဖော်ဝါရီ ၆ ရက်တွင် ပေးပို့မည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် က ပြောကြားခဲ့သည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “အခု ၂၇ ယောက်ရဲ့ သဘောတူကြောင်း လက်မှတ်ရပြီ။ မနက်ဖြန်မှာ ဥက္ကဋ္ဌကြီးဆီကို တင်ပြမယ်။ ပြီးရင် ရှေ့နေနဲ့ တိုင်ပင်မယ်။ လက်မှတ်ရေးထိုး

ပညာရေးဆိုင်ရာကိစ္စကို အကြောင်းပြုပြီး ဆူပူမှုများဖြစ်လာစေရန် ကျောင်းသားများကိုအသုံးချ၍ ကျောင်းသားအမည်ခံသူများ၊ နောက်ကွယ်မှ ကြိုးကိုင်နေသူများ၊ နိုင်ငံရေး အဖွဲ့အစည်းအချို့ ပါဝင်ပတ်သက်နေကြောင်း နိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့က အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေးနှင့် စပ်လျဉ်း၍  ပြည်သူများသို့ မေတ္တာရပ်ခံပန်ကြားချက်ကို ဖေဖော်ဝါရီ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော် အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ပြည်သူများအပိုင်းမှလည်း တာဝန်သိသိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ကြသဖြင့် အောင်မြင်သင့်သလောက် အောင်မြင်မှုများ ရရှိခဲ့ကြကြောင်း၊ တိုင်းပြည်တည်ငြိမ် အေးချမ်းမှုရှိမှသာ ပြည်သူများ စိတ်အေးချမ်းစွာဖြင့် နေထိုင်လုပ်ကိုင်စားသောက် နိုင်မည်ဖြစ်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပါရှိသည်။