Saturday, March 30, 2013

သစ် အလုံး လိုက် ပြည်ပ တင်ပို့မှု ခွင့် ရပ်ဆိုင်းမည်

ပြည်ပသို့ သစ် အလုံးလိုက် တင်ပို့မှုကို ဧပြီလ ၁ ရက်နေ့မှ စတင်၍ ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ဝန်ကြီးဌာန မှတဆင့် ဆိုသည်။ “သစ်နဲ့ပတ်သက်ပြီး သစ်အချောထည်နဲ့ တဝက်တပျက် အချောထည်အဖြစ်သာ တင်ပို့ခွင့်ကို ဝန်ကြီးဌာနက မတ်လ ၂၉ ရက် နေ့စွဲနဲ့ သတင်း ထုတ်ပြန် ပြီးဖြစ်ပါတယ်” ဟု ယင်းဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

ချွေးထွက်လွန်ခြင်းနှင့် ကိုယ်နံ့နံခြင်း

ချွေးထွက်လွန်ပြီး ကိုယ်နံ့နံတဲ့အခါ မိမိကိုယ်တိုင်သာမက ဘေးပတ်ဝန်းကျင်က လူတွေပါ သင့်ကိုယ် နံ့ကြောင့် စိတ်မသက်သာ ဖြစ်ရတတ်ပါတယ်။ ကိုယ်နံ့ဟာ အစားအသောက်စားသောက်မှု ပုံစံ ပြောင်း လဲတာနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ထိန်းသိမ်းတဲ့နည်းနဲ့ ကာကွယ်တားဆီးနိုင်ပါတယ်။

ကော်ဖီများများ သောက်ခြင်းက စိတ်ခြောက်ခြားစေ

ကော်ဖီများများ သောက်တဲ့သူတွေဟာ သာမန်လူတွေထက် ပိုမိုစိတ်ခြောက်ခြား တယ်လို့ ဆေးပညာ အရ လေ့လာ တွေ့ရှိထားပါတယ်။

အဓိကရုဏ်းဖြစ်ပွားခဲ့သည့် ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်

မိတ္ထီလာမြို့၏ လက်ရှိအခြေအနေမှာ တည်ငြိမ်လျက်ရှိသော်လည်း ကျန်းမာရေးချို့ယွင်းမှုများ ရှိသည် ဟု ဒေသခံ မဖြူက မဇ္ဈိမသို့ပြောသည်။

“အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီး တောင်ကိုရီး ယားနှင့် စစ်ဖက်ဖြစ်ပွားသည့် အခြေအနေဟု ကင်ဂျုံအမ်ဆို”

မလေးရှားတွင် " ကယန်းအလှ" ရုပ်ရှင်ဇာတ်ကား ဆု ၂ ဆုအတွက်ရာ ထားခြင်းခံရ"

မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး ကနေဒါ သံအမတ်ကြီး ခန့်အပ်

မြန်မာနိုင်ငံဆိုင်ရာ ပထမဦးဆုံး ကနေဒါသံအမတ်ကြီးအဖြစ် Mark McDowell အား ခန့်အပ် တာဝန်ပေးအပ်လိုက်ပြီ ဖြစ်ကြောင်း မတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည့် ကနေဒါနိုင်ငံ နိုင်ငံခြားရေး ဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငွေကျပ် နှစ်သောင်းတန်ဖုန်းကဒ်များ ဧပြီ ၅ရက်နေ့ စတင် ချပေးမည်

ငွေကျပ် နှစ်သောင်းတန်ဖုန်းကဒ်များ ဧပြီ ၅ရက်နေ့ စတင် ချပေးမည်
==========================================

Saturday, March 30, 2013


မတ်လ ၂၉ရက်နေ့ မနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ ငွေ ကျပ် နှစ်သောင်းတန် ဖုန်းကဒ်များကို လာမည့် ဧပြီ ၅ရက်နေ့တွင် စတင်ရောင်းချပေးမည် ဖြစ်ကြောင်း ယင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

ယင်း အစည်းအဝေးတွင် ဝန်ထမ်းများအနေနှင့် အရစ်ကျ သွင်းထားသည့် ငွေကျပ်နှစ်သိန်းတန်ဖုန်းများအား ထပ်မံသွင်းရန် မလိုတော့ ကြောင်း၊ ယင်းတို့အနေနှင့် တစ်လတစ်သောင်းနှုန်းဖြင့် ခြောက် လသွင်းထားကြောင်း၊ ယခုအခါ ယင်းငွေကို ဆက်လက်ပေးသွင်းရန် မလို တော့ကြောင်း ယင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

မုံရွာမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးက “ဝမ်းသာလိုက်တာ၊ ခြောက်လပဲ သွင်းရသေးတယ်။ အခု ထပ်မသွင်း ရတော့ ဘူးဆိုတော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး” ဟု ၎င်းက ဆိုသည်။

ယင်းညှိနှိုင်းအစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လက်ရှိ ၂၀၁၃ခုနှစ်မှ ၂၀၁၅အထိ တယ်လီဖုန်းသုံးစွဲမှုမြင့်မားစေရန် လိုင်းပေါင်း ၂၆သန်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုင်းကျပ်ခြင်းများ မရှိစေရန်အတွက်လည်း ကြိုတင်ပြင်ဆင်သွားရန် ရှိကြောင်း သိရသည်။

တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များကို ဧပြီလမှ စတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တစ်လလျှင် Sim Card (၃၅ဝဝဝဝ)နှုန်း စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း ယင်းသို့ ဖြန့်ဖြူးရောင်းချပေးရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ အစီအမံဖြင့် ရောင်းချ ပေးမည်ဖြစ်ပြီး Sim Card များကို စုဆောင်းဝယ် ယူ၍ ဈေးကွက် လက်ဝါးကြီးအုပ်မှု မဖြစ်စေရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက်ရောင်း ချမည့် အစီအစဉ်၊ လက်ရှိအခြေအနေနှင့် နောင် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်တို့ကို မီဒီယာများမှတဆင့် စဉ် ဆက် မပြတ် အသိပေး တင်ပြသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်အရ သိရသည်။

ခွန်းဆင့်ဆင့်မောင်

Myanmar news Update
မတ်လ ၂၉ရက်နေ့ မနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံး၌ ကျင်းပပြု လုပ်ခဲ့သည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ ငွေ ကျပ် နှစ်သောင်း တန် ဖုန်းကဒ်များကို လာမည့် ဧပြီ ၅ရက်နေ့တွင် စတင်ရောင်းချပေး မည် ဖြစ်ကြောင်း ယင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

“တောင်ကိုရီးယားနှင့် စစ်ဖြစ်နေပြီဟု မြောက်ကိုရီးယား ကြေညာ”

Breaking News:
“တောင်ကိုရီးယားနှင့် စစ်ဖြစ်နေပြီဟု မြောက်ကိုရီးယား ကြေညာ”

တောင်ကိုရီးယားနှင့် စစ်ပွဲဖြစ်ပွားသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ယနေ့ (မတ်လ ၃၀) ကြေညာလိုက်သည်။ ကိုရီးယားကျွန်းဆွယ်တွင် မကြာသေးမီကစ၍ စစ်ရေး တင်းမာမှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

နှစ်စဉ်ကျင်းပသည့် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်၏ B-52, B-2 ဗုံးကြဲလေယာဉ်များ တောင်ကိုရီးယား ကောင်းကင်ယံတွင် ပျံသန်းပြခဲ့ပြီးနောက် မြောက်ကိုရီးယားကလည်း ၎င်းတို့၏ တာဝေးပစ် ဒုံးကျည်များကို ပစ်ခတ်ရန် အသင့်အနေအထားအဖြစ် ပြင်ဆင်ထားခဲ့သည်။

Read more  http://www.planet.com.mm/news/read.cfm/id/21305 တောင်ကိုရီးယားနှင့် စစ်ပွဲဖြစ်ပွားသည့် အနေအထား သို့ ရောက် ရှိနေပြီဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ယနေ့ (မတ်လ ၃၀) ကြေညာလိုက်သည်။ ကိုရီးယားကျွန်းဆွယ်တွင် မကြာသေး မီက စ၍ စစ်ရေး တင်းမာမှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ငွေ စက္ကူ ကျပ် ၅ဝဝဝ တန် အတုနှင့် အစစ် ခွဲခြား သိရှိ နိုင်သော အချက်များ

မင်းလှမြို့ ဆူပူအကြမ်းဖက်မှုကြောင့် လူ ၁၀၀ ကျော် ရန်ကုန် ထွက်ပြေး



မင်းလှမြို့မှာ ဖြစ်ပွားတဲ့ ဆူပူအကြမ်းဖက်မူတွေကြောင့် လူ ၁၀၀ ကျော် မတ်လ ၂၉ရက်နေ့က ရန်ကုန်ကို ထွက်ပြေး ရောက်ရှိလာပါတယ်။
ထွက်ပြေးလာသူတွေထဲမှာ အစ္စလန်ဘာသာဝင်တွေ ပါဝင်သလို ဗုဒ္ဓဘာ သာဝင်တွေလည်း ပါဝင် တယ်လို့ မင်္ဂလာတောင်ညွန်မြို့နယ် NLD ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း က ပြောပါတယ်။

စိတ်ဖိစီးစရာများ တွေးတောခြင်းအန္တရာယ်

ရန်ကုန်မြို့၏အဝေးပြေးကားဂိတ်များပိတ်ပြီ


ရန်ကုန်မြို့၊ ခရီးသည်နှင့်ကုန်ကားဂိတ်များဖြစ်သည့် အောင်မင်္ဂလာဂိတ်နှင့် ဘုရင့်နောင်ဂိတ်တို့အား ရခိုင်ဒေသ အပါအ၀င် မြန်မာပြည်အနှံ့အပြားသို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအား ၂၉ ရက်နေ့ ညနေ အချိန်အား နောက်ဆုံးထား၍ သယ်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်း အရေးပေါ် အခြေအနေ အကြောင်းကြောင်းကြောင့် စိုးရိမ်ပူပန်လျက် ကားဂိတ်များမှ သင်္ကြန်ရက်များအထိ ယာယီ ပိတ်ထား လိုက်ရခြင်းဖြစ်ကြောင်း၊ ကုန်ပစ္စည်းမှာယူကြသည့် နယ်ကုန် သည်များ ထံမှ သိရှိရပါသည်။

ကိုးရက်ကြာ ပိတ်ထားခဲ့ရသော မိတ္ထီလာမြို့ စည်ပင်သာယာဈေးအား မတ်လ ၃၀ ရက် နံနက် ၉ နာရီတွင် ပြန်လည်ဖွင့်လှစ်

ဆူပူမှုနောက်ကွယ်၌ တပ်မတော်မရှိဟု တုံ့ပြန်ပြောကြား

ဆူပူမှုနောက်ကွယ်၌ တပ်မတော်မရှိဟု တုံ့ပြန်ပြောကြား
===============================
Saturday, March 30, 2013 

ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေလက်ထက်က လမ်းပြမြေပုံ(၇)ရပ်ကို ချမှတ်
ခဲ့ခြင်းမှာဒီမိုကရေစီလမ်းကြောင်းသို့ ကူးပြောင်းစေလိုခြင်းကြောင့်ဖြစ်သည် ဟုပြည်ခိုင်ဖြိုးပါတီမှ တောင်ဥက္ကလာမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်ဦးအောင်သိန်းလင်းက ဆိုသည်။ 

“စစ်သားတွေက ရိုးရိုးသာမာန်အရပ်သားထက် ငြိမ်းချမ်းရေးကို ပိုလိုလား
ပါတယ်။ကျွန်တော်တို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်ကတည်းက Road Map (၇)ချက်အတိုင်း လုပ်ဆောင်ခဲ့လို့ အခုလို ဒီမိုကရေစီအသွင် ကူးပြောင်းခဲ့တာပါ။အခုဆိုရင် ၂၀၁၀ ရွေးကောက်ပွဲလုပ်ပြီး ဒီမိုကရေစီ
စည်းဝိုင်းထဲ ရောက်နေပါပြီ။ အခုလည်း ဒီမိုကရေစီလမ်းဟောင်းကို ကျင့်သုံးတာ၂နှစ်ကျော်ပဲရှိသေးတယ်။ မရင့်ကျက်သေးတော့ နောက်ပြန်
လှည့် သွားနိုင်ပါတယ်”ဟု ဦးအောင်သိန်းလင်းက သုံးသပ်ပြောဆိုသည်။ 

ပြည်နယ်အချို့တွင် အကြမ်းဖတ်မှုနှင့် ပဋိပက္ခများ မကြာခဏဆိုသလို
ဖြစ်ပေါ်နေခြင်းမှာ တပ်မတော်မှ နောက်ကွယ်က ကြံစည်နေခြင်းဖြစ်သည်ဟု
အင်တာနက် လူမှုရေးဝက်ဆိုက်ဒ်အချို့၌ ပျံနှံ့ပြောဆိုနေမှုမှာ မှန်ကန်ခြင်း
မရှိဟု ၄င်းက ဆိုသည်။


“အစိုးရ အကူအညီတောင်းလို့သာ တပ်မတော်က ၀င်ပြီး ပုဒ်မ ၁၄၄ထုတ်ရ
တာပါ။တပ်မတော်က နောက်က ကြိုးကိုင်ပြီး လှုံ့ဆော်နေတယ်ဆိုတာ မဟုတ်ပါဘူုးဗျာ၊အပ်နဲ့ထွင်းရမယ့် ဟာကို ပုဆိန်နဲ့ ထွင်းရမှာစိုးလို့ တပ်မတော်က၀င်လုပ်ပေးနေတာပါ။ ဒီမိုကရေစီလမ်းကြောင်းကိုသွားနေ
တာ တပ်မတော်က ပျက်ဆီးရာ ပျက်ဆီးကြောင်း လုပ်ပါ့မလားဗျာ။ တပ်မတော်ကို အပုပ်ချချင်လို့အမြင်စောင်းနေသူတွေက အခုလို ပုံကြီးချဲ့ပြီး တပ်ကို မုန်းတီးလို့စွပ်စွဲပြောဆိုနေကြတာပါ” ဟုပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှ တောင်ဥက္ကလာပမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြောသည်။ 

မြန်မာနိုင်ငံတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသပိတ်စခန်းဖြိုခွင်း
ခြင်းကြာင့် ပြည်သူအများလမ်းပေါ်ထွက် ဆန္ဒပြမှုများအတော်အတန်ကြာ
ဖြစ်ပေါ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများဖြစ်ပွားခဲ့ရာမှ မိတ္တီလာမြို့၌ ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ပြီးလက်ရှိအချိန်အထိ တည်ငြိမ်မှုရရန် ပုဒ်မများ ထုတ်ပြန်ကာထိန်းသိမ်းနေရဆဲဖြစ်သည်။


ပဋိပက္ခများဖြစ်စဉ်များနောက်၌ တပ်မတော်အပြင် ပြည်ပမှအဖွဲ့အစည်းများမှ
လှုံ့ဆော်နေခြင်း ကြောင့် ဖြစ်သည်ဟု လူမှုရေးစာမျက်နှာများ၌ဝေဖန်ပြောဆို
သံများ ထွက်ပေါ်နေခြင်းဖြစ်သည်။ 

အဆိုပါ အသံများနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီသစ်မှ
ဦးသိန်းညွှန့်က ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။ 

“ယူဆတာက စနစ်သစ်ကို ပြောင်းတဲ့အချိန်မှာ ခေတ်ဟောင်းက ဥစ္စာကြွယ်
ဝပြီးအနှစ်(၂၀)လုံးလုံး သပိတ်ဆိုရင် သူပုန်ထချင်သူတွေ နိုင်ငံတည်ဆောက်
တဲ့အခါမှာ နှေးကွေးအောင် လုပ်နေသူတွေ လုပ်နေတာပါ။ စစ်တပ်က မဟုတ်ပါဘူး။နောက်တစ်ခု ကျွန်တော်ကြားမိတာက ပြည်ပအဖွဲ့အစည်းတွေ
ကနေပြည်တွင်းက အချို့အဖွဲ့တွေကို ငွေကြေးထောက်ပံ့ပေးပြီး ပဋိပက္ခဖြစ်အောင်လုပ်နေတယ်ဆိုတာတွေ ဒီလိုပဋိပက္ခဖြစ်အောင် လုပ်တဲ့အထဲ မှာနိုင်ငံရေးပါတီအချို့လည်း ပါနေတယ်ဆိုတာတွေပေါ့” ဟုအမျိုးသားဒီမိုကရေစီအင်အားစုပါတီသစ်မှ ဦးသိန်းညွှန့်က ပြောသည်။ 

ဆူပူမှု၏ နောက်ကွယ်တွင် စစ်တပ်နှင့်အစိုးရအပေါ် စွပ်စွဲပြောဆိုချက်များက
အခြေအမြစ် မရှိကြောင်း ၊ ပဋိပက္ခများ ဖြစ်ပေါ်အောင် ပြုလုပ်နေခြင်းကြောင့်
ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အဟန့် အတားဖြစ်စေကြောင်း
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဖေ့ဘုတ်လူမှုရေး
ကွန်ယက်၌ဆိုသည်။ 

“အစိုးရနဲ့ တပ်မတော်က ဒီအခြေအနေတွေမှာ အစိုးရိမ်ဆုံး အဖွဲ့အစည်း
ပါ။ဒါတွေက နိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး ၊စီးပွားရေးပြုပြင်
ပြောင်းလဲမှုစတဲ့ လုပ်ငန်းအားလုံးကို ထိခိုက်စေရုံ သာမကနိုင်ငံတကာမှာ
မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေတဲ့ကိစ္စဖြစ်ပါတယ်၊ ကျွန်တော်တို့အားလုံးက ဒါတွေကို ထိန်းဖို့ကြိုးစားနေတာဖြစ်ပါတယ် “ ဟု ဦးရဲထွဋ်က ဖေ့ဘုတ်စာမျက်နှာတွင်ပြောကြားထားခြင်းဖြစ်သည်။ 

အဆိုပါပဋိပက္ခအရေးများကိုဖြေရှင်းရာ၌ နိုင်ငံတော်သမ္မတအနေဖြင့် ပွင့်လင်းမြင်သာစွာဖြေရှင်းသင့်ကြောင်း ၊ လူထုကလည်း ပူးပေါင်းပါဝင်
တားဆီးသင့်သည်ဟု ဦးသိန်းညွှန့်ကအကြံပြုပြောဆိုသည်။

Myit Makha Mediagroup

ZinYawNews
ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေလက်ထက်က လမ်းပြမြေပုံ(၇)ရပ်ကို ချမှတ်ခဲ့ခြင်းမှာ ဒီမိုကရေစီလမ်းကြောင်းသို့ ကူးပြောင်းစေ လိုခြင်းကြောင့်ဖြစ်သည် ဟုပြည်ခိုင်ဖြိုးပါတီမှ တောင်ဥက္ကလာမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ဆို သည်။

အမှန်တွင် မြန်မာနိုင်ငံ၌ အယ်ကိုင်ဒါများရှိနေပြီး သမ္မတမိန့်ခွန်းသည် ယျေ ဘူသဘောဆောင်နေဟု ဖိုးသောကြာဆို

အမှန်တွင် မြန်မာနိုင်ငံ၌ အယ်ကိုင်ဒါများရှိနေပြီး သမ္မတမိန့်ခွန်းသည် ယျေ
ဘူသဘောဆောင်နေဟု ဖိုးသောကြာဆို
Saturday,March 30, 2013

လတ်တလောဖြစ်ပေါ်နေသော ဆူပူများနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတမိန်
့ခွန်းသည် ယျေဘူယျဆန်လွန်းနေပြီး ပြတ်သားမှုမရှိကြောင်း အမှန်တကယ်
တွင် မြန်မာနိုင်ငံ၌ အယ်ကိုင်ဒါကဲ့သို့သော အစွန်းရောက် မူစလင်အချို့ ရှိ
နေကြောင်း သတင်းစာဆရာကြီး ဖိုးသောကြာက မတ်လ ၂၉ ရက်နေ့တွင်
ပြောကြားလိုက်သည်။

မတ်လ ၂၈ ရက်နေ့တွင် ပြောကြားသော နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းတွင် လူတချို့က သွေးထိုးလှုံ့ဆော်မှုတွေရှိနေကြာင်း ပြောကြားထားပြီး“ကျွန်တော့
တို့ နိုင်ငံသားတစ်ဦးချင်းစီရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ထိပါလားရင်တော့ ကျွန်တော့်ကို အခြေခံဥပဒေက အပ်နှင်းထားတဲ့ နိုင်ငံတော်သမ္မတ လုပ်ပိုင်
ခွင့်တွေ ၊ လုံခြုံရေးအဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့ အင်
အားကို အသုံးပြုပြီး အကာအကွယ် ပေးသွားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်”
ဟု ပြောကြားထားခြင်းဖြစ်သည်။

ထို့သို့ ပြောကြားခြင်းသည်ပင် ယျေဘူယျသဘောဆောင်လွန်းကြောင်း ၊ မင်းသည်မင်းကျင့် တရားနှင့်အညီ ကျောသားရင်သားမခွဲခြားဘဲ အုပ်
ချုပ်ရမည်ဖြစ်ပြီး ဆုံးမသင့်သောသူကိုလည်း ဆုံးမရမည်ဖြစ်ကြောင်း သတင်းစာဆရာကြီး ဖိုးသောကြာက ဝေဖန်ပြောကြားသည်။

၎င်းက ဆက်လက်၍ “ ဒီကနေ့ဖြစ်နေတဲ့ ကိစ္စမှာ ပြည်တွင်းက မွတ်စလင်တချို့ရဲ့အစွန်းရောက်မှုတွေ ရှိတာပေါ့။ အစၥလာမ္ဘာ
သာဝင် အများစုက အဲ့ဒီလိုစိတ်မျိုး မရှိကြဘူး။ အဲ့ဒီတော့ တရားခံ
က ပယောဂ၊ ပယောဂက အယ်ကိုင်ဒါ(သို့မဟုတ်) အယ်ကိုင်ဒါ ကဲ့
သို့သော အခြား အစွန်းရောက် မွတ်စလင်တွေကြောင့်ဘဲ” ဟု ပြော
ကြားသည်။ 

ထိုသို့အစွန်းရောက်များ ရှိနေသည်ကို ၎င်းတစ်ယောက်တည်းက ပြောဆို
ခြင်း မဟုတ်ဘဲ ရင်းနှီးသောမွတ်စလင် အချို့ကလည်း ပြောဆိုနေကြခြင်း
ဖြစ်သောကြောင့် ထိုသို့သော အစွန်းရောက်များကို ဖော်ထုတ်အရေးယူ ရန်သည် အထူးလိုအပ်လာပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ မွတ်စလင်အများဆုံး နေထိုင်ရာ ဗလီ၁၃လုံးရှိနေသော ပန်းပဲတန်းမြို့နယ်၌ ၎င်းနေထိုင်လာခဲ့သော ၂၂နှစ်တာကာလအတွင်း မွတ်စလင် အစွန်းရောက်အချို့က ဗမာမလေးတစ်ယောက်ကို ရလျှင်
ဘယ်လောက် ဆိုသည်မှာ  မဆလ လက်ထက်ကပင် ရှိခဲ့ကြကြောင်း၊ နားနဲ့မဆံ့အောင်ကြားခဲ့ရကြောင်း၊ အဆော်ကားခံရမှုများကိုလည်း တွေ့
မြင်ခဲ့ရပြီး ပြဿများဖြစ်ပွားသော သမိုင်းများစွာ  ပန်းပဲတန်း ရဲစခန်းတွင် များစွာရှိနေကြာင်း ပြောကြားသည်။ 

ထို့ကြောင့် အစွန်းရောက် အယ်ကိုင်ဒါများကို ဖော်ထုတ်အရေးယူရန်သည်
ယျေဘူယျသဘော ပြောနေရမည့် အနေအထားမဟုတ်ကြောင်း ၎င်း၏
အမြင်များကို သတင်းစာဆရာကြီး ဖိုးသောကြာက ပြောကြားလိုက်သည်။

အောင်သိုက်
The Myanma Age လတ်တလောဖြစ်ပေါ်နေသော ဆူပူများနှင့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတမိန့် ခွန်းသည် ယျေဘူယျဆန်လွန်းနေပြီး ပြတ်သားမှု မရှိကြောင်း အမှန်တကယ်တွင် မြန်မာနိုင်ငံ၌ အယ်ကိုင်ဒါကဲ့သို့သော အစွန်းရောက် မူစလင်အချို့ ရှိနေကြောင်း သတင်းစာဆရာကြီး ဖိုးသောကြာက မတ်လ ၂၉ ရက်နေ့တွင်ပြောကြားလိုက်သည်။

ရလလဖရဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ ထုတ်ပြန်ချက်


ရလလဖရဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ ထုတ်ပြန်ချက် 
Saturday,March 30, 2013

မတ်လ(၂၇)ရက်နေ့တွင် ကျရောက်သော ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့ ထုတ်ပြန်ချက်

၁။ မြန်မာ့တပ်မတော်သည် ဒုတိယကမ္ဘာစစ်ကာလ ဖက်ဆစ်ဂျပန်ကို တော်
လှန်သည့်ဖြစ်စဉ်တွင် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲဖြင့် စတင် သန္ဓေတည် မွေး
ဖွားခဲ့ခြင်းကို ဂုဏ်ယူပါသည်။

၂။    သို့သော်လည်း နောက်ပိုင်းတွင် ပြည်တွင်းစစ်ကို တိုက်ပွဲဆင်ခဲ့သည်မှာ အလွန်ရုပ်ပျက်ဆင်းပျက် ဖြစ်သည့်အတွက် စိတ်မကောင်းမိပါ။

၃။ တိုင်းသူပြည်သားများ စိတ်မကောင်းသည့်အထဲက မြန်မာနိုင်ငံကို ကျူးကျော် ၀င်ရောက်လာသော တရုတ်ဖြူ ကူမင်တန်တပ်များကို ရှမ်းပြည်မှ တိုက်ထုတ်နိုင်ခဲ့သည့်အတွက် တပ်မတော်၏ ဂုဏ်သိက္ခာကို တစ်စုံတစ်ရာ အဖတ်ဆယ်နိုင်ခဲ့သည်။

၎။    အစိုးရအဆက်ဆက်သည် တပ်မတော်ကို
(က)     နိုင်ငံခြားနယ်ချဲ့အန္တရာယ်မှ တိုင်းပြည်ကို ကာကွယ်သော တာဝန်
ရှိခြင်းထက် ပြည်တွင်းလုံခြုံရေး ကို ပြည်တွင်းစစ်ဖြင့် တိုက်ခိုက်စေသည်မှာ အမှားဖြစ်သည်။

(ခ)    အကြောင်းမှာ တပ်မတော်သည် ပြည်တွင်းစစ်ကို တိုက်ခြင်းအားဖြင့် အမျိုးသားလက္ခဏာနှင့် အမျိုးသားသိက္ခာတို့ကို နိမ့်ကျစေခဲ့သည်။

၅။ လောလောဆယ်အခြေအနေတွင် တပ်မတော်စစ်ဗိုလ်ထွက်
တို့၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်
ကိုယ်စားလှယ်များ (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လွှတ်တော် တွင် အဆိုတင်သွင်းခြင်းနှင့် ထောက်ခံခြင်းတို့သည် အလွန့်အလွန် ကောင်းမွန်သောလက္ခဏာဖြစ်သည်။

၆။     ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စား
လှယ်များ အဆိုပြုခဲ့ပြီး ထောက်ခံခဲ့ သော(၂၀၀၈)ဖွဲ့စည်းပုံ ပြင်ဆင်ရေး
ကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များတစ်ဦးတစ်ယောက် မှ ကန့်ကွက်ခြင်းမရှိသည်မှာ တိုင်းပြည်နှင့်အမျိုးသားအပေါ် သစ္စာရှိကြောင်း ယူဆပါသည်။

၇။    တပ်မတော်အပါအ၀င် ပြည်သူများနှင့် တိုင်းရင်းသားပေါင်းစုံတို့သည် ဒီမိုကရေစီပြည့်ဝပြီး ထာဝရငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော ဖက်ဒရယ်ပြည်
ထောင်စု အနာဂါတ်မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းသစ်ကိုလက်တွဲတည်ဆောက်
ကြမည်ကို ယုံကြည်စိတ်ချရပါသည်။

ဗဟိုကော်မတီ   
ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ 

ဧရာဝတီ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်သော ဖက်ဆစ် ဂျပန်တော်လှန်ရေးနေ့ ထုတ်ပြန်ချက်

၁။ မြန်မာ့တပ်မတော်သည် ဒုတိယကမ္ဘာစစ်ကာလ ဖက်ဆစ် ဂျပန် ကို တော်လှန်သည့်ဖြစ်စဉ်တွင် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲဖြင့် စတင် သန္ဓေတည် မွေးဖွားခဲ့ခြင်းကို ဂုဏ်ယူပါသည်။


ယာဉ်ထိန်းမီးပွိုင့်အဆောက်အဦ ဖျက်ဆီးသူများအား ဖမ်းဆီးအရေးယူ

၂၈-၃-၂၀၁၃ ရက်နေ့ ၀၃၁၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်၊ ပြည်ကြီး မျက်မှန် ရပ်ကွက်၊ ၂၆x၆၆ လမ်းထောင့်ရှိ ယာဉ်ထိန်းမီးပွိုင့်အဆောက်အဦအား လူငယ်(၄)ဦးမှ ရိုက်ချိုးဖျက် ဆီးနေကြောင်း သတင်းအရ အမှတ်(၃)ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ယာဉ်ထိန်း မီးပွိုင့်အဆောက်အဦ၏မှန်များ၊မီးပွိုင့်ပုံးမှမီးကြိုးများပျက်စီးနေပြီး အဆောက်အဦ အတွင်းရှိ တာဝန်ကျ မှတ်တမ်းစာအုပ်များအား မီးရှို့ဖျက်ဆီးထားပြီး တန်ဘိုးငွေကျပ်(၂၀၀၀၀၀ိ/-)ခန့် ဆုံးရှုံး ခဲ့ကြောင်းတွေ့ ရှိရသဖြင့် တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့သည်။

Michael Learns To Rock အဖွဲ့ မတ်လ ၂၉ ရက်နေ့တွင် ရောက်ရှိကာ ဖျော်ဖြေပွဲနှင့် ပတ်သတ်၍ စာနယ်ဇင်း ရှင်းလင်းပွဲပြုလုပ်

AddThis Social Bookmark Button
3.29.3
ကမ္ဘာကျော် Michael Learns to Rock အဖွဲ့သည် ရန်ကုန်မြို့တွင် မတ်လ ၃၁ ရက်နေ့ ၌ ဖျော်ဖြေ ပွဲပြု လုပ်ရန်အတွက် မတ်လ ၂၉ ရက်နေ့ နံနက် ၇ နာရီ ၀န်းကျင်၌ ရန်ကုန်မြို့သို့ ကာတာလေကြောင်း လိုင်းဖြင့် ရောက်ရှိလာခဲ့ပြီး ညနေ ၅ နာရီတွင် ယင်းတို့တည်းခိုရာ ဆီးဒိုးနားဟိုတယ် ၌ မြန်မာစာ နယ်ဇင်းများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

အစိုးရ၀ယ်မယ့် ကျည်ကာကား ၅ စီး

အုပ်ချုပ်ရေးပိုင်းမှာ အသုံးပြုဖို့ ကျည်ကာကား ၅ စီး အပါအ၀င် နောက်ဆုံးပေါ်ကား အစီးတရာကျော် ၀ယ်ဖို့ ဒီလဆန်းပိုင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါပြီ။
6အထက်မှာ တွေ့ရတာကတော့ ဘရူနိုင်းစော်ဘွားကတော်တဦးရဲ့ ၁၉၉၅ မော်ဒယ် မာစီဒီး လို့ ဆိုပါတယ် (ဓာတ်ပုံ - www.benzinsider.com)
လွှတ်တော်က အတည်ပြုတဲ့အတွက် အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ကုဋေနှစ်ထောင်နီးပါး (သန်းပေါင်း ၁၈၄၇၀ ဒသမ ၅၀၄) သုံးခွင့် ရသွားပါပြီ။

ဧရာဝတီအမတ်များ နေရပ်ပြန်ပြီး ဒေသတည်ငြိမ်ရေး ကူညီမည်

ဧရာဝတီအမတ်များ နေရပ်ပြန်ပြီး ဒေသတည်ငြိမ်ရေး ကူညီမည်
Saturday, March 30, 2013

 မြန်မာနိုင်ငံဒေသတချို့မှာ ဖြစ်ပွားနေတဲ့   ဆူပူအကြမ်းဖက်၊ ဖျက်ဆီးမှုတွေ ဧရာဝတီတိုင်းကို ကူးစက်မလာအောင် ထိန်းသိမ်းဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ့်ဒေသ ကိုယ်ပြန်ကြပါတော့မယ်။

ဧရာဝတီ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးကို ၅ ရက် ကျင်းပဖို့ စီစဉ်ထားရာက အခုတော့ ၂ ရက်နဲ့ ဖြတ်လိုက်ပါပြီ။ 

“ဒီနေ့နိုင်ငံတော်ရဲ့ လုံခြုံမှုအခြေအနေအရ လွှတ်တော်အစည်းအဝေးကို ၂ ရက်ထက် ပိုပြီး မကျင်းပသင့်ပါဘူး။ လုံခြုံရေးဟာ ကျနော်တို့တိုင်းဒေသကြီးအတွက် အရေးကြီးပါတယ်။
သက်ဆိုင်ရာ ၀န်ကြီးတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ဒေသငြိမ်ဝပ်ပိပြားအောင်၊ တည်ငြိမ်အေးချမ်းအောင် ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ တာဝန်ရှိပါတယ်” လို့ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုးက လွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။

အခုတော့ တိုင်းလွှတ်တော်အစည်းအဝေး ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါပြီ။

ကြာသပတေးနေ့က စတင်ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ ပါဝင်တဲ့ အစီအစဉ် နဲ့ အကြောင်းအရာများထဲမှာ လူမှုရေးဝန်ကြီးဖြစ်လာတဲ့ ဒေါ်ခင်စောမူ ကျမ်းသစ္စာကျိန်ဆိုခြင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် မေးခွန်းများ မေးမြန်းခြင်း၊  ဧရာရွှေဝါ ကုမ္ပဏီ သိမ်းဆည်းထားတဲ့ လယ်မြေများ၊ စည်ပင်လေလံပစ်ခြင်း စတာတွေ ပါဝင်ပါတယ်။
သန့်စင်ငြိမ်းချမ်း 

Re-Post By ACM 30-3-2013
အေးချမ်းမွန် Credit & Copy From >>ဧရာဝတီ<< Thank မြန်မာနိုင်ငံဒေသတချို့မှာ ဖြစ်ပွားနေတဲ့ ဆူပူအကြမ်းဖက်၊ ဖျက်ဆီး မှုတွေ ဧရာဝတီတိုင်းကို ကူးစက်မလာအောင် ထိန်းသိမ်းဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ့်ဒေသ ကိုယ်ပြန်ကြပါတော့မယ်။
ဧရာဝတီ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးကို ၅ ရက် ကျင်းပ ဖို့ စီစဉ်ထားရာက အခုတော့ ၂ ရက်နဲ့ ဖြတ်လိုက်ပါပြီ။

အဓိကရုဏ်းတွေမှာ အာဏာပိုင်တချို့ ပတ်သက်မှုရှိတယ်လို့ ကုလအထူးကိုယ်စားလှယ်ပြော


အဓိကရုဏ်းတွေမှာ အာဏာပိုင်တချို့ ပတ်သက်မှုရှိတယ်လို့ ကုလအထူးကိုယ်စားလှယ်ပြော
Saturday,March 30, 2013

လတ်တလောဖြစ်ပွားနေတဲ့ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား အကြမ်းဖက်တိုက်ခိုက်မှု တချို့မှာ အာဏာပိုင်တွေ ပါဝင်ပတ်သက်မှု တစ်စုံတစ်ရာရှိတယ်ဆိုတဲ့ သတင်းပေးပို့ချက်တွေ မိမိရရှိကြောင်း
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် 
Tomas Ojea Quintana က မနေ့က ပြောလိုက်ပါတယ်။

စနစ်တကျဖွဲ့စည်းထားတဲ့ လူအုပ်စုက အကြမ်းဖက်ဖျက်ဆီးနေတာကို ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ အရပ်ဖက်အုပ်ချုပ်ရေးဆိုင်ရာ အာဏာပိုင်တချို့က သူတို့မျက်စိရှေ့မှောက်မှာ ဖြစ်ပျက်နေတာကို ရပ်ကြည့်နေတယ်ဆိုတဲ့ သတင်းတွေရရှိကြောင်း မစ္စတာ Quintana က ပြောလိုက်ပါတယ်။

မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အရေးအခင်းအပါအဝင် လတ်တလော ပေါ်
ပေါက်နေတဲ့ကိစ္စတွေနဲ့ ဆက်စပ်ပြီး တာဝန်ရှိသူတွေက ရဲရဲဝံ့ဝံ့ကိုင်တွယ်
ဖို့ သမ္မတဦးသိန်းစိန်က မနေ့က အမိန့်ပေးညွှန်ကြားလိုက်ပြီးနောက်မှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောလိုက်တာဖြစ်ပါတယ်။

လက်ရှိဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ တခြားနေရာတွေကို မပြန့်နှံ့သွားအောင် အစိုးရအနေနဲ့ အမြန်ဆုံးအရေးယူပေးဖို့နဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ လူ့အ
ခွင့်အရေး ချိုးဖေါက်မှုကျူးလွန်ခဲ့တဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အပြစ်ကျူးလွန်
သူတွေကို အရေးယူပေးဖို့ကိုလည်း မစ္စတာ ကင်တားနားက တောင်းဆိုထား
ပါတယ်။

မစ္စတာကင်တားနားရဲ့ ပြောဆိုချက်ဟာ မမှန်ကန်ကြောင်း အဲဒီလိုပြော
ဆိုချက်တွေကို လုံးဝငြင်းပယ်ကြောင်း သမ္မတဦးသိန်းစိန်ရဲ့ ပြောရေး
ဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ
ဖေါ်ပြထားပါတယ်။

မစ္စတာကင်တားနားအနေနဲ့ မြေပြင်အခြေအနေတွေကို မှန်မှန်ကန်
ကန်လေ့လာမှုမရှိပဲ တဆင့်ကြားသတင်းများကိုသာ အခြေပြုပြော
ကြားနေခြင်းဟာ အခြေအနေကို ထိန်းသိမ်းနိုင်အောင် ဝိုင်းဝန်းကြိုး
ပမ်းဆာင်ရွက်နေတဲ့ အစိုးရ၊ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ၊ သာ
သာရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများရဲ့ လုပ်ဆောင်ချက်
များကို မျက်ကွယ်ပြုရာရောက်တဲ့အတွက် ဝမ်းနည်းစရာဖြစ်ကြောင်း ဦးရဲထွဋ်က ပြောထားပါတယ်။

RFA လတ်တလောဖြစ်ပွားနေတဲ့ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား အကြမ်းဖက်တိုက်ခိုက်မှု တချို့မှာ အာဏာပိုင်တွေ ပါဝင်ပတ်သက်မှု တစ်စုံတစ်ရာရှိတယ်ဆိုတဲ့ သတင်းပေးပို့ချက်တွေ မိမိရ ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tomas Ojea Quintana က မနေ့က ပြောလိုက် ပါ တယ်။


ဦးသိန်းစိန်နဲ့ ဒေါ်စု ပြည်ပခရီး ကိုယ်စီထွက်ကြမည်

ဦးသိန်းစိန်နဲ့ ဒေါ်စု ပြည်ပခရီး ကိုယ်စီထွက်ကြမည်
Saturday,March 30, 2013

လာမယ့် ဧပြီလထဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကို သွား
ဖို့ရှိနေပြီး မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့
ဂျပန်နိုင်ငံကို ခရီးထွက်ဖို့ ရှိနေပါတယ်။ အခုလို မြန်မာနိုင်ငံ အတွင်းမှာ လူ
မျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့အချိန် နိုင်ငံ အတွက် အရေးပါဆုံး ပုဂ္ဂိုလ်နှစ် ဦးစလုံး ခရီးထွက်မှာကို ပြည်သူတွေကြား စိုးရိမ်မှု
တွေ ရှိပါတယ်။ 

အဲဒီလို စိုးရိမ်မှုတွေ ရှိနေသလို နိုင်ငံရဲ့ အခြေအနေတည်ငြိမ်အောင် ထိန်း
ထားနိုင်တယ်လို့ ယုံကြည်ပုံရတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ ဒီအကြောင်းကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက်
ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာပါ။

သမ္မတဦးသိန်းစိန်ဟာ တရုတ်နိုင်ငံမှာ ဧပြီလ ၆ ရက် နေ့ကနေ ၈ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမဲ့ အာရှ နှစ်ပတ်လည်ညီလာခံကို တက်ရောက်ဖို့ ရှိနေတယ်လို့ နိုင်ငံတော်သမ္မတရုံးနဲ့နီးစပ်တဲ့ အသိုင်း
အ၀ိုင်းက ပြောဆိုလာတာပါ။

တစ်ချိန်တည်းမှာပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု
ကြည်လည်း ဧပြီလ ၁၂ ရက်နေ့မှာ ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်
မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

အခုလို နိုင်ငံအတွက် အရေးပါတဲ့ ခေါင်းဆောင်နှစ်ဦးလုံးက တိုင်းပြည်
မှာ အကြမ်းဖက် လုပ်ရပ်တွေ ဖြစ်ပေါ်နေချိန် ပြည်တွင်းကနေ
ပြည်ပခရီးသွားရောက်ဖို့တွေ ရှိနေတဲ့အပေါ်မှာ စိုးရိမ်မှု တချို့ ရှိနေကြပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ဥက္ကဋ္ဌ ဖြစ်သူ ဦးသုဝေက အခုလိုအချိန်
မှာ နိုင်ငံရဲ့ အလေးထားရတဲ့ သူနှစ်ဦး ပြည်ပခရီးသွားမယ်ဆိုတာကို အနည်းငယ်စိုးရိမ်မိတယ်လို့ ပြောပါတယ်။

“ဖြစ်သင့်တာကတော့ တိုင်းပြည်မှာ အရေးကြီးတဲ့ခေါင်းဆောင်များ
ဟာ တိုင်းပြည်မှာ အခက်အခဲတွေ တွေ့နေတဲ့ ကာလမှာတော့ သူ
တို့က တိုင်းပြည်မှာပဲ ရှိသင့်တာပေါ့နော်။

ချိန်းပြီးသားတောင်မှပဲ အချိန်းအချက်တွေကို ဖျက်ပြီးတော့ သက်ဆိုင်ရာ အခြေအနေတွေ ကို ဖြေရှင်းဖို့က အရင်ဦးစားပေး တာပေါ့နော်။ တစ်ခုတော့ ရှိတာပေါ့။ ကျနော်တို့ အခု တိုင်းပြည်မှာ ညက ဆိုလို့ရှိရင် သမ္မတကြီးက တိုင်းပြည်အတွက်ကို ပြောကြားတဲ့ မိန့်ခွန်း ရှိတာပေါ့နော်။

သူပြောတာကတော့ ကျနော် အတော်ကြိုက်ပါတယ်။ ကောင်းပါတယ်။ အားလုံး အေးအေးဆေးဆေး ဖြစ်သွားအောင်ပေါ့နော်။ အကယ်၍များ အဲဒီဟာကြောင့်မို့လို့ လူတွေကလည်း လူတွေကလည်း အေးအေး
ချမ်းချမ်း ဖြစ်သွားမယ်၊ နောက်ပြီး အစိုးရ ကလည်း သေသေချာချာလေး ဂရုတစိုက်နဲ့ထားမယ်ဆိုရင်တော့ တိုင်းပြည်က ငြိမ်သွားမှာပေါ့နော်။ အဲ
လို ငြိမ်သွားလို့ သွားမယ်ဆိုရင်တော့လည်း ကောင်းပါတယ်။ တိုင်းပြည်
အတွက် သွားတာပဲ-ပေါ့နော်။”

နိုင်ငံတော်သမ္မတဟာ အခုတစ်ကြိမ်သွားရောက်မယ့် ခရီးစဉ်နဲ့ဆို
ရင် သူ့ရဲ့သမ္မတသက်တမ်းအတွင်း ၃ ကြိမ်မြောက် တရုတ်နိုင်ငံကို သွားရောက်မယ့်ခရီးစဉ်လည်း ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း
ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်ဟာ ဧပြီလ ၁၂ ရက်
မှာ စတင်မှာဖြစ်ပေမဲ့ ဘယ်လောက် ကြာမယ် ဆိုတာကိုတော့ မသိ
နိုင်ဘူးလို့ ဦးဉာဏ်ဝင်းက ပြောထားတာပါ။

ခေါင်းဆောင် (၂) ဦးဟာ အခုလို တိုင်းပြည်မှာ အနည်းငယ် မငြိမ်မ
သက်ဖြစ်နေပေမဲ့ ပြည်ပ နိုင်ငံတွေကို သွားဖို့ ဆုံးဖြတ်ကြတာဟာ သူ
တို့မှာ ယုံကြည်မှုတွေရှိလို့ သွားရဲတာဖြစ်နိုင်တယ်လို့ ရှမ်းတိုင်းရင်းသား
များ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။

“ဒါကတော့ ဒီလိုပဲ ရှိမှာပဲလေ။ ဗမာရဲ့သမိုင်းကြောင်းက အဲလိုပဲလေ။ ရုတ်ရုတ်..ရုတ်ရုတ် ကတော့ ဖြစ်နေမှာပဲ။ သွားတာလည်း သူ့ဟာသူ သွားမှာပဲ။ ….တစ်ခုပဲ ရှိတယ်။ ပြောလို့မရတာကတော့ ရှမ်းပြည်ဘက်
လည်း ပြောလို့ မရဘူး။ ရှမ်းပြည်ဘက်ကလည်း နည်းနည်း (စစ်) ထိုးနေတယ်ဗျ။”

သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ခရီးသွားပေမဲ့လည်း ပြည်တွင်းမှာ
ရှိတဲ့ ပြည်သူလူထုအနေနဲ့ ကိုယ်လုံခြုံရေးအတွက်ကို အမြဲ သတိရှိရှိနဲ့
နေထိုင်နိုင်မယ်ဆိုရင် ပြဿနာတွေ ဖြစ်လာနိုင်ဖို့က နည်းတယ်လို့လည်း နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။

“နိုင်ငံကို အုပ်ချုပ်တဲ့ သမ္မတတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့- သူတို့အောက်
ကရှိတဲ့သူတွေ၊ သက်ဆိုင်ရာ လုံခြုံရေးတို့၊ တပ်မတော်ပိုင်းတို့၊ နောက် အုပ်
ချုပ်ပိုင်ခွင့်ရှိတဲ့ကဏ္ဍက ဝန်ကြီးတွေအပေါ် မူတည်ပါတယ်။ ဒေါ်အောင်ဆန်း
စုကြည်ပဲ သွားသွား၊ ဦးသိန်းစိန်ပဲ သွားသွား၊ အဆင့်ဆင့်အုပ်ချုပ်ရတဲ့ ဌာန
ဆိုင်ရာတွေမှာ မူတည်ပါတယ်။

အဓိက-ကတော့ ပြည်သူတွေရဲ့ နေရေးထိုင်ရေးမှာ ကိုယ့်စည်းကမ်းနဲ့ကိုယ်
နေဖို့ အရေးကြီးပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ဟာ ဂျပန်နိုင်ငံကိုသွားရောက်မဲ့ ခရီးစဉ်မှာ
မြို့တော် တိုကျိုကို သွားရောက်မှာ ဖြစ်တဲ့အပြင် ၁၉၈၅ -၁၉၈၆ ကာလတွေအတွင်းသူမ ပညာသင်ခဲ့တဲ့ ကျိုတိုမြို့ကိုလည်း လည်
ပတ်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်ရဲ့တရုတ်ပြည်ခရီးစဉ်ကတော့ တရုတ်နိုင်
ငံက ထိပ်ပိုင်းခေါင်းဆောင်တွေ အပြောင်းအလဲ ဖြစ်ပြီးချိန်မှာ ပထမဆုံး သွားရောက်လည်ပတ်တဲ့ ခရီးစဉ်တစ်ခုလည်း ဖြစ်လာမှာပါ။

သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သွားရောက်မဲ့ တရုတ်နဲ့ဂျ
ပန် နှစ်နိုင်ငံဟာ ဆိုရင် မြန်မာပြည်နဲ့ ထိတွေ့ ဆက်ဆံရေးတွေ အများကြီးရှိ
တဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံဟာ အရင်စစ်ခေါင်းဆောင်တွေလက်ထက်မှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန် ခဲ့ပြီး ပြည်တွင်းမှာလည်း စစ်တပ်နဲ့အတူ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းတွေကိုလည်း အမြောက်အမြား ရင်နှီး လုပ်ကိုင်ခဲ့တာပါ။

ဂျပန်နိုင်ငံကတော့ မြန်မာနိုင်ငံရဲ့ အစိုးရသစ်လက်ထက်မှာ
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အစဉ်တစိုက် တွန်း
အားပေးဖို့ ကူညီ ဆောင်ရွက်နေတဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါ
တယ်။

မကြာသေးခင်တုန်းကဆိုရင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေ
မှာ ပိုပြီးတိုးတက်ဖို့ မြန်မာနိုင်ငံက တင်နေတဲ့ ကြွေးမြီကင်းအော် ကူညီဆပ်ပေးခဲ့တဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်ခင်ဗျာ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာသမ္မတဦးသိန်းစိန်တို့ကို ပြည်ထောင်စုနေ့အခမ်းအနားတွင် တွေ့ရစဉ်။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၁၃)

အောင်ရဲ မောင်မောင် 
VOA

လာမယ့်ဧပြီလထဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကိုသွားဖို့ရှိနေပြီး မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ဂျပန်နိုင်ငံကို ခရီးထွက်ဖို့ ရှိနေပါတယ်။ အခုလို မြန်မာနိုင်ငံအတွင်းမှာ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့အချိန် နိုင်ငံ အတွက် အရေးပါဆုံး ပုဂ္ဂိုလ်နှစ် ဦးစလုံး ခရီးထွက်မှာကို ပြည်သူတွေကြား စိုးရိမ်မှုတွေ ရှိပါတယ်။

BBC လျှော့ချမှုကို ဝန်ထမ်းများ ဆန္ဒပြ၊ မြန်မာ ဌာန ထိခိုက်မှု သိပ်မရှိနိုင်


စံခလပူရီ (မဇ္ဈိမ)။   ။ ကမ္ဘာကျော် ဗြိတိသျှ ထုတ်လွှင့် မှု ကော်ပိုရေး ရှင်း (BBC) မှ ၎င်းနိုင်ငံ၏ ဒေသစံတော်ချိန် မတ်လ ၂၈ ရက်နေ့ မွန်းတည့်မှစတင်၍ ဝန်ထမ်းများ သပိတ်မှောက် မှုကြောင့် မြန်မာပိုင်း ဌာနသို့လည်း ရိုက်ခတ်မှုရှိခဲ့ကာ တိုက်ရိုက် အသံလွှင့်မှုအစား ကြိုတင် အသံသွင်းထုတ်လွှင့်မှုဖြင့် အစားထိုး ထုတ်လွှင့်ခဲ့ရသည်။


ပဲခူးတိုင်းဒေသကြီးအတွင်း ပဋိပက္ခဖြစ်စဉ်များအား ဦးဆောင်ခဲ့သူ ၁၉ ဦးအား ဖမ်းဆီးခဲ့ပြီး နယ်မြေလုံခြုံရေးအရ ၅ ဦးကို အာမခံဖြင့် လွှတ်ပေးထား

မတ်လ ၂၃ရက်နေ့ ညပိုင်း မှစ၍ ပဲခူးတိုင်းဒေသကြီးအတွင်း ပဋိပက္ခဖြစ်စဉ်များအား ဦးဆောင်ခဲ့သူ ၁၉ ဦးအားဖမ်းဆီးခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး လှမြင့်က မတ်လ ၂၉ ရက် ညနေပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။မင်းလှမြို့နယ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သော ဦးဆောင်သူ ၅ ဦးကို နယ်မြေလုံခြုံရေးအရ အာမခံဖြင့် ပြန် လွှတ်ပေးထား ရကြောင်း ဒုတိယရဲမှူးကြီး လှမြင့်က အတည်ပြု ပြောကြားခဲ့သည်။
မတ်လ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပဲခူးတိုင်း ဒေသကြီး သာယာဝတီ ခရိုင်အတွင်း ဖြစ်ပွားခဲ့သော အဆောက်အဦ နေအိမ်များ ဖျက်ဆီးမှုတွင် ဦးဆောင်ခဲ့သူ ဇီးကုန်းမြို့နယ်မှ ၁၀ဦး၊ မင်းလှ မြို့နယ်မှ ၅ ဦး၊ မိုးညိုမြို့နယ်မှ ၂ ဦး၊ နတ္တလင်းမြို့နယ်မှ ၂ ဦး စုစုပေါင်း ၁၉ ဦးအား ဖမ်းဆီးခဲ့ပြီး မတ်လ ၂၈ ရက်တွင် မင်းလှ မြို့၌ လက်နက်ကိုင်ဆောင်ထားသူ တစ်ဦးအား ထပ်မံ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မိတ္ထီလာ ပဋိပက္ခဖြစ်စဉ် အပါအပင် မြို့နယ် ၁၅ မြို့နယ်၌ လူစုလူဝေးဖြင့် အကြမ်းဖက်မှု ၁၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၃ ဦးနှင့် ဒဏ်ရာရသူ ၈၆ ဦးရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်

မိတ္ထီလာပဋိပက္ခဖြစ်စဉ် အပါအပင် မြို့နယ် ၁၅ မြို့နယ်၌ လူစုလူဝေးဖြင့် အကြမ်းဖက်မှု ၁၆၃ ကြိမ်ဖြစ် ပွားခဲ့ပြီး သေဆုံးသူ ၄၃ ဦးနှင့် ဒဏ်ရာရသူ ၈၆ ဦးရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်း ထုတ်ပြန် ခဲ့ကြောင်း သိရသည်။နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ Facebook စာမျက်နှာတွင် ပြည်ထဲရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်ချက် အမှတ် ၁/၂၀၁၃ ကို မတ်လ ၂၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားသည်။မတ်လ ၂၀ ရက်မှ မတ်လ ၂၉ ရက်နေ့အထိ မြို့နယ် ၁၅ မြို့နယ်တွင် လူစုလူဝေးဖြင့် အကြမ်းဖက်မှု ၁၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၃ ဦး၊ ဒဏ်ရာရသူ ၈၆ ဦးရှိကြောင်း ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

ဂျော်ဒန်မှာ အခွင့်အရေးတွေ ချိုးဖေါက်ခံရတဲ့ မြန်မာ အလုပ်သမားတွေ ပြန်လာ