ရန်ကုန်မြို့ မြောက်ဖက် မိုင် ၅၀ ကျော်အကွာရှိ ဥကံ္ကမြို့တွင် ယနေ့ မနက်က
လူစုလူဝေးနှင့် ဆူပူ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရာ ရန်ကုန်တိုင်း
ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့က မြို့ပေါ် ယခုအခါ အခြေအနေ ကို
ထိန်းချုပ်ထားကြောင်း ပြောသော်လည်း ပတ်ဝန်းကျင်ရွာများ မီးလောင်နေပြီး
ဒဏ်ရာရ သူများ ကောက်ယူရနေကာ အခြေအနေမှာ တင်းမာနေကြောင်း သတင်းရရှိသည်။
Tuesday, April 30, 2013
မြန်မာနိုင်ငံ၏ ပထမဦးဆုံးအဖြစ် Huawei Showroom စတင်ဖွင့်လှစ်မည်ဖြစ်ပြီး တစ်နိုင်ငံလုံးအနှံ့ ဖွင့်လှစ်သွားရန် စီစဉ်
မြန်မာနိုင်ငံ၏ ပထမဦးဆုံးအဖြစ် Huawei Showroom ကို မေလ ၅ ရက်နေ့တွင် စတင်ဖွင့် လှစ် မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးအနှံ့ Showroom အများအပြားကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။ “ရန်ကုန်မြို့မှာချည်းပဲ Showroom (၂၀) ကို ယခုနှစ်အတွင်း ဖွင့်လှစ်သွားနိုင်ဖို့ စီစဉ်ထားပါတယ်။
Galatic လွန်းပျံယာဉ် စမ်းသပ်ပျံသန်းမှု
ကမ္ဘာ့
ပထမဆုံး ပုဂ္ဂလိက အာကာသခရီးသွားလုပ်ငန်းအတွက် ပြင်ဆင်နေသော Galatic
လွန်းပျံယာဉ် စီမံကိန်း၏ စွမ်းအင်ပြည့် စမ်းသပ်ပျံသန်းမှုသည် ချောမောစွာ
အောင်မြင်မှု ရရှိခဲ့သည်။ အာကာသထဲထိ ပျံသန်းရန် စီစဉ်ထားသော SpaceShipTwoခေါ်
လူစီး လွန်းပျံယာဉ်လေးသည် လေထဲရှိ မိခင်ယာဉ်ပျံကို စွန့်ခွာကာ Mach 1.2 အမြန်နှုန်းထိ အသံလွန် မြန်နှုန်းမြှင့် ပျံသန်းနိုင်ခဲ့သည်။
စစ်သုံး ရဟတ်ယာဉ်များ တရုတ်ထံမှ မရဟု “ဝ” ငြင်းဆို
လက်နက် တပ်ဆင်ထားသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ တရုတ်နိုင်ငံက
ပေးပို့ခဲ့သည်ဆိုခြင်းကို “၀” ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ (UWSA) က
အခြေအမြစ်မရှိသည့် သတင်းဖြစ်ကြောင်း ငြင်းဆိုလိုက်သည်။
ဥက္ကံအခြေအနေ ထိန်းသိမ်းနိုင်ပြီဖြစ်
မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရရှိတဲ့ ကနဦးသတင်းများအရ ဥက္ကံမြို့မှာ ဆွမ်းခံတဲ့ ကိုရင်နဲ့ အမျိုးသမီး တစ်ဦး တိုက်မိပြီး သပိတ်လွတ်ကျတဲ့ဖြစ်စဉ်က အစပြုကာ ဒီနေ့ နေ့လည် တစ်နာရီကျော်မှာ ဗလီနဲ့ အနီးက ဆိုင်ခန်းအချို့ကို တိုက်ခိုက်မှုပြုခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ က သေနတ်ပစ်ဖောက် လူစုခွဲ
အရေးပါပြီး အရာမရောက်ရရှာသေးတဲ့ မိုးလေ၀သ
(၂-၅-၂၀၁၃)ရက်နေ့ဟာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းရဲ့ (၅)နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းေ
သမ္မတပေးမယ့် နိုင်ငံ့စွမ်းဆောင်ရည်ဆု
စစ်ဗိုလ်ချုပ်ကြီးဟောင်း
ဦးသိန်းစိန် သမ္မတအဖြစ် တာဝန်ယူလာပြီးနောက်ပိုင်း နိုင်ငံတော် သမ္မတ ရဲ့
နိုင်ငံ့ စွမ်းဆောင်ရည်ဆုချီးမြှင့်ပွဲအခမ်းအနားကို
မြန်မာ့ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ် လွှင့်ပြသ သွားမှာ ဖြစ်တယ်လို့
သမ္မတရုံး အင်တာနက်စာမျက်နှာမှာ ယနေ့ ဖော်ပြထားပါတယ်။
ဥက္ကံမြို့ တွင် သပိတ် အဖုံးကျကွဲရာမှ အဓိကရုန်း ဖြစ်ပွားနေ
ဥက္ကံမြို့၊ ဆင်ဖြူရှင်ရပ်ကွက်၊ အလံတိုင်ကျောင်းတိုက်နေ (၃၀.၄.၂၀၁၃) ရက်နေ့
နံနက် (၉)နာရီ အချိန်က ကိုရင် ပုည၊ (၁၁)နှစ်၊ (ဘ)ဦးမျိုးသည်
ဘုရားကြီးဈေးတောင်ဘက်၊ ဘုရားကြီး လမ်း တွင် ဈေး ၀ယ်လာသူ မ၀င်းဝင်းစိန်၊
(၃၄)နှစ်၊ (ဘ)ဦးလူလူမျှား၊ မူဆလင်/ အစ္စလာမ်မှ
ဝင်တိုက် မိသဖြင့် လွယ်ထား သည့် သပိတ် လွတ်ကျကာ အဖုံးကွဲသွားသဖြင့်
ရဲစခန်းသို့လာရောက် တိုင်တန်း ရ်ျ အမှုဖွင့်အရေး ယူဆောင်ရွက်ခဲ့ပါသည်။
ဥက္ကံမြို့၊ ဆင်ဖြူရှင်ရပ်ကွက်၊ အလံတိုင်ကျောင်းတိုက်နေ (၃၀.၄.၂၀၁၃) ရက်နေ့ နံနက် (၉)နာရီ အချိန်က ကိုရင် ပုည၊ (၁၁)နှစ်၊ (ဘ)ဦးမျိုးသည် ဘုရားကြီးဈေးတောင်ဘက်၊ ဘုရားကြီး လမ်း တွင် ဈေး ၀ယ်လာသူ မ၀င်းဝင်းစိန်၊ (၃၄)နှစ်၊ (ဘ)ဦးလူလူမျှား၊ မူဆလင်/
“အနီရောင်ရှိသော အသားများတွင် ကျန်းမာရေးထိခိုက်စေသည့် ဓာတ်တစ်မျိုး ပါဝင်”
အနီရောင်ရှိသော အသားမျိုးတွင် တွေ့ရသည့် ဓာတ်တစ်မျိုးသည် ကျန်းမာရေးအတွက် ဆိုးရွားသော သက်ရောက်မှုရှိစေကြောင်း အမေရိကန် သုတေသီများက သတိပေးပြောကြားလိုက်သည်။ အမဲသား၊ ဝက်ပေါင်ခြောက်အစရှိသည့် အနီရောင် အသားများတွင် တွေ့ရှိရသည့် Carnitineခေါ် ဓာတုဓာတ် တစ်မျိုးသည် နှလုံးကို ထိခိုက်စေနိုင်ကြောင်း အမေရိကန်ထုတ် Nature Medicine ဂျာနယ် တွင် ဖော်ပြခဲ့ သည်။
ခေါက်ဆွဲခြောက်ထုတ်များအား ရောနှောစားသုံးသင့်ဟု ပညာရှင်တို့အကြံပြု
အသင့်စားခေါက်ဆွဲခြောက်ထုတ်များတွင် လူ့ကျန်းမာရေးအတွက်အကျိုးရှိသည့် အမျှင်ဓါတ်၊ ဗီတာမင် ဓါတ်နှင့် သတ္တုဓါတ်များ မပါဝင်သလောက် နည်းပါးပြီး အန္တရာယ်ပေးနိုင်သော သကြားဓါတ်၊ အချိုမှုန့် ဓါတ်နှင့် ဆိုဒီယမ်ဓါတ်များ ပါဝင်မှုနှုန်းမြင့်မားသည့်အတွက် ရေရှည်စားသုံးပါက အ၀လွန်ရောဂါ ရရှိနိုင် သည့် အပြင် ကျန်းမာရေးအား အလွန်ထိခိုက်နိုင်သည်ဟု အထွေထွေရောဂါကု ဆရာဝန်ဒေါက်တာမြင့်ဦး က ဆိုသည်။
အကျင့်ပျက်ခြစားမှုကြောင့် ဒီမိုကရေစီစနစ် ပျက်ပြားစေနိုင်
ဒီမိုကရေစီ လူမှုအဖွဲ့အစည်းက ချီးမြှင့်တဲ့ Geremek ဆုကို လက်ခံရယူဖို့ မွန်ဂိုလီးယား ကို ရောက်ရှိနေ တဲ့ ဒေါ်အောင်ဆန်း စုကြည်ပုံ
photo: Community of Democracies
အကျင့်ပျက်ခြစားမှုဟာ ဒီမိုကရေစီကို ပျက်သုန်းစေတဲ့ အရာဖြစ်တယ်လို့ မွန်ဂိုလီးယားနိုင်ငံရောက်နေ တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပြောကြားလိုက် ပါတယ်။ လူလန်ဘာတာမြို့တော်မှာ ကျင်းပတဲ့ ၇ ကြိမ်မြောက် ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံမှာ အဲဒီလိုပြောကြားလိုက်တာပါ။
Subscribe to:
Posts (Atom)