Sunday, June 23, 2013

ဖာဒီနန်နဲ့ ဗန်ပါစီကို အံ့အားသင့်စေခဲ့တဲ့ ဂျိုးဟတ်


ပရီးမီးယားလိဂ် ဘောလုံးပွဲတွေ မစသေးပေမယ့် ပရီးမီးယားလိဂ် အကျော်အမော် တွေကတော့ ဂိုး စသွင်း

ကန့်ကွက်မှုများ ရှိသော်လည်း ခွေးသားစားပွဲတော် တရုတ်မြို့ကြီး တစ်မြို့တွင် ပြုလုပ်မည်

ကန့်ကွက်မှုများ ရှိသော်လည်း ခွေးသားစားပွဲတော် တရုတ်မြို့ကြီး တစ်မြို့တွင် ပြုလုပ်မည်
Sunday, June 23, 2013

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်း မြို့တော်ယူလင်းမှာ နှစ်စဉ် ပြုလုပ်ကျင်းပမြဲ ဖြစ်တဲ့ ခွေးသားစားပွဲကို ထုံးစံအတိုင်း ပြုလုပ်မှာ ဖြစ်တဲ့အတွက် တိရစ္ဆာန် အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ကန့်ကွက်မှုများ ပြုလုပ်နေတယ်လို့ Sky News သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ထောင်ပေါင်းများစွာသော ညစာ ဟင်းပွဲတွေအတွက် အရေဆုတ်ပြီး ဟင်းချက်ဖို့ ခွေးတွေကို လှောင်အိမ်များမှာ လှောင်ထားပုံတွေကိုလည်း ယူလင်းမြို့က လာတဲ့ သတင်းဓာတ်ပုံတွေမှာ တွေ့ရပါ တယ်။

ယမန်နှစ်ကတည်းက ထွက်လာတဲ့ ဒီဓာတ်ပုံတွေဟာ တရုတ်လူမှုကွန်ရက် မီဒီယာတွေမှာလည်း ပျံ့နှံ့နေပြီး ဝေဖန်မှုတွေ ဆူညံသွားပေမယ့် ဒီနှစ်မှာလည်း ဒီပွဲတော်ကို ထပ်ပြီး ပြုလုပ်ဖို့ခွေးတွေစပြီး ဝယ်လှောင်နေကြပါပြီ။
"ချက်မစားခင် ခွေးတွေကို ရိုက်နှက်နေတာ ကျွန်တော်တို့ မြင်ခဲ့ရပါတယ်။ ကျွန်မတို့ စုံစမ်းလေလေ ရက်ရက်စက်စက် လုပ်တာကို တွေ့ရလေလေပါပဲ" ဟု တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ဌာနမှ တည်ထောင်သူ ဒူယီဖန်းက ပြောဆိုပါတယ်။

ဇွန်လအစောပိုင်း ကတည်းက တက်ကြွသူတွေက ဆန္ဒပြပွဲတွေ လုပ်ကြပြီး ခွေးသားစားပွဲကို ဒေသအာဏာပိုင် တွေက ကြိုပြီးတားပေးဖို့ လုပ်ခဲ့ကြပေမယ့် မအောင်မြင် ခဲ့တဲ့အတွက် ခွေးသားစားပွဲကတော့ ပြုလုပ်နေပါပြီ။

"ဒီနှစ်မှာတော့ အစိုးရကလည်း အင်တာနက်က သတင်းတွေ တွေ့ပြီး ပွဲတော်ကို စုံစမ်းစောင့်ကြည့်ဖို့ ပြင်ဆင်ကြတယ်လို့ ပြောပါတယ်။ ဒီစုံစမ်းတဲ့ အဖွဲ့ကြောင့် ရက်ရက်စက်စက် လုပ်တာတွေတော့ လျော့သွားမယ် ထင်ပါတယ်" လို့ ဒူယီဖန်းက ဆက်ပြောပါတယ်။

ခွေးသားကို တရုတ်နိုင်ငံရဲ့ နေရာအချို့က စားသောက်ဆိုင် မီနူးတွေမှာ တွေ့နိုင်ပြီး ခွေးသားစားတဲ့ ဓလေ့ကတော့ တရုတ်နိုင်ငံလုံးချီပြီး မကျယ်ပြန့်ပါဘူး။

The Voice Weekly
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်း မြို့တော်ယူလင်းမှာ နှစ်စဉ် ပြုလုပ်ကျင်းပမြဲ ဖြစ်တဲ့ ခွေးသားစားပွဲကို ထုံးစံအတိုင်း ပြုလုပ်မှာ ဖြစ်တဲ့အတွက် တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ကန့်ကွက် မှုများ ပြုလုပ်နေတယ်လို့ Sky News သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဆိပ်ကမ်းနှင့် လေဆိပ်များတွင် တရားမဝင် ကုန်သွယ်မှု စတင်စစ်ဆေးမည်

Photo: ဆိပ်ကမ်းနှင့် လေဆိပ်များတွင် တရားမဝင် ကုန်သွယ်မှု စတင်စစ်ဆေးမည်
Sunday, June 23, 2013

ဆိပ်ကမ်းနှင့် လေဆိပ်များတွင် တရားမဝင် မှောင်ခို ကုန်သွယ်မှုများကို စတင်စစ်ဆေးရန် စီစဉ်လျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။

တရားမဝင် ကုန်သွယ်မှု တားဆီးစစ်ဆေးရေး အဖွဲ့၏ တာဝန်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရထံသို့ လွှဲပြောင်းပြီး နောက်လာမည့် ဇူလိုင်လတွင် ယင်းဆိပ်ကမ်းနှင့် လေဆိပ် စစ်ဆေးမှုကို စတင် လုပ်ဆောင်သွားမည်ဟု ၎င်းကဆိုသည်။
“အဓိကတော့ တရားဝင် လမ်းကြောင်းပေါ်ကို ရောက်လာဖို့ပါ။ ကမ်းရိုးတန်းသွား သင်္ဘောနဲ့ အပြည်ပြည်ဆိုင်ရာ သင်္ဘောဆိုပြီး လတ်တလော နှစ်ပိုင်းလျာထားတယ်။ Check Point ထားပြီး စစ်မယ်” ဟု ၎င်းက ရှင်းပြသည်။

တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ် ရောက်ရန် လုပ်ဆောင်ရာတွင် တရားမဝင် ကုန်သွယ်မှု တားဆီး စစ်ဆေးရေးအဖွဲ့ လုပ်ဆောင်စဉ်ကဲ့သို့ ပညာပေးကာလနှင့် အရေးယူ ကာလများ သတ်မှတ် လုပ်ဆောင်သွားမည် ဖြစ်ပြီး အသေးစိတ်ကိုမူ မီဒီယာများတွင် ဆက်လက်ထုတ်ပြန် ပေးမည်ဟု ၎င်းကဖြည့်စွက် ပြောကြားသည်။

ဆိပ်ကမ်းများတွင် တရားမဝင် ကုန်သွယ်မှု တားဆီးခြင်းသည် ကောင်းမွန်သော်လည်း ခေတ်မီ နည်းပညာများကို အသုံးမပြုနိုင်ပါက အချိန် ကြန့်ကြာနိုင်သည်ဟု မော်တော်ယာဉ်များ တင်သွင်းနေ သည့် သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။
“ပုံမှန်အတိုင်း လူနဲ့ပဲစစ်မယ် ဆိုရင်တော့ ထိရောက်မယ် မထင်ဘူး။ လုပ်ငန်းရှင်တွေ အတွက်လည်း အချိန် အများကြီး ကြာသွားနိုင်တယ်” ဟု အဆိုပါ လုပ်ငန်းရှင်က ဆိုသည်။

ပြည်တွင်းသို့ ဝင်ရောက်လျက် ရှိသော ကုန်ပစ္စည်းများ၏ ၈၀ ရာခိုင်နှုန်းမှာ ရေလမ်းမှ ဝင်ရောက်လျက် ရှိခြင်းကြောင့် ရန်ကုန်ဆိပ်ကမ်း အားလုံးတွင် တရားမဝင် ကုန်သွယ်မှု တားဆီးရေးအတွက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုတွင် တရားမဝင် ပို့ကုန်သည် တရားဝင် ပို့ကုန်ထက် ခြောက်ဆပိုများ၍ တရားမဝင် သွင်းကုန်သည် တရားဝင် သွင်းကုန်ထက် ၁၉ ဆပိုများလျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

The Voice Weekly
ဆိပ်ကမ်းနှင့် လေဆိပ်များတွင် တရားမဝင် မှောင်ခို ကုန်သွယ်မှုများကို စတင်စစ်ဆေးရန် စီစဉ်လျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင်များနှင့် ၂၀၁၅ မတိုင်ခင် ငြိမ်းချမ်းရေးရရန် ကြိုးပမ်းမည်ဟုဆို

Photo: တိုင်းရင်းသား လက်နက်ကိုင်များနှင့် ၂၀၁၅ မတိုင်ခင် ငြိမ်းချမ်းရေးရရန် ကြိုးပမ်းမည်ဟုဆို

23.6.2013

လွန်ခဲ့သော နှစ်ပေါင်း၆၀ကျော် ကာလမှ ယနေ့တိုင် မပြီးဆုံးနိုင်သေး သောတိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးရရန် လက်ရှိ အစိုးရက ကြိုးပမ်းသွားမည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေက ဇွန်လ ၂၁ ရက်နေ့က ရန်ကုန်မြို့ ယုဇနဟိုတယ်တွင် ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

“စားပွဲဝိုင်းဆိုတာ သေနတ်ကိုင်တဲ့ နှစ်ဖွဲ့ ညှိကြတာပါ။ ငြိမ်းချမ်းရေးအတွက် အရေးကြီးဆုံးက ပြည်သူလူထုရဲ့ အဆုံးအဖြတ်ပေါ် မူတည်ပါတယ်” ဟု ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ၎င်းကဆိုသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တိုင်းရင်းသားများက စစ်မှန်သော ဖက်ဒရယ်၊ တန်းတူရည်တူ အခွင့်အရေးနှင့် အပစ်အခတ် ရပ်စဲရေး သုံးချက်ကို အဓိက တောင်းဆို ဆွေးနွေးကြကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်ဦး လှမောင်ရွှေက ၎င်း၏အတွေ့အကြုံကို ပြောဆိုသည်။

“၂၀၁၅ မတိုင်ခင် အားလုံးအတူတူ သွားလို့ရအောင် လုပ်ရမယ်။ ဘယ်သူ့ကိုမှ ချန်ခဲ့လို့ မရဘူး။ စစ်တပ်ကို ချန်လို့ မရသလို လက်နက်ကိုင်ကိုလည်း ချန်ထားလို့ မရဘူး။ လက်နက်မကိုင်လည်း ချန်ထားလို့ မရဘူး” ဟု အဆိုပါပွဲသို့ တက်ရောက် နားထောင် သည့် ABSDF ကျောင်းသား ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်က သုံးသပ်ပြောဆိုသည်။

လက်ရှိအစိုးရ၏ လက်ထက် ၂နှစ်တာ ကာလကျော်၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ၇၄ ကြိမ် တွေ့ဆုံခဲ့ပြီး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့ရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ထံမှ သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီသည် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီမှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ဇွန်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် ကယားပြည်နယ် လွိုင်ကော်မြို့၌ နောက်ဆုံး တွေ့ဆုံ ဆွေးနွေးခဲ့သည်။

The Voice Weekly
လွန်ခဲ့သော နှစ်ပေါင်း၆၀ကျော် ကာလမှ ယနေ့တိုင် မပြီးဆုံးနိုင်သေး သောတိုင်းရင်းသား လက်နက် ကိုင်များနှင့် ငြိမ်းချမ်းရေးရရန် လက်ရှိ အစိုးရက ကြိုးပမ်းသွားမည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေက ဇွန်လ ၂၁ ရက်နေ့က ရန်ကုန်မြို့ ယုဇနဟိုတယ်တွင် ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ဇူလိုင်လအတွင်း KNU နှင့် ထပ်မံဆွေးနွေးမည်

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကရင်အမျိုးသား အစည်းအရုံး KNU ကိုယ်စားလှယ် အဖွဲ့တို့ အလွတ်သဘော ဆွေးနွေးပွဲများ ပြုလုပ်ရန် ဇူလိုင်လ အတွင်း ထပ်မံတွေ့ ဆုံမည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအကြံပေး တစ်ဦးက အတည်ပြု ပြောကြား သည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ မျှော်မှန်း

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ ရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။

ရန်ကုန် မြို့တော်ခန်းမနှင့် အနီးဝန်းကျင်ရှိ ရှေးဟောင်းအဆောက်အအုံ များ၏ သမိုင်းအချက် အလက်များကို ကမ္ပည်းရေးထိုးမည်

Photo: ရန်ကုန် မြို့တော်ခန်းမနှင့် အနီးဝန်းကျင်ရှိ ရှေးဟောင်းအဆောက်အအုံ
များ၏ သမိုင်းအချက် အလက်များကို ကမ္ပည်းရေးထိုးမည်
Sunday, 23 June 2013

ရန်ကုန်မြို့တော်ခန်းမ အနီးဝန်းကျင်ရှိ ရှေးဟောင်းအဆောက် အအုံများတွင် ၎င်းတို့၏ သမိုင်းဆိုင်ရာ အချက်အလက်များကို ကမ္ပည်းရေးထိုး သွား
မည်ဖြစ်ပြီး ပထမဆုံး ရန်ကုန်မြို့တော်ခန်းမအား ပြုလုပ်စေမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့မှ ဒါရိုက်တာ
ဒေါ်မို့မို့လွင်၏ ပြောကြားချက်အရ သိရသည်။

ယင်းသို့ ကမ္ပည်းရေးထိုး နိုင်ရန်အတွက် အဆိုပါ အဆောက်အအုံများ၏ သမိုင်းဆိုင်ရာ အချက်အလက်များကို စုစည်းနေကြောင်း၊ နောက်နှစ်လ
အတွင်း စတင်ရေးထိုးနိုင်ရန် ခန့်မှန်းထားကြောင်းလည်း သိရသည်။ အဆိုပါ ရှေးဟောင်းအဆောက်အအုံများ ကမ္ပည်းရေးထိုးခြင်းကို ရန်ကုန်မြို့ ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းရေး အဖွဲ့နှင့် ကမ္ဘာကျော် philips ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်မည် ဖြစ်သည်။

"ရှေးဟောင်း အဆောက်အအုံတွေမှာ ကမ္ပည်းမော်ကွန်း ရေးထိုးခြင်းကို
နောက်နှစ်လလောက်မှာ စလုပ်နိုင်ဖို့ မှန်းထားပါတယ်။ အဓိကကတော့ ရန်ကုန်မြို့တော် ခန်းမအနီးဝန်းကျင်က ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတွေကိုပါ။ ပထမဆုံးစပြီး ကမ္ပည်းထိုးမယ့် အဆောက်
အအုံကတော့ ရန်ကုန်မြို့တော် ခန်းမပါ။ အဲဒီအတွက်ကိုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ ညှိနှိုင်းပြီးသွားပါပြီ။ အခုတော့ အဲဒီအဆောက်အအုံတွေနဲ့ ပတ်သက်တဲ့ သမိုင်းအချက်
အလက်တွေကို စုဆောင်းနေပါတယ်။ ပြီးတော့ ကမ္ပည်းထိုးမယ့် Materials တွေကို စမ်းသပ်တာတွေ လုပ်နေပါတယ်" ဟု ရန်ကုန်မြို့
ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့မှ ဒါရိုက်တာ ဒေါ်မို့မို့လွင်
က ပြောပြသည်။

ထိုသို့ ရှေးဟောင်းအဆောက်အအုံများကို ကမ္ပည်းရေးထိုးခြင်းအား မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးထိုးမည်ဖြစ်ပြီး နိုင်ငံခြားသား ခရီးသွား ဧည့်သည်များလည်း ၎င်းတို့ စိတ်ဝင်စားသည့် ရှေးဟောင်းအဆောက်အအုံ၏ သမိုင်းအချက်အလက်များကို လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျောက်တံတား၊ ပန်းဘဲတန်း၊ ဗိုလ်တထောင်မြို့နယ်များသည် ရှေးဟောင်း အမွေအနှစ် အဆောက်အအုံ အများဆုံးရှိသည့် မြို့နယ်များဖြစ်ပြီး ရန်ကုန်မြို့တော်တွင် ရှေးဟောင်း အမွေအနှစ်အဆောက်အအုံ ၁၈၉ လုံးရှိကြောင်း သိရသည်။

eleven media group
ရန်ကုန်မြို့တော်ခန်းမ အနီးဝန်းကျင်ရှိ ရှေးဟောင်းအဆောက် အအုံများတွင် ၎င်းတို့၏ သမိုင်းဆိုင်ရာ အချက်အလက်များကို ကမ္ပည်းရေးထိုး သွားမည်ဖြစ်ပြီး ပထမဆုံး ရန်ကုန်မြို့တော် ခန်းမ အား ပြုလုပ်စေမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့မှ ဒါရိုက်တာ
ဒေါ်မို့မို့လွင်၏ ပြောကြားချက်အရ သိရသည်။

အိန္ဒိယ ရေဘေး ကယ်ဆယ်ရေး အရှိန်မြှင့်ဆောင်ရွက်

Photo: အိန္ဒိယ ရေဘေး ကယ်ဆယ်ရေး အရှိန်မြှင့်ဆောင်ရွက်
Sunday, June 23, 2013

အိန္ဒိယ နိုင်ငံ မြောက်ပိုင်းမှာ ရေကြီးမှုတွေ ဖြစ်ပွားလို့ သောင်းနဲ့ ချီပြီး ပိတ်မိ နေကြတဲ့ လူတွေ အတွက် ကယ်ဆယ်ရေး ဆောင်ရွက် မှုတွေ အကြီး အကျယ် ပြုလုပ်နေ ပါတယ်။

အခု ဖြစ်ရပ်ကို နိုင်ငံတော် အကျပ် အတည်း ကြီး တခု အဖြစ် အိန္ဒိယ အစိုးရက ဖေါ်ပြ ပြောဆို လိုက်ပါ တယ်။

ပိတ်မိ နေကြတဲ့ လူတွေကို လုံခြုံရေး တပ်ဖွဲ့တွေ ကနေ ရဟတ်ယာဉ် တွေနဲ့ ကယ်ထုတ် နေပေမယ့်လို့ လမ်းတွေ တံတားတွေ ပြန်ပြင်ဖို့ ကိုတော့ အတော် ခက်ခက် ခဲခဲ ကြိုးပမ်း ဆောင်ရွက် နေရ ပါတယ်။

ရေကြီးတဲ့ ဒဏ်ကို အဆိုးဝါးဆုံး ခံခဲ့ ရတဲ့ ဥတရာခန်း ပြည်နယ် မှာတော့ အသက် မသေဘဲ လွတ်မြောက်ခဲ့ သူတွေကို အထူး ရထား ပို့ဆောင်ရေး လိုင်းတခုနဲ့ ဘေးကင်း ရာကို သယ်ဆောင် ပေးနေပါတယ်။

ကယ်ဆယ်ရေး အေဂျင်စီတွေ အကြား ညှိနှိုင်း ဆောင်ရွက် မှုတွေ မလုပ် နိုင်ဘဲ ပျက်ကွက် ခဲ့တယ် ဆိုတာကို အရာရှိ တွေက ဝန်ခံကြ ပါတယ်။ ဥထရာခန်း ပြည်နယ် ဝန်ကြီးချုပ် ဟာလည်း သူ့ အစိုးရရဲ့ ဆောင်ရွက်မှု တွေနဲ့ ပတ်သက်ပြီး မေးခွန်း ထုတ်ခံနေရ ပါတယ်။

BBC Burmese

ပိတ်မိ နေကြတဲ့ လူတွေကို လုံခြုံရေး တပ်ဖွဲ့တွေ ကနေ ရဟတ်ယာဉ် တွေနဲ့ ကယ်ထုတ် ပေးနေ
အိန္ဒိယ နိုင်ငံ မြောက်ပိုင်းမှာ ရေကြီးမှုတွေ ဖြစ်ပွားလို့ သောင်းနဲ့ ချီပြီး ပိတ်မိ နေကြတဲ့ လူတွေ အတွက် ကယ်ဆယ်ရေး ဆောင်ရွက် မှုတွေ အကြီး အကျယ် ပြုလုပ်နေ ပါတယ်။

ဆီးရီးယား အစိုးရကို ဆန့်ကျင်သော အဓိက အတိုက်အခံ နိုင်ငံများ အဖွဲ့၏ တွေ့ဆုံ ဆွေးနွေးပွဲအား ဇွန် ၂၂ ရက်တွင် ကာတာ၌ ကျင်းပမည်

ဆီးရီးယား အစိုးရကို ဆန့်ကျင်သော အဓိက အတိုက်အခံ နိုင်ငံများ အဖွဲ့သည် ဆီးရီးယား နိုင်ငံ၏ အတိုက် အခံ တပ်ဖွဲ့ များထံသို့ လက်နက်များ ထောက်ပံ့ပေးရေး ဆိုင်ရာ တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ်အား ဇွန် ၂၂ ရက်တွင် ကာတာနိုင်ငံ ဒိုဟာမြို့၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

၁၁ နှစ်သမီး အရွယ် မိခင်

ဘယ်လ်ဂျီယမ်နိုင်ငံမှ အသက် ၁၁ နှစ်အရွယ် မိန်းကလေး တစ်ယောက်မှာ သမီး တစ်ယောက် မွေးဖွား ခဲ့ပါတယ် ။ သူမဟာ လက် ထပ်ပွဲ ဒုတိယ ရက်မှာ နီးစပ်ရာ ဆေးရုံကို သွားရောက်ပြီး မွေးဖွား ခဲ့ရခြင်းဖြစ် ပါတယ် ။

စာသင်ကျောင်းများ၌ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်ရိုးကို နှစ်ပြည့်သင်ရိုး အဖြစ် ပူးတွဲသင်ကြားနိုင်ရန် လားရှိုးခရိုင်ပညာရေးကော်မတီမှကြိုးစားနေ

Photo: စာသင်ကျောင်းများ၌ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်ရိုးကို နှစ်ပြည့်သင်ရိုး အဖြစ် ပူးတွဲသင်ကြားနိုင်ရန် လားရှိုးခရိုင်ပညာရေးကော်မတီမှကြိုးစားနေ
Sunday, June 23, 2013

လားရှိုးမြို့ပေါ်ရှိ အစိုးရ အထက်တန်း ကျောင်းများ၌ နိုင်ငံခြား အောင်လက်မှတ်ရ အင်္ဂလိပ်စာနှင့် ကွန်ပျူတာ ဘာသာရပ်ကို ကျောင်းဘာသာရပ်များတွင် နှစ်ပြည့်သင်ရိုးအဖြစ် ပူးတွဲသင်ကြားနိုင်ရန် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု လားရှိုးခရိုင် ပညာရေးကော်မတီမှ သိရသည်။

၎င်းသင်ရိုးညွှန်းများကို ကျောင်းသင်ခန်းစာများတွင် ဖြည့်စွက်၍ နှစ်ပြည့်သင်ရိုးအဖြစ် ပူးတွဲသင်ကြားခြင်းဖြင့် ဒေသပညာရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်၊ ကျောင်းနေ ကလေးများအတွက် ဘ၀အသက်မွေးဝမ်းကြောင်း ခိုင်လုံသေချာစေရန်၊ ကျောင်းသားများ ယင်းဘာသာရပ်မျိုးကို ဈေးနှုန်းချိုသာစွာဖြင့် သင်ကြားခွင့် ရနိုင်စေရန်၊ ၎င်းကျောင်းမှဆရာ/မများကိုယ်တိုင် ပြန်လည် သင်ကြားပေး
ရမည် ဖြစ်သောကြောင့် သီးသန့်လစာရရှိစေပြီး ဆရာ/မများ၏ အသက်မွေးဝမ်းကြောင်းကို အထောက်အကူ ဖြစ်စေရန်တို့အတွက် ရည်ရွယ်ကြောင်း သိရသည်။

“အဓိက ပြောချင်တာကတော့ အင်္ဂလိပ်စာနဲ့ ကွန်ပျူတာစွမ်းရည်ဟာ အခွင့်အလမ်းတံခါးပေါက် အားလုံးကို ဖွင့်ပေးနိုင်သော သော့ချက်တခုဖြစ်တယ်”ဟု နိုင်ငံတကာ ပညာရေးအတိုင်ပင်ခံ ဦးဗိုလ်ဗိုလ်အောင်က ပြောကြားသည်။

အစိုးရ စာသင်ကျောင်းများ၌ နှစ်ပြည့်သင်ရိုးအဖြစ် သင်ကြားခွင့်ရပါက ပဉ္စမတန်းမှ ဒဿမတန်းအထိ သင်ကြားပေးပြီး တစ်နှစ်ကို ကျောင်းလခအနေဖြင့် ပဉ္စမတန်းကို တစ်လလျှင် ငါးထောင်သတ်မှတ်ကာ ဆင့်ကဲအတန်းစဉ်အလိုက် ငွေတစ်ထောင် တိုး၍ လက္ခံသင်ကြားသွားမည် ဖြစ်ကြောင်း၊ ၂၀၁၃ခုနှစ် ဇူလိုင်လတွင် တက္ကသိုလ်ဝင်တန်းဖြေဆို အောင်မြင်ပြီးသူကျောင်းသားများအတွက် အသက်မွေးဝမ်းကျောင်းကို အထောက်အကူ ဖြစ်စေပြီး အလုပ်အကိုင် သေချာပေါက် ရစေရန် Specialist Diploma in Tourlism and Hospitality (ခရီးသွားလုပ်ငန်းSingaporeDiploma)က လားရှိုးတက္ကသိုလ်နှင့် ပါရာဂွန်အင်တာနေရှင်နယ်တို့မှ ပူးတွဲဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း ဆက်လက် သိရသည်။

လားရှိုးခရိုင် ပညာရေး ကော်မတီမှ မူလစီစဉ် ဆောင်ရွက်ချက်အရ Cedar Academe Singaporeမှ အသစ်ရေးဆွဲ ထားသော English forAll နှင့် We get I.T သင်ရိုးကို အခြေခံ ပညာသင်ဆရာ/မ (၄၆)ဦးအား နိုင်ငံခြားသား ဆရာနှစ်ဦးမှ နည်းပြသင်တန်း ပို့ချပေးခဲ့ပြီး ၎င်းဆရာ/မများက နွေရာသီ ကျောင်းပိတ်ရက်များ၌ မြို့ပေါ်ရှိ နွေစင်တာလေးခုတွင် တက်ရောက်သူ သင်တန်းသား(၆၉၂)ဦးအား ပြန်လည်သင်ကြား ပို့ချခြင်းနှင့် အောင်လက်မှတ်များပါ ပေးအပ်ချီးမြှင့် နိုင်ခဲ့ကြသည်ဟုလည်း ၎င်းကော်မတီမှ သိရသည်။

ထွန်းထွန်း

မြန်မာ့ခေတ်
လားရှိုးမြို့ပေါ်ရှိ အစိုးရ အထက်တန်း ကျောင်းများ၌ နိုင်ငံခြား အောင်လက်မှတ်ရ အင်္ဂလိပ်စာနှင့် ကွန်ပျူတာ ဘာသာရပ်ကို ကျောင်းဘာသာရပ်များတွင် နှစ်ပြည့်သင်ရိုးအဖြစ် ပူးတွဲသင်ကြားနိုင်ရန် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု လားရှိုးခရိုင် ပညာရေးကော်မတီမှ သိရသည်။

အမေရိကန် ထောက်လှမ်းရေး ဟောင်းကို တရားစွဲပြီ

Photo: အမေရိကန် ထောက်လှမ်းရေး ဟောင်းကို တရားစွဲပြီ
Sunday, June 23, 2013

အမေရိကန် ထောက်လှမ်းရေး အတွက် စာချုပ်နဲ့ အလုပ် လုပ်ခဲ့တဲ့ ထောက်လှမ်းရေး ဟောင်း အက်ဝက်ဒ် စနိုဒန်ကို အမေရိကန် ပြည်ထောင်စု ကနေ ရာဇဝတ်မှု စွဲချက် တွေနဲ့ တရား စွဲဆို လိုက်ပြီ ဖြစ်ပါတယ်။

မစ္စတာ စနိုဒန်ဟာ အမေရိကန် အစိုးရရဲ့ အင်တာနက် ထောက်လှမ်းရေး အစီ အစဉ် တွေကို ဖွင့်ချ ဖေါ်ထုတ် လိုက်တာ ဖြစ်တဲ့ အတွက် သူ့ကို သူလျှို လုပ်မှု၊ ခိုးယူ မှုတွေနဲ့ စွဲချက် တင်လိုက်တာ ဖြစ်ပါတယ်။

အခုတော့ သူဟာ ဟောင်ကောင်ကို ထွက်ပြေး သွားခဲ့ပြီ ဖြစ်လို့၊ သူ့ကို ဖမ်းဆီးပြီး အမေရိကန် ကို ပြန်လွှဲ ပေးဖို့ အမေရိကန်က တောင်းဆို ထားတယ် ဆိုတဲ့ သတင်းတွေ အပေါ် ဟောင်ကောင် အစိုးရ ကတော့ ဘာမှ မပြောပဲ မှတ်ချက် ပေးဖို့ ငြင်း ဆိုထား ပါတယ်။

မစ္စတာ စနိုဒန်ဟာ အခု ပုန်းရှောင် နေတယ်လို့ ယူဆရပါတယ်။ ဟောင်ကောင်နဲ့ အမေရိကန် ပြည်ထောင်စုဟာ တရားခံ လွှဲပြောင်းရေး သေဘာတူ စာချုပ် ချုပ်ဆို ထားတာ ဖြစ်ပါတယ်။

အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေဟာ သန်းနဲ့ ချီတဲ့ အီးမေးလ်တွေနဲ့ တယ်လီဖုန်း ပြောကြားချက် အချက် အလက် တွေကို စုစောင်း ရယူ နေခဲ့တာ ဖြစ်တယ်လို့ မစ္စတာ စနိုဒန်က ဖွင့်ချ ခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
သူ့ကို သူလျှို လုပ်မှု၊ ခိုးယူ မှုတွေနဲ့ စွဲချက် တင်လိုက်တာ ဖြစ်ပါတယ်
အမေရိကန် ထောက်လှမ်းရေး အတွက် စာချုပ်နဲ့ အလုပ် လုပ်ခဲ့တဲ့ ထောက်လှမ်းရေး ဟောင်း အက်ဝက်ဒ် စနိုဒန်ကို အမေရိကန် ပြည်ထောင်စု ကနေ ရာဇဝတ်မှု စွဲချက် တွေနဲ့ တရား စွဲဆို လိုက်ပြီ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံတွင် သမီးဖြစ်သူ ကိုယ်စား အင်္ဂလိပ် စာမေးပွဲ ဖြေဆိုခဲ့သော မိခင် ဖမ်းဆီးခံရ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဆယ်ကျော်သက် အရွယ် သမီးဖြစ်သူ ကိုယ်စား အင်္ဂလိပ် စာမေးပွဲ ဝင်ရောက် ဖြေ ဆိုခဲ့သော အသက် ၅၂ နှစ်အရွယ် ရှိ မိခင်ဖြစ်သူအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မြန်မာလူငယ်များ အဓိက ကြုံနေရသည့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု ပြဿနာနှင့် စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်

လက်ရှိကာလ၌ မြန်မာလူငယ်များ အဓိက ကြုံတွေ့နေရသည့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကြေညာချက် တစ်ရပ်ကို မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးမှ ဇွန် ၂၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးမည် ဆိုခြင်းမှာ ယခင်သဘောတူလက်မှတ် ရေးထိုးထားချက်များအား အတည်ပြုခြင်းသာဖြစ်ဟု သမ္မတရုံးဝန်ကြီး ပြောကြား

uaungmin-june23
ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအား မီဒီယာများက မေးမြန်းစဉ် (ဓာတ်ပုံ-ထက်ရှိုင်း)
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးမည် ဆိုခြင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးနှင့် ယခင်သဘောတူလက်မှတ် ရေးထိုးထားချက်များအား

ကျပ် ၁၅၀၀ တန်ဖုန်းများဖြင့် အာဆီယံ နိုင်ငံများသို့ ဖုန်းခေါ်ဆို၍ မရနိုင်

မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ ထုတ်လုပ်ရောင်းချသည့် ကျပ် ၁၅၀၀ တန် ဆင်းကတ်များဖြင့် အာဆီယံနိုင်ငံများသို့ တစ်မိနစ်လျှင် ကျပ် ၅၀ ဖြင့် မိုဘိုင်းဖုန်း ခေါ်ဆို၍ ရသည်ဆိုသည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်း ခေါ်ဆို၍လည်း မရနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဆက်သွယ်ရေး သင်တန်းကျောင်းအုပ် ဦးကျော်စိုးက ဆိုသည်။

ပြည်ပသို့ လစဉ် တန်းမြင့်ပေါင်းဆန် တန်ချိန် ၁၀၀၀ ကျော်သာ တင်ပို့နိုင်သောကြောင့် လက်ရှိထက် ၁၀ ဆ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်နေ

ricemachine-june23
လှိုင်မြို့နယ်ရှိ ဆိပ်ကမ်းတစ်ခုတွင် ဆန်အိတ်များ အတင်အချ ပြုလုပ်နေသည်ကို တွေ့ရစဉ်
လတ်တလောတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ လစဉ်တန်းမြင့်ပေါင်းဆန် တန်ချိန် ၁၀၀၀ နှင့် ၁၅၀၀ ကြားသာ တင်ပို့နိုင်သေးသော်လည်း ယခုနှစ်ကုန်ပိုင်း၌ လက်ရှိထက် ၁၀ ဆ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်

အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူ ခံရသော နိုင်ငံအချို့ ပါဝင်သော Asian Clearing Union အစည်းအဝေး ဗဟိုဘဏ်ဥက္ကဋ္ဌ တက်ရောက်

centralbank-june23
မြန်မာနိုင်ငံတော် ဗဟိုဘဏ် (ရန်ကုန်) ကို တွေ့ရစဉ်
အမေရိကန်နိုင်ငံ၏ ဘဏ္ဍာရေး ပိတ်ဆို့အရေးယူ ခံထားရသော နိုင်ငံအချို့ ပါဝင်သော Asian Clearing Union (ACU) အမှုဆောင် ဒါရိုက်တာ အစည်းအဝေးကို ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းနှင့်အဖွဲ့ တက်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ကေအိုင်အိုအဖွဲ့မှ သဘောတူညီချက် (၇) ချက်တွင် ပါဝင်သော အလုပ်အဖွဲ့ (Technical Team) ကို လိုင်ဇာမြို့တွင် ဖွဲ့စည်း

ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ် ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ PCG နှင့် ကေအိုင်အို၊ ကေအိုင်အေအဖွဲ့တို့ စုပေါင်းပြီး ဇွန် ၁၉ ရက်က အစိုးရနှင့် မေလဆွေးနွေးပွဲတွင် သဘောတူလက်မှတ် ရေးထိုးခဲ့သော အချက် (၇) ချက်တွင် ပါဝင်သည့် အလုပ်အဖွဲ့ (Technical Team) ကို ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။

စီးပွားရေး မပြေလည်မှုများနှင့် စိတ်ကျဝေဒနာ ခံစားရမှုများကြောင့် ဆွဲကြိုးချ သတ်သေမှု များပြား

ရန်ကုန်တိုင်း ဒေသကြီးတွင် ငါးလအတွင်း ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သေဆုံးမှု များမှာ မြင့်တက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် အခွန်အများဆုံး ထမ်းဆောင်နေသည့် ၅၀၀ စာရင်းအား မကြာမီ ထုတ်ပြန်မည်

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန အနေဖြင့် လက်ရှိတွင် အခွန်အများဆုံး ထမ်းဆောင်ထားသည့် ထိပ်ဆုံးအခွန်ထမ်း ၅၀၀ စာရင်းအား ပြုစုလျက်ရှိကြောင်းနှင့် ၅၀၀ စာရင်းအား နိုင်ငံပိုင် သတင်းစာများ၌ ထည့်သွင်းထုတ်ပြန် သွားရန်ရှိကြောင်း စုံစမ်းသိရသည်။

မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ တော်ကောင်စီဝင် ယန်ကျဲချီ မြန်မာနိုင်ငံသို့ ယနေ့လာရောက်မည်

shikyipin-june23
အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဟီလာရီ ကလင်တန်နှင့် ယန်ကျဲချီတို့အား ၂၀၁၂ ခုနှစ်က တွေ့ရစဉ်
မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ တော်ကောင်စီဝင် ယန်ကျဲချီသည် မြန်မာနိုင်ငံသို့

ကျေးလက်နေပြည်သူ ၃၅ ရာခိုင်နှုန်းခန့်မှာ အစားအစာအတွက် ငွေချေးနေရပြီး လူဦးရေ ထက်ဝက်မှာ တစ်နှစ်လျှင် နှစ်လခန့် အစားအစာ မလုံလောက်မှု ပြဿနာ ကြုံနေရ

 sittwe-june23
                             စစ်တွေမြို့ တစ်ဖက်ကမ်း ကျေးတောပိုက်ဆိပ် ကျေးရွာကို တွေ့ရစဉ်
ကျေးလက်နေ ပြည်သူများ၏ ရာခိုင်နှုန်း ၃၅ ခန့်မှာ အစားအစာများ ၀ယ်ယူစားသုံးရန် တစ်နှစ် ပတ်လုံး ငွေချေးယူနေရသည့်အပြင် ကျေးလက်နေ ပြည်သူများ၏ ရာခိုင်နှုန်း ၅၀ မှာလည်း တစ်နှစ်