Friday, July 18, 2014

မိခင်နှင့် တရားခွင်ရင်ဆိုင်ရာ ရှုံးနိမ့်သွားပြီးနောက် သားဖြစ်သူ အဆိပ်သောက်

နေအိမ်ပိုင်ဆိုင်မှုအတွက် မိခင်ဖြစ်သူနှင့် သားဖြစ်သူ တရားခွင်တွင် တရားရင်ဆိုင်ရာ ရှုံးနိမ့်သွားသဖြင့် သားဖြစ်သူက အဆိပ်သောက်၍ မိမိကိုယ်ကို သတ်သေခဲ့သည့် ဖြစ်စဉ်တစ်ခု ဇူလိုင်လ ၁၇ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်က တောင်ဥက္ကလာပမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု တောင်ဥက္ကလာပမြို့နယ် ရဲစခန်းက တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဇူလိုင် ၁၉ ဇာတ်ဝင်ခန်း နှင့် ဗိုလ်ချုပ်ဇာတ်ဆောင် ကျော်ကျော်မျိုး

Photo: ဇူလိုင် ၁၉ ဇာတ်ဝင်ခန်း နှင့် ဗိုလ်ချုပ်ဇာတ်ဆောင် ကျော်ကျော်မျိုး
Friday, July 18, 2014

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ရဲ့အဓိကဇာတ်ဆောင်နေရာ (ဗိုလ်ချုပ်ဇာတ်ရုပ်)မှာ သရုပ်ဆောင်မယ့် ကမ္ဘောဇ FC ဘောလုံးအသင်း အားကစားသမား ကျော်ကျော် မျိုးက နှစ်စဉ် အာဇာနည်နေ့ရောက်တိုင်း ရန်ကုန်မှာရှိနေတတ်တာ နည်းခဲ့ပြီး ဇာတိမန္တလေးမြို့မှာပဲ ရှိနေတတ်တယ်လို့ပြောပေမယ့် အာဇာနည်နေ့အခမ်းအနား အစီအစဉ် ကိုတော့ နှစ် တိုင်းမလွတ်တမ်းရုပ်မြင်သံကြားက ကြည့်ဖြစ်တယ်လို့ ပြောပါတယ်။ ၂ဝဝ၆ ခုနှစ် ရန်ကုန်ရောက် လာပြီးနောက်ပိုင်း အာဇာနည် နေ့ရောက်ရင် အာဇာနည်ကုန်းကို သွားရောက်ကာ ဂါရဝပြုဖြစ်ကြောင်း ဖွင့်ဟပြောပါတယ်။ ကျော်ကျော်မျိုးဟာ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးအတွက် လိုအပ်တဲ့ သရုပ်ဆောင်သင်တန်း၊ စစ်သင် တန်း တို့ကို တက်ရောက်သင်ကြားပြီးနောက် အခုလက်ရှိမှာတော့ ဇာတိမန္တလေးကို ခေတ္တပြန်လည်ရောက်ရှိနေ ပြီး ဇာတ်ဝင်ခန်းများအတွက် လိုအပ်မယ့် အင်္ဂလိပ် စကားပြော ကို အထောက်အကူပြုစေရန် အင်္ဂလိပ်စကားပြော သင်တန်းကို တက်ရောက်နေတယ်လို့ ပြောပါတယ်။
” ဇူလိုင် ၁၉ ရက်နေ့ဆိုရင် ကျွန်တ်ာတို့တစ်မျိုးသားလုံးရဲ့ အောက်မေ့ဝမ်းနည်းဖွယ် အမှတ်တရနေ့ကိုရောက်တော့မှာပါ။ ဥသြဆွဲသံတွေကို သေ သေချာချာ ကျွန်တော် မမီ ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်ငယ်ငယ်ကတော့ ကြားဖူးခဲ့တယ်။ ဘာကြောင့် ဥသြဆွဲလဲဆိုတာကို ကျွန်တော်တအား ငယ်တော့ မသိဘူး။ ကျွန်တော်မေးတယ်၊ ဘာကြောင့် ဥသြဆွဲတာလဲဆိုတော့ အာဇာနည်နေ့မို့လို့ ဝမ်းနည်းအမှတ်တရအနေနဲ့တဲ့။ ပြီးတော့ ဒီနေ့ဟာ ဗိုလ်ချုပ်နဲ့တကွ နိုင်ငံ့ခေါင်းဆောင်တွေ လုပ်ကြံ ခံရလို့ ကျဆုံး ခဲ့ရတဲ့နေ့ ဆို တာကို အမြဲအောက်မေ့အမှတ်ရစေချင်လို့ဆိုပြီး ပြောပြခဲ့တော့ ကျွန်တော်ငယ်ငယ်က အဲဒါကို သိလိုက်ရတယ်။ ဒါပေမဲ့ အခု ဥသြဆွဲသံကို မကြားရတော့ တာ နှစ်ေ ပါင်း အတော်ကြာသွားခဲ့ ပြီ။ ဒါပေမဲ့ အခုကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဥသြတွေဆွဲပြီး အမျိုးသားရေးစိတ်ဓာတ်တွေ မြှင့်တင်နေကြတာကို တွေ့လာ နေရပါပြီ။ အခုအာဇာနည်ကုန်း ဟာလည်း အရင်လိုပိတ်မထား တော့ဘူးလေ။ ဖွင့်ထားပေးနေပါပြီ” လို့ ကျော်ကျော်မျိုးက ဇူလိုင် ၁၉ အတွက် ခံစားရမှုကို ပြောပြပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကားမှာလည်း အာဇာနည်နေ့ (ဇူလိုင် ၁၉) ကို သရုပ်ဆောင်ရမယ်ဆိုပါက အဲဒီဇာတ်ဝင်ခန်းဟာ ဇာတ်ကားတစ်လျှောက်လုံးမှာ သရုပ် ဆောင် ရအခက်အခဲဆုံးနဲ့ အရေး ကြီးဆုံးအဓိကဇာတ်ဝင်ခန်းပင် ဖြစ်လာနိုင်တယ်လို့ ယူဆမိ ကြောင်း ကျော်ကျော်မျိုးက ပြောပြပါတယ်။
” ကျွန်တော်က ပရော်ဖက်ရှင်နယ် သရုပ်ဆောင်မဟုတ်ပါဘူး။ အဲဒီဇာတ်ဝင်ခန်းကို သရုပ်ဆောင်ပြီဆိုရင် (ဗိုလ်ချုပ်) ဝန်ကြီးများရုံးကို အစည်းအဝေးထွက်သွားပြီ၊ အဲဒီ အချိန် သူ့ရဲ့ စိတ်ထဲမှာဘာမှမရှိဘူး။ နိုင်ငံအတွက် အစည်းအဝေးတစ်ခုကို ဆွေးနွေးဖို့သွားတာ။ လုပ်ကြံခံရလိမ့်မယ်လို့ တွေးတောင် မတွေးထားဘူး။ အဲဒီလိုမျိုး အကြော င်းကို အကောင်းဆုံး ဖြစ်အောင် သရုပ်ဖော် ပေးရမှာပါ။ ဗိုလ်ချုပ်ခေတ်ကို မီခဲ့တဲ့ လူကြီးတွေရဲ့သွန်သင်ပြမှုတွေ နဲ့လည်း အဲဒီအချိန်မှာ အကောင်း ဆုံး သရုပ်ေ ဆာင်၊ သ ရုပ်ဖော်ပါမယ်။ ဒါရိုက်တာရဲ့သင်ပြမှုတွေလည်းရှိပါတယ်။ ကျွန်တော်ကတော့ အကောင်းဆုံးကြိုးစားပါမယ်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်အောင် ဆန်းဟာ ဗိုလ် ချုပ်အောင်ဆန်းအစစ်ပါ။ ကျော်ကျော်မျိုးဟာ ဗိုလ်ချုပ်အောင်ဆန်းမဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သွင်ပြင်လက္ခဏာကို သရုပ်ဖော်ပေးမယ့် သူ တစ်ယောက်ပါ”  လို့ ကျော်ကျော်မျိုးက သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ပြောပါတယ်။ ကျော်ကျော်မျိုးအနေနဲ့ ဒါရိုက်တာပန်းချီစိုးမိုး ရိုက်ကူးတင် ဆက်ခဲ့တဲ့ ” ကြယ်စင်မော်ကွန်း”  ရုပ်ရှင် ဇာတ်ကားမှာ ပါဝင်တဲ့ ဗိုလ်ချုပ်ရဲ့လှုပ်ရှားမှုပုံစံတွေကို တော့ အဲဒီရုပ်ရှင်ဇာတ်ကားကို မကြည့်ဖြစ်ခဲ့တဲ့အတွက် မလေ့ လာရသေးသော်လည်း ပြင်သစ်ဒါရိုက်တာ ရိုက် ကူးပြီး နာမည်ကျော်မင်းသမီး မီရှဲယိုလ်သရုပ်ဆောင်ခဲ့တဲ့ The Lady  ရုပ်ရှင်ဇာတ်ကားကိုတော့ ကြည့်ခဲ့ဖူးတယ်လို့ ပြောပြပါတယ်။
” ကျွန်တော် အဲဒီကားကို ကြည့်တော့ အခုအာဇာနည်နေ့ ဖြစ်လာမယ့် ဗိုလ်ချုပ်လုပ်ကြံခံရတဲ့ ဇာတ်ဝင်ခန်းဟာ အင်မတန်ကို ဝမ်းနည်းကြေကွဲဖို့ကောင်း ပါတယ်။ ဗိုလ်ချုပ် ရဲ့ ဝတ်စားဆင်ယင်မှုဇာတ်ကားမှာ ချို့ယွင်းနေခဲ့တာကတော့ တစ်ပိုင်းပေါ့ဗျာ။ ဒါပေမဲ့ အဲဒီအချိန်မှာ သူ့ကိုသတ်ဖို့ သေနတ်တွေနဲ့ဝင်လာတဲ့အချိန် ” ဟေ့မလုပ်နဲ့၊ မလုပ်နဲ့ မှားမယ်”  ဆိုပြီးလက်ကလေးလှုပ်ထားတာဟာ သူ့ရဲ့နောက်ဆုံးအချိန်အထိမှာ တောင်တိုင်းသူပြည်သားတွေကို ယုံကြည်ကြောင်း၊ ကရုဏာထား ကြောင်း ပေါ်လွင်နေ တယ်ဗျ။ သူဟာ ကြိုတင်ကာကွယ်မှုလုပ်ခဲ့မယ်ဆိုရင် လွတ်နိုင်ပါတယ်။ ဒါပေမဲ့ သူမလုပ်ခဲ့ဘူး။ တိုင်းသူပြည်သားတွေအားလုံး အပေါ်ကို ယုံကြည်လို့ပါ။ အဲဒါ ဟာ အင်မ တန်ကို ဝမ်းနည်း ကြေကွဲဖို့ကောင်းတယ်။ ကိုယ်ဗိုလ်ချုပ်နေရာ သရုပ်ဆောင်ပေးရမယ့်အလှည့် ရောက်လာရင်လည်း အပို (Over) မဖြစ် ဘဲနဲ့ အထိရောက်ဆုံး သရု ပ်ဖော်နိုင်အောင် လေ့ကျင့်သွားပါမယ်” လို့ ကျော်ကျော်မျိုးက ဆက်ပြောပြပါတယ်။ လက်ရှိမှာ တော့ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးထုတ်လုပ်နိုင်ဖို့ ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့က လည်း ကြိုးစားနေသလို ကျော်ကျော်မျိုးအနေနဲ့ ကလည်း မရိုက်ကူးနိုင် သေးခင်မှာ အဘက်ဘက်က ပြည့်စုံမှုရှိအောင် ကြိုးစား ပြင်ဆင်နေတယ်လို့ ပြောပြခဲ့ပါတယ်။

Popular
ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ရဲ့အဓိက ဇာတ်ဆောင်နေရာ (ဗိုလ်ချုပ်ဇာတ်ရုပ်)မှာ သရုပ်ဆောင်မယ့် ကမ္ဘောဇ FC ဘောလုံးအသင်း အားကစားသမား ကျော်ကျော် မျိုးက နှစ်စဉ် အာဇာနည်နေ့ရောက်တိုင်း ရန်ကုန်မှာရှိနေ တတ်တာ နည်းခဲ့ပြီး ဇာတိမန္တလေးမြို့မှာပဲ ရှိနေတတ်တယ်လို့ပြောပေမယ့် အာဇာနည်နေ့အခမ်းအနား အစီအစဉ် ကိုတော့ နှစ် တိုင်းမလွတ်တမ်းရုပ်မြင်သံကြားက ကြည့်ဖြစ်တယ်လို့ ပြောပါတယ်။ ၂ဝဝ၆ ခုနှစ် ရန်ကုန်ရောက်

လူကို ရှိရင်းစွဲအသက်ထက် ရုပ်ပိုရင့်စေတဲ့ အစားအသောက် (၇)မျိုး

လူတစ်ဦးရဲ့ နုပျိုမှုဟာ တစ်ချို့သောအစားအစာတွေကြောင့် ပျက်ယွင်းသွားတတ်ကြပါတယ်။ ခုမှ အသက် ၂၅နှစ်ကို ၄၀ကျော်လို့ ထင်ရတာမျိုးပေါ့။ သူတို့ရဲ့ အစားအသောက်နဲ့ နေထိုင်မှုပုံစံတွေကို ကြည့်ပြီး သူဘာ့ကြောင့်ခုလို အိုမင်းရင့်ရော်ရတာလည်း ဆိုတာ ပြောပြပေးနိုင်ပါတယ်။ ခုလည်း လူကို အိုမင်းရင့်ရော်စေတဲ့ အစားအသောက် (၇)မျိုး အကြောင်း ပြောပြပေးချင်တာပါ။
၁။ဆား
ဟင်းချက်တဲ့အခါ ဆားတွေအများကြီးထည့်ချက်တာ၊ အငန်ဓာတ်ကို နှစ်ခြိုက်တဲ့သူတွေဟာ

မြို့နယ်တွဲဖက်တရားသူကြီးတစ်ဦးကို ကျပ်သုံးသိန်းလာဘ်စားမှုဖြင့် တရားစွဲဆို

ရန်ကင်းမြို့နယ်မှ တွဲ ဖက်တရားသူကြီးအား ငွေကျပ် သုံးသိန်းလာဘ်စားမှုဖြင့်အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မ ရှင်က တရားစွဲဆိုထားကြောင်း ယင်းကော်မရှင်အဖွဲ့ဝင်ဒေါက် တာသိုက်စံကပြောသည်။

ရန်ကင်းမြို့နယ်တရားရုံးမှ တွဲဖက်မြို့နယ်တရားသူကြီးသည် ၎င်း၏အမှုသည်တရားလိုဘက်မှ ငွေကျပ် သုံးသိန်းကို လက်ခံရယူခဲ့ သည့်အပြင် စာရေးဖြစ်သူက လည်း ငွေကျပ်ငါးသောင်းလက်ခံ ရယူခဲ့သည်ဟု

တရားပွဲစီစဉ်သူကို အရေးယူသည့် ရဲစခန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို တန်ပြန်တရားစွဲဆိုမည်ဟု ရွှေည၀ါဆရာတော်မိန့်ကြား


Photo: တရားပွဲစီစဉ်သူကို အရေးယူသည့် ရဲစခန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို တန်ပြန်တရားစွဲဆိုမည်ဟု ရွှေည၀ါဆရာတော်မိန့်ကြား
Friday, July 18, 2014

 ရွှေည၀ါဆရာတော်၏ ရွှေပြည်သာမြို့နယ်တွင် ပြုလုပ်ခဲ့ သည့် တရားပွဲနှင့် ပတ်သက်၍ ပွဲစီစဉ်သူအား အရေးယူခဲ့သည့် အတွက် မြို့နယ်ရဲစခန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကို တန်ပြန်တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ရွှေည၀ါဆရာတော် ဦးပညာသီဟကမိန့်ကြားသည်။

ရွှေပြည်သာမြို့နယ် (၉) ရပ် ကွက်တွင် တရားပွဲစီစဉ်သူကို တရားစွဲဆိုခံရခြင်းနှင့် ပတ်သက်၍ဇူလိုင် ၁၇ ရက်က ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံး၌ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဆရာတော်ကမိန့်ကြားခဲ့ခြင်းဖြစ်သည်။

‘‘ဘုန်းကြီးတို့က ဘုရား ဟောတရားတွေကိုသာ ဟောတာပါ။ ဒါကို တရားရေးစီရင်တာဟာ မဖြစ်သင့်ပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် ဘာသာရေးကို အရင်ကဖိနှိပ်သလို အခုလည်းဖိနှိပ်ခံနေရတုန်းပဲ ဆိုတာပေါ်လွင်နေပါပြီ။ တရားစွဲခံရတဲ့သူကို တရားစီရင်တာဟာ  ထောင်ဒဏ်နဲ့ ကျခံရပြီး ငွေဒဏ်ကိုပါထပ်ပြီး တောင်းသွားတဲ့သဘောဖြစ်နေတယ်။ ဒီအတွက်ကို ပြန်ပြီးတရားရေးအရ ပြန်စွဲမှာပါ’’ဟု ဆရာတော်က သတင်းစာရှင်းလင်းပွဲတွင်မိန့်သည်။

ဖေဖော်ဝါရီလက ရွှေပြည် သာမြို့နယ် (၉) ရပ်ကွက်တွင်ကရုဏာမြင့်မိုရ်လူငယ်များအဖွဲ့

က ဦးစီးကာ တရားပွဲကျင်းပခဲ့ရာ ပွဲ ကျင်းပရန်အတွက် ခွင့်ပြုချက် တောင်းယူထားခြင်းမရှိဟုဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

တရားစွဲဆိုထားခြင်းအပေါ် ရွှေပြည်သာမြို့နယ် တရားရုံးက ဦးဆောင်သူတစ်ဦးကို ငွေဒဏ် နှင့် ထောင်ဒဏ် တစ်ခုခုရွေးချယ် ရန်စီမံခဲ့ပြီး တရားခံအဖြစ် သတ်မှတ်ခံထားရသူက ထောင်ဒဏ်ကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၂၃ ရက်က တရားပွဲကို ဦးဆောင်စီစဉ်သူအား ထောင်ဒဏ်တစ်လချမှတ်လိုက်သည်။

‘‘ထောင်ကျနေတဲ့အချိန်မှာ အိမ်က လက်ဖက်ရည်ဆိုင်မှာ လာပြီး ကော်ဖီထုပ်တွေ လာ တောင်းတယ်။ လာတောင်းတာ ငွေတစ်သောင်းတန်အောင်လာ တောင်းတာဆိုတော့ အိမ်က မပေးလိုက်ဘူး။ သုံးကြိမ်မြောက်လာ တောင်းတာမပေးတဲ့အတွက် ထိုင်ခုံနှစ်လုံးယူသွားတယ်။ ဒါဘယ် သူမှ မပေးဘဲ ယူသွားတာပါ။ကျွန်တော်လည်း အပြင်ကပြန်ရောက်တော့မှ သိရတယ်’’ဟု တရားပွဲဦးဆောင်၍ ထောင်ဒဏ်ဖြင့်အပြစ်ပေးခံရသူ ဦးကျော်ဟိန်း (ခ) ဦးဇော်မြင့်က ရှင်းလင်းပြောကြားသည်။

တရားပွဲပြုလုပ်ရန်အတွက် ခွင့်ပြုချက်ကို ရပ်ကွက်အဆင့်၊မြို့နယ်အဆင့်က ခွင့်ပြုချက်ပေး ထားပြီး ယင်းနောက်ပိုင်းရွှေည၀ါ ဆရာတော်ပါဝင်သည်ဟုဆိုကာ ခွင့်ပြုချက်ကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။တရားပွဲစီစဉ်သူကို ပွဲအပြီးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထောင်ဒဏ်ရွေးချယ်ခဲ့ပြီး နောက် တရားခံနေအိမ်တွင် သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့က နေ အိမ်သို့ လာရောက်ပြီး ငွေဒဏ် တစ်သောင်းနှင့် ညီမျှသော ပစ္စည်းများကို လာရောက်ယူဆောင် သွားကာ ထောင်ကျခံရနေစဉ် ငါး ရက်အလိုတွင် ပြန်လည်လွတ်မြောက်လာ၍ ပြန်လည်တရားစွဲသွားမည်ဟု ဆရာတော်နှင့် အပြစ်ပေးခရသူတို့ကဆိုသည်။

‘‘ထောင်ကျခံရတယ်။ ပြီး တော့ ငွေဒဏ်ပါဆောင်လိုက်ရ သလိုဖြစ်သွားတယ်။ အဲဒီအတွက်အလိုမတူဘဲ ပစ္စည်းဝင်ယူသွား တာ။ ပိုင်နက်ကျူးလွန်မှု၊ ဒဏ် နှစ်ရပ်ပေးဆောင်ရတဲ့အတွက် နစ်နာမှု၊ တရားလိုဘက်က သုံး ကြိမ်တိတိမလာရင် အမှုပပျောက်ပေးရမှာ၊ မပေးတဲ့အတွက် နစ်နာမှုတွေကို တပ်ပြီး တရားစွဲသွားမှာပါ’’ဟု ရွှေည၀ါဆရာတော် ဦးပညာသီဟက မိန့်ကြားသည်။

ထောင်ဒဏ်ဖြင့် အပြစ်ပေး ခံရသူမှာ ဇူလိုင် ၂၃ ရက် ညနေ က ပြန်လည်လွတ်မြောက်လာ သည်။ ပြန်လည်လွတ်မြောက်လာ သူကို ရပ်ကွက်နေသူများက တရားပွဲကို တရားစွဲဆိုသော အုပ် ချုပ်ရေးမှူးအလိုမရှိ၊ တရားပွဲကို တရားစွဲသော အုပ်ချုပ်ရေးမှူး ရာထူးမှထုတ်ပေးရေးတို့ကို အော် ဟစ်တောင်းဆိုမှုများနှင့် ကြိုဆိုကြသည့်အတွက် ၎င်းတို့ကိုပုဒ်မ (၁၈) ဖြင့် တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

7 Day Daily

 ရွှေည၀ါ ဆရာတော်၏ ရွှေပြည်သာ မြို့နယ်တွင် ပြုလုပ်ခဲ့ သည့် တရားပွဲနှင့် ပတ်သက်၍ ပွဲစီစဉ်သူအား အရေးယူခဲ့သည့် အတွက် မြို့နယ်ရဲစခန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကို တန်ပြန်တရားစွဲဆို သွားမည်ဖြစ်ကြောင်း ရွှေည၀ါ ဆရာတော် ဦးပညာသီဟကမိန့်ကြားသည်။
ရွှေပြည်သာမြို့နယ် (၉) ရပ် ကွက်တွင် တရားပွဲစီစဉ်သူကို တရားစွဲဆိုခံရခြင်းနှင့် ပတ်သက်၍ဇူလိုင် ၁၇ ရက်က ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံး၌ပြုလုပ်သော သတင်းစာ

ယူကရိန်း-ရုရှ နယ်စပ်အနီး ပစ်ချခံရသော မလေးရှားလေကြောင်းလိုင်း ပေါ်ပါသူ ၂၉၈ ဦးစလုံး သေဆုံး ၊ အများစုမှာ ဒတ်ခ်ျ လူမျိုးများ ဖြစ်ပြီး အမေရိကန်နိုင်ငံသားများလည်း ပါဝင်သည်ဟု ဆို

နယ်သာလန်နိုင်ငံ ၊ အမ်စတာဒမ်မြို့မှ မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့သို့ ထွက်ခွာလာသော မလေးရှားလေကြောင်းလိုင်း MH 17 ဘိုးအင်း 777-200 သည် မလေးရှား ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၀ မိနစ်တွင် နောက်ဆုံး အဆက်အသွယ်ပြတ်တောက်ခဲ့ရပြီး ရုရှား - ယူကရိန်းနယ်စပ်မှ ကီလိုမီတာ ၅၀ ခန့်အကွာ ယူကရိန်းအရှေ့ပိုင်း ဂရာဘိုဗိုမြို့အနီး ပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူ ၂၉၈ ဦးစလုံး သေဆုံးခဲ့သည်။
၎င်းလေယာဉ်မှာ ယူကရိန်းစစ်သွေးကြွများ၏ ပစ်ချခဲ့ခြင်း ဖြစ်နိုင်ကြောင်း ယူကရိန်းသမ္မတ က ပြောကြားခဲ့သည်။ လေယာဉ်သည် မြေပြင်မှ ဝေဟင်ပစ် Buk လောင်ချာဖြင့်ပစ်ချခြင်း ခံခဲ့ရကြောင်း အမေရိကန်

ပဏာမအပစ်ရပ် သဘောတူညီချက် အများဆန္ဒဖြင့် အတည်ပြုချက်ရယူမည်

ရန်ကုန်၊ ဇူလိုင် ၁၇- ကချင်ပြည်နယ်လိုင်ဇာတွင် ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ သုံးရက်ကြာကျင်းပ မည့်တတိယအကြိမ် တိုင်းရင်းသား ခေါင်းဆောင်များ ထိပ်သီးအစည်း အဝေးတွင်နိုင်ငံလုံးဆိုင်ရာ အပစ် အခတ်ရပ်စဲရေးအတွက် ပဏာမ အပစ်ရပ်သဘောတူညီထားမှုများ ကိုအများ သဘောဆန္ဒဖြင့်အတည်ပြုချက်ရယူသွားမည်ဟု တစ်နိုင်ငံ လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး

Typhoon Rammasun ရဲ့ ရှေ့ဆက်ရမယ့်ခရီးအမှန်

(၂၀-၇-၀၁၄)ရက်ညနေ(၃)နာရီခန့်မှာ မြန်မာပြည် အရှေ့မြောက်ပိုင်းအနှီး ချဉ်းကပ်လာနိုင်ပါတယ်။
Typhoon Rammasun ဟာ ဖိလစ်ပိုင်နိုင်ငံ လူဇုန်ကျွန်း။ မြို့တော်မနီလာကို တစ်နာရီ(၁၂၅) မိုင်နှုန်းနဲ့ ၀င်ရောက်တိုက်ခတ်ပြီးတဲ့နောက် အားလျော့ကျ သွားခဲ့သေးပေမယ့် တောင်တရုတ် ပင်လယ်ပြင်ရဲ့ ရေပြင်ကျယ်ပေါ် ပြန်ဝင်လာတဲ့ အခါမှာတော့ အားတွေပြန်ပျိုး လာတဲ့ပြီး၊ အခုတော့ တစ်နာရီမိုင်(၁၄၀) နှုန်း တိုက်ခတ်နေတဲ့ Category V အဆင့်ရှိတဲ့ မုန်တိုင်းကြီးဖြစ်နေပြန်ပါပြီ။
စနေနေ့ (၁၉-၇-၂၀၁၄)ရက် နံနက်ပိုင်းအချိန်မှာ တရုတ်နိုင်ငံ။ ဟိုင်နန်ကျွန်းကို စတင်ဖြတ်ကျော် မယ်လို့

ရန်ကုန်မြိ့ကုက္ကိုင်းမီးပွိုင့်တွင်ကားငါး စီးဆင့်ကဲတိုက်မှုဖြစ်ပွား


ဝန်ကြီးချုပ်ဟောင်း ယင်းလပ်ကို ထိုင်းအာဏာသိမ်း စစ်တပ်က နိုင်ငံခြားခရီး ထွက်ခွင့်ပေး

Photo: ဝန်ကြီးချုပ်ဟောင်း ယင်းလပ်ကို ထိုင်းအာဏာသိမ်း စစ်တပ်က နိုင်ငံခြားခရီး ထွက်ခွင့်ပေး
Friday, July 18, 2014

ထိုင်းအာဏာသိမ်း စစ်တပ်က ရာထူးမှ ဖယ်ရှားခံထားရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်ရှင်နာဝပ်ကို နိုင်ငံခြားခရီးသွားခွင့် ပြုလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ရားထူးမှ ဖယ်ရှားခံထားရသော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်သည် သူမ၏ အစ်ကိုဖြစ်သူ သက်ဆင်၏ မွေးနေ့ပွဲ တက်ရောက်ရန် နိုင်ငံခြားခရီးသွားခွင့် တောင်းခံခဲ့ခြင်းကို ထိုင်းစစ်တပ်က ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်သည် စစ်တပ်က ချမှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်း မရှိဘဲ၊ အေးအေးဆေးဆေး နေထိုင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ နိုင်ငံခြားခရီးစဉ်ကို ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်ထိုင်းဆူဗာရီးက ပြောကြားသည်။

အစ်ကိုဖြစ်သူ ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ဇူလိုင်လ ၂၆ ရက်နေ့တွင် အသက် ၆၅ နှစ်မြောက် မွေးနေ့ကို ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပမည်ဖြစ်ရာ ဝန်ကြီးချုပ်ဟောင်း ယင်းလပ်မှာ အဆိုပါပွဲသို့ တက်ရောက်ရန် ခွင့်တောင်းခဲ့ခြင်း ဖြစ်ကြောင်း သတင်းစာများတွင် ဖော်ပြထားသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်သည် ဇူလိုင်လ ၂၀ ရက်နေ့မှ သြဂုတ်လ ၁၀ ရက်နေ့ထိ ဥရောပသို့ ခရီးသွားရောက်ရန် ထိုင်းစစ်တပ်ကို ခွင့်တောင်းခံခဲ့ခြင်းလည်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ခုနစ်လတာ နိုင်ငံရေး အကျပ်အတည်းများ ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းစစ်တပ်က အာဏာသိမ်းယူခဲ့ကာ ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ထုတ်ပြန် ကြေညာထားသည်။

ဝန်ကြီးချုပ်ဟောင်း ယင်းလပ်သည် အမျိုးသားလုံခြုံရေး အကြီးအကဲကို တရားမဝင် ရာထူးပြောင်းလဲ ခန့်ထားခဲ့မှုဖြင့် ထိုင်းစစ်တပ် အာဏာ မသိမ်းမီကပင် ရာထူးမှ ဖယ်ရှားခံထားရသူ ဖြစ်သည်။

ထို့အတူ သူမသည် ထိုင်းအစိုးရ၏ ဆန်စပါး ဝယ်ယူရေး အစီအစဉ်နှင့် ပတ်သက်၍လည်း တာဝန်ပေါ့လျော့မှုဖြင့် လက်ရှိအချိန်အထိ အမှုရင်ဆိုင်နေရသည်။

ထိုင်းစစ်တပ်သည် မေလ ၂၂ ရက် နေ့တွင် အာဏာသိမ်းခဲ့ပြီးနောက် အရပ်သားများဖြင့် ဖွဲ့စည်းမည့် ကြားဖြတ်အစိုးရ အဖွဲ့တွင်လည်း လုံခြုံရေး တာဝန်ကို စစ်တပ်က ဆက်လက် တာဝန်ယူမည်ဟု ကြေညာထားသည်။

The Voice Weekly
ထိုင်းအာဏာသိမ်း စစ်တပ်က ရာထူးမှ ဖယ်ရှားခံထားရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်ရှင်နာဝပ်ကို နိုင်ငံခြားခရီးသွားခွင့် ပြုလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ရားထူးမှ ဖယ်ရှားခံထားရသော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်သည် သူမ၏ အစ်ကိုဖြစ်သူ သက်ဆင်၏ မွေးနေ့ပွဲ တက်ရောက်ရန် နိုင်ငံခြားခရီးသွားခွင့် တောင်းခံခဲ့ခြင်းကို ထိုင်းစစ်တပ်က ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်သည် စစ်တပ်က ချမှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်း မရှိဘဲ၊ အေးအေးဆေးဆေး နေထိုင်

စည်ပင်မှ ရေမြောင်းတူးခြင်းကြောင့် တရားပွဲပျက်

ရန်ကုန်၊ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ညောင်ကုန်းရပ်ကွက်ရှိ ညောင် ကုန်းဇေယျဝတီ ဘုန်းကြီးကျောင်း၌ ဝါဆိုလပြည့်နေ့တွင် တရားပွဲကျင်းပနေ စဉ် စည်ပင်မှတူးဖော် ခဲ့သည့် ရေမြောင်းမှချောင်းရေများ ဘုန်းကြီးကျောင်း အတွင်း ဝင်ရောက်ကာ တရားပွဲပျက်ခဲ့ ရခြင်းဖြစ်ကြောင်း ညောင်ကုန်းဇေယျ ဝတီကျောင်းတိုက်ဆရာတော် ဦးစန္ဒာဝရက မိန့်ကြားသည်။
''စည်ပင်က ဦးဇင်းတို့ကို ဘာမှလာပြောတာလဲမရှိဘဲနဲ့ သူ့ဘာသာသူ လာပြီး မြောင်းဖောက်သွား တယ်။ ချောင်းက ဒီရေအတက်အကျလဲရှိတော့ မိုးရွာလို့ချောင်းရေလျှံလာတော့ သူတို့တူးတဲ့မြောင်းတွေက တရားပွဲကျင်းပ နေတဲ့ဦးဇင်းတို့ကျောင်းထဲကို ရေတွေဝင်လာတာ။ ရေတွေကတစ်ပေလောက် တက်လာလို့

ရန်ကုန်မြို့ရှိ ခွင့်ပြုချက်မဲ့အဆောက်အအုံများ ပြန်လည်ဖြိုဖျက်သည်အထိ အရေးယူမည့်အစီအစဉ်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သဘောတူ

Photo: ရန်ကုန်မြို့ရှိ ခွင့်ပြုချက်မဲ့အဆောက်အအုံများ ပြန်လည်ဖြိုဖျက်သည်အထိ အရေးယူမည့်အစီအစဉ်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သဘောတူ

ကျော်ထင်

သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ခွင့်ပြုချက်မဲ့အဆောက်အအုံအချို့ကို ခွင့်ပြုချက်မဲ့ဖြစ်ကြောင်း အသိပေးဆိုင်းဘုတ်များ လိုက်ကပ်နေစဉ်
ရန်ကုန်မြို့ရှိ ခွင့်ပြုချက်မဲ့အဆောက်အအုံများအား ပြန်လည်ဖြိုဖျက်သည်အထိ အရေးယူမည့်အစီအစဉ်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောတူညီမှုကို ရရှိခဲ့ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ်တွင် ပြန်လည်ရေးဆွဲခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥပဒေတွင် “ခွင့်ပြုချက်မဲ့အဆောက်အအုံများအား ပြန်လည်ဖြိုဖျက်သည်အထိ” အရေးယူနိုင်သည့်အချက်ပါဝင်ရာ ယင်းသို့ အရေးယူနိုင်ရန် နည်းဥပဒေသာထွက်ရှိရန် ကျန်ရှိနေကြောင်း၊ နည်းဥပဒေမှာလည်း မကြာမီ ထွက်ရှိလာတော့မည်ဖြစ်ကြောင်း သိရသည်။

“ခွင့်ပြုချက်မဲ့ကို ပြန်လည်ဖြိုဖျက်နိုင်တဲ့အချက်ပါဝင်တဲ့ စည်ပင်ဥပဒေထဲက အဆောက်အအုံများဆိုင်ရာ နည်းဥပဒေမူကြမ်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အတည်ပြုချက်ရရှိခဲ့ပြီဖြစ်တဲ့အတွက် စတင်အရေးယူနိုင်တော့မယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသို့ဖြိုဖျက်ပါက ဖြိုဖျက်သည့် ကုန်ကျစရိတ်များကို အဆောက်အအုံဆောက်လုပ်သူ ကန်ထရိုက်က အကုန်အကျခံရမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် လက်ရှိခွင့်ပြုချက်မဲ့ဆောက်လုပ်၍ တရားစွဲဆိုထားသည့် ကန်ထရိုက်တိုက်နှင့် အဆောက်အအုံ စုစုပေါင်း ၂ဝ၂၁ လုံးရှိနေပြီး သင်္ဃန်းကျွန်းမြို့နယ်တွင် ၆၄၂ လုံး၊ လှိုင်မြို့နယ်တွင် ၃၇၄ လုံး၊ မရမ်း ကုန်းမြို့နယ်တွင် ၂၉၉ လုံး၊ အင်းစိန်မြို့နယ်တွင် ၁၁၃ လုံးစသည်ဖြင့် အများဆုံးဖြစ်နေကြောင်း သိရသည်။ ခွင့်ပြုချက်မဲ့ ဆောက်လုပ်သော ကန်ထရိုက်အများစုမှာ လိုင်စင်မဲ့ကန်ထရိုက်များဖြစ်ပြီး ၎င်းတို့အား ရန်ကုန်မြို့တော်စည်ပင်က တရားလိုပြုလုပ်ကာ တရားစွဲခြင်းဖြစ်ကြောင်း၊ တရားစွဲရာတွင် ကန်ထရိုက်အားတရားစွဲ၍မရ၍ မြေရှင်ကိုသာ တရားစွဲခြင်းဖြစ်ကြောင်း၊ တစ်ရက်လျှင် အနည်းဆုံးဒဏ်ငွေ ကျပ်တစ်သောင်းသာ တရားရုံးက ချမှတ်သည့်အတွက် ကန်ထရိုက် က မြေရှင်အစား ပေးဆောင်ကာ ဆက်လက်ဆောက်လုပ်စေသဖြင့် ခွင့်ပြုချက်မဲ့များ လျော့နည်းသွားခြင်းမရှိဘဲ ပိုမိုများပြားလာကြောင်း သိရသည်။

သို့သော် တိုက်ပြီးစီး၍ အခန်းများရောင်းချပြီးချိန်တွင် ကန်ထရိုက်ထွက်သွားခြင်းကြောင့် မြေရှင်က ဆက်လက်တရားစွဲဆိုခံရပြီး မြေရှင်က ဒဏ်ကြေးများကို ဆက်လက်ပေးဆောင်နေရကြောင်း သိရသည်။

ခွင့်ပြုချက်မဲ့ဆောက်လုပ်မှု များပြားခြင်းကြောင့် ယခုအခါ အဆောက်အအုံဆောက်လုပ်ခွင့်အတွက် တင်ပြရသည့်စာရွက်အထောက်အထားများကို ဖြေလျှော့ပြီး စိစစ်သည့်အချိန်ကာလကိုလည်း ယခင်ထက်လျှော့လိုက်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားပြီး ခွင့်ပြုချက်မဲ့ ဆောက်လုပ်သည့်လိုင်စင်မဲ့ ကန်ထရိုက်များကိုလည်း မကြာမီ အရေးယူတော့မည်ဟု သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ခွင့်ပြုချက်မဲ့ အဆောက်အအုံအချို့ကို ခွင့်ပြုချက်မဲ့ဖြစ်ကြောင်း အသိပေးဆိုင်းဘုတ်များ လိုက်ကပ်နေစဉ်
ရန်ကုန်မြို့ရှိ ခွင့်ပြုချက်မဲ့အဆောက်အအုံ များအား ပြန်လည်ဖြိုဖျက်သည်အထိ အရေးယူမည့် အစီအစဉ်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောတူညီမှုကို ရရှိခဲ့ကြောင်း သိရသည်။

မလေးရှားလေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ အမေရိကန်တုံ့ပြန်မှု

Photo: မလေးရှားလေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ အမေရိကန်တုံ့ပြန်မှု
Friday, July 18, 2014

မလေးရှားလေယာဉ် MH 17 ယူကရိန်းနိုင်ငံတွင် ပစ်ချခံရသည်မှာ အလွန်ထိခိုက်ကြေကွဲစရာဖြစ်ပြီး ၎င်း၏ ပထမဆုံးဦးစားပေးလုပ်ရမည့်အလုပ်မှာ ထိုလေယာဉ်ပေါ်၌ အမေရိကန်နိုင်ငံသားများပါ၊ မပါ သိရှိရန်ဖြစ်သည်ဟု အမေရိကန်သမ္မတအိုဘားမားက ပြောကြားလိုက်သည်။ ကမ္ဘာကြီးတစ်ခု လုံးက ထိုသတင်းကို စောင့်ကြည့်နေသည်ဟုလည်း ၎င်းက ဆိုသည်။

သမ္မတအိုဘားမားသည် ဇူလိုင် ၁၇ ရက်က ဒလဲဝဲယားပြည်နယ် အခြေခံဖွံ့ဖြိုးမှုနှင့်ပတ်သက်ပြီး ဆွေးနွေးရန်ရောက်ရှိနေခိုက်တွင် လေယာဉ်ပျက် သတင်းကြားရသည့်အတွက် ယခုကဲ့သို့ ပြောခြင်းဖြစ်ပါသည်။

‘‘ဘာဖြစ်ခဲ့တယ်၊ ဘာကြောင့်ဖြစ်ရတယ်ဆိုတာသိရဖို့အတွက် လိုအပ်တဲ့အကူအညီတွေကိုပေးသွားမယ်’’ဟု သမ္မတအိုဘားမားက ပြောကြားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီး ဂျန်ဇာကီက မလေးရှားလေယာဉ်ပျက်ကျမှုနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိရန် ယူကရိန်းရှိ အမေရိကန်သံရုံးက ယူကရိန်းအစိုးရအာဏာပိုင်များနှင့် အနီးကပ်ဆောင်ရွက်နေသည်ဟု ဆိုသည်။

ဒုတိယသမ္မတဂျိုးဇက်ဗိုက်ဒင်ကလည်း ယူကရိန်းသမ္မတပက်ထရိုပိုရိုရှန်ကိုနှင့် သီးခြားစကားပြောကြားပြီး လေယာဉ်ပျက်ကျသည့်အကြောင်းရင်းကို သိရှိရန် အမေရိကန်ကကူညီပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သည်။ လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်ပြီး ယူကရိန်းအစိုးရက ရုရှားနိုင်ငံက အထောက်အပံ့ပေးထားသည့် ခွဲထွက်ရေးသူပုန်တပ်ဖွဲ့များကို စွပ်စွဲထားသည်။ သူပုန်တပ်များကလည်း ယူကရိန်းအစိုးရကို စွပ်စွဲခဲ့သည်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ စစ်သွေးကြွများကို လက်နက်ငွေကြေးထောက်ပံ့မှုအတွက် အမေရိကနှ်င့် အီးယူဥရောပသမဂ္ဂတို့က ဇူလိုင် ၁၆ ရက်က ရုရှားကို စီးပွားရေးအရပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့ပြီးနောက်တစ်နေ့တွင် ယခုကဲ့သို့ မလေးရှားလေယာဉ်မှာ ယူကရိန်းအရှေ့ပိုင်းတွင် ပစ်ချခံရခြင်းဖြစ်သည်။

အမေရိကန်ထောက်လှမ်းရေးအဖွဲ့ကလည်း လေယာဉ်ပျက်ကျသည့်အကြောင်း အမေရိကန်အစိုးရရုံးစိုက်ရာ ဝါရှင်တန်မြို့တော် လွှတ်တော်သို့ အတည်ပြုပေးခဲ့သည်။

‘‘အပြစ်မဲ့သူတွေ အများကြီးသေရတယ်။ တုန်လှုပ်စရာပါပဲ။ ကျွန်တော်တို့အဖြစ်အပျက်အမှန်တွေကိုသိရအောင် စောင့်နေပါတယ်။ အခုအချိန်မှာတော့ သွားလေသူတွေနဲ့ သူတို့မိသားစုတွေအတွက် ဆုတောင်းပေးရအောင်ပါ’’ဟု အိုဟိုင်းပြည်နယ်လွှတ်တော်အမတ်ဂျွန်ဘိုနာက ပြောကြားခဲ့သည်။

(ကိုးကား-  CNN, ABC, AP)

7 Day Daily
မလေးရှားလေယာဉ် MH 17 ယူကရိန်းနိုင်ငံတွင် ပစ်ချခံရသည်မှာ အလွန်ထိခိုက်ကြေကွဲစရာဖြစ်ပြီး ၎င်း၏ ပထမဆုံးဦးစားပေးလုပ်ရမည့်အလုပ်မှာ ထိုလေယာဉ်ပေါ်၌ အမေရိကန်နိုင်ငံသားများပါ၊ မပါ သိရှိရန်ဖြစ်သည်ဟု အမေရိကန်သမ္မတအိုဘားမားက ပြောကြား လိုက်သည်။ ကမ္ဘာကြီးတစ်ခု လုံးက ထိုသတင်းကို စောင့်ကြည့်နေသည်ဟုလည်း ၎င်းက ဆိုသည်။

သမ္မတအိုဘားမားသည် ဇူလိုင် ၁၇ ရက်က ဒလဲဝဲယားပြည်နယ် အခြေခံဖွံ့ဖြိုးမှုနှင့်

မျက်နှာပါ မချန် တစ်ကိုယ်လုံးကို တက်တူးထိုးတဲ့ မော်ဒယ်

Photo: မျက်နှာပါ မချန် တစ်ကိုယ်လုံးကို တက်တူးထိုးတဲ့ မော်ဒယ်
Friday, July 18, 2014

ကနေဒါ နိုင်ငံက Vin Los လို့ အမည်ရတဲ့ အသက် ၂၄ နှစ်အရွယ် မော်ဒယ် ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ ရသလိုပဲ သူ့ရဲ့ မျက်နှာမှာပါ မချန် တက်တူး ထိုးထားတာကို ယခုလို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ 

ယခုလို ထိုးတဲ့ ရည်ရွယ်ချက်ကို သတင်းမီဒီယာများက မေးတဲ့ အခါ 'ကျနော် လူတွေကို comfort zone ကနေ ထွက်စေချင်တယ်။ အနုပညာ ဆိုတာကို ပုံစံ ခွက်ထဲက ဟာကိုပဲ မြင်နေတာထက် ပိုပြီး ထူးခြားကွဲပြားတဲ့ အမြင်နဲ့ မြင်စေ ချင်ပါတယ်။ ကျနော်ကိုယ်တိုင်ကလည်း အဲ့ဒါကို နှစ်သက်လို့ ခေတ်ရေ စီးကြောင်း ကို လိုက်ပြီး ယခုလို ထိုးလိုက်တာပါ' လို့ ဖြေကြား ပါတယ်။ တက်တူး ယဉ်ကျေးမှု ရေပန်းစားလာတာ မှန်ပေမယ့် သူ့ရဲ့ တက်တူး ကတော့ လူတကာကို အံ့သြ ငေးကျန် စေခဲ့ ပါတယ်။ တက်တူးက ပုံတွေ မဟုတ်ပဲ စာတွေ ရေးထားခြင်းပါ လွယ်ကူစွာ ကမ္ဘာကျော်သွားမယ့် နည်းလမ်း လို့လည်း သူ ယူဆ သတဲ့။ တကယ်လည်း နာမည်ကြီး သွား ပါတယ်။ မျက်နှာမှာ ပြန်ဖျက် မရတဲ့ တက်တူး အများဆုံးကို ပိုင်ဆိုင်ထားသူ ဆိုလို့ Vin Los ပဲ ရှိမှာပါ။

ယခုရက်ပိုင်း အတွင်းပဲ ထိုးထားခြင်း ဖြစ်ပြီး တစ်ကိုယ်လုံးမှာပါ တက်တူး ပုံပေါင်း များစွာ ရေးထိုး ထားခြင်း ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: Metro.
အောင်ခမ်း (ရိုးရာလေး) ကနေဒါ နိုင်ငံက Vin Los လို့ အမည်ရတဲ့ အသက် ၂၄ နှစ်အရွယ် မော်ဒယ် ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ ရသလိုပဲ သူ့ရဲ့ မျက်နှာမှာပါ မချန် တက်တူး ထိုးထားတာကို ယခုလို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။

ယခုလို ထိုးတဲ့ ရည်ရွယ်ချက်ကို သတင်းမီဒီယာများက မေးတဲ့ အခါ 'ကျနော် လူတွေကို comfort zone ကနေ ထွက်စေချင်တယ်။ အနုပညာ ဆိုတာကို ပုံစံ ခွက်ထဲက ဟာကိုပဲ မြင်နေတာထက် ပိုပြီး

ဂျင်းရဲ့ ကောင်းခြင်း ၁၀ မျိုး

Photo: ဂျင်းရဲ့ ကောင်းခြင်း ၁၀ မျိုး

ဟင်းချက်ရာတွင် အသုံးပြုလေ့ ရှိသော ဂျင်းသည် ဟင်းချက်ရာတွင် သာမက အခြားသော နေရာများတွင်လည်း ဆေးဖက်ဝင်ပုံများကို ရေးသား လိုက်ရပါတယ်။
(၁) သားအိမ် ကင်ဆာကို ကာကွယ်နိုင်ပါသည်။
(၂) အူမကြီး ကင်ဆာကို ကာကွယ်နိုင်ပါသည်။
(၃) ကိုယ်ဝန်ဆောင် မိခင်တွေ အတွက်လည်း ကောင်းမွန်ပါသည်။
(၄) ကိုယ်လက် ကိုက်ခဲမှုကိုလည်း ကောင်းမွန်းစေပါသည်။
(၅) ရင်ပှုခြင်းကိုလည်း သက်သာစေပါသည်။
(၆) ဆီချိုရောဂါ အတွက်လည်း အထူးပင် ကောင်းမွန်ပါသည်။
(၇) ခေါင်းကိုက်ခြင်းကိုလည်း သက်သာစေနိုင်ပါသည်။
(၈) အမျိုးသမီးများ ဗိုက်အောင့်ခြင်းကိုလည်း သက်သာစေနိုင်ပါသည်။
(၉) တုပ်ကွေးရောဂါ များကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
(၁၀) မျိုးအောင်နှုန်းကို ကောင်းစေပါသည်။

Myawady Daily
ဟင်းချက်ရာတွင် အသုံးပြုလေ့ ရှိသော ဂျင်းသည် ဟင်းချက်ရာတွင် သာမက အခြားသော နေရာများ တွင်လည်း ဆေးဖက်ဝင်ပုံများကို ရေးသား လိုက်ရပါတယ်။
(၁) သားအိမ် ကင်ဆာကို ကာကွယ်နိုင်ပါသည်။
(၂) အူမကြီး ကင်ဆာကို ကာကွယ်နိုင်ပါသည်။
(၃) ကိုယ်ဝန်ဆောင် မိခင်တွေ အတွက်လည်း ကောင်းမွန်ပါသည်။

လူပေါင်း ၇ဝဝ နီးပါးဖမ်းဆီးထားသော်လည်း ပုဒ်မ ၁၄၄ ကို ချိုးဖောက်ပါက ဆက်ဖမ်းမည်ဟု မန်းရဲတပ်ဖွဲ့ဆို

ရန်ကုန်၊ အဓိကရုဏ်းဖြစ်ပွားရာ မန္တ လေးမြို့၌ ပုဒ်မ ၁၄၄နှင့် ဖမ်းဆီး အရေးယူထားသည့်လူပေါင်း ၇ဝဝ ကျော်ရှိနေပြီဖြစ်သော်လည်း ဖမ်း ဆီးမှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးဇော်မင်းဦးကပြော သည်။
လက်ရှိဖမ်းဆီးထားသည့် လူဦး ရေမှာ ၇ဝဝနီးပါးရှိနေပြီဖြစ်သော် လည်း ပုဒ်မ ၁၄၄ ပြန်လည်ရုပ်သိမ်း

ယူကရိန်း လေပိုင်နက်အတွင်း ခရီးသည် ၂၉၅ဦးပါ မလေးရှားလေယာဉ်ပျက်ကျ ၊ ခွဲထွက်ရေးသူပုန်များ ပစ်ချခဲ့သည်ဟု သုံးသပ်ထား


ဟော်လန်နိုင်ငံ အက်စတာဒမ်မြို့မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ပျံသန်းခဲ့သည့် မလေးရှားလေယာဉ် MH17မှာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ပျက်ကျခဲ့ပြီး ပစ်ချခံရသည်ဟု သံသယဖြစ်ဖွယ်ရှိကြောင်း ဘီဘီစီ သတင်းဌာနက ဖော်ပြသည်။ ခရီးသည် ၂၈၀နှင့် လေယာဉ်အမှုထမ်း ၁၅ဦး လိုက်ပါလာသည့် MH17 လေယာဉ်မှာ ယူကရိန်းနိုင်ငံ လေပိုင်နက်အတွင်း ပျံသန်းနေစဉ်

ငြိမ်းချမ်းရေး နောက်မဆုတ်ဘူးလို့ ၀န်ကြီး ဦးအောင်မင်း ပြောကြား

Photo: ငြိမ်းချမ်းရေး နောက်မဆုတ်ဘူးလို့ ၀န်ကြီး ဦးအောင်မင်း ပြောကြား
Friday, July 18, 2014

ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ဟာ နောက်ဆုတ်သွားတာမရှိကြောင်းနဲ့ လာမယ့် စက်တင်ဘာလထဲလောက်မှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်မယ်လို့ ယူဆကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီနေ့ ပြောလိုက်ပါတယ်။

ဒီနေ့ အမျိုးသားလွှတ်တော်ကို တက်ရောက်ခဲ့ပြီးနောက် သတင်းထောက်တွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ပြောခဲ့တာဖြစ်ပါတယ်။

"တိုင်းရင်းသားတွေကနေ သူတို့ခေါင်းဆောင်များ အစည်းအဝေးကို လိုင်ဇာမှာ အခုလာမယ့် ၂၃၊ ၂၄၊ ၂၅ မှာ အဲ့ပတ်ဝန်းကျင်မှာလုပ်ပါမယ်၊ သူတို့လိုင်ဇာမှာ ဆွေးနွေးမယ့်အချက်တွေပေါ် မူတည်ပြီးတော့မှ ကျနော်တို့နဲ့ ပြန်ပြီးတော့ ဆွေးနွေးဖို့ရှိတယ်၊ ရန်ကုန်မှာ ကျနော်တို့ ဆွေးနွေးမှာပါ၊ သြဂုတ်လထဲ ရန်ကုန်မှာ ဆွေးနွေးပွဲလုပ်နိုင်ရင်တော့ သြဂုတ်လလကုန်လောက် စက်တင်ဘာလလောက်မှပဲ လက်မှတ်ထိုးနိုင်မှာပါ၊ အခုတိုက်ပွဲဖြစ်လည်း ဒါနောက်မဆုတ်ပါဘူး၊ ငြိမ်းချမ်းရေးကတော့ ရအောင်လုပ်မယ်"

လာမယ့် ဇူလိုင်လ ၂၃ ရက်နေ့ကနေ ၂၅ ပတ်ဝန်းကျင်မှာ လိုင်ဇာမြို့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က ညီလာခံကျင်းပမှာ ဖြစ်ပါတယ်။

အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့ အကြား အပစ်ခတ်ရပ်စဲရေးအတွက် ညှိနှိုင်းစရာအချက် ၃၅ ချက်သာ ကျန်တော့တယ်လို့သိရပါတယ်။

RFA
ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ဟာ နောက်ဆုတ်သွားတာမရှိကြောင်းနဲ့ လာမယ့် စက်တင်ဘာလ ထဲလောက်မှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်မယ်လို့ ယူဆကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီနေ့ ပြောလိုက်ပါတယ်။

မလေးရှားနယ်စပ်ရှိ အလုပ်သမား ၂၆ ဦး လုပ်ခမရ၍ သစ်ရွက်ပြုတ်စားနေကြရ သည်ဟုဆို

မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ်ကြားရှိ ပန်းရန်လုပ်ငန်းခွင် တစ်ခုသို့ ရန်ကုန်မြို့ရှိ------- ကုမ္ပဏီမှ ပို့ဆောင်ထားသော MoU အလုပ်သမား ၂၆ ဦးမှာ စားစရာမရှိ ၍ ဘောစကိုင်းရွက်များကို ပြုတ်စား နေရသည်ဟု အလုပ်သမားများက ပြောဆိုကြောင်း ဇူလိုင် ၁၆ ရက် ညပိုင်းက ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ (Myanmar Association Thialand) မှ ဆက်သွယ်ပြောကြားချက်အရ သိရသည်။

မြိုင်ကလေး ဘိလပ်မြေ စက်ရုံ ကားဝင်း ဈေးဆိုင်တန်းရှိ ဆိုင်တစ်ဆိုင်မှ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကလေး တန် ၄၀၀၀ ဘိလပ်မြေ စက်ရုံ ကားဝင်း အတွင်း ဈေးဆိုင်တန်းရှိ ဈေးဆိုင်တစ်ဆိုင်မှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြားများကို ဇူလိုင် ၁၂ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြိုင်ကလေး ရဲကင်းစခန်းမှ ရဲကင်းစခန်းမှူး ဒုရဲအုပ်စိုးခိုင်၊ နယ်ထိန်း တပ်ကြပ်ကြီး အောင်မြင့်ဦး၊

Breaking News၊ "လူ ၂၉၅ ဦး လိုက်ပါသွားသော မလေးရှားလေယာဉ် ယူကရိန်းတွင် ပစ်ချခံရ"

Photo: Breaking News
------------------
"လူ ၂၉၅ ဦး လိုက်ပါသွားသော မလေးရှားလေယာဉ် ယူကရိန်းတွင် ပစ်ချခံရ"

မလေးရှားလေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စင်းသည် ယူကရိန်းနိုင်ငံအတွင်း ရုရှားနယ်စပ်အနီး မြေပြင်မှ ဒုံးကျည်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ပျက်ကျသွားကြောင်း သိရှိရသည်။ မလေးရှားလေကြောင်းမှ Boeing-777 လေယာဉ်သည် ခရီးစဉ် MH17 အဖြစ် ပျံသန်းသွားစဉ် ယူကရိန်းလေကြောင်းပိုင်နက်အတွင်းရောက်ရှိပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားကြောင်း မလေးရှားလေကြောင်းလိုင်းက အတည်ပြုခဲ့သည်။

ပျက်ကျသွားသည့် လေယာဉ်ပေါ်တွင် ခရီးသည် ၂၈၀ ဦးနှင့် လေယာဉ်အမှုထမ်း ၁၅ ဦး လိုက်ပါသွားကြောင်း ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။ အဆိုပါလေယာဉ်သည် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှ မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူသို့ ပျံသန်းလာစဉ် ဒုံးကျည်ဖြင့် ပစ်ခတ်ခံရပြီး ပျက်ကျခဲ့ခြင်းဖြစ်သည်။

#MizzimaDaily
 မလေးရှားလေကြောင်းလိုင်းမှ ခရီးသည် တင် လေယာဉ်တစ်စင်းသည် ယူကရိန်းနိုင်ငံ အတွင်း ရုရှားနယ်စပ်အနီး မြေပြင်မှ ဒုံးကျည်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ပျက်ကျသွားကြောင်း သိရှိရသည်။ မလေးရှားလေကြောင်းမှ Boeing-777 လေယာဉ်သည် ခရီးစဉ် MH17 အဖြစ် ပျံသန်းသွားစဉ် ယူကရိန်းလေကြောင်း ပိုင်နက် အတွင်းရောက်ရှိပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားကြောင်း

တင်းတိပ်ကို ဘယ်လိုဖျောက်ရပါ့

အများအားဖြင့် အမျိုးသမီးတွေက အမျိုးသားများထက်ပို၍ တင်းတိပ်ပေါက် တတ်ကြပြီး၊ မျက်နှာ အလှအပကို ဖျက်ဆီးသည့် တင်းတိပ်ပေါက်မှာကို စိုး ထိတ်နေကြရပါတယ်။

တင်းတိပ်ဖြစ်ရတဲ့အကြောင်းရင်းတွေကတော့၊ မျက်နှာသန့် ရှင်းမှုမရှိခြင်း၊ မသန်ု့  ရှင်းသောမျက်နှာ သုပ် ပုဝါ(သို့ မဟုတ်)တို့ ဖတ် ပုဝါ(သို့ မဟုတ်)ကရင်မ်ပပ်ဖ်ရေမြှုံ့ တို့  ကိုသုံးစွဲခြင်း၊ မသန့် ရှင်းသောလက်ဖြင့်

မန္တလေးမြို့၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် ပြစ်မှုကျူးလွန် သူများကို ဖော်ထုတ်အရေးယူနေပြီး လက်ရှိအချိန်အထိ လူသတ်မှုဖြင့် မသင်္ကာသူ ခြောက်ဦးအပါအ၀င် ၄၂ ဦးအား ဖမ်းဆီးထား

မန္တလေးမြို့၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် ပြစ်မှုကျူးလွန် သူများကို ဖော်ထုတ်အရေးယူနေပြီး လက်ရှိအချိန်အထိ လူသတ်မှုဖြင့် မသင်္ကာသူခြောက်ဦးအပါအဝင် ပြစ်မှုကျူးလွန်သည်ဟု ယူဆရသူ ၄၂ ဦးအား မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးအရေးယူထားကြောင်း ဇူလိုင် ၁၇ ရက်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ည ၉ နာရီသတင်း၌ ဖော်ပြခဲ့သည်။

MPC သည် ကကလှမ်း မဟုတ်သည့်အတွက် အရေးယူပိုင်ခွင့်မရှိကြောင်းနှင့် MPC ကို နားလည်မှုမလွဲရန် ဦးအောင်မင်း ပြောကြား

MPC သည် ကကလှမ်း မဟုတ်သည့်အတွက် မည်သူ့ကိုမျှအရေးယူခွင့် မရှိကြောင်း နှင့် MPC ကိုနားလည်မှုမလွဲရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည် ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သော အဆိုတစ်ရပ်ကို ဇူလိုင် ၁၇ ရက် က အမျိုးသားလွှတ်တော်သို့ လာရောက်ဖြေကြားစဉ် MPC နှင့် ပတ်သက်သောသတင်းများ

မြစ်ဖျားပိုင်း၌ မိုးကောင်းနေ၍ ဧရာဝတီနှင့်ချင်းတွင်းမြစ်ရေ အနည်းဆုံး တစ်ပေမှ အမြင့်ဆုံး ရှစ်ပေခန့်အထိ မြင့်တက်နိုင်

ဧရာဝတီမြစ်နှင် ချင်းတွင်းမြစ်ရေသည် အဆိုပါမြစ်များ၏ စိုးရိမ်ရေအမှတ်ထက် အနည်းဆုံး တစ်ပေခန့်မှ အများဆုံး ရှစ်ပေခန့်အထိ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၁ဝ ရက်ပတ် ဇလဗေဒ ခန့်မှန်းချက်အရ သိရသည်။

“ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်က အထက်ပိုင်းမှာ မိုးကောင်းခဲ့တယ်။ အခုရက်ပိုင်းမှာတော့ ပြန်လျော့သွားတယ်။ အထက်ပိုင်းမှာ မိုးကောင်းရင် မြစ်ရေကမြင့်တက်နိုင်တယ်။ နောက်ပိုင်းမှာ မိုးက ရက်ဆက်သလို

သတင်းသမားများအား ဖမ်းဆီးထောင်ချခြင်းသည် အာဏာရှင်ဆန်ဆန် ဖိနှိပ်သည့်ပုံစံဖြစ်နေကြောင်းနှင့် နိုင်ငံတကာဆက်ဆံရေးမှာ နောက်ပြန်ဆုတ်သွားနိုင်ကြောင်း အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးပြောကြား

အမေရိကန်အစိုးရ လူ့အခွင့်အရေးထိပ်တန်း အရာရှိတစ်ဦးက မြန်မာနိုင်ငံသည် အာဏာရှင် ဆန်ဆန် ဖိနှိပ်သည့်ပုံစံ ကျင့်သုံးနေကြောင်း မြန်မာ အစိုးရမှ အပတ်စဉ်ထုတ် ဂျာနယ်က ဂျာနယ်လစ် ငါးဦးကို အငြင်းပွားဖွယ် ဓာတုလက်နက်စက်ရုံ တစ်ခုအကြောင်း ထုတ်ဖော်ရေးသားမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က AP သတင်းဌာနနှင့် အင်တာဗျူး၌