Thursday, November 7, 2013

ထိုင်းအလှမယ်နဲ့ မယ်စကြာဝဠာပြိုင်ပွဲဝင်သူများ

~
  

တစ်ရက်အတွင်း ကလေးငယ် အဓမ္မကျင့်ခံရ၍ တိုင်တန်းမှု နှစ်ခုထိရှိ

ရန်ကုန်တိုင်းအတွင်း နိုဝင်ဘာ ၄ ရက် တစ်ရက်တည်းတွင် ကလေးငယ်များ အဓမ္မပြုကျင့် ခံရသဖြင့် တိုင်တန်းထားမှု နှစ်ခုထိရှိခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

သတင်းမီဒီယာဥပဒေမှ ပယ်ဖျက်ထားသော ပုဒ်မနှစ်ခုကို ပြန်လည် ထည့်သွင်း၍ ပြည်သူ့လွှတ်တော် အတည်ပြု

Photo: သတင်းမီဒီယာဥပဒေမှ ပယ်ဖျက်ထားသော ပုဒ်မနှစ်ခုကို ပြန်လည် ထည့်သွင်း၍ ပြည်သူ့လွှတ်တော် အတည်ပြု
Thursday, November 7, 2013

ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီသည် ၎င်းတို့ ပယ်ဖျက်ထားသော သတင်းမီဒီယာဥပဒေမှ ပုဒ်မနှစ်ခုကို ပြန်လည် ထည့်သွင်း၍ နိုဝင်ဘာလ ၄ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ကြောင်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက တင်သွင်းခဲ့သော သတင်းမီဒီယာ ဥပဒေပုဒ်မ ၁၂ ပါ “ကောင်စီသည် စာနယ်ဇင်းသမားများနှင့် စပ်လျဉ်း၍ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်သည်” ဟူသော အချက်နှင့် ပုဒ်မ ၃၂ ပါ “ဥပဒေအရ တားမြစ် ပိတ်ပင်ထားပြီး ပြစ်မှုဖြင့် အရေးယူခံရသည့် မီဒီယာဆိုင်ရာ ပစ္စည်းများကို ရှာဖွေ သိမ်းဆည်းရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနှင့်အညီ ဆောင်ရွက်ရမည်” ဟူသော မီဒီယာကဏ္ဍအတွက် အရေးကြီးသော အချက်တို့ကို အောက်တိုဘာလ ၁၁ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ယင်းဥပဒေကြမ်း ကော်မတီက ပယ်ဖျက်ခဲ့ပြီး ဖြစ်သည်။

သို့သော် ဥပဒေကြမ်း ကော်မတီ၏ ပယ်ဖျက်မှုကို စာနယ်ဇင်းကောင်စီနှင့် မီဒီယာများက လက်မခံခဲ့ပေ။ ကောင်စီနှင့် မီဒီယာတို့၏ ဝေဖန်မှုများ ပေါ်ထွက်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည် ထည့်သွင်းခြင်း ဖြစ်သည်။
“စာနယ်ဇင်းကောင်စီက ကန့်ကွက်လို့တော့ မဟုတ်ပါဘူး၊ ဝေဖန်တာတော့ ရှိတယ်၊ ပြန်ကြားရေးနဲ့ ကော်မတီတချို့နဲ့ အစည်းအဝေးလုပ်ပြီး ပြန်ထည့်ဖို့ ဆုံးဖြတ်လိုက်တာပါ” ဟု ဦးစောလှထွန်းက ဆိုသည်။

ယခုပြန်လည် ထည့်သွင်းထားသော အဆိုပါ ဥပဒေ၏ ပုဒ်မ ၁၂ မှ “ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်သည်” ဟူသော အချက်မှ “တစ်ခုတည်းသော” ဟူသည့် စာသားကိုမူ ထည့်သွင်းထားခြင်း မရှိပေ။

ယင်းသတင်းမီဒီယာ ဥပဒေကို နိုဝင်ဘာ ဒုတိယပတ်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေး အတည်ပြုမည် ဖြစ်ကြောင်း လွှတ်တော် အစည်းအဝေး အစီအစဉ်များအရ သိရသည်။

The Voice Weekly
ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီသည် ၎င်းတို့ ပယ်ဖျက်ထားသော သတင်းမီဒီယာဥပဒေမှ ပုဒ်မနှစ်ခုကို ပြန်လည် ထည့်သွင်း၍ နိုဝင်ဘာလ ၄ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ကြောင်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။

အသက် ၁၈ နှစ်မပြည့်သေးလျှင် မဖတ်ပါနှင့်၊ ကိုယ်ဝန်ရခြင်း

 
ဆရာရှင့်
နားနဲ့ မနာ ဖ၀ါးနဲ့ နာပါ၊ ကျွန်မက အသက် ၂၂ ရှိပြီဖြစ်တဲ့ အပျိုပါ၊ ကျောင်းသူပါ ဆရာရဲ့ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ ဆိုတာတွေလည်း ဖတ်ပြီးပါပြီ အလွန် ဗဟုသုတ ရပါတယ်၊ ကျွန်မ သိချင်တာလေး မေးပါရစေ။

ဘာသာရေးပွဲတော်များအတွက် လုံခြုံရေးတိုးမြှင့်မပေးနိုင်ဟု ရန်ကုန်လုံခြုံရေးဝန်ကြီးပြော

ရဲတပ်ဖွဲ့အင်အား အလုံလောက်မရှိ အကြောင်းပြချက်ဖြင့် ရန်ကုန်တိုင်းအတွင်း ဘာသာရေး ပွဲတော်များ ပြုလုပ်ရာတွင် လုံခြုံရေးအင်အားတိုးမြှင့် ချထားပေးနိုင်မည်မဟုတ်ဟု ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးတင်ဝင်းက နိုဝင်ဘာ ၅ ရက် တိုင်းလွှတ်တော် အစည်းအဝေးတွင် ပြောကြားလိုက်သည်။

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးတလျှောက် တစ်နှစ်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၁၀၀ ဦးထိရှိ

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးတွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၁၀၀ ထိရှိသည်ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး ဒုရဲအုပ်ဦးစိုးဝင်းက မဇ္ဈိမ ကို ပြောကြားလိုက်သည်။

ဂျကာတာ မြန်မာသံရုံး တိုက်ခိုက်ဖို့ကြိုးပမ်းသူ ရုံးတင်စစ်



Photo: ဂျကာတာ မြန်မာသံရုံး တိုက်ခိုက်ဖို့ကြိုးပမ်းသူ ရုံးတင်စစ်
Thursday, November 7, 2013

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာရှိတဲ့ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့သူအဖြစ် စွပ်စွဲခံထားရသူ ၁ ဦးကို သေဒဏ်အထိ အပြစ်ပေး
ခံရနိုင်တဲ့ အကြမ်းဖက်တိုက်ခိုက်မှု အပါအ၀င် တခြားစွပ်စွဲချက်တွေနဲ့ ဒီကနေ့ပဲ ရုံးတင်စစ်ဆေးခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိ အင်ဒိုနီးရှား နိုင်ငံသား Separiano ဆိုသူနဲ့အတူ နောက်ထပ် ၄ ယောက်တို့ဟာ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မူဆလင်တွေ ဖိနှိပ်ခံနေရတာကို မကျေနပ်လို့ လက်တုံ့ပြန် တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြတာ ဖြစ်တဲ့အကြောင်း တရားလို ရှေ့နေတွေက ပြောဆို
ခဲ့ကြတာပါ။

ဖမ်းဆီးခံထားရတဲ့ နောက်ထပ် ၄ ယောက်ကိုလည်း ဒီတပတ်ထဲမှာပဲ ရုံးတင်စစ်ဆေးဖို့ စီစဉ်ထားပါတယ်။ အခုစတင် ရုံးထုတ်ခဲ့တဲ့သူနဲ့
နောက်တယောက်တို့ဟာ ဂျကာတာမြို့တော်က မြန်မာသံရုံးကို ဦးတည်ပြီး မော်တော်ဆိုင်ကယ် တစင်းနဲ့ သွားနေတုန်း ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ကပဲ အာဏာပိုင်တွေက ဖမ်းဆီးမိခဲ့တာ ဖြစ်တဲ့အကြောင်းလည်း ရဲတပ်ဖွဲ့က ပြောဆိုထားတာပါ။

ဖမ်းမိတဲ့ အချိန်မှာ ကျောပိုးအိပ်ထဲက လက်လုပ်ဗုံး ၅ လုံး တွေ့ရှိခဲ့ရ
သလို၊ နောက်ပိုင်း သူတို့ငှားထားတဲ့ ဂျကာတာမြို့က အိမ်မှာလည်း
ဖောက်ခွဲရေး ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က ဆက်နွယ်သူတွေကို ဆက်လက် စုံစမ်းရာမှာ အဓိက ကြိုးကိုင်စီစဉ်သူအဖြစ် စွပ်စွဲခံထားရသူတဦး အပါအ၀င် သံသယရှိသူ ၃ ယောက်ကိုလည်း ထပ်မံ ဖမ်းဆီးခဲ့တာပါ။

VOA
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာရှိတဲ့ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့သူအဖြစ် စွပ်စွဲခံထားရသူ ၁ ဦးကို သေဒဏ်အထိ အပြစ်ပေး ခံရနိုင်တဲ့ အကြမ်းဖက်တိုက်ခိုက်မှု အပါအ၀င် တခြားစွပ်စွဲချက်တွေနဲ့ ဒီကနေ့ပဲ ရုံးတင်စစ်ဆေး ခဲ့ပါတယ်။

မုံရွာပြည်သူ့ ဆေးရုံကြီးတွင် အမျိုးသမီးလူနာ တစ်ဦးကို သွေးအုပ်စု မှားသွင်း

သားပျက်ကျ၍ ဆေးဝါးကုမှု ခံယူနေသော အသက် ၄၀ နှစ်အရွယ် အမျိုးသမီး လူနာတစ်ဦးကို စစ်ကိုင်းတိုင်း ဒေသကြီး၏ မြို့တော် မုံရွာ ပြည်သူဆေးရုံကြီးနှင့် ဒီပဲယင်းဆေးရုံ တို့တွင် စက်တင်ဘာလ ၁၆ရက်နေ့နှင့် ၁၇ရက်နေ့တို့က သွေး အုပ်စု မှားသွင်းခဲ့ကြောင်း မုံရွာ ပြည်သူ့ဆေးရုံကြီး ဓာတ်ခွဲခန်း ဌာနမှ တာဝန်ရှိ ဆရာဝန်ကြီး တစ်ဦးက ပြောကြားသည်။

သိမ်းဆည်းမြေများ တစ်နေ့ နှစ်မှု ဖြေရှင်းမည်ဆိုသော်လည်း လက်တွေ့တွင်မူ နှစ်လလျှင် အမှုငါးခုသာ ဖြေရှင်းနိုင်

သိမ်းဆည်းထားပြီး လယ်ယာမြေများကို ငွေရှင်ကြေးရှင်များက မြေစာရင်းလက်ဦးမှု ယူထားခြင်း များ ရှိနေ

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများအတွက် အစိုးရအဖွဲ့အဆင့်ဆင့်၏ ဖြေရှင်းဆောင် ရွက်မှုမှာ နှစ်လအတွင်း မြေဧက ၂,၀၀၀ နီးပါးသာ ဖြေရှင်းပြီးစီးသည်ဟု ပြည်ထောင်စု လွှတ်တော် သို့ အောက်တိုဘာ ၃၀ ရက်စွဲဖြင့် ပေးပို့သော နိုင်ငံတော်သမ္မတရုံး၏ အစီရင် ခံစာတွင် ဖေါ်ပြ ထားသည်။

တောင်ကြီး တန်ဆောင်တိုင် ပွဲတော်တွင် ဗုံးပေါက်ကွဲမှု မဖြစ်ပွားစေရန် လုံခြုံရေးအတွက် ကြိုတင်လေ့ကျင့်နေ

G.7.11
တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်းသစ်ကြီးတွင် လုံခြုံရေးအတွက် ဇာတ်တိုက် လေ့ကျင့်နေမှု ကို နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ်
နှစ်စဉ် ပြည်တွင်းခရီးသွား ဧည့်သည်များနှင့် ကမ္ဘာလှည့် ခရီးသွားဧည့်သည် အများဆုံး လာရောက်လည်ပတ်သည့် ရှမ်းပြည်နယ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပွဲတော်တွင် ဗုံးပေါက်ကွဲမှု များနှင့် ထိတ်လန့်မှုများ မဖြစ်ပွားစေရန် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များမှ ကြိုတင်လေ့ကျင်မှုများနှင့် CCTV ကင်မရာ ၄၁ လုံးကို တပ်ဆင်ထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းထွန်းက နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင်  ပြောကြားခဲ့သည်။

လားရှိုးမြို့ နယ်မြေမှူးကို ပြည်သူ ၉၂ ဦး တိုင်ကြား

မြန်မာ့ခေတ်

လားရှိုးမြို့ရှိ နယ်မြေမှူးတစ်ဦးသည် ရေဘေးသင့်ပြည်သူများထံ လှူဒါန်းထားငွေများ ငွေစာရင်းရှင်းတမ်း မထုတ်ပြန်ဟုဆိုကာ အရေးယူပေးရန် ရပ်ကွက်နေ ပြည်သူ ၉၂ ဦးက လက်မှတ်ထိုး တိုင်ကြားထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြောသည်။

မင်းဘူးက ဆရာတော် တပါး ရုပ်ကလာပ် ပျောက်ဆုံးမှု ဖြစ်ပွား

Photo: မင်းဘူးက ဆရာတော် တပါး ရုပ်ကလာပ် ပျောက်ဆုံးမှု ဖြစ်ပွား
Thursday, November 7, 2013

မကွေးတိုင်း မင်းဘူးမြို့နယ် နန်းတော်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင်
 နှစ်ပေါင်း ၃၀ ခန့် ထားရှိသော ဆရာတော် ဦးနန္ဒိယ ၏ ရုပ်ကလာပ်သည် လွန်ခဲ့သည့် သီတင်းပတ်အတွင်း ပျောက်ဆုံးသွားကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ဧရာဝတီ ကို ပြောသည်။“သော့ကတော့ ပိတ်ရက်သား ရှိတယ်။ သော့ ဖွင့်ကြည့်လိုက်တဲ့အခါ အဲဒီအထဲမှာ ထားတဲ့ ဆရာတော် ရုပ်ကလာပ် တခုလုံး မရှိတော့ဘူး”ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းသူ
က ပြောပြသည်။

ဆရာတော် ဦးနန္ဒိယသည် သက်တော် ၈၆ နှစ်၊ ၀ါတော် ၆၆ ၀ါ၊ ၁၉၈၃ ခု ဇန်န၀ါရီလ ၁၂ နေ့က ပျံလွန်တော် မူသွားခြင်းဖြစ်ပြီး ရုပ်ကလာပ် ကို မှန်ခေါင်းတလားဖြင့် ထားရှိခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ဆရာတော် ဦးနန္ဒိယ၏ ရုပ်ကလာပ်အား ဘုန်းကြီးကျောင်းအတွင်းရှိ ဓမ္မရိပ်သာတွင် ပကတိအတိုင်း ထားရှိ ကိုးကွယ်လာခဲ့ ရာ ဆေးစိမ်ခြင်းမရှိဘဲ ပုပ်သိုးခြင်းလည်း မရှိသည့် ရုပ်ကလာပ်တော်ဖြစ်ကြောင်း၊ ဘုရားဖူး ခရီးသည်များလည်း လာရောက် ဖူးမြော်လေ့ ရှိကြောင်း ဒေသခံများက ပြော
သည်။ နန်းတော်ကုန်း ကျေးရွာသည် လူဦးရေ ၂၀၀၀ ကျော် ရှိကြောင်း သိရ သည်။

အောက်တိုဘာ ၂၇ ၇က်နေ့က အဆိုပါကျောင်းတွင် ကထိန်ပွဲ ရှိကြောင်း၊ ဘုရားဖူးတချို့သွားရောက်ဖူးမြော်ရာတွင် ကျောင်း ဒကာ တဦးက ထိုနေ့က ရုပ်ကလာပ်၏ လက်တဘက် ပျောက်ဆုံးနေသည်ကို သတိထားမိ၍ ပြန်
လည် ပြောပြကြောင်း၊ ၂၇ ရက်နေ့ ညပိုင်းတွင် ဆရာတော်ကြီး၏ ရုပ်ကလာပ် တခုလုံး ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း ဦးဝင်းသူ က
 ပြောသည်။

“လက်တဘက် ပျောက်တာကို သိလိုက်တဲ့ သူက မပြောဘဲနဲ့ ထားလိုက်တာ၊ နောက်တနေ့ ၂၈ ရက်နေ့ မနက်ကျမှ သွားပြောတာ၊ လက်တဘက် ပျောက်သွားတဲ့ ၂၇ ရက်နေ့ ညပိုင်း ၁၁ နာရီ နောက်ပိုင်းမှာ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တခုလုံး ဘယ်အချိန် ပျောက်လို့ ပျောက်မှန်း မသိဘူး”ဟု သူက ဆိုသည်။

ယခုကဲ့သို့ ဆရာတော်ကြီး၏ ရုပ်ကလပ် ပျောက်ဆုံးသွား၍ ရဲစခန်း
တွင် ဂေါပက အဖွဲ့က အမှုဖွင့်ထားကြောင်းလည်း သိရသည်။
ရုပ်ကလာပ် ပျောက်ဆုံးမှုနှင့်ပတ်သက်၍ မင်းဘူး ရဲစခန်းက အတည်ပြုဖြေ
ကြားခဲ့သော်လည်း မည်သို့ ပျောက်ဆုံး သွားရ သည်ဆိုသည်ကိုမသိ
ရှိကြောင်းတာဝန်ကျ ဒု ရဲအုပ် ဇော်ကြီးက ဧရာဝတီကို ပြောသည်။“ကျနော်
က အခုမှ ပြောင်းလာတာဆိုတော့ ဘယ်လို ပျောက်ဆုံးသွားတယ် ဆိုတာတော့ ကျနော် မသိပါဘူး”ဟု သူက ဆိုသည်။

ဆရာတော် သက်ရှိထင်ရှားရှိစဉ် ကျေးရွာသူ၊ ရွာသားများက ဆရာတော်၏ သြ၀ါဒအတိုင်း လိုက်နာကျင့်သုံး နေထိုင်ကြကြောင်း၊ ဆရာတော်သည် စည်းကမ်းကြီးသူဖြစ်ပြီး အနီးတ၀ိုက် ဒေသများကလည်း အလွန်ရိုသေလေး
စား ကြည်ညိုကြကြောင်း သိရသည်။“ကျနော်တို့မှာ ဘယ်လိုမှ အစားထိုးလို့
မရတဲ့ ဆုံးရှုံးခြင်းပေါ့ဗျာ။ ဘယ်လိုမှ ပြန်မရတဲ့ ဆုံးရှုံးမှုမျိုး။ ဒီက ရွာသူ ရွာသားတွေက အကုန် ၀မ်းနည်း နေကြတာပေါ့ဗျာ”ဟု ဦးဝင်းသူက ပြော
ဆိုသည်။ဆရာတော်၏ ရုပ်ကလာပ်ကို မသမာသူ လောဘသားတချို့က ခိုးယူသွားသည်ဟု သံသယရှိကြောင်းလည်း သူက ဆက် ပြောသည်။

“ကျနော်တို့ကတော့ သူခိုး ခိုးတယ်လို့ပဲ ယူဆတယ်။ တချို့ လောကီ
သမားတွေက လောကီ အစီအမံတွေပေါ့၊ ကာယ သိဒ္ဓိ၊ ပီယ သိဒ္ဓိ တို့ ဘာတို့အတွက်များ ခိုးသွားသလားပေါ့။ ဒါမျိုးတွေကို တချို့ အခုအထိ ယုံကြည်နေကြသေးတာ”ဟု ဦးဝင်းသူ က ဆိုသည်။ ဆရာတော်၏ ရုပ်ကလပ် ပျောက်ဆုံးမှုသတင်းသည် ယခုအခါ မကွေးတိုင်း၊ မင်းဘူးနယ်တခွင်သာမက ပျံ့နှံ့နေပြီး လူအများ စိတ်ဝင်တစား ဖြစ်
ကြကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် ထိုကဲ့သို့ ပျံလွန်တော်မူသွားသည်တိုင် မပုပ်မသိုးဘဲရှိသည့် ဆရာတော်ကြီးများ၏ ရုပ်ကလာပ်တော် များစွာရှိရာ အထင်ရှားဆုံးတွင်
 မြင်းခြံ စွန်းလွန်းဂူကျောင်း ဆရာတော် ဦက၀ိ ၏ ရုပ်ကလာပ် အပါအ၀င်
 ဖြစ်သည်။

ဧရာဝတီ
မကွေးတိုင်း မင်းဘူးမြို့နယ် နန်းတော်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင်နှစ်ပေါင်း ၃၀ ခန့် ထားရှိသော ဆရာတော် ဦးနန္ဒိယ ၏ ရုပ်ကလာပ်သည် လွန်ခဲ့သည့် သီတင်းပတ် အတွင်း ပျောက်ဆုံး သွားကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ဧရာဝတီ ကို ပြောသည်။“သော့ကတော့ ပိတ်ရက်သား ရှိတယ်။ သော့ ဖွင့်ကြည့်လိုက်တဲ့အခါ အဲဒီအထဲမှာ ထားတဲ့ ဆရာတော် ရုပ်ကလာပ် တခုလုံး မရှိတော့ဘူး”ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းသူက ပြောပြသည်။

မြန်မာသံဃာတော်တစ်ပါး ဒဏ်ရာရရှိခဲ့သည့် ဗုဒ္ဓဂယာဗုံးခွဲမှု တရားခံပေါ်ပြီ

Times of Indian
မြန်မာသံဃာတော်တစ်ပါး ဒဏ်ရာရရှိခဲ့သည့် ဇူလိုင် ၇ ရက် ဗုဒ္ဓဂယာဗုံးပေါက်ကွဲမှုကို အိနိ္ဒယအမျိုးသား စုံစမ်းရေးအေဂျင်စီ (NIA)က ဖော်ထုတ်လိုက်နိုင်ပြီဟု အိန္ဒိယတိုင်းမ်သတင်းစာတွင် နိုဝင်ဘာ ၆ ရက်က ဖော်ပြထားသည်။

မြန်မာ့ကလေးငယ် ဖွံ့ဖြိုးရေးအတွက် အသုံးစရိတ်ပိုလျာထား UNICEF အကြံပေး


Photo: မြန်မာ့ကလေးငယ် ဖွံ့ဖြိုးရေးအတွက် အသုံးစရိတ်ပိုလျာထား UNICEF အကြံပေး
Thursday, November 7, 2013

မြန်မာနိုင်ငံမှာ သဘာဝသယံဇာတတွေကို ရောင်းချလို့ ရရှိတဲ့ ဘဏ္ဍာငွေတွေကို ခွဲဝေသုံးစွဲတဲ့နေရာမှာ ကလေးငယ်တွေအတွက် ဦးစားပေးဖို့ ကုလသမဂ္ဂရဲ့ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က တိုက်တွန်းလိုက်ပါတယ်။
 
ကလေးသူငယ်တွေအတွက် အစိုးရဘဏ္ဍာ ဘယ်လောက်သုံးစွဲတယ်ဆိုတာဟာ အဲ့ဒီနိုင်ငံက ကလေးတွေရဲ့ အခွင့်အရေးအပေါ် ဘယ်လောက် လိုလိုလားလား အာမခံမှုရှိသလဲ လုပ်ပေးနိုင်သလဲ ဆိုတာကို ပြသတာဖြစ်တယ်လို့ UNICEF ရဲ့ မြန်မာဌာနေကိုယ်စားလှယ် Mr. Bertrand Bainvel က ပြောပါတယ်။
 
သဘာဝအရင်းအမြစ်မှ လူ့စွမ်းအား အရင်းအမြစ်သို့ ဆိုတဲ့ အစီရင်ခံစာ ထုတ်ပြန်စဉ်မှာ သူက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြထားပါတယ်။
 
ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ မြန်မာနိုင်ငံမှာ သဘာဝ အရင်းအမြစ်တွေအပေါ် အလွန်အမင်း အားထားတဲ့ စီးပွားရေးကနေ လူသားအရင်းအမြစ်အပေါ် အားထားတဲ့ စီးပွားရေးအဖြစ် အသွင်ပြောင်းဖို့ အခုအချိန်ဟာ ကောင်းမွန်တဲ့ အခွင့်အလမ်း ဖြစ်တယ်လို့ အစီရင်ခံစာထုတ်ပြန်ပွဲမှာ UNICEF ရဲ့ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr. Bertrand Bainvel က ပြောလိုက်ပါတယ်။
 
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ပညာရေး၊ ကျန်းမာရေး အပါအဝင် ကဏ္ဍတချို့အတွက် ဖြည့်စွက် ဘဏ္ဍာငွေအတွက် လွှတ်တော်မှာ ဆွေးနွေးနေကြချိန်မှာ သဘာဝသယံဇာတတွေ ရောင်းချလို့ ရရှိတဲ့ထဲက ဘဏ္ဍာငွေ ခွဲဝေရေးမှာ ကလေးတွေအတွက်ကို အဓိက ဦးစားပေးသင့်တယ်လို့ UNICEF က တိုက်တွန်းခဲ့ပါတယ်။
 
“ကလေးတွေအတွက် ဘဏ္ဍာငွေ ဘယ်လောက် သုံးစွဲတယ်ဆိုတာဟာ အဲဒီနိုင်ငံက ကလေးသူငယ်တွေရဲ့ အခွင့်အရေးအပေါ်မှာ အလေးအနက်ထားဖို့ ဘယ်လောက် ဆန္ဒရှိတယ်၊ လုပ်နိုင်စွမ်းရှိတယ်ဆိုတာ ပြသတာဖြစ်ပါတယ်။ တကယ်တော့ ကလေးငယ်တွေအတွက် ရင်းနှီးမြှုပ်နှံတယ်ဆိုတာဟာ အနာဂတ်အတွက် သိပ်ကို အဓိကကျပါတယ်။ လူသားအရင်းအမြစ်တွေကို မြေတောင်မြှောက်တဲ့နေရာမှာ သိပ်ကို အဓိကကျပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ သိပ်ကိုအရေးပါတဲ့ မဟာဗျူဟာ ဖြစ်ပါတယ်။”
 
ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ ၂၀၁၂-၂၀၁၃ ဘတ်ဂျက်ကို သုံးသပ်ထားတဲ့ အစီရင်ခံစာနဲ့ သဘာဝအရင်းအမြစ်မှ လူ့စွမ်းအား အရင်းအမြစ်သို့ ဆိုတဲ့ အစီရင်ခံစာ ၂ စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
 
မြန်မာနိုင်ငံက ကလေးသူငယ်တွေအတွက် လက်တွေ့ကျပြီး ဖြစ်နိုင်တဲ့ လက်ငင်း အသုံးပြုနိုင်တဲ့ အရင်းအမြစ်တွေအကြောင်း ဖော်ပြသုံးသပ်ထားတဲ့ အစီရင်ခံစာမှာ သဘာဝဓာတ်ငွေ့ စီမံကိန်းသစ်ကနေ ရရှိတဲ့ ဝင်ငွေရဲ့ သုည ဒဿမ ၉ ရာခိုင်နှုန်းက မြန်မာနိုင်ငံတဝန်းလုံးက ကလေးတွေအတွက် တနှစ်စာ ကာကွယ်ဆေးတွေ ဝယ်ယူနိုင်တယ်လို့ ပြောထားပါတယ်။
 
သဘာဝဓာတ်ငွေ့ ၉ ရက်စာ ရောင်းချလို့ ရရှိတဲ့ ဝင်ငွေက မြန်မာတနိုင်ငံလုံးမှာရှိတဲ့ မူလတန်းကျောင်းတွေမှာ ဆရာ၊ ဆရာမ ၁ ယောက်ကို တနှစ်စာ တိုးမြှင့်ခန့်ထား နိုင်တယ်လို့လည်း ဆိုထားပါတယ်။ ဒါ့အပြင် သစ်မာထုတ်လုပ်ရောင်းချမှုအပေါ် အခွန် သုည ဒဿမ ၆ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခြင်းဖြင့် လူမှုရေးလုပ်သား ၆ ထောင်အတွက် တနှစ်လစာ ကာမိတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
 
သဘာဝအရင်းအမြစ်တွေ ရောင်းချမှုအပေါ် ဝင်ငွေ တိုးကောက်တာကနေ လူသားအရင်းအမြစ်အတွက် အကျိုး ရှိနိုင်တယ်ဆိုတာကိုလည်း UNICEF ဌာနေကိုယ်စားလှယ် Mr Bainvel က ပြောခဲ့ပါတယ်။
 
“မြန်မာနိုင်ငံကထွက်တဲ့ သဘာဝဓာတ်ငွေ့၊ သစ်နဲ့ ကျောက်စိမ်း စတာတွေကို ရောင်းချလို့ ရရှိတဲ့ ဝင်ငွေခွန်ကို အခုထက် နည်းနည်းလေးပဲ တိုးကောက်တယ်ဆိုရင်တောင်၊ အဲဒီဝင်ငွေနဲ့ လူသားအရင်းအမြစ်အတွက်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကလေးတွေအတွက် အစပြုလို့ လူသားအရင်းအမြစ်အတွက် ရင်းနှီးမြှုပ်နှံနိုင်မှာ ဖြစ်ပါတယ်။”
 
ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့အချိန်မှာ လူတိုင်းအပြောင်းအလဲကို ခံစားနိုင်ရေးအတွက် အစိုးရက လူမှုရေးကဏ္ဍတွေမှာ ဘဏ္ဍာငွေကို ဘယ်လို ခွဲဝေသုံးစွဲတယ်ဆိုတာ အရေးကြီးတယ်လို့လည်း သူက ပြောသွားပါတယ်။ သဘာဝ သယံဇာတတွေအပေါ် အလွန်အမင်း မှီခိုအားထားရတဲ့ စီးပွားရေးကနေ လူသားအရင်းအမြစ်အပေါ် အားထားနိုင်တဲ့ စီးပွားရေးအသွင်ပြောင်းဖို့ လက်ရှိ အပြောင်းအလဲတွေက တကယ့် အခွင့်အလမ်း ဖြစ်တယ်လို့လည်း UNICEF ဌာနေကိုယ်စားလှယ်က ပြောပါတယ်။
 
ကလေးငယ်တိုင်းဟာ သူတို့မှာရှိတဲ့ စွမ်းပကားအတိုင်း အစွမ်းကုန် ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ အခွင့်အလမ်း ရှိတာနဲ့အတူ ကလေးငယ်တွေအတွက် အသေအချာ ရင်းနှီးဖို့ဟာ အရေးကြီးတယ်။ မြန်မာနိုင်ငံက လူမှုရေးကဏ္ဍတွေမှာ အထူးသဖြင့် ကလေးတွေအတွက် ဘဏ္ဍာငွေကို သိသိသာသာ တိုးမြှင့် သုံးစွဲမယ်ဆိုရင် ပြန်လည်ရရှိမယ့် အကျိုးအမြတ်တွေဟာ သိပ်ကို များမှာဖြစ်ပါတယ်လို့ ဌာနေကိုယ်စားလှယ် Mr. Bertrand Bainvel က ပြောသွားပါတယ်။

ရဲ့ မြန်မာဌာနေကိုယ်စားလှယ် Mr. Bertrand Bainvel။ (ဓာတ်ပုံ-www.unicef.org)
VOA

မြန်မာနိုင်ငံမှာ သဘာဝသယံဇာတတွေကို ရောင်းချလို့ ရရှိတဲ့ ဘဏ္ဍာငွေတွေကို ခွဲဝေသုံးစွဲတဲ့နေရာမှာ ကလေးငယ်တွေအတွက် ဦးစားပေးဖို့ ကုလသမဂ္ဂရဲ့ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က တိုက်တွန်း လိုက်ပါတယ်။

လည်ချောင်းတွင် အရိုးဆူးပါလျှင်

လည်ချောင်းတွင် အရိုးဆူးပါလျှင်
Thursday, November 7, 2013

(၁) ရေများများသောက်ပါ။ ရေတွင် ဆားအနည်းငယ် ရောထည့်ပါ။ အရိုး တော်တော်များများသည် လည်ချောင်း မှအစာအိမ်သို့ ဆားကြောင့် နူးပျော့၍ အကုန်အကျမြန်မည်ဖြစ်သည်။

(၂)ထမင်းကို ထမင်းဆုပ်လုပ်၍ လည်းကောင်း၊ ငှက်ပျောသီး၊ ပေါင်မုန့်တို့ကို မြိုခြင်းကပ်နေသည့်နေရာ မှ အရိုးသည် အစာအိမ်သို့ ရောက်ရှိသွားပေမည်။ ဤသို့ မြိုပြီးတိုင်း ရေ(၁)ဖန်ခွက် သောက်ရန်မမေ့ပါ နှင့်။

(၃)ဗနီကာကို ရေတွင်ရော၍သောက်ပါ။ ဗနီကာတွင်ပါဝင်သော Acetic Acid က အရိုးကို ပျော့သွားစေပြီး လည်ချောင်းတွင်း၌ လွယ်ကူစွာ ကြေ ပျက်သွားသည်။

(၄)လိမ္မော်ရည် (သို့) သံပရာရည် သောက်ခြင်းသည်လည်း အရိုးကိုဖယ်ရှားပေးနိုင်သည်။ ယင်းတို့ထဲမှ citric acidက အရိုးကိုပျော့သွားစေနိုင်သည်။

(၅)သံလွင်ဆီကိုသောက်ပါ။ အရိုးက ချောပြီး လည်ချောင်းထဲမှ ထွက်သွားသည့်အပြင် အရိုးဆူးဒဏ်ကြောင့် လည်ချောင်းအထဲ၌ ထိခိုက်နာကျင်မှုကိုလည်း သက်သာစေသည်။

(၆)ယခုခေတ်တွင် coke အအေး အချို့ကို သောက်ခြင်းဖြင့် အရိုးပျော့သွားစေနိုင်သည်။

(၇)အဓိကအရေးကြီးသည့် အချက်မှာ လည်ချောင်း၏ အပြင်ဖက်မှ လည်ချောင်းကို နှိပ်နယ်ခြင်းမပြုပါနှင့်။

Health Updates Journal
(၁) ရေများများသောက်ပါ။ ရေတွင် ဆားအနည်းငယ် ရောထည့်ပါ။ အရိုး တော်တော်များများသည် လည်ချောင်း မှအစာအိမ်သို့ ဆားကြောင့် နူးပျော့၍ အကုန်အကျမြန်မည်ဖြစ်သည်။

လျှပ်စစ်မီတာခ လျော့ကျစေရေး ရန်ကုန်မြို့တွင် ဆန္ဒပြမှုများ ဖြစ်ပွား

H.7.11
လျှပ်စစ်မီတာခ လျော့ကျစေရေးအတွက် နိုဝင်ဘာ ၆ ရက်က ရန်ကုန်မြို့တွင် ဆန္ဒပြခဲ့သူ များကို တွေ့ ရစဉ်
လျှပ်စစ်မီတာခ လျော့ကျစေရေးအတွက် ရန်ကုန်မြို့တွင် နိုဝင်ဘာ ၆ ရက်က ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ထိုသို့ဆန္ဒပြမှုကို နိုဝင်ဘာ ၆ ရက် ညနေ ၄ နာရီခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ သိမ်ကြီးဈေးအနီး သိမ်တော်ကြီးအရှေ့တွင် စတင် ဆန္ဒဖော်ထုတ် ခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုမှ ကိုသိန်းအောင်မြင့် (အထက် မြန်မာပြည်တာဝန်ခံ) အပါအ၀င် ကိုတင်မောင်ကြည် (ရန်ကုန်တိုင်းတာဝန်ခံ)၊ ကိုဇေယျာလင်း (ပြန်ကြားရေးတာဝန်ခံ)၊ ကိုဇာနည် (နိုင်ငံခြားရေးရာ တာဝန်ခံ) နှင့် ကိုနောင်နောင်တို့ ငါးဦးပါဝင်ခဲ့ကာ ဆူးလေဘုရားအထိ လမ်းလျှာက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။

Miss Universe ပြိုင်ပွဲ Miss Photogenic ဆုအတွက် မဲပေးရွေးချယ်မှုစတင်ပြီး Top 8 စာရင်းတွင် မိုးစက်ဝိုင် ပါဝင်

C.30.10.2013
Miss Universe ပြိုင်ပွဲ၏ Miss Photogenic ဆုအတွက် မဲပေးရွေးချယ်မှု စတင်လျှက်ရှိပြီး Top 8 စာရင်းတွင် မြန်မာအလှမယ် မိုးစက်ဝိုင် ပါဝင်လျှက်ရှိသည်ဟု သတင်းရရှိသည်။ အဆိုပါ မဲပေးရွေးချယ်မှု၏ Top 8 စာရင်းမှာ မြန်မာ၊ ပိုလန်၊ အင်ဒိုနီးရှား၊ ဟေတီ၊ ကိုလံဘီယာ၊ ဖိလစ်ပိုင်၊ အင်္ဂလန်၊ နီကာရာဂွါနိုင်ငံတို့ ဖြစ်သည်ဟု သိရသည်။ ထို့အပြင် Miss Universe ပြိုင်ပွဲ၏ တရားဝင် မဲပေးရွေးချယ်မှုအတွက်လည်း မိမိ၏ အီးမေးလ်လိပ်စာနှင့် နိုင်ငံတို့ကို ဖြည့်စွက်ကာ မဲပေးရွေးချယ်နိုင်သည်ဟု သိရသည်။ မဲပေးရွေးချယ်မှုများကို အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၈ ရက်အထိ သတ်မှတ်ထားသည်ဟု သိရသည်။

သမ္မတဦးသိန်းစိန် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သော တောင်ငူမြို့သို့ သွားရောက်

သမ္မတဦးသိန်းစိန်သည် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သော  ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၏ အခြေအနေများ သိရှိနိုင်ရန် တောင်ငူမြို့ (ကေတုမတီမြို့သစ်) သို့ နိုဝင်ဘာ ၆ ရက် ညနေ ၃ နာရီတွင် နေပြည်တော်မှ ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။

မဟာသန္တိသုခ ကျောင်းတိုက်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားလျက်ရှိရာ ပီနန်ဆရာတော်ကြီးက သံဃမဟာနာယကအဖွဲ့အား တရားစွဲမည် ဟုဆို

M.7.11
ပီနန်ဆရာတော်ကြီးက မဟာသန္တိသုခဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍  ရှင်းလင်းပွဲ ပြုလုပ်နေစဉ်
မဟာသန္တိသုခ ကျောင်းတိုက်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ သံဃမဟာနာယကအဖွဲ့နှင့် ပီနန်ဆရာတော်ကြီး တို့အကြား အငြင်းပွားလျက်ရှိရာ ပီနန်ဆရာတော်ကြီးက သံဃမဟာ နာယကအဖွဲ့အား တရားဥပဒေကြောင်းအရ တရားစွဲဆို သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၆ ရက်က မဟာသန္တိသုခကျောင်းတိုက်တွင် ပြုလုပ်သည့် ပီနန်ဆရာတော်ကြီးမှ ကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။