Friday, November 20, 2015

အာဆီယံထိပ်သီးအစည်းအဝေးကို အကြမ်းဖက်သမားများ ပစ်မှတ်ထားနေဟု သတင်းများထွက်ပေါ်

အာဆီယံအစည်းအဝေး မတိုင်မီ ကွာလာလမ်ပူတွင် လုံခြုံရေး စောင့်ကြပ်နေသည့် ရဲနှင့်စစ်သားများ။
မလေးရှားတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးကို အကြမ်းဖက်တိုက်ခိုက်လာနိုင်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

မလေးရှား ရဲတပ်ဖွဲ့ထံမှ ပေါက်ကြားလာသည့် အစီရင်ခံစာ တစ်စောင်အရ ကွာလာလမ်ပူမြို့တော်တွင် အသေခံဗုံးခွဲသမား ၁၀ ယောက်မျှ ရောက်ရှိနေသည်ဟု ယုံကြည်ရကြောင်း သိရသည်။ အဆိုပါ ဗုံးသမားများသည် အရှေ့တောင်အာရှနိုင်ငံများ အစည်းအရုံး (အာဆီယံ) ၏ ယခုသီတင်းပတ်ကုန် ညီလာခံကို ဦးတည်တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်းလည်း အဆိုပါအစီရင်ခံစာတွင် ပါရှိသည်။

မလေးရှား ရဲတပ်ဖွဲ့အကြီးအကဲ ခါလစ်ဒ် အဘူဘေကာက အဆိုပါအစီရင်ခံစာသည် စစ်မှန်ကြောင်း အတည်ပြုခဲ့သော်လည်း ထောက်လှမ်းရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ထုတ်ပြန်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတအထက်ကနဲ့ စပ်လျဉ်း၍

လွန်ခဲ့တဲ့ ရက်သတ္တပတ်က ဖေ့စ်ဘွတ်ခ် စာမျက်နှာရဲ့ အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ Messe-nger ကနေတစ်ဆင့် ကျွန်တော့် ဆီကို အမေးပုစ္ဆာတစ်ရပ် ဆိုက် ဆိုက်မြိုက်မြိုက် ရောက်ချလာပါ တယ်ခင်ဗျ။ ပုစ္ဆာပြုသူအနှီပုဂ္ဂိုလ်က ပြည်နယ်တစ်ခုမှာ လက်ရှိတာဝန် ထမ်းဆောင်ဆဲ တက္ကသိုလ်ဆရာတစ်ယောက်လို့ ဆိုလားပဲ။ ‘‘ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ Above President မှာနေမယ်ဆိုတာ သူပြောတာ အမှန် လား’’တဲ့။ ကျွန်တော်က ‘‘မှန်ပါတယ် ဆရာ’’လို့ဆိုရုံရှိသေး။ ‘‘ဒါဆို သူရူးသွားပြီလား။ ကမ္ဘာသိဖြစ်အောင် သူဘာလို့ တရားဝင်ပြောရတာလဲဗျာ။ ကျွန်တော် မယုံနိုင်ဘူး။ တကယ်ပြောတာ။ ဘယ်နိုင်ငံမှာမှ 'The position abovethe president' ဆိုတာမရှိဘူး မဟုတ်လားဗျာ။ သိပ်ကို ကလေး ဆန်နေသလိုပဲဗျာ’’ဆိုပြီး နောက်ဆက်တွဲစောဒက စကားလုံးတွေက စက်သေနတ်နဲ့ တရစပ်ပစ်ထည့် လိုက်သလို။ ဒါတင်မက သေးပါဘူး။ ‘‘အဲဒီတစ်ချက်ဟာ ကျွန်တော့်အမြင်အရဆို ပက်ပက် စက်စက်ကိုမှားတယ်ဗျာ’’။ ဆိုတဲ့နောက်ဆုံးပိတ် ကောက်ချက်ချစကားတစ်ခွန်းတောင် အဆစ်ပါလိုက်သေးဗျား။

နယူးဇီလန်၏ နိုင်ငံတော်အလံသစ် ရွေးချယ်ရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ စတင်


နမူနာ လွှင့်တင်ပြသထားသည့် အလံဒီဇိုင်းသစ်များ။
နယူးဇီလန်၏ နိုင်ငံတော်အလံသစ် ရွေးချယ်သတ်မှတ်ရေးအတွက် နောက်ဆုံးအဆင့်မဲပေးမှုများ စတင်ပြုလုပ်နေပြီဟု သတင်းရရှိသည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတစ်ခုကို နယူးဇီလန်တွင် ကျင်းပနေပြီး သတ်မှတ်ထားသည့် အလံဒီဇိုင်းသစ်ငါးမျိုးအနက် မဲအများဆုံးရရှိသည့် ဒီဇိုင်းကို နိုင်ငံတော်အလံသစ်အဖြစ် ရွေးချယ်သွားရန် စီစဉ်ထားသည်။

နယူးဇီလန်တွင် အလံဒီဇိုင်းသစ်အတွက် ပြိုင်ပွဲများပြုလုပ်ခဲ့ပြီး နောက်ဆုံးအဆင့်ဆန်ခါတင် ဒီဇိုင်းငါးခုကို ရွေးချယ်ခဲ့သည်။ ယခုအခါ အဆိုပါအလံများအနက်မှ အပြီးသတ်လူကြိုက်အများဆုံး တစ်ခုကို မဲပေးရွေးချယ်မည် ဖြစ်သည်။

၇ နှစ်သမီးလေးအတွက် ဖခင်၏လက်ဆောင် ဒေါ်လာ ၄၈ သန်းကျော်တန် စိန်ပွင့်ကြီး

ယခုသီတင်းပတ်အတွင်း ကမ္ဘာ့စံချိန်တင် ဈေးနှုန်း ဒေါ်လာ ၄၈.၄ သန်းဖြင့် ရောင်းချလိုက်သည့် အပြာရောင်စိန်ပွင့်ကြီးသည် ဖခင်က ၇ နှစ်အရွယ် သမီးလေးအတွက် ပေးအပ်သည့်လက်ဆောင် ဖြစ်လာကြောင်း သိရသည်။

နိုဝင်ဘာ ၁၈ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ Sotheby လေလံဌာနက Blue Moon စိန်ပွင့်ကြီးကို ဒေါ်လာ ၄၈.၄ သန်းဖြင့် ဟောင်ကောင်မှ ဝယ်လက်တစ်ဦးက လေလံဆွဲဝယ်ယူသွားကြောင်း ကြေညာသည်။ အဆိုပါ ဈေးသည် စိန်တစ်ပွင့်အတွက် ကမ္ဘာ့စံချိန်တင်ဈေးနှုန်းဖြင့်ပြီး ကျောက်မျက်ရတနာများအတွက် ကာရက်အလိုက် တွက်ချက်မှုတွင်လည်း အမြင့်ဆုံးဈေး ဖြစ်လာသည်။

နောက်ပိုင်းတွင် လေလံအောင်သူက စိန်ပွင့်ကြီး၏အမည်ကို Blue Moonမှ Blue Moon of Josephineဟု အမည်ပြောင်းလဲလိုက်သည့်နောက် CNN က ဝယ်ယူသူ မည်သူမည်ဝါဆိုသည်ကို ခြေရာခံ ဖော်ထုတ်လာနိုင်ခဲ့သည်။

စိန်ပွင့်ကြီးကို ကမ္ဘာ့စံချိန်တင်ဈေးဖြင့် ဝယ်ယူသွားသူမှာ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်း Chinese Estate Holdings ၏ ပိုင်ရှင် ဂျိုးဆက်ပ်လော် ဖြစ်သည်။ အဆိုပါ စိန်ပြာပွင့်ကြီးကို လေလံမတင်မီရက်ပိုင်း အလိုကလည်း ဂျနီဗာရှိ Christie လေလံဌာတွင် ၁၆.၀၈ ကာရက် အလေးချိန်ရှိ ပန်းရောင်စိန်ပွင့်ကြီးကို အမည်မဖော်လိုသူတစ်ဦးက ဒေါ်လာ ၂၈.၅ သန်းဖြင့် ဝယ်ယူခဲ့ပြီး Sweet Josephine ဟု အမည်ပေးခဲ့သေးသည်။

မော်ကွန်းဝင်ရဲဘော်ဟောင်းကြီး၏ စုတ်ချက်ပြတိုက်

နိုဝင်ဘာ ၁၇ ရက် နံနက်စောစောက ရန်ကုန်မြို့ ကမ်းနားဟိုတယ်တွင် ကျင်းပသော ပန်းချီပြပွဲတစ်ခုသို့ ရောက်ဖြစ်ခဲ့သည်။ သာမန်ပန်းချီပြပွဲမျိုးတော့ မဟုတ်။ ပန်းချီလောက၏ မှတ်ကျောက်တစ်ခုဟုပင် ဆိုရလောက်သည့် မြန်မာနိုင်ငံ၏ သက်ရှိထင်ရှားပန်းချီ ဆရာများအနက် အသက်အကြီးဆုံး ပန်းချီဆရာကြီး ဦးစန်းလှိုင်၏ တစ်ကိုယ်တော်ပန်းချီ ပြပွဲပင်ဖြစ်သည်။

ပြခန်းအ၀င်အ၀တွင် ဆီလီကွန်ဖြင့် ထုဆစ်ပုံဖော်ထားသော လူတစ်ရပ်ခန့်မြင့်သည့် ရုပ်တုနှစ်ရုပ်ကို တွေ့ရသည်။ တစ်ရုပ်က ဟိုး . . . ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလမြန်မာ့တော်လှန်ရေး ရဲဘော်တစ်ဦး၏အသွင်။ တစ်ခုက ရင်ဘတ်တစ်ဖက်တစ်ချက်စီ တွင် ဆုတံဆိပ်များ ချိတ်ဆွဲထားသည့် ခေါင်းဆွတ်ဆွတ်ဖြူ အဘိုးအိုတစ်ဦး။ နှစ်ခုလုံးမှာပန်းချီ ဆရာကြီး အဘိုးဦးစန်းလှိုင်၏ တစ်ကိုယ်လုံးပုံတူ ရုပ်တုများပင်ဖြစ်သည်။