Sunday, August 24, 2014

အထက်ပေါင်းလောင်းရေအားလျှပ်စစ် စီမံကိန်းကြောင့် ပြောင်းရွှေ့ကျေးရွာ ဒေသခံများ လိုအပ်ချက်ရှိ

Photo: အထက်ပေါင်းလောင်းရေအားလျှပ်စစ် စီမံကိန်းကြောင့် ပြောင်းရွှေ့ကျေးရွာ ဒေသခံများ လိုအပ်ချက်ရှိ
Saturday, August 23, 2014

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်အနီးကို အထက်ပေါင်းလောင်းရေအား လျှပ်စစ်စီမံကိန်းကြောင့် ပြောင်းရွှေ့ခံခဲ့ရတဲ့ ကျေးရွာ ၂၃ ရွာက ဒေသခံတွေ လိုအပ်ချက်တွေ ရှိနေပါတယ်။

နေပြည်တော်မြို့နယ် အနီးက အထက်ပေါင်းလောင်းရေအားလျှပ်စစ် စီမံကိန်းကြောင့် ရေနစ်မြုပ်နိုင်တဲ့ ကျေးရွာ ၂၃ ရွာကဒေသခံတွေကို ၂၀၁၃ ခုနှစ်ထဲက ပင်လောင်းမြို့ အနီးကို ပြောင်းရွှေ့ခဲ့ပြီး အဲဒီဒေသခံတွေက လယ်ယာမြေလိုအပ်ချက်တွေ ရှိနေတာပါ။

ထိန်ပင်ကျေးရွာသစ်မှာနေထိုင်တဲ့ ဦးဖိုးထွေးကတော့ အရင်ရွာဟောင်းက ရေမနစ်မြုပ်သေးတဲ့ လယ်မြေမှာ သွားရောက်လုပ်ကိုက်နေပြီး လုပ်စားပိုင်ခွင့်ဖြစ်တဲ့ အကွက်တခုလောက် ပေးစေချင် တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“အခက်အခဲဖြစ်နေတာကတော့ လုပ်စားပိုင်ခွင့်လေး၊ ကုန်းဆိုလည်း ကုန်းကွက်လေးပေါ့၊ လယ်ဆိုလည်း လယ်ကွက်လေးပေါ့ ဘယ်လိုပဲရရ ရင်ကျေနပ်ပါတယ်။ ကျနော်တို့က တောင်သူ အလုပ်လေးတွေကိုပဲ အားထားနေရတာ။ အခု ရေမနစ်မြုပ်သေးတဲ့ လယ်မြေမှာပဲ သွားလုပ်နေရတယ်။”

ကျေးရွာသားတဦးဖြစ်တဲ့ ဦးမောင်မောင်ကလည်း လက်ရှိကျေးရွာသစ်မှာ ပေးထားတဲ့ လယ်ယာမြေများမှာ သစ်တောပိုင်မြေဖြစ်တဲ့အတွက် ဦးပိုင်မဖြစ်နိုင်ပဲ နိုင်ငံတော်က ဦးပိုင်အဖြစ် အမြန်ဆုံး ပေးစေလိုတယ်လို့ အခုလိုပြောပါတယ်။
“ကနေ့အထိ ပြည်နယ်၊ မြို့နယ်အထက်အဆင့်ဆင့်ကနေပြီးတော့ ကျနော်တို့မှာ ဦးပိုင် ဖောက်လို့မရဘူးတဲ့။ ဘာလို့ လုပ်စားလို့ မရလဲဆိုတော့ သစ်တောမြေဖြစ်တဲ့အတွက် သစ်တောမြေက နုတ်ပြီးမှာသာ ဦးပိုင်ဖောက်လို့ရမယ်လို့ ပြောတယ်။ ကျနော်တို့မှာ ဒီစိုက်ပျိုးရေးနဲ့ ဒါလေးတွေ လုပ်မှ ဘ၀ရပ်တည်မှု ရှိမှာကိုး။ အဲဒီလို လုပ်မပေးဘူးဆိုတော့ ကျနော်တို့မှာ ကိုယ့်အလုပ်ကိုယ် မလုံမလဲနဲ့ လုပ်စားနေရတဲ့ ဘ၀ ဖြစ်နေတယ်။ အဲဒီတော့ နိုင်ငံတော်ကနေပြီး မြန်မြန်တိုင်းတာ၊ သစ်တောက မြန်မြန်ခွင့်ပြုပြီးတော့ မြန်မြန်ကို ဦးပိုင်တွေ ဖောက်ပေးစေချင်တယ်။”

ရှမ်းပြည်နယ်၊ လျှပ်စစ်စွမ်းအးဝန်ကြီး ဦးစိုင်းထွန်းရင်ကတော့ ကျေးရွာ ၂၃ ရွာက အိမ်ခြေ ၂၅၂၄ အိမ်ကို လယ်ယာနဲ့ အိမ်တွေအစားထိုးပေးပြီး မရသေးရင် သက်သေ အထောက်အထားနဲ့ တင်ပြနိုင်တယ်လို့လည်း အခုလိုပြောပါတယ်။
“ကျေးရွာ ၂၃ ရွာကို ပြောင်းရွှေ့တယ်။ အိမ်ခြေပေါင်း ၂၅၂၄ အိမ်ရှိတယ်။ အဲဒါကို လယ်ပိုင်တဲ့ သူကို လယ်အစားထိုးပေးတယ်။ အိမ်ပိုင်တဲ့သူကို အိမ်အစားထိုးပေးတယ်။ တကယ်လို့ မပေးရသေးဘူးဆိုရင် ကျနော်တို့အစိုးရက ချက်ချင်းလက်ငင်းပေးပေးမယ်။ ဒါပေမယ့် သက်သေ အထောက်အထားတော့ တင်ပြနိုင်ရမယ်။ ရှမ်းပြည်နယ်အစိုးရကို တင်ပြလို့ရတယ်။”

အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းကြောင့်ရေနစ်မြုပ်နိုင်တဲ့ ကျေးရွာ ၂၃ ရွာက ဒေသခံ ၉၇၀၀ ကျော်ကို ပင်လောင်မြို့အနီးက သပြေကုန်း၊ ထိန်ပင်ကျေးရွာသစ်များကို ပြောင်းရွှေ့ပေးခဲ့ပြီး မကြာမီ ပေါင်းလောင်းမြို့သစ်အဖြစ် နိုင်ငံတော်က တရားဝင်ပြုလုပ်ပေး မယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးမော်သာထွေး ကပြောပါတယ်။

“နိုင်ငံတော်ထဲမှာကို စာရင်းပေါက်အဖြစ်နဲ့ မြို့လေးတမြို့ဖြစ်လာဖို့ မကြာတော့ပါဘူး။ မြို့တမြို့ဖြစ်လာရင် မြို့ရဲ့ ခံစားခွင့်တွေ အကုန်ခံစားလာရမယ်။ မြို့ဖြစ်လာရင် ဆေးရုံတွေ ရလာမယ်၊ ရဲစခန်းတွေ ရလာမယ်၊ စာသင်ကျောင်းတွေ အဆင့်မြင့်ပြီးတော့မှ မြို့နဲ့တန်တဲ့ အုပ်ချုပ်ရေး ယန္တရားတွေ ရောက်လာမယ်။”

အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက နေပြည်တော်၊ ပျဉ်းမနားမြို့ရဲ့ ၂၆ မိုင်အကွာမှာ၂၀၀၅ ခုနှစ်မှ စတင်တည်ဆောက်နေပြီး ၂၀၁၅ ခုနှစ်မှာ ပြီးစီးကာ ၁၄၀ မီဂါဝပ်နဲ့ ပြည်တွင်းသုံးစွဲရန် ပင်မဓာတ်အားပေးစနစ်ထဲသို့ ဖြန့်ချိ သွားမယ်လို့ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ကြေညာချက်ထုတ်ထားပါတယ်။

DVB
ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်အနီးကို အထက်ပေါင်းလောင်းရေအား လျှပ်စစ်စီမံကိန်းကြောင့် ပြောင်းရွှေ့ ခံခဲ့ရတဲ့ ကျေးရွာ ၂၃ ရွာက ဒေသ ခံတွေ လိုအပ်ချက်တွေ ရှိနေပါတယ်။

ငပလီ ကမ်းခြေသို့ လာရောက် အပန်းဖြေသူများ ဟိုတယ်စရိတ် ကြီးမြင့်မှုကြောင့် ရပ်ကွက်အတွင်း အိမ်ငှားနေခြင်း တည်းခိုခန်း များ၌ တည်းခိုခြင်းများ များပြားလာ

ငပလီ ကမ်းခြေရှိ ဟိုတယ်များတွင် တည်းခိုစရိတ် မြင့်မားသော်လည်း ကမ်းခြေအနီး တစ်ဝိုက်ရှိ တည်းခိုခန်း များ၏ တည်းခိုစရိတ်မှာ ဈေးနှုန်း ချိုသာသဖြင့် ငပလီ ကမ်းခြေသို့ လာရောက် လည်ပတ်သူ အများစုမှာ တည်းခိုခန်း များတွင် တည်းခိုလေ့ ရှိကြောင်း သံတွဲမြို့နယ် တည်းခိုခန်း လုပ်ငန်းရှင်များ ထံမှ သိရသည်။

မြေနီကုန်း ခုံးကျော်တံတား အောက်ခြေ ဆောက်လုပ်မှုကို ရက်ပေါင်း ၁ဝဝ အတွင်း အပြီး ဆောက်လုပ်မည်

Capital Development လုပ်ငန်းစုမှ တာဝန်ယူ ဆောက်လုပ်နေသည့် မြေနီကုန်း ခုံးကျော် တံတား စီမံကိန်းတွင် အောက်ခြေ အပိုင်း ဆောက် လုပ်မှုကို ရက်ပေါင်း ၁ဝဝ အတွင်း အပြီးသတ် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှသိရသည်။

တနင်္ဂနွေနေ့ တိုင်း အိမ်ခြေရာခြေမဲ့တွေကို လိုက်လံဆံသပေးရင်း အချိန်ကိုကုန်ဆုံးစေတဲ့ ဆံသဆရာ

Photo: တနင်္ဂနွေနေ့ တိုင်း အိမ်ခြေရာခြေမဲ့တွေကို လိုက်လံဆံသပေးရင်း အချိန်ကိုကုန်ဆုံးစေတဲ့ ဆံသဆရာ
Sunday, August 24, 2014

Mark Bustos ဟာ နယူးယောက်မြို့ က အဆင့်မြင့် အထက်တန်းလွှာ ဆံသဆိုင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ ဆံသဆရာတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ ရဲ့ ဖောက်သည်တွေ အားလုံးကတော့ သေသပ်လှပတဲ့ ဆံသချက်၊ မုတ်ဆိတ်ရိတ်ချက်တွေ ရဖို့  အတွက် ချမ်းသာဖို့ မလိုပါဘူး။ တစ်ချို အချိန်တွေမှာဆို ခြူတစ်ပြားမှတောင် ကုန်ဖို့ မလိုပါဘူး။

Bustos ဟာ သူရဲ့ တစ်ရက်တည်းသော အလုပ်နားရက်ဖြစ်တဲ့ တနင်္ဂနွေနေ့ တိုင်းမှာ မြို့ ထဲကို လျှောက်သွားပြီး ဆံသမှုကို တန်ဖိုးထား အလိုရှိနေတဲ့ သူတွေကို လိုက်လံရှာဖွေရင်း ကုန်ဆုံးစေပါတယ်။ “ ကျွန်တော်ဒီနေ့  ခင်ဗျားအတွက် ကောင်းတာလေး တစ်ခုလောက် လုပ်ပေးချင်တယ်ဗျာ” ဆိုတဲ့ စကားရိုးရိုးလေးနဲ့  လူတိုင်းကို ချဉ်းကပ်လေ့ရှိပါတယ်။ Bustos ဟာ တနင်္ဂနွေနေ့ တိုင်းမှာ လူ ၆ယောက်လောက်ကို ဆံသပေးပြီး သူရဲ့ ဆံသပုံတွေကို Instagram ပေါ်တင်လေ့ရှိပါတယ်။

Bustos ဟာ ဖိလစ်ပိုင်နိုင်ငံရှိ သူ့ မိသားစုတွေဆီကို အလည်အပတ်သွားခဲ့တဲ့ ၂၀၁၂ ခုနှစ် မေလကစပြီး ငွေကြေးချို့  တဲ့သူတွေကို ဆံသပေးခဲ့ပါတယ်။ ဖိလစ်ပိုင်ကိုရောက်နေစဉ်မှာ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ကနေ ထိုင်ခုံတစ်လုံး ပိုက်ဆံပေးငှားပြီး ငွေကြေးချို့ တဲ့နေတဲ့ ကလေးတွေကို စတိုင်တစ်မျိုးနဲ့ အလှတိုးအောင် ဆံသပေးခဲ့ပါတယ်။

“အဲ့လိုလုပ်ပေးရလို့ ခံစားရတဲ့ ခံစားချက်က အရမ်းကိုပျော်ရွှင်ကျေနပ်စရာကောင်းပါတယ်။ ဒီ အပြုသဘောဆောင်တဲ့ စိတ်ခံစားချက်ကလေးကို နယူးယော့ခ်ထိ သယ်လာဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်” လို့  အသက် ၃၀ အရွယ်ရှိ Bustos က ဆိုပါတယ်။ သူဟာ ဂျမေကာ ၊ ကိုစတာ ရီကာနဲ့ လော့စ်အိန်ဂျလိစ်တို့ မှာလည်း ငွေကြေးမတတ်နိုင်သူတွေကို အခမဲ့ဆံပင်ညှပ်ပေးခဲ့ပါသေးတယ်။

“လူတိုင်းဟာ ဘ၀မှာ ထိုက်တန်တာချင်းအတူတူပါပဲ။ ကျွန်တော်တို့ အားလုံးမှာ ဒုတိယအကြိမ် အခွင့်အရေးတော့ရသင့်ပါတယ်” လို့  Bustos က ဆိုပါတယ်။ Bustos ဟာ နယူးယောက်မြို့တစ်မြို့ လုံးကိုပတ်ပြီး အိမ်ခြေရာခြေမဲ့တွေကို ဆံပင်လိုက်ညှပ်ပေးလျက် ၇ှိပါတယ်။ တစ်ခါတစ်လေ သူ့ ကောင်မလေးကလည်း ဆံပင်အညှပ်ခံသူများ စားချင်တာကို ၀န်ဆောင်ပေးရင်း အဖော်အဖြစ်လိုက်လံပါရမီဖြည့်ပေးပါတယ်။

“ ဒီလုပ်ရပ်ကနေ ကျွန်တော်တို့ ရလေ့ရှိတဲ့ တုံပြန်မှုတစ်ခုက သူတို့ တွေက ကျွန်တော် တကယ်တမ်း ဘာလိုချင်သလဲဆိုတာကို မမေးကြပါဘူး။ ကျွန်တော်တို့ ရလေ့ရှိတာက အစားအစာအကြွင်းအကျန်တွေနဲ့  အမှိုက်သရိုက်တွေပါပဲ” လို့ Bustos က Huffinton Post ကို ဆိုပါတယ်။

Bustos အဆိုအရ ၄င်းဟာ လူသွားလူလာများပြီး ဟင်းလင်းပြင်နေရာလိုမျိုးဖြစ်တဲ့ လမ်းဘေးထောင့်တွေ နဲ့  လူသွား စင်္ကြန်တွေမှာ လူတွေမြင်နိုင်အောင် တမင်ကြံရွယ်ပြီး ဆံပင်ညှပ်ပေးတယ် လို့ ဆိုပါတယ်။ ဒီလိုမျိုး လူမြင်ကွင်းမှာ ကြံရွယ် ပြုလုပ်ရခြင်းဟာ သူ့ ကို လူတွေသတိထားမိစေရန် မဟုတ်ပဲ ၄င်းလုပ်နေတဲ့ လုပ်ရပ်ကနေ လူတွေဟာ စိတ်ကူးရပြီး ငွေကြေးချို့ တဲ့  သူတွေအပေါ် ကြင်နာရာရောက်တဲ့ အလားတူ လုပ်ရပ်ကောင်းမျိုးတွေကို လုပ်နိုင်ကြစေဖို့ အတွက် ဖြစ်တယ်လို့ လည်း သိရပါတယ်။

“ အပြုံးလေးရိုးရိုး တစ်ခုကတောင် အများကြီး သက်ရောက်နိုင်ပါတယ်” လို့  ၄င်းကဆိုပါတယ်။

Bustos ရဲ့  လုပ်ဆောင်ချက်တွေကို သင်ကြည့်ရှုချင်တယ်ဆိုရင် သူ့ ရဲ့ Instagram အကောင့်မှာ ခြေရာခံကြည့်ရှုနိုင်ပါတယ်။

Ref:huffingtonpost.com
Trend Myanmar
Mark Bustos ဟာ နယူးယောက်မြို့ က အဆင့်မြင့် အထက်တန်းလွှာ ဆံသဆိုင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ ဆံသဆရာတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ ရဲ့ ဖောက်သည်တွေ အားလုံးကတော့ သေသပ်လှပတဲ့ ဆံသချက်၊ မုတ်ဆိတ်ရိတ်ချက်တွေ ရဖို့  အတွက် ချမ်းသာဖို့ မလိုပါဘူး။ တစ်ချို အချိန်တွေမှာဆို ခြူတစ်ပြားမှတောင် ကုန်ဖို့ မလိုပါဘူး။

တောင်ယာလုပ်ကိုင်ချိန် RCSS/SSA အဖွဲ့၏ ဆက်ကြေး၊ ရိက္ခာ တောင်းမှုအပေါ် ဒေသခံများ စိတ်ပျက်

Photo: တောင်ယာလုပ်ကိုင်ချိန် RCSS/SSA အဖွဲ့၏ ဆက်ကြေး၊ ရိက္ခာ တောင်းမှုအပေါ် ဒေသခံများ စိတ်ပျက်
Sunday, August 24, 2014

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ တောင်နောက် ကျေးရွာနှင့်အနီး ၀န်းကျင်ကျေးရွာများအား သြဂုတ် ၂၃ ရက်နေ့တွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(RCSS/SSA) အဖွဲ့မှ ဆက်ကြေး၊ ရိက္ခာ တောင်းခံမှုကြောင့် ဒေသခံများ စိတ်ပျက်နေကြကြောင်း သိရသည်။

" ကျွန်တော်တို့ ရွာတွေက ဘိန်းစိုက်စားတဲ့ ရွာတွေ မဟုတ်ပါဘူး၊ ရိုးရိုးတောင်ယာပဲ လုပ်ကြတာ၊ အခု တောင်ယာလုပ်နေကြပါပြီ၊ ဒါပေမယ့် ရှမ်းပြည်တောင်ပိုင်းတပ်က ဆက်ကြေး၊ ရိက္ခာ လာကောက်လို့ စိတ်ပျက် နေကြတယ် " ဟု တောင်နောက် ရွာသား ကိုစိုင်းဘဦးက ပြောသည်။
RCSS/SSA အဖွဲ့မှ ရွာခံတစ်ဦးအား ရွာထဲတွင် ၎င်းတို့အဖွဲ့ စားသုံးရန် ထမင်းထုပ်များ တောင်းခိုင်းပြီး နောက် ဆက်ကြေးငွေများကို တစ်ပါတည်း တောင်းခြင်းဖြစ်ကြောင်း သိရသည်။

" မနေ့က တစ်အိမ် ထမင်းတစ်ထုပ် တောင်းလို့ ပေးလိုက်ရတယ်၊ ဈေးဆိုင်တွေမှာလည်း ဆေးလိပ်နဲ့ အရက် တွေ ယူသွားတယ်၊ ကြောက်တော့ ဘာမှ ပြန်မပြောရဲဘူး၊ သေနတ်အားကိုးနဲ့ ကိုယ့်တိုင်းရင်းသားအချင်းချင်း အပေါ် ပြန်အနိုင်ကျင့်နေတာ " ဟု မျက်မြင်ရွာသားတစ်ဦးက ဆိုသည်။
RCSS/SSA အဖွဲ့မှ အဆိုပါ တောင်နောက်ကျေးရွာအား ဆက်ကြေးငွေ တစ်နှစ်စာ သိန်း(၂၀)၊ ဆန်(၁၀)တင်း နှင့် ဆား(၅)ပိဿာ ကို လကုန်အပြီး ပေးသွင်းရန် တောင်းခံထားကြောင်း သိရသည်။

" တောင်းတဲ့ ဆက်ကြေးကိုတော့ မပေးနိုင်ပါဘူး၊ ဆန်နဲ့ ဆားကိုတော့ ကိုယ့်မိသားစု စားတဲ့အထဲကနေ ခွဲပေး ရမှာပေါ့၊ သူတို့ပြောတော့ ရှမ်းပြည်နယ် တိုးတက်ဖို့နဲ့ ရှမ်းလူမျိုးတွေ ကောင်းစားဖို့ ဆိုလားပဲ၊ ဒါပေမယ့် ကျုပ် တစ်သက် သူတို့ ကောင်းတာလုပ်တာ ဘာတစ်ခုမှ မတွေ့သေးဘူး " ဟု အသက် ၇၀ အရွယ် ဦးစိုင်းလုံက ပြောသည်။

RCSS/SSA အဖွဲ့သည် အစိုးရနှင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၈ ရက်နေ့တွင် ပြည်ထောင်စုအဆင့် အပစ်ရပ် သဘောတူ လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့ဖြစ်ကြောင်း သိရှိရပါသည်။

ညီသစ်(တောင်ကြီး)
Shan News
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ တောင်နောက် ကျေးရွာနှင့်အနီး ၀န်းကျင်ကျေးရွာများအား သြဂုတ် ၂၃ ရက်နေ့တွင် ရှမ်းပြည် ပြန် လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(RCSS/SSA) အဖွဲ့မှ ဆက်ကြေး၊ ရိက္ခာ တောင်းခံမှုကြောင့် ဒေသခံများ စိတ်ပျက်နေ ကြကြောင်း သိရသည်။

ရန်ကုန်မြို့ မြို့ပြအိမ်ရာ စီမံကိန်း အဆင့်မြင့် ယာဉ်ရပ်နားစခန်း တင်ဒါ လုပ်ကိုင်ခွင့် ရရှိသူများ ရွေးချယ် သွားမည်

ရန်ကုန်မြို့အတွင်း မြို့ပြအိမ်ရာစီမံကိန်းနှင့် တန်ဖိုးမျှတအိမ်ရာစီမံကိန်း အဆင့်မြင့် ယာဉ်ရပ်နားစခန်းများအတွက် တင်ဒါတင်သွင်းထားသူများ အနက်မှ လုပ်ကိုင်ခွင့်ရရှိသူများကို မကြာမီ ရွေးချယ်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ရေနံချက်လုပ်ခွင့်ကို တရားဝင် ချထားပေးမည်ဟုဆို

မြန်မာနိုင်ငံဒေသအနှံ့ရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရေနံချက်လုပ်ခွင့်ကို စွမ်းအင်ဝန်ကြီးဌာနက ယခုနှစ်အတွင်း တရားဝင် ခွင့်ပြုပေး မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

အင်တာနက်မြန်နှုန်းမြှင့်ရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆွေးနွေးနေ

Photo: အင်တာနက်မြန်နှုန်းမြှင့်ရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆွေးနွေးနေ
Sunday, August 24, 2014

ဖုန်းဖြင့်အင်တာနက်သုံးနေစဉ် အင်တာနက်မြန်နှုန်းတိုး မြှင့်ပေးနိုင် ရန် နိုင်ငံတကာပင် လယ်ရေအောက်ကေဘယ်ဆက် ကြောင်း SMW-5 မှတစ်ဆင့် ဘန်ဝှစ်ပမာဏ 300GB ခန့်အ ထိ တိုးချဲ့သွားရန် နိုင်ငံတကာအ ဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၊ ပြည်ပဆက် သွယ်ရေးစခန်းမှ သတင်းရရှိ သည်။

‘‘SMW-5 ကနေ လက်ရှိ အသုံးပြုနေတဲ့ ဘန်ဝှစ်ပမာဏ ထက် အဆပေါင်းများစွာ တိုးချဲ့ သွားဖို့စီစဉ်ထားတယ်။ 300BGB လောက်ထိကို တိုးချဲ့နိုင်ဖို့ ဆွေး နွေးနေ တယ်။ အဲဒီထက်လည်း ပိုရချင်ရနိုင်တယ်’’ဟု ပြည်ပ ဆက်သွယ်ရေးစခန်းမှ လက် ထောက်အင်ဂျင်နီယာ ဦးဇော်ဌေး ကပြောသည်။

SMW-5 ပင်လယ်ရေ အောက်ကေဘယ်ဆက်ကြောင်း  ကို ငွေဆောင်မှတစ်ဆင့်ချိတ် ဆက်သွားမည်ဖြစ်ပြီး အဆင် သင့်ချိတ်ဆက်နိုင်ရန် ပြည်တွင်း ၌ ဖိုက်ဘာဆက်ကြောင်း တစ်ခု ပြေးဆွဲထားပြီးဖြစ်သည်။

‘‘ပြည်တွင်းကနေ အဆင် သင့်ချိတ်ဆက်နိုင်ဖို့အတွက်ကို တော့ လုပ်ပြီးသွားပြီ။ နိုင်ငံတ ကာအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုလုပ်ပြီးသွားတာနဲ့ တစ်ခါတည်း ချိတ်ဆက်သွားမှာပါ’’ဟု ဦးဇော် ဌေးကပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် လက်ရှိတွင် နိုင်ငံ တစ်ဝန်း၌ ကုန်းတွင်းဖြတ်ကျော် ဖိုက်ဘာဆက်ကြောင်းနှစ်ခုနှင့် ပင်လယ်ရေအောက် ဖိုက်ဘာ ဆက်ကြောင်း SMW-3 တို့မှ အင်တာနက်ဘန်ဝှစ်ပမာဏ 27 GB ကို ချိတ်ဆက်ထားပြီး 16 GB ခန့်ကိုသာ အသုံးပြုနိုင်သေး ကြောင်း သိရသည်။

ထို့အပြင်အင်တာနက်မြန် နှုန်းတိုးမြှင့်ရန်အတွက် ထိုင်းနိုင်ငံ နှင့် တရုတ်နိုင်ငံတို့မှ ဖိုက်ဘာ ဆက်ကြောင်း နှစ်ခုဖြင့် အင်တာ နက် ဘန်ဝှစ် 20GB ကို ထပ်မံတိုး ချဲ့ရန် ဆောင်ရွက်လျက်ရှိသည်။

7Day DAILY
ဖုန်းဖြင့်အင်တာနက်သုံးနေစဉ် အင်တာနက်မြန်နှုန်းတိုး မြှင့်ပေးနိုင်ရန် နိုင်ငံတကာပင် လယ်ရေအောက်ကေဘယ်ဆက် ကြောင်း SMW-5 မှ တစ်ဆင့် ဘန်ဝှစ်ပမာဏ 300GB ခန့်အထိ တိုးချဲ့သွားရန် နိုင်ငံတကာအ ဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၊ ပြည်ပဆက် သွယ်ရေးစခန်းမှ သတင်းရရှိ သည်။

ငွေကြေးခ၀ါချမှုနှင့် ဆက်စပ်နေသောလုပ်ငန်း အဖွဲ့အစည်းများကို ကြပ်မတ်စိစစ်မည်

 ငွေကြေးခ၀ါချမှုလျှော့ချနိုင်ရေးအတွက် လက်ရှိလုပ် ဆောင်နေသော တိုက်ဖျက်ရေးလုပ်ငန်းများကို ရှာဖွေဖော်ထုတ်ပြီး စက်တင်ဘာနောက်ပိုင်း မှ စတင်ကာ ငွေကြေးခ၀ါချမှုနှင့် ဆက်စပ်နေသော လုပ်ငန်းများ၊ အဖွဲ့အစည်းများကို ပိုမိုကြပ်မတ် စိစစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စည်းကမ်းဖောက် အေဂျင်စီများကို လိုင်စင်အပြီးပိတ်ရန် တိုက်တွန်း

စည်းကမ်းချိုးဖောက် သည့် အေဂျင်စီများကိုအစိုးရက ဆိုင်းငံ့ကာလမထားဘဲ အပြီးတိုင် လိုင်စင်ပိတ်သိမ်း  အရေးယူ ဆောင်ရွက်ရန်  အစိုးရသို့ တိုက် တွန်းထားကြောင်း ပြည်ပအလုပ် အကိုင်ရှာဖွေရေးအေဂျင်စီမှ အ တွင်းရေးမှူးဦးကျော်ထင်ကျော် ကပြောသည်။

မူးယစ်ဆေး သမိုင်းတစ်လျှောက် တန်ဖိုးအမြင့်ဆုံး ဖမ်းမိ ကန်ဒေါ်လာ သန်း ၂၀ ကျော် တန်ဖိုးရှိ ဆေးပြားများတင်လာသည့်စက်လှေ တပ်မတော်(ရေ)ဖမ်းဆီး

မူးယစ်ဆေးဝါးဖမ်းဆီးနိုင်ခဲ့သည့်သမိုင်းတစ်လျှောက် ပမာဏအများဆုံးအဖြစ် အမေရိကန်ဒေါ်လာ သန်းနှစ်ဆယ်ကျော် တန်ဖိုးရှိ စိတ်ကြွဆေး ပြား များ သယ်ဆောင်လာသည့် စက်လှေ တစ်စီးကို တပ်မတော်(ရေ)က ဖမ်းဆီးမိခဲ့ကြောင်း သတင်း ရရှိသည်။

လူ့အခွင့်အရေးနှင့် ဘာသာရေးလွတ်လပ်ခွင့် အတွက် နိုင်ငံ တကာက မြန်မာ အပေါ် တွန်း အားပေးရန် USCIRF တိုက်တွန်း

နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် ကော်မရှင် (USCIRF)က မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် လာရောက်သော ခရီးစဉ်အပြီး နိုင်ငံတကာ အစိုးရများအ နေဖြင့် လူ့အခွင့်အရေးနှင့် ဘာသာရေး လွတ်လပ်ခွင့်အတွက် မြန်မာနိုင်ငံအပေါ် တွန်းအားပေး ကြရန် တိုက်တွန်း လိုက်သည်။

ဘွန်ဒစ်လီဂါ သမိုင်းတွင် အမြန်ဆုံး သွင်းဂိုးကို လီဗာကူဆင် တောင်ပံ ကစားသမား ဘယ်လာရာဘီ သွင်းယူ

Photo: ဘွန်ဒစ်လီဂါ သမိုင်းတွင် အမြန်ဆုံး သွင်းဂိုးကို လီဗာကူဆင် တောင်ပံ ကစားသမား ဘယ်လာရာဘီ သွင်းယူ
Sunday, August 24, 2014 

ပြီးခဲ့သည့် စနေနေ့က ကစား ခဲ့သော ဒေါ့တ်မွန် အသင်းနှင့် လီဗာကူဆင် အသင်းတို့၏ ဘွန်ဒစ်လီဂါ အဖွင့် ပွဲစဉ်၌ လီဗာကူဆင် တောင်ပံ တိုက်စစ် ကစားသမား ကာရင် ဘယ်လာရာဘီ၏ ပွဲစပြီး ကိုးစက္ကန့် အကြာ တွင်ပင် သွင်းယူခဲ့ သောဂိုးမှာ ဘွန်ဒစ်လီဂါ သမိုင်းတွင် အမြန်ဆုံး သွင်းဂိုး အဖြစ် မှတ်တမ်း ၀င်ခဲ့သည်။

လီဗာကူဆင် အသင်းက ဒေါ့တ်မွန် အသင်း၏ အိမ်ကွင်းတွင် ၂-၀ ဂိုးဖြင့် အနိုင်ရ ခဲ့သော ယင်းပွဲစဉ်၌ ဘယ်လာ ရာဘီမှာ ပွဲစတင်ပြီး ကိုးစက္ကန့် အကြာတွင် ပင် နောက်ခံလူ ဘိုနစ်၏ ဖန်တီးပေးမှု မှတစ်ဆင့် လီဗာကူဆင် အတွက် အဖွင့်ဂိုးကို သွင်းယူ နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခင်က ဘွန်ဒစ်လီဂါ ပြိုင်ပွဲ သမိုင်း၌ အမြန်ဆုံး သွင်းဂိုး အဖြစ် စံချိန်တင်ထား သူများမှာ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ဂျီယိုဗာနီ အယ်လ်ဘာနှင့် လီဗာကူဆင် တိုက်စစ်မှူး ကာစတန်တို့ ဖြစ်ပြီး ပွဲအစ ၁၁ စက္ကန့် အကြာတွင် သွင်းယူ ထားခြင်း ဖြစ်ကာ ဘယ်လာရာဘီ၏ သွင်းဂိုးက ၂ စက္ကန့် အသာဖြင့် အမြန်ဆုံး ဂိုးအဖြစ် စံချိန်သစ် တင်နိုင် ခဲ့ခြင်း ဖြစ်သည်။

ဒေါ့တ်မွန် အသင်းသည် အိမ်ကွင်း၌ ကစားရသည့် ယင်းအဖွင့် ပွဲစဉ်ကို အနိုင် ရရှိရန် ကြိုးစားခဲ့ သော်လည်း ချေပဂိုးများ သွင်းယူ နိုင်ခဲ့ခြင်း မရှိခဲ့ဘဲ လီဗာကူဆင် အတွက် ဘယ်လာ ရာဘီ၏ သွင်းဂိုးနှင့် ပွဲပြီးခါနီး နာကျင် အချိန်ပိုတွင် တိုက်စစ် ကစားသမား ကစ္စလင်း၏ သွင်းဂိုး များဖြင့် ၂ ဂိုးပြတ် ရှုံးနိမ့် ခဲ့ရသည်။

Ref: Daily Mail
Mizzima - News in Burmese
ပြီးခဲ့သည့် စနေနေ့က ကစား ခဲ့သော ဒေါ့တ်မွန် အသင်းနှင့် လီဗာကူဆင် အသင်းတို့၏ ဘွန်ဒစ်လီဂါ အဖွင့် ပွဲစဉ်၌ လီဗာကူဆင် တောင်ပံ တိုက်စစ် ကစားသမား ကာရင် ဘယ်လာရာဘီ၏ ပွဲစပြီး ကိုးစက္ကန့် အကြာ တွင်ပင် သွင်းယူခဲ့ သောဂိုးမှာ ဘွန်ဒစ်လီဂါ သမိုင်းတွင် အမြန်ဆုံး သွင်းဂိုး အဖြစ် မှတ်တမ်း ၀င်ခဲ့သည်။

အိုင်းစ်လန်းတွင် ပြင်းထန်သည့် မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထား


မြောက်အတ္တလန္တိတ်နှင့် အာတိတ်သမုဒ္ဒရာအကြားရှိ အိုင်းစ်လန်းကျွန်းနိုင်ငံရှိ ဘာဒါဘန်ဂါ မီးတောင် မှ ချော်ရည်များ ထွက်နေပြီး ပြင်းထန် သည့် ပေါက် ကွဲမှု တစ်ခုဖြစ်နိုင် ကြောင်း လေကြောင်းလိုင်းများသို့ သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

အမေရိကန်ဒေါ်လာ သန်း ၁၈ဝ ရလို မှုကို မြန်မာ့ ဆက် သွယ်ရေး ပြန် လည်ဖြေ ရှင်း သွား မည်

 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အား ကန်ဒေါ်လာ သန်း ၁၈ဝ ရလိုမှု ဖြင့် တရားစွဲမည်ဆိုခြင်းမှာ နားလည်မှုလွဲနေခြင်းသာ ဖြစ်ပြီး ပြန် လည်ဖြေရှင်း သွားမည် ဟု ယင်း ဌာနမှ သိရသည်။

ရုရှားတွင် ကားသမား ၁၄ ဦးအား သတ်ဖြတ်ခဲ့သူကို ရဲများက လိုက်လံရှာဖွေ လျက်ရှိ

ရုရှားနိုင်ငံတွင် ကားသမား ၁၄ ဦးအား သတ်ဖြတ်ခဲ့သူတစ်ဦးကို ရဲများက လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံတောင်ပိုင်းတွင် ဟင်းအိုးတွင်းမှ မြွေခေါင်းပြတ်ကိုက်၍ စားဖိုမှူး သေဆုံး


တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ် ဖိုရှန်မြို့ စားသောက်ဆိုင်တစ်ခုတွင် မြွေသား ဟင်းချိုချက်နေသည့် စားဖိုမှူးအား အိုးအတွင်း မှ မြွေခေါင်းပြတ်က လက်ကိုကိုက်မှုကြောင့် အဆိပ်သင့်ပြီး အာရုံကြောစနစ် ထိခိုက်ပျက်စီးကာ သေဆုံးသွားကြောင်း သိရသည်။

ကွန်ဒိုဥပတွေင် ပါရှိမည့်အချက်များဖြင့် ကွန်ဒိုအများစု ရောင်းချလာဟုဆို

ရန်ကုန်မြို့မှ ကွန်ဒိုတိုက်ခန်းအများစုကို မကြာမီပြဋ္ဌာန်းမည့် ကွန်ဒိုဥပဒေပါအချက်များထည့်သွင်းပြီး ဈေးကွက်တွင် ရောင်းချနေကြောင်း သတင်း ရရှိသည်။

စားသုံးသူကာကွယ်ရေး အင်န်ဂျီအိုဖွဲ့စည်းသူများကို ကူညီမည်

မန္တလေးတိုင်းအတွင်းတွင် စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်သည့် အင်န်ဂျီအိုအဖွဲ့ဖွဲ့စည်းလိုသူများကို တိုင်း ဒေသကြီး ကူးသန်းရောင်း ၀ယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနက ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လေးလအတွင်း ကုန်သွယ်မှု ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံရှိ

ယခု (၂၀၁၄-၂၀၁၅) ဘဏ္ဍာနှစ်၏ ဧပြီမှ ဇူလိုင်လအထိ ပထမလေးလတာ အတွင်း ကုန်သွယ်မှုပမာဏသည် ကန်ဒေါ်လာ ၈၅၃၅ သန်း (၈ ဒသမ ၅ ဘီလီယံ) ကျော်ရှိကြောင်း ဗဟိုစာရင်းအင်း အဖွဲ့၏ စာရင်းဇယားများအရ သိရသည်။

ဝေဖန်မှုများကြားက အောင်မြင်စွာ ကျင်းပခဲ့တဲ့ ထူးအိမ်သင်ကွယ်လွန်ခြင်း(၁၀)နှစ်ပြည့် ဖျော်ဖြေပွဲ

Photo: ဝေဖန်မှုများကြားက အောင်မြင်စွာ ကျင်းပခဲ့တဲ့ ထူးအိမ်သင်ကွယ်လွန်ခြင်း(၁၀)နှစ်ပြည့် ဖျော်ဖြေပွဲ
Sunday, August 24, 2014

ထူးအိမ်သင်ဂီတပွဲတော် လွမ်းခြင်းအားဖြင့်ဆယ်နှစ်တာ ဖျော်ဖြေပွဲမှာ ဝေဖန် မှုများကြားက ပင် ပရိသတ်အားပေးမှုကြောင့် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။

ဖျော်ဖြေပွဲသို့ ပရိသတ်များ ခန်းလုံးပြည့်လာရောက်အားပေး ခဲ့ကြပြီး ဖျော်ဖြေသည့် သီချင်း အားလုံးနီးပါးကို လိုက်ပါ သီဆိုခဲ့ကြသည်။ ဖျော်ဖြေပွဲကို ညနေ ၆နာရီကျော်အချိန်တွင် အိုင်းရင်း ခရော့စ်အဖွဲ့၏ ဖျော်ဖြေမှုနှင့် စတင်ဖွင့်လှစ်ခဲ့ပြီး မျိုးကြီး၊ လေး ဖြူ၊ ၀ိုင်ဝိုင်း၊ အငဲတို့ကသီချင်း တစ်ပုဒ်စီဖြင့်ဖျော်ဖြေခဲ့ကြသည်။

အိုင်းရင်းခရော့စ်တီးဝိုင်းနှင့် ဒေးဗစ်ခွန်နောင်က နာရီပေါ်က မျက်ရည်စက်များ သီချင်းကို ဆက် လက်ဖျော်ဖြေနှုတ်ဆက်ခဲ့သည်။ ထို့နောက် The Tree တီးဝိုင်း နှင့် အတူ အဆိုတော်များက ဆက် လက်ဖျော်ဖြေခဲ့ကြသည်။

ဖျော်ဖြေပွဲတွင် ထူးအိမ်သင် ဂီတလောကသို့စတင်ဝင်ရောက် ခဲ့သောအချိန်ကတည်းက လက် တွဲခဲ့သည့် The Aces တီးဝိုင်းနှင့် အတူ ထူးအိမ်သင်၏ညီဖြစ်သူက ‘ညီလေးရေ’သီချင်းဖြင့်သီဆိုခဲ့သ လို သမီးငယ်မိကွန်ထောကလည်း ဖခင်၏သီချင်းနှစ်ပုဒ်ဖြင့်ဖျော်ဖြေ ခဲ့သည်။ ပရိသတ်ထဲတွင် အားပေး နေသော ထူးအိမ်သင်၏ မိခင်ဒေါ်မြရင်ကလည်း သီချင်းများကို လိုက်ပါသီဆိုပြီး အားပေးခဲ့သည် ကိုတွေ့ရသည်။

ဖျော်ဖြေပွဲတွင်ပါဝင်သော လူငယ်အဆိုတော်အချို့ကြောင့် ထူးအိမ်သင်၏သီချင်းများပျက် မည်စိုးသည်ဟုဝေဖန်ခဲ့ကြသော် လည်း လူငယ်အဆိုတော်များ၏ ဖျော်ဖြေသီဆိုမှုများကို ပရိသတ် များ၏လိုက်ပါသီဆိုအားပေးမှုရရှိခဲ့ သည်။ ဖျော်ဖြေပွဲတွင်အစီအစဉ် တစ်ခုအနေဖြင့်သရုပ်ဆောင်လူ မင်းကလည်း ၎င်းနှင့်အတူလက် တွဲဖူးခဲ့သည့် ကျန်စစ်မင်း ဇာတ် ကားတွင်ပါဝင်သော သီချင်းနှင့် ပတ်သက်၍ အမှတ်တရစကား ပြောကြားခဲ့ပြီး ထူးအိမ်သင်နှင့် ပတ်သက်၍ အမှတ်တရ စကား များပြောကြားခဲ့ရာ ပရိသတ် လက်ခုပ်သံများရရှိခဲ့သည်။

နောက်ဆုံးအစီအစဉ်အနေ ဖြင့် ထူးအိမ်သင်၏ သီချင်းနှစ်ပုဒ် ကို စုပေါင်းသီဆို၍ ပွဲကိုအောင် မြင်စွာပိတ်သိမ်းခဲ့သည်။

အကြင်နာအိပ်မက်နှင့် ချစ်တိုင်းလည်းမညားသီချင်းနှစ်ပုဒ်ကို ထူးအိမ်သင်ပွဲပြီးဆုံးခါနီးတွင်သီဆိုနေသည့် ရုပ်သံဖိုင်ကို ဖွင့်လှစ်ပြသခဲ့ရာ ပရိသတ်များ အထူးအားပေးခဲ့ကြသည်။ အချို့အဆိုတော်များ၏ သီဆိုမှုကို အားပေးလက်ခံခဲ့ကြသော်လည်း အဆိုတော်အချို့၏ သီဆိုမှုများကိုအားမလိုအားမရဝေဖန်ခဲ့ကြသည်။

ထူးအိမ်သင်ကွယ်လွန်ခြင်း(၁၀)နှစ်ပြည့် ဖျော်ဖြေပွဲကို ကြည့်ရှုလိုသည့်ပရိသတ် အထူးပင်များပြားခဲ့သည့်အတွက် သတ်မှတ်ထားသော လက်မှတ် အရေအတွက် ထပ်ထိုး ရောင်းချပေးခဲ့ရသလို မူလကအ စီအစဉ်မရှိသော်လည်း အခပေး ရုပ်သံလိုင်း 4HD မှ တိုက်ရိုက် ထုတ်လွှင့်ပေးခဲ့ပြီး အွန်လိုင်းမှလည်း တိုက်ရိုက်ကြည့်ရှုသူအထူးပင်များပြားခဲ့သည်။

7Day DAILY

ထူးအိမ်သင် ကွယ်လွန်ခြင်း (၁၀)နှစ်ပြည့် ဖျော်ဖြေပွဲတွင် ဖျော်ဖြေနေသည့် ချမ်းချမ်း ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ထူးအိမ်သင် ကွယ်လွန်ခြင်း (၁၀)နှစ်ပြည့် ဖျော်ဖြေပွဲတွင် ဖျော်ဖြေနေသည့် ချမ်းချမ်း ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ထူးအိမ်သင်ဂီတပွဲတော် လွမ်းခြင်းအားဖြင့်ဆယ်နှစ်တာ ဖျော်ဖြေပွဲမှာ ဝေဖန်မှုများကြားကပင် ပရိသတ်အားပေးမှုကြောင့်  အောင်မြင်စွာ ကျင်း ပနိုင်ခဲ့သည်။

လူ့အခွင့်အရေးနှင့် ဘာသာရေးလွတ်လပ်ခွင့်အတွက် နိုင်ငံတကာက မြန်မာအပေါ် တွန်းအားပေးရန် USCIRF တိုက်တွန်း

နိုင်ငံတကာ ဘာသာ ရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် ကော်မရှင် (USCIRF) က မြန်မာနိုင်ငံသို့ ပထမဦးဆုံး အကြိမ် လာရောက်သော ခရီးစဉ် အပြီး နိုင်ငံတကာ အစိုးရများအ နေဖြင့် လူ့အခွင့်အရေးနှင့် ဘာ သာရေး လွတ်လပ်ခွင့်အတွက် မြန်မာနိုင်ငံအပေါ် တွန်းအားပေး ကြရန် တိုက်တွန်းလိုက်သည်။

အကျင့်စာရိတ္တပိုင်းဆိုင်ရာ အကြောင်းပြချက်ဖြင့် မိုင်လေဆိုင်းရပ်စ် ဖျော်ဖြေပွဲကို ဒိုမီနစ်ကန်အစိုးရ တားမြစ်

Photo: အကျင့်စာရိတ္တပိုင်းဆိုင်ရာ အကြောင်းပြချက်ဖြင့် မိုင်လေဆိုင်းရပ်စ် ဖျော်ဖြေပွဲကို ဒိုမီနစ်ကန်အစိုးရ တားမြစ်

သြဂုတ်လ ၂၅ ရက်၊ ၂၀၁၄ ခုနှစ် 

ဒိုမီနစ်ကန်သမ္မတ နိုင်ငံတွင် ပြုလုပ်မည့် မိုင်လေ ဆိုင်းရပ်စ်ဖျော်ဖြေပွဲမှာ အကျင့် စာရိတ္တပိုင်းဆိုင်ရာ အကြောင်းပြ ချက်ဖြင့် ပိတ်ပင်ခြင်း ခံရသည်။

ဒိုမီနစ်ကန်နိုင်ငံ၏ ပြည်သူ့ ဖျော်ဖြေရေးကဏ္ဍကို ကြီးကြပ် သော အစိုးရကော် မရှင် အ ဖွဲ့ သည် အကျင့်စာရိတ္တပိုင်းဆိုင်ရာ အကြောင်းပြချက်ဖြင့် စက်တင် ဘာ ၁၃ ရက်တွင် ပြုလုပ်မည့် မိုင် လေဆိုင်းရပ်စ် ဖျော်ဖြေပွဲကို တား မြစ် ထားသည်ဟု ကြေညာလိုက် သည်။

မိုင်လေဆိုင်းရပ်စ်သည် ဒိုမီ နစ်ကန်နိုင်ငံဥပဒေအရ အပြစ် ဒဏ်ထိုက်သော အပြုအမူများကို မကြာခဏ လုပ်လေ့ရှိသော ကြောင့် ၎င်း၏ ဖျော်ဖြေပွဲကို တားမြစ်ခြင်းဖြစ်သည်ဟု အဆိုပါ ကော်မရှင်အဖွဲ့က ပြောသည်။ ဖျော်ဖြေရေး စတိတ်စင်ပေါ်၌ မိုင် လေဆိုင်းရပ်စ်လုပ်ပြသည့် အပြု အမူအချို့မှာ ရိုင်းပျ၍ အရှက် ကင်းမဲ့သည်ဟု ဝေဖန်သူအချို့က ပြောသည်။

စက်တင်ဘာလတွင် ဆန်တို ဒိုမင်ဂိုမြို့တော်၌ ပြုလုပ်မည့် မိုင် လေဆိုင်းရပ်စ်ဖျော်ဖြေပွဲ လက် မှတ်ရောင်းဈေးမှာ အမေရိကန် ဒေါ်လာ ၂၇ ဒေါ်လာမှ ဒေါ်လာ ၃၇၀ အထိရှိပြီး ဇူလိုင်လကတည်း က စတင်ရောင်းချလျက်ရှိသည် ဟု သိရသည်။

ဖျော်ဖြေပွဲ ပိတ်သိမ်းခံရမှု နှင့်ပတ်သက်၍ မိုင်လေဆိုင်းရပ်စ် ကိုယ်စားလှယ်နှင့် ပွဲစီစဉ်သူများ က မည်သည့်မှတ်ချက်မျှ မပေး သေးပေ။                

Ref: AP
7Day DAILY
ဒိုမီနစ်ကန်သမ္မတ နိုင်ငံတွင် ပြုလုပ်မည့် မိုင်လေဆိုင်းရပ်စ်ဖျော်ဖြေပွဲမှာ အကျင့်စာရိတ္တပိုင်းဆိုင်ရာ အကြောင်းပြချက်ဖြင့် ပိတ်ပင်ခြင်းခံရသည်။

ဂန်းနမ်ဘားတစ်ခုမှာ ဇနီးအတွက် မွေးနေ့ဂုဏ်ပြုတေး ဆိုပေးတဲ့ ကွမ်ဆန်းဝူ

Photo: ဂန်းနမ်ဘားတစ်ခုမှာ ဇနီးအတွက် မွေးနေ့ဂုဏ်ပြုတေး ဆိုပေးတဲ့ ကွမ်ဆန်းဝူ
Sunday, August 24, 2014

တောင်ကိုရီးယားနာမည် ကျော် သရုပ်ဆောင်မင်းသား ကွမ်ဆန်းဝူသည် ၎င်း၏ ဇနီး သရုပ်ဆောင်မင်းသမီး    ဆန်းထယ် ယောင်းအတွက် မွေးနေ့ဂုဏ်ပြု တေးသီချင်း သီဆိုပေးခဲ့သည်။

ကေဒရာမာစတား ကွမ်ဆန်း ၀ူသည် ဆိုးလ်မြို့ ဂန်းနမ်ဘား တစ်ခု၌ ဇနီးဖြစ်သူအတွက် မွေး နေ့ပါတီပွဲ ကျင်းပပေးခဲ့ပြီး စတိတ် စင်ပေါ်တက်၍ ဇနီးအပေါ်ထား  ရှိသည့် ၎င်း၏ ချစ်ခြင်းမေတ္တာကို ဖော်ပြပေးခဲ့သည်။

ကွမ်ဆန်းဝူတို့ ဇနီးမောင်နှံ သည် ဆန်းထယ်ဟောင်း၏ အစ် မဖြစ်သူ ဇနီးမောင်နှံနှင့်အတူ မွေးနေ့ပါတီပွဲ ကျင်းပခဲ့ခြင်းဖြစ် သည်။

ကွမ်ဆန်ဝူးသည် သီချင်းဆို ပြီးနောက်တွင် ဇနီးဖြစ်သူအား Happy Birthday ဟု ပြောကြား ခဲ့ပြီး စတိတ်စင်ပေါ်မှ ဆင်း၍ ဇနီးဖြစ်သူအား နမ်းခဲ့သည်ဟု Han Cinema ဖျော်ဖြေရေးသ တင်းက ဖော်ပြသည်။

သြဂုတ် ၁၉ ရက်တွင် အ သက် (၃၄) နှစ်ပြည့်သော ဆန်း ထယ်ယောင်းသည် လာမည့် ဖေ ဖော်ဝါရီလတွင် ကွမ်ဆန်းဝူ၏ ဒုတိယမြောက်ရင်သွေးကို မွေး ဖွားပေးမည်ဖြစ်သည်။ ကွမ်ဆန်း ၀ူတို့ စုံတွဲ၌ သားယောက်ျားလေး တစ်ဦးထွန်းကားထားပြီး ဒုတိယ မြောက်ကလေးမှာ သမီးမိန်းက လေးဖြစ်သည်ဟု သိရသည်။

ကွမ်ဆန်းဝူသည် လက်ရှိ တွင် Temptation အမည်ရ အ ချစ်ဇာတ်လမ်းတွဲ၌ ကေဒရာမာ စတား ချွဲဂျီဝူနှင့် ပူးတွဲသရုပ် ဆောင်လျက်ရှိသည်။

—Ref: Han Cinema
7Day DAILY
တောင်ကိုရီးယားနာမည် ကျော် သရုပ်ဆောင်မင်းသား ကွမ်ဆန်းဝူသည် ၎င်း၏ဇနီး သရုပ်ဆောင်မင်းသမီးဆန်းထယ် ယောင်း အတွက် မွေးနေ့ ဂုဏ်ပြု  တေးသီချင်း သီဆိုပေးခဲ့သည်။

ကင်ဆာရောဂါ ဖြစ်ပွားရခြင်း၏ ၃၀ ရာခိုင်နှုန်းမှာ အ၀လွန်ခြင်းကြောင့်ဖြစ်

ကင်ဆာရောဂါဖြစ်ပွားခြင်း၏ ၃၀ ရာခိုင်နှုန်းမှာ အ၀လွန် ခြင်းကြောင့်ဖြစ်ပြီး ယင်းအ၀လွန်ခြင်းကြောင့်ပင် အရွယ်မတိုင်မီ သေဆုံးနေကြရ သည်ဟု ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းဥက္ကဋ္ဌပါမောက္ခဒေါက်တာ ရင်ရင်ထွန်းက ပြောသည်။

ဗြိတိန်က တစ်နှစ်အတွင်း စတာလင်ပေါင် ၈၂ သန်းကူညီမည်

ဗြိတိန်နိုင်ငံတကာဖွံ့ဖြိုး တိုးတက်မှုဌာန (DFID) သည် ၂၀၁၅-၁၆ ခုနှစ်အတွက် မြန်မာ နိုင်ငံသို့ ကူညီထောက်ပံ့နေမှုကို စတာလင်ပေါင် ၈၂ သန်းထိ တိုး မြှင့်သတ်မှတ်လိုက်ကြောင်း သ တင်းစာ ရှင်းလင်းပွဲတွင် ပြော ကြားသည်။

တောင်သမန်အင်းရေမြင့်တက်၍ ကန်ပတ်လမ်းကျောက်စီတာပေါင်ရိုး အနည်းငယ်ပြိုကျ

Photo: တောင်သမန်အင်းရေမြင့်တက်၍ ကန်ပတ်လမ်းကျောက်စီတာပေါင်ရိုး အနည်းငယ်ပြိုကျ
Sunday, August 24, 2014

 တောင်သမန်အင်း ရေမြင့်တက်လာမှုကြောင့် ကန် ပတ်လမ်း ကျောက်စီ တာပေါင် ရိုးအနည်းငယ်  ပြိုကျပျက်စီးခဲ့ ကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၀ ရက် ညပိုင်းက အမရပူရမြို့ တောင်သမန်အင်း အနောက်ဘက်ရွှေဂွမ်းထုပ်ရပ် ကွက်ရှိ  တောင်သမန်ကန်ပတ် လမ်းကျောက်စီတာပေါင်  တစ် နေရာတွင် အင်းရေမြင့်တက် လာပြီးနောက် ရေတိုက်စား၍ တစ်ညတည်းသုံး ကြိမ်ခန့်ပြိုကျခဲ့

သည်။ နောက်တစ်ရက်တွင် လည်း ဆက်လက်ပြိုကျခဲ့ပြီး ကျောက်စီတာပေါင်ရိုးသာပျက်စီးခဲ့သည်။ တောင်သမန်ကန်ပတ်လမ်းမှာမူ ပျက်စီးခြင်းမရှိခဲ့ကြောင်း  အဆို ပါနေရာအနီးတွင် နေထိုင်သူ ဒေသခံများကပြောသည်။

‘‘ညတွင်းချင်းလာတော့ ပြင် တယ်။ သဲအိတ်တွေချတယ်။ ဒါ ပေမဲ့ အဲဒီလိုလုပ်နေရင်းနဲ့ကို ဆက်ပြီး ပြိုကျတာ။ နှစ်ညဆက် ပြိုတယ်’’ဟု ရွှေဂွမ်းထုပ်ရပ်ကွက် တွင် နေထိုင်သူ အမျိုးသားကြီး တစ်ဦးကပြောသည်။

ကန်ပေါင်တည်ဆောက်မှု အားနည်းချက်များလည်း ရှိနိုင် သည့်အပြင် ယင်းနေရာအနီးတွင် မြေများ   လာရောက်တူးယူမှု ကြောင့်လည်း ရေတိုးချိန်တွင် ကန်ပေါင်အောက်ခြေသို့ ရေစိမ့် ၀င်ရောက်ကာ ပြိုကျပျက်စီး ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများ က ခန့်မှန်းပြောကြားသည်။

ပျက်စီးသွားသည့်နေရာမှာ ပေ ၅၀ ခန့်ရှိနိုင်ပြီး သဲအိတ်ချ ခြင်း၊ မျောတိုင်များဖြင့် ကာရံခြင်း များပြုလုပ်ထားကြောင်း မန္တလေး မြို့တော်    စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာနမှ ဌာနမှူး ဒေါ်ခင်မေဌေးက ပြော သည်။

‘‘ခုတော့   ကာကွယ်မှုတွေ လုပ်ထားတယ်။ ရေတက်နေ တော့ လောလောဆယ်ပြင်လို့ တော့ မရသေးဘူး။ ရေကျသွား တာနဲ့ ပြန်ပြင်မှာပါ’’ဟု ဌာနမှူး ကပြောသည်။

တောင်သမန်ကန်ပတ်လမ်း သည် တောင်သမန်အင်း အရှေ့ ဘက်နှင့် အနောက်ဘက်တွင် တည်ရှိပြီး ခုနစ်မိုင်ကျော် ရှည် လျားသည်။ ယင်းလမ်းကို မြေ သားလမ်းမှ ကတ္တရာလမ်းအဖြစ် ၂၀၁၂-၁၃ ခုနှစ်တွင် အဆင့်မြှင့် တင်ခဲ့ပြီး ကျပ်သိန်းပေါင်း ၁၈၀၀ ခန့်အသုံးပြုခဲ့သည်။ ကတ္တရာ လမ်းအဆင့်မြှင့်တင်ပြီးနောက် ကျောက်စီတာပေါင်ရိုးအဆင့် မြှင့်တင်ခြင်း၊ ရေတံခါးများ တည် ဆောက်ခြင်းများ ဆက်လက်ပြု လုပ်ခဲ့ကြောင်း သတင်းရရှိသည်။

7Day DAILY 

တောင်သမန်အင်း ကျောက်စီတာပေါင်ရိုး ပျက်စီးပြိုကျနေမှုကို သြဂုတ်၂၃ရက် နံနက်က တွေ့ရစဉ် (ဓာတ်ပုံ−ညီညီဇော်)
တောင်သမန်အင်း ကျောက်စီတာပေါင်ရိုး ပျက်စီးပြိုကျနေမှုကို သြဂုတ်၂၃ရက် နံနက်က တွေ့ရစဉ် (ဓာတ်ပုံ−ညီညီဇော်) 
 တောင်သမန်အင်း ရေမြင့်တက်လာမှုကြောင့် ကန် ပတ်လမ်း ကျောက်စီတာပေါင် ရိုးအနည်းငယ်  ပြိုကျပျက်စီးခဲ့ ကြောင်း သတင်းရရှိသည်။

တန်ဖိုးနည်းအိမ်ရာ စနစ်ကို နှစ်ရှည်ချေးငွေဖြင့် အကောင်အထည်ဖော်မည်

Photo: တန်ဖိုးနည်းအိမ်ရာ စနစ်ကို နှစ်ရှည်ချေးငွေဖြင့် အကောင်အထည်ဖော်မည်
Sunday, August 24, 2014

ဝင်ငွေနည်းပါးသော လူ တန်းစားများနေထိုင်မည့် တန်ဖိုး နည်းအိမ်ရာစနစ်ကို အရစ်ကျနှစ် ရှည်ချေးငွေစနစ်ဖြင့် အကောင် အထည်ဖော်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့ကြီးများတွင် လူဦးရေထူ ထပ်သည့်အတွက် အထပ်မြင့် အဆောက်အအုံ များ ဆောက် လုပ်ရာတွင် ဆင်းရဲနွမ်းပါးသူများ၊ အငြိမ်းစားဝန်ထမ်းများ၊ စစ်မှု ထမ်းဟောင်းများ၊ မသန်စွမ်းများ၊ ကျဆုံး စစ်သည်မိသားစုများကို ဦးစားပေး ရွေး ချယ်၍ ရောင်းချ ပေးရန် ပြောကြားသွားခဲ့သည်။

ထို့အပြင် သန်းခေါင်စာရင်း စစ်ဆေးမှုနှင့်အတူ စစ်မှန်သည့် မြေမဲ့ယာမဲ့ပြည်သူ များ ကိုလည်း သစ်တောမြေ၊ မြေရိုင်းနှင့် ရွာမြေ များတွင် နေရာချထားပေးမည်ဟု ဩဂုတ် ၁၅ ရက်တွင် ကျင်းပသော မြို့ပြကျေးရွာဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်းများ အတွက် မြေအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင် ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနား၌ နိုင်ငံတော်သမ္မတက ပြောကြားသည်။

‘‘အမှန်တကယ်မြေမဲ့ယာမဲ့ တွေမဟုတ်ဘဲ ကျူးကျော်နေသူ တွေရောနှောနေတဲ့ အတွက် စိစစ် ပြီးမှသာ စစ်မှန်တဲ့ မြေမဲ့ယာမဲ့ တွေကို နေရာချထားပေးမှာပါ’’ ဟု နိုင်ငံတော် သမ္မတက ပြော ကြားသည်။

လက်ရှိ မြို့ပြကျေးရွာများ သည် ရှေးနှစ်ပေါင်းများစွာက ထူ ထောင်ခဲ့ကြသဖြင့် လက်ရှိအချိန် တွင် လူဦးရေတိုးတက်မှုနှင့်အတူ အိမ်ခြံများတိုးပွားလာသည်။ ထို့ ကြောင့် မြို့ပြကျေးရွာများတွင် သောက်သုံးရေရှားပါးမှု၊ လမ်း များကျပ်တည်းမှု၊ မီးရထားလမ်း၊ ကားလမ်းဘေးတွင် ကျူးကျော် နေထိုင်သူများ တိုးပွားလာမှုတို့ ကြောင့် ဥပဒေနှင့်အညီ မြို့ပြ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်းကို စနစ်တကျ ဆောင်ရွက်ပေးသွား မည်ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။

‘‘တကယ်မရှိသူတွေကိုပေး ဖို့လိုတယ်။ ရန်ကုန်မှာဆိုရင် အလုပ်လုပ်ပြီး အိုးမဲ့အိမ်မဲ့လမ်း ဘေးမှာနေတဲ့ အိုးမဲ့အိမ်မဲ့တွေက အများကြီးပဲ’’ဟု အငြိမ်းစားအစိုးရအရာရှိတစ်ဦးက ပြောသည်။

လက်ရှိ အချိန်တွင် သစ် တောမြေမှစွန့်ပစ်ကျေးရွာပေါင်း ၁,၂၀၀ ကျော်ကို ဥပဒေနှင့်အညီ နေရာချထားပေးပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားလိုအပ် ချက်များကို ဖြည့်ဆည်းဆောင် ရွက်ပေးနေသည်ဟု ၎င်းက ပြော ကြားသည်။

7day DAILY 

ဆောက်လုပ်နေသော ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ဗိုလ်ဗထူးအိမ်ရာများ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ဆောက်လုပ်နေသော ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ဗိုလ်ဗထူးအိမ်ရာများ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ဝင်ငွေနည်းပါးသော လူ တန်းစားများနေထိုင်မည့် တန်ဖိုး နည်းအိမ်ရာစနစ်ကို အရစ်ကျနှစ် ရှည်ချေးငွေစနစ်ဖြင့် အကောင် အထည်ဖော် မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပရိသတ် တိုက်တွန်းလို့ မယ်ကမ္ဘာပြိုင်ပွဲဝင်ပြိုင်မယ့် ပက်ထရစ်ရှာ

Photo: ပရိသတ် တိုက်တွန်းလို့ မယ်ကမ္ဘာပြိုင်ပွဲဝင်ပြိုင်မယ့် ပက်ထရစ်ရှာ
Sunday, August 24, 2014

ပထမဆုံးအကြိမ် ပြုလုပ်မည့် မယ် ကမ္ဘာ မြန်မာပြိုင်ပွဲ  ၀င်ရောက်ယှဉ်ပြိုင်ရန် ပရိသတ်များက တိုက်တွန်းသောကြောင့် လျှောက်လွှာတင်ထားကြောင်း မော်ဒယ်ပက်ထရစ်ရှာကပြောသည်။ ‘‘ပြိုင်ပွဲ တစ်ခါမှ မပြိုင်ဖူး ဘူး။ ပရိသတ်တွေက Miss World ကိုပြိုင်ဖို့ အရမ်းလည်း အားပေး နေကြတာနဲ့ ၀င်ပြိုင်ဖို့စိတ်ကူးပြီး လျှောက်လွှာတင်ဖြစ်ခဲ့တာပါ’’ ဟု ပက်ထရစ်ရှာက ပြောသည်။

ပထမဆုံးပြိုင်ပွဲဖြစ်သည့်အ ပြင် ကမ္ဘာ့အလှမယ်ရွေးချယ်ပွဲ များတွင် အကြီးဆုံးပြိုင်ပွဲတစ်ခုဖြစ်သောကြောင့် ယခုအချိန်ကတည်း က စိတ်လှုပ်ရှားနေကြောင်း ၎င်းကဆိုသည်။

Miss Myanmar World 2014 ပြိုင်ပွဲအတွက် လျှောက် လွှာများကို သြဂုတ် ၁၈ ရက်မှ ၂၂ ရက်အထိ ခေါ်ယူခဲ့ရာ စုစုပေါင်း လျှောက်ထားသူ ၁၃၀ ကျော် ရှိခဲ့ ပြီး နောက်ဆုံး ဆန်ခါတင်ပြိုင်ပွဲ ၀င်အလှမယ် နှစ်ဆယ် ရွေးချယ် မှုကို သြဂုတ် ၂၅ ရက်တွင် ပြု လုပ်သွားမည်ဖြစ်သည်။

ယင်းပြိုင်ပွဲ  လျှောက်လွှာ တင်သွင်းသူများစာရင်းတွင် Miss Universe Myanmar၊ Miss Myanmar International ပြိုင်ပွဲ ၀င်ခဲ့သော အလှမယ်များ လာ ရောက်လျှောက်ထားသည်ကို တွေ့ရသည်။

Miss World Myanmar 2014 ပြိုင်ပွဲကို စက်တင်ဘာ ၂၇ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ရွေး ချယ်ခံရသည့် အလှမယ်သည် ဒီ ဇင်ဘာတွင် ဗြိတိန်နိုင်ငံ၌ ပြုလုပ် မည့် ပြိုင်ပွဲသို့  သွားရောက်ယှဉ် ပြိုင်ရမည်ဖြစ်သည်။

7Day DAILY
ပထမဆုံးအကြိမ် ပြုလုပ်မည့် မယ် ကမ္ဘာ မြန်မာပြိုင်ပွဲ  ၀င်ရောက်ယှဉ်ပြိုင်ရန် ပရိသတ်များက တိုက်တွန်းသောကြောင့် လျှောက်လွှာ တင် ထားကြောင်း မော်ဒယ်ပက်ထရစ်ရှာကပြောသည်။ ‘‘ပြိုင်ပွဲ တစ်ခါမှ မပြိုင်ဖူး ဘူး။ ပရိသတ်တွေက Miss World ကိုပြိုင်ဖို့ အရမ်းလည်း အားပေး နေကြတာနဲ့ ၀င်ပြိုင်ဖို့စိတ်ကူးပြီး လျှောက်လွှာတင်ဖြစ်ခဲ့တာပါ’’ ဟု ပက်ထရစ်ရှာက ပြောသည်။

ရန်ကုန်မြို့တော်တွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်သူဦးရေ ယခင်နှစ်ထက် နှစ်ဆတက်

ရန်ကုန်မြို့တော် အစွန်အဖျားတွင် လူနေထိုင်မှု များပြားခဲ့မှုကြောင့် ၂၀၁၄ ခုနှစ် ပထမ ခြောက်လအတွင်း ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူဦးရေမှာ ၂၀၁၃ ခုနှစ် တစ်ခုလုံးတွင် ဖြစ်ပွားခဲ့သည့် ဦးရေထက် နှစ်ဆနီးပါး ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီး ကူးစက်ရောဂါကု ဆရာဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ပေမယ့် ဦးရဲထွဋ်က မပျော်နိုင်ပါဘူးတဲ့

 Photo: မြန်မာနိုင်ပေမယ့် ဦးရဲထွဋ်က မပျော်နိုင်ပါဘူးတဲ့
Sunday, August 24, 2014
 
ပြန်ကြားရေးဝန်ကြီးဖြစ်လာသူ သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်က မနေ့ညက ကစားတဲ့ ဘောလုံးပြိုင်ပွဲ မှာ မြန်မာအသင်း ( U-19)   က ဗီယက်နမ်အသင်းကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရပြီး ဘရူးနိုင်းဘုရင့်ဆုဖလား ဆွတ်ခူးရသွားခဲ့ပေမယ့် မပျော်နိုင်ခဲ့ပါဘူးတဲ့။ 

သူ ဘာကြောင့်မပျော်နိုင်တာလဲ..... 
ဒီအကြောင်း သူ့ဖေ့စ်ဘုတ်မှာ ရေးထားတာက .....

 မြန်မာနိုင်ပေမယ့် မပျော်နိုင်ပါ 
၂၀၁၄ခုနှစ် ဘရူနိုင်းဘုရင့်ဖလား အသက်(၂၁)နှစ်အောက် ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် မြန်မာ ယူ-၁၉ အမျိုးသား လက်ရွေးစင်ဘောလုံးအသင်းမှ ဗီယက်နမ် ယူ-၂၁ အမျိုးသားလက်ရွေးစင်အသင်းကို ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရခဲ့ပါပြီ။ 

ဒီပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့တဲ့အတွက် ပြည်သူတွေကြည့်ခဲ့ ရပြီး အောင်ပွဲရလို့  ပျော်နေချိန်မှာ ကျွန်တော်ကတော့ မပျော်နိုင် ပါဘူး။ ပျော်ဖို့ထက် ရှက်တဲ့စိတ်ကပိုနေပါတယ်။ 

ဘာ့ကြောင့်လဲ ကျွန်တော်က ည ခုနှစ်နာရီခွဲမှာ နိုင်ငံခြားသံတမန်အဖွဲ့အစည်းတစ်ခုရဲ့ ညစာစားပွဲကို တက်နေရလို့ ဘောလုံးပွဲကို ကြည့်ခွင့်မရပဲ ဂိုးရလဒ်ကို သာ ဖုန်း မက်ဆေ့ခ်ျကနေ သိနေ ရပါတယ်။ 

 မြန်မာအသင်းအနိုင်ရသွားချိန်မှာ ကျွန်တော် အပြင်ထွက်ပြီး မြန်မာနိုင်သွားပြီ၊အစဉ် အဆက် ဖွင့်ခဲ့တဲ့ မြန်မာနိုင်ပြီ သီချင်းဖွင့်မှာလားလို့ မေးတဲ့အခါ မြန်မာ့အသံမှာ ဘယ်သူ မှာ အဲဒီသီချင်းကို ပြင် မထားပါဘူး။ 

နောက်ဆုံး ပြီးခဲ့တဲ့ အရှေ့တောင်အာရှ အားကစားပွဲမှာ သားစိုးဆိုထားတဲ့ သီချင်းကိုပဲလွှင့်ခဲ့ရပါတယ်။ 

ကျွန်တော်တို့ရဲ့ ဂန္တ၀င် သီချင်းကို အခုချိန်ထိ ( ည ကိုးနာရီငါးဆယ်ထိ) တွေ့မတွေ့ ကျွန်တော့်ကို သတင်းမပို့နိုင်သေးပါဘူး။ 

တကယ်တော့ ၀န်ကြီးရုံးက ဘောလုံးပွဲကို လွှင့်ခွင့်ပြုခြင်း၊ သတင်း ထုတ်လွှင့်ချိန်ကို နောက်ဆုတ်ခြင်းဆိုတဲ့ မူဝါဒဆိုင်ရာကိစ္စတွေကိုသာ ဆုံးဖြတ်ပေးတာပါ။ 

မိမိထုတ်လွှင့် တဲ့ အစီအစဉ်များရဲ့ တင်ဆက်မှုအရည်အသွေးက ဌာနကတာဝန်ရှိသူတွေဆုံးဖြတ်ရမှာပါ။ 
 အစိုးရသစ်လက်ထက်မှာ အဲဒီလိုလုပ်ခွင့်ကို ပေးအပ်ထားပြီးလည်းဖြစ်ပါတယ်။ 

 ဒါပေမယ့် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ ညွှန်ကြားရေးမှူးချုပ်ကနေ ဘောလုံးပွဲ ထုတ်လွှင့်ခြင်းကို တာဝန်ယူရတဲ့ ၀န်ထမ်းအဆင့်ဆင့်မှာ တစ်ဦးတစ်ယောက်က တောင်မှ မြန်မာ အသင်းနိုင်ခဲ့ ရင် ပြည်သူတွေဘယ်သီချင်းကို ကြားချင်မလဲဆိုတာ ထည့်မတွေးခဲ့ တာ အင်မတန် ၀မ်းနည်းစရာ
ကောင်းတဲ့အဖြစ်ပါပဲ။ 

 နောက်ထပ် ၀မ်းနည်းစရာအဖြစ်က ဘောလုံးပွဲတစ်ခုလုံးကို မြန်မာဘာသာနဲ့ ပြောကြား နိုင်ဖို့ မလုပ်ခဲ့ တာပဲဖြစ်ပါတယ်။ တကယ်တော့ လုပ်မယ်ဆိုရင် လုပ်လို့ရတဲ့အခြေအနေ မှာရှိပါတယ်။ 

မြန်မာအသံနှင့် ရုပ်မြင်သံကြားရဲ့ အားနည်းချက်ဟာ အောင်ပွဲကို ဆာလောင်နေတဲ့ ပြည်သူများ၊ အောင်ပွဲ ကို ရယူပေးခဲ့တဲ့ အားကစားသမားများ၊အောင်ပွဲခံနိုင်အောင် ဖြည့်ဆည်းပေးခဲ့တဲ့ ၀န်ကြီးဌာနနဲ့အဖွဲ့ချုပ်က တာဝန်ရှိသူများကို အလေး မထား ရာရောက်တဲ့အတွက် ဒီဌာနကို တာဝန်ခံရတဲ့ ကျွန်တော်က တောင်းပန် အပ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ပေမယ့် မပျော်နိုင်ဘူးလို့ ပြောတာပါ။ 

ဘရူနိုင်းဘုရင့်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ သြဂုတ်လ (၂၃) ရက်နေ့ ညပိုင်းတွင် ယှဉ်ပြိုင်ကစားကြရာ မြန်မာ ယူ-၁၉ အသင်းက ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပါတယ်။  

ဘရူနိုင်းဘုရင့်ဖလားချန်ပီယံ မြန်မာ ယူ-၁၉ အသင်းဟာ သြဂုတ်လ (၂၄) ရက်နေ့ ညနေ (၃) နာရီ မိနစ် (၄၀) တွင် ပြန်လည် ရောက်ရှိမယ်လို့ မြန်မာ့အသံက ကြေညာ ပါတယ်။ 

ဧရာဝတီ BLOG
ပြန်ကြားရေးဝန်ကြီးဖြစ်လာသူ သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်က မနေ့ညက ကစားတဲ့ ဘောလုံးပြိုင်ပွဲ မှာ မြန်မာအသင်း ( U-19)   က ဗီယက်နမ် အသင်း ကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရပြီး ဘရူးနိုင်းဘုရင့်ဆုဖလား ဆွတ်ခူးရသွားခဲ့ပေမယ့် မပျော်နိုင်ခဲ့ပါဘူးတဲ့။