Monday, January 7, 2013

ထူးဆန်းအံ့သြဖွယ်ရာ မြန်မာနိုင်ငံမှ မြင်ကွင်းတစ်ခု

ထူးဆန်းအံ့သြဖွယ်ရာ မြန်မာနိုင်ငံမှ မြင်ကွင်းတစ်ခု

မြန်မာနိုင်ငံရဲ့ ရှမ်းရိုးမ တောင်တန်းကြီးတွေမှာ ရှိတဲ့ တောနက်တစ်နေရာမှာ ရှိတဲ့ ကန်ကြီးတစ်ကန်အနီးက ကျောက်ဆောင်တွေကို ရိုက်ကူးထားခြင်း ဖြစ်ပါတယ် ။ နေရာအတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ် ။ ဒီပုံဟာ ရှုထောင့်တစ်ခုကနေပြီး ကျောက်ဆောင်တွေပေါ်ကို နေရောင်ခြည် ကျရောက်နေတဲ့အချိန်မှာ ရိုက်ကူးထားတာဖြစ်ပါတယ် ။ သင့်ရဲ့ ဦးခေါင်းကို ဘယ်မှ ညာ ၊ ညာမှ ဘယ်သို့ စောင်းပြီးကြည့်ကြည့်ပါ ။ ဘာထူးခြားသလဲလို့ ။

ဘာထူးခြားမှုကို သင်တွေ့ပါသလဲ ။
အခုပုံကို အတည့်အတိုင်း ထောင်ကြည့်လိုက်ပါ ။

အံ့သြဖွယ်ကောင်းလောက်အောင်ပဲ ဘုရားရှိခိုးနေတဲ့ ပုံလေးထွက်ပေါ်လာပါတယ် ။သဘာဝတရားကြီးက အံသြဖွယ်ရာကောင်းပါတယ် ။ ဒါဟာ ဓါတ်ပုံပညာနဲ့ ဖန်တီးထားခြင်းမဟုတ်ပါဘူး ။ ထေရ၀ါဒ ဗုဒ္ဓဘာ သာနိုင်ငံမှာ သဘာဝကျောက်ဆောင်တွေမှာတောင် ဘုရား တရားရဲ့ အငွေ့အသက်တွေ ကိန်းအောင်း လို့နေပါတယ် ။

သဘာဝတရားကို လေးစား ချစ်ခင်မြတ်နိုးပါ ။ တန်ဖိုးထားပါ
မြန်မာနိုင်ငံရဲ့ ရှမ်းရိုးမ တောင်တန်းကြီးတွေမှာ ရှိတဲ့ တောနက် တစ်နေ ရာမှာ ရှိတဲ့ ကန်ကြီး တစ်ကန် အနီးက ကျောက်ဆောင်တွေကို ရိုက်ကူး ထားခြင်း ဖြစ်ပါတယ် ။ နေရာအတိအကျကိုတော့ စုံစမ်းနေ ဆဲဖြစ် ပါတယ် ။ ဒီပုံဟာ ရှုထောင့် တစ်ခု ကနေပြီး ကျောက်ဆောင်တွေပေါ် ကို နေရောင်ခြည် ကျရောက်နေတဲ့အချိန်မှာ ရိုက်ကူး ထားတာဖြစ် ပါတယ် ။ သင့်ရဲ့ ဦးခေါင်းကို ဘယ်မှ ညာ ၊ ညာမှ ဘယ်သို့ စောင်းပြီးကြည့်ကြည့်ပါ ။ ဘာထူးခြားသလဲလို့ ။

နှစ်ပေါင်းငါးဆယ်အတွင်း လူသားပုံတူမျိုးပွားနိုင်တော့မည်

နှစ်ပေါင်းငါးဆယ်အတွင်း လူသားပုံတူမျိုးပွားနိုင်တော့မည်
Monday, January 07, 2013 

မတော်တဆဖြစ်ရပ်များကြောင့် ရင်သွေးငယ်များဆုံးရှုံးခဲ့ရသူ မိဘများ အနေနှင့် နောင်နှစ်ငါးဆယ်အတွင်း ၄င်းတို့၏သွေးသားများအား ပုံတူပွား နိုင်မည်ဖြစ်ကြောင်း ၂၀၁၂ဆေးပညာ နိုဘယ်ဆုရဗြိတိန် သိပ္ပံပညာရှင်ကပြော ကြားလိုက်သည်။

၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်များ အတွင်း ဖားများကိုပုံတူမျိုးပွားခဲ့သည့် ဆာဂျွန်ဂါဒင်၏ နည်းစနစ်ဖြင့် ၁၉၉၆ ခုနှစ်တွင် အီဒင်ဘာရာတက္ကသိုလ် သုတေသီများက ကမ္ဘာ့ပထမဆုံး ဒေါ်လီ သိုးမလေးကို ပုံတူမျိုးပွားနိုင်ခဲ့ သည်။ နိုဘယ်ဆုရှင် ဆာဂျွန်ဂါဒင်ကရာစုနှစ် ဝက်အတွင်းလူသားပုံတူ မျိုးပွားနိုင်တော့ မည်ဖြစ်ကြောင်းအခိုင်အမာဆိုထားသည်။

လူတစ်ယောက်လုံးကိုအတိအကျ ပုံတူမျိုးပွားခြင်းသည်ကျင့်ဝတ်ပိုင်းဆိုင် ရာ အငြင်းပွားမှုပြဿနာများ ရှိလာ မည်ဧကန်ဖြစ်သော်လည်းအဆိုပါနည်း ပညာသည်ဆေးပညာအရလူသားများ အားကောင်းစွာအကျိုးပြုလာနိုင်
သည့် အခါအငြင်းပွားမှုများ လျော့ပါးသွား မည်ဖြစ်ကြောင်းလည်း ဆာဂျွန်ဂါဒင်က ဆိုသည်။

ခန္ဓာကိုယ်ပြင်ပ သန္ဓေသားစပ်ခြင်းသည် စတင်ပေါ်ပေါက်စဉ်က သံသယဖြစ်ဖွယ်နည်းပညာတစ်ခုဖြစ် သော်လည်း ၁၉၇၈ ခုနှစ်တွင်ကမ္ဘာ့ ပထမဆုံးဖန်ပြွန်သန္ဓေသားဖြစ်လာသည့် လူဝီဘရောင်း ကို အောင်အောင်
မြင်မြင် မွေးဖွားပြီးနောက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့်လက်ခံ လာခဲ့သည့် နည်းပညာတစ်ခုဖြစ်လာခဲ့သည်။

ယနေ့ပုံတူမျိုးပွားခဲ့သမျှတိရစ္ဆာန် သန္ဓေသားများမှာ ပုံစံ ပျက်ယွင်းနေဆဲ
 ဖြစ်သောကြောင့်ပုံတူမျိုးပွား နည်းပညာများကို တိရစ္ဆာန်များတွင် စင်းလုံး ချောအပြစ်ကင်းအောင်လုပ်ဆောင်နိုင် မှသာလူသားတို့ အတွက်လက်တွေ့ စမ်းသပ်နိုင်မည် ဖြစ်သည်။

BBC ရေဒီယိုအစီအစဉ်တွင် ဆာဂျွန်ဂါဒင်က ဖားများကိုအောင် မြင်စွာ ပုံတူမျိုးပွားအပြီးမှာပင် နှစ်ငါး ဆယ်အတွင်း နို့တိုက်သတ္တဝါများ ပုံတူ
မျိုးပွားနိုင်တော့မည်ကို ကြိုတင် သိမြင်ခဲ့ကြောင်း၊ လူသားများပုံတူမျိုး ပွားနိုင်ရန်လည်း မကွာဝေးတော့ ကြောင်းထည့်သွင်းပြောကြားခဲ့သည်။
လူသားတစ်ဦးအား ပုံတူမျိုးပွား ခြင်းသည် ထပ်တူကျသည့် အမြွှာလူ သားတစ်ဦးဖန်တီးခြင်း ဖြစ်ရာသဘာဝ တရားကဖန်တီးထားသည်ကို ရိုးရှင်းစွာမိတ္တူပွားသည့် ဖြစ်စဉ်သာဖြစ်ကြောင်း ၄င်းကထပ်လောင်းပြော ကြားခဲ့သည်။ ကန်းဘရစ်ခ်ျတက္ကသိုလ် ကထိကတစ်ဦးလည်းဖြစ်သူ ဆာဂျွန် ဂါဒင်သည် သူ၏စာသင်ခန်းများ၌ ရင်သွေးဆုံးရှုံးထားသူ၊ ရင်သွေးမထွန်း ကားနိုင်တော့သူ မိဘများအနေနှင့် မိခင်ထံမှ သားဥအိမ်၊ ပထမရင်သွေး ထံမှ အရေပြားဆဲလ်တို့ကိုစုဆောင်း၍ နောက်ထပ်
ရင်သွေးတစ်ဦး ပုံတူပွား သင့်မသင့် မေးမြန်းလေ့ရှိသည်။ ထိုအယူအဆ
ကိုလက်ခံသူ ကျောင်းသား ၆၀ ရာနှုန်းခန့်ရှိပြီး ကျန်လက်မခံသူများမှာ
ပုံတူမျိုးပွားခံရသည့်ကလေး ငယ်သည် အဖြစ်မှန်ကိုသိရပါက မိမိကိုယ်ကို
အစားထိုးခံသတ္တဝါတစ်ဦး အဖြစ် သိမ်ငယ်စိတ်ဝင်မည့်အရေးကို ကန့်ကွက်
ကြခြင်းဖြစ်သည်။

Source: ANI
Health Updates Journal
မတော်တဆဖြစ်ရပ်များကြောင့် ရင်သွေးငယ်များဆုံးရှုံးခဲ့ရသူ မိဘများ အနေနှင့် နောင်နှစ်ငါးဆယ်အတွင်း ၄င်းတို့၏သွေးသားများအား ပုံတူ ပွား နိုင်မည်ဖြစ်ကြောင်း ၂၀၁၂ဆေးပညာ နိုဘယ်ဆုရဗြိတိန် သိပ္ပံ ပညာရှင် ကပြော ကြားလိုက်သည်။
၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်များ အတွင်း ဖားများကိုပုံတူမျိုးပွားခဲ့သည့် ဆာဂျွန်ဂါဒင်၏ နည်းစနစ်ဖြင့် ၁၉၉၆ ခုနှစ်တွင် အီဒင်ဘာရာတက္ကသိုလ်

အိန္ဒိယ နိုင်ငံ၌ တရားမဝင် ကျောက်ကပ် အစားထိုးမှုတွင် ပါဝင်ခဲ့သူ ခုနစ်ဦး ဖမ်းဆီးရမိ

အိန္ဒိယ နိုင်ငံ၌ တရားမဝင် ကျောက်ကပ် အစားထိုးမှုတွင် ပါဝင်ခဲ့သူ ခုနစ်ဦး ဖမ်းဆီးရမိ

အိန္ဒိယ နိုင်ငံ ကာနာတာကာ ပြည်နယ် ရာမန် နဂါရာမြို့၌ မကြာသေးမီ ရက်ပိုင်း အတွင်းက တရားမဝင် ကျောက်ကပ် အစားထိုးမှုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူ ခုနစ်ဦးအား ဖမ်းဆီး ရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ တရားခံ ခုနစ်ဦးအား အိန္ဒိယ ပြစ်မှုဆိုင်ရာ ဥပဒေနှင့် ၁၉၉၄ ခုနှစ်က ချမှတ်ခဲ့သည့် လူသားများ၏ ခန္ဓာကိုယ် အစိတ်အပိုင်း များအား တရားမဝင် အစားထိုး ကုသခြင်း ဆိုင်ရာ ဥပဒေများ အရ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းအဖွဲ့အား ဖမ်းဆီးနိုင်ရန် အတွက် အထူး စုံစမ်း စစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်း၍ လုပ်ဆောင် ခဲ့ရကြောင်း ရဲတပ်ဖွဲ့မှ အကြီးအကဲ တစ်ဦးက ပြောကြားခဲ့သည်။

အထူး စုံစမ်း စစ်ဆေးရေး အဖွဲ့သည် ၎င်းကျောက်ကပ် အစားထိုး လုပ်ငန်းတွင် ပါဝင်ခဲ့သည့် တရားမဝင် ဂိုဏ်းတစ်ခုမှ လူနှစ်ဦးအား ပုဂ္ဂလိက ဆေးရုံများမှ သိမ်းဆည်း ရမိသော သတင်းအချက် အလက်နှင့် အထောက် အထားများ အရ ရှေးဦးစွာ ဖမ်းဆီး မိခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အထူး စုံစမ်းစစ်ဆေးရေး တပ်ဖွဲ့သည် ကျန်ရှိသော တရားခံ ငါးဦးအား သဲလွန်စ များပေါ် အခြေခံ၍ နှစ်ဦးချင်းစီ စုံစမ်းမှုများ ပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၄ ရက်က ဖမ်းဆီး မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/3767-2013-01-07-10-27-50 အိန္ဒိယ နိုင်ငံ ကာနာတာကာ ပြည်နယ် ရာမန် နဂါရာမြို့၌ မကြာသေးမီ ရက်ပိုင်းအတွင်းက တရားမဝင် ကျောက်ကပ် အစားထိုးမှုတွင် ပါဝင်ခဲ့ သည်ဟု ယူဆရသူ ခုနစ်ဦးအား ဖမ်းဆီး ရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ တရားခံ ခုနစ်ဦးအား အိန္ဒိယ ပြစ်မှုဆိုင်ရာ ဥပဒေနှင့် ၁၉၉၄ ခုနှစ်က ချမှတ်ခဲ့သည့် လူသားများ၏ ခန္ဓာကိုယ် အစိတ်အပိုင်း များအား

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတတ်ရေး ပါတီ သဘောထား ကြေညာချက်



   ယခုအချိန်တွင် တပ်မတော်နှင့် ကေအိုင် အို၊ ကေအိုင်အေတို့အကြား တိုက်ပွဲ ဖြစ်ပွားနေ သည်မှာ နှစ်နှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်ပါသည်။ ထိုစစ် ပွဲ များကြောင့် ဒေသခံရှမ်း၊ ကချင်ပြည်သူများ စစ်ဘေးရှောင် ဒုက္ခသည်များ အဖြစ်သို့ ရောက်ရှိ နေ ပါသည်။ မိမိတို့၏ ကျေးရွာ၊ အိုးအိမ်များကို စွန့်ပစ်၍ လုံခြုံမှုရှိရာ ဒေသများတွင် ဖြစ်သလို နေထိုင်

ကွန်တိန်နာအတွင်း လက်နက်ခဲယမ်းများ တွေ့ရှိမှုအပေါ် စစ်ဆေးမှု ပြီးစီခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အဖြေရလဒ် တင်ပြထားကြောင်း သိရ

ကွန်တိန်နာအတွင်း လက်နက်ခဲယမ်းများ တွေ့ရှိမှုအပေါ် စစ်ဆေးမှု ပြီးစီခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အဖြေရလဒ် တင်ပြထားကြောင်း သိရ 
Monday, 07 January 2013

ဒဂုံမြို့သစ်အရှေ့ပိုင်း စက်မှုဇုန်အတွင်းရှိ ဒိုင်းမွန်းစတားကုမ္ပဏီမှ မှာယူထားသော ဂျုံစေ့များထည့်ထားသည့် ကွန်တိန်နာအတွင်း လက်နက်ခဲ့ယမ်းများ တွေ့ရှိမှုအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုပြီးစီးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အဖြေရလဒ် တင်ပြထားပြီးဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူ
တစ်ဦး၏ ပြောကြားချက်အရ သိရသည်။      

"ကျွန်တော်တို့အနေနဲ့က ဒီဖြစ်စဉ်နဲ့ပတ်သတ်လို့ အားလုံးကို စစ်ဆေးပြီးသွားပါပြီ။ ရလာတဲ့အဖြေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားပါတယ်။ စစ်ဆေးချက်အဖြေကိုတော့
ပြောပိုင်ခွင့်တော့ မရှိပါဘူး" ဟု ကွန်တိန်နာအတွင်း လက်နက်ခဲယမ်း
ပါရှိမှုတွင် စုံစမ်းစစ်ဆေးခဲ့သည့်အဖွဲ့မှ ရဲမှူးမြင့်အေးမှ ပြောခဲ့သည်။         

အဆိုပါ လက်နက်ခဲယမ်းများပါရှိသော ကွန်တိန်နာမှာ M.V Vission 1204 သဘောင်္နှင့် ရန်ကုန်ဆိပ်ကမ်းရှိ MITT တံတားသို့ စက်တင်ဘာလ ၁၂ ရက်နေ့က ရောက်ရှိလာခြင်းဖြစ်ပြီး ၄င်းကွန်တိန်နာ အပါအ၀င် ဒိုင်းမွန်းစတားကုမ္ပဏီ၏ ဂျုံစေ့ကွန်တိန်နာ အလုံး ၄၀ အား စက်တင်ဘာလ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့တို့တွင် ဆိပ်ကမ်းမှ ထုတ်ယူခဲ့ကြောင်း သိရသည်။

ကွန်တိန်နာအတွင်း လက်နက်ခဲယမ်းများ ပါရှိမှုမှာ ကုမ္ပဏီနှင့် သက်ဆိုင်ခြင်းမရှိကြောင်းနှင့် လက်နက်ခဲယမ်းများ တွေ့ရှိချိန်မှစ၍လည်း သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း ကုမ္ပဏီတာဝန်ရှိသူမှ
ဖြစ်စဉ်ဖြစ်ပွားချိန်အတွင်း ပြောကြားခဲ့သည်။            

ယင်းဖြစ်စဉ်ဖြစ်ပွားချိန်တွင် သီလ၀ါဆိပ်ကမ်းရှိ X-ray စက်မှာ ပျက်နေကြောင်း၊ ကွန်တိန်နာအတွင်းရှိ ဂျုံအိတ်များကို X-ray နဲ့မစစ်ဘဲ ဆူးထိုးပြီးစစ်ဆေးခဲ့ကြောင်း၊ လက်နက်ခဲယမ်းပါရှိသော ကွန်တိန်နာမှာ စင်ကာပူဆိပ်ကမ်းမှ လာရောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

Eleven Media Group ဒဂုံမြို့သစ်အရှေ့ပိုင်း စက်မှုဇုန်အတွင်းရှိ ဒိုင်းမွန်းစတားကုမ္ပဏီမှ မှာယူ ထားသော ဂျုံစေ့များထည့်ထားသည့် ကွန်တိန်နာအတွင်း လက်နက် ခဲ့ယမ်းများ တွေ့ရှိမှုအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုပြီးစီးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အဖြေရလဒ် တင်ပြ ထားပြီးဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး ၏ ပြောကြား ချက်အရ သိရသည်။

ဂျွန်ဘရင်နန်အား CIA ညွှန်ကြားရေးမှူးအဖြစ် သမ္မတအိုဘားမား အမည်တင်သွင်း

ဂျွန်ဘရင်နန်အား CIA ညွှန်ကြားရေးမှူးအဖြစ် သမ္မတအိုဘားမား အမည်တင်သွင်း
Monday, January 07, 2013

အမေရိကန်သမ္မတ ဘာရတ် အိုဘားမားသည် ၎င်း၏ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး အကြံပေးအဖွဲ့ အကြီးအကဲ ဂျွန်ဘရင်နန်အား CIA ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ရန် ယနေ့ အမည်စာရင်း တင်သွင်းလိုက်သည်။ ဘရင်နန်သည် CIA တွင် ၂၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သော ဝါရင့်ထောက်လှမ်းရေး အရာရှိ
တစ်ဦးလည်း ဖြစ်သည်။

၎င်းသည် နိုင်ငံရပ်ခြားတွင် အမေရိကန်၏ မောင်းသူမဲ့တိုက်လေယာဉ်များ အသုံးပြုရေးနှင့် ၂၀၁၁ ခုနှစ်က အယ်လ်ကေဒါး အကြမ်းဖက်အဖွဲ
ခေါင်းဆောင် အိုစမာ ဘင်လာဒင်အား ရှာဖွေသုတ်သင်ရေးတို့တွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

Planet Myanmar Network
အမေရိကန်သမ္မတ ဘာရတ် အိုဘားမားသည် ၎င်း၏ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး အကြံပေးအဖွဲ့ အကြီးအကဲ ဂျွန်ဘရင်နန်အား CIA ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ရန် ယနေ့ အမည်စာရင်း တင်သွင်းလိုက်သည်။ ဘရင်နန်သည် CIA တွင် ၂၅ နှစ်ကြာ တာဝန် ထမ်းဆောင် ခဲ့သော ဝါရင့်ထောက်လှမ်းရေး အရာရှိ တစ်ဦး လည်း ဖြစ် သည်။

၂ဝ၁၂ ခုနှစ် အတွင်း ရန်ကုန် မြို့တော်၌ ယာဉ်မတော် တဆ မှုပေါင်း ၁၂၄၂ မှု ဖြစ်ပွား၊ သေဆုံးသူ ၂၉၁ ဦးနှင့် ထိခိုက် ဒဏ်ရာ ရရှိသူ ၁၆၉ ဦးရှိခဲ့

၂ဝ၁၂ ခုနှစ် အတွင်း ရန်ကုန် မြို့တော်၌ ယာဉ်မတော် တဆ မှုပေါင်း ၁၂၄၂ မှု ဖြစ်ပွား၊ သေဆုံးသူ ၂၉၁ ဦးနှင့် ထိခိုက် ဒဏ်ရာ ရရှိသူ ၁၆၉ ဦးရှိခဲ့

၂ဝ၁၂ ခုနှစ် တစ်နှစ်တာ ကာလ အတွင်း ရန်ကုန် မြို့တော်၌ ယာဉ်မတော် တဆမှုပေါင်း ၁၂၄၂မှု ဖြစ်ပွား ခဲ့ပြီး အဆိုပါ ဖြစ်စဉ် များကြောင့် သေဆုံးသူ ၂၉၁ဦးနှင့် ထိခိုက် ဒဏ်ရာ ရရှိသူ ဦးရေမှာ ၁၈၆၉ ဦး အထိရှိ ခဲ့ကြောင်း  ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့မှူး ရုံးမှ သိရသည်။

အဆိုပါယာဉ် မတော်တဆ မှုများအနက်  ဒီဇင်ဘာ လတွင် ယာဉ်မတော် တဆမှု ၁၃၆မှု ဖြစ်ခဲ့ပြီး  သေဆုံး သူ ၃၁ ဦးနှင့် ထိခိုက် ဒဏ်ရာ ရရှိသူ ၁၆၉ဦး အထိ ရှိခဲ့သည်။  မဆင်မခြင် မောင်းနှင် မှုများကြောင့်  ဒီဇင်ဘာလ ၂၅ရက် နောက်ပိုင်း နှစ်သစ် မကူးမီ ၃၁ရက် အထိ ယာဉ်မတော် တဆမှုများ စံချိန်တင်များ ပြားခဲ့သည်ဟု သိရသည်။ ထို့ပြင် ယာဉ်ယာဉ်ချင်း ဆင့်တိုက်မှု ဖြစ်စဉ် များလည်း အဖြစ်များ ခဲ့ကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ တွင်လည်း ယာဉ်မတော် တဆ ဖြစ်ပွားမှု များပြားခဲ့ပြီး မတော်တဆ မှု ၁၁၂ မှု၊ သေဆုံးသူ ၃၁ ဦးနှင့် ဒဏ်ရာရရှိသူ ၁၂၆ ဦး ရှိခဲ့သည်။ ယင်းအပြင် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ ဇွန်လနှင့်  နိုဝင်ဘာလ တို့တွင်လည်း ယာဉ်မတော် တဆမှု ၁ဝဝ မှု အထက် ဖြစ်ပွား ခဲ့သည်။ ၂ဝ၁၂ ခုနှစ်တွင် ယာဉ် မတော် တဆမှုများ များပြားခဲ့ပြီး ပြီးခဲ့သည့် နှစ်ထက် ပိုမို အဖြစ်များ ခဲ့သည်ဟု သိရသည်။

ယာဉ်မတော် တဆ ဖြစ်ပွားခဲ့ မှုများသည် လစဉ်ပျမ်းမျှ အနေဖြင့် ၁ဝ၃ မှုနှင့် အထက် ရှိနေပြီး သေဆုံးမှုတွင်  လစဉ် ပျမ်းမျှ ၂၄ဦးခန့် ယာဉ်မတော် တဆ ဖြစ်စဉ် များကြောင့် သေဆုံး နေရသည်။ ထိခိုက်ဒဏ်ရာ ရရှိမှု တွင်လည်း ၁၅၆ ဦးခန့် လစဉ်ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ ယာဉ်မတော် တဆ ဖြစ်စဉ်များသည် လမ်းများကို အသုံးပြု နေကြ သူများ၏ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အပေါ်တွင် မူတည်နေကြောင်း  မြို့ပြ ရေးရာ ကျွမ်းကျင်သူ သုတေ သီများက သုံးသပ် ကြသည်။

http://www.myawady.net.mm/allnews/localnews/item/3764-2013-01-07-10-21-17
၂ဝ၁၂ ခုနှစ် တစ်နှစ်တာ ကာလအတွင်း ရန်ကုန် မြို့တော်၌ ယာဉ်မတော် တဆမှုပေါင်း ၁၂၄၂မှု ဖြစ် ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်များကြောင့် သေဆုံးသူ ၂၉၁ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ဦးရေမှာ ၁၈၆၉ ဦး အထိရှိ ခဲ့ကြောင်း ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့မှူး ရုံးမှ သိရသည်။

မြန်မာ့မီးရထား (မြို့ပတ်)အား မြန်နှုန်းတင်မောင်းနှင်ရင်ခက်ခဲမှုရှိဆဲ

မြန်မာ့မီးရထား (မြို့ပတ်)အား မြန်နှုန်းတင်မောင်းနှင်ရင်ခက်ခဲမှုရှိဆဲ 
( The Hot News )

ရန်ကုန်မြို့တွင်လည်ပတ်ပြေးဆွဲလျက်ရှိသော ရန်ကုန်မြို့ ပတ်ရထားသည် ခရီးသွားပြည်သူများအတွက်နှောင့်နှေးကြန့်ကြာမှုရှိခြင်းကြောင့် အောက်ခြေရှိ အခြေခံလူတန်းစားများသည် ရထားထက် ကားကိုသာအသုံးပြု  သွားလာနေရပြီး လက်ရှိရန်ကုန်   မြို့တွင်းပြေးဆွဲလျက်ရှိသော ရထားများသည် မြန်ဆန်မှုနှင့်မှန်ကန်မှုရှိရန်လိုအပ်နေကြောင်း သိရှိရသည်။
အဆိုပါကဲ့သို့ ရန်ကုန်မြို့ ပတ်ရထားအား ယခုထက်ပိုမိုမြန် ဆန်စွာပြေးဆွဲနိုင်ရန်အတွက် ကြိုးစားလျက်ရှိကြောင်းကို မြန်မာ့ မီးရထားလုပ်ငန်းမှမြို့ပြအင်ဂျင် နီယာဌာနမှူးဦးတင်ဝင်းကပြော ကြားရာတွင် ““ရန်ကုန်ဘူတာကြီး   အပါအ၀င် ၃၈ဘူတာလုံးကိုပထမ  ဦးစားပေး၊ဒုတိယဦးစားပေး၊တတိ ယဦးစားပေးဆိုပြီး သုံးပိုင်းခွဲခြား  လုပ်နေတယ်။ပထမဦးစားပေး အနေနဲ့ပြီးသွားပြီ။အခု ဒုတိယ  ဦးစားပေးနဲ့တတိယဦးစားပေးလုပ်  ဖို့ရုံးချုပ်ကိုတင်ပြဖို့လုပ်နေတယ်။   အဲဒီအပေါ်မှာလည်းလုပ်ငန်းရှင်တွေကို တင်ဒါခေါ်ပြီးတော့ဆက် လုပ်သွားမယ်””ဟု ပြောကြားခဲ့ သည်။
လက်ရှိမြန်မာ့မီးရထားလုပ် ငန်းနှင့်ပတ်သက်၍အထက်ပါ ပုဂ်္ဂိုလ်ကဆက်လက်ပြောကြားရာ တွင်လည်း ““အရင်တုန်းက ရထား လမ်းတွေက သစ်သားဇလီဖာတုံးတွေဖြစ်တဲ့အတွက် ရထားမောင်း  နှင်ရာမှာ မြန်နှုန်းများများမပေး နိုင်ဘူး။အခုဦးတို့အနေနဲ့ကွန်ကရစ်  ဇလီဖာတုံးတွေကိုလဲလိုက်ရတယ်  ရထားလမ်းတွေကလည်း တောင့် တင်းကြံ့ခိုင်လာတယ်။ရထားရဲ့ မြန်နှုန်းကိုလည်း ယခင်ထက်ပိုပြီးတော့တိုးမြှင့်လို့ရတယ်။အဲဒီလိုတိုး မြှင့်လိုက်တဲ့အတွက်ရထားစီးရတဲ့ အချိန်တွေကလည်းနည်းသွား မယ်။အဲဒီလိုမြန်နှုန်းမြင့်မောင်းဖို့က      အဝေးပြေးရထားလမ်းတွေမှာပဲ ဖြစ်နိုင်မယ်။မြို့ပတ်ရထားလမ်းမှာ တော့ မြန်နှုန်းကို ယခုထက်တိုး မြှင့်မောင်းနှင်ဖို့တော့ မဖြစ်နိုင် တော့ဘူး။ဘာလို့လည်းဆိုတော့  ရထားတစ်ဘူတာနဲ့တစ်ဘူတာ လည်း ကပ်တယ်။ရထားတစ်စင်း နဲ့တစ်စင်းကလည်း ဆက်နေတာ  ဆိုတော့ သူ့ထက်တော့မြန်နှုန်းမြှင့် ဖို့မောင်းဖို့မဖြစ်နိုင်သေးဘူး””ဟု ပြောကြားခဲ့သည်။
မြန်မာ့မီးရထားလမ်းအား ယခုထက်ပိုမိုအဆင့်မြင့်ပြေးဆွဲ  နိုင်ရန်အတွက် JICA  မှတာဝန်ရှိ သူများက မကြာခဏလာရောက် ကြည့်ရှုလျက်ရှိကြောင်း မကြာမီ တွင် ရန်ကုန်နှင့်မန္တလေးရထား လမ်းအား မြန်မာနှင့်ဂျပန်ပူးပေါင်း   ကာအဆင့်မြင့်တင်သွားမည်ဖြစ် ကြောင်း သိရှိရသည်။

ဖြိုးအောင်

http://www.hotnewsweekly.com/archives/15628 ရန်ကုန်မြို့တွင်လည်ပတ်ပြေးဆွဲလျက်ရှိသော ရန်ကုန်မြို့ ပတ်ရထား သည် ခရီးသွားပြည်သူများအတွက်နှောင့် နှေးကြန့်ကြာမှု ရှိခြင်းကြောင့် အောက်ခြေရှိ အခြေခံလူတန်းစားများသည် ရထားထက် ကားကိုသာအသုံးပြု သွားလာနေရပြီး လက်ရှိရန်ကုန် မြို့တွင်းပြေး ဆွဲလျက် ရှိသော ရထားများသည် မြန်ဆန်မှုနှင့်မှန်ကန်မှုရှိရန်လို အပ်နေကြောင်း သိရှိရသည်။

အိမ်ခေါင်ပေါ်မှ ငါးမန်းတောင်များ

အိမ်ခေါင်ပေါ်မှ ငါးမန်းတောင်များ
Monday, January 07, 2013

ဟောင်ကောင်တွင် ငါးမန်းတောင် ရောင်းချသည့် လုပ်ငန်းများက ငါးမန်းတောင်များကို အခြောက်လှန်းရာတွင် နေအိမ် အမိုးပေါ်တွင် ထားရှိနေကြကြောင်း သိရသည်။ ယခင်က လမ်းဘေးများတွင် ငါးမန်းတောင်များကို ဖြန့်ကျက်ကာ လှန်းထားလေ့ ရှိသော်လည်း လမ်းသွားလမ်းလာများက ကန့်ကွက်မှုများ ကျယ်ပြန့်လာချိန်တွင် ယခုလို နေရာပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

ပုံတွင် အိမ်ခေါင်မိုးများပေါ် လှန်းထားသည့် ထောင်နှင့်သောင်းနှင့်ချီသော ငါးမန်းတောင်များကို တွေ့မြင်နိုင်သည်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ တာဝန်ရှိသူများက ယင်းကဲ့သို့ ငါးမန်းများစွာကို သတ်ဖြတ်ပြီး ဆူးတောင်များ ရယူနေခြင်းကြောင့် အနာဂတ်တွင် သမုဒ္ဒရာဇီဝ ပတ်ဝန်းကျင် မညီမှုမျှများ ပေါ်ပေါက်လာနိုင်ကြောင်း သတိပေး ပြောဆိုထားသည်။

ငါးမန်းတောင် ရောင်းဝယ်ဖောက်ကားမှုသည် ပြီးခဲ့သည့် နှစ်ပိုင်းများ
အတွင်း ကျဆင်းလာသော်လည်း ဟောင်ကောင်သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဈေးကွက်တစ်ခုအဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်သည်။ ငါးမန်းတောင်ကို (အထူးသဖြင့် တရုတ်ပြည်တွင်) ဟင်းချိုအဖြစ် ပြုလုပ် စားသုံးလေ့ ရှိကြောင်းလည်း သိရသည်။

Planet Myanmar Network ဟောင်ကောင်တွင် ငါးမန်းတောင် ရောင်းချသည့် လုပ်ငန်းများက ငါးမန်းတောင်များကို အခြောက်လှန်းရာတွင် နေအိမ် အမိုးပေါ်တွင် ထားရှိနေကြကြောင်း သိရသည်။ ယခင်က လမ်းဘေးများတွင် ငါးမန်းတောင်များကို ဖြန့်ကျက်ကာ လှန်းထားလေ့ ရှိသော်လည်း လမ်းသွားလမ်းလာများက ကန့်ကွက်မှုများ ကျယ်ပြန့်လာချိန်တွင် ယခု လို နေရာပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

သကြားဖြင့် အနာကို ပျောက်စေ

Photo: သကြားဖြင့် အနာကို ပျောက်စေ
Monday, January 07, 2013 

သကြားနဲ့ တကယ်ပဲ အနာကို ပျောက်စေပါတယ်။ ယင်းနည်းလမ်းကို အာဖရိကတိုက်မှာ ဟိုးအရင်ကတည်းက အသုံးပြုနေတာ ဖြစ်ပါတယ်။

စားဖို့၊ သောက်ဖို့ မဟုတ်ပါဘူး။ ထိခိုက်ရှနာ၊ ပြည်တည်နာ၊ ဒဏ်ရာ၊
အနာဖြစ်တဲ့နေရာကို သကြားနဲ့ တိုက်ရိုက် ဖုံးအုပ်ခြင်းဖြင့်ပျောက်ကင်း
စေပါတယ်။ ဘာလို့လဲဆို သကြားမှာ ပါတဲ့ hygroscopic ဟာ ဘက်တီးရီးယားတွေ အသက်ရှင်ဖို့လိုအပ်တဲ့ ရေမှန်သမျှကို ဆုပ်ယူပါတယ်။

ဒါကြောင့် အနာကို ဆက်ရှင်သန်စေမယ့် ဘက်တီးရီးယား ပိုမွားများကို တိုက်ရိုက် သေစေပါတယ်။
--
Ref: medic-facts
Inernational news for myanmar 
သကြားနဲ့ တကယ်ပဲ အနာကို ပျောက်စေပါတယ်။ ယင်းနည်းလမ်းကို အာဖရိကတိုက်မှာ ဟိုးအရင်ကတည်းက အသုံးပြုနေတာ ဖြစ်ပါတယ်။ စားဖို့၊ သောက်ဖို့ မဟုတ်ပါဘူး။ ထိခိုက်ရှနာ၊ ပြည်တည်နာ၊ ဒဏ်ရာ၊ အနာဖြစ်တဲ့နေရာကို သကြားနဲ့ တိုက်ရိုက် ဖုံးအုပ်ခြင်းဖြင့်ပျောက် ကင်း စေပါတယ်။ ဘာလို့လဲဆို သကြားမှာ ပါတဲ့ hygroscopic ဟာ

မျှော်လင့်နေကြတဲ့ တန်ဖိုးနည်း တစ်သိန်းဖုန်း လာပြီ

Photo: မျှော်လင့်နေကြတဲ့ တန်ဖိုးနည်း တစ်သိန်းဖုန်း လာပြီ
Monday, January 07, 2013

ကျပ်တစ်သိန်းတန် GSM နှင့် ကျပ် ၁၂၀၀၀၀ တန် WCDMA ဆင်းမ်ကတ်များကို ဇန်နဝါရီ ဒုတိယပတ်မှ စတင်၍ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မိုဘိုင်း အင်ဂျင်နီယာဌာန ဒုတိယအင်ဂျင်နီယာချုပ် ဦးစိုးအောင်က ပြောကြားသွားသည်။

အဆိုပါ မိုဘိုင်း ဆင်းမ်ကတ်များကို ယခင်က မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတစ်ခုတည်းမှ ရောင်းချသွားမည်ဟု ကြေညာခဲ့သော်လည်း ယခုအခါ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် ပုဂ္ဂလိက ကုမ္ပဏီ ၁၃ ခုမှ တစ်ဆင့် ဖြန့်ဖြူး၍ ပြင်ပ ဖုန်းအရောင်းဆိုင်များတွင် လွတ်လပ်စွာ ဝယ်ယူနိုင်တော့မည်ဟု ယင်းက ဆိုသည်။

“ဆက်သွယ်ရေးက သတ်မှတ်ထားတဲ့ ဆိုင်တွေမှာ ရောင်းမယ်။ ရတနာပုံ၊ Elite အစရှိတဲ့ ကုမ္ပဏီတွေကနေ တစ်ဆင့်လည်း ဖြန့်ဖြူးသွား မယ်။ နှစ်သိန်းတန်ဖုန်းလိုပဲ ဘယ်ဆိုင်မှာမဆို ဝယ်လို့ရမှာပါ” ဟု ၎င်းက ပြောသည်။

ပြင်ပ ဖုန်းအရောင်းဆိုင်များသည် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတ်မှတ်ထားသည့် နှုန်းထားအတိုင်း ရောင်းချခြင်း မပြုဘဲ ဆင်းမ်ကတ်များကို ဈေးနှုန်းမြှင့်၍ ရောင်းချပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

“အပြင်ဖုန်းဆိုင်တွေကိုတော့ ရောင်းတဲ့ရက် မတိုင်မီ ဈေးပိုမရောင်းဖို့ သတိပေးထားတယ်။ ဒါကလည်း ၂ သိန်းဖုန်းတုန်းကလို ဈေးနှုန်း မဖောင်းပွစေချင်လို့ပါ။ ရောင်းမယ့်ရက်ကိုတော့ ၁၁/၁၂ ရက်လောက် ခန့်မှန်းထားပါတယ်။ မရောင်းမီလည်း သတင်းစာထဲကနေ ကြေညာမှာပါ” လို့ ယင်းက ဆက်ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရန်ကုန်တိုင်းဒေသကြီးတွင် ရောင်းဆိုင် ၁၈ ခု ဖွင့်လှစ်ရောင်းချသွားမည် ဖြစ်ပြီး ကျန်တိုင်းနှင့် ပြည်နယ်များတွင် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ကြသည့် ကုမ္ပဏီများမှတစ်ဆင့် ဖြန့်ဖြူးနိုင် မည် ဖြစ်ကြောင်း သိရသည်။

ယင်းနှင့် ပတ်သက်၍ Elite Tech မှ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းခင်မောင်အေးက “ကတ်တွေ ဖြန့်ချိရေး အပိုင်းကိုတော့ ကျွန်တော်တို့ ကုမ္ပဏီအပါအဝင် တခြားကုမ္ပဏီတွေကလည်း လုပ်ကြမယ်။

ဒီတစ်ခေါက် ချပေးမယ့်လိုင်းက များပြီး ကတ်များများချနိုင် မှာ ဖြစ်တဲ့အတွက် ဈေးနှုန်းကစားတာမျိုး မဖြစ်လောက်ပါဘူး။

အပြင်ဆိုင်တွေမှာလည်း ဝယ်လို့ရမှာ ဖြစ်တဲ့အတွက် ပြည်သူတွေအတွက် အဆင်ပြေမှာပါ” ဟု ပြောသည်။ GSM Sim ကတ်များကို ကျပ် ၂ သိန်းဖြင့်လည်းကောင်း WCDMA Sim ကတ်များကို ကျပ် ၂ သိန်းခွဲဖြင့်လည်းကောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ စတင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

By Smart News ကျပ်တစ်သိန်းတန် GSM နှင့် ကျပ် ၁၂၀၀၀၀ တန် WCDMA ဆင်းမ်ကတ်များကို ဇန်နဝါရီ ဒုတိယပတ်မှ စတင်၍ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မိုဘိုင်း အင်ဂျင် နီယာဌာန ဒုတိယအင်ဂျင်နီယာချုပ် ဦးစိုးအောင် က ပြောကြား သွား သည်။

ABSDF မြောက်ပိုင်းအဖွဲ့မှ သံဃာတော်များထံပန်ကြားချက် သံဃာများနှင့် ပြည်သူအများစုလက်မခံ

Photo: ABSDF မြောက်ပိုင်းအဖွဲ့မှ သံဃာတော်များထံပန်ကြားချက်
သံဃာများနှင့် ပြည်သူအများစုလက်မခံ
Monday, January 07, 2013

ကချင်ပြည်နယ်တွင် KIA နှင့် အတူပူးတွဲ၍ အစိုးရတပ်များကို တိုက်ခိုက်
နေသော ABSDF (မြောက်ပိုင်း) အဖွဲ့မှ သံဃာတော် အရှင်သူမြတ်များအား
လျှောက်ထားပန်ကြားခြင်း ခေါင်းစဉ်ဖြင့် (၇-၁-၂၀၁၃)  ကြေငြာချက်
တစ်စောင်နှင့် ကြေငြာချက်အား ABSDF တပ်ဖွဲ့ဝင် ရဲမေတစ်ဦးမှ 
ဖတ်ပြ၍ Online မှတစ်ဆင့် ထုတ်ပြန်ခဲ့ပါသည်။

၎င်းပန်ကြားချက်တွင် ပြည်တွင်းရှိ သံဃာတော်များမှ ကချင် ပြည်နယ်
အတွင်း အစိုးရမှဆင်နွှဲနေသော စစ်ပွဲကို ၀ိုင်းဝန်းဆန့်ကျင်ကန့်ကွက်
ပေးကြပါရန် ကျောင်းသား တပ်မတော်(မြောက်ပိုင်း)မှ လျှောက်ထား
ပါသည် ဟူ၍ပါရှိပါသည်။ 

၎င်းပန်ကြားချက်နှင့်ပတ်သက်၍ ပြည် တွင်းရှိသံဃာများနှင့် ပြည်သူများမှ လက်ခံမှုမရှိကြောင်း သိရှိရပါသည်။ မန္တလေး မစိုးရိမ်တိုက်သစ်တွင် သီတင်းသုံးနေသော သံဃာတော်တစ်ပါးက " ဒီကိစ္စမှာ ABSDF အနေနဲ့ ဘုန်းကြီးတွေကို သူတို့ပြဿနာထဲ ဆွဲထည့်နေတယ်လို့ ယူဆပါတယ်။ ဘုန်းကြီးတွေကို နိုင်ငံရေးမှာ အသုံးချချင်တိုင်း အသုံးချလို့ရတယ် ထင်နေကြတယ်။ ABSDF ဆိုတာကလည်း ကျောင်းသားတပ်မတော်သာ
ဆိုတယ်။ ဘယ်တုန်းက ကျောင်းသား တွေလဲ မသိဘူး။ ဖတ်ပြသွားတဲ့ ဒကာမ ဆိုရင်လည်း ဗုဒ္ဒဘာသာတောင် ဟုတ်ပုံမရဘူး။ သူတို့ ခေါင်းဆောင်
တောင် ပြည်တွင်းကိုရောက်လာပြီး ဆွေးနွေးနိုင်သေးတာ သူတို့က ဘာလို့ ငြိမ်းချမ်းရေး ကိုလက်မခံတာလဲ။ သံဃာတော်တွေကို သွားလုပ်ပေးပါ သွားလုပ်ပေးပါလို့ မတောင်းဆိုသင့်ပါဘူး။ လက်ပံ တောင်းတောင် ကိစ္စတုန်းကလဲ ဘယ်နိုင်ငံရေးသမားကမှ ဦးဇင်းတို့ကို တောင်းဆို
ခဲ့တာမဟုတ်ဘူး။ ပြည်သူ့ အတွက်လိုအပ်တယ်ထင်လို့ ပါဝင်ခဲ့တာ။ အခုကိစ္စက စစ်ရေးစစ်ရာကိစ္စ၊ သံဃာတော်တွေနဲ့ လုံးဝ မသက်ဆိုင်ပါဘူး" ဟု မိန့်ကြားသွားသည်။
 
ထို့ပြင် ပြည်ပရှိ သံဃာတော်များမှလည်း ၎င်းပန်ကြားချက်နှင့်ပတ်သက်၍ သံဃာတော်များအားလုံး ဂရုစိုက်ကြရန်နှင့် ၎င်းကြေငြာချက်၏ ရည်ရွယ်ချက်မှာ သံဃာတော်များအား အသုံးချလိုခြင်းဖြစ်ကြောင်း
ပြောကြားထားသည်။ ၎င်း ABSDF (မြောက်ပိုင်း)၏ ပ န်ကြားချက်အား Online သတင်းဌာနများတွင် တင် ထားရာ ကြည့်ရှုသူအများစုမှာ ၎င်းပန်ကြားချက်အား လုံးဝလက်မခံကြောင်း မှတ်ချက်ပေးထားသည်ကို
တွေ့ရှိရပါသည်။ ကချင်ပြည်နယ်တွင် KIA နှင့် အတူပူးတွဲ၍ အစိုးရတပ်များကို တိုက်ခိုက်နေသော ABSDF (မြောက်ပိုင်း) အဖွဲ့မှ သံဃာတော် အရှင် သူမြတ်များအားလျှောက်ထားပန်ကြားခြင်း ခေါင်းစဉ်ဖြင့် (၇-၁- ၂၀၁၃) ကြေငြာ ချက်တစ်စောင်နှင့် ကြေငြာချက်အား ABSDF တပ်ဖွဲ့ ၀င် ရဲမေတစ်ဦးမှ ဖတ်ပြ၍ Online မှတစ်ဆင့် ထုတ်ပြန် ခဲ့ပါ သည်။၎င်းပန်ကြားချက်တွင် ပြည်တွင်းရှိ သံဃာတော်များမှ ကချင် ပြည်နယ်အတွင်း အစိုးရမှဆင်နွှဲနေသော စစ်ပွဲကို ၀ိုင်းဝန်း ဆန့်ကျင် ကန့်ကွက် ပေးကြပါရန် ကျောင်းသား တပ်မတော် (မြောက်ပိုင်း) မှ လျှောက်ထားပါသည် ဟူ၍ပါရှိပါသည်။

Standard Chartered ဘဏ် မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်မည်

Photo: Standard Chartered ဘဏ် မြန်မာနိုင်ငံသို့ ပြန်လည်
ဝင်ရောက်မည်
Monday, January 07, 2013

၁၈၆၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပထမဆုံးဘဏ်ခွဲဖွင့်လှစ်ခဲ့ပြီး နိုင်ငံပေါင်း ၇၀ ကျော်တွင် ဘဏ်ခွဲပေါင်း ၁၇၀၀ ဖွင့်လှစ်ထားသော Standard Chartered နိုင်ငံတကာဘဏ်ကြီးသည် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည်။

Standard Chartered ဘဏ်ရုံးခွဲ ပြန်လည်ဖွင့်လှစ်နိုင်ရေး မြန်မာနိုင်ငံ ဗဟိုဘဏ်က လိုင်စင်ချပေးရေး အလျှင်အမြန် ခွင့်ပြုပေးလိုက်၍ အားရ၀မ်းသာဖြစ်မိကြောင်းနှင့် မြန်မာနိုင်ငံမှ ပေါ်ထွက်လာသော အခွင့်အရေးသစ်များကို ဆွတ်ယူနိုင်ရေး ကြိုးပမ်းနေသော ၎င်းတို့၏ ဖောက်သည်များကို ဘဏ်၏ ကမ္ဘာလုံးဆိုင်ရာကွန်ရက်နှင့် ချိတ်ဆက်ပံ့ပိုးပေးနိုင်ရန် မျှော်လင့်ပါသည်ဟု အဆိုပါ ဘဏ်၏ အာရှရုံးအမှုဆောင်အရာရှိချုပ် ဂျက်စပယ်ဘင်ဒရာက ပြောကြားသည်။

၁၉၆၃ ခုနှစ်တွင်ဘဏ်လုပ်ငန်းများ ပြည်သူပိုင်လုပ်ခဲ့ပြီးနောက် မြန်မာ
ဈေးကွက်အတွင်းမှ ထွက်ခွာသွားခဲ့သော Standard Chartered ဘဏ်သည် ၁၉၉၅-၂၀၀၄ တွင်လည်း မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးဖွင့်လှစ်
လုပ်ကိုင်ခဲ့သည်။ 

ဘဏ်၏ ကိုယ်စားလှယ်ရုံးအား ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့၌ ဖွင့်လှစ်သွားမည်ဖြစ်သည်။ အဆိုပါ ဘဏ်သည် အခြားအာဆီယံနိုင်ငံ ကိုးနိုင်ငံတွင်လည်း ဘဏ်လုပ်ငန်းများ ဖွင့်လှစ်လုပ်ကိုင်နေပြီဖြစ်သည်။

7Day News Journal
၁၈၆၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပထမဆုံးဘဏ်ခွဲဖွင့်လှစ်ခဲ့ပြီး နိုင်ငံပေါင်း ၇၀ ကျော်တွင် ဘဏ်ခွဲပေါင်း ၁၇၀၀ ဖွင့်လှစ်ထားသော Standard Chartered နိုင်ငံတကာဘဏ်ကြီးသည် မြန်မာနိုင်ငံတွင် ကိုယ်စား

ကချင်ပြည်နယ်တွင်းဖြစ်ပွားလျှက်ရှိသော စစ်ရေးပဋိပက္ခအပေါ်ABSDF အဖွဲ့မှ သဘောထား ထုတ်ပြန်ချက် တစ်ရပ်

ကချင်ပြည်နယ်တွင်းဖြစ်ပွားလျှက်ရှိသော စစ်ရေးပဋိပက္ခအပေါ်ABSDF အဖွဲ့မှ သဘောထား ထုတ်ပြန်ချက် တစ်ရပ် ယနေ့ ဇန်န၀ါရီလ ၇ ရက်စွဲဖြင့်ထုတ်ပြန်လိုက်ကြောင်းသိရသည်။

ဂျပန်ဒုဝန်ကြီးချုပ်တာရိုအာဆိုရဲ့ မြန်မာပြည်ခရီးစဉ်မှာ မြန်မာ့အကြွေးတွေလျှော်ပစ်ခဲ့တဲ့ အပေါ်တရုတ်ကို ပစ်မှတ်ထားတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ကြောင်းတရုတ်သတင်းစာဖေါ်ပြ

 
မြန်မာနိုင်ငံဟာ ဂျပန်၊ အိန္ဒိယ၊ အနောက်နိုင်ငံတွေနဲ့ ပိုပြီး နီးစပ် လာနေပြီး၊ ဆက်ဆံရေးတိုးမြှင့်လာနေတာဟာ တရုတ် မြန်မာ ဆက် ဆံရေး အပေါ် သက်ရောက်မှုတွေရှိ လာနေပြီး၊ မြန်မာနိုင်ငံနဲ့ ပတ်သက် တဲ့ တရုတ်ရဲ့ မဟာဗျူဟာ နေရာအခင်းအကျင်း အပေါ်မှာ လည်း ဖိအား တစ်ရပ်ဖြစ်လာနေတယ်လို့

ကျောက်ဖြူ မွတ်ဆလင်များ နေရာချထားရေး မရေရာသေး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ထွက်ပြေးသွားကြသော မွတ်ဆလင် များအား ပြန်လည် နေရာချထားပေးနိုင်ရေး အတွက် ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူများကျောက်ဖြူမြို့သို့ လာရောက်ဆွေးနွေးသော် လည်း အခြေအနေမှာ မရေရာသေးဘဲ ဖြစ်နေကြောင်း သတင်း ရရှိ သည်။

CNPC တရုတ်ကုမ္ပဏီ မိလ္လာ ရွာကိုထိခိုက်၍ ဆန္ဒဖေါ်ထုတ်ပွဲ လုပ်ကာ ကန့်ကွက်မည်

 
China National Petroleum Cooperation( CNPC) ကုမ္ပဏီ အလုပ်သမားများ စွန့်ပစ်သော မိလ္လာများကြောင့် ကျောက်ဖြူမြို့နယ် ဂုံးရှိန် ကျေးရွာကို အထူး ထိခိုက်နေသဖြင့် ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်ပြီး ကန့်ကွက်သွားမည်ဟု သိရသည်။

ရခိုင်စက်လှေ လုပ်သားအား ပင်လယ်ထဲတွင် ဘင်္ဂါလီများက သေနတ်ဖြင့်ပစ်ခတ်

 ပေါက်တောမြို့နယ်၊ သဲခုံကျွန်းမှရေလုပ်သားတစ်ဦးဖြစ်သူ ချင်းတောင်း (၃၅နှစ်) သည် ယနေ့နံနက် ၃နာရီခွဲခန့်တွင် အွိုင်စတာ မီးပြအနီးပင်လယ်ပြင်တွင် ကမ်းဝေးငါးဖမ်းလှေတစ်စီးမှ ငါးဝယ် ယူနေ စဉ်၊ အနီးမှဖြတ်သွားသည့် ဘင်္ဂလီလှေတစ်စီးမှ တူမီးသေနတ်ဖြင့် ပစ်ခတ်သဖြင့် ၀မ်းဗိုက်တွင် ဒဏ်ရာရရှိသွားသည်။

တစ်လပိုင်းအတွင်းအကြောင်းမပြန်ပါကရွာ(၃၀)ကျော်မှဆန္ဒပြမည်

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်မှ အသိမ်းခံ လယ်ယာမြေ များအတွက် လယ်ယာမြေနှင့် အခြားမြေများ စုံစမ်း စစဆးရေး ကော်မရှင်  မှ လာရောက်စုံစမ်း စစ်ဆေးခဲ့သော်လည်း

မောင်တောတွင် ဘုရားဖူးကား တိမ်းမှောက်၍ လူ(၃) ဦး ဆေးရုံတင်ရ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဘုရားဖူး ကားတစ်စီး တိမ်းမှောက်သွား သဖြင့် လူ (၃) ဦးအား ဆေးရုံ တင်လိုက်ရသည်ဟု သတင်း ရရှိသည်။

မဟာမြိုင်ဒေသတွင်သစ်စေးပင်များအားထင်းခုတ်မှုကြောင့်သစ်စေးပင်များရှားပါးလာ

မဟာမြိုင်ဒေသတွင်သစ်စေးပင်များအားထင်းခုတ်မှုကြောင့်သစ်စေးပင်များရှားပါးလာ 
( The Hot News )

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ် အတွင်းရှိ မဟာမြိုင်ဒေသတောထဲ တွင် သဘာဝအလျောက် ပေါက် ရောက်လျက်ရှိသော အဖိုးတန်  သစ်စေးပင်များအားမီးဖိုချောင် နှင့်စီးပွားရေးလုပ်ငန်းသုံးထင်း လောင်စာအဖြစ် ဒေသခံများခုတ်  ယူရောင်းချနေမှုမှာ တစ်နေ့တစ် ခြားမြင့်မားလာသဖြင့် သစ်စေးပင် များ ရှားပါးလာခဲ့ကြောင်း မဟာ မြိုင်ဒေသအတွင်းရှိ ရွာတော်ရွာ   နေသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
““အခုဆိုရင် သစ်စေးပင်တွေ ကို ထင်းအဖြစ်ခုတ်ယူပြီး မောက္က တော်ရွာရဲ့အောက်နားမှာရှိတဲ့ မြောင်းဆင်းရွာဆိပ်ကမ်းကနေ မုံရွာကို ထင်းမော်တော်တွေနဲ့တင်  ပို့နေကြတယ်။မုံရွာ အလုံဆိပ်ကမ်း  မှာ ထင်းမော်တော်တွေပေါ်မှာ ကြည့်လိုက်ရင် သစ်စေးသားတွေ ဘဲ ခပ်များများတွေ့ရတယ်လို့”” ထင်းဝယ်သူတစ်ဦးက ဆိုပါတယ်။
““သစ်စေးကို သပိတ်ပုတီး ယွန်းထည်၊ကွမ်းအစ်၊ဘုရားရွှေ    သင်္ကန်းကပ်တဲ့နေရာတွေမှာ အသုံး  များပါတယ်။မြန်မာ့ယာဉ်ကျေးမှု   လက်ရာတွေအမျိုးမျိုးပြုလုပ်တဲ့  ကုန်ကြမ်းပစ္စည်းတစ်မျိုးဖြစ်တယ်။  သစ်စေးကို ကလေးခရိုင်မင်ကင်း မြို့နယ် မဟာမြိင်လို့ခေါ်တဲ့ မောက္က တော် ချောင်းဖျားမှာထွက်တယ်။   ကသာနဲ့ရှမ်းပြည်မြောက်ပိုင်းဒေသ  တစ်ချို့နေရာတွေနောက်ပြီး တောင်ငူဘက်မှာလည်း အနည်း ငယ်ထွက်တယ်။
သစ်စေးမှာ အနက်၊အနီ၊ အညို ဆိုပြီးထွက်တယ်။ ဈေးအ ကောင်းဆုံး၊အရင်ကဆိုရင် ဂျပန် နိုင်ငံကတောင်ဝယ်ခဲ့ဖူးတယ်။ အခုနောက်ပိုင်း သစ်စေးကုန်သည် တွေရဲ့ မရိုးသားတဲ့ရောနှောရောင်း  ချမှုတွေကြောင့် နိုင်ငံခြားဈေးကွက်  ပျက်သွားခဲ့တယ်။ သစ်စေးထဲကို   ကညင်ဆီတွေရောနှောတာကြောင့်   နိုင်ငံခြားဈေးကွက်ပျက်သွားခဲ့တာ ပါ။ သစ်စေးဈေးကတော့ (၁)ပုံး ကို ကျပ်တစ်သိန်းဝန်းကျင်ကနေ   ဈေးတက်တဲ့အခါမှာတော့ ကျပ် တစ်သိန်းခွဲထိရောက်တတ်တယ်”” ဟု မုံရွာမြို့မှသစ်စေးကုန်သည် တစ်ဦးကဆိုပါတယ်။
““သစ်စေးထိုးရတာကမလွယ် ဘူး။သစ်စေးပင်မှာဝါးကျဉ်တောက် ကို ချွန်ပြီး ရိုက်ထည့်ထားရတာ။   ၃ရက်လောက်နေမှ ၁ကျပ်သား   တောင်ရချင်မှရတာ။တော်တော်   လေးပင်ပန်းခံပြီးလုပ်ရတယ်။ သစ်စေးနဲ့မတည့်တဲ့သူတွေဆိုရင် ယားနာတွေလိုမျိုးပေါက်တတ်တယ်။   အဲဒါကြောင့် အခုနောက်ပိုင်းမှာ သစ်စေးထိုးတဲ့လုပ်ငန်းကိုလုပ်ကိုင်    တဲ့သူတွေလည်းရှားပါးလာတယ်။  သစ်စေးက သစ်စေးပန်းပွင့်တဲ့ ပြာသို၊တပို့တွဲလတွေမှာဆိုရင် မ ထွက်တော့ဘူး။အဲဒီလိုအချိန်တွေ မှာ ဈေးကောင်းရတတ်တာပါ။ ကျွန်တော် လက်ရှိ သစ်စေးထိုးနေ  တဲ့တောတွေထဲမှာ လူတွေကသစ်  စေးပင်တွေကို ထင်းအဖြစ်ခုတ်ယူ  ရောင်းချလာတဲ့အတွက် တစ်နှစ် ထက်တစ်နှစ် သစ်စေးပင်တွေရှား ပါးနေပါပြီ””ဟု ပျဉ်းကိုင်းရွာမှ သစ် စေးထိုးလုပ်ငန်းလုပ်ကိုင်နေသူတစ် ဦးကဆိုပါတယ်။

စိုးမိုးထွန်း(မုံရွာ)

http://www.hotnewsweekly.com/archives/15615 စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ် အတွင်းရှိ မဟာ မြိုင်ဒေသတောထဲတွင် သဘာဝအလျောက် ပေါက် ရောက်လျက်ရှိသော အဖိုး တန် သစ်စေးပင်များအားမီးဖိုချောင် နှင့်စီးပွားရေးလုပ်ငန်းသုံးထင်း လောင်စာ အဖြစ် ဒေသခံများခုတ်ယူရောင်းချနေမှုမှာ တစ်နေ့တစ် ခြားမြင့်မားလာသဖြင့် သစ်စေးပင်များ ရှားပါးလာခဲ့ကြောင်း မဟာမြိုင်ဒေသ အတွင်းရှိ ရွာတော် ရွာနေသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။
““အခုဆိုရင် သစ်စေးပင်တွေ ကို ထင်းအဖြစ် ခုတ် ယူပြီး မောက္က တော် ရွာရဲ

အရစ်ကျ ရောင်းချထားသည့် မိုဘိုင်းဆင်းမ်ကတ်များကို မကြာမီ ထပ်မံ ချထားပေးမည့် ဈေးနှုန်းအတိုင်း သတ်မှတ်ပေးမည်

အရစ်ကျ ရောင်းချထားသည့် မိုဘိုင်းဆင်းမ်ကတ်များကို မကြာမီ ထပ်မံ
ချထားပေးမည့် ဈေးနှုန်းအတိုင်း သတ်မှတ်ပေးမည်
Monday, January 07, 2013 

မြန်မာ့ဆက်သွယ်ရေးမှ ကျေးလက်နေ ပြည်သူများသို့ အရစ်ကျ
 ရောင်းချပေးသည့် မိုဘိုင်းဆင်းမ်ကတ်များကို မကြာမီ ထွက်ရှိမည့် မိုဘိုင်းဈေးနှုန်းများ အတိုင်းသာ ပေးဆောင်စေမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။ တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် အရစ်ကျ ရောင်းချပေးထားသည့် မိုဘိုင်းဆင်းမ်ကတ်များကို ဇန်နဝါရီလ အတွင်း၌ ထွက်ရှိမည့် မိုဘိုင်းဖုန်း
များ၏ တန်ဖိုးအတိုင်းသာ ပေးဆောင်စေ မည်ဖြစ်ပြီး ပေးသွင်းပြီးသည့် ပမာဏမှာ ပိုနေပါက ဆက်သွယ်ရေးမှ ပြန်လည် ထုတ်ပေးမည် မဟုတ်ဘဲ
 ပေးဆောင်ရန် ကျန်ရှိသည့် ငွေပမာဏကိုသာ ဆက်လက်ကောက်ယူမည်
 ဖြစ်ကြောင်းလည်း သိရသည်။

 မြန်မာ့ ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းများကို ၂၀၀၉ ခုနှစ်
အတွင်း ငွေကျပ် ငါးသိန်းဖြင့် ရောင်းချပေးခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလတွင် ကျပ်ငွေ နှစ်သိန်းနှင့် နှစ်သိန်းခွဲတို့ဖြင့် ရောင်းချပေးခဲ့ကာ ယခုထပ်မံ
ထွက်ရှိမည့် မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းများကို အတိအကျ ထုတ်ပြန်ခြင်း မရှိသေးကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

မြန်မာ့ဆက်သွယ်ရေးမှ ကျေးလက်နေ ပြည်သူများသို့ အရစ်ကျရောင်း ချပေးသည့် မိုဘိုင်းဆင်းမ်ကတ်များကို မကြာမီ ထွက်ရှိမည့် မို ဘိုင်းဈေးနှုန်းများ အတိုင်းသာ ပေးဆောင်စေမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။

CIF တန်ဖိုးကြောင့် ကားဈေးကွက် လှုပ်ခတ်မှုမရှိ

 
ဇန်န၀ါရီလ( ၁ ) ရက်နေ့တွင် CIF တန်ဖိုးများ စတင်ပြောင်းလဲခဲ့သော် လည်း ရန်ကုန် ကားဈေးကွက် အတွင်း သိသာစွာ ပြောင်းလဲမှု မရှိသည့်အတွက် အရောင်းအ၀ယ်ပြန်လိုက်နေကြောင်း ကား အကျိုးဆောင် အသိုင်းအ၀ိုင်းက သိရှိရသည်။

HTC မှ အသစ် ထွက်မည့် M7

HTC M7 လို့ အမည် ပေးထားတဲ့ စမတ်ဖုန်း အသစ် တစ်မျိုးကို HTC မှ ထွက်ရှိ တော့မယ်လို့ ဆိုပါတယ်။
quad-core Qualcomm processor, ၄.၇ လက်မ 1920 x 1080 (full HD) မျက်နှာပြင်၊ RAM-2GB, internal က 32 GB, micro SD ကဒ်ထည့်လို့ မရ၊ ကင်မရာ 13 megapixel, ရှေ့  2 megapixel ကိုယ်စီ ရှိပါတယ်။ HTC ရဲ့   J Butterfly တို့လို ဖုန်းကောင်း များနဲ့ သိပ်မ

တရားမ၀င်ကုန်သွယ်မှု လျှော့ချရန် Mobile Teamအဖွဲ့မှ ဆောင်ရွက်နေ


 
မြန်မာနယ်စပ်ကုန်သွယ်ရေး စခန်းဂိတ်များအား လျှော့ချပြီးနောက် ပြည်ပ၌နိုင်ငံများနှင့်ကုန်စည် ကူးသန်းရောင်းဝယ်ရာတွင် တရားမ၀င် တင်သွင်းမှု၊ တင်ပို့မှုများ များပြားလာသည့်အတွက် ပင်လယ်ရေကြောင်းကုန်သွယ် ကဏ္ဍအား ထိခိုက်မှုများရှိလာကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်း ၀ယ်ရေးဝန်ကြီးဌာနမှ သိရှိရသည်။

လူစည်ကားရာနေရာများမှ တောင်းရမ်းစားသောက်သူများကိုအရေးယူမည်

လူစည်ကားရာနေရာများမှ တောင်းရမ်းစားသောက်သူများကိုအရေးယူမည်

January 7, 2013 Home, သတင်း 

ပဲခူးမြို့အတွင်းရှိ လူစည်းကား   ရာနေရာနှင့်နိုင်ငံခြားသားများဝင် ထွက်သွားလာလေ့ရှိသော နေရာ  များ၌တောင်းရမ်းစားသောက်သူ  များကို ၂၀၁၃ခုနှစ် ဇန်န၀ါရီလ  (၁)ရက်မှစတင်၍ ပဲခူးတိုင်းဒေသ  ကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက် ဖြင့် မြို့နယ်ဌာနဆိုင်ရာများ ပူး ပေါင်းဆောင်ရွက်ပြီး ဖမ်းဆီးအရေး  ယူမည်ဖြစ်ကြောင်း သိရှိရသည်။
““ဖမ်းဆီးအရေးယူခြင်းခံရ တဲ့ တောင်းရမ်းစားသောက်သူ  များကို အသက်အရွယ်အလိုက်၊   ကျား/မအလိုက် ခွဲခြားပြီး အသက်   မွေးမှုသင်တန်းကျောင်းနဲ့ပရဟိတ     သင်တန်းကျောင်းအနာကြီး ရောဂါစွဲကပ် သူတွေဖြစ်ရင်အနာကြီးရောဂါ    သည်တွေထားရာ ရန်ကုန်တိုင်း    ဒေသကြီး၊မှော်ဘီမြို့နယ်၊မှော် အင်းကျေးရွာကိုပို့မယ်၊   စိတ် ရောဂါဝေဒနာရှင်တွေဖြစ်ပါက     စိတ်ကျန်းမာရေးဆေးရုံးကို ပို့ဆောင်မှာဖြစ်ပါတယ်။ ကလေးသူငယ်များကို နောက် ကွယ်ကနေ ကြိုးကိုင်းပြီး တောင်း ရမ်းခိုင်းသူများကိုလည်း နိုင်ငံတော် မှ ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေ    တွေနှင့်အညီ ထိရောက်စွာ အရေး    ယူသွားမယ့်လို့””မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားပါသည်။
ပဲခူးမြို့အတွင်း တောင်းရမ်း  စားသောက်သူအရေအတွက်မှာ    စာရင်းအရ(၈၆)ဦးခန့်ရှိသည့်အ တွက် ၂၀၁၂ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်အထိကို ပညာပေးကာလ  အဖြစ်သတ်မှတ်ပြီး ဘုရား၊စေတီ၊  ပုထိုးများနှင့်ဘုန်းတော်ကြီးကျောင်း   အချို့တို့တွင် အသိပညာပေးဟော  ပြောပွဲများပြုလုပ်ကျင်းပပေးခဲ့ပါ သည်။ ၂၀၁၃ခုနှစ် ဇန်န၀ါရီလ  (၁)ရက်မှစတင်၍ အရေးယူမှု ကာလအဖြစ် သတ်မှတ်ကာ မြို့ နယ်ရဲတပ်ဖွဲ့မှူးအဖွဲ့ခေါင်းဆောင်    အဖြစ်ဦးဆောင်၍ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊လူဝန် မှုကြီးကြပ်ရေးဝန်ကြီးဌာန၊လူမှု   ၀န်ထမ်းဦးစီးဌာန၊စည်ပင်သာယာ  ရေးဝန်ကြီးဌာနနှင့်ကျန်းမာရေး  ဦးစီးဌာတိျု့ပူးပေါင်းပြီး တောင်း ရမ်း စားသောက်သူများပပျောက်  ရေးစီမံကိန်းကိုအကောင်အထည်   ဖော်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

 
အဖေ့သား(ပဲခူး)
The Hot News
ပဲခူးမြို့အတွင်းရှိ လူစည်းကား ရာနေရာနှင့်နိုင်ငံခြားသားများဝင် ထွက် သွား လာလေ့ရှိသောနေရာ များ၌တောင်းရမ်းစားသောက်သူ များ ကို ၂၀၁၃ခုနှစ် ဇန်န၀ါရီလ (၁)ရက်မှစတင်၍ ပဲခူးတိုင်းဒေသ ကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက် ဖြင့် မြို့နယ်ဌာန ဆိုင်ရာများ ပူး ပေါင်းဆောင်ရွက်ပြီး ဖမ်းဆီးအရေး ယူမည်ဖြစ်ကြောင်း သိရှိရ သည်။

ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာများထုတ်ဝေခွင့်နှင့်ပတ်သက်ပြီးပြန်ကြားရေးဒုဝန်ကြီးပြောကြားချက်

Photo: ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာများထုတ်ဝေခွင့်နှင့်ပတ်သက်ပြီးပြန်ကြားရေးဒုဝန်ကြီးပြောကြားချက်
Monday, January 07, 2013


ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာများထုတ်ဝေခွင့်ပေးတော့မယ့် အခြေအနေနဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုကြတဲ့အထဲမှာ ဒီကနေ့ အများပြည်သူဝန်ဆောင်မှုမီဒီယာအဖြစ် အသွင်ကူးပြောင်းရေးကို စတင်ဆောင်ရွက်နေတဲ့ နိုင်ငံပိုင်သတင်းစာ သုံးစောင်ဟာ တစ်စောင်ကို ငါးဆယ်ကျပ်နှုန်းနဲ့ ရောင်းချနေတာဟာ ပြည်သူ့ငွေတွေကို အရှုံးခံပြီးထုတ်နေကြောင်း၊ ဒါ့ကြောင့် ပုဂ္ဂလိကသတင်းစာများအနေနဲ့ ပြိုင်ဆိုင်ဖို့ခက်ခဲကြောင်းဆိုတဲ့ အချက်ပါဝင်ပါတယ်။ 

တကယ်တော့ နိုင်ငံပိုင်သတင်းစာများဟာ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ်က စပြီး နိုင်ငံတော်က ၀န်ထမ်းလစာ၊အငြိမ်းစား လစာများအတွက် အပြည့်အ၀ထုတ်ပေးပြီး စက်သုံးဆီနဲ့ ကုန်ကြမ်းအတွက် လိုအပ်ချက်ရဲ့ ၂၂ % သာထုတ်ပေးကာ ကျန်ငွေများကို မိမိဝင်ငွေထဲကလှည့်ပတ်သုံးစွဲပြီး စနစ်ကို စတင်ကျင့်သုံးခဲ့ပါတယ်။ နိုင်ငံခြားငွေနဲ့ပတ်သက်ရင် အရင်တုံး က ခြောက်ကျပ်ခွဲနှုန်းနဲ့ တွက်ချက်သုံးပေမယ့် အခု ဘဏ္ဍာရေးနှစ်ကစပြီး ပေါက်ဈေးအတိုင်းပေးချေရပါတယ်။ ရတဲ့ဝင်ငွေ အားလုံးကိုတော့ အရင်စနစ်အတိုင်းနိုင်ငံတော်ကိုပေးသွင်းခဲ့ရပါတယ်။ 

၂၀၁၂ ဧပြီလကစပြီး ၂၀၁၂ ဒီဇင်ဘာလအထိ လစာများနဲ့ ကုန်ကြမ်းပစ္စည်း၊ စက်သုံးဆီများအတွက် သုံးစွဲခဲ့တဲ့ငွေများ နဲ့ နိုင်ငံတော်ကိုပြန်လည်ပေးသွင်းပြီးတဲ့အထိ နှိုင်းယှဉ်ရင် နိုင်ငံတော်ကိုပေးသွင်းငွေက ပိုများနေတဲ့အတွက် မရှုံးပါဘူး။ ဘယ်လောက်မြတ်မယ်ဆိုတာကတော့ ဘဏ္ဍာရေးနှစ်ကုန်မှပဲ သိရမှာဖြစ်ပါတယ်။ သေချာတာကတော့ နိုင်ငံပိုင်သတင်းစာ များအရှုံးနဲ့လည်ပတ်နေတာမဟုတ်ဘူးဆိုတဲ့အချက်ပါပဲ။ 

သတင်းစာတစ်စောင်ရှုံးတယ်၊ မြတ်တယ်ဆိုတာ သတင်းစာတစ်စောင်ရောင်းဈေးနဲ့ကြည့်လို့မရပါဘူး။ ကြော်ငြာနဲ့ အခြား ၀င်ငွေများပါထည့်သွင်းတွက်ချက်ရတာဖြစ်ပါတယ်။ တကယ်တော့ ဒီကနေ့ ဂျာနယ်ထုတ်ဝေသူများဟာ ဒီသဘောကို သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ရောင်းဈေးကိုပဲ ပြောပြီး အရှုံးခံထုတ်တယ်လို့ စွတ်စွဲနေတဲ့အချက်ကိုတော့ ကျွန်တော် လည်းနားမလည်နိုင်ပါဘူး။ နိုင်ငံခြားမှာ ကြော်ငြာငွေအပေါ်မူတည်ပြီး အခမဲ့ပေးနေတဲ့ သတင်းစာများတောင်ရှိနေတာ ကျွန်တော်တို့အားလုံးအသိပါ။ အခုနိုင်ငံပိုင်သတင်းစာများ ဘာ့ကြောင့်ဈေးတက်မရောင်းတာလဲဆိုတာကရှင်းပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပြည်သူတွေလက်ထဲကို သတင်းစာတွေပိုပြီးရောက်စေချင်တယ်။ ဒါ့ကြောင့် ရောင်စုံပြောင်းတဲ့ အချိန် မှာ သတင်းစာဈေးမတက်ပါဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။ 

နောက်ပြောနေကြတဲ့အချက်ကတော့ ဖြန့်ချိရေးမှာ နိုင်ငံပိုင်သတင်းစာများအနေနဲ့ နိုင်ငံပိုင်ပို့ဆောင်ရေးတွေမှာ အခမဲ့ ပို့ဆောင်လို့ရတယ်ဆိုတဲ့အချက်ပါပဲ။ တကယ်တော့ မီးရထား၊လေကြောင်း၊ ရေကြောင်းက ပို့ဆောင်သမျှအားလုံး သတ် မှတ်ငွေကြေးအတိုင်းပေးချေနေရတာဖြစ်ပါတယ်။ ဘယ်နေရာကမှ အခမဲ့ပို့ မပေးပါဘူး။ တစ်ချို့နေရာများမှာဆိုရင် ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းများကနေ တဆင့် ပို့ဆောင်ပေးရတာလည်း ရှိပါတယ်။အဲဒီလိုနေရာမျိုးမှာဆိုရင် ပို့ဆောင်စရိတ်က ပိုကုန်ပါတယ်။ သို့သော် ပြည်သူ တွေလက်ထဲကို သတင်းစာရောက်စေချင်တဲ့အတွက် ရောက်အောင်ပို့ပါတယ်။ 

ဒီနေရာမှာ အမြတ်ဆိုတာက အများပြည်သူဝန်ဆောင်မှုအတွက်ဥိးတည်ဆောင်ရွက်တာဖြစ်တဲ့အတွက် ငွေကြေး အမြတ် အစွန်းအများကြီး ရအောင်မကြိုးစားပါဘူး။ ပြည်သူတွေလိုအပ်တဲ့သတင်းအချက်အလက်တွေကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိရေးကို ပဲ အဓိကအမြတ်အဖြစ်ရည်မှန်းဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါကလည်း အများပြည်သူဝန်ဆောင်မှုမီဒီယာရဲ့ အနှစ်သာရ ဖြစ်ပါတယ်။ 

ကျွန်တော်တို့နိုင်ငံမှာ Public Service Media အများပြည်သူဝန်ဆောင်မှုမီဒီယာရဲ့ သဘော သဘာဝကစိမ်းနေသေးတဲ့အတွက် အခုလို အထင်မှားမှုတွေရှိနေတယ်လို့ ထင်ပါတယ်။
Ye Htut ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာများထုတ်ဝေခွင့်ပေးတော့မယ့် အခြေ အနေနဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုကြတဲ့အထဲမှာ ဒီကနေ့ အများပြည်သူဝန်ဆောင်မှုမီဒီယာအဖြစ် အသွင်ကူးပြောင်းရေးကို စတင်ဆောင်ရွက်နေတဲ့ နိုင်ငံပိုင်သတင်းစာ သုံးစောင်ဟာ တစ်စောင် ကို ငါးဆယ်ကျပ်နှုန်းနဲ့ ရောင်းချနေတာဟာ ပြည်သူ ငွတွေကို အရှုံး ခံပြီးထုတ်နေကြောင်း၊ ဒါ့ကြောင့် ပုဂ္ဂလိက သတင်း စာများ အနေ နဲ့ ပြိုင်ဆိုင်ဖို့ခက်ခဲကြောင်းဆိုတဲ့ အချက်ပါဝင်ပါတယ်။

Apple မှ ဒေါ်လာ ၂၅၀ အောက် iPhone mini ထုတ်မည်ဟု သတင်းထွက်ရှိ


Apple မှ ဒေါ်လာ ၂၅၀ အောက် iPhone mini ထုတ်မည်ဟု 
သတင်းထွက်ရှိ
Monday, January 07, 2013 

iPad mini ထွက်ရှိပြီးသကာလ Apple ကုမ္ပဏီသည် iPhone နှင့်ပုံစံတူ အသေးစား iPhone mini ကို ၂၀၁၃ နွေရာသီတွင် ထွက်ရှိမည်ဟု သတင်းထွက်ရှိလာပါသည်။ iPad mini ကဲ့သို့ပင် ပို သေးသွယ်၍
ဈေးသက်သာသော Version အဖြစ်ထွက်လာမည်ဟု ခန့်မှန်းနေကြပါသည်။ 

Samsung နှင့် အပြိုင်ထုတ်လုပ်နေသည့် Apple သည် Smart Phone Market ၏ ၂၁ ရာခိုင်နှုန်းကို သိမ်းပိုက်ရန် ကြိုးစားနေသည်ဟုလည်း ထင်ကြေးပေးနေကြသည်။ ထို့ကြောင့် တကယ်ထွက်ရှိမည်ဆိုပါက၂၀၁၃ ခုနှစ်သည် Apple ၏ iPhone mini နှင့် Samsung ၏ Galaxy SIV တို့ မည်သို့ ပြိုင်ဆိုင်ကြမည်ကို ရင်ခုန်ဖွယ် စောင့်ကြည့်ရမည့် နှစ်တစ်နှစ်
လည်း ဖြစ်ပေသည်။

Source:Techspot
Info Tech For Myanmar (IT4M)iPad mini ထွက်ရှိပြီးသကာလ Apple ကုမ္ပဏီသည် iPhone နှင့်ပုံစံတူ အသေးစား iPhone mini ကို ၂၀၁၃ နွေရာသီတွင် ထွက်ရှိမည်ဟု သတင်းထွက်ရှိ  လာပါသည်။       iPad mini ကဲ့သို့ပင် ပို သေးသွယ်၍
ဈေးသက်သာသော Version အဖြစ်ထွက်လာမည်ဟု ခန့်မှန်းနေကြပါ သည်။

မြန်မာ့လေကြောင်းအတွက် နောက်ထပ် လေယာဉ်တစီး ရောက်လာ

မြန်မာ့လေကြောင်းအတွက် နောက်ထပ် လေယာဉ်တစီး ရောက်လာ

7.1.2013

မြန်မာနိုင်ငံကိုအခုတလောဆက်တိုက်ဆိုသလိုဘဲ လေယာဉ်တွေ ရောက်လာနေပါတယ်။ပုဂ္ဂလိက လေကြောင်းလိုင်းတွေအတွက် ရောက်လာသလို
 မြန်မာ့လေကြောင်းလိုင်းအတွက်လည်း ရောက်လာနေပါတယ်။

အခုနောက်ဆုံးရောက်လာတာကတော့ မြန်မာ့လေကြောင်းမှာ အသုံးပြုဖို့ အမေရိကန် နိုင်ငံ GE Capital Aviation Services (GECAS) က ငှားရမ်းထား
တဲ့ ဘရာဇီးလ်နိုင်ငံလုပ် Embraer 190-AF လေယာဉ် XY-AGP ဒုတိယအစင်း
အနေနဲ့ ယမန်နေ့က ထပ်ရောက်လာတယ်လို့ မြန်မာ့ အလင်းသတင်းစာမှာ
 ဖော်ပြ ထားပါတယ်။ 

တလောက အဲပုဂံလေယာဉ်ပျက်ကျပြီး မြန်မာနိုင်ငံက လေကြောင်းလိုင်းတွေ
အပေါ်ယုံကြည်မှု တစုံ တရာ လျော့ပါးသွားပေမယ့် ကြီးမားတဲ့ ထိခိုက်မှုမ
ရှိနိုင်ဘူးလို့ သုံးသပ်နေသူတွေလည်း ရှိပါတယ်။ ဒါကြောင့် နိုင်ငံခြားခရီးသွားနဲ့ ပြည်တွင်း ခရီးသွားတွေအတွက် လိုအပ်နေတဲ့
အရာတွေထဲမှာ ဟော်တယ် အခန်းတွေအပြင် လေယာဉ်တွေလည်း ပါဝင်
တာကြောင့် အခုလိုမှာယူငှားရမ်းတင်သွင်းနေတာဖြစ်တယ်လို့သုံးသပ်သူတွေ
က ဆိုပါတယ်။ 
hot news
ဒုတိယ တစင်း ထပ်ရောက်လာတဲ့ ဘရာဇီးလ်နိုင်ငံလုပ် လေယာဉ်၊ ဓာတ်ပုံ-
 မြန်မာ့အလင်း
မြန်မာနိုင်ငံကိုအခုတလောဆက်တိုက်ဆိုသလိုဘဲ လေ ယာဉ်တွေ ရောက် လာနေပါတယ်။ ပုဂ္ဂလိ က လေကြောင်း လိုင်းတွေ အတွက် ရောက်လာသလိုမြန်မာ့လေကြောင်း လိုင်းအတွက် လည်း ရောက် လာနေပါတယ်။

ဒိန်းမတ်နိုင်ငံတွင် ကျောင်းတက်ပါက ပိုက်ဆံရ

ဒိန်းမတ်နိုင်ငံတွင် ကျောင်းတက်ပါက ပိုက်ဆံရ

ဥရောပတိုက် မြောက်ပိုင်း၊ ဒိန်းမတ်နိုင်ငံမှာ ကျောင်းတက်ရင် တကယ် ပိုက်ဆံ ရပါတယ်။ 

အလယ်တန်း၊ အထက်တန်းနဲ့ တက္ကသိုလ်ကျောင်းသားအားလုံးကို ပိုက်ဆံ ပေးပါတယ်။ မူလတန်းကနေ တက္ကသိုလ်ပြီးတဲ့အထိ၊ ပါရဂူဘွဲ့ ယူတဲ့အထိ ဘာကျောင်းလခမှ ပေးစရာ မလိုပါဘူး။ မလိုတဲ့ အပြင် ထောက်ပံ့ကြေးငွေတောင် ပေးပါသေးတယ်။ 

မူလတန်းများ၊ Secondary, အလယ်တန်း ကျောင်းသူကျောင်းသားများ အတွက် မိဘရဲ့  စီးပွားရေး အခြေအနေကို ကြည့်ပြီး ကျောင်းလခ အကန့်အသတ် မရှိ ထောက်ပံ့ပေးပါတယ်။ ကျောင်းလခတောင် မဟုတ် ပါဘူး။ နေစရိတ်စားစရိတ် ဖြစ်ပါတယ်။ 

အသက် ၁၈ နှစ် ၂၀ နှစ် ဝန်းကျင် ကောလိပ်တန်း၊ တက္ကသိုလ်တန်း ဝင်ဖို့ ဖြေဆိုနေတဲ့ ကျောင်းသား၊ ကျောင်းသူ များကိုတော့ တစ်လကို အမေရိကန်ဒေါ်လာ ၉၆၀ ထောက်ပံ့ပါတယ်။ ဆင်းရဲတယ်ဆိုတာကို သက်သေ အထောက်အထားနဲ့ ပြနိုင်ရင် တစ်မိသားစုလုံး စားသောက်ဖို့တောင် ထောက်ပံ့ ပါတယ်။ 

ကောလိပ်၊ တက္ကသိုလ်၊ အကဲဒမစ်၊ ဒီဂရီ ကျောင်းသူ၊ ကျောင်းသား များအတွက် ထောက်ပံ့ကြေးက ပိုများပါတယ်။ တစ်လကို အမေရိကန်ဒေါ်လာ ၉၆၀ နဲ့မလောက်တဲ့အတွက် အခြေအနေကို ကြည့်ပြီး ယင်းအထက် ထောက်ပံ့ပါတယ်။ ဒီအတွက် ခြောက်နှစ်သတ်မှတ်ထားပေး ပါတယ်။ ခြောက်နှစ်စာ ထောက်ပံ့ပေးပြီး အကြောင်းအမျိုးမျိုးကြောင့် ဒီဂရီ မေဂျာ နောက်တစ်ခုကို စိတ်ကူးပေါက်လို့ တစ်နှစ်အရှုံးခံပြီး ပြောင်း ရင်တောင် ထောက်ပံ့ကြေးက ပေးမြဲ ဖြစ်ပါတယ်။ 

မသန်မစွမ်း ကျောင်းသူ၊ကျောင်းသား များအတွက် ထောက်ပံ့ကြေး ဘယ် အသက်အရွယ်မရွေးကိုမဆို အပိုပေးပါတယ်။ သာမန်ရနေတဲ့ ထောက် ပံ့ကြေး အပြင် တစ်လကို အမေရိကန်ဒေါ်လာ ၁၃၆၄ ဒေါ်လာ အပိုထပ်ရပါသေးတယ်။ 

တက္ကသိုလ်ဘွဲ့ရပြီး မာစတာ တက်မယ့် သူများ ကျတော့ ကောလိပ်အဆင့် (Tertiary education) မှာ မပါတော့တဲ့အတွက် ထောက်ပံ့ကြေးငွေ မရတော့ ပါဘူး။ သို့ပေမယ့် ဒီထက်ပိုကောင်းတာ ရပါတယ်။ တက္ကသိုလ်ရဲ့  သုသေတနဌာနတွေမှာ အလုပ်ရပြီး သူတို့ရဲ့  တစ်နှစ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၈၀၀၀ (၁သောင်း ၈ ထောင်) ဝန်းကျင်မှာ ရှိပါတယ်။ Ph.D တက်နေတုန်း အခက်အခဲများကို သေချာ ထောက်ပြ တင်ပြနိုင်ရင် ထောက်ပံ့ကြေးငွေလည်း ဆက်ရအုံးမှာ ဖြစ်ပါတယ်။ 

အထက်ပါ ငွေတွေကို ဒိန်းမတ်အစိုးရက အလကားပေးလိုက်တယ်လို့ မသတ်မှတ်ပါဘူး။ တစ်နေ့ လုပ်ငန်းခွင်ဝင်တဲ့အခါ ပြန်ဆပ်ရမယ့် ဆိုတဲ့ ချေးငွေ သဘောနဲ့ ပေးတာ ဖြစ်ပါတယ်။ သို့ပေမယ့် ကျောင်းပြီးပြီး ၁၅ နှစ်ကြာတောင် ယင်းချေငွေ ပြန်မပေးလည်း ဘာမှ ဥပဒေနဲ့ ညှိစွန်းမှု မရှိဘူးလို့ ဆိုပါတယ်။ 

ဒါကြောင့် ဒိန်းမတ်နိုင်ငံဟာ ပညာရေးစနစ်တစ်ခုလုံး အခမဲ့ ဖြစ်တဲ့အပြင် ပိုက်ဆံတောင် ရပါသေးတယ်။ နိုင်ငံကသေး၊ လူဦးရေးကလည်း နည်း၊ ဝင်ငွေများတဲ့ တိုင်းပြည်လည်း ဖြစ်တော့ ပညာရေး စနစ်ကို အကောင်းဆုံး ဖန်တီးပါတယ်။ ကျူရှင်လည်း မရှိပါဘူး။ ယနေ့အထိ ပညာရေး စနစ် တစ်ခုလုံး အခမဲ့ဖြစ်ပြီး ကျောင်းသားတွေကိုတောင် ပိုက်ဆံ ပေးတဲ့အတွက် ကမ္ဘာမှာ ထူးခြားအံ့သြဖွယ် ပညာရေး ဦးစားပေးတဲ့ နိုင်ငံအဖြစ် အသတ်မှတ် ခံထားရကြောင်း သိရပါတယ်။ 
--
Ref: wiki
International news for myanmar
ဥရောပတိုက် မြောက်ပိုင်း၊ ဒိန်းမတ်နိုင်ငံမှာ ကျောင်းတက်ရင် တကယ် ပိုက်ဆံ ရပါတယ်။ အလယ်တန်း၊ အထက်တန်းနဲ့ တက္ကသိုလ်ကျောင်း သားအားလုံးကို ပိုက်ဆံ ပေးပါတယ်။ မူလတန်းကနေ တက္ကသိုလ်ပြီးတဲ့ အထိ၊ ပါရဂူဘွဲ့ ယူတဲ့အထိ ဘာကျောင်းလခမှ ပေးစရာ မလိုပါဘူး။ မလိုတဲ့ အပြင် ထောက်ပံ့ကြေးငွေတောင် ပေးပါသေးတယ်။

ဒဂုံ ရွှေအောင်လံ မြန်မာ့ ရိုးရာ လက်ဝှေ့ စိန်ခေါ် ပွဲကြီးတွင် မြန်မာ လက်ဝှေ့ သမားက ဂျာမန်နှင့် အီရန် လက်ဝှေ့ သမား များအား အနိုင်ယူ ထိုးသတ်

ဒဂုံ ရွှေအောင်လံ မြန်မာ့ ရိုးရာ လက်ဝှေ့ စိန်ခေါ် ပွဲကြီးတွင် မြန်မာ လက်ဝှေ့ သမားက ဂျာမန်နှင့် အီရန် လက်ဝှေ့ သမား များအား အနိုင်ယူ ထိုးသတ်

ဒဂုံ ရွှေအောင်လံ မြန်မာ့ ရိုးရာ လက်ဝှေ့ ပြိုင်ပွဲ(၂ဝ၁၃) တတိယနေ့ ဖိုင်နယ်ပွဲစဉ် များကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၆ ရက် (တနင်္ဂနွေ နေ့) မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း အမျိုးသား အားကစား ပြိုင်ပွဲရုံ (၁)၌ အားကစား ဝန်ကြီးဌာန မြန်မာ နိုင်ငံ ရိုးရာ လက်ဝှေ့ အဖွဲ့ ချုပ်မှ ကြီးမှူးပြီး ဒဂုံ အဖျော် ယမကာ ကုမ္ပဏီ လီမိတက်က အဓိက ပံ့ပိုး ကူညီကာ မြန်မာ မီဒီယာ ဂရု(ပ်)မှ စီစဉ်၍ ဆက်လက် ယှဉ်ပြိုင် ခဲ့ရာ

လေးချီစိန် ခေါ်ပွဲ များတွင် အောင်သူရိန် (Top One)က ပထမအချီ ၂မိနစ် ၄၄ စက္ကန့်၌ ရဲရင့်ထွန်း (မုဒုံသား) အား အလဲ ထိုးဖြင့် လည်းကောင်း၊ ဇွဲမောင်မောင် (အဖြူရောင် သွေးသစ်) နှင့်သက်ကို (ဝါဆို) တို့မှာ လေးချီ ပြည့်သည် အထိ အနိုင် အရှုံး မပေါ် သောကြောင့် ပူးတွဲ သရေဖြင့် လည်းကောင်း၊ စလူကာ (ဝါဆို)နှင့် ရှမ်းသွေးလေး (Top One) တို့မှာ လေးချီ ပြည့်သည် အထိ အနိုင် အရှုံး မပေါ် သောကြောင့် ပူးတွဲ သရေဖြင့် လည်းကောင်း ပြီးဆုံးခဲ့သည်။

တတိယတန်း ဒဂုံ ရွှေအောင်လံ (ဖိုင်နယ်) ပွဲစဉ်တွင် ရဲမြင့်အောင် (အဖြူရောင် သွေးသစ်)နှင့် မြှားထက် အောင် (မြထက်ကျော်)တို့ ယှဉ်ပြိုင် ထိုးသတ်ရာ ရဲမြင့်အောင် (အဖြူရောင် သွေးသစ်)က တတိယ အချီ ၂ မိနစ် ၅၇ စက္ကန့်တွင် အလဲထိုး အနိုင် ရရှိခဲ့ပြီး တတိယတန်း ဒဂုံ ရွှေအောင်လံ ဆုဖလားကို ရရှိခဲ့သည်။

ဒုတိယတန်း ဒဂုံ ရွှေအောင်လံ (ဖိုင်နယ်) ပွဲ အဖြစ် တူးတူး (နဂါးမာန်)နှင့်  ဖိုးသားကြီး (မန္တလေး) တို့ ငါးချီ ပြည့်သည် အထိ ယှဉ်ပြိုင် ထိုးသတ် ခဲ့ကြပြီး တူးတူး (နဂါးမာန်)က အမှတ် ပြည့်ဖြင့် အနိုင် ရရှိ ခဲ့သည်။

အထူး ဒဂုံ ရွှေအောင်လံ လုပွဲ အဖြစ် ထွန်းထွန်းမင်း (မြန်မာ)နှင့် ဖူးခက်မွေ ထိုင်း ချန်ပီယံ ဖဲလစ်စ် (ဂျာမန်) တို့ယှဉ်ပြိုင် ထိုးသတ်ရာ ထွန်းထွန်းမင်း (မြန်မာ)၏ ထိုးချက်များ၊ ခေါင်းတိုက် ချက် များ၊ ခြေကန် ချက်များ၊ ဒူးတိုက်ချက် များကြောင့် ဖဲလစ်စ် (ဂျာမန်)အား ဒုတိယ အချီ ၁ မိနစ် ၄၄ စက္ကန့်တွင် အလဲထိုး အနိုင်ယူ၍ အထူး ဒဂုံ ရွှေအောင်လံ ပထမဆုကို ရရှိခဲ့သည်။ အထူး ဒဂုံ ရွှေအောင်လံ လုပွဲ ဒုတိယ ပွဲစဉ် အဖြစ် ထွန်းထွန်း (မြန်မာ) နှင့် အီရန်နှင့် အာရှ မွေထိုင်း ချန်ပီယံ အက်ရှ်ခန် အင်တီခါဘီ (အီရန်)တို့ ယှဉ်ပြိုင် ထိုးသတ်ရာ ပထမ အချီ စစချင်း ၅၂ စက္ကန့်တွင် ထွန်းထွန်း (မြန်မာ)၏ ခြေကန်ချက် များဖြင့် အက်ရှ်ခန် အင်တီခါဘီ (အီရန်)ကို အနိုင်ရရှိပြီး အထူး ဒဂုံရွှေ အောင်လံ ပထမဆုကို ဆွတ်ခူးခဲ့သည်။

ပထမတန်း ဒဂုံ ရွှေအောင်လံ (ဖိုင်နယ်) ပွဲအဖြစ် တွေ့မရှောင် (နဂါးမာန်) နှင့် ဖိုးကေ (မန္တလေး)တို့ ယှဉ်ပြိုင် ထိုးသတ် ကြရာ တွေ့မရှောင်၏ ထိုးချက်၊ ကန်ချက် များကြောင့် ပထမ အချီ ၂ မိနစ် ၂ဝ စက္ကန့် တွင်ပင် ဖိုးကေအား အလဲထိုးနိုင် ခဲ့ပြီး ပထမတန်း ဒဂုံ ရွှေအောင်လံ ပထမ ဆုဖလားကို ရရှိ ခဲ့ကြောင်း သတင်း ရရှိသည်။

http://www.myawady.net.mm/allnews/headline/item/3730-2013-01-07-09-03-36
ဒဂုံ ရွှေအောင်လံ မြန်မာ့ ရိုးရာလက်ဝှေ့ ပြိုင်ပွဲ(၂ဝ၁၃) တတိယနေ့ ဖိုင်နယ်ပွဲစဉ် များကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၆ ရက် (တနင်္ဂနွေ နေ့) မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း အမျိုးသား အားကစားပြိုင်ပွဲရုံ (၁)၌ အားကစားဝန်ကြီးဌာန မြန်မာ နိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးပြီး ဒဂုံအဖျော် ယမကာကုမ္ပဏီ

မိုဘိုင်းတယ်လီဖုန်းလိုင်းများ လေးရက်ကြာ မိနစ်အနည်းငယ်စီ ပြတ်တောက်မည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်း တိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းများ ပြုလုပ်မည်ဖြစ်သောကြောင့် ဇန်န၀ါရီ ၆ ရက်မှ ၁၁ ရက်ထိ မိုဘိုင်းဖုန်းလိုင်းများ ဆက်သွယ်မှု မိနစ်အနည်းငယ်စီ ပြတ်တောက် မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။

နီပေါစစ်အရာရှိကို စစ်ရာဇ၀တ်မှုနဲ့ ဗြိတိန်မှာ ဖမ်းဆီး

နီပေါစစ်အရာရှိကို စစ်ရာဇ၀တ်မှုနဲ့ ဗြိတိန်မှာ ဖမ်းဆီး
*******************************
နီပေါဗိုလ်မှူးကြီး တဦး ဗြိတိန်နိုင်ငံကို အပန်းဖြေခရီး လာရောက်စဉ်
ပြည်တွင်းစစ်အတွင်းက နှိပ်စက်ညှဉ်းပန်းခဲ့မှုနဲ့ ဗြိတိန်ရဲက ဖမ်းဆီး အရေးယူထားပါတယ်။ 

နီပေါဗိုလ်မှူးကြီး ကူမာ လာမာ ဟာ လက်ရှိမှာ ဆူဒန်တောင်ပိုင်းက ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်မှာ တာဝန်ယူနေပြီး ဗြိတိန်ကို ခေတ္တ အလည်လာရောက်စဉ်မှာ တရားစွဲဆိုခံရတာပါ။ ဒီကိစ္စအတွက် နီပေါနိုင်ငံ က အပြင်းအထန်ကန့်ကွက်လိုက်ပြီး သူ့ကို ချက်ခြင်းပြန်လွှတ်ပေးဖို့
တောင်းဆိုလိုက်ပါတယ်။

နီပေါဗိုလ်မှူးကြီး ကူမာ လာမာ ဟာ၂၀၀၅ ခုနှစ် ဧပြီနဲ့ အောက်တိုဘာလ အတွင်း နှိပ်စက်ညှဉ်းပန်းမှု ၂ ကြိမ်မှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ စနေနေ့က တရားရုံးမှာ စတင်ရင်ဆိုင်နေရပါတယ်။

ကုလသမဂ္ဂက ပြဌာန်းထားတဲ့ နှိပ်စက်ညှဉ်းပန်းမှု ဆန့်ကျင်ရေး သဘောတူညီချက်ကို သဘောတူလိုက်နာဖို့ ခွင့်ပြုထားတဲ့ ဗြိတိန်ရဲ့ ၁၉၈၈ ခုနှစ် ရာဇ၀တ်မှုကျင့်ထုံးဥပဒေအရ ကမ္ဘာဘယ်အရပ်မှာ ကျူးလွန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုကိုမဆို ဗြိတိသျှမြေပေါ်မှာ ဖမ်းဆီးအရေးယူခွင့်ရှိပါတယ်။ ဒါကြောင့်လည်း ဗြိတိန်ကို ခေတ္တလာရောက်တဲ့ နီပေါစစ်အရာရှိကို စစ်ရာဇ၀တ်မှုနဲ့ တရားစွဲဆိုနိုင်တာပါ။ 

၉၀ နှစ်ပိုင်းကစပြီး ဖြစ်ပွားခဲ့ပြီး ၁၀ နှစ်ကြာမြင့်ခဲ့တဲ့ ပြည်တွင်းစစ်အတွင်း လူပေါင်း တသောင်း၃ ထောင်ကျော် တိုက်ပွဲတွေအတွင်း သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ၂၀၀၆ ခုနှစ်မှာ အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ လက်နက်ကိုင် သူပုန်တွေဟာ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်လှုပ်ရှားခဲ့ပြီး ၂ နှစ်အကြာ
မှာပြုလုပ်တဲ့ေ၇ွးကောက်ပွဲကနေ လွှတ်တော်မှာ နေရာအတော်များများ ရခဲ့ကြပါတယ်။ 
ဒါပေမဲ့ ၂၀၁၁ ခုနှစ်မှာ နိုင်ငံရေးအရတိုးတက်မှုဖြစ်စဉ် ရပ်တန့်နေကတည်းက စပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ အတွက် တာဝန်ခံမှုမရှိဘူးလို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က သတိပေးထားပါတယ်။ 

ပြည်တွင်းစစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အစိုးရစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အစိုးရက တစုံတရာ အရေးယူဖို့ ပျက်ကွက်နှောင့်နှေးနေခဲ့တယ်လို့ ဆိုပါတယ်။ M

Source: BBC, Star, CNN; Photo: The Sun

(ဓာတ်ပုံ- နီပေါပြည်တွင်းစစ်တွင်းမှ မှတ်တမ်းပုံ)t shared Burma-Newselite's photo.
နီပေါဗိုလ်မှူးကြီး တဦး ဗြိတိန်နိုင်ငံကို အပန်းဖြေခရီး လာရောက် စဉ် ပြည်တွင်းစစ်အတွင်းက နှိပ်စက်ညှဉ်းပန်း ခဲ့မှုနဲ့ ဗြိတိန်ရဲက ဖမ်းဆီး အရေးယူထားပါတယ်။ နီပေါဗိုလ်မှူးကြီး ကူမာလာမာဟာ လက်ရှိမှာ ဆူဒန်တောင်ပိုင်းက ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်မှာ တာဝန် ယူနေပြီး ဗြိတိန်ကို ခေတ္တ အလည်လာရောက်စဉ်မှာ တရားစွဲဆိုခံရ

ဘင်္ဂါလီများအတွက် အီရန်က အကူအညီ တန်(၃၀) ပို့လိုက်ပြီ


ဘင်္ဂါလီများအတွက် အီရန်က အကူအညီ တန်(၃၀) ပို့လိုက်ပြီ 
(Coral arakan အတွက် သောင်းကြွယ် ရေးသားသည်။)

အီရန်နိုင်ငံ လခြမ်းနီအသင်း က တန် ၃၀ ရှိအစားအသောက်၊ စောင် နှင့် အခြား အခြေခံ လိုအပ်သောအထောက်အပံ့ပစ္စည်းများကို ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီမူဆလင် ဒုက္ခသည်များသက်သက် အတွက် ရည်စူးကာ မြန်မာနိုင်ငံ နေပြည်တော်သို့ လေကြောင်းခရီးဖြင့် မနေ့က ဇွန်န၀ါရီ ငါးရက်နေ့က ပေးပို့လိုက်ပြီဖြစ်သည် ဟု Press TV သတင်းဌာန က ဖော်ပြသည်။

IRCS (ခေါ်) အီရန် လခြမ်းနီအသင်း အကြီးအကဲ မာမွတ်မိုဇဖာ (Mahmoud Mozaffar) ကိုယ်တိုင် ရခိုင်ပြည်သို့လိုက်လာ၍ အထောက်အပံများကို ဝေငှခြင်း အလုပ်ကို ကြီးကြပ်နိုင်ရန် လိုက်လာမည် ဟု ပြောကြားသည်။

ထို့အပြင် ဒုက္ခသည်စခန်းများ ဆောက်လုပ်ရန် လိုအပ်ချက်များ နှင့် ဆေးဝါးပစ္စည်းများ ထောက်ပံ့ရေး လိုအပ်ချက်များကိုပါ ကွင်းဆင်း ဆန်းစစ်သွားမည် ဟု မာမွတ်မိုဇဖာ က ပြောကြားသည်။

BY ရဲရင့်(ကနေဒါ)

အီရန်နိုင်ငံ လခြမ်းနီအသင်း က တန် ၃၀ ရှိအစား အသောက် ၊ စောင် နှင့် အခြား အခြေခံလိုအပ်သော အထောက်အပံ့ပစ္စည်းများကို ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီမူဆလင် ဒုက္ခသည်များသက်သက် အတွက် ရည်စူးကာ မြန်မာနိုင်ငံ နေပြည်တော်သို့ လေကြောင်းခရီးဖြင့် မနေ့က ဇွန်န၀ါရီ ငါးရက်နေ့က ပေးပို့လိုက်ပြီဖြစ်သည် ဟု Press TV သတင်းဌာန က ဖော်ပြသည်

KIA အဖွဲ့သည် အစိုးရကို ပုန်ကန်နေသောသူပုန်အဖွဲ့ဖြစ်ကြောင်း KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင် ကိုယ်တိုင်ထုတ်ဖော် ၀န်ခံပြော ကြားခြင်း

KIA အဖွဲ့သည် အစိုးရကို ပုန်ကန်နေသောသူပုန်အဖွဲ့ဖြစ်ကြောင်း KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင် ကိုယ်တိုင် ထုတ်ဖော်ဝန်ခံပြောကြားခြင်း
 ယခုတလော အင်တာနက်စာမျက်နှာတွေပေါ်မှာ အစိုးရတပ်တွေက KIO/ KIA အဖွဲ့အပေါ်   လေကြောင်းမှ   ပြင်းပြင်းထန်ထန် တိုက်ခိုက်   ချေမှုန်းတဲ့ သတင်းများနှင့်အတူ ဂယောင်ချောက်ချားနဲ့ သက်ပြင်း တချချလုပ်ပြီး ဘုရားသခင်က တိုက်ခိုင်းလို့ ကျူးကျော်သူ ဗမာတပ်ကို တိုက်ခိုက်နေရပါတယ်ဆိုတဲ့ ဗိုလ်ချုပ် ဂမ်ရှောင်ရဲ့ Interview ကို အံ့သြဖွယ်ရာ နားထောင်လိုက်ရပါတယ်။
 ဘာဖြစ်လို့ အံသြရသလဲဆိုတော့ ဗိုလ်ချုပ် ဂမ်ရှောင်ရဲ့  Interview ဖြေဆိုချက်တွေအရ   KIA အဖွဲ့ ဟာ အစိုးရကို ပုန်ကန်နေတဲ့ သူပုန်အဖွဲ့ဖြစ်ကြောင်း၊ တရုတ်ဗဟိုအစိုးရက KIA ကို မထောက်ခံပေမဲ့ ယူနန်ပြည်နယ် အစိုးရနဲ့ ရွှေလီမှာရှိတဲ့ တရုတ်စီးပွားရေးသမားများက KIA ကို ထောက်ခံနေကြောင်း၊ တရုတ်ပညာရှင်များ အကူအညီနဲ့ လက်နက်များထုတ်လုပ်သုံးစွဲပြီး တိုက်ပွဲကြီးများကို ရင်ဆိုင်နိုင်တဲ့ စစ်သွေး ကြကချင် လူမျိုးများ စုစည်းမှုရှိနေကြောင်း၊ ကချင်အချင်းချင်း စည်းလုံးညီညွတ်မှုရှိလာပါတယ်လို့ပြောပြီး လချိတ်လူမျိုး အများစုဖြစ်တဲ့ NDAK အဖွဲ့က ဘိန်းစိုက်နေကြောင်း ၊ ဗမာလူမျိုးများက ကချင်တွေကို မူးယစ်ဆေးဝါးရောင်းခိုင်း၊ စိုက်ခိုင်း၊ သုံးစွဲခိုင်းတယ်ဆိုတဲ့ ယုတ္တိမရှိတဲ့စွပ်စွဲချက်တွေနဲ့ ကိုယ့်ကချင်လူမျိုးတွေ ကိုနိမ့်ချပြီး ကချင်တွေဟာ ဘိုးဘွား အစဉ်အဆက်မူးယစ်ဆေးဝါးသုံးစွဲတတ်တယ်ဆိုတဲ့ အကြောင်းအရာ တွေကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မကြောက်မလန့်နဲ့ ခပ်တည်တည် Internet မှတစ်ဆင့် သက်သေခံချက် ဆိုပြီး ကိုယ်တိုင်ထုတ်ဖော်ဝန်ခံ ပြောကြားခဲ့ပါတယ်။ 

        အထူးသဖြင့် Interview မေးမြန်းသူရဲ့ ပညာသားပါတဲ့ အတို့ အထောင်ေ မးခွန်းတွေအပေါ် လူမျိုးရေး အမြင်ကျဉ်းမြောင်းတဲ့ ဗိုလ်ချုပ်ဂမ်ရှောင်ရဲ့ ပြောကြားချက်များကြောင့် ကချင် လူမျိုးများကို  နိုင်ငံတကာမှ သနားညှာတာမှု၊   မေတ္တာသက်ဝင်မှုမဖြစ်စေဘဲ တယူသန်၊ ခေါင်းမာသူများရဲ့ လက်နက်အားကိုး ၊ အကြောက် တရားနဲ့ ဖိနှိပ်ခံထားရတဲ့ ပညာမတတ်၊ ဆင်းရဲနုံချာတဲ့ ဘ၀ပေးမကောင်းသူလူ့အသိုင်းအ၀န်း အဖြစ်သာ မြင်စေပါတယ်။ 
 အဆိုးဆုံးကတော့ ဘုရားသခင်ရဲ့အလိုကျ၊ ဘုရားသခင်ရဲ့ ခိုင်းစေချက်ကြောင့် စစ်တိုက်နေရ ပါတယ်ဆိုတဲ့ အယူအဆဟာ ဒီနေ့ကမ္ဘာက လက်မခံတဲ့ အစ္စလာမစ်အစွန်းရောက်အကြမ်းဖက်အဖျက်သမား များရဲ့ အယူအဆနဲ့ထပ်တူ ဖြစ်နေတာကို စိုးရိမ်ဖွယ်ရာ မြင်တွေ့နေရပြီး ဒီလိုလူမျိုးတွေ KIA အဖွဲ့တွင်း ရှိနေခြင်းဟာ ကချင်မျိုးနွယ်စုများအတွက် အလွန် အန္တရာယ်ကြီးပါတယ်။

ဗိုလ်ချုပ်ဂမ်ရှောင်ရဲ့အမိန့်အရ ဒီနေ့ ကချင်ပြည်နယ်အတွင်းမှာ စစ်ပွဲများနဲ့  မဆိုင်တဲ့ တံတားတွေကို မိုင်းခွဲဖျက်ဆီးတာ၊ အပြစ်မဲ့တဲ့ ကချင်လူငယ်တွေ ကိုယ့်မိုင်းကိုယ်ကွဲပြီး သေကြေပျက်စီး ရတာ၊ အဖိုးအဖွား ကလေးငယ်တွေ ဒုက္ခသည်စခန်းကို ရောက်ရှိရတာ၊ အေးချမ်းစွာလုပ်ကိုင်စားသောက်နေတဲ့ ပြည်သူလူထုကို အခွန်ဆိုပြီး မတရားသဖြင့် ဆက်ကြေးကောက်ခံတာတွေကို ဘုရားသခင်ခိုင်းလို့ လုပ်ရပါတယ်ဆိုတာကတော့ ရူးကြောင်ကြောင် သွေးရူးသွေးတန်းစကား ဖြစ်ပါတယ်။ သူပုန်အဖွဲ့ရဲ့ အဖျက်လုပ်ရပ်တွေကို ကျွန်တော်တို့ ကချင်လူမျိုးများ အပါအ၀င် ယဉ်ကျေးတဲ့လူ့အသိုင်းအ၀န်းက လက်ခံမယ်မထင်ပါဘူး။ ဒါ့ကြောင့်လည်း ဘုရားသခင်ရဲ့ အမည် နာမတော်နဲ့ သမ္မာကျမ်းစာတွေကို အစွန်းရောက်ပြီး အဓိပ္ပါယ်ကောက်မှားတဲ့ တစ်နေ့သုံးကြိမ် ဘုရားဝတ်ပြုတဲ့ စာတန်ဂမ်ရှောင်ကို ဘုရားသခင်ရဲ့အလိုတော်ကျ တပည့်များကလက်စွမ်းပြ လိုက်ပြီဖြစ် ပါတယ်။ ဗိုလ်ချုပ် ဂမ်ရှောင်ကို ဘုရားသခင် ကောင်းချီးပေးပါစေ.....
 ယခုတလော အင်တာနက်စာမျက်နှာတွေပေါ်မှာ အစိုးရ တပ်တွေ က KIO/ KIA အဖွဲ့အပေါ် လေကြောင်းမှ ပြင်းပြင်းထန်ထန် တိုက်ခိုက်ချေ မှုန်းတဲ့ သတင်းများနှင့်အတူ ဂယောင်ချောက်ချားနဲ့ သက်ပြင်း တချချလုပ်ပြီး ဘုရားသခင်က တိုက်ခိုင်းလို့ ကျူးကျော်သူ ဗမာတပ်ကို တိုက်ခိုက်နေ ရပါတယ် ဆိုတဲ့ ဗိုလ်ချုပ် ဂမ်ရှောင်ရဲ့ Interview ကို အံ့သြဖွယ်ရာ နားထောင်လိုက်ရပါတယ်။

မြေထဲ ပင်လယ်နှင့် ပင်လယ်နက် အတွင်း ရုရှား ရေတပ်စစ်ရေး လေ့ကျင့်မှု ပြုလုပ်မည်

မြေထဲ ပင်လယ်နှင့် ပင်လယ်နက် အတွင်း ရုရှား ရေတပ်စစ်ရေး လေ့ကျင့်မှု ပြုလုပ်မည်

ရုရှား နိုင်ငံသည် မြေထဲ ပင်လယ်နှင့် ပင်လယ်နက် တို့တွင် ဇန်နဝါရီလ နှောင်းပိုင်း၌ အကြီးမားဆုံး ရေတပ်စစ်ရေး လေ့ကျင့်မှု တစ်ရပ်ကို စတင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ရေး လေ့ကျင့်မှုတွင် ဘောလ်တစ်ပင်လယ် မြောက်ပိုင်း၊ ပင်လယ်နက်နှင့် ပစိဖိတ် တပ်ဖွဲ့များမှ စစ်သင်္ဘောများ ပါဝင်မည် ဖြစ် ပြီး ယင်းစစ်ရေး လေ့ကျင့်မှုသည် ပြီးခဲ့သည့် ဆယ်စုနှစ် အနည်းငယ် အတွင်း ပြုလုပ်ခဲ့သော စစ်ရေး လေ့ကျင့်မှုများ အနက် အကြီးမားဆုံး စစ်ရေး လေ့ကျင့်မှု တစ်ရပ် ဖြစ်လာမည် ဖြစ်သည်။ အဆိုပါ စစ်ရေး လေ့ကျင့်မှုသည် တပ်ဖွဲ့ဝင် အချင်းချင်း အပြန်အလှန် ဆောင်ရွက်မှုကို တိုးမြှင့်ရန် ရည်ရွယ်ကြောင်း သိရသည်။

ဆီးရီးယား နိုင်ငံဝန်းကျင် ရေပိုင်နက်တွင် စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခြင်း သည် ယင်းနိုင်ငံ အတွင်း ဖြစ်ပွားနေသော ပဋိပက္ခ များကို ကြားဝင် ဖြေရှင်းရန် အတွက်သာ ဖြစ်သည်ဟူသော အမေရိကန် ပြည် ထောင်စု၏ စွပ်စွဲ ပြောကြားချက် များကို ရုရှား နိုင်ငံက ငြင်းဆိုခဲ့ပြီး စစ်သင်္ဘော များကို ပုံမှန် ပြုလုပ်နေကျ စစ်ရေး လေ့ကျင့်မှုများ အတွက် အသုံး ပြုရန်သာ ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု သိရသည်။

http://www.myawady.net.mm/allnews/global/item/3616-2013-01-05-09-27-51 
ရုရှား နိုင်ငံသည် မြေထဲ ပင်လယ်နှင့် ပင်လယ်နက် တို့တွင် ဇန်နဝါရီ လ နှောင်းပိုင်း၌ အကြီးမားဆုံး ရေတပ်စစ်ရေး လေ့ကျင့်မှုတစ်ရပ်ကို စတင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ရေး လေ့ကျင့်မှုတွင် ဘောလ်တစ်ပင်လယ် မြောက်ပိုင်း၊

ဆီးရီးယား FSA အဖွဲ့ ဓာတု လက်နက်များ ထုတ်လုပ် နိုင်ဟုဆို

ဆီးရီးယား FSA အဖွဲ့ ဓာတု လက်နက်များ ထုတ်လုပ် နိုင်ဟုဆို

လွတ်လပ်သော ဆီးရီးယား တပ်ဖွဲ့ (FSA)သည် ဓာတု လက်နက်များ ထုတ်လုပ်နိုင်သည့် အရည်အချင်းရှိ ကြောင်း အဆိုပါ အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက ပြောကြား ခဲ့သည်ဟု အင်တာနက် သတင်းအရ သိရသည်။

တူရကီ နိုင်ငံမှ Anatalia သတင်း အေဂျင်စီနှင့် ဇန်နဝါရီ ၂ ရက်က ပြုလုပ် ခဲ့သော တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် FSA အဖွဲ့မှ နိုင်ငံရေး ဆိုင်ရာ အကြံပေး တစ်ဦးဖြစ်သူ ဘာဆမ်ဒါဒါက အထက်ပါ အတိုင်း  ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် FSA အဖွဲ့သည် ဓာတု လက်နက် များကို သမ္မတ ဘာရှာအယ်လ် အာဆက် အစိုးရအား တိုက်ခိုက်ရာတွင် လိုအပ်ပါက အသုံး ပြုသွားမည် ဖြစ်ကြောင်း ဒါဒါက ပြောကြားခဲ့ သည်။

ဆီးရီးယား လွတ်မြောက်ရေး (FSA) အဖွဲ့သည် အဆိပ် ဖြစ်စေသော ဓာတု လက်နက်များနှင့် တိုက်ခိုက် ခဲ့သောကြောင့် ဆီးရီးယား တပ်ဖွဲ့ ဝင် ခုနစ်ဦး သေဆုံးခဲ့ကြောင်း သမ္မတ လုံခြုံရေး တပ်ဖွဲ့မှ တပ်မှူး တစ်ဦးက ဒီဇင်ဘာ ၂၃ ရက် တွင် ပြောကြားခဲ့သည်။

ပြည်ပ အစိုးရ များက ထောက်ခံထားသည့် အတိုက်အခံ အဖွဲ့များသည် အစိုးရ တပ်ဖွဲ့များနှင့် အစိုးရ ထောက်ခံသူ များကို ဓာတု လက်နက် များ အသုံးပြု၍ တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ထပ်တလဲလဲ ခြိမ်းခြောက် ခဲ့သည်ဟု သိရသည်။

ဆီးရီးယား နိုင်ငံတွင် ၂၁ လကြာ ဖြစ်ပွားခဲ့သော ပဋိပက္ခ များကြောင့် သေဆုံးသူ ဦးရေ ၆ဝဝဝဝ ခန့် ရှိပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့် အရေး ကော်မရှင်မှ နေဗီပီလေးက ပြောကြားခဲ့သည်။

http://www.myawady.net.mm/allnews/global/item/3618-2013-01-05-09-33-41 လွတ်လပ်သော ဆီးရီးယား တပ်ဖွဲ့ (FSA)သည် ဓာတု လက်နက်များ ထုတ်လုပ်နိုင်သည့် အရည်အချင်းရှိ ကြောင်း အဆိုပါ အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက ပြောကြားခဲ့သည်ဟု အင်တာနက်သတင်းအရ သိရသည်။
တူရကီ နိုင်ငံမှ Anatalia သတင်းအေဂျင်စီနှင့် ဇန်နဝါရီ ၂ ရက်က ပြုလုပ်ခဲ့သော တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် FSA အဖွဲ့ မှ နိုင်ငံရေးဆိုင်ရာ အကြံပေးတစ်ဦးဖြစ်သူ ဘာဆမ်ဒါဒါက အထက်ပါ

ပြန်လည်သင့်မြတ်ရေး ညီလာခံခေါ်ဖို့ ဆီးရီးယားသမ္မတ ကြေညာ

ပြန်လည်သင့်မြတ်ရေး ညီလာခံခေါ်ဖို့ ဆီးရီးယားသမ္မတ ကြေညာ 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )


ဆီးရီးယား သမ္မတ ဘက်ရှာအယ်လ်အာဆတ် (Bashar al-Assad) က တနင်္ဂနွေနေ့မှာ ရှားရှားပါးပါး လူထုကို မိန့်ခွန်းပြောခဲ့ပြီး ပြည်တွင်းစစ် အတွက် နိုင်ငံရေး အဖြေရှာကြဖို့ တောင်းဆိုလိုက်သလို အတိုက်အခံ တပ်ဖွဲ့တွေကို အကြမ်းဖက်သမားတွေလို့ ရှုတ်ချ ပြစ်တင်လိုက်ပါတယ်။
 
ဒါဟာ ဇွန်လနောက်ပိုင်း နိုင်ငံတော်ကို ပထမဆုံးအကြိမ်အဖြစ် မိန့်ခွန်းပြောကြားတာ ဖြစ်ပါတယ်။ သူဟာ ရွေးကောက်ပွဲတွေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းအသစ် ချမှတ်ရေးကို ဦးတည်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ရာမှာ တစိတ်တဒေသဖြစ်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆွေးနွေးပွဲတွေ ကျင်းပပေးဖို့ ပြင်ဆင်နေတယ်လို့ ဒမတ်စကက် (Damascus) မြို့က ခန်းမမှာ သူ့ကို သစ္စာစောင့်သိတဲ့ ပရိသတ်ကို ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဒီဆွေးနွေးပွဲတွေမှာ ဆီးရီးယား နိုင်ငံကို သစ္စာဖောက်သူ ဘယ်သူမှမပါစေရဘူးလို့ ဆိုပါတယ်။
 
ဆီးရီးယား နိုင်ငံဟာ သူ့ရန်သူတွေနဲ့ စစ်ဖြစ်နေကြောင်း ပြောခဲ့ပေမဲ့ တော်လှန်ရေးတရပ်နဲ့ ရင်ဆိုင်နေရတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သူပုန်တွေကို အယ်လ်ခိုင်းဒါး အကြမ်းဖက်သမားတွေ အဖြစ် သူပြောနေကျ အတိုင်း မစ္စတာ အာဆတ်က ပြောကြားခဲ့ပြီး သူတို့ဟာ နိုင်ငံကို အစိတ်စိတ်အမွှာမွှာ ကွဲအောင် လုပ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်ပရောက် ဆီးရီးယား အတိုက်အခံတွေကိုလည်း အနောက်နိုင်ငံတွေရဲ့ ရုပ်သေးရုပ်တွေလို့ ပြောပါတယ်။
 
အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရ ဗစ်တိုးရီးယားနျူလန် (Victoria Nuland) ကတော့ မစ္စတာအာဆတ်ရဲ့ ပြန်လည်သွေးစည်းရေး ဆွေးနွေးပွဲဟာ အမှန်နဲ့ ကင်းကွာနေပြီး အာဏာကို ဆက်လက်ဆုပ်ကိုင်ဖို့ နောက်တချီ ကျိုးစားနေတာလို့ ပြောလိုက်သလို ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး ကလည်း ဆီးရီးယားသမ္မတဟာ ပြန်လည် ပြုပြင်ပြောင်းလဲရေး အတွက် အနှစ်မပါတဲ့ ကတိတွေပေးနေပြီး ဒါကိုဘယ်သူကမှ ယုံမှာမဟုတ်ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် တူရကီနိုင်ငံခြားရေး ၀န်ကြီး ကလည်း ဆီးရီးယား သမ္မတမှာ အနာဂါတ်အတွက် အစီအစဉ်မရှိဘဲ အတိုက်အခံတွေ ရှိနေတယ် ဆိုတာကို လက်မခံတဲ့အတွက် တိုးတက်မှုတွေ့ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
 
အတိုက်အခံ ညွှန့်ပေါင်းအဖွဲ့ဝင်တွေ ကတော့ ဆွေးနွေးပွဲတွေ ကျင်းပနိုင်မယ့် အခြေအနေတခု အဖြစ် မစ္စတာ အာဆတ် အာဏာစွန့်ဖို့ တောင်းဆိုနေပါတယ်။

http://burmese.voanews.com/content/syria-01-06-13/1578809.html ဆီးရီးယား သမ္မတ ဘက်ရှာအယ်လ်အာဆတ် (Bashar al-Assad) က တနင်္ဂနွေနေ့မှာ ရှားရှားပါးပါး လူထုကို မိန့်ခွန်းပြောခဲ့ပြီး ပြည်တွင်းစစ် အတွက် နိုင်ငံရေး အဖြေရှာကြဖို့ တောင်းဆိုလိုက်သလို အတိုက်အခံ တပ်ဖွဲ့တွေကို အကြမ်းဖက်သမားတွေလို့ ရှုတ်ချ ပြစ်တင်လိုက်ပါတယ်။

ချဲလ်ဆီးသို့ ရောက်လာသော ဒမ်ဘာဘ

ချဲလ်ဆီး တိုက်စစ်မှူးသစ် ဒမ်ဘာဘသည် ၎င်းအနေဖြင့် နယူးကာဆယ်မှ ချန်ပီယံလိဂ် ချန်ပီယံ အသင်း သို့ ပြောင်းရွှေ့ရန် အလွယ်တကူပင် ဆုံးဖြတ် နိုင် ခဲ့ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ဆီနီဂေါ တိုက်စစ် မှူးသည် ပေါင် ၇.၅ သန်းဖြင့် ချဲလ်ဆီးသို့
ရောက်လာခဲ့ပြီး အသင်းနှင့် ၃ နှစ်ခွဲ စာချုပ်ကို ချုပ်ဆို နိုင်ခဲ့သည်။ အသက် ၂၇ နှစ်အရွယ်ရှိ ဒမ်ဘာဘ သည် ချဲလ်ဆီး အသင်းတွင် ကျောနံပါတ် ၂၉ ဂျာစီကို

၂၀၁၃ ခုနှစ် မတ်လအမီ ဓာတ်အားထုတ်လုပ်နိုင်ရန် စပိန်၊ ဂျာမနီ၊ သြစတြေးလျ စသည့် နိုင်ငံငါးနိုင်ငံမှ Gas Turbine/Engine များ မြန်မာနိုင်ငံအတွင်း တင်သွင်းနိုင်ရန် MIC ခွင့်ပြုချက်အား စောင့်မျော်နေ

၂၀၁၃ ခုနှစ် မတ်လအမီ ဓာတ်အားထုတ်လုပ်နိုင်ရန် စပိန်၊ ဂျာမနီ၊ သြစတြေးလျ စသည့် နိုင်ငံငါးနိုင်ငံမှ Gas Turbine/Engine များ မြန်မာနိုင်ငံအတွင်း တင်သွင်းနိုင်ရန် MIC ခွင့်ပြုချက်အား
စောင့်မျော်နေ
Monday, January 07, 2013 

မြန်မာနိုင်ငံအတွင်း နွေရာသီ ကာလများတွင် လျပ်စစ်ဓာတ်အား မလုံလောက်မှု ပြဿနာအား အမြန်ဆုံး ဖြေရှင်းနိုင်ရန် စပိန်၊ ဂျာမနီ၊ သြစတြေးလျ၊ စင်ကာပူ၊ မလေးရှား စသည့်နိုင်ငံများမှ Gas Turbine များနှင့် Gas Engine များအား တင်သွင်းနိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ သတင်းရရှိပါသည်။

အဆိုပါ နိုင်ငံများမှ Gas Turbine များနှင့် Gas Engine များအား
မြန်မာနိုင်ငံအတွင်း တင်သွင်းနိုင်ရန် ပြင်ဆင်ပြီး ဖြစ်နေသော်လည်း ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် သက်ဆိုင်ရာ ၀န်ကြီးဋ္ဌာနများ၏ ခွင့်ပြုချက်ရရှိရန် စောင့်ဆိုင်းနေရကြောင်းလည်း ရန်ကုန်မြို့တော် လျပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

''မိုးတွင်းမှာ လျပ်စစ်ဓာတ်အားက လုံလောက်ပေမယ့် ဒီဇင်ဘာလလောက် ဆိုရင်ကိုပဲ ဓာတ်အား လိုအပ်ချက်က သိသာလာပါတယ်။ အခုလည်း
နွေကာလအတွင်း ဓာတ်အား လုံလောက်ဖို့အတွက် ရေထိန်း လွှတ်တာမျိုးတွေ လုပ်ပြီး ဓာတ်အားကို ချိန်ပြီးပေးရပါတယ်။
ပြည်ပနိုင်ငံတွေကနေ Gas Turbine တွေ Gas Engine တွေမှာပြီး ၂၀၁၃ ခုနှစ် မတ်လအမီ ဓာတ်အားထုတ်လုပ်နိုင်ဖို့ တင်ပြထားပါတယ်'' ဟု ရန်ကုန်မြို့တော် လျပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ခိုင်က
ပြောသည်။

မြန်မာနိုင်ငံအတွင်း လျပ်စစ်မီး လိုအပ်ချက်ကြောင့် ဆန္ဒဖော်ထုတ်မှု
ဖြစ်ပွားခဲ့သည့် ၂၀၁၂ခုနှစ်အား အခြေခံတွက်ချက်မှုအရ နွေကာလအတွင်း လျပ်စစ်မီး လိုအပ်ချက်မှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းအထိ ရှိနေကြောင်း ဦးအောင်ခိုင်က ဆိုပါသည်။

၂၀၁၂ ခုနှစ် နွေကာလအတွင်း အမြင့်ဆုံး ဓာတ်အားသုံးစွဲမှု ၁၇၉၀ မဂ္ဂါဝပ်အား အခြေခံ တွက်ချက်မှုအရ ၂၀၁၃ ခုနှစ် နွေရာသီတွင် ဓာတ်အားလိုအပ်ချက် ပမာဏမှာ ၂၀၆၀ မဂ္ဂါဝပ်၊ ၂၀၁၄ ခုနှစ်နွေရာသီတွင် ဓာတ်အားလိုအပ်ချက် ပမာဏမှာ ၂၃၇၀ မဂ္ဂါဝပ်၊ ၂၀၁၅ ခုနှစ် နွေရာသီ တွင် ဓာတ်အားလိုအပ်ချက် ပမာဏမှာ ၂၇၂၅ မဂ္ဂါဝပ်နှင့် ၂၀၁၆ ခုနှစ်
နွေရာသီတွင် ဓာတ်အားလိုအပ်ချက် ပမာဏမှာ ၃၁၃၀ မဂ္ဂါဝပ်အထိ ရှိလာမည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၃ ခုနှစ် နွေရာသီ ကာလအတွင်း လက်ရှိလိုအပ်ချက်ဖြစ်သည့် လျပ်စစ်ဓာတ်အား ၅၀၉ မဂ္ဂါဝပ်အား ဖြည့်ဆည်းနိုင်ရန်
သောက်ရေခပ်-၂၊ လှော်ကား၊ ရွာမ၊ သာကေတ၊ အလုံစသည့် ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများမှ ၃၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

ကျန်လိုအပ်သည့် ဓာတ်အား ပမာဏဖြစ်သည့် ၂၁၉ မဂ္ဂါဝပ်အား
ဖြည့်တင်းနိုင်ရန် စက်မှုဇုန်များအား အချိန်ပိုင်း ဓာတ်အားလျော့ခြင်း၊ အစိုးရပိုင် စက်ရုံများ၊ မြစ်ရေတင်များအား ဓာတ်အားအသုံးများသည့် 
အချိန် ညနေ ၅ နာရီမှ ၁၁ နာရီအထိ ဓာတ်အားပိတ်ခြင်း၊ စက်မှုလက်မှု လုပ်ငန်းများမရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့ငယ်များအား
နေ့ဘက်တွင် ဓာတ်အားပိတ်ခြင်း၊ မြို့ကြီးအချို့တွင် ၁ မဂ္ဂါဝပ်မီး စက်များအသုံးပြု၍ ဓာတ်အားဖြည့် တင်းပေးမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် မတ်လအမီ ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် စပိန်နိုင်ငံမှ တင်ပို့မည့် 52MW ရှိ Guascor အား လှော်ကားစက်ရုံ တွင် ထားရှိမည်ဖြစ်ပြီး ဂျာမနီ နှင့်သြစတြေးလျနိုင်ငံတို့မှ တင်ပို့မည့် 52MW ရှိ Caterpillar အား ရွာမစက်ရုံ၊ စင်ကာပူနိုင်ငံမှ တင်ပို့မည့် 53.6 ရှိ GE အား သာကေတစက်ရုံနှင့် မလေးရှားနိုင်ငံမှ တင်ပို့မည့် 100MW ရှိ GE အား အလုံစက်ရုံတွင် တပ်ဆင်နိုင်ရန် ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

Eleven Media Group မြန်မာနိုင်ငံအတွင်း နွေရာသီ ကာလများတွင် လျပ်စစ်ဓာတ်အား မလုံလောက်မှု ပြဿနာအား အမြန်ဆုံး ဖြေရှင်းနိုင်ရန် စပိန်၊ ဂျာမနီ၊ သြစတြေးလျ၊ စင်ကာပူ၊ မလေးရှား စသည့်နိုင်ငံများမှ Gas Turbine များနှင့် Gas Engine များအား တင်သွင်းနိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ သတင်းရရှိပါသည်။

မစ္စတာ ဘင်း တစ်ယောက် အင်ဂျင်နီယာပညာ ထူးချွန်သော်လည်း

မစ္စတာ ဘင်း တစ်ယောက် အင်ဂျင်နီယာပညာ ထူးချွန်သော်လည်း 

မစ္စတာ ဘင်းဆိုရင် ဟာသမင်းသား၊ သရုပ်ဆောင် တစ်ဦး အနေနဲ့ပဲ သိထား ကြပါတယ်။ သို့ပေမယ့် ဘင်း (Rowan Atkinson) ဟာ မာစတာ ဘွဲ့  ရရှိထားတဲ့ လျှပ်စစ် အင်ဂျင်နီယာ တစ်ဦး ဖြစ်ပါတယ်။ 

၁၉၇၅ ခုနှစ်က Electrical Engineering - MSc တန်းကို Oxford, The Queen's College မှာ တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် မှာတော့ ကောလိပ်ရဲ့   Honorary Fellow အဖြစ် အသိအမှတ်ပြုခံခဲ့ ရပါ တယ်။ ပညာရေး ထူးချွန်တဲ့ အတွက် အောက်စဖို့ တက္ကသိုလ်မှာတောင် နည်းပြ အဖြစ် အခန့်အပ်ခံခဲ့ရ ဖူးပါတယ်။ 

သို့ပေမယ့် ဖျော်ဖြေရေးနဲ့ သရုပ်ဆောင် အနုပညာ ပိုင်းမှာ လည်း ထူးချွန်တဲ့ ဘင်းဟာ ဟာသပြဇာတ်မှ တစ်ခန်းရပ်ဗီဒီယို၊ တစ်ခန်းရပ် ဗီဒီယိုမှ ရုပ်ရှင် အစရှိသဖြင့် တစ်ဆင့်ထက် တစ်ဆင့် တက်ပြီး ထူးခြား အောင်မြင်လာခဲ့ ပါတယ်။ ဒါကြောင့် သူတတ်ကျွမ်းထူးချွန်နေသေးတဲ့ လျှပ်စစ်အင်ဂျင်နီယာ ဘဝနဲ့တောင် အသက်မွေးဝမ်းကျောင်းပြု ဘဝရပ်တည်မှု မလုပ်တော့ပဲ အနုပညာ ဘက်မှာ အားစိုက်လုပ်ခဲ့ပါတယ်။ 

ယခုဆိုရင် Rowan Atkinson လို့ပြောရင်တောင် လူသိပ်မသိပဲ မစ္စတာ ဘင်းလို့ ပြောမှ လူသိရလောက်အောင် အောင်မြင်တဲ့ ဟာသသရုပ်ဆောင် အဖြစ် ယနေ့တိုင် တည်ရှိနေခြင်းဟာ ဂုဏ်ယူစရာ ဖြစ်ကြောင်း ဘင်းကိုယ် တိုင် ဝန်ခံခဲ့ဖူးတယ်လို့ သိရပါတယ်။ 
--
Ref: wiki, DM
ရိုးရာလေး

http://www.yoyarlay.com/entertainment/art/33685-mr-bean-is-an-engineer

--
မစ္စတာ ဘင်းဆိုရင် ဟာသမင်းသား၊ သရုပ်ဆောင် တစ်ဦး အနေနဲ့ပဲ သိထား ကြပါတယ်။ သို့ပေမယ့် ဘင်း (Rowan Atkinson) ဟာ မာစတာ ဘွဲ့  ရရှိထားတဲ့ လျှပ်စစ် အင်ဂျင်နီယာ တစ်ဦး ဖြစ်ပါတယ်။
၁၉၇၅ ခုနှစ်က Electrical Engineering - MSc တန်းကို Oxford, The Queen's College မှာ တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် မှာတော့ ကောလိပ်ရဲ့  Honorary Fellow အဖြစ် အသိအမှတ်ပြုခံခဲ့

ဟဲဟိုးလေဆိပ်အနီး ပျက်ကျခဲ့သော Air Bagan လေယာဉ်၏ Black Box အား စင်ကာပူနိုင်ငံမှ လက်ခံစစ်ဆေးရန် ငြင်းပယ်ခဲ့သဖြင့် သြစတြေးလျနိုင်ငံသို့ ပေးပို့စစ်ဆေးသွားမည်

ဟဲဟိုးလေဆိပ်အနီး ပျက်ကျခဲ့သော Air Bagan လေယာဉ်၏ 
Black Box အား စင်ကာပူနိုင်ငံမှ လက်ခံစစ်ဆေးရန် ငြင်းပယ်ခဲ့သဖြင့် သြစတြေးလျနိုင်ငံသို့ ပေးပို့စစ်ဆေးသွားမည်
Monday, January 07, 2013 

၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က ဟဲဟိုးလေဆိပ်အနီး ပျက်ကျခဲ့သော Air Bagan လေယာဉ်၏ Black Box အား စင်ကာပူနိုင်ငံမှ လက်ခံစစ်ဆေးရန်
ငြင်းပယ်ခဲ့သဖြင့် သြစတြေးလျနိုင်ငံသို့ ဆက်လက်ပေးပို့ စစ်ဆေးသွားမည်
ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းဆွေထွန်းက ဇန်န၀ါရီ ၆ ရက် နေ့က ပြောကြားသည်။

''မီးလောင်ပြင်ထဲကနေ ဆွဲထုတ်ထားရတော့ ပျက်စီးမှု အတိုင်းအတာ များတဲ့အပြင် စင်ကာပူနိုင်ငံက ပစ္စည်း မပြည့်စုံတာကြောင့် လက်မခံတာပါ။ ဇန်န၀ါရီ တတိယပတ်မှာ သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့မှာ ရှိတဲ့ Australian Transport Safety Bur-eau (ATSB) ကို ပေးပို့ပြီး ဆက်လက် စစ်ဆေးသွားမှာပါ'' ဟု ဦးဝင်းဆွေထွန်းက ဆိုသည်။

Black Box အား စစ်ဆေးရန် သြစတြေးလျနိုင်ငံသို့ ပေးပို့ရာတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များကိုယ်တိုင် သွားရောက်
ပေးပို့သွားမည်ဖြစ်ပြီး၊ စစ်ဆေးရာတွင်လည်း ကော်မရှင်အဖွဲ့ဝင်များ ကိုယ်တိုင်ပါဝင် စစ်ဆေးသွားမည်ဟု သိရသည်။

Black Box အား စစ်ဆေးရန် ကမ်းလှမ်းခဲ့သည့် စင်ကာပူနိုင်ငံနှင့် သြစတြေးလျနိုင်ငံများမှ ဌာနများမှာ အစိုးရဌာနများသာဖြစ်ပြီး၊ 
Black Box အား အစိုးရဌာန အချင်းချင်းသာ ချိတ်ဆက်၍ စစ်ဆေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

Black Box (လေယာဉ်ပျံသန်းမှု မှတ်တမ်းသေတ္တာ) မှာ လေယာဉ်
ပျံသန်းမှု အမြင့်၊ မြန်နှုန်း စသည့် လေယာဉ်နှင့် ပတ်သက်သည့် အချက်အလက်များအား မှတ်တမ်းတင်သော ကိရိယာဖြစ်ပြီး၊ အချိန်တစ်လ အထိ မှတ်တမ်းတင်နိုင်သည့် Flight Data Recorder (FDR) နှင့် Cockpit Voice Recorder (CVR) သည် လေယာဉ်မှူးနှင့် လေကြောင်းထိန်းသိမ်းရေး တာဝါ ဆက်သွယ်သော အသံများကို မှတ်တမ်းတင်ထားသော ကိရိယာဖြစ်သည်။

ရန်ကုန်-မန္တလေး-ဟဲဟိုး-ရန်ကုန် ခရီးစဉ် ပျံသန်းသော Air Bagan
လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်က မန္တလေးလေဆိပ်မှ ဟဲဟိုးလေဆိပ် သို့ ဆင်းသက်ချိန်တွင် ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး၊ အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်
ပေါ်ပါ ခရီးသည် ၆၅ ဦးအနက် ဧည့်လမ်းညွှန် တစ်ဦးနှင့် မြေပြင်မှ ဆိုင်ကယ်သမားတစ်ဦး သေဆုံးခဲ့သည်။

Eleven Media Group ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က ဟဲဟိုးလေဆိပ်အနီး ပျက်ကျခဲ့သော Air Bagan လေယာဉ်၏ Black Box အား စင်ကာပူနိုင်ငံမှ လက်ခံစစ်ဆေးရန် ငြင်းပယ်ခဲ့သဖြင့် သြစတြေးလျနိုင်ငံ သို့ ဆက်လက်ပေးပို့ စစ်ဆေးသွားမည်ဖြစ်ကြောင်း စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းဆွေထွန်းက ဇန်န၀ါရီ ၆