Sunday, June 9, 2013

ကမ္ဘာ့ တတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ ပြည်တွင်းသို့ဝင်

Photo: ကမ္ဘာ့ တတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ ပြည်တွင်းသို့ဝင်
Sunday, June 9, 2013

ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံး ဆက်သွယ်ရေး အော်ပရေတာကုမ္ပဏီ
ဖြစ်သည့် တရုတ်နိုင်ငံ အခြေစိုက် China Unicom သည် လုပ်ငန်းများ လုပ်ကိုင်ရန် ပြည်တွင်းသို့ ဝင်ရောက်လာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ထံမှ သိရသည်။

ယင်းကုမ္ပဏီသည် China Unicom (MYA) Operations Co.,Ltd. အမည် ဖြင့် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်မည့် ကုမ္ပဏီအဖြစ် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံ ယခုလအတွင်း မှတ်ပုံတင်ခဲ့သည်။

China Unicom ကုမ္ပဏီသည် ယခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံမှ အသစ် ထပ်မံ ချိတ်ဆက်မည့် SE-ME-WE 5 ဖိုက်ဘာ အင်တာနက် ဆက်ကြောင်းသစ်ကို ငါးလကြာ တာဝန်ယူ တည်ဆောက် အကောင်အထည် ဖော်မည့် ကုမ္ပဏီ ဖြစ်ပြီး အဆိုပါ စီမံကိန်းသည် အမေရိကန်ဒေါ်လာ သန်း ၄၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

စက်ပစ္စည်းပိုင်းနှင့် ကေဘယ်လ်ပိုင်းကို အဆိုပါ ကုမ္ပဏီက အပြည့်အဝ ပိုင်ဆိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ မြေနေရာနှင့် စက်စခန်းများကို အသုံးပြုရမည် ဖြစ်သောကြောင့် ပိုင်ဆိုင်မှုမှာ တစ်ဝက်စီသာ
ဖြစ်သည်ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက The Voice သို့ ယမန်နှစ်က ပြောကြားဖူးသည်။

နိုင်ငံပေါင်း ၁၈ နိုင်ငံက ချိတ်ဆက် အသုံးပြုမည့် ဖိုက်ဘာ အင်တာနက် ဆက်ကြောင်းသည် မူဆယ်-မန္တလေး-ရန်ကုန်-ပုသိမ်-ချောင်းသာ တို့ကို ဖြတ်သန်း ဆက်သွယ် တည်ဆောက်သွားမည် ဖြစ်ပြီး ပုသိမ်မြို့တွင်လည်း ပြည်ပ ဆက်သွယ်ရေး စခန်းသစ်တစ်ခု တည်ဆောက်မည် ဖြစ်သည်ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ ရုံးချုပ် အခြေစိုက် ပြည်ပ ဆက်သွယ်ရေးစခန်းမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံက အသုံးပြုနေသည့် သက်တမ်းနှစ် ၃၀ သတ်မှတ် ထားသော SE-ME-WE 3 အင်တာနက် ဆက်ကြောင်းသည် နှစ် ၂၀ ခန့် သက်တမ်း ရှိနေပြီ ဖြစ်ပြီး နိုင်ငံပေါင်း ၃၄ နိုင်ငံက ချိတ်ဆက် အသုံးပြုနေသည်။

တရုတ် အစိုးရက ပိုင်ဆိုင်ထားသော China Unicom ကုမ္ပဏီသည်
ဘေဂျင်းမြို့တွင် အခြေစိုက် ထားပြီး ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီ ဖြစ်သည်။

The Voice Weekly
ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ဆက်သွယ်ရေး အော်ပရေတာကုမ္ပဏီ ဖြစ်သည့် တရုတ်နိုင်ငံ အခြေစိုက် China Unicom သည် လုပ်ငန်းများ လုပ်ကိုင်ရန် ပြည်တွင်းသို့ ဝင်ရောက်လာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ထံမှ သိရသည်။

မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ ထားမှုကို ILO ရုတ်သိမ်းမည်

Photo: မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ ထားမှုကို ILO ရုတ်သိမ်းမည်
Sunday, June 9, 2013

မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့ထားမှု (Sanction) မှ ရုတ်သိမ်းရန် ယခု ကျင်းပနေသော အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) အစည်းအဝေးမှ နက်ဖြန် ဇွန်လ (၁၀) ရက်နေ့တွင် ဆုံးဖြတ်ရန် ရှိသည်ဟု ILO အစည်းအဝေးကို တက်ရောက်နေသော မြန်မာနိုင်ငံ တောင်သူ လယ်သမားများနှင့် စိုက်ပျိုးရေး အလုပ်သမားများ အဖွဲ့ချုပ် ဥက္ကဌဒေါ်သန်းသန်းဌေးက ဆိုပါသည်။

“ မြန်မာနိုင်ငံရဲ့ (Sanction) ကို ဖြုတ်ဖို့ (၁၀) ရက်နေ့မှာ တောင်းဆိုမယ်။ လက်ရှိ ကတော့ အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရ ကိုယ်စားလှယ်တွေ သဘောထား တထပ်တည်း ရှိနေတယ်။ ဒါကြောင့် (၁၃/၁၄) ရက်မှာ ဖြုတ်ဖို့ ရှိပါတယ်။ILO ဖက်ကလည်း (Sanction) ကို ဖြုတ်စေချင်ပြီး။ ဒါမှနိုင်ငံ တကာက စီပွားရေး လုပ်ငန်းရှင် အားလုံး ကျမတို့နဲ့ ဆက်စပ်ပြီး အလုပ်လုပ်ကြ မယ် ဆိုရင် အနည်းဆုံးတော့ အလုပ်သမားတွေ အလုပ်လက်မဲ့ မဖြစ်တော့ဘူးပေါ့။ စနစ်တကျလည်း ရှိသွားတာပေါ့။” ဟုဆိုပါသည်။

မြန်မာနိုင်ငံ အရေးကို ဇွန်လ၁၀ရက်မှ ၁၄ ရက်အတွင်း ဆွေးနွေးကြမည်ဖြစ် သည်။ မြန်မာနိုင်ငံတွင် စီးပွားရေး ပိတ်ဆို့မှု အပြင်လျှပ်စစ်မီး မလုံလောက်မှု ၊ ဆိပ်ကမ်းနှင့်လမ်းပမ်း ဆက်သွယ်မှုအားနည်းခြင်း၊ ဆက်သွယ်ရေးနှင့် စာတိုက်ကြေးနန်း လုပ်ငန်းများ၊ ဘဏ်စနစ်များ အားနည်းခြင်း တို့ကြောင့်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆိုင်းငံ့ ထားသလို ဖြစ်နေပါသည်။

လက်ရှိတွင် ဤကဏ္ဍများ တိုးတက်လာရန် ပြင်ဆင် တည်ဆောက်နေပြီး ဖြစ် သလို နိုင်ငံရေးအရ စီးပွားရေး ပိတ်ဆို့မှုများပါ ရပ်တန့် သွားခဲ့သော်လည်း တိုင်းပြည်သည် ဒီမိုကရေစီစနစ်ကို အခြေခံသော အုပ်ချုပ်ရေး စနစ် ရှိပါမှတိုးတက် ပေလိမ့်မည်ဖြစ်သည်။

ဤသို့ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အပါအ၀င် အစိုးရ စီမံကိန်းများ သည် ပွင့်လင်း မြင်သာမှုကို အခြေခံပါမှ တိုးတက်ပြောင်းလဲရာတွင် အနှောင့်အယှက် မရှိဘဲ အောင်မြင်နိုင်မည်ဖြစ်ပါသည်။

“ မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ဘဏ်ကိစ္စ၊ လမ်းပမ်း ဆက်သွယ်ရေး ကိစ္စတွေက အဆင်သင့် မဖြစ်သေးဘူးလေ၊ ဒါကြောင့်နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေနဲ့ ပါတ်သက်လို့ကျမ သဘောထား ကတော့ ပွင့်လင်းမြင် သာမှုဖြစ်အောင် ကြိုးစားရမယ့်။တိတိကျကျ အချက်အလက်တွေ ကြိုတင် တွက်ဆပြီး စာချုပ်ချုပ်ဖို့ လိုတယ်။ ဖြစ်လာမယ့် ကောင်းကျိုး ဆိုးကျိုးကို ကြိုတင် တွက်ဆပြီး ချပြဖို့ လိုပါတယ်။” ဟု ဒေါ်သန်းသန်းဌေးက ဆိုပါသည်။

နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရ ကိုယ်စားလှယ်များသည် မြန်မာ အလုပ်သမား ကိုယ်စားလှယ် အဖွဲ့ကို သီးခြားတွေ့ဆုံခြင်း၊ ညစား အတူစားရန် ကမ်းလှမ်းခြင်း များဖြင့် မိတ်ဆက်ကြပါသည်။ အထူးသဖြင့် အိုင်အယ်အို အရာရှိများပါ ကြိုဆိုကြပါသည်။

ဒေါ်သန်းသန်းဌေးသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော လွတ်လပ်သည့် တရားဝင် အလုပ်သမား ကိုယ်စားလှယ်ဖြစ်ပါသည်။ သူသည်ပထမ ဦးဆုံးသော ILO ညီလာခံ ကိုယ်စားလှယ် အဖြစ် တက်ရောက်နိုင်ခဲ့ သူဖြစ်ပြီး၂၀၁၃ခုနှစ်ဧပြီလ (၂၉) ရက်နေ့တွင် ကျင်းပသော မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား (Forum) အစည်းအဝေးမှ ရွေးချယ် ခဲ့သူဖြစ်ပါသည်။

ILO အစည်းအဝေးသည် ဇွန်လ ၄ ရက်နေ့မှ စတင်ခဲ့ပြီး မြန်မာ့ အရေးကို ဇွန် (၁၀) ရက်မှ (၁၄) ရက်နေ့ အထိ ဆွေးနွေး ကြမည်ဖြစ်ပါသည်။ ILO သည် အလုပ်သမားအရေးကို ပိတ်ပင် ထားခဲ့မှုကြောင့် (၂၀၀၀) ခုနှစ်တွင် မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့ခဲ့ပါသည်။ မြန်မာ အစိုးရသည် ILO တောင်းဆိုခဲ့သော အလုပ်သမား ဥပဒေကို (၂၀၁၁) အောက်တိုဘာ လတွင် ရေးဆွဲ အတည်ပြု ပြဌာန်းပြီး နည်းဥပဒေကို (၂၀၁၂) ခုနှစ် ဇန္နာဝါရီလတွင် ထုတ်ပြန်နိုင်ခဲ့ပါသည်။

ဤသို့ကြောင့် ILO သည် မြန်မာ အစိုးရ၏ အပြုသဘောဆောင် တိုးတက်မှုများ ဖြစ်လာခဲ့သည့် အတွက် အကျိုးဆက် အားဖြင့် စီးပွားရေး ပိတ်ဆို့ထားမှုကို ယခုကဲ့သို့ ကင်းလွတ်ခွင့် ပေးခဲ့ခြင်း ဖြစ်ပါသည်။ ကင်းလွတ်ခွင့် ပေးရာတွင်လည်း နိုင်ငံတကာ စံနှုန်းနှင့်အညီ နိုင်ငံတကာ အလုပ်ရှင် အလုပ်သမားနှင့် အစိုးရ ကိုယ်စားလှယ်များက ပါဝင်သည့် ILO တွင် ဆုံးဖြတ်ရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့စဉ် တုန်းကလည်း ဤကဲ့သို့ နိုင်ငံတကာ အလုပ်ရှင် အလုပ်သမားနှင့် အစိုးရ ကိုယ်စား လှယ်များက ဆုံးဖြတ်ခဲ့ ပါသည်။
ရွှေဟင်္သာ
မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့ထားမှု (Sanction) မှ ရုတ်သိမ်းရန် ယခု ကျင်းပနေသော အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) အစည်းအဝေးမှ နက်ဖြန် ဇွန်လ (၁၀) ရက်နေ့တွင် ဆုံးဖြတ်ရန် ရှိသည်ဟု ILO အစည်းအဝေးကို တက်ရောက်နေသော မြန်မာနိုင်ငံ တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေး အလုပ်သမားများ အဖွဲ့ချုပ် ဥက္ကဌဒေါ်သန်းသန်းဌေးက ဆိုပါသည်။

ဦးသိန်းစိန်နဲ့ ဆွေးနွေးဖို့ SSA(တောင်ပိုင်း)ခေါင်းဆောင် နဲ့ အဖွဲ့ နေပြည်တော် ထွက်ခွာ

နေပြည်တော်မှာ သမ္မတဦးသိန်းစိန် တွေ့ဆုံဆွေးနွေးဖို့ ရှမ်းပြည် တိုးတက်ရေးပါတီ RCSS ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့ ရှမ်းပြည်တောင်ပိုင်းတပ်မတော် SSA တောင်ပိုင်းက အဖွဲ့ဝင် ၂၀ ကျော်ဟာ ဒီကနေ့ ဇွန်လ ၉ ရက်နေ့မှာ ထိုင်း-မြန်မာ နယ်စပ်ကတဆင့် တာချီလိတ်မြို့ ကနေ လေယာဉ် ခရီးနဲ့ ထွက်ခွာသွားကြောင်း သိရပါတယ်။

တရုတ်နဲ့အမေရိကန်သမ္မတ အင်တာနက်တိုက်ခိုက်မှု ကာကွယ်ရေး သဘောတူ

Photo: တရုတ်နဲ့အမေရိကန်သမ္မတ အင်တာနက်တိုက်ခိုက်မှု ကာကွယ်ရေး သဘောတူ
Sunday, June 9, 2013

Cybersecurity အင်တာနက်ကွန်ယက်တွေလုံခြုံရေး၊ မြောက်ကိုရီးယား အရေးကိစ္စနဲ့ ရာသီဥတုပြောင်းလဲလာမှုအကြောင်းတွေကို ဆွေးနွေးကြတဲ့ အမေရိကန်သမ္မတနဲ့ တရုတ်သမ္မတတို့ရဲ့ ၂ ရက်ကြာဆွေးနွေးပွဲဟာ စနေနေ့က ပြီးဆုံးသွားပါပြီ။

တရုတ်အမေရိကန် အနာဂါတ်ဆက်ဆံရေးအတွက် အင်တာနက်ကွန် ယက်တွေ လုံခြုံရေးနဲ့ပတ်သက်တဲ့ သဘောထားကွဲမှုတွေကို ဖြေရှင်းဖို့ဟာ အဓိက ဖြစ်တယ်ဆိုတာကို သမ္မတအိုဘားမားနဲ့ သမ္မတရှီကျင်ပင်းတို့ သဘောတူခဲ့ကြတယ်လို့ အမျိုးသားလုံခြုံရေးရာအကြံပေး Tom Donilon က သတင်းထောက်တွေကိုပြော ပါတယ်။ မြောက်ကိုရီးယားနဲ့ ပတ်သက် လို့တော့ မြောက်ကိုရီးယားအနေနဲ့ နျူကလီယား လက်နက် အစီအစဉ်ကို စွန့်လွှတ်ရမယ်ဆိုတာ ခေါင်းဆောင် ၂ ယောက် သဘောတူခဲ့ကြ တယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားကို နျူကလီယား လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံအဖြစ် အမေရိကန်အစိုးရလိုပဲ တရုတ်အစိုးရကလည်း လက်မခံနိုင်ဘူးဆိုတာကို တရုတ်သမ္မတက အမေရိကန်သမ္မတကို အသိပေးခဲ့တယ်လို့ အမေရိကန် အမျိုးသားအကြံပေး Tom Donilon ကရော တရုတ်နိုင်ငံေ တာ် ကောင်စီဝင် Yang Jiechi က ပါပြောပါတယ်။

အမေရိကန်ပြည်ထောင်စု California ပြည်နယ်မှာ ၂ ရက်ကြာခေါင်းဆောင် ၂ ယောက်ရဲ့ ဆွေးနွေးပွဲအတွင်းမှာ ကမ္ဘာကြီးပူနွေးစေတဲ့ ဖန်လုံ အိမ် ဓာတ်ငွေ့တွေ ထုတ်လွှတ်မှုကို လျှော့ချရးအတွက် ပူးပေါင်း အားထုတ် သွားကြဖို့ကိုလည်း သဘောတူခဲ့ကြတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

VOA
Cybersecurity အင်တာနက်ကွန်ယက်တွေလုံခြုံရေး၊ မြောက်ကိုရီးယားအရေးကိစ္စနဲ့ ရာသီဥတုပြောင်းလဲ လာမှု အကြောင်းတွေကို ဆွေးနွေးကြတဲ့ အမေရိကန်သမ္မတနဲ့ တရုတ်သမ္မတတို့ရဲ့ ၂ ရက်ကြာဆွေးနွေး ပွဲဟာ စနေနေ့က ပြီးဆုံးသွားပါပြီ။

တောင်ကြီးမြို့၌ လျှပ်စစ် အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

Photo: တောင်ကြီးမြို့၌ လျှပ်စစ် အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

9.6.2013

ရှမ်းပြည်နယ် တောင်ကြီးမြို့ ကန်ရှေ့ရပ်ကွက် သံလွင်လမ်း၌ ယမန်နေ့ ညနေ ၃ နာရီခွဲက တောင်ကြီးမြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ရုံးက လျှပ်စစ် အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်သည်။

အဆိုပါ လျှပ်စစ် အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တောင်ကြီးမြို့နယ် လျှပ်စစ် အင်ဂျင်နီ ယာရုံး မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးနိုင်လင်းနှင့် လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းများက ကွန်ကရစ် ဓာတ်တိုင် အသစ်များ လဲလှယ်ခြင်း၊ သံလက်ရန်းများ လဲလှယ်ခြင်း၊ ကြွေဖူးများ လဲလှယ်ခြင်းနှင့် ဝါယာကြိုး အသစ်များ လဲလှယ်ခြင်း လုပ်ငန်းများ ကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြ၀တီ
ရှမ်းပြည်နယ် တောင်ကြီးမြို့ ကန်ရှေ့ရပ်ကွက် သံလွင်လမ်း၌ ယမန်နေ့ ညနေ ၃ နာရီခွဲ က တောင်ကြီးမြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ရုံးက လျှပ်စစ် အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်သည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မွန်ပြည်နယ် (၅)နှစ်ဆက်တိုက် ပထမ

 Photo: တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မွန်ပြည်နယ် (၅)နှစ်ဆက်တိုက် ပထမ

မွန်ပြည်နယ်-ဇွန်၉

ဇွန် ၈ ရက် ကထုတ်ပြန်ခဲ့သော၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်တွင်မွန်ပြည်နယ်၏
 တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်မှုသည် (၅)နှစ်ဆက်တိုက် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ပထမ ရရှိခဲ့ကြောင်းသိရသည်။ 
၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် မွန်ပြည်နယ် အနေဖြင့် အောင်ချက် ရာခိုင်နှုန်း 
၄၇ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် မြန်မာတစ်နိုင်ငံ လုံးတွင် ပထမရရှိခဲ့ခြင်းဖြစ်သည်။့HTOO
ဇွန် ၈ ရက် ကထုတ်ပြန်ခဲ့သော၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်တွင်မွန်ပြည်နယ်၏
တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်မှုသည် (၅)နှစ်ဆက်တိုက် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ပထမ ရရှိခဲ့ကြောင်းသိရသည်။

ငြိမ်းချမ်းေ ရးစိန်ခေါ်သံ လမ်းလျောက် ဆုတောင်းပွဲ

 Photo
ရန်ကုန်-ဇွန်၉ ငြိမ်းချမ်းရေးစိန်ခေါ်သံ လမ်းလျောက်ဆုတောင်းပွဲကို လူပေါင်း၁၅၀ကျော်ပါဝင်ဆုတောင်း လမ်းလျောက်ခဲ့သည်။

ပြင်ဦးလွင်

 
Photo: ပြင်ဦးလွင်-ဇွန်လ၉

ဒေါ်အောင်ဆန်းစုကြည်သည် ပြင်ဦးလွင်လူထုတွေ့ဆုံပွဲကို 
မဟာအံ့ထူးကံသာမီးပုံးပျံကွင်းတွင် ယနေ့ညနေ၃နာရီတွင်ဟောပြောမည်
ဟုသိရသည်။
ပြင်ဦးလွင်ရာသီဥတုမှာ မိုးတိတ်သွားပြီဟုသိရသည်။

ဓါတ်ပုံ၊နေကွန်းထင်၊စိုင်းလမင်း
ဒေါ်အောင်ဆန်းစုကြည်သည် ပြင်ဦးလွင်လူထုတွေ့ဆုံပွဲကို
မဟာအံ့ထူးကံသာမီးပုံးပျံကွင်းတွင် ယနေ့ညနေ၃နာရီတွင်ဟောပြောမည်
ဟုသိရသည်။

စာမေးပွဲ အောင်စာရင်း ကြည့်ရင်း ကျောင်းသူတစ်ဦး လဲကျသေဆုံး

တနသာင်္ရီတိုင်း ဒေသကြီး ထားဝယ်မြို့ ရှိ အ.ထ.က (၁)တွင် ဇွန် ၈ ရက် နံနက်က ထုတ်ပြန်ခဲ့သော တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို လာရောက်ကြည့်ရှုရင်း ကျောင်းသူတစ် ဦး နှလုံးရော ဂါကြောင့် လဲကျသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

နောက်ကွယ်မှ ကြိုးကိုင်မှု များကြောင့် ပြန်လည်နေရာ ချထားရေး ကိစ္စများတွင် ဘင်္ဂါလီများ၏ ငြင်းဆန်မှုကို ရင်ဆိုင်နေရ

bangalis-june9

နောက်ကွယ်မှ ကြိုးကိုင်မှုများကြောင့် ပြန်လည်နေရာ ချထားရေး ကိစ္စများတွင် ဘင်္ဂါလီများ၏ ငြင်းဆန်မှုကို မကြာခဏ ရင်ဆိုင်နေရပြီး လုပ်ငန်းများ အောင်မြင်မှု မရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

မူဆယ်လူဝင်မှု ကြီးကြပ်ရေး ဂိတ်ပေါက်များမှ တစ်ဆင့် တရုတ်နိုင်ငံသို့ နေ့စဉ်ပျမ်းမျှ လူဦးရေ ၆၀၀၀ ကျော် ထွက်ခွာလျက်ရှိ

Photo: မူဆယ်လူဝင်မှု ကြီးကြပ်ရေး ဂိတ်ပေါက်များမှ တစ်ဆင့် တရုတ်နိုင်ငံသို့ နေ့စဉ်ပျမ်းမျှ လူဦးရေ ၆၀၀၀ ကျော် ထွက်ခွာလျက်ရှိ

9.6.2013

မူဆယ်ခရိုင်ရှိ လူဝင်မှု ကြီးကြပ်ရေး ဂိတ်ပေါက်များမှတစ်ဆင့် တရုတ်နိုင်ငံသို့ နေ့စဉ်ပျမ်းမျှ လူဦးရေ ၆၀၀၀ ကျော်မှ ၇၀၀၀ ကြား ထွက်ခွာလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ မူဆယ်ခရိုင် ဦးစီးအရာရှိ ဦးမင်းဆွေက ပြောကြားခဲ့သည်။

"ကျွန်တော်တို့ မူဆယ်ဒေသမှာ နန်းတော်ဂိတ် အပါအ၀င် ကင်းစခန်းပေါင်း လေးခုရှိပါတယ်။ ယာယီဖြတ်သန်းခွင့် လက်မှတ်နဲ့ တရုတ်နိုင်ငံကို သွားလို့ရတဲ့ ဂိတ်ပေါက်ဆိုရင် ရှစ်ခုလောက် ဖွင့်ထားပါတယ်။ ကင်းစခန်း အားလုံးပေါင်းမှာ Border Pass နဲ့ရော Temporary Border Pass နဲ့ရော နေ့စဉ်ပျမ်းမျှ လူဦးရေ ၆၀၀၀ ကနေ ၇၀၀၀ ကြား တရုတ်ပြည်ကို ထွက်ခွာလျက် ရှိနေပါတယ်။ တရုတ်ဘက်ကနေ ၀င်ရောက်တာတော့ နေ့စဉ်ပျမ်းမျှ ၄၀၀ ကနေ ၅၀၀ ကြားပဲ ၀င်ပါတယ်" ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ မူဆယ်ခရိုင် ဦးစီးအရာရှိ ဦးမင်းဆွေက ပြောကြားခဲ့သည်။ ၎င်းတို့အနက်မှ အများစုသည် ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ်ဖြင့် တရုတ်နိုင်ငံ ရွှေလီမြို့တွင် သွားရောက်အလုပ် လုပ်ကိုင်ကြသူများဖြစ်ကြောင်း သိရှိရသည်။

ယာယီဖြတ်သန်းခွင့် လက်မှတ်နဲ့ တရုတ်နိုင်ငံကို သွားလို့ရတဲ့ ဂိတ်ပေါက်ဆိုရင် ရှစ်ခုလောက် ဖွင့်ထားပါတယ်။ ကင်းစခန်း အားလုံးပေါင်းမှာ Border Pass နဲ့ရော Temporary Border Pass နဲ့ရော နေ့စဉ်ပျမ်းမျှ လူဦးရေ ၆၀၀၀ ကနေ ၇၀၀၀ ကြား တရုတ်ပြည်ကို ထွက်ခွာလျက် ရှိနေပါတယ် . . . . .

နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်များဖြင့် တရုတ်နိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်သော လူငယ်များသည် တရုတ်နိုင်ငံအတွင်း မကြာခဏ ဖမ်းဆီးခံရမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
"ဒီဘက်က အလုပ်လုပ်ဖို့ ထွက်တဲ့သူက တရုတ်နိုင်ငံမှာ အလုပ်လုပ်ခွင့် စာအုပ် (အစိမ်းရောင်) လျှောက်ရတယ်။ အဲဒီစာအုပ်ရမှ အလုပ်လုပ်လို့ ရတယ်။ အဲဒီစာအုပ် မရှိရင် အနိုင်ကျင့် ခံရတာ များတယ်" ဟု ဦးမင်းဆွေက ပြောကြားခဲ့သည်။

နယ်စပ်ဖြတ်ကျော် လက်မှတ်များဖြင့် တရုတ်နိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်သူများသည် အသက် ၂၀ မှ ၄၀ ၀န်းကျင် အများစုဖြစ်ကြောင်း၊ တရုတ်နိုင်ငံရှိ အုတ်စက်ရုံ၊ ဘတ္တရီစက်ရုံနှင့် လျှပ်စစ်ပစ္စည်း စက်ရုံများတွင် အများစု လုပ်ကိုင်ရကြောင်း၊ ၀င်ငွေ ကျပ် ၅၀၀၀မှ ၁၀၀၀၀ ကြား ပျမ်းမျှရှိကြောင်း သိရသည်။

တရုတ်နိုင်ငံဘက်သို့ ထွက်ခွာမည့် သူများကို မူဆယ်လူဝင်မှု ကြီးကြပ်ရေးဂိတ်၌ မေ ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)

EMG
မူဆယ်ခရိုင်ရှိ လူဝင်မှု ကြီးကြပ်ရေး ဂိတ်ပေါက်များမှတစ်ဆင့် တရုတ်နိုင်ငံသို့ နေ့စဉ်ပျမ်းမျှ လူဦးရေ ၆၀၀၀ ကျော်မှ ၇၀၀၀ ကြား ထွက်ခွာလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ မူဆယ်ခရိုင် ဦးစီးအရာရှိ ဦးမင်းဆွေက ပြောကြားခဲ့သည်။

ဘောလုံး သံတမန် နန်းခင်ဇေယျာနှင့် မန်ယူကစားသမားများ

 Photo
မနက် ၉နာရီက မြန်မာနိုင်ငံသို့ရောက်ရှိပြီး ရွှေတိဂုံစေတီတော်သို့ ဦးစွာသွားေ၇ာက်ဖူးမျှော်ခဲ့ မန်ယူကစား သမားဟောင်းများအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏သံတမန် နန်းခင်ဇေယျာမှလိုက်လံရှင်းပြခဲ့သည်။ 

ခရီးသည်တင်မှန်လုံယာဉ်အား ဓါးပြတိုက်

ဇွန်လ ၉ ရက် 2013
၈-၆-၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမှရန်ကုန်သို့ ထွက်ခွာလာသော ၈ဇ/xxxx““ရာဇာမင်း”” ခရီးသည်တင်မှန် လုံယာဉ်သည် သထုံမြို့ နယ်၊ တောင်စွန်း ကျေးရွာ အနီး၊ ဘုရား ကုန်းကွေ့ အရောက်၌ ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာသည့် ခရီးသည် များအနက် သေနတ်အတိုကိုင်ဆောင်ထားသူ ၅ ဦးက ယာဉ်အား အနီးရှိ မြေသားလမ်း အတိုင်း တောတွင်းသို့ မောင်းနှင်ခေါ်ဆောင်သွားခဲ့သည်။

တကျော့ပြန် ကချင်စစ် (၂) နှစ်ပြည့် အထိမ်းအမှတ် လွမ်းသူပန်းခွေချ

Photo
မြန်မာနိုင်ငံ၊ ကချင်ဒေသအတွင်း တကျော့ပြန် ဖြစ်ပွားနေသော စစ်ပွဲများမှာ ယနေ့တွင် (၂) နှစ်ပြည့်ခဲ့ပြီး တိုင်းရင်းသား ညီအကိုမောင်နှမများနှင့် နှစ်ဖက်သောစစ်သည်များအားရည်စူး၍ လွမ်းသူပန်းခွေချခြင်းနှင့် ငြိမ်းချမ်းရေးဆုတောင်း မေတ္တာ ပို့ခြင်းများကို ငြိမ်းချမ်းရေး လှုပ်ရှားသောအဖွဲ့များက ပြုလုပ်ကြောင်း သိရသည်။

မူဆယ် နယ်စပ်မှတစ်ဆင့် ဘီယာနှင့် အချိုရည် ဘူးခွံများအား တရုတ်ဘက်မှ အများအပြား လာဝယ်နေ

Photo: မူဆယ် နယ်စပ်မှတစ်ဆင့် ဘီယာနှင့် အချိုရည် ဘူးခွံများအား တရုတ်ဘက်မှ အများအပြား လာဝယ်နေ 

ဇွန်လ ၉ ရက် ၂၀၁၃

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး၏ အဓိက ကုန်သွယ်ဖက် စခန်းဖြစ်သော မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ တစ်ဆင့် မြန်မာနိုင်ငံမှ ဘီယာနှင့် အချိုရည် ဘူးခွံများအား အများအပြား ၀ယ်နေကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန မှ သိရသည်။

ယခင်နှစ်များက ယခုကဲ့သို့ ၀ယ်ယူမှု မရှိဘဲ ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ရောက်ရှိမှသာ ၀ယ်ယူလာခြင်းဖြစ် ကြောင်း၊ တရုတ်ဘက်သို့ ဘီယာနှင့် အချိုရည်ဘူးခွံ ရောင်းချသူများ အနေဖြင့် ဘူးခွံများအား ပြားအောင်ပြုလုပ်ပြီးမှ တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

"နှစ်တိုင်း ဒီလိုဝယ်လေ့ မရှိဘူး။ ဒီနှစ်ကျမှ ထူးထူးခြားခြား ဘီယာနဲ့ အချိုရည်ဘူးခွံတွေ လာဝယ်တယ်။ ထုပြီးပြား နေအောင် လုပ်ပြီးပို့ကြတယ်" ဟု နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြခဲ့သည်။
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပြုရာတွင် ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ မူဆယ်နှင့် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေး စခန်းလေးခုမှ တရားဝင် ကုန်သွယ်လျက်ရှိပြီး မူဆယ်မှ အဓိက ကုန်သွယ်ကြောင်း၊ နှစ်လအတွင်း မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၄၁၈ သန်းကျော်ဖိုး ကုန်သွယ်ခဲ့ကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်က မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းတစ်ခုတည်းမှ အမေရိကန်ဒေါ်လာ ၂၇၃၆ သန်း ကျော်ဖိုး ကုန်သွယ်ခဲ့သည်။ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှ ဆန်၊ ပြောင်းနှင့် လယ်ယာထွက်ကုန်များကို လက်ရှိ၌ အများဆုံး ၀ယ်ယူလျက်ရှိကြောင်း၊ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ မေလကုန်အထိ နှစ်လအတွင်း ဆန်တန်ချိန် ၃၅၀၀၀ အထိ ၀ယ်ယူထားကြောင်း သိရသည်။

မြန်မာနိုင်ငံဘက်သို့ ယာဉ်ယန္တရား၊ မော်တော်ဆိုင်ကယ်နှင့် ဓာတ်မြေသြဇာများအား အဓိကပြန်လည် တင်သွင်းနေ ကြောင်းလည်း သိရသည်။ တရုတ်နယ်စပ်တွင် ဘီယာဗူးခွံများ ထူးထူးခြားခြား ၀ယ်ယူလာသကဲ့သို့ မြန်မာ-အိန္ဒိယ နယ်စပ်တွင်လည်း အိန္ဒိယ ကုန်သည်များက မြန်မာနိုင်ငံထုတ် စီးကရက်များအား ထူးထူးခြားခြား လာရောက်ဝယ်ယူ လျက်ရှိပြီး ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ မေလကုန်အထိ ကျပ်သိန်းပေါင်း ၆၀၀၀ ကျော်ဖိုး လာရာက်ဝယ်ယူသည်ဟု သိရသည်။

Eleven
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး၏ အဓိက ကုန်သွယ်ဖက် စခန်းဖြစ်သော မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ တစ်ဆင့် မြန်မာနိုင်ငံမှ ဘီယာနှင့် အချိုရည် ဘူးခွံများအား အများအပြား ၀ယ်နေကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန မှ သိရသည်။

ကုလသမဂ္ဂက ဂိုလန်တပ်သားများအတွက် ရုရှား၏ ကမ်းလှမ်းမှုကို လက်မခံနိုင်ကြောင်းဆို

Photo: ကုလသမဂ္ဂက ဂိုလန်တပ်သားများအတွက် ရုရှား၏ ကမ်းလှမ်းမှုကို လက်မခံနိုင်ကြောင်းဆို 

ဇွန်လ ၈ ရက် ၂၀၁၃

ကုလသမဂ္ဂ(ယူအန်)က အစ္စရေးနှင့် ဆီးရီးယားကြားသဘောတူညီချက် တစ်ခုကို ကုလသမဂ္ဂစူးစမ်းရေးမစ်ရှင်မှ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများက တားမြစ်သောကြောင့် ဂိုလန်ကုန်းမြင့်ရှိ သြစတြေးလျမှ ငြိမ်းချမ်းရေးတပ်သားများကို အစားထိုးပေးမည်ဟူသော ကမ်း လှမ်းမှုကို လက်မခံနိုင်ကြောင်း သောကြာနေ့က ပြောကြားလိုက်သည်။

ဆီးရီးယားတွင်တိုက်ပွဲအခြေအနေဆိုးဝါးလာသောကြောင့် သြစတြေးလျက ၎င်းတို့၏တပ်သားများပြန်လည်ခေါ်ယူသွားမည်ဖြစ်ကြောင်း ပြောကြားပြီးချိန် သောကြာနေ့က ရုရှားသမ္မတပူတင်၏ ၎င်းတို့တပ်သားများကို အစားထိုးပေးမည်ဟူသော ကမ်းလှမ်းချက်ကို ကုလသမဂ္ဂ သည် ကျေးဇူးတင်ကြောင်း ပြသခဲ့သည်။

သြစတြီးလျမှ ငြိမ်းချမ်းရေးတပ်သားများသည် ဆီးရီးယားနှင့် အစ္စရေးကြား နှစ်လေးဆယ်ကြာအပစ်အခတ်ရပ်စဲရေးအတွက် ယူအန်က လုပ် ဆောင်ပေးရာတွင် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၁၀၀၀တွင် ၃၈၀ ဦးပါဝင်ခဲ့ပြီး ဆီးရီးယားတွင် တိုက်ခိုက်မှုဆိုးဝါးလာသောကြောင့် နှုတ်ထွက်ရန် ပြောကြားခဲ့ခြင်းဖြစ်သည်။

ရုရှားသည် ဆီးရီးယားအစိုးရနှင့် နှစ်ပေါင်းရှည်ကြာမဟာမိတ်ဖြစ်နေပြီး လက်နက်ထောက်ပံ့ခဲ့သည်။ ရုရှားက သမ္မတအာဆတ်ကို ထောက်ခံထားခြင်းကြောင့် ရုရှားတပ်များကို ဆီးရီးယားသူပုန်များက ကြားနေအဖြစ် မသတ်မှတ်ထားခြင်း ကြောင့် ၎င်းတို့ပါဝင်လာလျှင် တိုက်ခိုက်လာနိုင်ကြောင်း သံအရာရှိတစ်ဦးက ဆိုသည်။

ယူအန် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် မာတင်နာဆာကီက ကုကသမဂ္ဂသည်ယခုအချိန်တွင် လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် ရုရှားဘက်မှ ကမ်းလှမ်းမှုကို လက်မခံနိုင်ကြောင်း ဆိုသည်။

“ရုရှားက ဂိုလန်တပ်သားတွေဆီ တပ်သားပို့ပေးဖို့ပြောကြားတာကို သူတို့ရဲ့တွေးပေးမှုကို ကျေးဇူးတင်ပါတယ်” ဟု ၎င်းက သတင်းထောက်များကို ပြောကြားသည်။
“ဒါပေမယ့် ဆီးရီးယားနဲ့ အစ္စရေးကြား နှစ်ဦးနှစ်ဖက်ခွဲခြမ်းမှုသဘောတူညီချက်နှင့် ၎င်းတို့လက်သင့်ခံနိုင်သည့်စနစ်တို့က လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်တွေကို ပါဝင်ခြင်းကို ခွင့်မပြုထားဘူး” ဟု ဆက်လက်ပြောကြားသည်။

ကုလသမဂ္ဂငြိမ်းချမ်းရေးဌာနက တပ်အတွင်းရှိ ဖိလစ်ပိုင်နှင့်အိန္ဒိယစသောအခြားနိုင်ငံများကိုလည်း ၎င်းတို့တပ်သားတိုးမြှင့် မမြှင့်ကို မေးမြန်းထားပြီး တပ်သားသစ်များပို့ပေးနိုင်မည့် နိုင်ငံသစ်များကိုလည်း ရှာဖွေနေကြောင်း ဗြိတိန် သံအမတ် မာ့ခ်လီယယ် ဂရန့်က ဆိုသည်။

The Myanma Age
ကုလသမဂ္ဂ(ယူအန်)က အစ္စရေးနှင့် ဆီးရီးယားကြားသဘောတူညီချက် တစ်ခုကို ကုလသမဂ္ဂ စူးစမ်းရေး မစ်ရှင်မှ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများက တားမြစ်သောကြောင့် ဂိုလန်ကုန်းမြင့်ရှိ သြစတြေး လျမှ ငြိမ်းချမ်းရေးတပ်သားများကို အစားထိုးပေးမည်ဟူသော ကမ်း လှမ်းမှုကို လက်မ ခံနိုင်ကြောင်း သော ကြာနေ့က ပြောကြားလိုက်သည်။

လိုင်စင်မဲ့ ကားတွေကို စစ်ဆေးဖမ်းဆီးဖို့ အစိုးရက အမိန့်ထုတ်ပြန်ထား

Photo: လိုင်စင်မဲ့ ကားတွေကို စစ်ဆေးဖမ်းဆီးဖို့ အစိုးရက အမိန့်ထုတ်ပြန်ထား
Sunday, June 9, 2013

ကယားပြည်နယ်အတွင်း လိုင်စင်မဲ့ကားတွေ နေရာတော်တော်များများမှ ဝင်ရောက်လာသဖြင့် လိုင်စင်မဲ့ကားများ ဖောင်းပွမှု မရှိရလေအောင် ယာဉ်စည်းကမ်းများကိုလည်း ထိန်းသိမ်းနိုင်အောင်ဆိုပြီး လမ်းတွေပေါ် သွားလာလျက်ရှိတဲ့ အဓိက လိုင်စင်မဲ့ကားတွေကို စစ်ဆေးဖမ်းဆီးသည်းဆည်းဖို့ အကန့်အသတ်မရှိ ပြည်နယ်အစိုးရကနေ အမိန့်ထုတ်ပြန် ထားပါတယ်။

ပြည်နယ်အစိုးရကနေ အမိန့်ထုတ်ပြန်ထားချက်အရ စတင်စစ်ဆေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ ယခုအချိန်မှာ ကား သွားလာမှုတွေ နည်းပါးနေပြီး လိုင်စင်မဲ့ရှိတဲ့ ကားပိုင်ရှင်တွေလည်း လမ်းပြင်ပ မမောင်းရဲတော့ပဲ အိမ်ထဲ ခြံဝင်း အတွင်းမှာ သာ သိမ်းထားကြရပါတယ်။ယခုလိုပြုလုပ်ရခြင်းနဲ့ပတ်သက်လို့ ပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန်အောင်က ယခုလို ရှင်းပြသွားပါတယ်။

"ဒီလို without ကားတွေကို ထားမယ်ဆိုရင် ဖေါင်းပွ မယ်ပေါ့လေး ဖေါင်းပွလာတာနဲ့ဘဲအမျှ ယာဉ်တိုက်မှုတွေ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းတွေ ဖေါ်ဆောင် တဲ့နေရာမှာ ခက်ခဲတာပေါ့နော။ အဲဒါကြောင့်မလို့ နောက်ပြီးတော့မှ ဗမာပြည် မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မှ ဆောင်ရွက်နေတယ် ကျွန်တော်တို့ ကယားပြည်ဘက်မှာ ဆောင်ရွက်တဲ့ အတွက်ကား တွေက ကျွန်တော်တို့ ဆီမှာအများ၊ အများလာ စုနေသလို ဖြစ် တာပေါ့နော။ ဒီရှိတာကတော့ ကျွန်တော့တို့ လိုက်မဖမ်းဘူး သို့သော် လမ်းပေါ်၊ မြို့ပေါ်တက်လာရင် ဖမ်းမယ်လို့တော့ ကျွန်တော်တို့ အဲဒီလိုပြောထားတာပေါ့နော။ အဲ့ဒီတော့ အမိန့်ထုတ်ထားတယ်။"

ပြည်နယ်အစိုးရကနေ ယခုလို အမိန့်ထုတ်ပြန်လိုက်ပြီးနောက် မြို့နယ်အလိုက် အထွေထွေအုပ်ချုပ်ရေးရုံးမှ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ မြို့နယ်အလိုက် ရဲတပ်ဖွဲ့ဝင်တွေက သွားလာနေကြတဲ့ ကားတွေစစ်ဆေးမှုတွေပြု လုပ်နေကြပါတယ်။

လိုင်စင်မဲ့ကားပိုင်ရှင်တွေအနေနဲ့ ပြည်နယ်အစိုးရသော်လည်းကောင်း၊ ပြည်ထောင်စု အစိုးရသော်လည်းကောင်း တရားဝင် ဖြစ်အောင် ဆောင် ရွက်ပေးဖို့ မေတ္တာရပ်ခံ အသနားစာတင်ပြနိုင်ရင်တော့ ပြည်နယ်အဆင့်အတွင်း သွားလာလို့ရနိုင်တဲ့ လိုင်စင်တွေကို ကြိုးစားဆောင်ရွက်ပေးနိုင်ဖို့ အစီအစဉ် ရှိနိုင်တယ်လို့ ဆိုပါတယ်။

"တရားဝင်ဖြစ်အောင်ဆောင်ရွက်ပေးနိုင်ဖို့ မေတ္တာရပ်ခံ၊ အသနားခံပြီးတော့မှ ကောင်းမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာဖြစ်လည်းဆိုတော့ ကျွန်တော်တို့ဒီ ပြီးခဲ့တဲ့ ကျွန်တော်တို့ဒီ ဆိုင်ကယ်တွေလည်းပေါ့နော်။ ကျွန်တော်တို့ ဒီ လိုပြော ရင်း ဆိုရင်းနဲ့ နောက်ဆုံး ကျွန်တော်ကယားပြည်နယ် အနေနဲ့ပေါ့နော် တရားဝင်ဖြစ်အောင်လုပ်ခဲ့တာပေါ့ . . သို့သော်လည်း ဘဲကျွန်တော်တို့ လုပ်ခဲ့တဲ့ ကယားပြည်နယ်က ဆိုင်ကယ်တွေဟာ ကျွှန်တော်တို့ ကယားပြည်မှာဘဲ စီးလို့ရတာပေါ့" ဝန်ကြီးက ဆက်ပြောသွားပါတယ်။

ယခုလိုလမ်းတွေပေါ် သွားလာလျှက်ရှိတဲ့ ယာဉ်တွေကို ဇွန်လ ၃ ရက်နေ့မှာစတင် စစ်ဆေးခဲ့တာဖြစ်ပြီး လိုင်စင်မဲ့ ယာဉ် တွေကို တွေ့ရှိပါက ဖမ်းဆီးသိမ်းဆည်းမည့်အပြင် ယာဉ်မောင်းနှင်သူကို ဥပဒေနှင့်အညီ အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ktime
ကယားပြည်နယ်အတွင်း လိုင်စင်မဲ့ကားတွေ နေရာတော်တော်များများမှ ဝင်ရောက်လာသဖြင့် လိုင်စင်မဲ့ကားများ ဖောင်းပွမှု မရှိရလေအောင် ယာဉ်စည်းကမ်းများကိုလည်း ထိန်းသိမ်းနိုင်အောင်ဆိုပြီး လမ်းတွေပေါ် သွားလာလျက်ရှိတဲ့ အဓိက လိုင်စင်မဲ့ကားတွေကို စစ်ဆေးဖမ်းဆီးသည်းဆည်းဖို့ အကန့်အသတ်မရှိ ပြည်နယ်အစိုးရကနေ အမိန့်ထုတ်ပြန် ထားပါတယ်။

အိုဘားမားနဲ့ တရုတ် သမ္မတ ရှီကျင်းပင် တို့ ဆွေးနွေးမှု ပြီးဆုံး

Photo: အိုဘားမားနဲ့ တရုတ် သမ္မတ ရှီကျင်းပင် တို့ ဆွေးနွေးမှု ပြီးဆုံး

ဇွန်လ ၉ ရက် ၂၀၁၃
 
အမေရိကန် သမ္မတ အိုဘားမားနဲ့ တရုတ် သမ္မတ ရှီကျင်းပင် တို့ဟာ ကယ်လီဖိုးနီးယားမှာ နှစ်ရက်ကြာ ဆွေးနွေးမှု ပြီးဆုံးသွားပါပြီ။ ဒီဆွေးနွေးမှုနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းတဲ့အခါ မစ္စတာ အိုဘားမားက ဒီဆွေးနွေး ပွဲဟာ ထူးခြားလှပါတယ်လို့ တုန့်ပြန် ဖြေဆို သွားခဲ့ပါတယ်။

တရုတ် သမ္မတ ပြောခွင့်ရသူကတော့ ဒါဟာ သမိုင်းဝင် တွေ့ဆုံမှုလို့ ဆိုပြီး ဒီဆွေးနွေးပွဲမှာ ဆိုင်ဘာလုံခြုံရေးနဲ့ ရာသီဥတု ပြောင်းလဲမှု ထိန်းချုပ်ရေး အကြောင်းတွေ အပါအဝင် ကိစ္စ အတော်တော်များများကို ကျယ်ကျယ်ပြန့်ပြန့် ပွင့်ပွင့် လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီဆွေးနွေးပွဲဟာ အထူးသဖြင့် အာရှ ပစ္စဖိတ် ဒေသတွင်းဆိုင်ရာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်စေမှု အပေါ် အဓိက အကျိုးသက်ရောက်မှု ရှိစေလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း သူက ပြောပါတယ်။

အင်တာနက်ပေါ်က ကျုးကျော် ဝင်ရောက်မှုတွေနဲ့ ပတ်သက်လို့ လက်ခံနိုင်စရာကို မရှိဘူးလို့ သမ္မတ အိုဘားမားက ပြောကြားခဲ့ပြီးတဲ့နောက် အမေရိကန်ရဲ့ စိုးရိမ်ပူပန်နေတဲ့ အတွက် ဒီကိစ္စကို တရုတ်က လေ့လာစုံစမ်းဖို့ သဘောတူ ခဲ့တယ်လို့ အမေရိကန် ထိပ်တန်း အရာရှိ တယောက်က ပြောပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် တပ်ဆင်ရေး အစီအစဉ် ဖျက်သိမ်းသင့်တယ် ဆိုတဲ့ အချက်အပေါ် နှစ်နိုင်ငံ သဘောတူ ခဲ့ကြတယ်လို့လည်း သူက ထပ်လောင်းဆိုသွားခဲ့ပါတယ်။

လက်ရှိ စီးပွားရေး ဆက်ဆံမှု ကောင်းနေတဲ့ အပေါ် နိုင်ငံရေး ကိစ္စတွေကြောင့် အနှောက်အယှက် ဖြစ်မှာကို နှစ်နိုင်ငံ စလုံးက လုံးဝ မလိုလားဘူးလို့ Palm Springs က ဆွေးနွေးပွဲကို သတင်းယူနေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါ တယ်။

BBC
အမေရိကန် သမ္မတ အိုဘားမားနဲ့ တရုတ် သမ္မတ ရှီကျင်းပင် တို့ဟာ ကယ်လီဖိုးနီးယား မှာ နှစ်ရက် ကြာ ဆွေးနွေးမှု ပြီးဆုံးသွားပါပြီ။ ဒီဆွေးနွေးမှုနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းတဲ့အခါ မစ္စတာ အိုဘားမားက ဒီဆွေးနွေး ပွဲဟာ ထူးခြားလှပါတယ်လို့ တုန့်ပြန် ဖြေဆို သွားခဲ့ပါတယ်။

ပြည်သူ့ရင်ပြင်၌် မြန်မာ့ရိုးရာ လက်မှုပစ္စည်းများ ရောင်းချမည်

ပြည်သူ့ဥယျာဉ်နှင့် ပြည့်သူ့ရင်ပြင် ကစားကွင်းတွင် နိုင်ငံခြားသား ခရီးသည်များအတွက် ရည်ရွယ်၍ မြန့်မာ ရိုးရာ လက်မှုပစ္စည်းများကို ရောင်းချသွားရန် စီစဉ်လျက်ရှိကြောင်း Natural World Co.,td မှ Marketing Manager ဒေါ်အေးအေးအောင် ၏ ပြောကြားချက်အရ သိရသည်။

ချင်းတွင်းမြစ်တွင် ပြုလုပ်မည့် ထမံသီနှင့် ရွှေစာရေး ရေအားလျှပ်စစ် စီမံကိန်းတို့အား သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်နိုင်ခြေများကြောင့် ရပ်ဆိုင်း

Photo: ချင်းတွင်းမြစ်တွင် ပြုလုပ်မည့် ထမံသီနှင့် ရွှေစာရေး ရေအားလျှပ်စစ် စီမံကိန်းတို့အား သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်နိုင်ခြေများကြောင့် ရပ်ဆိုင်း
Sunday, June 9, 2013

ချင်းတွင်းမြစ်တွင် ပြုလုပ်မည့် ထမံသီနှင့် ရွှေစာရေး ရေအားလျှပ်စစ် စီမံကိန်းများအား သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်နိုင်ခြေများကြောင့် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ အစိုးရက ရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ အဓိက မြစ်ကြီးတစ်စင်းဖြစ်ပြီး ဧရာဝတီမြစ်၏ မြစ်လက်တက် လည်းဖြစ်သော ချင်းတွင်းမြစ်တွင် တည်ဆောက်မည့် ထမံသီ ရေအားလျှပ် စစ်စီမံကိန်းသည် စက်တပ်ဆင်အား မဂ္ဂါဝပ် ၁၂၀၀ ရှိပြီး ရွှေစာရေး ရေအား လျှပ်စစ် စီမံကိန်းမှာ စက်တပ်ဆင်အား မဂ္ဂါဝပ် ၈၈၀ ဖြစ်ကာ စုစုပေါင်း စက်တပ်ဆင်အား မဂ္ဂါဝပ် ၂၀၈၀ ဖြစ်သည်။

မြန်မာနိုင်ငံ အစိုးရ၏ မူဝါဒသည် လူထုကို ဗဟိုပြုသော မူဝါဒ ဖြစ်သည့် အတွက် အဆိုပါ ဒေသတွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုး သက်ရောက်မှု အပေါ် လေ့လာဆန်းစစ်ချက် (Environmental Impact Assessment-EIA) ပြုလုပ်ထားသည် ဆိုစေကာမူ ဒေသခံ လူထုက မပြုလုပ် စေလိုပါက ရှေ့ဆက်ဆောင်ရွက်မည် မဟုတ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်းက ပြောကြားခဲ့သည်ဟု အိန္ဒိယနိုင်ငံ အခြေစိုက် Mint သတင်းဌာန၏ သတင်းထုတ်ပြန်မှုကို Energy  Business Review ၀က်ဘ်ဆိုက်၌ ဇွန် ၇ ရက်က ကိုးကားဖော်ပြထားသည်။

စီမံကိန်းများကြောင့် ရရှိမည့် စီးပွားရေးဆိုင်ရာ အကျိုးအမြတ် အလားအလာနှင့် လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်တို့အပေါ် သက်ရောက်နိုင်ခြေများအား နှိုင်းယှဉ်စဉ်းစားပြီးနောက် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံလုံးက လတ်တလော မည်သည့်ဆောင်ရွက်မှုမျှ မပြုဘဲ ဆိုင်းငံ့ထားရန် သဘောတူလိုက်ကြောင်း စီမံကိန်းနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်ဟုလည်း ဖော်ပြခဲ့သည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ချင်းတွင်းမြစ်တွင် တည်ဆောက်မည့် အဆိုပါ ရေအားလျှပ်စစ် စီမံကိန်း နှစ်ခုသည် အိန္ဒိယနိုငံ NHPC ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ဆောင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ထမံသီ ရေအား လျှပ်စစ် စီမံကိန်းမှ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများအား အိန္ဒိယနိုင်ငံသို့ ရာခိုင်နှုန်း ၈၀ ရောင်းချရန် ရည်ရွယ်ထားသည်။

"ဒီရေအားလျှပ်စစ် စီမံကိန်းတွေ ရပ်တယ်ဆိုတာ သိပ်ကောင်းပါတယ်။ ကြိုဆိုပါတယ်။ ရေကာတာတွေဆိုတာ အမြင့်ပေ ၅၀ လောက်တွေဆို အန္တရာယ် မရှိပါဘူး။ ပေ ၅၀ ထက် ကျော်ရင်တော့ အန္တရာယ် ရှိပါတယ်။ ဒါကြောင့် ရေကာတာလုပ်ရင် သိပ်ကြီးတာတွေ မလုပ်ဘဲ ပေ ၅၀ လောက်ပဲ လုပ်မယ်ဆိုရင်တော့ လူတွေအတွက်လည်း အကျိုးရှိသလို သဘာဝ ပတ်ဝန်းကျင်လည်း မထိခိုက်ပါဘူး။ အခု ဒီလိုရပ်ဆိုင်း တာကတော့ အလွန်ကောင်းတဲ့ ခြေလှမ်းတစ်ရပ်ပါ" ဟု သစ်တောပညာရှင် ဦးအုန်းက ပြောကြားသည်။   

ထမံသီ ရေအားလျှပ်စစ် စီမံကိန်းသည် စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် တည်ရှိပြီး ရွှေစာရေး ရေအားလျှပ်စစ် စီမံကိန်းမှာ ကနီမြို့နယ် အတွင်း တည်ရှိသည်။ စီမံကိန်း နှစ်ရပ်လုံးသည် ချင်းတွင်းမြစ်ကို ပိတ်၍ တည်ဆောက်မည် ဖြစ်သည်။

ထမံသီဆည်၏ ရေဆင်းဧရိယာသည် စတုရန်းမိုင် ၁၆၇၈၀ ဖြစ်ပြီး ကန်ရေပြည့် ရေပြင်ကျယ် ဧရိယာမှာ ၅၃၉ စတုရန်းမိုင် ဖြစ်သည်။ ပင်မတမံ အမြင့်မှာ ၂၆၃ ပေရှိပြီး ဆည်ရေပေးဝေမည့် ဧရိယာမှာ ဧက ၁၀ သိန်း ဖြစ်သည်။

စီမံကိန်းကြောင့် ရွာအချို့မှာ ရွှေ့ပြောင်းခဲ့ရကာ ဆက်လက်၍လည်း ရွာအချို့ ထပ်မံပြောင်းရွှေ့ ရနိုင်ခြေရှိသည့် အတွက်လည်း ဒေသခံများက စိုးရိမ်ပူပန်မှုများ ရှိခဲ့သည်ဟု သိရသည်။ ထမံသီ ရေအားလျှပ်စစ် စီမံကိန်းသည် လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများ မြင့်မားသည့်အတွက် တည်ဆောက်ရေးနှင့် ပတ်သက်၍ ကန့်ကွက်မှု အချို့လည်း ရှိခဲ့သည်။   

ထမံသီ ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ရန် စီစဉ်ထားသည့် နေရာ အား ဇွန် ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ -  အောင်သူထွန်း)
Eleven Media Group
ထမံသီ ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ရန် စီစဉ်ထားသည့် နေရာ အား ဇွန် ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ -  အောင်သူထွန်း)
ချင်းတွင်းမြစ်တွင် ပြုလုပ်မည့် ထမံသီနှင့် ရွှေစာရေး ရေအားလျှပ်စစ် စီမံကိန်းများအား သဘာဝပတ်ဝန်း ကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်နိုင်ခြေများကြောင့် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ အစိုးရကရပ်ဆိုင်း လိုက်ကြောင်း သတင်းရရှိသည်။

UNFC နဲ့ အစိုးရ အကြို နိုင်ငံရေး ဆွေးနွေးမယ်

Photo: UNFC နဲ့ အစိုးရ အကြို နိုင်ငံရေး ဆွေးနွေးမယ်
Sunday, June 9, 2013

မြန်မာ အစိုးရနဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင် စီ UNFC တို့ နိုင်ငံရေး ဆွေးနွေးပွဲ အတွက် အကြိုအဖြစ် ဇွန်လကုန် ပိုင်း လောက်မှာ တွေ့ဆုံ ဆွေးနွေးဖို့ ရှိနေပါတယ်။

အဲဒီအတွက် UNFC ခေါင်းဆောင် တွေအကြားမှာ အရေးပေါ် အစည်းအဝေး လည်း ကျင်းပ ဖြစ်ကြ ပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များUNFC ယူကေမှာ လေ့လာရေး ခရီးရောက် ရှိUNFC နဲ့ဆွေးနွေးခိုက် တိုက်ပွဲဖြစ်UNFC နဲ့ ငြိမ်းအဖွဲ့ ကြေညာချက်ထုတ်
အစိုးရနဲ့ တွေ့တဲ့ အခါမှာ ဘာတွေ ဆွေးနွေးကြမလဲ ဆိုတာကို UNFC ရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကို မေးကြည့်တော့ ဒီဆွေးနွေး ပွဲဟာ အစိုးရနဲ့ နိုင်ငံရေး အရ ဆွေးနွေးဖို့ အကြို ညှိနှိုင်းပွဲ နံပါတ် ၂ ဖြစ်လာ နိုင်ကြောင်း ပြောပါတယ်။ နံပါတ် ၁ ကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လထဲမှာ ပြုလုပ် ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ အခြေအနေ အရတော့ အစိုးရနဲ့ နိုင်ငံရေးပိုင်း ဆွေးနွေးဖို့ အခြေအနေမျိုး မရောက်သေးတဲ့ အကြောင်း ပြောပါတယ်။ တကယ်လို့ UNFC အဖွဲ့ဝင် တွေအကြား တပြေးညီထဲ ဖြစ်ခဲ့ရင်တော့ စနိုင်မယ်လို့ ထင်ကြောင်း ပြောပါတယ်။

အစိုးရဘက်က ချမှတ်ထားတဲ့ မူတွေ ရှိသလို UNFC ဘက်ကလည်း မူတွေ ချထားပြီး ဖြစ်လို့ ဒါတွေကို ကိုင်ပြီးပဏာမ ညှိနှိုင်းမယ်လို့ ပြောပါတယ်။ ညှိနှိုင်း ကြရာမှာလည်း လွယ်မယ့် အချက်တွေကို ဦးစားပေး ဆွေးနွေးပြီး မှ ခက်ခဲမယ့် ကိစ္စတွေကို နောက်ပိုင်းမှာ ဆွေးနွေးသွားဖို့ စဉ်းစား ထားကြောင်း ပြောပါတယ်။

လွယ်မယ့် ကိစ္စတွေ ဆိုတာကတော့ အစိုးရ ဘက်ကလည်း လိုက်လျောနိုင် မယ့်၊ ညှိနှိုင်းလို့လည်း လွယ်မယ့် အပစ် အခတ် ရပ်စဲ ထားတာ ပိုပြီး ခိုင်မာကာ အာမခံချက် တွေ ရှိဖို့ ၊ တခါ အပစ်ရပ် စာချုပ်တွေ အရ ပြည်ထောင်စု အစိုးရက လိုက်ပါ လုပ်ဆောင် အကောင် အထည် ဖော်ရမယ့် အချက်တွေကို လိုက်ပါ ဆောင်ရွက်ဖို့ ဖြစ်ကြောင်း ၊ ပြည်ထောင်စု တဝှမ်း အပစ်ရပ် ကြေညာ ပေးတာမျိုး နဲ့ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ပေးတာမျိုးတွေ ဖြစ်တယ်လို့ ပြောပါတယ်။

တကယ်လို့ အထွေထွေ လွတ်ငြိမ်းခွင့်ကို မကြေညာနိုင်ရင် တောင်မှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကာလ အတွင်း UNFC ခေါင်းဆောင်တွေ သွားရေး လာရေး အဆင်ပြေအောင် ခေါင်းဆောင်တွေ အပေါ်မှာ လွတ်ငြိမ်း ခွင့် ကြေညာ ပေးဖို့ တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု ဆွေးနွေးပွဲဟာ နိုင်ငံရေး ပြေလည်မှု ရအောင် အပစ်ရပ်စဲရေး ခိုင်မာမှုကို ဦးတည်စေမယ့် ကိစ္စ ဖြစ်တဲ့ အတွက် ပြည်ထောင်စု အစိုးရ ဘက်ကလည်း လိုက်လျော လိမ့်မယ်လို့ ယူဆထားတယ်လို့ ပြောကြား ခဲ့ပါတယ်။

BBC
မြန်မာ အစိုးရနဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင် စီ UNFC တို့ နိုင်ငံရေး ဆွေးနွေး ပွဲ အတွက် အကြိုအဖြစ် ဇွန်လကုန် ပိုင်း လောက်မှာ တွေ့ဆုံ ဆွေးနွေးဖို့ ရှိနေပါတယ်။