Sunday, May 10, 2015

ဦးရွှေမန်း၏ ပူးပေါင်းဆောင်ရွက်လိုသော စိတ်ထားကို ဒေါ်အောင်ဆန်းစုကြည်ချီးကျူး


မြန်မာနိုင်ငံ၏ သမ္မတ ဖြစ်လာနိုင်သူတစ်ဦးအဖြစ် သတ် မှတ်ခံထားရသော သြဇာအာဏာ ကြီးမားသည့် ပြည်ထောင်စုလွှတ် တော်နာယက သူရဦးရွှေမန်းက အတိုက်အခံ ခေါင်းဆောင်ဒေါ် အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်ရန် လမ်းဖွင့်ထား သည်ဟု ပြောကြားလိုက်ပြီး နောက် နိုင်ငံရေးပြိုင်ဘက်သူရ ဦးရွှေမန်း၏ ပူးပေါင်းဆောင်ရွက်လိုသော စိတ်ထားကို မြန်မာလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်က မေလ ၇ ရက်တွင်ချီး ကျူးလိုက်သည်။

ဆေး(၁) တွင် ဖွင့်လှစ်မည့် အင်္ဂလိပ်စာသင်တန်း လျှောက်ထားခွင့်ရရန် ညလုံးပေါက် လာရောက်စောင့်ဆိုင်းမှုများ ဖြစ်ပေါ်

ရန်ကုန်ဆေးတက္ကသိုလ် (၁)တွင် SEAMEO ကဖွင့်လှစ်မည့် Communication in English Course ဒီပလိုမာသင်တန်းတက် ရောက်ခွင့်ရရန် မေလ ၈ ရက် ညနေက လူဦးရေ ၅၀၀ ကျော်ညလုံးပေါက်လာရောက် စောင့် ဆိုင်းခဲ့ကြသော်လည်း သင်တန်း တက်ရောက်မည့်သူများပြားလွန်းသည့်အတွက် သင်တန်းရက်ကိုရွှေ့ဆိုင်းခဲ့သည်။
SEAMEO Regional Centrefor History and Tradition (SEAMEO CHAT) သည် ယခင် ရန်ကုန်တက္ကသိုလ် သီရိဆောင် တွင် သင်ကြားပေးရာမှ ၂၀၁၄ ၌ ပြည်လမ်းရှိ ဆေးတက္ကသိုလ် (၁) ၀င်းအတွင်းရှိ ငါးထပ်အ ဆောက်အအုံသို့ ပထမဆုံးပြောင်းရွှေ့သင်ကြားခဲ့ခြင်းဖြစ်သည်။
လာရောက်လျှောက်ထားသူ မှာ ထင်ထားသည်ထက်ပိုမိုများ ပြားခဲ့ကာ ကျောင်းသားမိဘများနှင့် ကျောင်းသားအချို့မှာ နံနက် ၃ နာရီကျော်သည်အထိ စောင့်ဆိုင်းခဲ့ကြသည်။

အစိုးရတပ်နှင့် ကေအိုင်အေ မန်စီမြို့နယ်တွင် လေးရက်ဆက်၍ တိုက်ပွဲဖြစ်

အစိုးရတပ်နှင့် ကေအိုင် အေတို့ ဗန်းမော်ခရိုင် မန်စီမြို့နယ် ကေအိုင်အေ တပ်မဟာ(၃)နယ်မြေအတွင်း တိုက်ပွဲများ လေးရက် ဆက်တိုက် ဖြစ်ပွားခဲ့ပြီး အစိုးရ တပ်ဘက်မှ လေကြောင်းကပါ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိ သည်။
ကေအိုင်အေတပ်မဟာ(၃) နယ်မြေတပ်ရင်း (၁၂)ဒေသဖြစ် သည့် နမ့်လင်းပါ ဒေသများနှင့် တပ်ရင်း (၂၇) မဂရန်ဒေသများ တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း ကေအိုင်အေ အဆင့်မြင့် အရာရှိတစ်ဦးက ဆိုသည်။
‘‘ဒီနေ့လည်း မနက် ၆ နာရီ ကနေဖြစ်တယ်။ ပြီးတော့ ညနေ ပိုင်းမှာလည်း ဖြစ်တယ်’’ဟု အ ထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ကိုပါကြီးအမှုတွင် ဒုတပ်ကြပ် နှင့် တပ်သားကို အပြစ်မရှိ၍ တရားသေလွှတ်မိန့်ချ

အလွတ်တန်း သတင်းထောက်ကိုပါကြီး သတ်ခံရမှုတွင် ပါဝင် ပတ်သက်သည့် အစောင့်စစ်သည် ဒုတပ်ကြပ်နှင့် တပ်သားတစ်ယောက်ကို စစ်ဘက်တရားရုံးက တရားသေ လွှတ်ပေးလိုက်ကြောင်း အမိန့်ချသည်ဟု စစ်တပ်က မြန်မာနိုင်ငံလူအခွင့်အရေး ကော်မရှင်သို့ မေ ၉ရက်က စာပို့လိုက်ကြောင်း ကိုပါကြီးအမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော် ရှေ့နေ့ ဦးရောဘတ်စန်းအောင်က မဇ္ဈိမကို ပြောသည်။
"သေမှုသေခင်းကို အဲ့လိုလွှတ်လိုက်တော့ ဘာကိုနားလည်ရမှန်းတောင်မသိဘူး။ ဆက်ပြီး ကာကွယ်ရေးဦးစီးချုပ်ကို တင်မယ်။ ကန့်ကွက်တယ်။ ခုလို့လုပ်တာ တပ်မတော်အပေါ် ပြည်သူရဲ့ယုံကြည်မှုကို လျှော့စေတယ်"ဟု ၎င်းကပြောသည်။

သောက်ရေခပ်ဆည်စီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရသူများက ဆန္ဒပြ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် အရှေ့ဘက်ရှိ သောက်ရေခပ်ရေအားလျှပ်စစ်စီမံကိန်း (၂)တည်ဆောက်မှုကြောင့် ပြောင်းရွှေ့ပေးခဲ့ရသည့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ကျေးရွာပေါင်း၂၀ နီးပါးမှ ဒေသခံ ၁၀၀ ခန့်က ၂၀၁၅ခုနှစ် မေလ ၁၀ ရက် နံနက် ၈ နာရီခွဲခန့် က သောက်ရေခပ်ချောင်းဖျားရှိ ဇတ်ဆိပ်နေရာတွင် စုဝေးပြီး ဆန္ဒပြခဲ့သည်။
ဒေသခံများက သောက်ရေခပ်ဆည် စီမံကိန်း (၁)ဆက်လက်မလုပ်ဆောင်ရန်နှင့် သောက်ရေခပ်(၂) ဆည် တည်ဆောက်စဉ်က ရေအောက်နစ်မြုပ်ခဲ့သည့် သောက်ရေခပ်ချောင်းဖျားရှိ ပလက်ဝတံတား အမြန်ဆုံးပြန်လည်တည်ဆောက်ပေးရန်၊ လယ်ယာမြေနစ်နာမှုများ အမြန်ဆောင်ရွက်ပေးရန်၊ ဇတ်ဆိပ်အနီးရှိ လမ်းများ ပြုပြင်ပေးရန် စသည့် တောင်းဆိုချက်လေးချက်ကို တောင်းဆိုကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

သံတောင်ဆည် သိမ်းယူမြေတွေ အတွက် ဒေသခံတွေဆန္ဒပြ

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်က အမှတ်(၂) သောက်ရေခပ်ဆည် စီမံကိန်းအတွက် သိမ်းယူခဲ့တဲ့ လယ်မြေတွေအတွက် လျော်ကြေးငွေပေး ဖို့ ဒေသခံကျေးရွာသားတွေနဲ့ လူမှုအဖွဲ့အစည်းတွေက သံတောင်ကြီး မြို့နယ် ပလက်ဝကျေးရွာမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲမှာ မြေယာလျော်ကြေးနဲ့ ဒေသဖွံ့ဖြိုးရေး အကောင်အထည်ဖေါ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့က ကိုစောသာဘိုး က ပြောပါတယ်။
"ဒေသခံတွေ တောင်းဆိုတာ အချက် ၄ ချက်ရှိတယ်ပေါ့၊ သူတို့တွေက သောက်ရေခပ် ဆည်က စီမံကိန်း ၁ ကို ထပ်မဆောက်ဖို့တွက် သူတို့တွေက တောင်းဆိုပါတယ်၊ အဲ့မှာ ပလက်ဝ ဆိုတဲ့နေရာက ဇတ်နဲ့ကူးရတဲ့အတွက် အမြန်ဆုံးတံတားဆောက်ပေးဖို့ တောင်းဆိုပါတယ်၊ လမ်းကမကောင်းလို့ အမြန်ဆုံးပြုပြင်ပေးဖို့လည်းတောင်း ဆိုပါတယ်၊ ဆုံးရှုံးထားတဲ့မြေယာတွေပေါ်မှာ လျော်ကြေးပြန်ရဖို့ သူတို့တွေတောင်းဆိုပါတယ်"

MNDAA ၊ AA ၊TNLA နှင့် ဖြစ်နေသည့် စစ်ပွဲများရပ်ပါက ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မည်ဟု ဦးအောင်မင်း ဆို

မေ ၉ရက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ နှင့် အစိုးရတို့ ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးစဉ်။

ကိုးကန့် (MNDAA) ၊ ရက္ခိုင့်တပ်မတော် (AA)၊ တအာင်းပလောင်(TNLA) နှင့် ဖြစ်ပွားနေသည့် စစ်ပွဲများကို ရပ်ပါက ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ
ဦးအောင်မင်းက မေလ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

လက်ရွေးစင်အသင်းနည်းပြချုပ် အေဗရာမိုဗစ်ကို ၂၀၁၆ခုနှစ်အထိ စာချုပ်သက်တမ်းတိုးရန် စီစဉ်ထား

ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနည်းပြချုပ် ဆားဘီးယားလူမျိုးနည်းပြ အေဗရာမိုဗစ် ကို ၂၀၁၆ခုနှစ်အထိ စာချုပ်သက်တမ်းတိုးရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ စီစဉ်ထားသည်။

ပင်လယ်ကွေ့ဒေသ ရေကြောင်းလုံခြုံရေး မြန်မာ့ရေတပ် ပါဝင်ဆောင်ရွက် တော့မှာလား


အိန္ဒိယ သမုဒ္ဒရာ ပင်လယ်ကွေ့ဒေသ ရေကြောင်းလုံခြုံရေးအတွက် နိုင်ငံစုံပူးပေါင်းဆောင်ရွက်နေရာ၌ မြန်မာရေတပ် အနေဖြင့် ပါဝင်ဆောင်ရွက်ရန် ပါကစ္စတန် ရေတပ်ဦးစီးချုပ်က Admiral Muhammad Zakaullah က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းခံခြင်း

ယခုတစ်လောတွင်တော့ ပြည်နယ်တောင်းသည့်ကိစ္စ ခေတ်စားနေပြန်သည်။
‘ဝ’ ဆိုသည့် လူမျိုးတွေက သူတို့ကို ပြည်နယ်အဆင့် တိုးမြှင့်ပေးဖို့ တောင်းဆိုလိုက်သည်။ ‘ဝ’ တွေ ဦးစီးကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံတွင် တောင်းဆိုခြင်းဖြစ်ပြီး တက်ရောက်သည့် အဖွဲ့အစည်း တွေကလည်း လက်ခံကြသည်ဟု ဆိုသည်။
ထိုသတင်းကို ရွာက လူတွေကို ပြောပြတော့....
“ကောင်းတာပေါ့...။ သူတို့တောင် ပြည်နယ်တောင်းတာ ငါတို့လည်း ပြည်နယ်တောင်းရမယ်” တဲ့။
ပြည်နယ်နာမည်ကိုတောင် သူတို့က စဉ်းစားပြီးလေပြီ။ ဘာတဲ့... “ကညင်ကွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်” ဆိုလား။

အပစ်ရပ်စာချုပ်မှာ “၀” နဲ့ မိုင်းလား လက်မှတ်မထိုးချင်တာ ဘာ့ကြောင့်လဲ?

ပန်ဆန်းညီလာခံအပြီးမှာတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) ကိစ္စ အသံပြန်ထွက်လာပါ တယ်။ “၀” ဒေသ၊ ပန်ဆန်းမြို့မှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ် တိုင်းရင်းသားညီလာခံကနေ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် တွေမှာလည်း အပစ်ရပ်လက်မှတ်ထိုးဖို့ကိစ္စကို ထည့်သွင်းဖော်ပြထားတာတွေ့ရပါတယ်။ ငြိမ်းချမ်းရေးအတွက် တိုင်းရင်း သားလက်နက်ကိုင်အားလုံး ပါဝင်လက်မှတ်ရေးထိုးဖို့ တိုက်တွန်းထားတာကလည်း အကောင်းဘက်ကို ဦးတည်နေတာလို့ ပဲ ပြောချင်ပါတယ်။

မြန်မာ ၂၈ ဦး တောထဲတွင် ပစ်ထားခံရ၊ အမျိုးသမီးလေးဦးကို ထိုင်းပွဲစားများ အဓမ္မပြုကျင့်


ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသည့် မြန်မာ ၂၈ ဦးကို ပွဲစားများက တောထဲတွင် ပစ်ထားခဲ့ပြီး ယင်းတို့အနက် မြန်မာအမျိုးသမီးလေးဦးမှာ ထိုင်းပွဲစားများ၏ အဓမ္မပြုကျင့်မှုကို ခံခဲ့ရကြောင်း မန်နေဂျာ အွန်လိုင်းသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာအလုပ်သမားများသည် အစာရေစာ ငတ်ပြတ်သဖြင့် အနီးအနား ကျေးရွာများကို သွားရောက်ကာ အစားအသောက် တောင်းစားရာမှ ရွာလူကြီးက ထိုင်းတပ်မတော်ကို သတင်းပို့ခဲ့သဖြင့် ထိုင်းအစိုးရ အာဏာပိုင်များက မေလ ၈ ရက်နေ့တွင် လာရောက်စစ်ဆေးကာ ခေါ်ဆောင်သွားကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲ ရှုံးနိမ့်ပြီးနောက် လေဘာပါတီခေါင်းဆောင် မီလီဘန်း ရာထူးမှ နုတ်ထွက်


ဗြိတိန်ရွေးကောက်ပွဲတွင် မဲအပြတ်အသတ် ရှုံးနိမ့်ပြီးနောက် လေဘာပါတီ ခေါင်းဆောင် အတ်မီလီဘန်း ရာထူးမှ နုတ်ထွက်သွားကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
မီလီဘန်းတွင် လူအများစုကို ဆွဲဆောင်နိုင်သည့် စွမ်းရည်ကင်းမဲ့နေသော်လည်း ရွေးကောက်ပွဲ မဲဆွယ်ကာလများအတွင်း ခပ်ခပ်မာမာဖြင့် မဲဆွယ်စည်းရုံးခဲ့ခြင်းကြောင့် မဲအများစု ရနိုင်ခြေ ရှိသည်ဟု လေ့လာသုံးသပ်သူ အများစုက ခန့်မှန်းခဲ့ကြသည်။

မိုးသက်လေပြင်း တိုက်ခတ်၍ မန္တလေးမြို့တွင်း၌ သစ်ပင်များ ပြိုလဲ


မန္တလေးမြို့တွင် မေလ ၈ ရက်နေ့ညက မိုးသက်လေပြင်းများ တိုက်ခတ်ခဲ့သောကြောင့် မြို့နယ်အသီးသီးရှိ နေရာအတော်များများတွင် သက်တမ်းရင့် သစ်ပင်များနှင့် အခြားအပင်များ ပြိုလဲခဲ့သော်လည်း ဒေသခံများ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြောကြားသည်။

အရေးပေါ်ဖြေရှင်းရမည့် အနည်းဆုံး လုပ်ခလစာ


“ကျမ အတွက် တခါလာလည်း ဘဲဥဟင်း၊ နောက်တခါလည်း ဘဲဥဟင်း ဆိုတော့ အခြေခံလစာတိုးခဲ့ရင် ဟင်းတမျိုးတော့ ပြောင်းပြီး စားနိုင်မှာပါ”ဟု မခင်ခင်သီ က ပြောပြသည်။
မခင်ခင်သီသည် ဧရာဝတီတိုင်းဒေသကြီး၊ ကျေးရွာငယ် တခုမှ ဖြစ်ပြီး ရန်ကုန်မြို့၊ မင်္ဂလာဒုံစက်မှုဇုန်နယ်မြေရှိ အထည်ချုပ် စက်ရုံတရုံတွင် စက်ချုပ်ဝန်ထမ်းတဦးအဖြစ် လာရောက်အလုပ် လုပ်ကိုင်နေသူဖြစ်သည်။

ပန်ဆန်းညီလာခံ ဘာလဲ၊ ပန်ဆန်း ညီလာခံ ဘယ်လဲ


မေလ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၆ ရက်ကြာ ပန်းဆန်းညီလာခံတော့ ပြီးဆုံးသွားခဲ့ပါပြီ။
ဒီ ညီလာခံကြီးမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ (UPWC) နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ သဘောတူထားတဲ့ တပြည်လုံး အပစ်ရပ်ရေး သဘောတူစာချုပ် (NCA) မူကြမ်းကို ပြန်လည်သုံးသပ် ညှိနှိုင်းရင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အသီးသီးရဲ့ သဘောထားနဲ့ အကြံပြုချက် အသီးသီးကို တင်ပြ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။