Monday, July 1, 2013

ခွဲခြားဆက်ဆံမှုများ ပြုလုပ်လာပါက ဥပဒေအတိုင်း အရေးယူသွားမည်ဟု ပြန်ကြားရေးဝန်ကြီးပြော

Photo: ခွဲခြားဆက်ဆံမှုများ ပြုလုပ်လာပါက ဥပဒေအတိုင်း အရေးယူသွားမည်ဟု ပြန်ကြားရေးဝန်ကြီးပြော
Monday, July 01, 2013

နိုင်ငံတော် အစိုးရအနေဖြင့် လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံမှု ကိစ္စရပ်များကို လက်သင့်မခံကြောင်းနှင့် ယင်းကဲ့သို့ ပြုလုပ်လာမည်ဆိုပါက ဥပဒေအတိုင်း အရေးယူသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် အစိုးရအဖွဲ့မှ ဝန်ကြီးအချို့နှင့် ပြည်တွင်းပြည်ပ မီဒီယာများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို ခွင့်ပြုထားတယ်။ ပုဒ်မ ၃၆၄ မှာ ဒီလိုမျိုး ခွဲခြားဆက်ဆံမှုတွေ လုံးဝမလုပ်ရဘူးလို့ အတိအလင်း ပြဌာန်းထားတယ်။ ဥပဒေကို ချိုးဖောက်လာမယ်ဆိုရင် ဥပဒေနဲ့အညီ အရေးယူမှာ ဖြစ်တယ်” ဟု ယင်းက ဆက်လက်ပြောကြားသည်။

လက်ရှိ အမျိုးစောင့်ဥပဒေ ရေးဆွဲရေးနှင့် ပတ်သတ်၍ ဒီမိုကရေစီ လူ့အဖွဲ့အစည်း တစ်ခုတွင် လူတိုင်းကဖြစ်စေ၊ အဖွဲ့အစည်းတိုင်းကဖြစ်စေ ပါ့ဗလစ်ဒီဗိတ်ဟုခေါ်သော ဥပဒေရေးရာကိစ္စများနှင့် ဥပဒေဖြစ်စဉ် ကိစ္စများကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိကြောင်း၊ သို့သော် မိမိပြောသည့် အကြောင်းအရာတိုင်း ဥပဒေတစ်ခုဖြစ်ရန်မှာ ဖြတ်သန်းရမည့် အဆင့်များစွာ ရှိကြောင်း ဦးရဲထွဋ်က ပြောကြားသည်။

“ဥပဒေကြမ်းတစ်ခုဖြစ်ဖို့ဆိုရင် ဥပဒေကြမ်း တင်သွင်းခွင့်ရှိတဲ့သူကလည်း တင်သွင်းခွင့်ရမယ်ဆိုတော့ ဒါတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရ အနေနဲ့ ဘာမှ မှတ်ချက် မပေးလိုပါဘူး။ ဒါပေမယ့် အမျိုးစောင့် ဥပဒေတင် မဟုတ်ဘူး။ ကျန်တဲ့  ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ကြပါ။ လယ်ယာမြေဥပဒေ ပြင်ကြပါ။ အီလက်ထရောနစ် ဥပဒေ ပြင်ကြပါ။ ဒီလိုပြောနေကြတာဟာ ပါ့ဗလစ်ဒီဗီတ် အဆင့်ပဲ ရှိသေးတယ်။ ဥပဒေကြမ်းအဖြစ် တင်သွင်းလာတယ်။ အစိုးရအဖွဲ့ကနေ ပြောဆိုရမယ့် အချိန်ရောက်လာရင်တော့ ထုတ်ဖော်ပြောဆိုသွားမှာပါ” ဟု ယင်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် အခြေခံဥပဒေတွင် ပြဌာန်းထားသော ပုဒ်မ ၃၆၄ ကို ချိုးဖောက်သည်ဟု သံသယရှိပါက သက်ဆိုင်ရာ ဘာသာရေး အဖွဲ့အစည်းများ၊ ဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများကို တိုင်ကြားနိုင်ကြောင်း သိရသည်။

ရည်မွန်

မြန်မာ့ခေတ်
နိုင်ငံတော်အစိုးရအနေဖြင့် လူမျိုးရေး၊ ဘာသာရေးခွဲခြားဆက်ဆံမှု ကိစ္စရပ်များကို လက်သင့် မခံကြောင်းနှင့် ယင်းကဲ့သို့ ပြုလုပ်လာမည်ဆိုပါက ဥပဒေအတိုင်း အရေးယူသွားမည် ဖြစ်ကြောင်း ပြန်

တောင်အာဖရိကတွင် အိုဘားမား ထွက်သွားပေးရန် ပြည်သူရာနှင့်ချီ ဆန္ဒပြ

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်ခ်ျမြို့သို့ ရောက်ရှိနေသော အမေရိကန်သမ္မတ အိုဘားမားကို ဆန့်ကျင်ဆန္ဒပြပြီး ''ထွက်သွား အိုဘားမား'' ဟူသော ကြွေးကြော်သံများ သံပြိုင်ဟစ်ကြွေးးကြသော

ဒေါ်အောင်ဆန်းစုကြည်က ပညာရေးစနစ် လူတိုင်း အတွက်ဖြစ်ရမယ်လို့ ပြောကြား..

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ အခွင့်ထူးခံလူတန်းစားတစ်ရပ်အတွက် မဟုတ်ဘဲ လူတိုင်း အတွက်ဖြစ် ရမယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

ဒေါက်တာဆိတ်ဖွားကို ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ကြေညာမည်

အင်တာနက် စာမျက်နှာတွင် ဥပဒေထက်တွင် လွှတ်တော်ရှိနေသလား (Above the Law) ဟူသော ဆောင်းပါးဖြင့် ဝေဖန်ခဲ့သူ ဒေါက်တာဆိတ်ဖွားမည်သူ ဖြစ်သည်ကို ပြည်ထောင်စု လွှတ်တော်

"သံတွဲမြို့ဖြစ်စဉ်နှင့် ပတ်သက်၍ နောက်ဆက်တွဲဖြစ်ရပ်မှန် သတင်းအားတင်ပြခြင်း"

သာစွဌာနေရခိုင်ပြေ (ရခိုင်ပြည်နယ် အစိုးရအဖွဲ့)

၁။ သံတွဲမြို့တွင် ရခိုင်အမျိုးသမီးငယ် မ..........အား စော်ကားခဲ့သည်ဆို သည့်ဖြစ်စဉ်နှင့် ပတ်သက် ၍ ပြစ်မှုကျူးလွန်သူ တရားခံများဖြစ်သော င/ပြူးနှင့် အခြားတစ်ဦး တို့အား ဖေါ်ထုတ် ဖမ်းဆီးနိုင်ရေး သံတွဲမြို့နယ် ၇ဲတပ်ဖွဲ့မှ ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် တရာခံ(၂)ဦးလုံးအား ၁-၇-၂၀၁၃ ရက်နေ့ (၀၇း၅၀) အချိန်တွင် ဖမ်းဆီးရမိခဲ့ပါသည်။

အမျိုးသားများအတွက် သန္ဓေအောင်စေနိုင်သော အထူးအစားအစာများ

(၁) လတ်ဆတ်သော သစ်သီးများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုအစီအစဉ်များမှတစ်ဆင့် မိန့်ခွန်း ပြောကြားမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုအစီအစဉ်များမှတစ်ဆင့် မိန့်ခွန်း ပြောကြားမည်
Monday, July 01, 2013

နိုင်ငံတော်တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်များ မှတစ်ဆင့် ပြောကြားမည့် မိန့်ခွန်းအား မြန်မာ့အသံ၊ မန္တလေး FM ၊ ပဉ္စဝတီ FM ၊ ရွှေ FM ၊ ချယ်ရီ FM ၊ ပတ္တမြား FM ၊ FM ပုဂံနှင့် သဇင်အသံလွှင့်ဌာနတို့မှ ဇူလိုင် ၂ ရက်၊ ၃ ရက်နှင့် ၄ ရက် နံနက် ၇ နာရီ၊ နံနက် ၁၁ နာရီ၊ ညနေ ၆ နာရီနှင့် ည ၈ နာရီတို့တွင် တစ်ရက် လျှင် လေးကြိမ်စီထုတ်လွှင့်သွားမည်ဖြစ်ပါကြောင်း သိရှိရသည်။

http://www.president-office.gov.mm/zg/briefing-room/news/2013/07/01/id-3828

နိုင်ငံတော်သမ္မတရုံး
နိုင်ငံတော်တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်များ မှ တစ်ဆင့် ပြောကြားမည့် မိန့်ခွန်းအား မြန်မာ့အသံ၊ မန္တလေး FM ၊ ပဉ္စဝတီ FM ၊ ရွှေ FM ၊ ချယ်ရီ FM ၊

Time မဂ္ဂဇင်းကို အမေရိကန်တွင် သံဃာတော်များဦးဆောင်၍ ဆန္ဒဖော်ထုတ်တော့မည်

Photo: Time မဂ္ဂဇင်းကို အမေရိကန်တွင် သံဃာတော်များဦးဆောင်၍ ဆန္ဒဖော်ထုတ်တော့မည်
Monday, July 01, 2013

၂၀၁၃ ခုနှစ် ဇူလိုင် (၁) ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း၏ မျက်နှာဖုံးတွင် ဦးဝိစိတ္တာဘိဝံသ (၀ီရသူ) ကို “ ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သူရဲ့မျက်နှာ ” ဟု ရေးသားဖော်ပြခဲ့သောကြောင့် အမေရိကန်ပြည်ထောင်စုရောက် သာသနာပြုရဟန်း သံဃာတော်များမှ ဦးဆောင်၍ ဇူလိုင်လ ၃ ရက် ကြာသပတေးနေ့တွင် နယူးယောက်မြို့ရှိ တိုင်းမဂ္ဂဇင်းတိုက်ရှေ့၌ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ ဗုဒ္ဓဘာသာတွင် ဝိနည်းတော်အရ ရဟန်းတော်တို့သည် သူတစ်ပါးအသက်ကို ကိုယ်တိုင် သတ်ဖြတ်ခြင်း၊ တိုက်တွန်းခြင်း ပြုလုပ်ခွင့် မရှိ၊ တိုင်း မဂ္ဂဇင်းဆောင်းပါးရှင်သည် ဦးဝိစိတ္တာဘိဝံသ (ဝီရသူ) ကိုယ်တိုင် သတ်ဖြတ်ညှင်းဆဲခြင်း၊ သို့မဟုတ် ဦးဝိစိတ္တာဘိဝံသ (ဝီရသူ) ၏ စေခိုင်းချက်အရ သတ်ဖြတ်ညှင်းဆဲသည့် အထောက်အထား တစ်စုံတရာ မရှိဘဲ စွပ်စွဲ ရေးသားဖော်ပြခြင်းသာဖြစ်ကြောင်း၊ ယင်းသို့ ဖော်ပြခြင်းသည် ဦးဝိစိတ္တာဘိဝံသ (ဝီရသူ) နှင့် ဗုဒ္ဓဘာသာဝင် ရဟန်းတော်များကိုသာမက ဗုဒ္ဓသာသနာတော် တစ်ခုလုံးအား ထိခိုက်နစ်နာစေမှုရှိကြောင်း၊ သို့အတွက် နယူးယောက်မြို့နှင့် အနီးရှိ ဗုဒ္ဓဘာသာဝင်ရဟန်းတော်များ စုပေါင်းကာ အကြမ်း မဖက်ငြိမ်းချမ်းသည့် ဆန္ဒဖော်ထုတ်ပွဲကို တိုင်းမဂ္ဂဇင်းတိုက်၏ ရှေ့တွင် ပြုလုပ်သွားမည် ” ဟု ဆန္ဒပြမည့်ပွဲကို ဦးဆောင်စီစဉ်သူများထဲမှ သံဃာတပါးလည်းဖြစ်၊ နယူးယောက်မြို့ ဗုဒ္ဓဘာသာ ရခိုင်ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် တပါးလည်းဖြစ်သည့် ဒေါက်တာ အရှင်နာယမှ အာရ်ကန်တိုင်းမ်စ်သို့  ပေးပို့သည့် အီမဲလ်တွင် ဖော်ပြပါရှိသည်။

အဆိုပါ ဆန္ဒပြမည့်ပွဲတွင် ပူးပေါင်းပါဝင်နိုင်ရန် အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီး၌ သီတင်းသုံး သာသနာပြုနေကြသော ရဟန်းသံဃာတော်များသည် နယူးယောက်မြို့သို့ စုရုံးရောက်ရှိလာနေကြပြီဖြစ်ကြောင်း သိရှိရသည်။

တိုင်းမ် (Time) မဂ္ဂဇင်း၏ ရေးသားဖော်ပြချက်ကို ပြည်တွင်းရှိ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ၊ သတင်းမီဒီယာတချို့နှင့် မြန်မာအစိုးရမှ ကန့်ကွက်ရှုတ်ချခဲ့ပြီး အစိုးရမှ ဖွဲ့စည်းထားသည့် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီမှလည်း ဇူလိုင်လ (၁)ရက်နေ့ထုတ် TIME မဂ္ဂဇင်းကို မြန်မာနိုင်ငံအတွင်း ဖြန့်ချိရောင်းချခွင့်ကိုပါ ပိတ်ပင်တားမြစ်ထားကြောင်း သိရှိရသည်။

အလားတူပင် သီရိလင်္ကာနိုင်ငံမှလည်း တိုင်း (Time) ၏ ရေးသားဖော်ပြချက်ကို ကန့်ကွက်ရှုတ်ချခဲ့ကြပြီး သတင်းဆောင်းပါးရေးသားသူ ဟန်နာဘိရှ် (Hennah Beech) ကိုပါ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်လိုက်ကြောင်း သီရိလင်္ကာနိုင်ငံထုတ် သတင်းစာများတွင် ရေးသားဖော်ပြပါရှိသည်။

ဇွန်လ ၃၀ ရက်နေ့ကလည်း မြန်မာနိုင်ငံတွင် TIME မဂ္ဂဇင်းကို သံဃာတော်များအပါအ၀င် ပြည်သူ ၇၀၀ ကျော်မှ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ငြိမ်းချမ်းဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် တောင်းဆိုချက်များမှာ “ ဗုဒ္ဓ၀ါဒသည် အမျိုးသားရေးကာကွယ်မှုကို စောင့်ရှောက်သည်၊ ဦးဝီရသူသည် အမျိုးဘာသာ၊ သာသနာကို ကွာကွယ်နေသူဖြစ်သည်။

အကြမ်းဖက်သူမဟုတ်ပါ၊ အမျိုးသားရေးကာကွယ်မှုသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းမဟုတ်ပါ။ ” စသော အချက်များပါဝင်ကြောင်း သိရသည်။ 

Arakan Times
၂၀၁၃ ခုနှစ် ဇူလိုင် (၁) ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း၏ မျက်နှာဖုံးတွင် ဦးဝိစိတ္တာဘိဝံသ (၀ီရသူ) ကို “ ဗုဒ္ဓ ဘာသာဝင် အကြမ်းဖက်သူရဲ့မျက်နှာ ” ဟု ရေးသားဖော်ပြခဲ့သောကြောင့် အမေရိကန်ပြည်ထောင်

" ကမ္ဘာကိုတုန်လှုပ်စေခဲ့သော သတင်းများ "

Photo: " ကမ္ဘာကိုတုန်လှုပ်စေခဲ့သော သတင်းများ "
Monday, July 01, 2013

► ဟစ်တလာသေဆုံးခြင်းသတင်း

ဂျာမန်ဖက်ဆစ်အာဏာ ရှင် တစ်ဦးဖြစ်သော ဟစ်တလာ (၁၈၈၉- ၁၉၄၅) နှင့် သူ၏ချစ် ဇနီး အီဗာတို့ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း သတင်းသည် ကမ္ဘာတုန်လှုပ်ခဲ့သော သတင်း ဖြစ်ခဲ့သည်။ ၁၉၄၅ ခုနှစ်၊ ဧပြီ လ ၃ဝရက်နေ့တွင် ဟစ်တလာ နှင့် အီဗာတို့အဆုံးစီရင်ခဲ့ခြင်း ဖြစ်ပြီး ယင်းသတင်းကို အမေ ရိကန် သတင်းစာကြီးတစ်ခုဖြစ်သော The Star and
Stripes သတင်းစာကြီးက Hitler Dead' ဟူသော မျက်နှာဖုံးသတင်းအဖြစ် ၁၉၄၅ ခုနှစ်၊ မေလ ၂ ရက်နေ့တွင်ဖော်ပြခဲ့ခြင်းဖြစ်သည်။

► ပထမဆုံးစွမ်းအင်သုံး လေယာဉ်ပျံ ပျံသန်း

၁၉ဝ၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ရိုက်ညီအစ်ကို ခေါ် Orville (1871- 1948) နှင့် Wibar (1867- 1912) ညီအစ်ကို နှစ်ယောက်တို့သည် အမေရိကန်နိုင်ငံ၊ မြောက်ကာ ရိုလိုင်းနားပြည်နယ် Kill Devil တောင်ကုန်းတွင် ကမ္ဘာ့ပထမ ဆုံး စွမ်းအင်သုံး လေယာဉ်ပျံ စမ်းသပ်ပျံသန်းခဲ့သည်။ နောက် နေ့ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ကမ္ဘာကျော် London Herald သတင်းစာကြီးက အပျော်တမ်းဓာတ်ပုံဆရာ John T.Daniels ရိုက်ကူးခဲ့သော ရိုက်ညီနောင် ၏ပထမဆုံးစက် တပ် လေယာဉ်ပျံသန်းပုံ ဓာတ်ပုံနှင့်အတူ Fly-ing machine
takes to the air' ဟူသော သတင်းခေါင်းစဉ်ဖြင့် မျက်နှာဖုံးသတင်း တင်ပြနိုင်ခဲ့ သည်။

►ကမ္ဘာ့အမြင့်ဆုံးတောင်
ဧဝရက် တောင်ထိပ်သို့ ရောက်ခြင်း

၁၉၅၃ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် နယူးဇီလန်နိုင်ငံသား Edmund Hillary နှင့် နီပေါနိုင်ငံသား enzing Norgay တို့ပေပေါင်း ၂၉ဝ၂၉ မြင့်သည့် ကမ္ဘာ့ အမြင့်ဆုံးတောင်ဖြစ် သောဧဝရက် (Mount Everest) တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြသည်။ ယင်းသတင်းကို London Herald သတင်းစာကြီးက ၁၉၅၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် ဟီလာရီ ကိုယ်တိုင်ရိုက်ကူးခဲ့သောဓာတ်ပုံဖြင့် Everest Conquered' ဟူသော သတင်းခေါင်းစဉ်ဖြင့် ဖော်ပြနိုင်ခဲ့သည်။

► သမ္မတကနေဒီ လုပ်ကြံခံရခြင်း

အမေရိကန်နိုင်ငံ၏ ၃၅ ယောက်မြောက်သမ္မတ ကနေဒီ John F.Kennedy (1917- 1963) သည် ၁၉၆၃ ခုနှစ်၊ နို ဝင်ဘာလ ၂၂ ရက်၊ ဒေသစံ တော်ချိန် နေ့လယ် ၁၂ နာရီ မိနစ်
၃ဝအချိန်တွင် တက္ကဆက် ပြည်နယ်အတွင်း နိုင်ငံရေး ခရီးစဉ်အဖြစ် လှည့်လည်စဉ် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ ခြင်း ခံခဲ့ရသည်။ ယင်းသတင်းကို London Herald သတင်း
စာကြီးအပါအဝင်သတင်းစာများစွာကကနေဒီ လုပ်ကြံမခံရမီ မိနစ်ပိုင်းအလိုဓာတ်ပုံဖြင့် ဖော်ပြပေးခဲ့သည်။

► ဘာလင်တံတိုင်းကြီးကို ဖြိုချခြင်း

ကမ္ဘာ့သမိုင်းတွင် အလွန် အရေးပါသော ဘာလင်တံတိုင်း ကြီးကို ၁၉၈၉၊ နိုဝင်ဘာ ၉ ရက်နေ့တွင် စတင်ဖြိုချခဲ့သည်။ ယင်း ဂျာမနီနိုင်ငံရှိ ဘာလင် တံတိုင်းကြီးကို ဆိုဗီယက်ရုရှ လက်အောက်ခံအရှေ့ ဂျာမနီ အစိုးရက အနောက်ဂျာမနီနှင့်အဆက်အသွယ်ဖြတ်ရန် ရည်ရွယ်၍ ၁၉၆၁ ခုနှစ်၊ သြ ဂုတ်လ ၁၃ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၉၆ မိုင် ကျော်
ရှည်လျား၍ ၁၂ ပေ မြင့်သည်။ ယင်းသတင်းသည် အင်အားကြီးနှစ်နိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ရုရှတို့ ဦးဆောင်ဆင် နွှဲနေသောစစ်အေးကာလ (Cold War) အဆုံးသတ်ခြင်းလည်းဖြစ်သည်။ ယင်းသတင်းကိုလည်း ကမ္ဘာ့သတင်းစာကြီးများက အလေးပေးဖော်ပြခဲ့သည်။

► လကမ္ဘာပေါ်သို့ လူတို့ခြေချခြင်း

၁၉၆၉ ခုနှစ်၊ ဇူလိုင်လ ၂ဝရက်နေ့တွင် အာကာသ ယာဉ်အပိုလို ၁၁ (Apollo 11) ၏ အမေရိကန် အာကာသ သူရဲ ကောင်းများဖြစ်ကြသော နီးလ်အမ်းစထရောင်း (Neil Arm-strong )၊အက်ဒရင် (Buzz Al- drin) နှင့် ကောလင်း (Michael Collin) တို့ လပေါ်သို့ ပထမဆုံး ခြေချနိုင်ခဲ့သည်။ ယင်းသတင်း ကိုထိုနေ့မှာပင် ကမ္ဘာ့သတင်းစာကြီးများက 'Moon Walk', 'Men Walk on Moon', 'Leap for mankind' စသည်ဖြင့် ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ဂုဏ်ယူစွာဖော်ပြခဲ့ကြသည်။

► တိုက်တန်းနစ်သင်္ဘောကြီး နစ်မြုပ်ခြင်း

၁၉၁၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် ဗြိတိသျှခရီးသည် တင်သင်္ဘောကြီးဖြစ်သော တိုက်တန်းနစ် (RMS Titanic) သင်္ဘောကြီးသည်အတ္တလန္တိတ် သမုဒ္ဒရာအတွင်းတွင် ရေခဲတုံး
ကြီးနှင့် ဝင်တိုက်မိပြီးနစ်မြုပ်ခဲ့ သည်။ ယင်းကြောင့် လူပေါင်း ၁၅၁၂ ယောက် အသက် ဆုံးရှုံးခဲ့ရသည်။ ယင်းသတင်းကို ကမ္ဘာ့သတင်းစာကြီးများက 'Titanic Sinks Great Loss of Life', 'Titanic- The Tra-gic Story', 'Titanic- 9 hours to hell' စသည်ဖြင့် မျက်နှာဖုံး သတင်းအဖြစ်ဖော်ပြခဲ့ကြသည်။

► နိုင်း/အလဲဗင်း (9/11) နှင့် အိုစမာဘင်လာဒင်နိဂုံး

၂၁ ရာစု အစပိုင်း၌ ကမ္ဘာပေါ်တွင်တုန်လှုပ်ခြောက် ခြားစရာအကောင်းဆုံး အကြမ်း ဖက်မှုကြီးမှာ ၂ဝဝ၁ခုနှစ်၊ စက် တင်ဘာလ ၁၁ရက်နေ့တွင် အမေရိကန်နိုင်ငံ၊နယူးယောက် မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေး စင် တာကြီးကို အကြမ်းဖက်သမား များ အပိုင်စီးလာကြသည့် ခရီး သည်တင် လေယာဉ်ကြီးနှင့် အသေခံ ဝင်တိုက်ဖျက်ဆီးပစ်ခဲ့ ခြင်းဖြစ်သည်။ ယင်း လူ ၃ဝဝဝ နီးပါး သေဆုံးသော အကြမ်း ဖက်မှုကြီးကို ဦးဆောင်ခဲ့သူမှာ သန်းကြွယ်သူဌေးကြီး အိုစမာ ဘင်လာဒင် (၁၉၅၇- ၂ဝ၁၁) ဆိုသူဖြစ်ပြီး သူ့ကိုလည်း လူအများက သိရှိခဲ့ကြသည်။

ယင်း ခြောက်ခြားဖွယ် သတင်းကြီးကို နိုင်ငံတကာ ရုပ် သံမီဒီယာများ၊ သတင်းစာများ၊ စာနယ်ဇင်းများက အချိန်နှင့် တစ်ပြေးညီ သတင်းများ ဖော်ပြခဲ့ကြသည်။ 'Apocalypse', 'Terror in America', 'US attacked', 'War on America', 'Terroe' စသည်ဖြင့် မျက်နှာဖုံးသတင်းများ ဖော်ပြခဲ့ကြသည်။

အကြမ်းဖက်ခေါင်းဆောင် ကြီး အိုစမာ ဘင်လာဒင်ကို အမေရိကန် အထူးတပ်ဖွဲ့မှ ၂ဝ၁၁ ခုနှစ်၊ မေလ ၂ ရက်နေ့ တွင် ပါကစ္စတန်နိုင်ငံ၌ အသေပစ်ခတ်နှိမ်နင်းခဲ့သည်။ ယင်း သတင်းကို ဝါရှင်တန်ပို့စ် သတင်း စာကြီးက တရားသဖြင့်စီရင်လိုက်ပြီ (Justice has been done) ဟူ၍လည်းကောင်း၊ Daily News သတင်းစာကြီးကငရဲသား (Rot in hell)
ဟူ၍လည်းကောင်း၊နယူးယောက်ပို့စ် ကမိပြီ (Got him) ဟူ၍ လည်းကောင်းအသီးသီးဖော်ပြခဲ့ကြသည်။

အလင်းဆက် (IR)

Popular Journal
► ဟစ်တလာသေဆုံးခြင်းသတင်း

ဖုန်းခေါ်ဆိုခများ ဈေးကျဆင်းမည်မှန်ကန်သော်လည်း ဈေးနှုန်းနှင့် ရက်သက်မှတ်ချက်အတိအကျမသိရသေး

Photo: ဖုန်းခေါ်ဆိုခများ ဈေးကျဆင်းမည်မှန်ကန်သော်လည်း ဈေးနှုန်းနှင့် ရက်သက်မှတ်ချက်အတိအကျမသိရသေး
Monday, July 01, 2013

GSM ဖုန်းများကို တစ်မီးနစ်ကို ၈ ကျပ် ၇ ကျပ် ၉ ကျပ်အစရှိသဖြင့် သတင်းများ ထွက်နေသော်လည်း အ မှန် တကယ် ဆက်သွယ်ေ၇းနှင့် နိးစပ်သော အသိုင်းအ၀ိုင်းမှ တာဝန်ရှိသူတစ်ဦးကို ယခုဖုန်းဆက်မေးမြန်း
ချက်များအရ အမှန်တကယ် သတင်များ ထွက်နေခြင်းဖြစ်သလို ဟုတ်မှန်ပါကြောင်း။

သို့သော်လည်း ယခုအခါမှာဆာဗာပြုပြင်မှုများလုပ်ဆောင်နေခြင်းကြောင့်ငွေဖြည့်ခြင်းများ၊ ဘေးလ်စစ်ခြင်း များ တွင် error များဖြစ်နိုင်ကြောင်း ၊ အမှန်တကယ်ဖုန်းဘေးလ်များကို လျော့ကျပေးမည်မှာ အမှန် ပင်ဖြစ်သော်လည်း ရက်အတိအကျကိုမူ မသိသေးကြောင်း ယခုအချိန်မှာ ဆာဗာစမ်းသပ်မှုသာ အဆင့်သာ ရှိသေးကြောင်း ဖြစ်ပြောကြားသွားသည်။

လောလောဆယ်မှာ GSM 2 သိန်း ဖုန်းနှင့် WCDMA များတွင် စမ်းသပ်နေခြင်းဖြစ်ကြောင်း မကြာ မီ အခြားမြန်မာ့ဆက်သွယ်ေ၇းမှဖုန်များအားလုံးကိုနှုန်းထားတူညီသောဖုန်းဘေးလ်များအဖြစ် ပြု လုပ်ပေး မည်ဖြစ်ကြောင်း နှင့်လောလောဆယ် ဖုန်းဘေးလ်ဖြတ်တောက်မှုများ မှန်ကန်မှု မရှိသေးသည့်အတွက် အ တိအကျမပြောနိုင်သေးကြောင်းကိုလည်းဆက်လက်ပြောကြားသွားသည်။

Smart Journal
GSM ဖုန်းများကို တစ်မီးနစ်ကို ၈ ကျပ် ၇ ကျပ် ၉ ကျပ်အစရှိသဖြင့် သတင်းများ ထွက်နေသော်လည်း အမှန်တကယ် ဆက်သွယ်ေ၇းနှင့် နိးစပ်သော အသိုင်းအ၀ိုင်းမှ တာဝန်ရှိသူတစ်ဦးကို ယခု ဖုန်းဆက်မေးမြန်း ချက်များအရ အမှန်တကယ် သတင်များ ထွက်နေခြင်းဖြစ်သလို ဟုတ်မှန် ပါကြောင်း။

နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားကုမ္ပဏီများ အခက်တွေ့နေ....

နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့်နိုင်ငံခြားကုမ္ပဏီများ အခက်တွေ့နေ သည်ဟု (၈၈)မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမာကီးက ပြောကြားသည်။

TIME မဂ္ဂဇင်းအား သာသနာရေးဝန်ကြီးဌာနမှ ကန့်ကွက်ရခြင်း အကြောင်းအရင်း

၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်တော် ပြင်ပညီလာခံ ခေါ်ယူကာ ပြင်ဆင်သင့်ဟုဆို

လာမည့် ရွေးကောက်ပွဲများ မတိုင်မီ ပြင်ဆင်သင့်သည်ဟု နိုင်ငံရေးပါတီ အားလုံးက လက်ခံထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို တိုင်းရင်းသားအားလုံး ပါဝင်သော လွှတ်တော်ပြင်ပ ညီလာခံတစ်ခု ခေါ် ယူ ပြင်ဆင်သင့်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင် က ပြော ကြားသည်။

ဘရာဇီးလ်က စပိန်အသင်းကို ၃-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရ

မြန်မာနိုင်ငံပဋိပက္ခ ဒေသတွင်းရိုက်ခတ်မှာ မလေးရှားစိုးရိမ်

ရင်လတ်ရှင်နာဝ ပထမဆုံး အမျိုးသမီးကာကွယ်ရေး ဝန်ကြီးဖြစ်လာ

သံတွဲဖြစ်စဉ်

သံတွဲဖြစ်စဉ်

သံတွဲမှာ အမျိုးသမီးတစ်ဦး ကို စော်ကား တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့ပါတယ။်

မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ခရိုင်ပြန်ဆက် မှ ကနဦး စုံစမ်းသိရှိရတဲ့သတင်းများအရ ဇွန် ၂၉ ရက်နေ့ မှာ တောင်ကုတ်ကနေ သံတွဲ ကို အဝေးပြေးကားနဲ့ ရောက်လာတဲ့ အမျိုးသမီးတစ်ဦးဟာ ဆိုင်ကယ်ကယ်ရီနဲ့ လိုက်သွားပါတယ်။

ဇွန် ၃၀ ရက်နေ့ နေ့လည်မှာ အဲဒီအမျိုးသမီးတစ်ယောက်တည်းငိုနေတာတွေ့တဲ့သူများက ညနေ ၄ နာရီမှာ ရဲစခန်းကိုလာပို့ပါတယ်။ အဲဒီအမျိုးသမီးက သူ့ကို ဆိုင်ကယ်ကယ်ရီသမားနဲ့ အခြားသူ တစ်ဦးက စော်ကားတယ်လို့ တိုင်ကြားခဲ့ပါတယ်။

ဒါပေမယ့် ဒီအမျိုးသမီးကို အခြားဘာသာဝင်တစ်ဦးက စော်ကားတယ်ဆိုတဲ့ သတင်းစကားများ ပြန့်နှံ့ သွားတဲ့အတွက် ညနေငါးနာရီခန့်မှာ လူငါးဆယ်ခန့် ရဲစခန်းကို လာရောက် စုဝေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ဆဲဖြစ်ကြောင်း ရှင်းပြပြီး လူစုခွဲခိုင်းခဲ့ပါတယ်။

ဒါပေမယ့် ည ၇ နာရီကျော်မှာ မြို့သစ်ရပ်ကွက်မှာ အိမ်နှစ်လုံးမီးရှို့မှုဖြစ်ပွားခဲ့ကြောင်း၊ မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း သိရပါတယ်။

အခုအချိန်မှ ဒေသအာဏာပိုင်များက ညမထွက်ဖို့ လှည့်လည်ကြေညာနေပြီး မြို့ ၀င်ထွက်လမ်းများကိုလည်း ပိတ်ထားကြောင်းသိရပါတယ်။

ပြစ်မှုကျူးလွန်သူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဥပဒေနဲ့ အညီဖော်ထုတ်အရေးယူနိုင်ဖို့ ဆောင်ရွက် နေပါတယ်။

ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်
သံတွဲမှာ အမျိုးသမီးတစ်ဦး ကို စော်ကား တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရုန်းရင်းဆန်ခတ် မှုများဖြစ် ပွားခဲ့ပါတယ။်

GSM ဖုံးပြောများ တစ်မိနစ် ၈ ကျပ်နှင့်ပြောဆိုနိုင်

GSM ဖုံးပြောများ တစ်မိနစ် ၈ ကျပ်နှင့်ပြောဆိုနိုင်
Monday, July 01, 2013

ယနေ့နံနက်မှစပြီး GSM ဖုံးပြောခများ တစ်မိနစ် ၈ ကျပ်နှင့်ပြောဆိုနိုင်
ပြောဆိုနိုင်ကြောင်း လက်တွေ့စမ်းသပ်သူများမှ ပြောကြားခဲ့သည်။ GSM ဖုန်းများအနေဖြင့် တစ်မိနှစ်လျှင် (၈) ကျပ်နှုန်းဖြင့် ပြောဆိုနိုင်သော်လည်း Massage ပို့ရာတွင် တစ်မိနှစ်လျှင် (၂၅) ကျပ်နှုန်းကျသင့်လျှက်ရှိသည်။ 

အခြားဖုန်းများဖြစ်သည့် WCDMA 450 , CDMA 800 တို့မှာ ယခင်ဈေးနှုန်း အတိုင်း ဖုန်းခေါ်ခ တစ်မိနှစ်လျှင် (၅၀) ကျပ် ကျသင့်နေသေးကြောင်း သိရှိ ရသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ဆက်သွယ်ရေး ဒုဝန်ကြီး ဦးသောင်းတင်မှ ဖုန်းပြောခ ဈေးနှုန်းများ လျော့ချပေးမည်ဟု ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ GSM ဖုန်းပြောခွင့်များ တစ်မိနစ် (၈) ကျပ်သို့ ကျဆင်းခဲ့ခြင်းဖြစ်သည်။ သို့သော် ဖုန်းပြောခများ လျော့ချခြင်းနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ယခုချိန်ထိ  တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရှိရသည်။
ယနေ့နံနက်မှစပြီး GSM ဖုံးပြောခများ တစ်မိနစ် ၈ ကျပ်နှင့်ပြောဆိုနိုင် ပြောဆိုနိုင်ကြောင်း လက်တွေ့

မြန်မာနိုင်ငံတွင် ဗာဂျီးနီးယား ဆေးရွက်ကြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာပြီး နှစ်စဉ် ဆေးလိပ်အလိပ်ရေ သန်း ၇၀၀၀ ကျော် သုံးစွဲ

လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အကြောင်းပြ၍ ကျောက်မီးသွေးစက်ရုံများ တည်ဆောက်ရန် စီစဉ်နေခြင်းအား ပြန်လည်သုံးသပ်ပေးရန် သမ္မတထံ တင်ပြမည်

6.30.16
မြိတ်မြို့နယ်ရှိ ကျောက်မီးသွေးစက်ရုံ တည်ဆောက်မည့် နေရာတစ်ဝိုက်မှ နေအိမ်များကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အကြောင်းပြု၍ ကျောက်မီးသွေး စက်ရုံများ

(၅၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ရောင်းချပွဲတွင် ယခင်နှစ်များကထက် စံချိန်တင် နှစ်ဘီလျံကျော် ရောင်းချခဲ့ရ

6.30.17
နေပြည်တော် မြန်မာ့ကျောက်မျက်ရတနာ ရောင်းချပွဲမြင်ကွင်း
(၅၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ရောင်းချပွဲတွင် ယခင်နှစ်များကထက် စံချိန်တင် ၍ နှစ်ဘီလျံကျော် ရောင်းချခဲ့ရကြောင်း ကျောက်စိမ်း ရောင်းဝယ်ရေး ဌာန မြန်မာ့ကျောက်မျက်

သံတွဲမြို့တွင် အကြမ်းဖက်မှု ဖြစ်ပွား၍ ညမထွက်ရ အမိန့်ထုတ်

ရန်ကုန်နှင့် မန္တလေးမြို့များရှိ ပတ်ဝန်းကျင်လေထု အရည်အသွေး ပမာဏမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားသည့် ပမာဏထက် ကျော်လွန်နေ


6.30.2
မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စက်ရုံတစ်ရုံမှ ထွက်ပေါ်လာသည့် မီးခိုးငွေ့များအား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ရန်ကုန်နှင့် မန္တလေးမြို့များရှိ ပတ်ဝန်းကျင်လေထု အရည်အသွေး ပမာဏကို တိုင်းတာခဲ့ရာ

ဇူလိုင်အတွင်း ဧရာဝတီ ချင်းတွင်း အပါအ၀င် မြစ်ကြီး မြစ်ငယ်များ၌ စိုးရိမ်ရေမှတ် ကျော်လွန်ရောက်ရှိနိုင်

ဇူလိုင်လအတွင်း ဧရာဝတီမြစ်၊ ချင်းတွင်းမြစ် အပါအ၀င် မြစ်ကြီးမြစ်ငယ်များတွင် စိုးရိမ်ရေမှတ် အထက်

အစိုးရသစ် လက်ထက်တွင် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ဥပဒေများ အတည်ပြုနိုင်ရန် ဆောင်ရွက်နေဟု ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား

အစိုးရသစ် လက်ထက်တွင် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ဥပဒေများ အတည်ပြုနိုင်ရေး ဆောင် ရွက်နေဟု ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က ပြော ကြားသည်။

The Face Of Buddhist Terror ဆောင်းပါး ဖော်ပြခဲ့သည့် TIME မဂ္ဂဇင်းကို မြန်မာနိုင်ငံနည်းတူ သီရိလင်္ကာနိုင်ငံ၌ ဖြန့်ချိခွင့် ပိတ်ပင်

သီရိလင်္ကာနိုင်ငံတွင် ဗုဒ္ဓဘာသာဆိုင်ရာ အဖွဲ့များက ဇူလိုင် ၁ ရက် နေ့စွဲဖြင့် ထုတ်သည့် TIME မဂ္ဂဇင်း၏ The Face Of Buddhist Terror ဆောင်းပါးအား အပြင်းအထန် ကန့်ကွက် ခဲ့ကြ

ဆက်သွယ်ရေး ဥပဒေကြမ်းတွင် ပါဝင်သော ပုဒ်မ ၁၅၊ ၁၆၊ ၃၂၊ ၃၃၊ ၃၈၊ ၄၀၊ ၅၆၊ ၅၇၊ ၅၈၊ ၇၄၊ ၇၆ တို့ဖြင့် ဆက်သွယ်ရေး ၀န်ဆောင်မှုလိုင်စင် ရရှိသော ပြည်တွင်း၊ ပြည်ပကုမ္ပဏီများကို ၀န်ကြီးဌာနမှ လွှမ်းမိုးချုပ်ကိုင် နိုင်ကြောင်း သိရ

6.30.13
စမ်းချောင်းမြို့နယ် အတွင်းရှိ ၁၅၀၀ တန် ဖုန်းကတ်များ ၀ယ်ယူခွင့် ရရှိရန် မဲစာရင်းကြည့်ရှုနေသူများ
၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက ထုတ်ပြန်ခဲ့ပြီး လွှတ်တော်တွင် ဆွေးနွေးရန်အတွက် တင်ပြထား