Tuesday, June 16, 2015

“အမှိုက်သိမ်းလုပ်ငန်း ပုဂ္ဂလိကကို တင်ဒါ ခေါ်တာ ဘာဖြစ်သွားသလဲ”

အခုဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စီစဉ်နေတဲ့ အမှိုက်သိမ်း လုပ်ငန်း ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပေးဖို့၊ အမှိုက်သိမ်းခ သုံးဆကနေ လေးဆ ကောက်ခံမယ့်ကိစ္စ လူထုသဘောထား ဆန္ဒကောက်ခံတဲ့ကိစ္စ အဖြေထွက်လာပါပြီ။ ဒီကိစ္စ သဘောထား ဆန္ဒပေးသူ ၈၀ ရာခိုင်နှုန်းကျော်က သဘောမတူဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ရန်ကုန်စည်ပင်ဟာ အမှိုက်သိမ်းတာကို ကိုယ့်ဖာသာကိုယ်ပဲ ဆက်လုပ်မယ်ဆိုပြီး မြို့တော်ဝန်က ပြောလာပါပြီ။ ရန်ကုန်မြို့တော်က အမှိုက်သိမ်းတဲ့ကိစ္စ စည်ပင်က ခုလို ကိုင်တွယ်ဖြေရှင်းပုံဟာ မှန်ကန်ပါရဲ့လား။ အမှိုက်သိမ်းတဲ့ကိစ္စ ဘယ်လို ဖြစ်သင့်သလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

တိုင်းရင်းသားမဲ ဘယ်သူယူမလဲ

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို လာမည့် လပိုင်းအတွင်း ကျင်းပတော့မည်ဖြစ်ရာ တိုင်းရင်းသား ဒေသများတွင် ပြိုင်ဆိုင်မှုများ ပြင်းထန်လာဖွယ် ရှိနေသည်။
တိုင်းရင်းသားဒေသ ပြည်နယ်များတွင် သက်ဆိုင်ရာ တိုင်းရင်းသား ပါတီများမှာလည်း အပြိုင်းအရိုင်း ရှိလှသည်။ ပြည်နယ်များတွင် တိုင်းရင်းသားပါတီများက တစ်ခုထက်မက ရှိနေကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ထားသော တိုင်းရင်းသား နိုင်ငံရေးပါတီများမှာ လေးဆယ်ကျော် ရှိနေပြီး။ နိုင်ငံရေးပါတီ စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်း ရှိလေသည်။ သို့သော် အများစုမှာ တိုင်းရင်းသား နိုင်ငံရေးပါတီငယ်များသာ ဖြစ်သည်။

ဆော်ဒီအာရေးဗီးယား လေကြောင်းလိုင်းက ဒေါ်လာ ရှစ်ဘီလီယံ တန်ဖိုးရှိ အဲဘတ်စ်လေယာဉ် အစင်း ၅၀ မှာယူ

 ဆော်ဒီအာရေးဗီးယား လေကြောင်းလိုင်းက ဒေါ်လာ ရှစ်ဘီလီယံ ဝန်းကျင် တန်ဖိုးရှိ အဲဘတ်စ် ခရီးသည်တင်လေယာဉ် အစင်း ၅၀ ကို မှာယူလိုက်ပြီဖြစ်ကြောင်း ၎င်းလေကြောင်းလိုင်းက ပါရီလေကြောင်းပြပွဲတွင် ဇွန် ၁၅ ရက်က ကြေညာခဲ့ခြင်းဖြစ်သည်။မှာယူသည့် လေယာဉ်များတွင် Airbus A330-300 Regionals လေယာဉ်အစင်း ၂၀ နှင့် Airbus A320ceos လေယာဉ် အစင်း ၃၀ ပါဝင်ကြောင်း အဲဘတ်စ်က ပြောကြားခဲ့သည်။ ထို့အပြင် ဆော်ဒီလေကြောင်းလိုင်းသည် Regionals များကို ပထမမဆုံး ပျံသန်းမည့် လေကြောင်းလိုင်း ဖြစ်မည်ဟုလည်း အဲဘတ်စ်က ပြောကြားခဲ့သည်။ အလယ်အလတ် အရွယ်အစားရှိ ယင်းလေယာဉ် သည် ခရီးသည် ၄၀၀ အထိ တင်ဆောင်နိုင်ပြီး ကီလိုမီတာ ၅,၀၀၀ အကွာအဝေးထိ ပျံသန်းနိုင်သည်။
mizzima

ဟိုတယ်ခရီး ကျွမ်းကျင်ပညာရှင်များအသင်းက ဟိုတယ်ကျွမ်းကျင် ဝန်ထမ်းရှားပါးမှုကို ဖြေရှင်းမည်ဟုဆို

 မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ ကြီးမှူး၍ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွား ကျွမ်းကျင်ပညာရှင်များ အသင်းများအား ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံရှိ ဟိုတယ် ကျွမ်းကျင်ဝန်ထမ်း ရှားပါးမှုကို ဖြေရှင်းသွားမည်ဟု အသင်း၏ ဒုတိယ ဥက္ကဋ္ဌ ဦးမင်းရန်နိုင်က ပြောသည်။
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာ တစ်နှစ်ထက် တစ်နှစ် မြင့်လာပြီး နှစ်စဉ်ဝင်ရောက်သည့် နိုင်ငံခြားခရီးသွားများ တည်းခိုနေထိုင်ရန် ဟိုတယ်များလည်း ဖွံ့ဖြိုးတိုးတက်လာသော်လည်း ဟိုတယ်လုပ်ငန်းတွင် ကျွမ်းကျင်ဝန်ထမ်း ရှားပါးလျှက်ရှိသည်။

ထိုင်းက မြန်မာနှင့် စွမ်းအင်ကဏ္ဍအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည်

 ထိုင်း စွမ်းအင်ဝန်ကြီး နာရွန်ချိုင်း အက်ခရာဆနီးသည် မြန်မာ့ လျှပ်စစ်စွမ်းအားနှင့် စွမ်းအင် ဝန်ကြီးဌာနတို့နှင့် ယနေ့ နေပြည်တော်တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည်ဟု ထိုင်းစွမ်းအင် ဝန်ကြီးဌာန၏ ပေါ်လစီနှင့် မဟာဗျူဟာ ညှိနှိုင်းကွပ်ကွဲရေးရုံးမှ ဒါရိုက်တာ ဆာရာဝပ် ကူတာသစ်က ပြောကြားကြောင်း ဇွန် ၁၅ ရက်က သည်နေရှင် သတင်းတစ်ရပ်အရ သိရှိရသည်။
ဤနားလည်မှုစာချွန်လွှာ သဘောတူညီချက်များထဲတွင် နယ်စပ်ဖြတ်ကျော် ဓာတ်ငွေ့ ပိုက်လိုင်းများ ဖြန့်ချမှု၊ ရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေး၊ ရေနံချက်လုပ်ငန်းများ တိုးတက်ရေးနှင့် ရေနံထွက်ပစ္စည်းများ ပူးတွဲထုတ်လုပ်ရေးကဲ့သို့သော ရေစုန် ရေဆန် ရေနံလုပ်ငန်းများ ဖွံ့ဖြိုးရေးတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုများ ပါဝင်မည်ဖြစ်သည်။

ရွှေ့ပြောင်းအခြေချသူများအရေး အီးယူဆွေးနွေးမည်

မြေထဲပင်လယ်ရှိ ရွှေ့ပြောင်းအခြေချသူအကျပ်အတည်းကို ဖြေရှင်းရေး အီးယူပြည်ထဲရေးဝန်ကြီးများ ဆွေးနွေးရန်ရှိသည်။ သဘောတူညီ ချက်မရရှိပါက ပြင်းပြင်းထန်ထန်တုံ့ပြန်ရန် အီတလီက ခြိမ်းခြောက်နေသည်။လူဇင်ဘတ်ရှိ ဆွေးနွေးပွဲများတွင် အဓိကပြသနာတစ်ခုမှာ ခိုလှုံခွင့် ရှာဖွေသူများကို အီးယူ ၂၈ နိုင်ငံတစ်ဝန်း ပိုမိုညီမျှစွာ ချထာမည့် အစီအစဉ်တစ်ခုဖြစ်သည်။

အငှားအိမ်ရာဆောက်လုပ်ရန် ရန်ကုန်တိုင်းအစိုးရ ကျပ်သန်း နှစ်သောင်း ထောက်ပံ့ငွေရထား

 နေစရာအခက်အခဲရှိပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများနေထိုင်ရေးအတွက် အငှားအိမ်ရာ စီမံကိန်းများ အကောင် အထည်ဖော်ရန် ထောက် ပံ့ငွေအဖြစ် ကျပ်ငွေဘီလီယံ ၂၀(ကျပ်သန်း နှစ်သောင်း) ရရှိထားသည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဇွန်လ ၁၆ ရက်က ပြုလုပ်သည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် ပြောဆိုလိုက်သည်။
 ကျပ်ငွေဘီလီယံ ၂၀ကို ပြည်ထောင်စုအစိုးရအဖွဲ့က  ထောက်ပံ့ငွေအဖြစ် ယခုဘဏ္ဍာနှစ်တွင် ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး အငှားအိမ်ရာများဆောက်လုပ်သွားမည်ဟု ဝန်ကြီးက ပြောသည်။
 အဆိုပါ ထောက်ပံ့ငွေများဖြင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၁၄၁/၂ အမှတ် ၂ လမ်းမကြီးနှင့်မဟာဗန္ဓုလလမ်းထောင့်ရှိ အစိုးရမြေဖြစ်သော ဧကပေါင်း ၁၂ဒဿမ ၅၃၄ ပေါ်တွင် အငှားအိမ်ရာများ ယခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်ကာ အငှားချထားပေးမည်ဟု ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် စောင့်ကြည့်လေ့လာသူ ရှစ်သောင်းကျော် လိုအပ်သော်လည်း အင်အား အပြည့်မရနိုင်ဟုဆို

လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကျွမ်းကျင်သည့် စောင့်ကြည့်လေ့လာသူ အရေအတွက် ရှစ်သောင်းကျော် လိုအပ်သော်လည်း  လက်ရှိ ဖြစ်ပေါ်နေသောအခြေအနေများအရ လိုအပ်သည့် အင်အားအပြည့်အ၀မရနိုင်ဟု  Forward Institute ၏ရွေးကောက်ပွဲ အသိပညာပေးခြင်းနှင့် လေ့လာစောင့်ကြည့်ခြင်းပူးပေါင်းဆောင်ရွက်သူများအဖွဲ့ (VEP)မှ အမှုဆောင်ဒါ ရိုက်တာ ဦးသန့်စင်အောင်က  ဇွန် ၁၆ ရက်ကပြောသည်။

ချင်းပြည်နယ် စစ်ရှောင်ဒုက္ခသည်များ ရိက္ခာပြတ်လပ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေဟုဆို

 အစိုးရတပ်မတော်နှင့် ရခိုင်တပ်မတော် (AA) တို့ တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဖြစ်ပေါ်လာသည့် စစ်ဘေးရှောင် ဒုက္ခသည် ၃၅၀ ကျော်တို့ ရိက္ခာပြတ်လပ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ လိုအပ်နေကြောင်း ချင်းပြည်နယ် ပျဉ်ဆိုကျေးရွာ ကူညီထောက်ပံ့ရေး ကော်မတီမှ တွဲဖက်ဘဏ္ဍာရေးမှုး ဆလိုင်ကျော်အောင်က ဇွန်လ ၁၆ရက်တွင် မဇ္ဈိမကို ပြောသည်။

ဖားကန့်တွင် အစိုးရတပ်မတော် နှင့် ကေအိုင်အေ တိုက်ပွဲပြန်ဖြစ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ ဘက်သို့ ဇွန်လ ၁၆ ရက် နံနက် ၅ နာရီက တိုက်ခိုက်လာသဖြင့် တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့သည်ဟု ဖားကန့်ဒေသခံများနှင့် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) က ပြောသည်။
 KIA တပ်ရင်း ၆ ရှေ့တန်းစခန်းရှိရာ နမ်ဂျန်ခခူး (Nam Jan hka hku) တပ်စခန်းရှိရာအနီးသို့ အစိုးရ စစ်တပ် ခမရ တပ်ရင်း ၄၂၄ တပ်ဖွဲ့တို့ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ လမ်းကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။