Thursday, October 10, 2013

ကာမကိစ္စအလို့ငှာ သွေးဆောင်စည်းရုံးပို့ဆောင်ပေးသူများအပေါ် အရေးယူ

၎.၁၀.၂၀၁၃ရက်နေ့ ၁၀၀၀အချိန် ဒဂုံမြို့နယ်နေ မ-----နှင့် သူငယ်ချင်းဖြစ်သူ မ------- တို့သည် ရွှေတိဂုံစေတီတော်တောင်ဘက်စောင်းတန်းတွင် ရှိနေစဉ် မနီနီအောင်(ခ)မမိဖြူ၊ ဗဟန်းမြို့နယ်နေသူမှ ပြင်ဦးလွင်မြို့ရှိ စားသောက်ဆိုင်တွင်မော်ဒယ်ရှိုးလျှောက်ရမည်၊ ငွေများများရမည်၊

သားလုခန်းမှ မိခင်စိတ်ဓာတ်မွေးမြူနိုင်ပါစေ

Photo: သားလုခန်းမှ မိခင်စိတ်ဓာတ်မွေးမြူနိုင်ပါစေ
_________________________

oct,10 ,2013
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရားလေးပါးသည် မြန်မာလူမျိုးတို့နှင့် စိမ်းကားလှ သည် မဟုတ်သော်လည်း လိုက်နာကျင့်ကြံမှုမရှိသည်ကတော့ အမှန်ပင်ဖြစ်သည်။ ဘာကြောင့်မလိုက်နာ လည်းဟုအကျဉ်းချုပ်ဆိုရသော်ကိုယ်ကျိုးအတ္တစီးပွားကြောင့်ပင်ဖြစ်သည်ဟုဆိုရပေမည်။

 တစ်ဦးနှင့် တစ်ဦး အပြုံးနှင့် ပြောဆိုဆက်ဆံနေကြသော်လည်းစိတ်ထဲ၌တွင် ကိုယ့်အတ္တ၊ ကိုယ်အလိုဆန္ဒအတွက် မေတ္တာမထားနိုင်ကြသည်ကိုတွေ့မြင် နေရပေသည်။ အချိန်အတိုင်းအတာအထိမင်းသားမျက်နှာဖုံးစွပ်ထား နိုင်သော်လည်း ၎င်းအချိန်ကိုကျော်လွန်ပါက ဘီးလူးရုပ်များထွက်ပေါ်လာနေကြသည်မှာ လောကသဘာဝ ဟုပင်ဆိုရတော့မည်ဖြစ်ပေသည်။

ယနေ့မြန်မာနိုင်ငံရေးအခြေအနေသည်လည်း မျက်နှာဖုံးများကွာကျမည့် အချိန်သို့ရောက်ရှိရန်တစ်ဖြေး ဖြေးနီးကပ်လာလျက်ရှိပေသည်။ ဘယ်သူတွေမေတ္တာပျက်ပျက် မပျက်ပျက် ကိုယ်မပျက်ဖို့သာ အရေးကြီး ပါသည်။ တိုင်းပြည် တကယ်တိုးတက်စေချင်လျှင် ငြိမ်းချမ်းစေချင်လျှင်၊ အမှန်တကယ်စေတနာထားလျှင် ထားနိုင်သလောက် အကျိုးပေးပြောင်းလဲလာနိုင်သည့်အခြေအနေသို့ တစ်ဖြေးဖြေးချဉ်းကပ်လာလျက်ရှိ သည်ကို တွေ့နေရပေသည်။ ပြောင်းလဲနိုင်စွမ်းရှိသည့် နိုင်ငံတော်အကြီးအကဲများ၊ တပ်မတော် ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ အနေဖြင့် တိုင်းပြည်အပေါ် ဘယ်သူစေတနာမှန်သလဲဆိုတာ တွေ့မြင်ရတော့မည် ဖြစ်ပါသည်။ 

မဟော်သဓာဇာတ် ထဲမှ သားလုခန်းသည် ဘီလူးမနှင့် မိခင်ရင်းနှစ်ဦးသာ သားလုပြီး ယနေ့မြန်မာနိုင်ငံရေး သားလုခန်းသည် သမ္မတလုပ်လိုပါသည်ဟု ပြောဆိုထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်းအပြင် ထုတ်ဖော်မပြော ဆိုဘဲ ယှဉ်လုမည့်သူများလည်းရှိနေမည်ဟု ယူဆပါသည်။
ဒါကြောင့် သားနှင့်တူသောပြည်သူတွေအနေဖြင့် သားလုခန်းတွင် သားအားနာကျင်မှာစိုး၍ စွန့်လွှတ် အနစ်နာ ခံသောမိခင်စိတ်ဓာတ်ရှိသည့် ခေါင်းဆောင်မျိုးတွေသာ ပေါ်ပေါက်လာဖို့အလိုရှိပါသည်။ မိခင် ယောင်ဆောင်သော ဘီလူးမလိုစိတ်ဓာတ်မျိုးဖြင့် ငါသမ္မတဖြစ်ပြီးရောဆိုပြီး လုပ်ဆောင်လိုသူတွေများပါက သားနှင့်တူသော ပြည်သူများ နာကျင်ထိခိုက်ကြေကွဲခံစားရမည်မှာ အသေအချာပင် ဖြစ်ပေသည်။

 ဒါကြောင့် သမ္မတဖြစ်ချင်ကြောင်း ကြေငြာထားသော ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်အပြင် သမ္မတလုပ်ချင်သူများအား သားလုခန်းတွင် မိခင်ဖြစ်သူမှသားဖြစ်သူအား နာကျင်မှာစိုး၍ အနစ်နစ်ခံသည့် စိတ်ဓာတ်မျိုးဖြင့် သားနှင့်တူသည့် ပြည်သူတွေ မထိခိုက်မနစ်နာအောင် ကိုယ်ကျိုး အတ္တဆန္ဒများကို ပစ်ပယ်ပြီး စွန့်လွှတ် အနစ်နာခံသည့်စိတ်ဓာတ်များ မွေးမြူနိုင်ပါစေလို့ တိုက်တွန်းရေးသားလိုက်ရပါသည်။

ဦးသစ္စဏ
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရားလေးပါးသည် မြန်မာလူမျိုးတို့နှင့် စိမ်းကား လှ သည် မဟုတ်သော်လည်း လိုက်နာကျင့်ကြံမှုမရှိသည်ကတော့ အမှန် ပင်ဖြစ်သည်။ ဘာကြောင့်မလိုက်နာ လည်းဟုအကျဉ်းချုပ်ဆိုရသော် ကိုယ်ကျိုးအတ္တစီးပွားကြောင့်ပင်ဖြစ်သည်ဟုဆိုရပေမည်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ယခုလအတွင်း မှတ်ပုံတင်မည်

ရှစ်လေးလုံး အရေးတော်ပုံတွင် ဦးဆောင် ပါဝင်ခဲ့သူများဖြင့် ဖွဲ့စည်းထားသော လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) ကို အောက်တိုဘာလအတွင်း မှတ်ပုံတင်မည်ဖြစ်ကြောင်း အဆိုပါပါတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်က ပြောကြား သည်။

ကာယိနြေ္ဒပျက်စေမှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး အမှုဖွင့်ခံထားရ

ကမာရွတ်မြို့နယ် (၁၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးအား ကာယိနြေ္ဒပျက်ပြားစေမှုဖြင့် အောက်တိုဘာ ၈ ရက်က အမှုဖွင့် တိုင်တန်းထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးကဆိုသည်။

ပြည်နယ်နှင့်တိုင်း အစိုးရ ခွင့်ပြုပါက တစ်နိုင်ငံလုံး အိမ်၊ ခြံ၊ မြေ စံနှုန်း သတ်မှတ်ချက် ထုတ်ပြန်မည်

ရန်ကုန်မြို့တွင်း မြို့ပြင် တစ်ပေပတ်လည် မြေဈေး စံနှုန်းသတ်မှတ်ချက်များ ထုတ်ပြန်ပြီးနောက် ပြည် နယ်နှင့် တိုင်း ဒေသကြီး အစိုးရများ ခွင့်ပြုချက်ရပါက တစ်နိုင်ငံလုံးရှိ အိမ်၊ ခြံ၊ မြေ အခွန်စံနှုန်း သတ်မှတ်ချက်များ ထုတ်ပြန်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်က The Voice သို့ ပြောကြားသည်။

မမှန်မကန်သတင်းပေးမှုဖြင့် ငွေဒဏ်ကျပ်တစ်ထောင်ကျခံမှုအပေါ် ဦးဥာဏ်ဝင်းမှ ခရိုင်တရားရုံးတွင် ဆက်လက်အမှုရင်ဆိုင်မည်

  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဗဟိုကော်မတီ ၀င်ဦးဥာဏ်ဝင်းသည် မမှန်မကန်သတင်းပေးမှုဖြင့် ပုဗ္မသီရီမြို့နယ်တရားရုံးက ငွေဒဏ်ကျပ်တစ်ထောင် ကျခံစေရန်အမိန့်ချမှတ်မှုအပေါ် သဘောမတူသဖြင့် ခရိုင်တရားရုံးသို့ ဆက်လက်အမှုရင်ဆိုင်သွားမည်ဖြစ်ကြောင်း ၎င်းက People Power သတင်းစာသို့ပြော ကြားသည်။

ပုံမှန်နေရာမကစားရ၍ ဖာဂူဆန်နှင့်ဆက်ဆံရေးပြိုလဲခဲ့ဟု ရွန်နေးဝန်ခံ

ယမန်နှစ်က ရွန်နေးနှင့် ဖာဂူဆန်တို့၏ ဆက်ဆံရေးတစ်စိတ်တစ်ပိုင်းပုံစံ။
မန်ယူတွင် မိမိကစားနေကျနေရာမှ ကစားခွင့်မရရှိခဲ့၍ ဆာအဲလက်စ်ဖာဂူဆန်နှင့် ဆက်ဆံရေး ပြိုလဲခဲ့ရဟု  မန်  ယူအသင်းတိုက်စစ်မှူး ၀ိန်ရွန်နေးက ထုတ်ဖော်ပြောလိုက်သည်။ အင်္ဂလန်အသင်း တိုက်စစ်မှူး ရွန်နေးက အိုးလ် ထရက်ဖို့ဒ်တွင် တိုက်စစ်မှူးတစ်ယောက်အဖြစ် မိမိနေရာကို ဆုံးရှုံးလိုက်၍ စိတ်ပျက်မိခဲ့ရကြောင်း ဆိုသည်။

ပြည်မြို့ ဗိုလ်ချုပ်ရုပ်တု လွမ်းသူ့ပန်းခွေချသူ ထောင်ဒဏ် ၇ ရက် ကျခံရန် တရားရုံးအမိန့်ချ

ဇူလိုင် ၁၉ ရက်တွင် ကျရောက်ခဲ့သည့် အာဇာနည်နေ့ အခမ်းအနားတွင် ပြည်မြို့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို လွမ်းသူ့ပန်းခွေချသူ ဦးသိန်းမင်းထွန်းကို ပြည်မြို့နယ် တရားရုံးက အောက်တိုဘာ ၉ ရက်တွင် ထောင်ဒဏ် ၇ ရက် သို့မဟုတ် ငွေဒဏ် ၂၀၀ ကျပ် ချမှတ်လိုက်သည်။

ဦးရွှေမန်းက သမ္မတဖြစ်လိုကြောင်း ထုတ်ဖော်


ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက သမ္မတ ဖြစ်လိုတဲ့သူ့ရဲ့ ရည်မှန်းချက်ကို အခိုင်အမာ ထုတ်ဖော် ပြောလိုက်ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်နဲ့ ဟံသာဝတီကို အနိုင်ယူပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့တဲ့ မကွေး

၂၀၁၃ #MNL Cup ပြိုင်ပွဲရဲ့ နောက်ထပ်ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဟံသာဝတီနဲ့ မကွေးအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ မကွေးအသင်းက ဟံသာဝတီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

စပျစ်သီးနှင့် အကိုက်အခဲပျောက် အာနိသင်

 စပျစ်သီးဟာ အရသာ ခံပြီးစားဖို့ တစ်ခုတည်း အတွက်သာ အသုံးဝင်တာ မဟုတ်ပါဘူး။
John Hopkins University မှ သုတေသန ပညာရှင်တွေဟာ စပျစ်မှုန့်ကို အဆစ်ရောင် နေတဲ့ ကြွက်တွေမှာ စမ်းသပ် ကြည့်ပါတယ်။ ဒီကြွက်တွေဟာ အာနိသင် မပါတဲ့ဆေး (Placebo) ပေးထားတဲ့ ကြွက်တွေ

အစာအိမ် ရောဂါသည်များ အတွက် သတင်းကောင်း

Photo: Oupe Soe ကသူ့ရဲ့  သူငယ်ချင်းအတွက် သိချင်သော အစာ အိမ် နှင့်ပါတ်သက်သော အချက် အလက် လေးများ ကို  ရှယ်ယာ ဝေမျှလိုက်ပါတယ်ခင်ဗျာ


အစာအိမ်ရောဂါသည်များအတွက် သတင်းကောင်း။ 
*********************************

 Helicobacter pylori ဘက်တီးရီးယားပိုးကို ၁၉၈၂ ခုနှစ်တွင် သြစတေးလျာသိပ္ပံပညာရှင် နှစ်ဦးဖြစ်သည့် Dr Barry Marshall နဲ့ Dr Robin Warren တို့ အစာအိမ်ရောင်ရောဂါ (gastritis) နဲ့ အစာအိမ်ရောဂါ (stomach ulcer) တို့မှာပထမဦးဆုံးရှာဖွေတွေ့ရှိပြီး ဒီဘက်တီးရီး ယားပိုးကြောင့် အစာအိမ်ရောဂါများဖြစ်ပွါးလာကြောင်းတွေ့ရှိသဖြင့် ၂၀၀၅ တွင် နိဘယ်ဆုများ ထိုက်တန်စွာရရှိခဲ့ပါတယ်။

          ကျမတို့ဆေးကျောင်းသူဘ၀ (လွန်ခဲ့တဲ့အနှစ် ၃၀ ကျော်) က အစာအိမ်အနာ ဘာကြောင့်ဖြစ်ရ တယ်ဆိုတာ သေသေချာချာမသိခဲ့ကြပါဘူး။ အစာအိမ်အနာဖြစ်သူများရဲ့ နေပုံထိုင်ပုံ စားပုံသောက်ပုံ စတာတွေနဲ့ အစာအိမ်အနာပိုဆိုးစေတဲ့အကြောင်းတွေကိုသာသိ ခဲ့ကြတာမို့ ဆေးကုသရာမှာလည်း ရောဂါမသိတော့ ဆေးမရှိ ဆိုတာလို ပျောက်ကင်းအောင် မကုသနိုင်ခဲ့ပါဘူး။ ယခုဘာကြောင့်ဖြစ်တယ်ဆို တာသိပြီမို့ ပျောက်ကင်းအောင်ကုသနိုင်မှာဖြစ်ပါတယ်။

          H. pylori ပိုးဘယ်လိုကူးဆက်ပြန့်ပွါးတယ်ဆိုတာကိုတော့ တိတိကျကျမသိသေး ပါဘူး။ ဖြစ်နိုင် တာက ပိုးပါသောရေနဲ့ အစာတွေကတစ်ဆင့်ကူးဆက်တယ်လို့ယူဆပါတယ်။ ရောဂါပိုးရှိသူရဲ့ တံတွေးမှာ ပိုးများကိုတွေ့ရတဲ့အတွက် တိုက်ရိုက်နည်း ဥပမာ ပါးစပ်ခြင်း စုပ်နမ်းခြင်းမှလည်းကူးဆက်နိုင်တယ်လို့ ယူဆ ကြပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၅၀% မှာပိုးတွေရှိနေ တာတွေ့ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲတိုင်းပြည်  တွေမှာပိုမိုတွေ့ရှိရပါတယ်။ ဒါပေမဲ့ ပိုးရှိတဲ့ သူတိုင်းမှာ အစာအိမ်ရောဂါလက္ခဏာမပြပါဘူး။ ၁၀-၂၀% မှာသာအစာအိမ်ရောဂါလက္ခဏာများတွေ့ရပြီး၊ ၁-၂% သာ ကင်ဆာအထိတိုးတက်ဖြစ်ပွါးတာ   တွေ့ရပါ  တယ်။ ဒါကြောင့် ပိုးက ရောဂါဖြစ်ကာစမှာသာ အရေးပါပြီး အစာအိမ်ရောဂါမှ ကင်ဆာဖြစ်အောင် မလုပ်နိုင်ဘူး လို့ ယူဆကြပါတယ်။
         
Helicobacter pylori ဟာအစာအိမ်မှထုတ်သော ကားရဲ့ ဘက်ထရီ နီးပါးပြင်းတဲ့ အက်စစ်ထဲမှာ နေတိုင်တာဟာ အက်စစ်ကိုခြေဖျက်နိုင်တဲ့အင်ဇိုင်းထုတ်လုပ်နိုင်တာကြောင့် ဖြစ်ပါတယ်။ အဲ့ဒီ အင်ဇိုင်း ကြောင့် အက်စစ်ကိုခြေဖျက်နိုင်တဲ့အပြင် အစာအိမ်မှာရှိတဲ့ဆဲလ် တွေကိုလည်း သေစေနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်ရောင်ခြင်းနဲ့ ကြာလာတဲ့အခါမှာ အစာအိမ်မှာအနာ ဖြစ်စေပါတယ်။

          အစာအိမ်ထဲမှာဖြစ်တဲ့အနာကို အစာအိမ်နာ (stomach ulcer) လို့ခေါ်ပြီး၊ အစာအိမ်နဲ့ဆက်တဲ့ ပထမဦးဆုံး အူသိမ်ပိုင်း (Duodenum) ဒူအိုဒီနန် မှာအနာဖြစ်ရင် အူသိမ်အနာ (Duodenal ucler) လို့ခေါ် ပါတယ်။ မြန်မာအများစုကတော့ အစာအိမ်ရောဂါ လို့သာပြောကြပါတယ်။

          အစာအိမ်အနာ ဆိုတာ လက်မှာဖြစ်တဲ့အနာလိုပါပဲ ဒါကြောင့် ”အနာပေါ်ဒုတ်ကျ ” ဆိုတာလို ဆေးလိပ်သောက်ခြင်း၊အရက်သောက်ခြင်း၊လက်လုပ်ချဉ်၊ငရုပ်သီး၊ ငရုပ်ကောင်း၊ အစာကြမ်းများ၊ အစာ မကြေလွယ်သောကောက်ညှင်းစာများ၊ ကျော်လှော်စာများ စားတဲ့အခါ အစာအိမ်အနာပေါ် ဒုတ်ကျ သလို ဖြစ်တာမို့ ဗိုလ်နာခြင်း၊ ဗိုလ်အောင့်ခြင်း စတဲ့ အစာအိမ် ရောဂါရဲ့လက္ခဏာ တွေပိုမို ခံစားရပြီး၊ ပိုမိုဆိုးဝါး တဲ့အခါမျိုးမှာ အစာအိမ်အနာမှသွေးထွက်ခြင်း၊ အစာအိမ်အနာ ပိုမိုနက်ရှိုင်း သွားပြီးအစာအိမ်နံရံပေါက် သည်အထိဖြစ်နိုင်ပါတယ်။ 

Helicobacter pylori များအစာအိမ်ထဲမှာ မပေါက်ဖွါးစေတဲ့အစာတွေရှိပါတယ်။ အဲ့ဒါတွေက ကိုရီးယားအနီရောင်ဂျင်ဆန် (ginseng)၊ ရေနွေးကြမ်း၊ ၀ိုင်အနီ၊ ကြက်သွန်ဖြူ နှင့် ပန်းဂေါ် ဖီစိမ်း (broccoli) တို့ဖြစ်ပါတယ်။

Helicobacter pylori က အစာအိမ်အနာ ၈၀% ကိုဖြစ်စေပြီး ကျန်တဲ့ ၂၀ % က အကိုက်အခဲ သောက်ဆေးများဖြစ်တဲ့ asprin, butazolidine စသည် တို့သောက်ခြင်းနဲ့ အစာအိမ်ကင်ဆာတို့ ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ဘာကြောင့်ဖြစ်တယ်ဆိုတာ စမ်းစစ်ဖို့ လို အပ်ပါတယ်။ Helicobacter pylori ပိုးကိုသွေး၊ ရှုထုတ်သောလေနဲ့ဝမ်းမှာစမ်းသပ်နိုင်ပါတယ်။

Helicobacter pylori ကြောင့်ဆိုရင်တော့ သူ့ကိုသတ်နိုင်တဲ့ပိုးသတ်ဆေးတွေဖြစ်တဲ့ amoxillin, metronidazol, tetracycline များနဲ့ပိုးသတ်ရပါမယ်။ ပိုးများရှင်းရှင်းပျောက်အောင် ပိုးသတ်ဆေးကို ၁၄ ရက်ခန့်ဆက်သောက်ဖို့လိုအပ်ပါ တယ်။ ပိုးသတ်နေစဉ်နဲ့ အနာကောင်း ကောင်းမကျက်ခင်မှာတော့ အထက်မှာဖေါ်ပြတဲ့ အနာပိုဆိုးစေတဲ့ အစားအစာများ ရှောင်ရပါ မယ်။ ပိုးပြန်မကူးအောင်လည်း အစာစား သောက်တဲ့အခါမှာသန့်ရှင်းလတ်ဆတ်စွာစားသုံးဖို့ လိုအပ်ပါမယ်။ တစ်ချို့ H.pylori များဆေးယဉ်နေ ကြောင်းတွေ့ရတယ်လို့ဆိုပါတယ်။ ဒါကြောင့်ပိုးသေစေတဲ့ဆေးသောက်ဖို့လိုအပ်ပါတယ်။
အနာပျောက်ဆေးများကြောင့်ဖြစ်တာဆိုရင် အနာဖြစ်စေတဲ့ဆေးတွေကိုရပ်ပြစ်ခြင်း၊ လျော့သောက်ခြင်း၊အခြားဆေးဖြင့်ပြောင်းလဲခြင်းများပြုလုပ်ရပါမယ်။

တိုင်းရင်းဆေးများ။
အစာအိမ်ရောဂါနှင့်ကိုယ်တွေ့ ဆိုတဲ့ပိုစ်မှာ ဗံဒါပင်မှအရွက်(မှည့်ရင့်နေသော အနီရွက်)ကို သုံးခွက်တစ်ခွက်တင်ကြိုသောက်ခြင်းကြောင့်ပျောက်ကင်းကြောင်းဖေါ်ပြထားပါတယ်။
         
အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်) ရဲ့ ဆေးမြီးတိုအစွမ်းဆိုတဲ့ပိုစ်မှာ တော့ နေ့တိုင်း ရဲယိုရွက်ကို ရေနွေးဖျောပြီး တစ်နေ့နှစ်ရွက် နေ့စဉ် တို့စားတာ အစာအိမ်ရောဂါ ပျောက်ကြောင်း။ အစာအိမ်ရောဂါရှိသူများ ရဲယိုရွက်ကို တို့စားခြင်း၊ အခြောက်လှမ်း အမှုန့် ပြုလုပ်ပြီး မှီဝဲခြင်းဖြင့် အစာအိမ်ရောဂါ လက်တွေ့ ပျောက်ကင်းနိုင် ကြောင်း ရေးသား ထား ပါတယ်။

ဖြစ်နိုင်တာက ဗံဒါရွက်နဲ့ ရဲယိုရွက်တို့ ဟာကြက်သွန်ဖြူစသည်တို့လို ပိုး မပွါးစေနိုင်လို့ လိုထင်ပါတယ်။

ကျမကိုယ်တွေ့ပြောရရင် လွန်ခဲ့တဲ့ အနှစ် ၄၀ က ကျမရဲ့အမ အစာအိမ်နာ Gastric ulcer ဖြစ်တဲ့အတွက် အမေရိကန်ဆေးရုံ (နား၊နခေါင်း၊ဆေးရုံဟောင်း) မှာတစ်လတိတိတင်ထားပြီး ၂နာရီတစ်ခါ နူးအောင်ပြုတ်ထားတဲ့ဆန်ပြုတ်ပဲစားရပါတယ်။ ဆေးရုံကဆင်းလာတော့ အနာသက်သာတယ် ဆိုပေမဲ့ ရှင်းရှင်းတော့ မပျောက်ပါဘူး။ သူကြိုက်တဲ့ကောက်ညှင်းပေါင်းစား ရင်ဖြစ်ဖြစ်၊ လက်လုပ်အချဉ် စားရင် ဖြစ်ဖြစ် ရင်ခေါင်းကအောင့်လာပြီး အနှိပ်သည်ဘုကိုရင်ခေါင်း မှာထားပြီးမှောက်အိပ်ထဲ့အထိခံရပါတယ်။ နောက်ပိုင်းဘာဆေးမှ မသောက်ပဲပျောက်သွား တယ်လို့ပြောပါတယ်။ အခု ကောက်ညှင်းပေါင်းစားလဲမနာ တော့ဘူးတဲ့။ ဒါပေမဲ့သူက ရေလုံးဝ မသောက်ဘူး။ ရေအစား ရေနွေးကြမ်းကျကျသာသောက်လေ့ ရှိ ပါ တယ်။ ဆေးသောက်ရမှာ လည်းအလွန်ကြောက်တဲ့အတွက် သူ့ရဲ့လက်သုံးတော်ဆေးက ကြက်သွန်ဖြူပါ၊ ချောင်းဆိုးရင် ဖြစ်ဖြစ်၊ နှာစီးရင်ဖြစ်ဖြစ် ကြက်သွန်ဖြူတို့စားလေ့ရှိပါတယ်။ အခုမှ သူ့ရဲ့အစာအိမ်နာပျောက် ရ ခြင်းအကြောင်းကိုသိရပါတယ်။ တစ်ဆက်ထဲမှာ မြတ်ဘုရားဟောတဲ့ တရားတော်တစ်ပုဒ်ကို အမှတ်ရ မိလိုက်ပါတယ်။ တရားနာမည်အတိအကျတော့ မမှတ်မိပါဘူး။ ဆိုလိုရင်းကတော့ နိဗ္ဗာန်ရောက်လိုကြောင်း ဘယ်လိုပဲဆုတောင်းပေမဲ့ နိဗ္ဗာန်ရောက်ကြောင်းအကျင့်တွေကိုမကျင့်ရင်မရောက်ဘူး။ နိဗ္ဗာန် ရောက် ကြောင်းအကျင့်တွေကိုကျင့်ရင်တော့ ဆုမတောင်းပေမဲလည်းရောက်မှာပဲတဲ့။

ကျန်းမာစွာဖြင့် နိဗ္ဗာန်သောင်ကမ်းတိုင်လျှောက်လှမ်းနိုင်ကြပါစေ။

ကျမ်းကိုး။
၁။ အစာအိမ်ရောဂါနှင့်ကိုယ်တွေ့။ http://lannthit.burmapress.com/2011/06/05/294
ဗာဒံပင်မှအရွက်(မှည့်ရင့်နေသောအနီရွက်)ကိုသုံးခွက်တစ်ခွက်တင်ကြိုသောက်ခြင်း။
၂။ ဆေးမြီးတိုအစွမ်း။ အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)။ မေတ္တာရနံ့။
၃။ နေ့စဉ်ဘ၀နေထိုင်မှုပုံစံနှင့် အစာအိမ်ရောဂါ ။http://www.cherrymyay.com/2012/
၎။ အစာအိမ်ရောဂါ http://komoethee.blogspot.fr/2012/07/blog-post_6.html
၅။ http://digestive.niddk.nih.gov/ddiseases/pubs/hpylori/



http://machunlay.blogspot.ru/2012/07/blog-post_27.html မှကူးယူ ရှယ်ပေးထားခြင်းဖြစ်ပါသည်။
Helicobacter pylori ဘက်တီးရီးယားပိုးကို ၁၉၈၂ ခုနှစ်တွင် သြစတေးလျာသိပ္ပံပညာရှင် နှစ်ဦးဖြစ်သည့် Dr Barry Marshall နဲ့ Dr Robin Warren တို့ အစာအိမ်ရောင်ရောဂါ (gastritis) နဲ့ အစာအိမ်ရောဂါ (stomach ulcer) တို့မှာပထမဦးဆုံးရှာဖွေတွေ့ရှိပြီး ဒီဘက်တီးရီး ယားပိုးကြောင့် အစာအိမ်ရောဂါ များဖြစ်ပွါး လာကြောင်းတွေ့ရှိသဖြင့် ၂၀၀၅ တွင် နိဘယ်ဆုများ ထိုက်တန်စွာရရှိခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများကို အသက်မွေးဝမ်းကျောင်းမှု ပညာရပ်များ သင်ကြားပေးနေ

 မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများကို အသက်မွေး ၀မ်းကျောင်း ပညာရပ်များ သင်ကြားပေးပြီး အလုပ်အကိုင်ရရှိရေး အကူအညီ များပေးလျက် ရှိသည်ဟု ယင်းအစီအစဉ် ကို ဆောင်ရွက်ပေးနေသည့် အသင်းများမှ သိရသည်။

မိန်းမလှကျွန်းတွင် ရေချိုရေငန်စပ် မိကျောင်းများ ယခင်နှစ်များထက် နှစ်ဆ ပိုများလာ

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်းရှိ သားရဲတိရစ္ဆာန် ဘေးမဲ့ကျွန်းတစ်ခုဖြစ်သော မိန်းမလှကျွန်းပေါ်တွင် ရေချိုရေငန်စပ် မိကျောင်းများ ယခင်နှစ်များထက် နှစ်ဆပို၍များလာကြောင်း မိန်းမလှကျွန်း သဘာဝသားရဲ တိရစ္ဆာန် ဘေးမဲ့တော တောအုပ်ကြီး ဦးဇော်ထူးအောင်က ပြောသည်။

လမ်းမပေါ်ရပ်ထားသော ကစားစရာကားကိုရဲတပ်ဖွဲ့ဝင်တစ် ဦးက ချလန်ဖြတ်



Photo: လမ်းမပေါ်ရပ်ထားသော ကစားစရာကားကိုရဲတပ်ဖွဲ့ဝင်တစ် ဦးက ချလန်ဖြတ်
Thursday, October 10, 2013

အမေရိကန်ပြည်ထောင်စု၊ အူတာပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲ အရာရှိတစ်ဦးသည် Fork မြို့ အတွင်း ရဲကားဖြင့်လိုက်လံစစ်ဆေးနေစဉ် ကားလမ်းမပေါ်ရပ်ထားသည့် ကလေးကစားစရာ ကားငယ်ကို ချလန်ဖြတ်ထားခဲ့ရာ ငိုရခက်၊ ရယ်ရခက် ဆိုသလို ဖြစ်ခဲ့ရကြောင်း ‘ABC သတင်းဌာန’က အောက်တိုဘာ ၇ ရက်တွင် ဖော်ပြခဲ့သည်။ Fork မြို့တွင် နေထိုင်သော အသက် ခုနစ်နှစ်အရွယ် မူလတန်းကျောင်းသူလေး Autumn သည် ပန်းရောင် Barbie Jeep ကားလေးဖြင့် ဆော့က စားနေစဉ် ကျောင်းသွားရမည်ဖြစ်သောကြောင့် ကားကို အိမ်ထဲမထည့်တော့ဘဲ လမ်းမပေါ်တွင် ရပ်နားထားခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် စည်းကမ်းမဲ့ ကားများအား အရေးယူရန် ရဲကားဖြင့် စစ်ဆေးရေးဆင်းနေသည့် ရဲအရာရှိက လမ်းမပေါ် စည်းကမ်းမဲ့ရပ်ထားသော Autumn ၏ ကားလေးကို ချလန်ဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုချလန်မှာ ဒဏ်ငွေ ပေးဆောင်ရန် မဟုတ်ဘဲ နောက်နောင် ယခုကဲ့သို့ မလုပ်ရန် သတိပေးထားသည့် စာသားဖြစ်သည်။ ချလန် အဖြတ်ခံရခြင်းနှင့် ပတ်သက်၍ Autumn ၏ ဖခင် ဖြစ်သူက မိမိအနေဖြင့် ချလန်ကို မြင် ခဲ့ရပြီးနောက် အလွန် အံ့အားသင့်ခဲ့ရကြောင်း၊ ယခု ချလန်ဖြတ်ပိုင်းမှာ မိမိအကြိုက်ဆုံး ချလန်တစ်ရွက်ဖြစ်ပြီး သမီးလေးအနေဖြင့်လည်း ယခုကဲ့သို့ စည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်းကို နောက်နောင် ဘယ်တော့မှ ပြု လုပ်တော့မည်မဟုတ်ကြောင်း ဆိုခဲ့သည်။Fork ရဲဌာနကလည်း ယခုကဲ့သို့ ချလန် ဖြတ်ခဲ့ခြင်းမှာ Autumn တို့ အိမ်နီးချင်းများအနေဖြင့် ၎င်းတို့ ပစ္စည်းများကို ကားလမ်းမပေါ် စည်းကမ်းမဲ့ ထားရစ်ခြင်းမရှိစေရေးအတွက် လုပ်ဆောင်ခဲ့ရခြင်း ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Automobile Journal
အမေရိကန်ပြည်ထောင်စု၊ အူတာပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲ အရာရှိတစ်ဦးသည် Fork မြို့ အတွင်း ရဲကားဖြင့်လိုက်လံစစ်ဆေးနေစဉ် ကားလမ်းမပေါ်ရပ်ထားသည့် ကလေးကစားစရာ ကားငယ်ကို ချလန်ဖြတ်ထားခဲ့ရာ ငိုရခက်၊ ရယ်ရခက် ဆိုသလို ဖြစ်ခဲ့ရကြောင်း ‘ABC သတင်းဌာန’က အောက်တိုဘာ ၇ ရက်တွင် ဖော်ပြခဲ့သည်။ Fork မြို့တွင် နေထိုင်သော အသက် ခုနစ်နှစ်အရွယ် မူလတန်းကျောင်းသူလေး Autumn သည် ပန်းရောင် Barbie Jeep ကားလေးဖြင့် ဆော့က စားနေစဉ် ကျောင်းသွား ရမည်ဖြစ်သောကြောင့် ကားကို အိမ်ထဲမထည့်တော့ဘဲ လမ်းမပေါ်တွင် ရပ်နားထားခဲ့ခြင်း ဖြစ်သည်။

မစ္စတာ နမ်ဘီးယားနဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင် များ ဆွေးနွေး

Photo: မစ္စတာ နမ်ဘီးယားနဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင် များ ဆွေးနွေး
Thursday, October 10, 2013

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ လေ့လာသူအဖြစ် တက်ရောက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားတို့ ဒီနေ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

နှစ်ဖက်တွေ့ဆုံဆွေးနွေးရာမှာ အစိုးရနဲ့ တချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား အပစ်အခတ်ရပ်စဲထားပေမဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အခြေအနေကို ဆွေးနွေးဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက RFA ကို ပြောပါတယ်။

"တချို့တိုင်းရင်းသားဘက်မှာကျတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီးတော့ တိုက်ပွဲဖြစ်တဲ့ကိစ္စတွေကို တင်ပြဆွေးနွေးတယ်၊ ကျနော်တို့ဖြစ်စေချင်တဲ့ဆန္ဒတွေ တင်ပြပါတယ်၊ သူတို့က နှစ်ဖက်စလုံးက ယုံကြည်မှုအပြည့်အဝ မရှိသေးတဲ့အချိန်မှာ ကိုယ့်လုပ်ဆောင်မှုကလည်း ဒီယုံကြည်မှုကို အားဖြည့်ပေးတဲ့ အနေအထား မဟုတ်လို့ရှိရင်တော့ တိုက်ပွဲဖြစ်နေမှာပဲ၊ ဒါက သူတို့ရဲ့သုံးသပ်ချက်"

ကုလသမဂ္ဂအနေနဲ့ လေ့လာပြီး အကြံပြုနိုင်တဲ့အဆင့်သာရှိကြောင်း မိမိတို့တိုင်းပြည်ကိစ္စတွေကို တိုင်းရင်းသားအဖွဲ့တွေအားလုံးကသာ ဖြေရှင်းသွားရမှာဖြစ်တယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ကပြောကြောင်း သိရပါတယ်။ 

ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရတို့ မြစ်ကြီးနားမြို့မှာ ကျင်းပနေတဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က လေ့လာသူအဖြစ် တက်ရောက်နေတာပါ။

RFA
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ လေ့လာသူအဖြစ် တက်ရောက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားတို့ ဒီနေ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

မိုးစက်ဝိုင်ဖွင့်လိုက်တဲ့ ကိုယ်ပိုင် Facebook အကောင့် တစ်ရက်တည်းနဲ့ Like ပေါင်း ၃ သောင်းနီးပါးရနေ

Miss Universe Myanmar 2013 ဆုရှင် မိုးစက်ဝိုင်၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာအား ယမန်နေ့ ညနေပိုင်းတွင် ဖွင့်လိုက်ပြီဖြစ်ကြောင်း Miss Myanmar Universe အဖွဲ့၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ကြေငြာလိုက်သည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှ ဒေသခံတို့အတွက် အလုပ်အကိုင် ဖန်တီးပေးရန် ကြေညာချက်ထုတ် တောင်းဆို

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် အကောင်အထည်ဖော်ရန်ရှိသော အထူးစီးပွားရေး ဇုန်မှ ဒေသခံ များ အတွက် အလုပ်အကိုင်ဖန်တီးပေးရန် တောင်းဆိုချက်အပါအ၀င် အချက်ခြောက်ချက် ကို ကျောက်ဖြူဒေသ ကျေးရွာ ၄၂ ရွာမှ လူထုက အောက်တိုဘာ ၉ ရက်တွင် ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်သည်။

အထက်မြန်မာပြည်တစ်ခုလုံး၏ ရာသီဥတုအခြေအနေကို စောင့်ကြပ် ကြည့်ရှုနိုင်ရန် အမေရိကန်ဒေါ်လာ ၁၂ သန်း တန်ဖိုးရှိ မိုးလေ၀သ ရေဒါစခန်းကြီးတစ်ခုအား မန္တလေး ချမ်းမြသာစည် လေယာဉ်ကွင်းတွင် တည်ဆောက်မည်

အထက်မြန်မာပြည် တစ်ခုလုံး၏ ရာသီဥတု အခြေအနေကို စောင့်ကြပ် ကြည့်ရှုနိုင်ရန် အမေရိကန်ဒေါ် လာ ၁၂ သန်း တန်ဖိုးရှိ မိုလေ၀သရေဒါစခန်းကြီးတစ်ခုအား မန္တလေးတိုင်းဒေသကြီးရှိ ချမ်းမြ သာစည်လေယာဉ်ကွင်းတွင် တည်ဆောက်မည်ဟု ပို့ဆောင်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်က ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

နိုင်ငံတကာပွဲတွေပြီးရင် ချယ်ဆီးအသင်း ပိုကောင်းလာပါမယ်။(အိုင်ဗန်နိုဗစ်)

ချယ်ဆီး နောက်ခံကစားသမား အိုဗစ်နိုဗစ်ဟာ ချယ်ဆီးအသင်းအနေနှင့် ခြေစွမ်း အတက်အကျများ ရှိနေခဲ့ပြီး ယခုတစ်ပါတ် နိုင်ငံလက်ရွေးစင်ပွဲများ ပြီးဆုံးပါက ချယ်ဆီးအသင်းအနေနှင့် ပိုမိုကောင်းမွန် လာမည်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။

အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး

Photo: အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး
Thursday, October 10, 2013

အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင် ရာဥပဒေကြမ်းနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၉ ရက်က နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ် အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးတင်မောင်ဦးက''ဒီဥပဒေတွေကို လေ့လာတဲ့အခါကျတော့ ၁၈၅၀ လောက်က ထွက်လာတဲ့ ဥပဒေတွေ ပါနေပါတယ်။ ဥပဒေအားလုံးရဲ့ အနှစ်ချုပ်ကို ပြောရရင် အရင်ကိုလိုနီခေတ်က ရေးခဲ့လို့ အဲဒီတုန်းက သူတို့က အုပ်ချုပ်သူ၊ ကျွန်တော်တို့က ကျွန်ဘ၀ဖြစ်နေတယ်။ ကျွန်တော်တို့ကို ချုပ်ကိုင်ဖို့ အားလုံးနီးပါးမှာ တားမြစ်ချက်တွေ၊ ပြစ်ဒဏ်တွေ အကုန်လုံးပါ ပါတယ်။ အနေအထားကတော့ အထက်စီးကရေးတဲ့ ဥပဒေလို့ သုံးသပ်တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ဥပဒေ အားလုံးသည် ပြင်ဖို့လိုမယ့် အနေအထားကိုလည်း သွားပြီးသုံးသပ်လို့ ရပါတယ်။လွှတ်တော်သက်တမ်းက နှစ်နှစ်ကျော်ပဲ ကျန်ပါတော့တယ်။ ကျွန်တော်ခုနက တင်ပြတဲ့ ဥပဒေအားလုံးကို ပြင်ဆင်ရေးဆွဲဖို့ မဖြစ်နိုင်ပါဘူး။ အသင်းအဖွဲ့တွေ အားမကောင်းရင် ဒီမိုကရေစီ နိုင်ငံတည်ထောင်ဖို့ အချိန်ကြန့် ကြာမှာ ဖြစ်ပါတယ်။ အသင်းအဖွဲ့တွေ အားကောင်းရင် အချိန်တိုတိုနဲ့ ရည်မှန်းချက်နေရာကို
ရောက်မှာဖြစ်ပါတယ်''ဟု ပြောကြားသည်။

''ပြည်သူ့လွှတ်တော် ၀က်ဘ်ဆိုက်မှာ တင်ထားတဲ့ နောက်ဆုံးဥပဒေကြမ်းကို နည်းနည်း ထပ်ပြီး ဖြည့်စွက်ချင်တာလေး ရှိပါတယ်။တော်တော်များများက ဟောင်းနေပြီ။ ဒီထက် ပိုကောင်းအောင်ဆိုပြီး အနက်အဓိပ္ပာယ် ဖွင့်ဆိုမှုတွေမှာဆိုရင် နည်းနည်း ထွေထွေပြားပြား ဖြစ်နေပါတယ်။  မရှင်းမလင်းတာတွေ ဖြစ်နေပါတယ်။ ကျန်ခဲ့တာတွေ ရှိနိုင်တဲ့အတွက် အဲ့ဒါတွေကို သေသေချာချာ ရှင်းရှင်းလင်းလင်းဖြစ်အောင် ဒီလိုမျိုးလုပ်ရင် ကောင်းမယ်ဆိုတာမျိုးကို ဆွေးနွေးဖို့အတွက် ဒီနေ့တွေ့ဆုံတာ ဖြစ်ပါတယ်။ ဒီဥပဒေကို အတည်ပြုဖို့ကတော့ သူတို့ လူကြီးတွေ ပြောပုံအရ ဒီဥပဒေကြမ်းကို ဆွေးနွေးပြီးရင် ပြည်သူ့လွှတ်တော်ထဲကို တင်တော့မယ်။ အဲ့ဒီမှာ ထပ်ပြီးဆွေးနွေးကြမယ်ပေါ့''ဟု Triangle Woman Supports Group မှ ဒေါ်ခင်လေးက ပြောကြားသည်။

ဒေါ်ခင်လေးက ''ဒီဥပဒေကြမ်းကို လွှတ်တော်အစည်းအဝေးကာလမှာ အတည်ပြုနိုင်အောင် လုပ်မယ်လို့တော့ ပြောတယ်။ ဒီဟာကို အရပ်ဘက်လူ့အဖွဲ့အစည်းက တောင်းဆိုလို့ လွှတ်တော်ရေးရာကော်မတီနဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီကနေ ပြန်တွေ့ဆုံပေး တာပါ။ ဒီဥပဒေကြမ်းကို လွှတ်တော်ထဲမှာ မဆွေးနွေးခင်ထိတော့ ဒါ နောက်ဆုံးဆွေးနွေးခြင်းပါပဲ။ သူတို့က လမ်းဖွင့်ပေးထားတာရှိတယ်။ လွှတ်တော်ထဲမှာ ဆွေးနွေးနေတဲ့အခါမှာ ထပ်ပြီး ကျွန်မတို့ ဆွေးနွေးချင်တယ်ဆိုရင် ဖြည့်စွက်ချင်ရင် ပြင်ဆင်ခြင်ရင် လုပ်လို့ရသေးတယ်လို့ ပြောပါတယ်''ဟု ပြောကြားသည်။

အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကော်မတီ၊ ကော်မရှင်များမှ ကိုယ်စားလှယ်များနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Eleven Media Group

အောက်တိုဘာ ၉ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲမြင်ကွင်း

http://www.myanmaronlinenews.net/2013/10/blog-post_9700.html
အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင် ရာဥပဒေကြမ်းနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၉ ရက်က နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ် အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ လေးဘီလျံ ရရှိခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြ


Photo: ၂၀၁၂-၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ လေးဘီလျံ ရရှိခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြ
Thursday, October 10, 2013

မြန်မာနိုင်ငံသည် ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံ ရရှိခဲ့ရာမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်အမေရိကန်ဒေါ်လာ လေးဘီလျံထိ ရရှိခဲ့ကြောင်း မကြာမီက ထုတ်ပြန်လိုက်သည့် ကမ္ဘာ့ဘဏ်၏ နှစ်လယ်စာရင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှု (GDP)ကို ပြန်ကြည့်ပါက ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ကြောင်းလည်း ဖော်ပြထားပြီး ယင်းကဲ့သို့ တိုးတက်ခဲ့သည့် အကြောင်းများထဲတွင် ခရီးသွားကဲ့သို့ ၀န်ဆောင်မှုလုပ်ငန်းများ တိုးတက်လာခဲ့ခြင်း၊ ငွေကြေးလုပ်ငန်းများ တိုးတက်လာခဲ့ခြင်းလည်း ပါဝင်ကြောင်း၊ ထို့အတူ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ကြည့်ပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ဂျီဒီပီ၏ ၃ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ၅ ဒသမ ၂ ရာခိုင်နှုန်းထိ စီးဝင်လာခဲ့ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

''မြန်မာနိုင်ငံ စီးပွားရေးတိုးတက်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သဘာဝဓာတ်ငွေ့ ရောင်းရတဲ့ဝင်ငွေတွေ၊ ဆောက်လုပ်ရေးကဏ္ဍက ရတဲ့ဝင်ငွေတွေ၊ ၀န်ဆောင်မှုကဏ္ဍက ရတဲ့ဝင်ငွေတွေ ရှိနေတယ်။ ပြည်ပကို သဘောဝဓာတ်ငွေ့တင်ပို့မှုဟာ ၂၀၁၁-၂၀၁၂ မှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံကနေပြီးတော့ ၂၀၁၂-၂၀၁၃ မှာ ၄ ဘီလျံအထိ ရောက်ခဲ့တယ်။

ဝန်ဆောင်မှုကဏ္ဍမှာဆိုရင်လည်း ခရီးသွားလုပ်ငန်းတွေ၊ ငွေကြေးလုပ်ငန်းတွေ တိုးတက်လာတာကို တွေ့ရတယ်။ ပြီးတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟာ ဆိုရင်လည်း ၂၀၁၁-၂၀၁၂ မှာ ဂျီဒီပီရဲ့ ၃ ဒသမ ၇ ရာခိုင်နှုန်းကနေပြီးတော့ ၂၀၁၂-၂၀၁၃ မှာ ၅ ဒသမ ၂ ရာခိုင်နှုန်းထိ တက်လာတာ တွေ့ရတယ်။ နောက်တစ်ခုက အာရှမှာ အင်အားကြီးတဲ့ ဂျပန်နိုင်ငံလို နိုင်ငံမျိုးက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ထိုင်းနိုင်ငံထက်ပိုပြီး စိတ်ဝင်စားနေပါတယ်''ဟု စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပြခဲ့သည်။

ယင်းသို့ ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ စီးဝင်လာသော ရင်းနှီးမြှုပ်နှံမှုများတွင် စွမ်းအင်ကဏ္ဍ၊ အထည်ချုပ်လုပ်ငန်း၊ အိုင်တီလုပ်ငန်းများ၊ အစားအစာနှင့် အဖျော်ရည်ယမကာ လုပ်ငန်းများ အဓိကပါဝင်နေကြောင်း၊ သို့သော် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ဆန်စပါးထုတ်လုပ်မှု ကဏ္ဍများတွင် ကျဆင်းနေကြောင်း၊ ယင်းသို့ ဖြစ်ရခြင်းမှာ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ရေကြီးရေလျံမှု များဖြစ်ခဲ့သည့်အတွက်လည်း တစ်စိတ်တစ်ဒေသ ပါဝင်နေကြောင်း အဆိုပါစစ် တမ်းတွင် ဖော်ပြထားသည်။

Eleven Media Group

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းသုံး ပိုက်လိုင်းတင်ဆောင်လာသည့် ကားတစ်စီးအား တရုတ်-မြန်မာနယ်စပ် ကြယ်ဂေါင်တွင် တွေ့ရစဉ်

http://www.myanmaronlinenews.net/2013/10/blog-post_6007.html

မြန်မာနိုင်ငံသည် ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံ ရရှိခဲ့ရာမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ လေးဘီလျံထိ ရရှိခဲ့ကြောင်း မကြာမီက ထုတ်ပြန်လိုက်သည့် ကမ္ဘာ့ဘဏ်၏ နှစ်လယ် စာရင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မန်ယူအသင်းမှာ ထွက်ခွာဖို့ ပြောကြားလာသည့် ဖေဘီယို


မန်ချက်စတာယူနိုက်တက် နောက်ခံ ကစားသမား ဖေဘီယို ဒါဆေးလ်ဗားဟာ မန်ယူအသင်းမှ ထွက်ခွာဖို့ စဉ်းစားနေပြီ ဖြစ်ကြောင်း၊ ငယ်စဉ်က ပါဝင်ကစားပေးခဲ့ဖူးသည့် ဖလူမီနီးစ်အသင်းသို့ ပြန် လည် ပြောင်းရွှေ့နိုင်ခြေ ရှိနေကြောင်း ပြောကြားလိုက်သည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယနေ့တွင် တပ်မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲဖြစ်နိုင်သော နေရာများအတွက် တပ်ပိုင်း ဆိုင်ရာကိစ္စများ တံခါးပိတ်ဆွေးနွေး

 ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အောက်တိုဘာ ၈ ရက်မှ စတင်ပြုလုပ်နေသည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယနေ့တွင်တပ်မတော်နှင့် ကေအိုင်အေတပ်များအကြား တိုက်ပွဲဖြစ် ပွားနိုင်သော နေရာများအတွက် တံခါးပိတ်ဆွေးနွေးခဲ့ကြသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ VISA အလိုက် သတ်မှတ်ခွင့်ပြုထားပြီး ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှုစာရင်းများအရ တစ်ဦးချင်း ၀င်ရောက်မှု အများဆုံးဖြစ်ကြောင်း သိရ

w1-9-10-8
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေး ကောင်တာများရှေ့တွင် တန်းစီနေသော ခရီးသွားများအား တွေ့ရစဉ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ VISA အလိုက် သတ်မှတ်ခွင့်ပြုပေးထားပြီး ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှုစာရင်းများအရတစ်ဦးချင်း ၀င်ရောက်မှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

သံတွဲနှင့် ကျောင်းကုန်း ပဋိပက္ခဖြစ်စဉ်များတွင် နောက်ကွယ်မှ ဖန်တီးလှုံ့ဆော်သူ၊ ပါဝင်ကျူးလွန်သူဟု ယူဆခံရသူ ၆၆ ဦးကို ဖမ်းဆီးစစ်ဆေးနေ

သံတွဲနှင့် ကျောင်းကုန်း ပဋိပက္ခဖြစ်စဉ်တွင် နောက်ကွယ်မှ ဖန်တီးလှုံ့ဆော်သူများအဖြစ် ယူဆခံ ရသူ များအပါအ၀င် ကျူးလွန်သူဟု ယူဆခံရသူ ၆၆ ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း အောက် တိုဘာ ၉ ရက် နံနက်ပိုင်းတွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန် ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

ဂျရတ် အသင်းခေါင်းဆောင်ဖြစ်တာ နည်းနည်း နောက်ကျခဲ့တယ်။(ဝိန်း ရူနီ)


မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဖြစ်သူ ဝိန်းရူနီက သူ၏ နိုင်ငံအသင်းဖော် အသင်းခေါင်းဆောင် စတီဗင် ဂျရတ်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပြီး အသင်းခေါင်းဆောင် လက်ပါတ်ကို ယခုထက် ပိုမိုပြီး စောစီးစွာ ရရှိခဲ့သင့်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ရာထူးမှ ထုတ်ပယ်ခံရသည့် အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင် ပညာရေးဝန်ကြီးဌာနနှင့် လွှတ်တော်နှစ်ရပ်အား အယူခံဝင်မည်

ရာထူးမှထုတ်ပယ်ခံရသည့် အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင်သည် ပညာရေးဝန်ကြီးဌာနနှင့် လွှတ်တော်နှစ်ရပ်အား အယူခံဝင်သွားမည်ဖြစ်ကြောင်း သိရသည်။