အိပ်ထ မတင် လေ့ကျင့်ခန်း ပြုလုပ်တာက တခြား ထိုင်-ထ လေ့ကျင့်ခန်း နဲ့ တခြား
ကိရိယာ လွတ် လေ့ကျင့်ခန်း တွေ ကို ပြုလုပ် တာလိုပဲ ကျန်းမာရေး
ကောင်းကျိုးတွေ ကို ထိထိ ရောက်ရောက် ရရှိ စေပါတယ်။ အိပ်ထ မတင် လေ့ကျင့်
ခန်း ပြုလုပ် တာကြောင့် သန်စွမ်း ကြံ့ခိုင်မှု အဆင့် ကို မြင့်တက် စေပြီး
ထိရောက် တဲ့ အောက်ပါ ကောင်းကျိုး တွေ ကို ရရှိစေ ပါတယ်။
Tuesday, October 8, 2013
ဇနီးမှ ယောက်ျားအား ကြက်သွန်လှီး ဓါးဖြင့် ထိုးသတ်
ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့၊
အင်းတကော်ရဲစခန်းအပိုင်၊အမှတ်(၄)ရပ်ကွက်တွင် (၇.၁၀.၂၀၁၃)နေ့ နံနက် (၁၁း၀၀)
အချိန်ခန့်က လင်မယား နှစ်ယောက် စကားများရန်ဖြစ်ရာ ဇနီးမှယောက်ျားအား
ကြက်သွန်လှီး ဓါးဖြင့် ထိုးသတ်မှုတစ်ခုဖြစ်ပွားခဲ့သည်။
အခွင့်အရေးရလျှင် မာလာလာကို လုပ်ကြံဦးမည်ဟု တာလီဘန်တို့ခြိမ်းခြောက်
ယခုအခါ အသက်(၁၆)နှစ် ရှိပြီဖြစ်သည့် ကျောင်းသူလေးသည် ပါကစ္စတန်တွင်
တာလီဘန်တို့ ကြီးစိုးမှုကို ဆန့်ကျင်ပြီး မိန်းကလေးများ ပညာသင်ခွင့်အတွက်
စည်းရုံး ဆော်ဩမှုကြောင့် တာလီဘန်တို့၏ သတ်ဖြတ်ရန် အားထုတ်မှု နှစ်ကြိမ်နှင့်
ရင်ဆိုင်ခဲ့ရ
မိုးကြိုးပစ်မှုကြောင့် ကလေးငယ် ၉ ယောက်အပါအ၀င် လူပေါင်း ၃၀ ကျော်သေဆုံးခဲ့
ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေနေ့တုန်းက Bihar ပြည်နယ်နဲ့ Jharkhand
ပြည်နယ်မှာ မိုးကြိုးတွေ ပစ်ခဲ့ရာက လူပေါင်း ၃၂ ယောက်
သေဆုံးခဲ့ရပြီး အဲဒီထဲမှာ ကလေးငယ် ၉ ယောက် ပါဝင်ပါတယ်။
ပြင်ဦးလွင် လမ်းက တရားမ၀င် နိုက်ကလပ် ဖမ်းပြီ
၅-၁၀-၂၀၁၃ ရက်နေ့ ၂၃၃၀ အချိန်
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည်
မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ (၃၅)လမ်းနှင့် ပြင်ဦးလွင်
လမ်းထောင့်ရှိ Bar Coad စားသောက်ဆိုင်တွင်
နိုက်ကလပ်ပြုလုပ်နေကြောင်းသတင်းအရ သက်သေများ နှင့်အတူ ၀င်ရောက်
SME စက်မှုလုပ်ငန်းရှင်များကို ကျပ်သန်းပေါင်း ကိုးသောင်းနီးပါး ထုတ်ချေးထားဟု စက်မှု ဒု-၀န်ကြီးပြော
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် ပြည်တွင်းရှိ
အသေးစားနှင့်အလတ်စား စက်မှု လုပ် ငန်းရှင်များကို အစိုးရက ငွေကျပ်သန်းပေါင်း
ကိုးသောင်းနီးပါး ထုတ်ချေးထားပေးပြီးဖြစ်သည်ဟု စက်မှု ၀န်ကြီးဌာနမှ
ဒု-၀န်ကြီးဦးသိန်းအောင်က အောက်တိုဘာ ၇ ရက်ကပြုလုပ်သည့်
ပြည်သူ့လွှတ်တော် တွင် ပြော ဆိုလိုက်သည်။
ပြည်တွင်းဆန်ဈေးငြိမ်လာ၍ ကုမ္ပဏီဆန်များထုတ်ရောင်းချမှုရပ်နား
ပြည်တွင်းဆန်ဈေးများ
ပြန်လည်ကျ ဆင်းလာပြီဖြစ်၍ ဝါးတန်းဆန်ကုန်စည်ဒိုင်မှ ကုမ္ပဏီထုတ်ရော င်း
ခြင်း အား ပြန်လည်ရပ်ဆိုင်းလိုက် ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဆီးဂိမ်းအတွင်း အင်တာနက်အသုံးပြုရာတွင် လူသုံးသောင်းခန့် တစ်ပြိုင်နက် အသုံးပြုနိုင်မည့်ကွန်ရက်ကို တည်ဆောက်ထားဟုဆို
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်းအတွင်း အင်တာနက် အသုံးပြုရာတွင် လူသုံးသောင်းခန့် တစ်ပြိုင်နက်အသုံးပြုနိုင်မည့် ကွန်ရက်ကို တည်ဆောက်ထားကြောင်း Red Link ကုမ္ပဏီ ၏ Vice Chairman နှင့် Co-Founder ဦးသိန်းသန်းတိုးက ပြောသည်။
ဘုရားစင်ကိုးကွယ်ထားရှိခြင်း၏ အကျိုးကျေးဇူး (၉) မျိုး
မိမိတို့ အိမ်တွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကိုဘုရားစင်နှင့် ကိုးကွယ်ထားခြင်းအားဖြင့် ဖော်ပြလတ္တံ့ ပါ
အကျိုးကျေးဇူး (၉) မျိုးကို ရရှိပါသည်။
အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ၀င်ရောက်မည့် မြန်မာ အမျိုးသမီးအသင်း
တရုတ်နိုင်ငံ နန်ကျင်းမြို့တွင် အောက်တိုဘာ ၁၁ ရက်မှ ၂၀ ရက်ထိ ကျင်းပမည့်
အာရှ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၉
အမျိုးသမီးအသင်း အပြီးသတ် ကစားသမား ၂၃ ဦးကို ရွေးချယ်လိုက်ကြောင်း သိရသည်။
အာရှ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲတွင် တိုက်ရိုက် ကစားခွင့် ရရှိသော
အိမ်ရှင် တရုတ်၊ ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ သြစတြေးလျ
အသင်းတို့နှင့်အတူ ခြေစစ်ပွဲအောင် မြန်မာအသင်းတို့ ၀င်ရောက် ယှဉ်ပြိုင်ရမည်
ဖြစ် သည်။ မြန်မာအသင်းသည် အာဆီယံ ဒေသတွင်း၌ ခြေစစ်ပွဲ အောင်မြင်ခဲ့သည့်
တစ်သင်းတည်းသော
မပုပ်မသိုးအောင် ကျပ်စည်းထားသည့် မံမီ ကလေးအလောင်း
ကလေးငယ် ကောင်လေးတစ်ယောက် သေဆုံးသွား၍ မံမီ ရုပ်ကလာပ်ကဲ့သို့ ဆေးစီရင်ထားသည့် အလောင်းကို နှစ်နှစ်နီးပါး ကြာသွားတော့မှ တွေ့ရှိကြရသဖြင့် စိုးရိမ်မကင်း ဖြစ်နေကြသည့် လူမှုရေး ဝန်ဆောင်မှုနှင့် ဆရာဝန်များက သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။
တိုတိုထွာထွာ လူ့ ခန္ဓာ
- လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ အကြီးဆုံးဆဲလ်ဟာ "မ"မျိုးဥဖြစ်ပြီး အသေးဆုံးဆဲလ်ကတော့ ဖို သုတ်ပိုးဖြစ်ပါတယ်။
လိင်ပြောင်းခွဲစိတ်ကုသမှုအဆင်မပြေ၍ ကိုယ့်ကိုယ်ကို အဆုံးစီရင်
ပြီးခဲ့တဲ့တနင်္လာနေ့ က အသက် ၄၄ နှစ်အရွယ် လိင်ခွဲစိတ်ပြုပြင်ထားတဲ့ ဘယ်လ်ဂျီယံအမျိုးသား တဦးဟာတရားဝင် သူ့ ကိုယ်သူသတ်သေသွားခဲ့ ပါတယ်။
မန်းတွင် မူးယစ်ဆေးဝါး ဆက်စပ်ရောင်းဝယ်ဖောက်ကားသူများ ဖမ်းမိ
မန္တလေးတွင် မူးယစ်ဆေးဝါးရာင်းဝယ်ဖောက်ကားသုံးစွဲသူနှင့်ဆက်စပ်ရောင်း သူ များ အားအောက် တိုဘာ ၆ရက်က ဖမ်းဆီးရမိ ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရ ရှိသည်။
မျက်စိ ကျန်းမာရေး အတွက် ပြုလုပ်သင့်သည့် အချက် ၅ ချက်
၁။ ကန်စွန်းဥစားပါ ကန်စွန်းဥမှာ ညဘက် အမြင် အာရုံ အားကောင်းစေတဲ့ ဗီတာမင်အေ များစွာ ပါဝင်ပြီး မုန်လာဥ (Beetroot)မှ ပါဝင်တဲ့ Anthocyanin တွေဟာ မျက်စိမှ သွေးကြော ငယ်တွေ သွေးယို စိမ့်မှု မဖြစ်အောင် ကာကွယ်နိုင်တဲ့ အတွက် Retinopathy (မျက်စိ မမြင်ရတဲ့ အကြောင်းရင်း တစ်ခု) မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။
ပန်ကာနှင့်အိပ်စက်ခြင်း
အိပ်မပျော်သူများအတွက်
ပန်ကာနှင့်အိပ်စက်ခြင်းက ညင်သာစွာ လှုပ်သိပ်စေသလိုဖြစ်သည်။ သို့သော်
ဘေးထွက်ဆိုးကျိုးများက လူတစ်ယောက်၏ ကျန်းမာရေးကိုထိခိုက်စေသည်။ အိပ်စက်သူ၏ အသက်အရွယ် ပေါ်မူတည်ပြီး ကွဲပြားသောကျန်းမာရေးဆိုးကျိုးများကို ဖြစ်ပေါ်စေ သည်။ အချို့ကလက်ကပ် ခြင်း၊
နှာစေးခြင်း၊ ကျောအောင့်ခြင်း၊ အဆုတ်အအေး မိခြင်း၊ ခေါင်းကိုက် ခြင်း၊
ဇက်ခိုင်ခြင်း၊ ခြေထောက်များ လေးခြင်း စသည်ဖြင့် အမျိုးမျိုးကွဲပြားတတ်သည်။ ထို့အပြင်-
အဆုတ်ရောဂါ အကြောင်းသိကောင်းစရာ
တီဘီ ရောဂါအစ ..................
သွေးကြောလေး ဆိုတာ သွေး ကြောကနေရိုက်လိုက်တဲ့အခါ vascular end-on effect လို့ခေါ် တယ်။ သွေးကြော လေးပေါ်လာတယ်။ အဆုတ်မှာရှိတဲ့ အကျိတ်( gland ) တကယ်လို့ ထုံးဓာတ်( CALCIFY )၀င် သွားရင် လည်း အစက်ပေါ်တယ်။ ဒါ တွေက ရောဂါ မဟုတ်ဘူး။ နောက် တစ်ခု အဆုတ်မှာ အစက်ကလေး ( spot )နှင့်စပြီး တီဘီဖြစ်တာရှိသလို တီဘီ ရောဂါဖြစ်ပြီးလို့ ကောင်းသွား ရင်လည်း အစက် ကလေးကျန်ရစ်ခဲ့ တတ်တယ်။ အဲဒါကြောင့် spot လို့ ပြောလိုက်တဲ့ အချက်က အစက် ကလေး တစ်ခုတွေ့တာဖြစ်တဲ့အတွက် အဲဒီအစက် ကလေးက ဘာမှမဖြစ် တာကနေ အသက် အန္တရာယ်ရှိနိုင် သည်အထိ သူများကို ကူးစက်နိုင်တဲ့ ရောဂါထိဖြစ်နိုင် တယ်။
သွေးကြောလေး ဆိုတာ သွေး ကြောကနေရိုက်လိုက်တဲ့အခါ vascular end-on effect လို့ခေါ် တယ်။ သွေးကြော လေးပေါ်လာတယ်။ အဆုတ်မှာရှိတဲ့ အကျိတ်( gland ) တကယ်လို့ ထုံးဓာတ်( CALCIFY )၀င် သွားရင် လည်း အစက်ပေါ်တယ်။ ဒါ တွေက ရောဂါ မဟုတ်ဘူး။ နောက် တစ်ခု အဆုတ်မှာ အစက်ကလေး ( spot )နှင့်စပြီး တီဘီဖြစ်တာရှိသလို တီဘီ ရောဂါဖြစ်ပြီးလို့ ကောင်းသွား ရင်လည်း အစက် ကလေးကျန်ရစ်ခဲ့ တတ်တယ်။ အဲဒါကြောင့် spot လို့ ပြောလိုက်တဲ့ အချက်က အစက် ကလေး တစ်ခုတွေ့တာဖြစ်တဲ့အတွက် အဲဒီအစက် ကလေးက ဘာမှမဖြစ် တာကနေ အသက် အန္တရာယ်ရှိနိုင် သည်အထိ သူများကို ကူးစက်နိုင်တဲ့ ရောဂါထိဖြစ်နိုင် တယ်။
ယာဉ်ထိန်းရဲရုံးမှ အမှုဟောင်း ရှစ်သိန်းကျော်ကို ပယ်ဖျက်ပေးလိုက်
ရန်ကုန်မြို့တွင်း
ယာဉ်စည်းကမ်းဖောက်ဖျက်ခြင်းနှင့်ဆိုင်သော နှစ်ဟောင်းမှ အရေးမယူရသေး ဘဲ
ကြွေး ကျန်နေ သည့် ရဲမှုရှစ်သိန်းကျော်ကို ပယ်ဖျက်ပေးလိုက်ကြောင်း အမှတ် (၂)
ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို အလွဲသုံးစားမှုဖြင့် တိုင်ကြားထားသည့် ဖြစ်စဉ်အတွက် စစ်ဆေးမှုများ ပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ကျောက်ထုံးကြီးကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးတစ်ဦးကို အလွဲ သုံးစားမှုများ
ဖြင့် တိုင်ကြားထားရာ ယင်းတိုင်ကြားမှုနှင့်ပတ်သက်ပြီး ဒေသခံများကို
လာရောက် စစ်ဆေး ခြင်းများ ပြုလုပ်သည်ဟု ယင်းဒေသခံများက အောက်တိုဘာ ၇
ရက်တွင် မဇ္ဈိမကို ပြောသည်။
မျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ် လေးသန်းကျော် ရရှိပြီးဖြစ်ဟု ဆို
“မျိုးစောင့်ဥပဒေ”ဟု လူသိများသည့် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ
လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ် ဥပဒေကြမ်းကို ထောက်ခံသည့်
လက်မှတ်များကို တစ်နိုင်ငံလုံး အနှံ့ ကောက်ခံ မှုများ ပြုလုပ်နေရာ အောက်တိုဘာ ၇
ရက် အထိ လက်မှတ်လေးသန်းကျော် ရရှိထားပြီး ဖြစ်သည်ဟု အဆိုပါ လက်မှတ်များ
ကောက်ခံသော ဆရာတော်တစ်ပါး ဖြစ်သည့် ဦးဝီရသူက မဇ္ဈိမကို မိန့်သည်။
မူဆယ်တွင် အမှုများ မကြာခဏဖြစ်သော်လည်း တရားခံများ တရုတ်နိုင်ငံသို့ ထွက်ပြေးသောကြောင့် အကုန်မဖမ်းမိ
ကူးသန်းရောင်းဝယ်မှု စည်ကားသော နယ်စပ်မြို့ဖြစ်သည့် မူဆယ်တွင် လူသတ်မှုအပါအ၀င် အခြားအမှုများ မကြာခဏဖြစ်ပွားလေ့ရှိသော်လည်း ပြစ်မှုကျူးလွန်သူများမှာ တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် အမှုဖြစ်စဉ် အချို့သာပြန်ဖမ်းနိုင်သည်ဟု ပြည်ထဲရေးဒု-၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က အောက်တိုဘာ ၇ ရက်တွင် ပြောဆိုလိုက်သည်။
အစားမလျှော့ဘဲ ကိုယ်အလေးချိန်ကျစေရန်
အစားအသောက်ကို အလွန်အမင်း လျှော့စရာမလိုဘဲ ကိုယ်အလေးချိန် လျော့ကျလိုပါသလား။
အစားအသောက် မလျှော့ဘဲ ၀ိတ်ကျချင်သူတွေအတွက် ဘ၀နေထိုင်မှုပုံစံတချို့ ပြောင်းလဲလိုက်ရုံနဲ့ အဆင်ပြေသွားစေမယ့် နည်းလမ်းကောင်းတွေပါ။
၁။ အိပ်ရေး၀၀အိပ်ပါ
အခြေခံ ဥပဒေနှင့် ဒို့တာဝန် အရေး(၃)ပါး
ဦးသိန်းစိန်ဦးဆောင်သော
အရပ်သားအစိုးရသစ် တက်လာခဲ့သည်မှာ ယခုဆိုလျှင် သက်တမ်း အားဖြင့်
တ၀က်ရှိပြီဟု ဆိုနိုင်ပြီဖြစ်သည်။ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့
စတင်ကူးပြောင်းလာ သည့်သမ္မတကြီးဦးသိန်စိန်ဦးဆောင်သော အစိုးရအဖွဲ့အနေဖြင့်
မြစ်ဆုံကိစ္စအပါအ၀င်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၊
လူမျိုးရေးပဋိပခများအပါအ၀င် အဖျက်အမှောင့်များ စွာကြုံတွေ့ခဲ့ရသော်
လည်းစေ့စပ် ညှိနှိုင်းမှု များဖြင့် အဖြေရှာ၍
ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ လွှတ်တော်နှင့် အုပ်ချုပ်ရေးအဖွဲ့
ဟန်ချက်ညီ စွာဖြင့် လျှောက်လမ်းနေသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သက်၍ ပြည်သူများသို့ အသိပညာပေးရေး ဆောင်ရွက်ရန် အမြန်ဆုံး ဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ပြည်သူများအား အသိပညာပေးရေး လုပ်ငန်းများ လုပ်ဆောင်ရန်
ဗဟိုမှ ညွှန်ကြားချက်များကို အမြန်ဆုံး ထုတ်ပြန်သွားမည် ဖြစ်ကြောင်း
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
လက်ပန်းတောင်းမြေသိမ်းမှု မကျေနပ်သူတွေ ထပ်မံဆန္ဒပြ
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်ဆားလင်းကြီးမြိ့ နယ်ထဲက
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး မြေယာအသိမ်းခံခဲ့ရတဲ့
ရွာပေါင်း ၁၄ ရွာက ဒေသခံ ၃၀၀ လောက်ဟာ ဒီကနေ့ လက်ပန်းတောင်းတောင်မှာ အစိုးရ
ဖွင့်ထားတဲ့ ဆက်ဆံရေးရုံးကို ညှိနှိုင်းဖို့သွားရောက်ခဲ့ပါ တယ်။ ပြေလည်မှုမရတဲ့ အတွက် တရုတ်ကုမ္ပဏီဖြစ်တဲ့ ဝမ်ပေါင်ကုမ္ပဏီကို ချီတက် ဆန္ဒပြဖို့ သွားရာမှာ
ရွှေလှေဆိုတဲ့နေရာမှာ ရဲအင်အားအလုံးအရင်းနဲ့ ပိတ်ဆို့တာခံခဲ့ရတယ်လို့
ဆိုပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက်
မအေးအေးမာက သတင်းပေ ပို့ထားပါတယ်။
ပရဟိတမယ် ခင်ဝင့်ဝါ
(၇)
ရက်သော သားသမီးများတို့အား အမှူးထားပြီး Miss Supranational Internet ဆု၊
Missosology Website မှ ပေးအပ်သည့် People Choice Award, Face of Miss
Supranational 2013, Belarus Webste မှ ပေးအပ်သည့် Most Beautiful Girl in
the World အစရှိသည့် ဆု (၄) ဆု ဆွတ်ခူး
ရယူခဲ့သူ ခင်ဝင့်ဝါသည် အမိမြန်မာပြည်သို့ ပြန်လည်ရောက်ရှိခဲ့ချိန်၌
နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၆.၁ဝ.၂ဝ၁၃ ရက်နေ့တွင် မိသားစုနှင့်အတူ
အလှူငွေ ၅ဝဝဝဝဝိ/- (ငါးသိန်းကျပ်) တိတိတို့အား လာရောက် လှူဒါန်းခဲ့ရာ ဥက္ကဋ္ဌ
ဦးကျော်သူမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ပြည်လုံးကျွတ်အပစ်ရပ်ရေး တိုင်းရင်းသားတွေ အရေးပေါ်စည်းဝေးနေ
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့က ခေါင်းဆောင်တွေဟာ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရေး အပါအ၀င် နိုင်ငံရေးဆုံးဖြတ်ချက်တွေ ချမှတ်ဖို့အတွက် အရေးပေါ် ဖယ်ဒရယ်ကောင်စီ အစည်းအဝေး ကျင်းပနေတယ်လို့ သိရပါတယ်။
ဗဟိုဘဏ်အနေနှင့် ဘဏ်များမှအပ ကျန်ငွေရေးကြေးရေး အဖွဲ့အစည်းများကို ထိန်းချုပ်မည် မဟုတ်ဘဲ ဘဏ္ဍာရေး ၀န်ကြီးဌာနကသာ ထိန်းချုပ်မည်
သီးခြားလွတ်လပ်စွာ ရပ်တည်နိုင်သည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေနှင့်
ဘဏ်များမှအပ ကျန်ငွေရေးကြေးရေး အဖွဲ့အစည်းများကို ထိန်းချုပ်မည်
မဟုတ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြောကြားသည်။
သီတဂူ ဆရာတော်ကြီး သံတွဲမြို့သို့ ရောက်ရှိစဉ် ဒေသခံများ ဒေါသစိတ်လျှော့ကြရန် တရားဟောကြားပြီး ယနေ့တွင် အစ္စလာမ် ဘာသာဝင်များနှင့် တွေ့ဆုံမည်
သံတွဲမြို့နယ်ခန်းမတွင် သီတဂူ ဆရာတော်ကြီးက တရားဟောပြောနေစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
သံတွဲမြို့တွင် နေထိုင်နေကြသည့် ပြည်သူများ ဒေါသစိတ် လျှော့ကြရန် သီတဂူ
ဆရာတော်ကြီးက သံတွဲမြို့သို့ ရောက်ရှိလာပြီး တရားဟောကြား ခဲ့ကြောင်း
သိရသည်။ သီတဂူ ဆရာတော်ကြီးသည် အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းက
လေယာဉ်ဖြင့် သံတွဲမြို့သို့ ရောက်ရှိလာပြီး မွန်းလွဲ ၃ နာရီခွဲ အချိန်တွင်
သံတွဲမြို့နယ်ခန်းမ၌ တရားဟောပြောခဲ့ကြောင်း သိရသည်။
မန္တလေးမြို့တွင် ယာဉ်မတော်တဆမှု ဖြစ်စဉ်များကြောင့် အလုံးစုံ မော်တော်ယာဉ်အာမခံ လျှောက်ထားသည့် ကားအစီးရေ မြင့်တက်လာ
မန္တလေးမြို့တွင်း ယာဉ်မတော်တဆမှု ဖြစ်စဉ်တစ်ခုအား တွေ့မြင်ရစဉ်
မန္တလေးမြို့တွင် ယာဉ်မတော်တဆမှု ဖြစ်စဉ်များကြောင့် အလုံးစုံ
မော်တော်ယာဉ် အာမခံ လာရောက် လျှောက်ထားသည့် ကားအစီးရေ မြင့်တက်လာကြောင်း
သိရသည်။
ပဋိပက္ခဇစ်မြစ်ကို သေချာစွာလေ့လာဖို့ အစိုးရကို တိုက်တွန်း
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့
ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ဖမ်းဆီး ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ပြည်နယ်ကိုယ်စားပြု
အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ဒီကနေ့ ကြေငြာချက် ထုတ်ပြီး
တောင်းဆိုလိုက်ပါတယ်။
ကျောင်းကုန်းပဋိပက္ခ တည်ငြိမ်မှု ပြန်လည်ရရှိ နေပြီဖြစ်ပြီး ဆူပူမှုဖြစ်စေရန် ဖန်တီးသူဟု ယူဆရသူအချို့ကို ဖမ်းဆီးထား
ကျောင်းကုန်းမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ပြဿနာများ လက်ရှိတွင်
တည်ငြိမ်မှု ရရှိနေပြီဖြစ်ပြီး ဆူပူမှုများ ဖြစ်ပေါ်အောင် ဖန်တီးသူများဟု
ယူဆရသူ ငါးဦးအား ဖမ်းဆီးထိန်းသိမ်း ထားကြောင်း သိရသည်။
Subscribe to:
Posts (Atom)