Thursday, February 5, 2015

ပြည်ခိုင်ဖြိုးအမည်တပ် မြို့ရွာဆိုင်းဘုတ်များအား ပြန်ဖြုတ်ပေးမည်ဟု ပါတီဗဟိုကော်မတီဝင် ကတိပြု

မြို့နယ်၊ ကျေးရွာအမည်များ တွင် ပြည်ခိုင်ဖြိုးမြို့ရွာဟုရေးသားစိုက် ထူထားသော ဆိုင်းဘုတ်များကို ပြန် လည်ဖြုတ်သိမ်းပေးမည်ဟု ပြည်ခိုင်ဖြိုး ပါတီ ဗဟိုကော်မတီဝင် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးသာဝင်းက ပြော ကြားသည်။

''ကျွန်တော်တို့က ကျေးရွာမြို့တွေ မှာ ပြည်ခိုင်ဖြိုးမြို့ရွာဆိုပြီး ဆိုင်းဘုတ် ထူထားတဲ့ဟာ အသင်းဘဝကပါ။ အခု ပါတီအဖြစ် ရပ်တည်ပြီးတဲ့နောက်ပိုင်း မှာ အဲဒီလိုတင်တာမရှိပါဘူး။ ကျွန်တော် တို့ဘက်ကတော့ အခုရှိနေတဲ့ဆိုင်းဘုတ် တွေကိုပြန်လည်ဖြုတ်သိမ်းပေးသွား မှာပါ''ဟု ၄င်းက ပြောသည်။

လေယာဉ်မှူး Selfies အရိုက်ကောင်းသဖြင့် လေယာဉ်ပျက်ကျ

ကော်လိုရာဒိုပြည်နယ်ရှိ ဒင် ဗာမြစ်အနီးတွင် ၂ဝ၁၄ခုနှစ် မေ လထဲ၌ လေယာဉ်တစ်စင်းပျက်ကျ ရာ အသက် ၂၉နှစ်ရှိ လေယာဉ် မှူး သေဆုံးသွားကြောင်း အမျိုးသား သယ်ယူပို့ဆောင်ရေးလုံခြုံမှုအဖွဲ့မှ စုံစမ်းစစ်ဆေးသူများက လွန်ခဲ့သော သီတင်းပတ်၌ ထုတ်ပြန်သည့်သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
လေယာဉ်မှူးအမ်ရိ(ထ်) ပယ်လ်ဆင်လ် မောင်းနှင်သည့် လေယာဉ် Cessna 150 သည် မေ ၃၁ ရက်၌ ပေ ၇၄ဝ အမြင့်မှ ကော်လိုရာဒို ပြည်နယ်၊ ဝပ်(ထ်)ကင်စ်ရှိ ကွင်းပြင် သို့ ထိုးစိုက်ကျသွားရာ လေယာဉ် မှူးအမ်ရိ(ထ်)ပယ်လ်ဆင်လ်နှင့် သူ၏ ခရီးသည် သေဆုံးသွားခဲ့သည်။

ရန်ကုန်မြို့လယ်၌ ချထားသော ဘလောက်တုံးများကြောင့် ယာဉ်သွားလာမှု အခက်အခဲနှင့် ပိတ်ဆို့မှုများ ဖြစ်နေသော်လည်း ၎င်းတို့ကို ပြန်လည်ဖယ်ရှားရန် အစီအစဉ်မရှိဟု သိရ

ရန်ကုန်မြို့လယ်တွင် ချထားသော ဘလောက်တုံးများကြောင့် ယာဉ်သွားလာမှု အခက်အခဲနှင့် ပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း အဆိုပါလမ်းကြောများတွင် သွားလာနေသည့် ယာဉ်မောင်းများက ပြောကြားသည်။

ရန်ကုန်မြို့တွင် ခရီးသည်တင်ယာဉ်များ စနစ်တကျပြေးဆွဲရေး အထောက်အကူပြုစေရန်အတွက် မြို့တွင်းလမ်းများဖြစ်သော အနော်ရထာ၊ မဟာဗန္ဓုလ၊ ကုန်သည်စသည့် လမ်းများတွင် ခရီးသည်တင်ယာဉ်များအတွက် မျဉ်းဝါများရေးဆွဲကာ လမ်းကြောင်းများ သတ်မှတ်ပေးခဲ့သည်။ သို့သော် အဆိုပါမျဉ်းဝါရေးဆွဲသည့်စနစ်မှာ ယာဉ်ထိန်းရဲရှိသည့် နေရာတွင်သာ အဆင်ပြေပြီး ယာဉ်ထိန်းရဲမရှိသည့် နေရာများတွင် သီးသန့်ပြေးဆွဲမှုမရှိခြင်းကြောင့် မျဉ်းဝါးနေရာတွင် ဘလောက်တုံးများချကာ သီးသန့်လမ်းကြောင်း သတ်မှတ်ခြင်းကို အနော်ရထာလမ်းပေါ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စတင်ပြုလုပ်ခဲ့သည်။

ဝှိုက်ကတ်ပြဿနာ အမွေဆိုးကို တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးဖြေရှင်းသင့်ကြောင်းနှင့် မဖြေရှင်းခဲ့၍ သားစဉ်မြေးဆက်အထိ ဒုက္ခရောက်နေရကြောင်း လွှတ်တော်ကိုယ်စားလှယ်ပြောကြား

လက်ရှိအချိန်တွင် ၀ှိုက်ကတ်ပြဿနာ အမွေဆိုးကို တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး ဖြေရှင်းသင့်ကြောင်းနှင့် မဖြေရှင်းခဲ့သည့်အတွက် သားစဉ်မြေးဆက်အထိ ဒုက္ခရောက်နေရကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ဖေဖော်ဝါရီ ၄ ရက်တွင် မီဒီယာများအားပြောကြားသည်။

သပိတ်မှောက်ကျောင်းသားစစ်ကြောင်း မကွေးမြို့နယ် ယင်းချောင်းနံဘေးရှိ ဆရာစံနှင့် သခင်ဖိုးလှကြီးရုပ်တုအား အလေးပြုခဲ့ကြပြီး သစ်ရာ ကောက် ကျေးရွာတွင် ညအိပ်ရပ်နား

သပိတ် မှောက်စစ်ကြောင်းသည် မကွေးမြို့နယ် ယင်းဆိပ်ကျေးရွာ ယင်းချောင်းနံဘေးတွင်ရှိသော အမှတ်တရကျောက်ရုပ်ဖြစ်သည့် ဆရာစံနှင့် သခင်ဖိုးလှကြီးကျောက်ရုပ်တုသို့ မွန်းလွဲ ၃ နာရီတွင်ဝင်ရောက်ခဲ့ပြီး အလေးပြုဂုဏ်ပြုခဲ့ကြကာ ဆက်လက်ချီတက်၍ သစ်ရာကောက်ကျေးရွာတွင် ညအိပ်ရပ်နားခဲ့ကြောင်းသိရသည်။

သစ်နှင့် ၀ါးများ ခုတ်နေသော ဒေသခံများအား KIA အဖွဲ့မှ ဆက်ကြေးကောက်ခံ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာသို့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့ ရောက်ရှိလာပြီး ဆက်ကြေးငွေများ လာရောက် ကောက်ခံ သွားကြောင်း သိရသည်။
အဆိုပါအဖွဲ့သည်ဆားမှော်ကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအား ခေါ်ယူ၍ တောအတွင်းမှ သစ်၊ဝါးများ ခုတ်ယူပြီး ရွာတွင်းသို့ သယ်ဆောင်လာပါက ဆက်ကြေးပေးရမည်ဟု ပြောကြားခဲ့ကြောင်း ကျေးရွာ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒီနားတစ်ဝိုက်မှတော့ သစ်စက်လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ လုပ်ငန်း ၅ ခုကျော်လောက်တော့ ရှိတယ်။ KIA အဖွဲ့က ဆက်ကြေးလာကောက်တယ်လို့ သိရတယ်။ ဘယ်လောက်ပေးလိုက်ရလဲတော့ မသိဘူး”ဟု ရွာသား တစ်ဦးက ပြောသည်။

ရိုဟင်ဂျာဟု သုံးသည့် မစ္စ ရန်ဟီလီ နိုင်ငံ၏ အချုပ် အခြာအာဏာကို စွက်ဖက်သည်ဟု အစိုးရထုတ်ပြန်


မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူအများစုက ကန့်ကွက်နေသည့်ကြားမှ ရိုဟင်ဂျာဟု သုံးနှုန်းခဲ့သည့် ကုလသမဂ္ဂသို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ္စ ရန်ဟီလီသည် တိုင်းပြည်အချုပ်အခြာအာဏာ နှင့် ပြည်တွင်း တရားစီရင်ပိုင်ခွင့်ကို စွက်ဖက်သည်ဟု ဖေဖော်ဝါရီ ၄ရက် ထုတ် နိုင်ငံပိုင်သတင်းစာတွင် အစိုးရက အတိအလင်း ထုတ်ပြန်လိုက်သည်။

သမ္မတရုံး ညွှန်ကြားရေးမှုး ဦးဇော်ဌေး၏ လူမှုကွန်ယက် စာမျက်နှာတွင် ထုတ်ပြန်ချက်နှင့် အတူ ယှဉ်တွဲ၍ "တပ်မတော်အစိုးရ လက်ထက်မှာဆိုရင် အထူးအစီရင်ခံစာတင်သွင်းသူကို ပြည်ဝင်ခွင့်တောင်ပေးခဲ့တာ မဟုတ်ပါဘူး" ဟု ရေးသားခဲ့သည်။

သရုပ်ဆောင် မင်းအုပ်စိုးအမှု ၄ ကြိမ်မြောက် ရုံးထုတ်


လူသတ်မှုဖြင့် အမှုဖွင့်ခံထားရသည့် သရုပ်ဆောင် ဒါရိုက်တာ မင်းအုပ်စိုးအား ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ အနောက်ပိုင်းခရိုင် တရားရုံးတွင် ၄ ကြိမ်မြောက် ရုံးထုတ်ကြောင်း သတင်းရရှိသည်။

ရုံးထုတ်ခဲ့သော်လည်း တရားလို ရဲအရာခံ လင်းထွဋ်သည် ခရီးလွန်ပြီး အစစ်ဆေးခံရန် မလာ ရောက်ခြင်းကြောင့် ဖေဖော်ဝါရီ ၁၆ ရက် သို့ ရုံးချိန်း ထပ်မံ ချိန်းဆိုလိုက်ကြောင်း သိရသည်။

မုံရွာ၊ ရခိုင်နှင့် မွန်ကျောင်းသားသပိတ်စစ်ကြောင်းများ ဖေဖော်ဝါရီ ၆ရက်တွင် ရန်ကုန်သို့ထွက်ခွာမည်

ပခုက္ကူကျောင်း သားသပိတ်စစ်ကြောင်းနှင့်အတူ မုံရွာ၊ မွန်၊ ရခိုင်ကျောင်းသားသ ပိတ်စစ်ကြောင်းများသည် ရန်ကုန်မြို့သို့ ဖေဖော်ဝါရီ ၆ရက်တွင် စတင်ထွက်ခွာမည်ဟု ပခုက္ကူကျောင်းသားသပိတ် ခေါင်း ဆောင်ကိုပြည့် ဖြိုးကျော်က 7Day Daily အား ပြောကြားသည်။
ပခုက္ကူကျောင်းသားသပိတ် စစ်ကြောင်းသည် လေးပွင့်ဆိုင် ဆွေးနွေးပွဲပြုလုပ်မည်ဖြစ်သော ကြောင့် ဇန်န၀ါရီ ၂၈ရက်က သ ပိတ်စစ်ကြောင်း ခေတ္တေရပ်နား ထားပြီး ဆွေးနွေးပွဲအဖြေကိုစောင့် ကြည့် ခဲ့ကြ သည်။

တပ်၏ စီးပွားရေးလုပ်ငန်းများ သင့်လျော်သောအချိန်တွင် အများပိုင်အဖြစ် ဆောင်ရွက်ရန် အစီအစဉ်ရှိဟု ကာချုပ်ပြော

တပ်မတော်မှ ဆောင် ရွက်နေသော စီးပွားရေးလုပ်ငန်း များအား သင့်လျော်သည့်အချိန် တွင် အများပိုင်စီးပွားရေးလုပ်ငန်း များအဖြစ် ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ယမန် နေ့က ပြောကြားသည်။
လက်ရှိလုပ်ဆောင်နေသော တပ်မတော်၏ စီးပွားရေးလုပ်ငန်း များသည် တပ်မတော်သား မိသား စုဝင်များ၊ စစ်မှုထမ်းဟောင်းများ ၏ သက်သာချောင်ချိရေး၊ လူမှု ရေးလုပ်ငန်းများအတွက် အဓိက လုပ်ဆောင်နေခြင်း ဖြစ်သကဲ့သို့ အမြတ်ရရှိရေးထက် တိုင်းပြည်၏ ကုန်ထုတ်လုပ်မှု၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုပါ အထောက်အကူ ပြုရန် စဉ်းစားလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောသည်။

ယာယီသက်သေခံလက်မှတ်(ဝှိုက်ကတ်) ကိုင်ဆောင်သူများ မဲပေးခွင့်ဆုံးဖြတ်ချက်ပြင်ဆင်ရန် ခုနစ်ရက်ဆက် ဆန္ဒပြမည်

ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင် ထားသူများအား ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ပြုခဲ့သည့် လွှတ်တော်၏ အတည်ပြု ဆုံးဖြတ်ချက်ကို ပြင်ဆင်ရန် မျိုး ချစ် သံဃာတော်များအဖွဲ့က ခုနစ် ရက်ဆက်တိုက် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ဖေဖော်ဝါရီ ၈ ရက် နေ့လယ်၁ နာရီတွင် ရွှေတိဂုံစေတီတော် အနီးရှိ ကြေးသွန်းဘုရားကြီးမှ စတင် ထွက်ခွာပြီး ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်သို့ ခုနစ်ရက် ဆက်တိုက် လမ်းလျှောက်ဆန္ဒ ဖော်ထုတ်မည်ဖြစ်ကြောင်း ဆရာ တော် ဦးရေ၀တက မိန့်ကြား သည်။