ထိုင်းနိုင်ငံရှိ တရားဝင် ရော၊ တရားမ၀င်လုပ်သားများ ပါ ပြည်တွင်းသို့ တရားဝင် လမ်း ကြောင်းမှ နစ်နာမှုမရှိဘဲ ငွေလွှဲ နိုင်ရေးဆောင်ရွက်ပေးမည်ဖြစ် ကြောင်း အလုပ်သမားရေးရာ ၀န်ကြီးဌာနမှ သတင်းရရှိသည်။
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ ပြောင်း အလုပ်သမားအများစု သည် မိသားစုများထံ ငွေလွှဲပို့ရာ ၌ အစိုးရမှ ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်ခွင့်ပြုထားသော် လည်းငွေလွှဲပွဲစားများနှင့်သာ ပို့ဆောင်လျက်ရှိသည်။
ဒီဇင်ဘာ ၁၁ ရက်တွင် ကျင်းပမည့် မြန်မာ-ထိုင်း အလုပ်သမားရေးရာကျွမ်းကျင် သူများ ညှိနှိုင်းဆွေးနွေးပွဲတွင် ၀န်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအေးမြင့်က ပြောသည်။