Monday, December 2, 2013

WY ဆေးပြားသုံးစွဲသည်ဆိုခြင်းကိစ္စရုပ်ရှင်ဥက္ကဋ္ဌလူမင်းစတင်ရှင်းပြီ

WY ဆေးပြားသုံးစွဲသည်ဆိုခြင်းကိစ္စရုပ်ရှင်ဥက္ကဋ္ဌလူမင်းစတင်ရှင်းပြီ
Monday, December 2, 2013

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသူ
သရုပ်ဆောင်လူမင်းအပါအ၀င်ရုပ်ရှင်လောကအတွင်းမူးယစ်
ဆေးသုံးစွဲသူများအဖြစ် WY ဆေးပြားသုံးစွဲသူ(၁၃)ဦးစာရင်းနှင့်
အဆိုတော်လောက WY ဆေးပြားသုံးစွဲသူ(၃)ဦးစာရင်းတို့ ကို
(၃ဝ-၄-၂ဝဝ၈)နေရက်စွဲပါအစစ်ခံချက်အဖြစ်“ရန်ကုန်မူးယစ်
အရှေ့အထူးအဖွဲ့ စစ်ဆေးချက်”ဆိုသည့်အမူမှတ်တမ်းတစ်စောင်
အွန်လိုင်းတွင်ပျံ့ နှံလျှက်ရှိပါသည်။အဆိုပါအစစ်ခံချက်ပါအမည်
စာရင်းတွင်၎င်း၏အမည်ပါရှိသည့်အတွက်ပရိသတ်တွေထင်
ယောင်ထင်မှားဖြစ်မည်ကိုစိုးရိမ်ခြင်းဟုဆိုကာအကယ်ဒမီလူမင်း
ကမူးယစ်ဆေးဝါးကိုယောင်လိုတောင်လက်တည့်မစမ်းခဲ့ဖူးပါဟူ၍
အွန်လိုင်းတွင်ရှင်းလင်းဖြေကြားချက်တစ်စောင်ကိုယမန်နေ့ ဒီဇင်ဘာ(၁)ရက်နေရက်စွဲဖြင့်ပြန်လည်ရှင်းလင်းပြောကြား
ထားပါသည်။(ဦး)လူမင်း၏ရှင်းလင်းချက်မှာ“မူးယစ်ဆေး
ဝါး...... ယောင်လိုတောင်လက်တည့်မစမ်းခဲ့ဖူးပါ။မိတ်ဆွေအပေါင်းအသင်းပတ်ဝန်းကျင်အားလုံး
အသိပါ။ကျွန်တော်ပရိသတ်တွေထင်ယောင်ထင်မှားဖြစ်နေ
မှာစိုးလို့ ပါ။ကျွန်တော်ကိုယ်တိုင်မူးယစ်ဆေးဝါးဆန့် ကျင် တိုက်ဖျက်ရေးအသင်း<MANA>ရဲ.သံတမန်တစ်ယောက်ပါ”
ဟုပါရှိပါသည်။ထို့ အတူအဆိုပါရန်ကုန်မူးယစ်အရှေ့အထူး
အဖွဲ့စစ်ဆေးချက်စာရင်းပါအနုပညာရှင်များအနေဖြင့်
လည်း၎င်းတို့ သာအမှန်တကယ် မူယစ်ဆေးဝါးသုံးစွဲခဲ့ခြင်း
မရှိကပရိသတ်အထင်အမြင်မမှားစေခြင်းအလို့ ငှာပြန်လည်
ငြင်းချက်ထုတ်မူများအသီးသီးပြုလာဖွယ် ရှိကြောင်းရုပ်ရှင်
ဂီတအနုပညာ အသိုင်းအ၀ိုင်းကဆိုပါသည်။

Popular Myanmar News Journal
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသူသရုပ်ဆောင်လူမင်းအပါအ၀င်ရုပ်ရှင်လောကအတွင်းမူးယစ်
ဆေးသုံးစွဲသူများအဖြစ် WY ဆေးပြားသုံးစွဲသူ(၁၃)ဦးစာရင်းနှင့်အဆိုတော်လောက WY ဆေးပြားသုံး စွဲသူ(၃)ဦးစာရင်းတို့ ကို(၃ဝ-၄-၂ဝဝ၈)နေရက်စွဲပါအစစ်ခံချက်အဖြစ်“ရန်ကုန်မူးယစ်အရှေ့ အထူး အဖွဲ့ စစ်ဆေးချက်” ဆိုသည့်အမူမှတ်တမ်း တစ်စောင်အွန်လိုင်းတွင်ပျံ့ နှံလျှက် ရှိပါသည်။ အဆိုပါ အစစ်ခံချက်

ရွှေဂုံတိုင်တံတား ဖြတ်သန်းမောင်းနှင်ခွင့်ပြု မိုင် ၃၀ ထက် ပိုမမောင်းရန် သတိပေး

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်ခုံးကျော် တံတားပေါ်သို့ ဖြတ်သန်းမောင်းနှင်ခွင့်ကို ဒီဇင်ဘာ ၁ရက် နေ့လယ် ၁၂နာရီတွင် စတင်ခွင့်ပြုလိုက်ပြီး တံတားပေါ်တွင် မြို့တွင်းမောင်းနှင်ခွင့်မိုင် ၃၀ ထက် ကျော် လွန်မမောင်းရန် ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်း အင်ဂျင်နီယာ ဦးအုန်းလှိုင်က သတိပေးလိုက်သည်။

ဘရာဇီး၌ ဒီဇင်ဘာ ၃ ရက်တွင် မွေးဖွားသည့် ကလေးငယ်တိုင်းအား ကမ္ဘာ့ဖလားပြိုင်ပွဲ အသုံးပြု ဘောလုံးများ လက်ဆောင် ပေးမည်

ဘရာဇီး၌ ဒီဇင်ဘာ ၃ ရက်တွင် မွေးဖွားသည့် ကလေးငယ်တိုင်းအား ကမ္ဘာ့ဖလားပြိုင်ပွဲ အသုံးပြု ဘောလုံးများ လက်ဆောင် ပေးမည်
Monday, December 2, 2013

ဘရာဇီးနိုင်ငံတွင် လာမည့် သီတင်းပတ် အင်္ဂါနေ့ ဒီဇင်ဘာ ၃ ရက်တွင် မွေးဖွားသည့် ကလေးငယ် တစ်ဦးစီ တိုင်းအား ကမ္ဘာကျော် အားကစား ကုန်ပစ္စည်း ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Adidas ကုမ္ပဏီက ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အသုံးပြုမည့် ဘောလုံး တစ်လုံးစီကို လက်ဆောင်အဖြစ် ပေးအပ်သွားမည်ဟု ယင်း ကုမ္ပဏီကြီးက နိုဝင်ဘာ ၂၉ ရက်တွင် တရားဝင် ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ နေ့ရက်သည် Adidas ကုမ္ပဏီက ၎င်းတို့၏ ဘောလုံးကို စတင်ထုတ်သည့် နေ့ရက်နှင့် တိုက်ဆိုင် လျက်ရှိပြီး မိဘများ အနေဖြင့် ယင်းနေ့တွင် မွေးဖွားခဲ့သည့် ကလေးငယ်များ၏ မွေးစာရင်းကို ပြသ၍ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင် ကစားကြမည့် မြို့ကြီးများတွင် သွားရောက် ထုတ်ယူနိုင်သည်ဟု သိရသည်။

မြ၀တီ
ဘရာဇီးနိုင်ငံတွင် လာမည့် သီတင်းပတ် အင်္ဂါနေ့ ဒီဇင်ဘာ ၃ ရက်တွင် မွေးဖွားသည့် ကလေးငယ် တစ်ဦးစီ တိုင်းအား ကမ္ဘာကျော် အားကစား ကုန်ပစ္စည်း ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Adidas ကုမ္ပဏီက ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အသုံးပြုမည့် ဘောလုံး တစ်လုံးစီကို လက်ဆောင်အဖြစ် ပေးအပ်သွားမည်ဟု ယင်း ကုမ္ပဏီကြီးက နိုဝင်ဘာ ၂၉ ရက်တွင် တရားဝင် ကြေညာခဲ့ကြောင်း သိရသည်။

လေးပွင့်ဆိုင်တွေ့ဆုံရန် သမ္မတနှင့် ကာချုပ် သဘောထားတုန့်ပြန်မှု တွေ့ဆုံပွဲကို မလိုလားခြင်းဟု ဒေါ်စုယူဆ

သမ္မတ၊ လွှတ်တော်နှင့် တပ်မတော်သို့ ကမ်းလှမ်းထားသည့် ဖွဲ့စည်းပုံပြင်ဆင်ရန် လေးပွင့် ဆိုင် တွေ့ ဆုံ ရေးကို အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာ ထွက်ပေါ်လာချိန် အထိ စောင့် ဆိုင်းရန် နိုင်ငံတော်သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့က သဘောထားရှိသည်ဟု တုံ့ပြန် လိုက်သည်မှာ တွေ့ဆုံပွဲကို မလိုလားခြင်းကြောင့်ဟု ယူဆကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁ ရက် ရေဒီယို သြစတြေးလျ အထူးအစီအစဉ် တွေ့ဆုံမေးမြန်းခန်းတွင် ထည့်သွင်း ပြောဆိုလိုက်သည်။

အလုပ်မှာ ခေါင်းကိုက်လျှင်

(၁) အလုပ်ပတ်ဝန်းကျင်ကိုပြုပြင်ပါ
ခေါင်းကိုက်စေတဲ့ အမွှေးနံ့၊ ရေမွှေး၊ ဆပ်ပြာစသည်တို့ကို ဖယ်ရှားပါ။ အလုပ်ထဲမှာ ကော်ဖီ အလွန် အကျွံ သောက်ခြင်းရှောင်ပါ။ ရေများများသောက်ပါ။ အစာစားချိန်ထက်မကျော်ပါစေနှင့်။ ကွန်ပျူတာမော်နီတာ ရှေ့မှာ အလင်းပြန်မှုလျှော့ချနိုင်တဲ့ မှန်တစ်ချပ်တစ်ဆင်ပါ။ 

ဗမာလူများစုက လူလည်းများတော့ အမှားတွေလည်း ပိုများတယ်͋


ဒီဇင်ဘာလ (၁) ရက်နေ့က သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ မြန်မာမိသားစုများနှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံစဉ် ပြောကြားသည့် မိန့်ခွန်း။ 

ဒီလှိုင်းဂျာနယ် ဖေ့စ်ဘုတ်စာမျက်နှာကနေ ကူးယူ ဖော်ပြပါတယ်။ "မြန်မာ့နိုင်ငံရေးအတွက် အထူးအရေး ပါသည့် မိန့်ခွန်း" လို့ ဒီလှိုင်းက ညွှန်းထားပါတယ်။

ပထမပိုင်း

နိုင်ငံတကာ ရွှေဈေး တစ်အောင်စလျှင် ဒေါ်လာ ၁၂၀၀ အထိ စံချိန်တင် ဆက်လက်ကျဆင်းပြီး ပြည်တွင်းရွှေဈေး ၁၁ လအတွင်း တစ်ကျပ်သား ကျပ် ၉၉၀၀၀ အထိ ပြုတ်ကျ

နိုင်ငံတကာ ဈေးကွက်အတွင်း၌ ရွှေဈေးနှုန်းမှာ တစ်အောင်စ ၁၂၀၀ အမေရိကန်ဒေါ်လာအထိ ဆက်လက် ကျဆင်း နေခဲ့ပြီး ပြည်တွင်းရွှေဈေးမှာလည်း ၁၁ လအတွင်း တစ်ကျပ်သားလျှင် ကျပ် ၉၉၀၀၀ အထိ ပြုတ် ကျနေပြီး ဈေးကွက်အတွင်း အ၀ယ်အေးနေကြောင်း သိရသည်။
နိုင်ငံတကာ ရွှေဈေးမှာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ အတွင်းက တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၆၅၆ အထိ ရှိခဲ့ရာမှ ယခုအခါ တစ်အောင်စလျှင် ၁၂၅၂ အမေရိကန်ဒေါ်လာ ၀န်းကျင်သာ ရှိတော့သည်အထိ စံချိန်တင် ကျဆင်းနေခြင်း ဖြစ်သည်။

နိုင်ငံရေး ဆွေးနွေးပွဲတွင် တိုင်းရင်းသားများ တောင်းဆိုမည့် အချက်များကို ကြိုတင်တွက်ထားပြီးဖြစ်ကာ အာဏာခွဲဝေရေး၌ တိုင်းရင်းသားများ ကိုယ့်ပြည်နယ် ကိုယ်အုပ်ချုပ်နိုင်ရန် အာဏာပြန်အပ်မည်ဟု ၀န်ကြီးဦးအောင်မင်းဆို

နိုင်ငံရေး ဆွေးနွေးပွဲတွင် တိုင်းရင်းသားများ တောင်းဆိုမည့် အချက်များကို ကြိုတွက်ထားပြီးဖြစ်ကာ အာဏာ ခွဲဝေရေးတွင် တိုင်းရင်းသားများ ကိုယ့်ပြည်နယ် ကိုယ်အုပ်ချုပ်နိုင်ရန် အာဏာပြန်အပ်မည်ဟု သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နိုဝင်ဘာ ၃၀ ရက်က ပြောကြားသည်။

အပြောတွေပဲ ဖြစ်နေသလား၊ သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်း ပြောကြားချက်များအား လေ့လာဆန်းစစ်ခြင်း

M-2-12
သမ္မတ ဦးသိန်းစိန်အား လူထုမိန့်ခွန်းနှင့် လူထုတွေ့ဆုံ ပွဲများ၌ တွေ့ရစဉ် (ဓာတ်ပုံ- သမ္မတရုံး ၀က်ဘ်ဆိုက်)
၂၀၁၁ ခုနှစ် မတ် ၃၀ ရက်က စတင်ပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရ အဖွဲ့က မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မဏ္ဍိုင်ကို စတင်တာဝန် ယူခဲ့သည်။ ထိုသို့ တာဝန်ယူခဲ့ပြီး နှစ်နှစ်ကျော်-သုံးနှစ် နီးပါးသို့ ရောက် ရှိလာချိန်အထိ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ဆက်စပ်ပြီး ပြည်သူလူထု (သို့မဟုတ်) ပြည်သူလူထုနှင့် သက်ဆိုင်သော မိန့်ခွန်းအရေအတွက် (၆၇) ကြိမ်ထက်မနည်း ပြော ကြား ခဲ့ပြီး ဖြစ်ပါသည်။