Wednesday, August 21, 2013

ဝန်ချီစက်ဖြင့် မ၍ လေယာဉ်ဖြင့် သယ်ဆောင် ခဲ့ရသည့် ဆော်ဒီလူငယ် ဆေးကုသမှု ခံရပြီ

ရီယက် သြဂုတ် ၂၀
ဆော်ဒီအာရေဗျ နိုင်ငံမှ ကိုယ်အလေးချိန် ၁၃၄၅ ပေါင်ရှိသည့် ခါလက်မိုဆင် ရှေရီအမည်ရှိ လူငယ်တစ်ဦးသည် ရီယက်မြို့ရှိ King fahd ဆေးရုံသို့ သွားရောက် ကုသမှုခံယူရန် ၎င်းအား ၀န်ချီ စက်ဖြင့် မ၍ လေယာဉ်ဖြင့် သယ်ဆောင်ရန် ဆော်ဒီ ဘုရင်က အမိန့်ထုတ်ပြန် ခဲ့ပြီးနောက် ယခုအခါ တွင် ဆေးရုံ၌ ဆေးဝါး ကုသခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။

ငွေချေးချွတ်ဆေးကို သောက်ရေအထင်ဖြင့် သောက်မိသူသေဆုံး

ငွေထည်ပစ္စည်းများကို ချေးချွတ်ရာတွင် အသုံးပြုသော ဆေးရည်ကို သောက်ရေအထင်ဖြင့် မှားသောက်မိသူ တစ်ဦးသေဆုံးခဲ့မှု မင်္ဂလာတောင်ညွန့်မြို့နယ်တွင် သြဂုတ် ၁၉ ရက်တွင် ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

အစားအသောက်တွင် ပါဝင်သော ကော့ပါးဓာတ် အယ်ဇိုင်းမား ရောဂါဖြစ်ပွားနိုင်


ဝါရှင်တန် သြဂုတ် ၂ဝ

အစားအသောက်များတွင် ပါဝင်သော ကော့ပါးဓာတ်သည် အယ်ဇိုင်းမား ရောဂါဖြစ်ပွားမှုနှင့် ဆက်နွှယ်နေသော သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အဓိက အချက်များအနက် တစ်ချက် အပါ အဝင်ဖြစ်ကြောင်း အမျိုးသားသိပ္ပံ တက္ကသိုလ် မှ ထုတ်ဝေသည့် ဂျာနယ်တစ်စောင်တွင် သြဂုတ် ၁၉ ရက်က ဖော်ပြထားသည်။

တစ်ရက်အတွင်း အဓမ္မကျင့်မှု နှစ်ခု အမှုဖွင့်

ရန်ကုန်တိုင်းတွင် အဓမ္မကျင့်ခံရသည့်အမှု သြဂုတ် ၁၉ ရက် တစ်ရက်တည်း နှစ်မှုရှိခဲ့ပြီး သက်ဆိုင်ရာ ရဲစခန်းများ စစ်ဆေးဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

တရုတ်ကောလိပ် ကျောင်းသား နှစ်သိန်းကျော် တပ်မတော်သို့ ဝင်ရန် စာရင်းပေး

Photo: တရုတ်ကောလိပ် ကျောင်းသား နှစ်သိန်းကျော် တပ်မတော်သို့ ဝင်ရန် စာရင်းပေး
 Wednesday, August 21, 2013

တရုတ်နိုင်ငံမှ ကောလိပ် ကျောင်းသား နှစ်သိန်းကျော် ခန့်သည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် PLA သို့ ဝင်ရောက်ရန် အတွက် အွန်လိုင်းမှတစ်ဆင့် စာရင်းပေးသွင်းမှု ပြုလုပ်ခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာနက သြဂုတ် ၂ဝ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ တပ်မတော်သို့ ဝင်ရောက်သူ ကျောင်းသားများသည် ကျောင်းလခ များ ကင်းလွတ်ခွင့်ရခြင်း၊ စစ်တပ်မှ ထွက် ပြီးနောက် နှစ်နှစ်ခန့် အထိ ကျောင်းသား တစ်ယောက်၏ အခွင့်အရေးများ ရရှိနိုင်ခြင်း၊ ထူးချွန်သော ကျောင်းသားများအား တပ်မတော်တွင် အရာရှိအဖြစ် အဆင့် တိုးမြှင့် ပေးခြင်းနှင့် ကျောင်းဝင် ခွင့်စာမေးပွဲ များတွင်လည်း အမှတ်ပို များ ရရှိစေခြင်းစသည့် ခံစားခွင့်များ ရရှိမည်ဖြစ်သည်။

ထို့အပြင် အဆိုပါ ကောလိပ်ကျောင်းသားများ အနေဖြင့် တပ်မတော်မှ နုတ်ထွက်ပြီး နောက်တွင် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ပါက အခွန်ပေးဆောင် ရမှုများအား လျှော့ချပေးခြင်း တို့ကိုလည်း ခံစားခွင့် ရရှိစေမည် ဖြစ်သည်။  တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူဂျီအန်ပြည်နယ် အစိုးရ၏ ပြောကြားချက်အရ အဆိုပါ ကောလိပ် ကျောင်းသားများ တပ်မတော်မှ အနားယူခွင့်ပြုပါက ၎င်းတို့အား အစိုးရ အလုပ်များ၏ ၁ဝ ရာခိုင်နှုန်းသော နေရာများနှင့် နိုင်ငံပိုင် ကုမ္ပဏီ များ၏ အလုပ်နေရာ ၁၅ ရာခိုင်နှုန်း တို့တွင် အလုပ်များပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေပြည်နယ် ကောလိပ်ကျောင်း များမှ တပ်မတော်သို့ ဝင်ရောက်သူများအား ယွမ် ၂ဝဝဝဝ (အမေရိ ကန် ဒေါ်လာ ၃၂၂၅ ဒေါ်လာ) ပေးအပ် သွားမည်ဖြစ်ပြီး ၎င်းတို့ အနေဖြင့် တပ်မတော်မှ နုတ်ထွက်ပြီး နောက်တွင်လည်း ပြန်လည် နေရာချထားရေး အတွက် အကျိုးခံစား ခွင့်နှစ်ဆ ရရှိမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန် ပြောကြားထားသည်။

ကာကွယ်ရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ အသက် ၂၄နှစ်အောက်ရှိ ယခုနှစ် ဘွဲ့ရရှိသူများနှင့် ယမန်နှစ်က ဘွဲ့ရရှိ သူများ အနေဖြင့် တပ်မတော်သို့ ဝင်ရောက် အမှုထမ်းနိုင်ကြောင်း သိရသည်။

မြ၀တီ
တရုတ်နိုင်ငံမှ ကောလိပ် ကျောင်းသား နှစ်သိန်းကျော်ခန့်သည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် PLA သို့ ဝင်ရောက်ရန် အတွက် အွန်လိုင်းမှတစ်ဆင့် စာရင်းပေးသွင်းမှု ပြုလုပ်ခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာနက သြဂုတ် ၂ဝ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

Salmonella ဗက်တီးရီးယား ပိုးကူးစက်မှု မွေးမြူရေး ခြံများနှင့် ဆက်စပ်မှုရှိ


Photo: Salmonella ဗက်တီးရီးယား ပိုးကူးစက်မှု မွေးမြူရေး ခြံများနှင့် ဆက်စပ်မှုရှိ

Wednesday, 21 August 2013

အမေရိကန် နိုင်ငံ တစ်ဝန်းတွင် ဖြစ်ပွားလျက် ရှိသော တိရစ္ဆာန် များနှင့် လူများ၏ အူလမ်းကြောင်းတွင် ရောဂါ ဖြစ်ပွားစေသည့် Salmonella အမည်ရှိ ဗက်တီးရီးယား မျိုးစိတ်တစ်မျိုး ကူးစက် ပျံ့နှံ့ခြင်းသည် ဒေသ အတွင်းရှိ မွေးမြူရေး ခြံများနှင့် ဆက်စပ်မှု ရှိနေကြောင်း အမေရိကန် ပြည်ထောင်စု နယူး မက္ကဆီကို ပြည်နယ် ကျန်းမာရေး အာဏာပိုင် များက သြဂုတ် ၁၉ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

အမေရိကန် ပြည်ထောင်စုရှိ ပြည်နယ် ၃၇ ခုမှ လူ ၃၁၆ ဦးခန့်သည် အဆိုပါ ရောဂါ ပိုးကူးစက် ခံရပြီး ၎င်းရောဂါပိုးကို နယူး မက္ကဆီကို ပြည်နယ် အရှေ့ပိုင်း Privett Hatchery ဘဲမွေးမြူရေး ခြံတစ်ခုတွင် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ် ကျန်းမာရေး ၀န်ကြီး ဌာနက သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ ရောဂါပိုးသည် မွေးမြူရေး ခြံများမှ ရောဂါပိုး ကူးစက် ခံနေရသော ကြက်ပေါက်၊ ဘဲပေါက် လေးများနှင့် ထိတွေ့မှု ရှိသော သူများကိုသာ ကူးစက်ခြင်း ဖြစ်ကြောင်း

Read More >> http://www.myawady.com.mm/allnews/global/item/23005-2013-08-21-11-38-10
အမေရိကန် နိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားလျက်ရှိသော တိရစ္ဆာန်များနှင့် လူများ၏ အူလမ်းကြောင်း

" အမြန် သီးသန့်ယာဉ် လိုင်းစနစ် ကန်ဒေါ်လာ ခုနစ်သန်း ရင်းနှီးမြှုပ်နှံမည်ဟု အဆိုပြု"

ရန်ကုန်မြို့၌ အမြန်သီးသန့် ယာဉ်လိုင်းစနစ် (BRT) ဆောင်ရွက်ရာတွင် Omni Focus ကုမ္ပဏီက ကန်ဒေါ်လာခုနစ်သန်း ရင်းနှီးမြှုပ်နှံရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ အဆိုပြုတင်ပြ ထားကြောင်း သိရသည်။

နိုင်ငံတကာ သတင်းတိုများ

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားအိမ်ခြေရာမဲ့ ၂၀၀ ကျော်ရှိနေပြီး၊ အများစုမှာအရက်စွဲနေသူများဖြစ်ကြောင်း သြဂုတ် ၂၀ ရက်က ဘန်ကောက်ပို့စ်သတင်းစာမှ ဖော်ပြထားသည်။ ထိုင်းလူမျိုးအိုးအိမ်မဲ့ ၃၀၀၀၀ ကျော် ရှိနေပြီး၊ အများစုမှာ စိတ်ကျဝေဒနာခံစားရကြောင်းလည်း သတင်းစာမှ ဖော်ပြထားသည်။

ဆေးသောက်နည်းလမ်းညွှန်

ဆေးသောက်နည်းလမ်းညွှန်
******************

ထမင်းမစားခင် ပဋိဇီဝဆေးသောက်ရမည်ဆိုပါလျှင်-

· ထမင်းမစားခင် နာရီဝက်အလိုမှာ ဆေးသောက်ပါ။

· ထမင်းမစားခင် ၂ မိနစ်လောက်အလိုမှ အချိန်ကပ်၍မသောက်ပါနှင့်။၊

· (အကြောင်းကတော့ အစာနဲ့ ဆေးသောက်ချိန်နီးတဲ့အခါ၊ အချို့ သောဆေးများက အစားအစာထဲရောပါပြီး၊ ဆေးစွမ်း သတ္တိဓာတ်ပြယ်သွားစေလို့ ပါ)

ထမင်းစားပြီးနောက် ပဋိဇီဝဆေးသောက်ရမည်ဆိုပါလျှင်-

· ထမင်းစားပြီးနောက် ၅ မိနစ်(သို့ မဟုတ်)၁၀ မိနစ်ခန့် ကြာမှဆေးသောက်ပါ။

· (အကြောင်းကတော့ အချို့ ဆေးများက အစာအိမ်ကို အနှောင့်အယှက်ပြု၍ မအီမသာဖြစ်စေသလို၊ အချို့ ဆေးများ ကလည်း အစာဟောင်းနှင့်ရော၍ မစင်အဖြစ်ပါသွားတာကြောင့် ဆေးမတိုးတော့ပါဘူး)

ဆေးပတ်လည်အောင် သောက်ပါ။

· နေကောင်းသွားသည့်တိုင်အောင် သောက်လက်စဆေးကို ရပ်မပစ်ပါနှင့်၊ ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးပတ်လည်အောင် ဆက်သောက်ပါ။

· (အကြောင်းကတော့ ဥပမာ-အဖျားကျသွားသော်လည်း၊ ခန္ဒာကိုယ်ထဲမှာ ငုပ်လျှိုးကျန်ရစ်နေသေးတဲ့ အင်အားကြီး အဖျားပိုးက လူကို ထပ်မံဖျားနာစေတတ်လို့ အမြစ်ပြတ်ချေမှုန်းသည့်အနေဖြင့် ဆေးညွှန်းကုန်အောင်ဆက်သောက်ပါ)

ဗိုက်တာမင်အားဆေး တစ်ခုခုမှီဝဲရမည်ဆိုပါလျှင်-

· ဆေးသောက်ရန် အကောင်းဆုံးအချိန်က နေ့ လည်စာ ထမင်းစားပြီးနောက် ၅ မိနစ်(သို့ မဟုတ်)၁၀ မိနစ်ခန့် ကြာမှ သောက်ရမှာ ဖြစ်ပါတယ်။

· ဗိုက်ထဲ အစာမရှိဘဲ (လုံးဝ) အားဆေးမသောက်ပါနှင့်။

· (အကြောင်းကတော့ အထူးသဖြင့် ဗီတာမင်ဘီ နှင့် စီ အားဖြည့်ဆေးများဟာ ဆီးအဖြစ် ချက်ချင်းစွန့် ပါသွားတဲ့အတွက် ဆေးအာနိသင်ပျက်ပြယ်သွားကာ သောက်သမျှအားဆေး အချည်းနှီးဖြစ်စေပါတော့တယ်)


(ပေါက်ပေါက်…မျှဝေသည်)
(မှီငြမ်း။ Medical Internet News : Directions to take medicine)


အေးချမ်းမွန် Credit To > ကျန်းမာရေးစာတိုများစုစည်းမှု < Thanks
Re-posted By ACM 21-8-2013 
https://www.facebook.com/excellencemedia
ထမင်းမစားခင် ပဋိဇီဝဆေးသောက်ရမည်ဆိုပါလျှင်-

မလေးရှားတွင် မုဒိမ်းကျင့်ခံရသူနှင့် အတူနေသည့် မြန်မာအမျိုးသမီးများ အတွက် လုံခြုံရေး ချထား

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်တွင် မုဒိမ်းကျင့်ခံခဲ့ရသည့် မြန်မာ အမျိုးသမီးနှင့် အတူ နေထိုင်သည့် အမျိုးသမီး အလုပ်သမား၂၀၀ ကျော်ကို လုံခြုံသော နေရာသို့ ပြောင်းရွှေ့ပေးရန် အလုပ်ရှင်နှင့် သဘော တူညီမှု ရရှိထားပြီး လက်ရှိ နေထိုင်နေသည့် အဆောင်တွင်လည်း လုံခြုံရေးများ ချပေး ထားကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် က ပြောကြား သည်။

လူ့ဦးနှောက်နှင့် ပက်သက်၍ မှတ်သားဖွယ်ရာ အချို့ 

Photo: လူ့ဦးနှောက်နှင့် ပက်သက်၍ မှတ်သားဖွယ်ရာ အချို့ 
Wednesday, August 21, 2013

၁။ ဦးနှောက်တွင် Pain receptors မပါရှိသဖြင့် နာကျင်သော ဝေဒနာကို မခံစားနိုင်ပါ။

၂။ ဦးနှောက်တွင် တစ်မိနစ်တိုင်း Neuron ပေါင်း ၂သိန်းခွဲ မွေးဖွားသည်။

၃။ မွေးစမှစ၍ ယနေ့တိုင် ယနေ့တိုင် ဦးနှောက်အရွယ်အစား လုံးဝ မပြောင်းလဲပါ။ 

၎။ ဦးနှောက်သည် ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှိသော အောက်ဆီဂျင်များမှ ၂၀ ရာခိုင်နှုန်းကိုသာ အသုံးပြုသည်။ 

၅။ ဦးနှောက်ထဲသို့ ၈- ၁၀ စက္ကန့်အတွင်း သွေးမစီးလျှင် မူးမေ့နိုင်သည်အထိ ဖြစ်လာနိုင်ပြီး ဆက်လက်မရရှိပါက သေဆုံးနိုင်သည်။

၆။ အိပ်ပျော်နေချိန် အိပ်မက်ပေါင်း မြောက်များစွာ မက်သော်လည်း နိုးထလာသည့် အခါ ဦးနှောက်က အိပ်မက်မှ ဖြစ်ရပ် အနည်းငယ်ကိုသာ ပြန်လည် အမှတ်ရ ဖော်ထုတ်ပေးသည်။ 

၇။ အဲလ်ဘတ်အိုင်းစတိုင်းသည် ဦးနှောက်၏ ၄၀ ရာခိုင်နှုန်းကို အသုံးပြုခဲ့ပြီး သမိုင်းတစ်လျှောက် ဦးနှောက်၏ အသုံးဝင်မှုအပေါ် အများဆုံး အသုံးချနိုင်ခဲ့သူ အဖြစ် စံချိန်တင်ထားသည်။ 

၈။ ကိုယ့်ကိုယ်ကို ကလိထိုး၍ မရယ်နိုင်အောင် ဦးနှောက်က မိမိ ခြေလက်များ၏ အထိအတွေ့ကို မှတ်သားထားသည်။

၉။ ဦးနှောက်သည် ကွန်ပြူတာ CPU တစ်လုံးနှင့် တူပြီး သိသမျှ၊မှတ်သားသမျှကို Processing လုပ်ပြီး အဖြေထုတ်ပေးသည်။ 


Ref: medic-facts
Aung Kham (Yoyarlay)
ရိုးရာလေး ဗဟုသုတ
၁။ ဦးနှောက်တွင် Pain receptors မပါရှိသဖြင့် နာကျင်သော ဝေဒနာကို မခံစားနိုင်ပါ။

ရင်သားကြီး၍ အမှုနိုင်သွားသူ မိန်းကလေး

ဘီကီနီ မော်ဒယ်မှ သရုပ်ဆောင်ဖြစ်လာသည့် ဂျပန် လှပျိုဖြူ တစ်ဦးဟာ တံခါးကို ချိုးဖျက်၍ ဖြစ်ပေါ် လာသော အပေါက်မှ တိုးဝင်၍ ပြစ်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် အမှုတွင် အဆိုပါ အပေါက်တွင် သူမ၏ ဖွံ့ထွားလှသော ရင်သားများ ဝင်ဆံ့နိုင်ခြင်းမရှိဟု သက်သေပြနိုင်ခဲ့ခြင်းကြောင့် အမှုမှ တရားသေ လွတ်ခဲ့ကြောင်း သိရှိရပါတယ်။

ပြည်တွင်းတွင် မိုဘိုင်းဖုန်းအသုံးပြုသူ ၅ ဒသမ ၂ သန်းကျော်ရှိ အိမ်ထောင်တစ်စုလျှင် မိုဘိုင်းဖုန်းတစ်လုံး အသုံးမပြုနိုင်သေး

ပြည်တွင်းတွင် မိုဘိုင်းဖုန်းအသုံးပြုသူ ၅ ဒသမ ၂ သန်းကျော်ရှိလာပြီဖြစ်ပြီး ပြည်တွင်းအိမ်ထောင်စု တစ်စုလျှင် မိုဘိုင်းဖုန်းတစ်လုံးသုံးစွဲနိုင်သည့်အခြေအနေ မရှိသေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ သြဂုတ် ၁၈ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ထောင်စု ၀န်ကြီးများအား အမည်တပ်ကာ ပုဂ္ဂိုလ်ရေးအရ ဝေဖန်မှုများသည် အဆင့်မြင့်သည့် နိုင်ငံရေး မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်ထောင်စု ၀န်ကြီးများအား အမည်တပ်ကာ ပုဂ္ဂိုလ်ရေးအရ ဝေဖန်မှုများသည် အဆင့်မြင့် သည့် နိုင်ငံရေး မဟုတ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သြဂုတ် ၂၀ ရက်တွင် ပြောကြားသည်။

သမ္မတ၏ နိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ နှောင့်နှေးနေရခြင်းမှာ ၎င်း၏ လက်အောက်ငယ်သားများကြောင့်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ဝေဖန်

N-21-8
ပြည်သူ့လွှတ်တော် အစည်းအဝေး မစတင်မီ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်အား တွေ့ရစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)
နိုင်ငံတော်သမ္မတ၏ နိုင်ငံပြုပြင်ရေးလုပ်ငန်းများ နှောင့်နှေးရခြင်းမှာ သမ္မတ၏ လက်အောက်ရှိ အုပ်ချုပ်ရေး တာဝန်ရှိသူများကြောင့် ဖြစ်သည်ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဝေဖန်ပြောကြားသည်။

သံတွဲမြို့ပေါ်ရပ်ကွက်အားလုံး ရေနစ်မြုပ်

 
ရခိုင်ပြည်နယ် သံတွဲမြို့တွင် လွန်ခဲ့သည့် သုံးရက်ကတည်းက မိုးသည်းထန်စွာရွာသွန်း ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့၌ ရေကြီးမှု များဖြစ်နေကြောင်း ဒေသခံ များက ပြော သည်။"မနေ့က ညနေမှာ ရေစတက်တယ်။ ရေတက်တာကလည်းမြန် တယ်။ ဒီနေ့နေ့လယ် အထိ ရေပြန် ကျတာလေးလက်မလောက်ပဲ ရှိသေးတယ်"ဟု သံတွဲမြို့ အမှတ်(၂) ရပ်ကွက်မှဒေသခံပြည်သူတစ်ဦးက ပြောသည်။ရေကြီးမှုကြောင့် သံတွဲမြို့ပေါ် ရပ်ကွက် အားလုံး ရေနစ်မြုပ်ခဲ့ကြောင်း ၎င်းက ပြောသည်။

မောင်တောတွင် လုံခြုံရေးကြောင့် ၀ါတွင်းကာလ အရုဏ်ဆွမ်း လောင်းခြင်းများ ရပ်နားထားရ

C-21-8
မောင်တောမြို့တွင် ၂၀၁၁ ခုနှစ်အတွင်းက အရုဏ်ဆွမ်း လောင်းလှူပွဲအား တွေ့ရစဉ် (ဓာတ်ပုံ - ၀င်းမောင်)
လုံခြုံရေး အနေအထားရ ၀ါတွင်းကာလ အရုဏ်ဆွမ်း လောင်းခြင်းများကို မောင်တောတွင် ရပ်နားထား ရကြောင်း သတင်းရရှိသည်။

ထိုင်းထိန်းသိမ်းရေးစခန်းရှိ ရိုဟင်ဂျာတွေ လွှတ်ပေးရေး HRW တောင်းဆို

 
ထိုင်းနိုင်ငံ လူဝင်မှုစခန်းတွေမှာ ထိန်းသိမ်းထားတဲ့ လှေစီးပြေး ရိုဟင်ဂျာ ဒုက္ခသည်တွေကို ထိုင်း အစိုးရ က ပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က တောင်းဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း လူဝင်မှု ထိန်းသိမ်းရေးစခန်း တစ်ခုကနေ ရိုဟင်ဂျာ ၈၀ ကျော် ထွက်ပြေးသွားတယ် ဆိုတဲ့သတင်း ထွက်လာချိန်မှာပဲ HRW အဖွဲ့က အဲဒီလို တောင်းဆိုလိုက်တာပါ။

မြန်မာပဋိပက္ခအရင်းအမြစ် မဖြေရှင်းနိုင်ရင် ဒီထက်ဆိုးဝါးမယ်လို့ဆို


မိထ္တီလာပဋိပက္ခအတွင်းက မီးလောင်မှုမြင်ကွင်း (Credit: AFP) 
မြန်မာနိုင်ငံမှာ ​ဖြစ်ပေါ်ခဲ့တဲ့ ​လူမျိုးရေး၊ ​ဘာသာရေးဆန်တဲ့ ​ပဋိပက္ခတွေ ​ခုအခါမှာ ​ငြိမ်သက်နေ ပြီ ​ဖြစ်ပေမယ့် ​ပြဿနာရဲ့ ​အရင်းအမြစ်ကို ​မဖြေရှင်းနိုင်ရင် ​ဒီထက် ​ဆိုးဝါးတဲ့ ​ပဋိပက္ခတွေ ​ဖြစ်ပေါ်နိုင် တယ်လို့ ​အမေရိကန်အခြေစိုက် ​လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ​ပြောလိုက်ပါတယ်။

ထိုင်းနိုင်ငံထိန်းသိမ်းရေး စခန်းက ရိုဟင်ဂျာတွေ ထပ်မံထွက်ပြေး


ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ရိုဟင်ဂျာ ဒုက္ခသည်တွေ (Credit: AFP) 
ထိုင်းနိုင်ငံတောင်းပိုင်း ​ထိန်းသိမ်းရေးစခန်းက ​ခိုလှုံခွင့်တောင်းခံသူ ​ရိုဟင်ဂျာအုပ်စု ​တစ်စု ​ထိန်းသိမ်းရေး ​စခန်းကနေ ​ထပ်မံ ​ထွက်ပြေးသွားတယ်လို့သိရပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တားနား မိတ္ထီလာမြို့သို့ ဖြတ်သန်းသွားစဉ် မြို့ခံများ ကန့်ကွက်ဆန္ဒပြ

L-21-8
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားအား မိတ္ထီလာလူထုက ပြည်ထောင်စု တံတားအနီးတွင် ဆန့်ကျင်ဆန္ဒပြနေစဉ်
သြဂုတ် ၁၉ ရက် ညပိုင်းက ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား မိတ္ထီလာ မြို့သို့ ဖြတ်သန်းသွားစဉ် မြို့ခံအင်အား ၂၀၀ ခန့်က ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂ

ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့တွင် ခိုးဝင်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၅ ဦး အပါအ၀င် ဘင်္ဂါလီ ၅၂ ဦး ဖမ်းမိ

ပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ နံသာပုကျေးရွာ ဂေါ်ယံဂျီကျွန်း အနီးတွင် သြဂုတ် ၁၉ ရက်က ဘင်္ဂလားပင်လယ်အော်မှ ခိုးဝင်လာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၅ ဦးအပါအ၀င် ဘင်္ဂါလီ ၅၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ကနဦး သတင်းများအရ သိရသည်။

နယ်စပ်ဒေသများတွင် လက်နက်ခဲယမ်းများနှင့် ရဲတပ်ဖွဲ့ဝင် အင်အားကို အသင့်ပြင်ဆင်ထားပြီး လုံခြုံရေး သတိထား လုပ်ဆောင်ရန် ညွန်ကြား

Q-21-8
ယခုနှစ် ဇူလိုင်လအတွင်း ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တွင် လုံခြုံရေး တာဝန်ယူနေသော ရဲတပ်ဖွဲ့ဝင် တစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
မြန်မာနိုင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့များ အနေဖြင့် ယခင်ကထက် ပိုမို သတိ ထား ဆောင်ရွက်ရန် ညွှန်ကြားထားပြီး နယ်စပ်ဒေသများတွင် လက်နက်ခဲယမ်းများနှင့် ရဲတပ်ဖွဲ့ အင်အားကို အသင့်ပြင်ထားကြောင်း သြဂုတ် ၂၀ ရက် နံနက်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ လုံခြုံရေး ဌာနနှင့် နယ်စပ်ဒေသမှ လုံခြုံရေး တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။