Saturday, March 8, 2014

မေးခွန်းကို တိုက်ရိုက် ဖြေဆိုရန် အစိုးရအဖွဲ့ကို လွှတ်တော်ဥက္ကဋ္ဌ ပြော


လွှတ်တော် ကိုယ်စားလှယ်များ မေးမြန်းသော မေးခွန်းများကို သွယ်ဝိုက်ခြင်း မရှိဘဲ မေးခွန်းအတွက် အဖြေကိုသာ တိုက်ရိုက်ဖြေဆိုရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက သမ္မတရုံး အမှတ်(၄) ဒုတိယဝန်ကြီး ဦးအောင်သိမ်းနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ကို ပြောကြားသည်။

“နောင်ဆိုရင် မေးခွန်းကို တိုက်ရိုက်ဖြေဖို့ လိုမယ်လို့ ပြောလိုပါတယ်။ မဖြေနိုင်သေးရင် မဖြေနိုင်ဘူးလို့ ပြောလို့ရပါတယ်။ နောင်များ လွှတ်တော် ကိုယ်စားလှယ် မေးတဲ့ မေးခွန်းကို မေးတဲ့ အကြောင်းအရာကို တစ်ခါတည်း ဖြေဖို့ လိုကြောင်းကို သမ္မတရုံး ဒုဝန်ကြီး အမှတ် (၄) ကိုလည်း တစ်ဆင့် ဒီလိုပဲ ပြောကြားရမှာ ဖြစ်ပါတယ်” ဟု သူရ ဦးရွှေမန်းက ဆိုသည်။

အမေရိကန်အရာရှိ မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံ


အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ခံ နိုင်ငံရေးဌာန အကြီးအကဲ Ms. Wendy Sherman ဟာ ရန်ကုန်နဲ့ နေပြည်တော်ကို မတ်လ ၆ ရက်နဲ့  ၇ ရက်နေ့မှာ သွားရောက်ခဲ့ပြီး၊ အစိုးရအရာရှိတွေရော၊ အတိုက်အခံအဖွဲ့ ခေါင်းဆောင်တွေကိုပါ တွေ့ဆုံခဲ့တယ်လို့  ရန်ကုန်မြို့  အမေရိကန်သံရုံးက မနေ့ ကထုတ်ပြန်ကြေညာလိုက်ပါတယ်။

Wendy Sherman ဟာ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတရုံးဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ နဲ့ တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မန္တလေး ဘူတာကြီး အနီးတွင် ပြိုင်ကားတစ်စီး လမ်းလယ်ကျွန်း တိုက်မိ၍ တိမ်းမှောက်


မန္တလေး ဘူတာကြီး အရှေ့တွင် မတ်လ ၆ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ် အချိန်က Toyota Supra အနက်ရောင် ပြိုင်ကား တစ်စီးသည် အဝိုင်းပတ်ကို လမ်း ၃၀ ဘက်မှ မောင်းနှင်ပြီး ၇၈ လမ်းနှင့် ၃၁ လမ်းဘက်သို့ ကွေ့မောင်းစဉ် အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ပလက်ဖောင်းကို တိုက်ကာ တိမ်းမှောက်သွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထိုယာဉ်တိုက်မှုကြောင့် ထိခိုက် ဒဏ်ရာရသူနှင့် အသက် သေဆုံးသူ မရှိကြောင်း၊ ကားမောင်းနှင်သူမှာ လူငယ် တစ်ဦးဖြစ်ပြီး ကားအမျိုးအစားမှာ ၂ ဃ - - - Toyota Supra ပြိုင်ကား အမျိုးအစား ဖြစ်ကြောင်း ၎င်းက ပြော