ထီသုံးစောင်ထိုးရာ တစ်စောင် က တွတ်နှစ်သိန်းဝင်ကြောင်း ထီ
ရောင်းသမားကိုယ်တိုင် ရွာသို့ လာ ရောက်ပြီး ဇွတ်အတင်းဝယ်ရာ ဝယ်သူ ပြန်မှ
နှစ်သိန်းတွင် ၅ဝဝဝဝခန့်လျော့ နေသဖြင့် ထီဆိုင်သွားစုံစမ်းရာမှ တွတ်
ဝင်ခြင်းမဟုတ်ဘဲ ၁ဝ သိန်းဆုပေါက် နေသဖြင့် ထီဆိုင်ပိုင်ရှင်က ပြဿ နာ
ပြေလည်အောင် ဖြေရှင်းပေးလိုက်ရ သည့် ဖြစ်ရပ်တစ်ခု မကွေးမြို့ နတ်
ကန်ရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရ သည်။
Thursday, September 18, 2014
ကယ်လ်မေဂီမုန်တိုင်း ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ယနေ့ဝင်ရောက်လာနိုင်
ကယ်လ်မေဂီမုန်တိုင်းသည်ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ယနေ့ နံနက်တွင်
မြန်မာနိုင်ငံသို့ ၀င်ရောက် လာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးထားပြီး
ဘင်္ဂလားပင် လယ်အော်၌ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့်
မုတ်သုံလေအားအလွန်ကောင်းနေသည်။
တောင်တရုတ်ပင်လယ်မှ နိုင်ငံတကာအမည်တပ် (Kalm-aegi) ကယ်လ်မေဂီမုန်တိုင်းသည် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းဟိုင်နန်ကျွန်းကို ဖြတ်ပြီး အားအနည်းငယ်လျော့သွားကာ ယနေ့(စက်တင်ဘာ ၁၈ရက်) နံနက်အစောပိုင်းတွင် မုန်တိုင်းငယ်အဖြစ် မြန်မာနိုင်ငံဘက်သို့ ၀င်ရောက် လာနိုင်ကြောင်း ဒေါက်တာ ထွန်းလွင်က ပြောသည်။
ပုဒ်မများပြင်ပေးရန် ဦးဆန်းဆင့်လျှောက်ထားမှု မန္တလေးတိုင်းတရားရုံးတွင် ကြားနာမည်
သာသနာရေးဝန်ကြီး ဟောင်း ဦးဆန်းဆင့်ကို နိုင်ငံ တော်
အကြည်ညိုပျက်စေမှုနှင့် ယုံကြည်အပ်နှံအလွဲသုံးစားမှု ပုဒ်မများဖြင့်
နေပြည်တော်ဒက္ခိဏ သီရိခရိုင်တရားရုံးက စွဲချက်တင်မှုကို ပြင်ဆင်ပေးရန်
မန္တလေးတိုင်း တရားရုံးတွင် လျှောက်ထားမှုကို အောက်တိုဘာ ၁၀ ရက်တွင်
ကြားနာစစ်ဆေးမည်ဟု သတင်းရရှိသည်။
ဦးဆန်းဆင့်အား (၁၃)ကြိမ် မြောက်ရုံးချိန်းတွင် ပုဒ်မနှစ်ခု အတွက် တရားရုံးကစွဲချက်တင် လိုက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ စွဲချက်တင်လိုက်ခြင်းအတွက် ဦးဆန်းဆင့်၏ရှေ့နေနှင့် တရားလိုပြရှေ့နေများက စွဲချက်မတင်ရန် လျှောက်ထားခဲ့သော်လည်း ဒက္ခိ ဏသီရိခရိုင်တရားရုံးက ပယ်ချ လိုက်သည်။
ဦးဆန်းဆင့်အား (၁၃)ကြိမ် မြောက်ရုံးချိန်းတွင် ပုဒ်မနှစ်ခု အတွက် တရားရုံးကစွဲချက်တင် လိုက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ စွဲချက်တင်လိုက်ခြင်းအတွက် ဦးဆန်းဆင့်၏ရှေ့နေနှင့် တရားလိုပြရှေ့နေများက စွဲချက်မတင်ရန် လျှောက်ထားခဲ့သော်လည်း ဒက္ခိ ဏသီရိခရိုင်တရားရုံးက ပယ်ချ လိုက်သည်။
ဓမ္မစေတီခေါင်းလောင်းကြီး ရှာမတွေ့လည်း လူထုကိုပြန်တောင်းပန်ရန် အစီအစဉ်မရှိဟုဆို
ဓမ္မစေတီခေါင်းလောင်းဆယ် ယူရေးအဖွဲ့အနေဖြင့် လူထုကိုကတိ ပေးထားသည့်
ခေါင်းလောင်းကို ကုန်း ပေါ်သို့ ဆယ်ယူနိုင်ခြင်းမရှိပါက ¤င်း
တို့အဖွဲ့အနေဖြင့် လူထုကို တောင်း ပန်သွားရန် အစီအစဉ်မရှိကြောင်းကို
ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေး အဖွဲ့ ပြန်ကြားရေးတာဝန်ခံဦးကြည် ဝင်းက
စက်တင်ဘာ ၁၄ရက်က သန် လျင်မြို့နယ် နတ်စင်တစ်ရာဘုန်းတော် ကြီးကျောင်း၌ ပြုလုပ်သော သတင်း စာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းမ်ဂျာ နယ်သို့ ပြောကြားခဲ့သည်။
အထိုင်များ သူတို့ အတွက် အသက်ကယ်ဆေး ငါးမိနစ်
ယနေ့လူသား အများစုအဖို့ ရုံးမှာ ရှစ်နာရီကြာ ကွန်ပျူတာ ရှေ့ထိုင်၊
အိမ်ရောက် တော့လည်း တီဗီရှေ့ထိုင်၊ ဖုန်းကိုင်ကာ မလှုပ်မရှား နေကြသည့်
အချိန်က များလာသည်။
ယနေ့လို စမတ် ဖုန်းခေတ်၊ အင်တာနက် ခေတ်ကြီးမျာ လူသားတွေ အလုပ်များစွာကို ထိုင်ရာမထ လုပ်နိုင်လာကြရာ လူ့အဖွဲ့အစည်း သည်လည်း အထိုင်များသည့် လူမှုပုံစံကို ကျင့်သုံးမိမှန်း မသိ ကျင့်သုံးမိ လာကြသည်။ အထိုင်များခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေကြောင်း လေ့လာမှု စစ်တမ်း
ယနေ့လို စမတ် ဖုန်းခေတ်၊ အင်တာနက် ခေတ်ကြီးမျာ လူသားတွေ အလုပ်များစွာကို ထိုင်ရာမထ လုပ်နိုင်လာကြရာ လူ့အဖွဲ့အစည်း သည်လည်း အထိုင်များသည့် လူမှုပုံစံကို ကျင့်သုံးမိမှန်း မသိ ကျင့်သုံးမိ လာကြသည်။ အထိုင်များခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေကြောင်း လေ့လာမှု စစ်တမ်း
တယ်လီနောဆင်းမ်ကတ် အောက်တိုဘာ ၅ ရက် မတိုင်မီ ထွက်မည်ဟုဆို တစ်မိနစ်ခေါ်ဆိုခ ၂၅ ကျပ်ထက် လျော့နည်းမည်ဖြစ်
တယ်လီနော မိုဘိုင်းဆင်းမ်ကတ်များကို မြန်မာနိုင်ငံတစ်ဝန်း အောက်တိုဘာ ၅ ရက် မတိုင်မီ စတင်ရောင်းချမည်ဖြစ် ပြီး မည်သည့်ကွန်ရက်ဖြင့် ဆက် သွယ်ပြောဆိုသည်ဖြစ်စေ တစ်မိနစ်ပြောဆိုခ ၂၅ ကျပ်ထက် လျော့နည်းမည်Telenor Myan-mar မှ သတင်းရရှိသည်။
တယ်လီနော ဆင်းမ်ကတ် များကို ယခုလမကုန်မီ စတင် ရောင်းချပေးမည်ဖြစ်ပြီး တယ်လီ နော အချင်းချင်းခေါ်ဆိုလျှင် တစ် မိနစ် ၁၅ ကျပ်နှင့် MPT၊ Ooredooစသည့်အခြားကွန်ရက်များသို့ ဖုန်းခေါ်ဆိုမည်ဆိုလျှင် တစ်မိနစ် ၂၅ ကျပ်ကျသင့်မည်ဟု ပြင်ပတွင် ကျယ်ကျယ်ပြန့်ပြန့်သတင်းများ ထွက်ပေါ်နေသည်။
ဘင်္ဂါလီလူမျိုး ၄ဝကို နိုင်ငံသားဖြစ်ခွင့် ပြုလိုက်ပြီ
ရန်ကုန်၊ ရခိုင်ပြည်နယ်မြေပုံ မြို့နယ်တွင် နိုင်ငံသား
ပြုခွင့်လျှောက်ထားသူ ဘင်္ဂါလီလူမျိုး ၁ဝဝဝ ကျော် ထဲမှ ဗဟိုအဖွဲ့က
စိစစ်ပြီးသည့် ဘင်္ဂါလီလူမျိုး ၄ဝ ကို နိုင်ငံသားဖြစ်ခွင့်
ပြုလိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့
အင်အားဦးစီးဌာနမှ သိရသည်။
ရန်ကုန်ကို ယနေ့မှစ၍ လျှပ်စစ်မီး ပုံမှန်အတိုင်း ပြန်ပေးမည်ဟုဆို
လျှပ်စစ်ကေဘယ်လ်ကြိုးများ ပြတ်တောက်ခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍
လျှပ်စစ်မီး မကြာခဏ ပြတ်တောက် မှုများ ကြုံတွေ့နေရသော ရန်ကုန်မြို့တော်ကို
စက်တင်ဘာလ ၁၈ ရက် (ယနေ့) မှစပြီး
လျှပ်စစ်မီး ပုံမှန်ပြန်ပေးနိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်
လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိ အင်ဂျင်နီယာတစ်ဦးက ပြောကြားသည်။
ကေဘယ်လိုင်း ပြင်ဆင်မှုများ ဆောင်ရွက်ပြီးစီးပါက ပုံမှန်အတိုင်း လျှပ်စစ်မီး ပြန်လည်ရရှိမည် ဖြစ်ကြောင်း ၎င်းက စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ဖြေကြားခြင်း ဖြစ်သည်။
ကေဘယ်လိုင်း ပြင်ဆင်မှုများ ဆောင်ရွက်ပြီးစီးပါက ပုံမှန်အတိုင်း လျှပ်စစ်မီး ပြန်လည်ရရှိမည် ဖြစ်ကြောင်း ၎င်းက စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ဖြေကြားခြင်း ဖြစ်သည်။
အမြန်လမ်းပေါ် တက်လာသည့် ဆိုင်ကယ်နှင့် Elite ခရီးသည်တင်ယာဉ် တိုက်မိ၊ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ
ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် ၁၂၉/၆ အနီးတွင် စက်တင်ဘာလ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်က Elite အဆင့်မြင့် ခရီးသည်တင်ယာဉ်နှင့်
အမြန်လမ်းပေါ်သို့ မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ် တစ်စီးတို့
တိုက်မိရာမှ မော်တော်ဆိုင်ကယ်ပေါ်မှ အသက် ၆၈ အရွယ် အမျိုးသားကြီး
သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း အမြန်လမ်း
ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
ကိုးလ အတွင်း ပေါင် ၇၀ ဝိတ်ချနိုင်ခဲ့တဲ့ သတို့သမီးလောင်း
သူမ အမည်ဟာ Kirsty Thomas လို့ခေါ်ပါတယ်။ အသက် ၂၅ နှစ်သာ ရှိသေးပြီး ကိုးလ အတွင်း ပေါင် ၇၀ လျော့ချနိုင်မှုကြောင့် ဗြိတိန်မှာ နာမည်ကြီးတဲ့ အမျိုးသမး တစ်ဦး ဖြစ်လာပါတယ်။ သူ့ချစ်သူနဲ့ လက်ထက်ကို အချိန်ကို ရောက်ဖို့ အတွက် ကိုးလလောက်လိုပါသေးတယ်။ မင်္ဂလာဆောင် ဂါဝန်ရွေးတော့ သူမဟာ လက်ရှိ ပေါင်ချိန် ၂၂၀ နဲ့ လိုက်ဖက်တဲ့ size 16 ကို မရွေးပဲ size 8 ကို ရွေးချယ်ခဲ့ပါတယ်။
ဒါဟာ သူမရဲ့ ယုံကြည်မှု ဖြစ်ပါတယ်။ သူမ ယုံကြည် တစ်သလိုပဲ ကြိုးစားလိုက်တာ တစ်လကို ၇ ပေါင်
မနာလို သ၀န်တိုရာမှ ထိုင်းကမ်းခြေတွင် ကမ္ဘာလှည့်ခရီးသည် စုံတွဲ အသတ်ခံရခြင်းဖြစ်နိုင်ကြောင်း ရဲများက သုံးသပ်
စက်တင်ဘာ ၁၅ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင် ကမ်းခြေ ပါတီပွဲတွင် အသတ်ခံခဲ့ရသူနှစ်ဦး အနက် ဒေးဗစ်မေလာ၏ သူငယ်ချင်း များဖြစ်သော ခရစ်နှင့် ဂျိမ်းစ်ဝဲဆိုသူ ဗြိတိန်ညီအစ်ကိုနှစ်ဦးကို ရဲများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ကြောင် စိတ်ကောက်တတ်သည်
တိရစ္ဆာန် လေ့လာသူများရဲ့ ထုတ်ဖော် ပြောဆိုချက်အရ ကြောင်များဟာ စိတ်ကောက် တတ်ကြောင်း သိရ ပါတယ်။
အကယ်၍ ပိုင်ရှင်ဟာ မိမိ အပြင် အခြားသော ကြောင်တစ်ကောင်ကို ထပ်မွေးတဲ့အခါ၊
ရှိရင်းစွဲ ကြောင် ထဲမှာတောင် ကိုယ့်ထက် အခြား ကြောင် တစ်ကောင်ကို
အသားပေးပြီး ပြုစု ဆက်ဆံတဲ့ အခါကျရင် စိတ်ကောက် တတ်ပါတယ်။ နောက်ထပ် အခြေအနေ
တစ်ခု ကတော့ သူတို့ရဲ့ နေ့စဉ် routine အရ
Master Plan အရ ရန်ကုန်မြို့ပြင် မြို့ပတ်ရထားလမ်းများ ဖောက်လုပ်ရန်အစီအစဉ်ရှိ
ဂျပန်အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ (JICA)
နှင့်ပူးပေါင်းရေးဆွဲ နေသည့် ရန်ကုန်မြို့ Master Plan အရ ရန်ကုန်မြို့ပြင်
မြို့ ပတ်မီးရထားလမ်းများဖောက်လုပ်သွား ရန်အစီအစဉ် ရှိကြောင်း
မြန်မာ့မီးရထား မှအထွေထွေမန်နေဂျာ (အောက်မြန်မာ ပြည်) ဦးထွန်းအောင်သင်းက
ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်းအ ရှေ့ဘက်ခြမ်းအား ရထားလမ်းများနှင့် ချိတ်ဆက်နိုင်ရန်ပြုလုပ်လျက် ရှိကြောင်း သိရသည်။
Master Sport ဖိနပ်စက်ရုံ ရုန်းရင်းဆန်ခတ်မှု ဒုရဲမှူး အပါအဝင် ရဲကိုးဦးနှင့် လုပ်သားအချို့ ဒဏ်ရာရ
လုပ်သားများကို လုပ်ခမပေးဘဲ ထွက်ပြေးသွားသည့် တောင်ကိုရီးယား အလုပ်ရှင်ပိုင် Master Sport ဖိနပ်စက်ရုံတွင် စက်တင်ဘာလ ၁၆ ရက်နေ့
ည ၁၁ နာရီခန့်က ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှုကြောင့်
ဒုတိယရဲမှူးတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ကိုးဦးနှင့် လုပ်သားအချို့
ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
NDF သို့ ပြောင်းသွားခဲ့သည့် ပါတီဝင် လေးဦးကို ဒီချုပ်ပြန်လည်လက်ခံ
အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် (NLD) မှထွက်၍ ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမို
ကရေစီအင်အားစု (NDF) ပါတီ သို့ ပြောင်းသွားခဲ့သည့် ပါတီဝင် လေးဦးကို
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီဝင် အဖြစ် ပြန်
လည်လက်ခံလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
‘‘အယူခံဝင်တဲ့အခါမှာ သူတို့အမှားကို သူတို့ဝန်ခံတဲ့အတွက် ပြန်ပြီး လက်ခံလိုက်တာပါ’’ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နေ အိမ်အကျယ်ချုပ်မှ လွတ်မြောက် ပြီး ပထမဆုံးအကြိမ်ပြုလုပ်သည့် ပါတီညီလာခံတွင် NDF ပါတီသို့ ပြောင်းသွားသူအချို့က ပါတီဝင် အဖြစ် လက်ခံရန် တင်ပြခဲ့သော် လည်း ငြင်းပယ်ခြင်းခံခဲ့ရသည်။
‘‘အယူခံဝင်တဲ့အခါမှာ သူတို့အမှားကို သူတို့ဝန်ခံတဲ့အတွက် ပြန်ပြီး လက်ခံလိုက်တာပါ’’ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နေ အိမ်အကျယ်ချုပ်မှ လွတ်မြောက် ပြီး ပထမဆုံးအကြိမ်ပြုလုပ်သည့် ပါတီညီလာခံတွင် NDF ပါတီသို့ ပြောင်းသွားသူအချို့က ပါတီဝင် အဖြစ် လက်ခံရန် တင်ပြခဲ့သော် လည်း ငြင်းပယ်ခြင်းခံခဲ့ရသည်။
အယ်လ်ခိုင်ဒါကို တားနိုင်စွမ်း အပြည့်ရှိဟု ရဲတပ်ဖွဲ့ပြော
ရန်ကုန် (မဇ္ဈိမ)။ ။ အယ်လ်ခိုင်ဒါ အကြမ်းဖက်မှုကို
တားဆီးတုံ့ပြန်နိုင်သည့် လုံခြုံရေးအင်အား အပြည့်အဝရှိ သည်ဟု မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် ဝင်းခေါင်က စက်တင်ဘာ ၁၇ ရက်တွင်
ပြောသည်။
ရန်ကုန်တိုင်း၊ ပျဉ်းမပင်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တပ်ရင်း (၈)
တွင် ဥရောပသမဂ္ဂက မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များကို လူစုလူဝေးနှင့်
အကြမ်းဖက်မှုများအား နိုင်ငံတကာစံနှုနှင့် ကိုင်တွယ်စီမံခြင်း
သင်တန်းပေးနေသည်ကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ -
ဟိန်းထက်၊ မဇ္ဈိမ)
“အထက်က ညွှန်ကြားမှဆိုတာထက် လုံခြုံရေးကို နဂိုကတည်းက အဓိကထားလုပ်နေတာပါ။
အခုရဲတပ် ဖွဲ့မှာ အကြမ်းဖက်အဖွဲ့တွေကို တားဆီးတုံ့ပြန်ဖို့ လုံလောက်တဲ့
အင်အားနဲ့ လုံခြုံရေးတွေကို ဆောင်ရွက် ထားနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
၁၅ဝဝ တန် MPT ဆင်းကတ်များကို ဟန်းဆက်ရောင်းချရာတွင် လက်ဆောင်ပေးခြင်းနှင့် ဈေးတင်ရောင်းခြင်းများအား အရေးယူမည်
ကျပ် ၁၅ဝဝတန် MPT ဆင်းမ် ကတ်များအား ဟန်းဆက်ရောင်းရရန် အတွက် လက်ဆောင်ပေးခြင်းအပါအ ဝင် ဈေးနှုန်းတင်ရောင်းချနေမှုများအား စစ်ဆေးအရေးယူသွား မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ကျောင်း အုပ်ကြီး ဦးကျော်စိုးက ရန်ကုန်တိုင်းမ် သို့ ပြောသည်။
ပျောက်ဆုံးတောင်တက်သမားနှစ်ဦးအား အမေရိကန်အပါအဝင် နိုင်ငံခြောက်နိုင်ငံ ပူးပေါင်းရှာရန်ပြင်ဆင်
ခါကာဘိုရာဇီ ရေခဲတောင်တွင် နှစ်ပတ်ကြာ ပျောက်ဆုံးနေသည့် တောင်
တက်သမားနှစ်ဦးအား အမေရိကန်အပါ အဝင် ခြောက်နိုင်ငံအထိ ပူးပေါင်းကာ
အင်အားတိုးမြှင့် ရှာဖွေရန် ပြင်ဆင်နေ ကြောင်း ထူးဖောင်ဒေးရှင်းမှ သိရသည်။
အဆိုပါပျောက်ဆုံးနေသော တောင် တက်သမားနှစ်ဦးအား ရှာဖွေရန် လက် ရှိတွင်
မြန်မာ၊ ဂျပန်နှင့် တရုတ် သုံးနိုင်ငံ တို့မှ ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်း
ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ် ဆောင်နေလျက် ရှိပြီး ထပ်မံ၍ကယ်ဆယ်
ရေးလုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်နိုင်ရန် အမေရိကန်၊ နီပေါနှင့်
ထိုင်းနိုင်ငံတို့ အား ကမ်းလှမ်းထားကြောင်း ထူးဖောင် ဒေးရှင်းမှ
ပြန်ကြားရေးတာဝန်ခံ ကိုဖြိုး ကိုကိုက ရန်ကုန်တိုင်းမ်ဂျာနယ်သို့ပြော သည်။
မာစတာစပေါ့ စက်ရုံလုပ်သားများနှင့် ရဲများ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရဲ ၉ ဦးဒဏ်ရာရ
ရန်ကုန် (မဇ္ဈိမ)။ ။ လှိုင်သာယာမြို့နယ်ရှိ မာစတာစပေါ့ ဖိနပ်စက်ရုံမှ
အလုပ်သမားများအတွက် အလုပ်ပိတ်နစ်နာကြေးကို စက်တင်ဘာ ၁၆ ရက်တွင်
ရှင်းပေးရန် ခုံသမာဓိက ဆုံးဖြတ်ခဲ့ခြင်းကြောင့် အလုပ်သမားများက ထိုနေ့တွင်
စက်ရုံအတွင်း စောင့်ဆိုင်းခဲ့ရာမှ ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် စက်ရုံအတွင်း
မြို့နယ်ရဲများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရဲ ၉ ဦးဒဏ်ရာရရှိခဲ့သည်ဟု
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
၂၀၁၄ ခုနှစ် သြဂုတ် ၂၀ ရက်နေ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ
စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများ အလုပ်သိမ်း၍ အိမ်ပြန်စဉ်။ ၂၀၁၄။ ဓာတ်ပုံ -
ဘိုဘို၊ မဇ္ဈိမ)
မကွေးမြို့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲ ဖြစ်မြောက်ရေးကော်မတီဝင် ၁၁ ဦး ပိုင်နက်ကျူးလွန်မှုဖြင့် အမှုဖွင့်ခံထားရ
မကွေးမြို့ ကန်သာရပ် အေးစေတီဘုရား ကွင်းအတွင်း ဇွန် ၉ ရက်က ကျင်းပခဲ့သော မကွေးတိုင်း
ကိုယ်စားပြု ၂ဝဝ၈ခုနှစ် ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲ
ဖြစ်မြောက်ရေးကော် မတီဝင် ၁၁ ဦးအား မကွေးတိုင်းသာသနာရေး ဦးစီးဌာနမှူးက ပုဒ်မ
၄၄၇ ပိုင်နက်ကျူးလွန်မှုဖြင့် တရားလိုပြု တိုင်ကြားထားသည့်အမှုကို စက်တင်ဘာ
၁၈ ရက်နေ့တွင် မကွေးမြို့နယ်တရားရုံးသို့ တရားစွဲတင်သွားမည်ဖြစ်ကြောင်း
တရားစွဲခံထားရသူများနှင့် မကွေးမြို့ မြို့မရဲစခန်း စခန်းမှူးတို့ထံမှ
သိရသည်။
ရတနာပုံတက္ကသိုလ်ကျောင်းသူ မဖြူနှင်းထွေးအား ဖမ်းဆီးတရားစွဲဆိုခြင်းသည် ကျောင်းသားအခွင့်အရေးကို ထိခိုက်နစ်နာစေဟု ဗကသများအဖွဲ့ချုပ် ထုတ်ပြန်
ရတနာပုံတက္ကသိုလ်ကျောင်းသူ မဖြူနှင်းထွေးကို ဖမ်းဆီးတရားစွဲဆိုခြင်းသည်
ကျောင်းသားထု အခွင့်အရေးကို ထိခိုက်နစ်နာစေခြင်း အပါအဝင် အချက်ငါးချက်ဖြင့်
ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က စက်တင်ဘာ ၁၆ ရက်
ညနေပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရတနာပုံတက္ကသိုလ်ဒုတိယနှစ် အဝေးသင် (မြန်မာစာ) ကျောင်းသူမဖြူနှင်းထွေးမှာ ၂ဝ၁၄ ခုနှစ် မေလ အတွင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တရုတ်နိုင်ငံသား နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင် ခဲ့ရာတွင် ပါဝင်သည်ဟုဆိုကာ ပြစ်မှုသေး ၁/၂ဝ၁၄ ပုဒ်မ ၃၆၄/၃၆၈ ကျင့် ၅၁၂ ဖြင့် တရားစွဲ ခံနေရခြင်းဖြစ်ပြီး စက်တင်ဘာ ၁၃ ရက်၌ ဖမ်းဆီးခံခဲ့ရကာ လက်ရှိအချိန်တွင် မုံရွာအကျဉ်းထောင်တွင် ထိန်းသိမ်းခံနေရသူဖြစ်သည်။
ရတနာပုံတက္ကသိုလ်ဒုတိယနှစ် အဝေးသင် (မြန်မာစာ) ကျောင်းသူမဖြူနှင်းထွေးမှာ ၂ဝ၁၄ ခုနှစ် မေလ အတွင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တရုတ်နိုင်ငံသား နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင် ခဲ့ရာတွင် ပါဝင်သည်ဟုဆိုကာ ပြစ်မှုသေး ၁/၂ဝ၁၄ ပုဒ်မ ၃၆၄/၃၆၈ ကျင့် ၅၁၂ ဖြင့် တရားစွဲ ခံနေရခြင်းဖြစ်ပြီး စက်တင်ဘာ ၁၃ ရက်၌ ဖမ်းဆီးခံခဲ့ရကာ လက်ရှိအချိန်တွင် မုံရွာအကျဉ်းထောင်တွင် ထိန်းသိမ်းခံနေရသူဖြစ်သည်။
ကရင်ပြည်နယ်အတွင်း တပ်မတော်သားများ လက်နက်ဖြင့် သွားလာပါက ကရင်ငြိမ်းချမ်းရေးကောင်စီထံ အကြောင်းကြားရန် ကြေညာချက်ထုတ်
ကေအင်န်ယူ/ကေအင်န် အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ ( KNU/KNLA Peace Council) က တပ်မ တော်သားများကို ကရင်ပြည်နယ်အတွင်းမြို့တွင်း မြို့ပြင်သွားလာမှုမပြုရန် စက်တင်ဘာ ၁၇ ရက်က အပြင်းအထန် တားမြစ်လိုက်သည်။
တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အချို့ကို လက်နက်ကိုင်ဆောင် သွားလာခြင်းမပြုရန် စက်တင်ဘာ ၁၄ ရက်က အကြောင်းကြားမှုကို ပြန်လည် တုံ့ပြန်လိုက်ခြင်းလည်း ဖြစ်သည်။
တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အချို့ကို လက်နက်ကိုင်ဆောင် သွားလာခြင်းမပြုရန် စက်တင်ဘာ ၁၄ ရက်က အကြောင်းကြားမှုကို ပြန်လည် တုံ့ပြန်လိုက်ခြင်းလည်း ဖြစ်သည်။
ချယ်ရီဦးမှနာရီများ ကွဲလွဲတင်သွင်းမှုကို ပြည်ထဲရေးဝန်ကြီးဌာနကပါ စတင်စုံစမ်းစစ်ဆေးမှုရှိလာ
နိုင်မိသားစုကုမ္ပဏီ ချယ်ရီဦးမှနာရီများ ကွဲလွဲတင်သွင်းလာပြီး
စိစစ်မှုမပြီးပြတ်မီ အကောက်ခွန်ဌာနမှ ပစ္စည်းများအားလုံး
ထုတ်ယူခွင့်ပြုခဲ့မှုအပေါ် ပြည်ထဲရေးဌာနမှလည်း ယခုအခါ စစ်ဆေးချက်များ
ရယူနေပြီဖြစ်ကြောင်း Mobile Team အဖွဲ့ထံမှ စုံစမ်းသိရသည်။
နိုင်မိသားစုကုမ္ပဏီ ချယ်ရီဦးမှ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၃ ရက်တွင်
သွင်းကုန်လိုင်စင်အမှတ် IL23111(21.8.2014)၊ ID-525623(1.9.2014)၊ Air Way
Bil အမှတ် ၄၉၄၀၈၀၅၃ တို့ဖြင့်
ကိုရီးယားနိုင်ငံထုတ် Quartz အမျိုးအစား Romanson Brand Assorted Gents
& Ladies Watch(with Accessories) Stainless & Leather နာရီ ၉၃၇
လုံးအားတင်သွင်းလာခဲ့ပြီး Mobile Team အဖွဲ့နှင့် အကောက်ခွန်အဖွဲ့ထံသို့
ပြသစစ်ဆေးမှုခံခဲ့ကြောင်း သိရသည်။
စစ်တွေတွင် လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းမိ
စစ်တွေမြို့ မြို့ပေါ်ရပ်ကွက် တခုဖြစ်တဲ့ ကသည်းရပ်ကွပ်
ဆိပ်ရိုးကျဆိပ်ခံတံတားအမှတ် ၁၉ မှာ ဆိုက်ကပ်ထားတဲ့ မင်းမင်း-၁ စက်လှေကို
သတင်းအရရှာဖွေရာမှာ အမေရိကန်လုပ်လက်ပစ်ဗုံး ၂ လုံးကို
ရှာဖွေသိမ်းဆည်းခဲ့ပြီး တရားခံလို့ ယူဆရတဲ့ ဦးကျော်တင် အသက် (၄၉)
နှစ်ကို စစ်ဆေးနေပါတယ်။
သစ်ခိုးမှုများကို ၀န်ကြီးဌာနအနေဖြင့် အပြည့်အ၀ မထိန်းချုပ်နိုင်ကြောင်း ၀န်ကြီးပြော
တည်ဆဲဥပဒေ၊ နည်းပဒေတွေနဲ့ စနစ်တကျအရေးယူရင် သစ်ခိုးမှုတွေ လျော့ နည်းစေနိုင်ပေမယ့် ပြည်သူနဲ့ ဒေသအာဏာပိုင်တွေ ပါဝင်မှ အပြည့်အ၀ ထိန်းချုပ်နိုင်မယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်းက ပြောပါတယ်။
ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သစ်မှောင်ခိုတွေကို ဘာကြောင့် မထိန်းချုပ်နိုင်ရ တာလဲဆိုတဲ့ မင်းကင်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင် ရဲ့ မေးခွန်းကို ဖြေကြားရာမှာ ပြောခဲ့တာပါ။
တရားခွင်အတွင်း ဓားထိုးမှုဖြစ်ပွားပြီးနောက် တရားရုံးများ လုံခြုံရေးတိုးမြှင့်မည်ဟုဆို
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တရားရုံးတစ်ခုတွင် အမှုစစ်ဆေးနေစဉ်
ဓားထိုးမှုဖြစ်ပွားခဲ့ ပြီးနောက် တရားရုံးများ၏ လုံခြုံ ရေးတိုးမြှင့်ရန်
စီစဉ်နေကြောင်း မန္တလေးတိုင်းဒေသကြီး တရား ရေးဦးစီးဌာနမှ သတင်းရရှိ သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် တရားရုံး တွင် အမှုစစ်ဆေးနေစဉ် တရား ခွင်အတွင်း သက်သေထွက်ဆိုနေ သည့် အမျိုးသမီးကို ၎င်း၏ခင်ပွန်း တရားခံအမျိုးသားက ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဖြစ် ပွားပြီးနောက် တရားရုံးများ၏ လုံခြုံရေးတိုးမြှင့်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး တရားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျင်တင်က ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် တရားရုံး တွင် အမှုစစ်ဆေးနေစဉ် တရား ခွင်အတွင်း သက်သေထွက်ဆိုနေ သည့် အမျိုးသမီးကို ၎င်း၏ခင်ပွန်း တရားခံအမျိုးသားက ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဖြစ် ပွားပြီးနောက် တရားရုံးများ၏ လုံခြုံရေးတိုးမြှင့်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး တရားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျင်တင်က ပြောသည်။
လက်နက်ကိုင်အဖွဲ့များ မြို့တွင်းသွားလာရာတွင် လိုက်နာရန် အစိုးရတပ်က ထုတ်မည့် စည်းကမ်းချက်များအပေါ် တုံ့ပြန်
ငြိမ်းချမ်းရေးရယူထား သည့် လက်နက်ကိုင်အဖွဲ့များ မြို့တွင်း၊မြို့ပြင် သွားလာရာတွင် ယူနီဖောင်းဝတ်ဆင်ခြင်း၊ လက် နက်ကိုင်ဆောင်ခြင်းများ မပြု လုပ်ရန် အစိုးရတပ်ဘက်မှ အ ကြောင်းကြားမှုကို လက်မခံ ကြောင်း KNU/KNLA ငြိမ်းချမ်း ရေးကောင်စီက ကြေညာချက် ထုတ်ပြန်၍တုံ့ပြန်လိုက်သည်။
အစိုးရတပ်နှင့် ကေအင်န်ယူကြား တိုက်ပွဲများပြန်ဖြစ်
ကရင်ပြည်နယ် ဖာပွန် မြို့နယ်တွင် အစိုးရတပ်နှင့် ကရင်
အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၅ တို့ကြား တိုက်ပွဲများ ပြန်လည်
ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်က ဖာပွန်အမှတ်(၁) အခြေ ချစစ်ဗျူဟာမှ ခလရ(၁၉) နှင့် ကေအင်န်ယူ တပ်မဟာ(၅) လက် အောက်တပ်ရင်း(ခ) တို့အကြား ထိတွေ့မှုပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်က ဖာပွန်အမှတ်(၁) အခြေ ချစစ်ဗျူဟာမှ ခလရ(၁၉) နှင့် ကေအင်န်ယူ တပ်မဟာ(၅) လက် အောက်တပ်ရင်း(ခ) တို့အကြား ထိတွေ့မှုပြန်လည်ဖြစ်ပွားခဲ့ခြင်
ပုဒ်မများပြင်ပေးရန် ဦးဆန်းဆင့်လျှောက်ထားမှု မန္တလေးတိုင်းတရားရုံးတွင် ကြားနာမည်
သာသနာရေးဝန်ကြီး ဟောင်း ဦးဆန်းဆင့်ကို နိုင်ငံ တော်
အကြည်ညိုပျက်စေမှုနှင့် ယုံကြည်အပ်နှံ အလွဲသုံးစားမှု ပုဒ်မများဖြင့်
နေပြည်တော်ဒက္ခိဏ သီရိခရိုင်တရားရုံးက စွဲချက် တင်မှုကို ပြင်ဆင်ပေးရန်
မန္တလေးတိုင်း တရားရုံးတွင် လျှောက်ထားမှုကို အောက်တိုဘာ ၁၀ ရက်တွင်
ကြားနာစစ်ဆေးမည်ဟု သတင်းရရှိသည်။
Subscribe to:
Posts (Atom)