Tuesday, December 31, 2013

နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ဖို့ သမ္မတကြေညာ

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ရည်ရွယ်ပြီး နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို မနက်ဖြန် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ပြန်လွှတ်ပေးဖို့ သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး ကြေညာလိုက်ပါတယ်။ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ပြစ်ဒဏ် ချခံထား ရသူတွေရော အမှုရင်ဆိုင်နေရဆဲဖြစ်တဲ့ သူတွေကိုပါ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှာ ဖြစ်တဲ့အကြောင်း သမ္မတက ကြေညာခဲ့တာပါ။ လွတ်ငြိမ်းချမ်းသာခွင့် ခံစားခွင့်ရမယ့်သူတွေနဲ့ ပတ်သက်လို့ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ ဦးဇော်ဋ္ဌေးကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာတော့ သူက အခုလို စရှင်းပြ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လေးပွင့်ဆိုင်တွေ့ဆုံခြင်းဖြင့် ပြည်သူလူထု၏ စိုးရိမ်မှုများအား ဖြေဖျောက်ပေးရန် နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့ တောင်းဆို

ပြည်သူလူထုအများစု ယုံကြည်အားထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြေခံ ဥပဒေပြင်ဆင်ရေး အတွက် အဓိကအရေးကြီးသည့် အခန်းကဏ္ဍတွင်ရှိနေသည့် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြည်သူလူထု၏ သံသယစိတ်၊ စိုးရိမ်ပူပန်မှု တို့အား လျှော့ ချပေးရန်အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ တောင်းဆိုသည့် ကြေညာချက်အား ထုတ်ပြန် ခဲ့ကြောင်း သတင်းရရှိသည်။

အောင်ပွဲနှင့်ဝေးကွာနေခဲ့ရာမှ အားကစားမောင်မယ်များ ကြိုးစားမှုကြောင့် ရွှေတံဆိပ် ဒုတိယအများဆုံးနိုင်ငံအဖြစ် အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်ကြောင်း သမ္မတဦးသိန်းစိန်မှပြောကြား

F.31.12
မြန်မာနိုင်ငံအားကစားပြိုင်ပွဲများတွင် အောင်ပွဲနှင့် ဝေးကွာနေခဲ့ရာမှ အားကစားမောင်မယ်များ ကြိုးစား မှုကြောင့် ရွှေတံဆိပ် ဒုတိယအများဆုံးနိုင်ငံအဖြစ် အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၃၀ ရက် MICC အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ဆီးဂိမ်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြ သည့် အောင် ပွဲရ မြန်မာ့ လက်ရွေးစင် အားကစားသမားများအား နိုင်ငံတော်သမ္မတက တည်ခင်းဧည့်ခံသော ဂုဏ်ပြု ညစာ စားပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

နှစ်သစ်ကူးနေ့တွင် ရန်ကုန်မြို့ရှိ နိုက်ကလပ်များနှင့် KTV များအားလုံး ည ၁၁ နာရီအထိသာ ဖွင့်လှစ်ခွင့်ပြုမည်

8.1.1
ယမန်နှစ် ဒီဇင်ဘာ ၃၁ ရက်က ရန်ကုန်မြို့ရှိ မိုင်ဒါကွင်း၌ The Big Myanmar New Year Countdown ပြု လုပ် ခဲ့ရာ ပရိသတ်များနှင့် စည်ကားနေသည်ကို တွေ့ရစဉ်
ဒီဇင်ဘာ ၃၁ ရက်၌ ကျရောက်မည့် နှစ်သစ်ကူးနေ့တွင် ရန်ကုန်မြို့ရှိ နိုက်ကလပ်များနှင့် KTV များအားလုံးကို ည ၁၁ နာရီအထိသာ ဖွင့်လှစ်ခွင့် ပြုထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ၀င်းကြည်က ဒီဇင်ဘာ ၃၀ ရက် နံနက်က ပြောကြားသည်။ ထို့ပြင် အဆိုပါ နှစ်သစ်ကူးနေ့ ညပိုင်းတွင် ရန်ကုန်မြို့ရှိ လူစည်ကားသော နေရာအားလုံးတွင် လုံခြုံရေး အပြည့်အ၀ ချထားမည်ဖြစ်ကြောင်း သိရသည်။

လိုင်စင်မဲ့ ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီးနေသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးနှင့် ထွေ/အုပ်စာရေးတစ်ဦး ကတ်ကြေးဖြင့် အထိုးခံရကာ လေထိုးပိုက်ဖြင့် ရိုက်နှက်ခံရမှု အင်းစိန်မြို့နယ်တွင်ဖြစ်ပွား

ဒီဇင်ဘာ ၂၉ ရက် နံနက် ၈ နာရီခန့်က အင်းစိန်မြို့မ ရဲစခန်း နယ်မြေအတွင်း စည်းကမ်းမဲ့၊ လိုင်စင်မဲ့ ဆိုင်ကယ်များ ဖမ်းဆီးရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၁၄)၊ အင်းစိန်ရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရာအိမ်မှူးများ ပါဝင်သော အဖွဲ့သည် အင်းစိန်မြို့နယ်အတွင်း စည်းကမ်းမဲ့ ဆိုင်ကယ်များ လိုက်လံဖမ်းဆီး ခဲ့ကြောင်း သိရသည်။