Thursday, March 21, 2013

WiFi အင်တာနက် သုံးစွဲသည့် အမျိုးသားများ သတိထားဖွယ်

Photo: WiFi အင်တာနက် သုံးစွဲသည့် အမျိုးသားများ သတိထားဖွယ်
Thursday, 21 March 2013

အသက်(၂၆)နှစ်မှ (၄၅)နှစ်ကြား အမျိုးသား (၂၉)ဦး၏ သုက်သွေးကိုစမ်းသပ်လေ့လာမှုအရ ယခုသုတေသန 
ရလာဒ်ကို ပညာရှင်များက အတည်ပြုခဲ့ခြင်းဖြစ်သည်။

WiFi အင်တာနက် သုံးစွဲခြင်းသည် အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာစွမ်း
ဆောင်ရည်ကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေးလိုက်
သည်။

ကွန်ပျူတာနှင့် Laptop များမှ ထွက်ပေါ်လာသည့် Wireless ဖမ်းယူမှုလှိုင်းများသည် သုက်ကောင်များကိုပျက်စီးစေတတ်
ကြောင်း သိရသည်။ ထို့ကြောင့်အမျိုးသားများအနေနှင့် Laptop များကိုပေါင်ပေါ်တင်ကာသုံးစွဲပါကသုက်ပိုးများကို ပျက်စီးစေနိုင်
ကြောင်း သုတေသီများက ထောက်ပြခဲ့သည်။

အသက်(၂၆)နှစ်မှ (၄၅)နှစ်ကြား အမျိုးသား (၂၉)ဦး၏ သုက်သွေးကိုစမ်း
သပ်လေ့လာမှုအရယခုသုတေသနရလဒ်ကိုပညာရှင်များကအတည်ပြုခဲ့ခြင်း
ဖြစ်သည်။

Wi-Fi လှိုင်းများသည် DNAကိုအနည်းဆုံး(၃)ရာခိုင်နှုန်းမျှ ပျက်စီးထိခိုက်စေ
ပြီး ၄)နာရီမျှ ပေါင်ပေါ်တင်သုံးပါကသုက်ကောင်များ သေဆုံးမှု ဖြစ်ပေးစေရန် (၂၅)ရာခိုင်နှုန်းမျှထိဖြစ်လာနိုင်ကြောင်း Fertility and Sterility ဆေးပညာ စာတမ်းတွင်ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်သည်အမျိုးသားတစ်ဦး၏မျိုးဆက်ပျံ့ပွားရေးစွမ်းဆောင်မှုကိုအကန့်အသတ် ဖြစ်စေမည်ဖြစ်သည်။ အမေရိကန်နှင့်အာဂျင်တီးနားမှ ပူးပေါင်း သုတေသီ အဖွဲ့တစ်ခုသည် ပရော်ဖက်ဆာကွန်ရာဒိုအဗန်ဒါနိုဦးဆာင်မှုဖြင့် WiFiစနစ်နှင့် သုက်ပိုးများ ထိခိုက်မှုကြားဆက်နွယ်နေခြင်းကို အဖြေရှာခဲ့
သည်။

“ကျွန်တော်တို့ တွေ့ရှိတဲ့အချက်အလက်တွေအရ WiFi ကို သုံးတဲ့အခါ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ဆင်ခြင်သင့်တာက ပေါင်ပေါ်တင်ပြီး အချိန်ကြာကြာ Laptopသုံးတာမျိုးမလုပ်ဖို့ပါ။ ဒါဟာ သုက်သွေးDNA
တွေကိုပျက်စီးစေနိုင်ပါတယ်”ဟု အဗန်ဒါနိုကရှင်းပြခဲ့သည်။

ယခင်သုတေသနရလဒ်များအရ ပေါင်ပေါ်တင်သုံးသော Laptopများ
မှထွက်ပေါ်သော ပူသည်အမျိုးသားများ၏သုက်ပိုးများကိုထိခိုက်
ပျက်စီးစေနိုင်ကြောင်း ဖော်ထုတ်တွေ့ရှိထားပြီးဖြစ်သည်။

Mg mandalay
Myanmar News Update အသက်(၂၆)နှစ်မှ (၄၅)နှစ်ကြား အမျိုးသား (၂၉)ဦး၏ သုက်သွေးကို စမ်းသပ်လေ့လာမှုအရ ယခုသုတေသန ရလာဒ်ကို ပညာရှင်များက အတည်ပြုခဲ့ခြင်းဖြစ်သည်။
WiFi အင်တာနက် သုံးစွဲခြင်းသည် အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာစွမ်း
ဆောင်ရည်ကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေးလိုက်
သည်။

(မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)


မတ်လ ၂၁ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ် 
 မိထ္ထီလာမြို့ရှိ ယနေ့ည အခြေအနေမှာ ယမန့်နေ့ညက ဖြစ်ပွားခဲ့သည့် အခြေအနေကဲ့သို့ မဆိုး ၀ါးတော့ကြောင်း သိရသည်။ ပုဒ် ၁၄၄ ထုတ်ပြန်ထားသည့် အပြင် အင်းဝဘဏ်ရှိ ငွေကြေးများ လုံခြုံသည့် နေရာသို့ ရွှေ့ပြောင်းရန်အတွက် တပ်မတော်မှလာရောက် ဆောင်ရွက်ခဲ့ခြင်းနှင့် စပ်လျဉ်းပြီး မြို့

ဘီဘီစီ (မြန်မာပိုင်း) သတင်းဌာ၏ facebook စာမျက်နှာတွင် ဖော်ပြထားသော မိတ္ထီလာ ပဋိပက္ခတွင် မွတ်စလင် ၁၀ ဦး သေဆုံးသည်ဆိုသော သတင်းမှာ ဟုတ်မှန်ခြင်း မရှိ

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခများတွင် မွတ်စလင် (၁၀) ဦး သေဆုံးခဲ့သည်ဆိုသော ဘီဘီစီ (မြန်မာပိုင်း) facebook စာမျက်နှာတွင် ဖော်ပြထားသော သတင်းမှာ ဟုတ်မှန်ခြင်း မရှိကြောင်း Eleven Media Group အနေဖြင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းချက်အရ သိရှိရပါသည်။

အငြင်းပွားကျွန်းနှင့်စပ်လျဉ်း၍ အဆိုးဆုံးဖြစ်လျှင် တုံ့ပြန်မည့် အစီအစဉ် အမေရိကန်နှင့် ဂျပန် ထုတ်ပြန်

Photo: အငြင်းပွားကျွန်းနှင့်စပ်လျဉ်း၍ အဆိုးဆုံးဖြစ်လျှင် တုံ့ပြန်မည့် အစီအစဉ်
အမေရိကန်နှင့် ဂျပန် ထုတ်ပြန်
Thursday, 21 March 2013

အမေရိကန်နှင့် ဂျပန်မှ အရာရှိများသည် အရှေ့တရုတ်
ပင်လယ်အတွင်း အငြင်းပွားကျွန်းများကို အကယ်၍
တရုတ် အစိုးရဘက်မှ သိမ်းယူရန် ပြင်ဆင်ပါက လုပ်ဆောင် ရမည့် ဖြစ်နိုင်ခြေများအတွက် ကြိုတင် ပြင်ဆင်မှုများကို
ဆွေးနွေးကြကြောင်း အမေရိကန်အရာရှိများက ဗုဒ္ဓဟူးနေ့ တွင် ပြောကြားခဲ့သည်။

ဂျပန်သတင်းစာနစ်ကေးတွင် ၎င်းတွေ့ဆုံမှုအကြောင်း
ဖော်ပြပြီး မကြာမီတွင် တရုတ်ဘက်မှ ပြင်းထန်သော
တုံ့ပြန်မှုကို လျင်ဆောစွာ ထုတ် ပြန်လိုက်သည်။

“ကျွန်တော်တို့မှာ ဖြစ်နိုင်ခြေကို ကြိုတင်ခန့်မှန်းထားပြီး
လုပ်ဆောင်မယ့် အစီအမံတွေ ရှိပါတယ်၊ ကျွန်တော်တို့တွေ ဒီအကြောင်းကိစ္စနဲ့ ပတ် သက်ပြီး ဆွေးနွေးခဲ့ကြတာပါ” ဟု အမေရိကန်အရာရှိတစ်ဦးက ဆိုသည်။ မည်သည့်အခြေ
အနေဟု အတိအကျမဆိုဘဲ တင်းမာမှု ပိုမိုဖြစ်လာသော
အခြေအနေများပေါ် မူတည်၍ နှစ်နိုင်ငံပူးပေါင်း၍ အရေးပေါ်
အခြေအနေ လုပ်ဆောင်သင့်လျှင် ဆောင်ရွက်သွားရမည်မှာ သဘာဝကျ ကြောင်း ဆိုသည်။

အမည်မဖော်လိုသူ ပင်တဂွန်အရာရှိတစ်ဦးကလည်း ၎င်း
ဆွေးနွေးမှုများကို အတည်ပြုပြောကြားပြီး စုစည်းလုပ်
ဆောင်မှုတစ်ခု ပြင်ဆင်နေ ကြောင်း ဆိုသည်။

မစ္စတာဆင်မြူရယ် (အမေရိကန်ပစိဖိတ်ကွန်မန့်မှ အကြီး
အကဲ)သည် ဂျပန်ကာကွယ်ရေးတပ်မတော် ပူးတွဲအမှုထမ်း
အဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ရှီဂက်ရူအီဝါဆာကီနှင့် ကြာသပတေးန့တွင် တွေ့ဆုံရန် စီစဉ်ထားသည်။

ပင်တဂွန်သည် ကြိုတင်ခန့်မှန်းထားပြီးကိစ္စကို လုပ်ဆောင် မည့်အရေးကို ဆွေးနွေးနေမှု လုပ်ဆောင်နေမနေနှင့် ပတ်
သက်၍ တရားဝင် တိကျသော သတင်းမထုတ်ပြန်ကြောင်း
သိရသည်။

“ကျင့်ထုံးနည်းနာအရတော့ ကျွန်တော်တို့တွေ စစ်ဖက် ဆိုင်ရာ ပြင်ဆင်မှုတွေကို မဆွေးနွေးပါဘူး”ဟု လက်ဖတင်
နင်ကာနယ် ကက်သရင်း ဝီကင်ဆန်က ပြောကြားသည်။

“ဆန်ကကူကျွန်းနဲ့ ပတ်သက်လို့ အမေရိကန်သဘောထား ကတော့ ရေရှည်ပါပဲ၊ နှစ်နိုင်ငံလုံးကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့
ဖြေရှင်းတွန်းအားပေး ထားပါတယ်”ဟု ၎င်းက အဆိုပါ ကျွန်း
အား ဂျပန်တို့ခေါ်ဆိုသော အမည်သုံး၍ ပြောကြားခဲ့သည်။

အမေရိကန်တို့သည် တရုတ်နိုင်ငံ ကအကယ်၍ ကျွန်းစုကို
ပိုင်ဆိုင်ရန် တိုက်ခိုက်လာပါက ဂျပန်ဘက်မှအကူအညီပေး
ရန် ရှင်းလင်းစွာ ပြောကြားပြီး ဖြစ်သည်။

“တရုတ်တပ်များဟာ နိုင်ငံရဲ့ပိုင်နက်မြေကို လုံခြုံအောင်
ကာကွယ်ပေးဖို့ တာဝန်ကို ပထမဦးစားပေးအနေနဲ့ ထား
တယ်”ဟု တရုတ်ဝန်ကြီးက ဆိုသည်။

“ကျွန်တော်တို့ဟာ လက်ရှိအခြေအနေကို ပိုရှုပ်ထွေးသွား
စေမယ့်ကိစ္စမျိုး ပိုချဲ့မယ့်မျိုးကို လုံးဝဆန့်ကျင်ပါတယ်” ဟု ဆက်လက် ပြောကြားသည်။

Ref:cna
The Myanma Age အမေရိကန်နှင့် ဂျပန်မှ အရာရှိများသည် အရှေ့တရုတ် ပင်လယ်အတွင်း အငြင်းပွားကျွန်းများကို အကယ်၍ တရုတ် အစိုးရဘက်မှ သိမ်းယူ ရန် ပြင်ဆင်ပါက လုပ်ဆောင် ရမည့် ဖြစ်နိုင်ခြေများအတွက် ကြိုတင် ပြင် ဆင်မှုများကိုဆွေးနွေးကြကြောင်း အမေရိကန်အရာရှိများက ဗုဒ္ဓဟူးနေ့ တွင် ပြောကြားခဲ့သည်။
ဂျပန်သတင်းစာနစ်ကေးတွင် ၎င်းတွေ့ဆုံမှုအကြောင်းဖော်ပြပြီး မကြာမီ တွင် တရုတ်ဘက်မှ ပြင်းထန်သောတုံ့ပြန်မှုကို လျင်ဆောစွာ ထုတ် ပြန် လိုက်သည်။

"မိတ္ထီလာက အဓိကရုဏ်းတွေကို ထိန်းချုပ်ဖို့အတွက်တပ်မတော်မှ စတင်းလှုပ်ရှား"

"မိတ္ထီလာက အဓိကရုဏ်းတွေကို ထိန်းချုပ်ဖို့အတွက်တပ်မတော်မှ စတင်းလှုပ်ရှား"
Thursday, 21 March 2013

ဒီကနေ့က မိတ္ထီလာမြို့ပေါ်ရပ်ကွက်အချို့တွင် လောင်ကျွမ်းနေသော မီးလောင်မှုများကို ငြိမ်းသတ်နိုင်ပြီ ဖြစ်ကြောင်းသိရှိရသည်။

လက်ရှိအချိန်တွင် မိတ္ထီလာမြို့အခြေအနေမှာ လုံခြုံရေးအခြေအနေ နည်းပါးနေပြီး တာဝန်ရှိသူများ၏ ပဋိပက္ခအပေါ် ကိုင်တွယ်ဖြေရှင်းမှု အားနည်းနေကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။

တပ်မတော်မှ အဓိကရုဏ်းနှိမ်နှင်းရေးတပ်ဖွဲ့များကို အသင့်စု ဖွဲ့ထားပြီးဖြစ်တယ်။ မိတ္ထီလာသို့ အဖွဲ့လိုက်၊ အစုလိုက် ကားများဖြင့် ထွက်ခွာလာ ခဲ့ကြောင်းနှင့် အထက်အမိန့်ကိုလည်းစောင့် ဆိုင်းနေကြောင်း သတင်းရရှိသည်။

အဓိကရုဏ်းနှိမ်နှင်ရေးအတွက် နယ်မြေခံတပ်ဖွဲ့များကို လည်း တွဲဖက်တာဝန်ပေးထားကြောင်းသိရှိရသည်။
Myawady News

ZinYawNews ဒီကနေ့က မိတ္ထီလာမြို့ပေါ်ရပ်ကွက်အချို့တွင် လောင်ကျွမ်းနေသော မီးလောင်မှုများကို ငြိမ်းသတ်နိုင်ပြီ ဖြစ်ကြောင်းသိရှိရသည်။
လက်ရှိအချိန်တွင် မိတ္ထီလာမြို့အခြေအနေမှာ လုံခြုံရေးအခြေအနေ နည်း ပါးနေပြီး တာဝန်ရှိသူများ၏ ပဋိပက္ခအပေါ် ကိုင်တွယ်ဖြေရှင်းမှု အား နည်းနေကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။

B-52 ဗုံးကြဲလေယာဉ်များ ပျံသန်းနေမှုကို မြောက်ကိုရီးယား သတိပေး အမေရိကန်ပိုင် B-52

Photo: B-52 ဗုံးကြဲလေယာဉ်များ ပျံသန်းနေမှုကို မြောက်ကိုရီးယား သတိပေး
အမေရိကန်ပိုင် B-52 
Thursday, 21 March 2013

ဗုံးကြဲလေယာဉ်များ တောင်ကိုရီးယား ကောင်းကင်ယံတွင် ဆက်လက် ပျံသန်းနေမည် ဆိုပါက မိမိတို့ ဘက်မှလည်း ပြင်းထန်သည့် စစ်ရေးအရ တုံ့ပြန်မှုများ ပြုလုပ်ရလိမ့်မည်ဟု မြောက်ကိုရီးယား အစိုးရက သတိပေး ခြိမ်းခြောက်လိုက်သည်။

အမေရိကန်ပိုင် B-52 ဗုံးကြဲလေယာဉ်များ တောင်ကိုရီးယား ကောင်းကင်
ယံတွင် ဆက်လက် ပျံသန်းနေမည် ဆိုပါက မိမိတို့ ဘက်မှလည်း ပြင်းထန်
သည့် စစ်ရေးအရ တုံ့ပြန်မှုများ ပြုလုပ်ရလိမ့်မည်ဟု မြောက်ကိုရီးယား အစိုးရက သတိပေး ခြိမ်းခြောက်လိုက်သည်။ မြောက်ကိုရီးယား၏ ရန်သူတော်ဖြစ်သော မဟာမိတ် နှစ်နိုင်ငံသည် တောင်ကိုရီးယားတွင် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သလို အမေရိကန် စစ်တပ်၏ နာမည်ကျော် B-52များပါ ပါဝင်ခဲ့ကြသည်။

ကိုရီးယား ရေလက်ကြားပေါ်တွင် B-52များ ဖြတ်၍ပျံနေခြင်းကို မြောက်ပိုင်း ကွန်မြူနစ် နိုင်ငံက မျက်မုန်းကျိုးနေပြီး ယခုလို ခြိမ်းခြောက်လာခြင်း
ဖြစ်သည်။ ထိုအချိန်တွင် အမေရိကန်၏ ပစိဖိတ်လေတပ် ဦးစီးဌာန၏
ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူး ရစ်ချလီ ဒေါ့ဒဲလ်က စစ်ရေးလေ့ကျင့်မှု
များ အောင်မြင်ကြောင်း Emailဖြင့် ဆက်သွယ်မေးမြန်းသည့် Bloomberg သတင်းဌာနသို့ အသိပေးခဲ့သည်။ သို့သော်လည်း အသေးစိတ် အချက်အလက်များကိုမူ ပြောကြားမသွားချေ။

B-52များသည် နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်များကို သယ်ဆောင်နိုင်သလို ဝေဟင်မှ မြေပြင်ရှိ ဝေးကွာသော ပစ်မှတ်များကိုလည်း ထိမှန်အောင် ပစ်ခတ်နိုင်သည့် ဒုံးကျည်
များ တပ်ဆင်နိုင်သည်။

အမေရိကန်သည် မြောက်ကိုရီးယားတွင် ခေါင်းဆောင်သစ် ကင်မ်ဂျုံအန်း တက်လာသည့်နောက် ကိုရီးယားကျွန်းဆွယ်တွင် ၎င်းတို့ သတ်မှတ်ထား
သည့် လုံခြုံရေး စံနှုန်းများကို မြှင့်တင်လာခဲ့သည်။ မြောက်ကိုရီးယားဘက်
မှမူ B-52များ ရေလက်ကြားအပေါ် ဆက်လက် ပျံသန်းလာပါက မိမိတို့
လည်း တစ်စုံတစ်ရာ တုံ့ပြန်လာနိုင်ကြောင်း ပြောဆိုခဲ့သည်။

"နားလည်ထားဖို့က အခြေအနေတိုင်းဟာ စစ်ပွဲစတင်ဖို့ တဖြည်းဖြည်း နီးကပ်လာအောင် လုပ်သလို ဖြစ်နေပြီ"ဟု မြောက်ကိုရီးယား နိုင်ငံခြား
ရေး ဝန်ကြီးဌာနမှ အမည်မဖော်ပြသော အရာရှိ တစ်ဦးက KCNAသတင်း
ဌာနသို့ ပြောကြားသွားသည်။ အမေရိကန်မှ B-52လေယာဉ်များသည်
တောင်ကိုရီးယားနှင့် စစ်ရေးလေ့ကျင့်မှုတွင် မတ်လ (၈)ရက်နေ့က ပထမဆုံးအကြိမ် စတင်ပူးပေါင်း ပျံသန်းခဲ့သည်။

အဆိုပါ ဗုံးကြဲလေယာဉ်သည် ဂူအမ်ရှိ အန်ဒါဆန် လေတပ်စခန်းမှ ဂျပန်သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network
ဗုံးကြဲလေယာဉ်များ တောင်ကိုရီးယား ကောင်းကင်ယံတွင် ဆက်လက် ပျံသန်းနေမည် ဆိုပါက မိမိတို့ ဘက်မှလည်း ပြင်းထန်သည့် စစ်ရေးအရ တုံ့ပြန်မှုများ ပြုလုပ်ရလိမ့်မည်ဟု မြောက်ကိုရီးယားအစိုးရက သတိပေး ခြိမ်းခြောက်လိုက်သည်။
အမေရိကန်ပိုင် B-52 ဗုံးကြဲလေယာဉ်များ တောင် ကိုရီးယား ကောင်း ကင်ယံတွင် ဆက်လက်ပျံသန်းနေမည်ဆိုပါက မိမိတို့ဘက်မှ လည်း ပြင်း ထန်သည့် စစ်ရေးအရ တုံ့ပြန်မှုများ ပြုလုပ် ရလိမ့် မည်ဟု မြောက် ကိုရီးယားအစိုးရက သတိပေးခြိမ်းခြောက်လိုက်သည်။ မြောက် ကိုရီးယား၏ ရန်သူတော်ဖြစ်သော မဟာမိတ် နှစ်နိုင်ငံသည် တောင်ကိုရီးယားတွင် ပူးပေါင်း စစ်ရေးလေ့ကျင့် မှုများ ပြုလုပ်ခဲ့သလို အမေရိကန် စစ်တပ်၏ နာမည်ကျော် B-52များပါ ပါဝင်ခဲ့ကြသည်။

မိတ္ထီလာမြို့မှ ပဋိပက္ခများ ထိန်းသိမ်းနိုင်ရန် လုံခြုံရေးအင် အား တိုးမြှင့်ထားဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

မိတ္ထီလာမြို့တွင် ဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ထိန်းသိမ်းနိုင်ရန် မတ်လ ၂၀ ရက် ညမှစ၍ မြို့ပေါ်ရှိ ရပ်ကွက် ၁၄ ခုကို ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး နေပြည်တော်နှင့် မန္တလေး တစ်ဝိုက်မှ ရဲ၊ လုံခြုံရေး တပ်ရင်းနှစ်ရင်းဖြင့် မြို့ပေါ်ရှိ လုံခြုံရေးအင်အားကို ထပ်မံဖြည့်တင်းလိုက်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြောသည်။

ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ လိုင်ဇာမှ ပြန်လည် ထွက်ခွာ


ချင်းမိုင်(မဇ္ဈိမ)။ ။ ကိုရန်နိုင်ထွန်း ဦးဆောင်သော ကချင်ပြည်နယ် ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သည့် အဖွဲ့သည် ယနေ့ နံနက် ၉ နာရီစတင်၍ လိုင်ဇာမြို့မှ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ကြောင်း ကချင် လွတ်လပ်ရေးအဖွဲ့ KIO က ပြောသည်။

အဲ့ကမ္ဘောဇ မှ ATR-72-600 လေယာဉ်ဖြင့် ဟဲဟိုး - တာချီလိတ် ခရီးစဉ် စတင်ပြေးဆွဲ

Photo: အဲ့ကမ္ဘောဇ မှ ATR-72-600 လေယာဉ်ဖြင့် ဟဲဟိုး - တာချီလိတ် ခရီးစဉ် စတင်ပြေးဆွဲ
Thursday, 21 March 2013

အာရှတွင် ပထမဆုံးဝယ်ယူပြေးဆွဲခြင်းဖြစ်သော ATR-72-600 လေ
ယာဉ်ဖြင့် ဟဲဟိုး - တာချီလိတ်ခရီးစဉ် ယနေ့ စတင်ပြေးဆွဲနေပြီ ဖြစ်
ကြောင်း အဲကမ္ဘောဇလေကြောင်းမှ စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

အဆိုပါလေယာဉ်ကို အဲကမ္ဘောဇလေကြောင်းလိုင်းမှ ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ သန်း ၂၀ ပေးရကြောင်း ယင်းလေယာဉ်မှာ ခရီးသည် ၆၈ ဦးဆန့် ပြီး ခရီးသည်များအတွက် သာလွန်ကောင်းမွန်သော ၀န်ဆောင်
မှုများ ပေးနိုင်ရန် ရည်ရွယ်ဝယ်ယူခြင်းဖြစ်သည်ဟု ကမ္ဘောဇလေကြောင်း
လိုင်းမှ ဒုတိယ မန်နေဂျင်းဒါရိုက်တာ ဦးခင်မောင်မြင့်ကပြောသည်။

၎င်းလေယာဉ်သည် ကမ္ဘောဇလေကြောင်းတွင် ၅စီးမြောက်လေယာဉ်
ဖြစ်ပြီး အဆိုပါလေယာဉ်အမျိုးအစားနောက်ထပ်တစ်စီး ၀ယ်ယူထားပြီး မတ်လတွင် ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။

ဝေယံမိုးမြင့်
Popular Myanmar News Journalအာရှတွင် ပထမဆုံးဝယ်ယူပြေးဆွဲခြင်းဖြစ်သော ATR-72-600 လေ ယာဉ်ဖြင့် ဟဲဟိုး - တာချီလိတ်ခရီးစဉ် ယနေ့ စတင်ပြေးဆွဲနေပြီ ဖြစ် ကြောင်း အဲကမ္ဘောဇလေကြောင်းမှ စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ခဲ့ သည်။

Google ရဲ့ မြန်မာနိုင်ငံအတွက် sub-domain တစ်ခုဖြစ်တဲ့ google.com.mm ကိုစတင်အသုံးပြုလို့ရ


Photo:ွGoogle ရဲ့ မြန်မာနိုင်ငံအတွက် sub-domain တစ်ခုဖြစ်တဲ့ google.com.mm ကိုစတင်အသုံးပြုလို့ရပြီဖြစ်ပါပြီ။

အောက်ပါ link မှတစ်ဆင့်သွားရောက်စမ်းသပ်ကြည့်လို့ရပါပြီ။

http://www.google.com.mm/

IT4m

Info Tech For Myanmar (IT4M)
အောက်ပါ link မှတစ်ဆင့်သွားရောက်စမ်းသပ်ကြည့်လို့ရပါပြီ။

http://www.google.com.mm/


 
 
 
 
Info Tech For Myanmar (IT4M)

တစ်ခါသုံး ၀ါးတူများသည် အသည်းကင်ဆာ ဖြစ်နိုင်သည့်အတွက် မသုံးစွဲသင့်ဟုဆို

တစ်ခါသုံး ၀ါးတူများသည် အသည်းကင်ဆာ ဖြစ်နိုင်သည့်အတွက် မသုံးစွဲသင့်ဟုဆို

မတ်လ ၂၁ ရက်၊ ၂၀၁၃

အလွယ်တကူ ရယူ သုံးစွဲနေကြသည့် တစ်ခါသုံး ၀ါးတူများသည် အသည်းကင်ဆာ ဖြစ်နိုင်သည့်အတွက် မသုံးစွဲ သင့်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းမှ အသင်းဝင် ဒေါ်ရီလွင်ကျော်ဇောက ၁၅-၃-၂၀၁၃ ရက်တွင် ပြောကြားသည်။ “ကျွန်မတို့ အသင်းက ပြည်သူတွေ စားသုံးဖို့ မသင့်တဲ့ အစားအသောက်တွေကို အမြဲ လေ့လာ စစ်ဆေးနေပါသည်။ အခု နောက်ဆုံး စစ်ဆေး တွေ့ရှိချက်တွေအရဆိုရင် ၀ါးတူတွေမှာ မှိုတွေ ပေါက်လာတယ်ဆိုတာကို တွေ့ရတယ်။ မြန်မာနိုင်ငံမှာ ၀ါးတူ တော်တော်များများက ပေါင်းမထားပါဘူး။ ၀ါးပင်ကို ခုတ်ပြီး ထွက်လာတဲ့ ၀ါးကိုပဲ အဆင်ပြေသလို အချောသတ်ပြီး သုံးတာ ဖြစ်တယ်။ ဒီတော့ ငါးရက်လောက်ဆိုရင် မှိုတွေက မမြင်ရပေမယ့် ရှိနေပါပြီ။ ဒီတော့ မှိုပါတဲ့ တူကို သုံးမိတဲ့အတွက် မှိုတွေကို စားသလို ဖြစ်သွားနိုင်တယ်။ အသည်းကင်ဆာတွေ ဖြစ်နိုင်တယ်။ တတ်နိုင်ရင် ၀ါးတူကို မသုံးဘဲ သစ်သားတူ၊ စတီးတူတွေကိုပဲ သုံးသင့်တယ်။ ပလတ်စတစ်တူကျတော့ အပူနဲ့ တွေ့ရင် ကင်ဆာဖြစ်နိုင်တာတွေ ရှိတယ်။ ကျန်းမာရေးအတွက် ရှောင်သင့်တယ်” ဟု ယင်းက ပြောကြားသည်။ အခြား ပြည်ပနိုင်ငံများသည် ၀ါးများကို သေချာပေါင်းခံပြီးမှ ၀ါးတူဖြတ်စက်ထဲသို့ ထည့်လေ့ရှိပြီး ပြည်တွင်းမှ ၀ါးတူများသည် ပေါင်းခံခြင်း မရှိကြောင်း သိရသည်။ လက်ရှိ ဈေးကွက်တွင် သုံးနေသော တစ်ခါသုံး တူများသည် ဈေးကွက်သို့ ရောက်ရှိရန် အတွက် တူဖြစ်ပြီး ပါကင်ထုတ်ပြီး ၇ ရက်ခန့် အနည်းဆုံးကြာကာ အဆိုပါ အချိန်တွင် မှိုများသည် နှစ်ရက်သားခန့် ရှိပြီး ဖြစ်ကြောင်း သိရသည်။ အဆိုပါ မှိုများသည် သေးငယ်ပြီး လူမျက်စိနှင့် မြင်နိုင်ရန် ၂၇ ရက် ကြာအောင် စောင့်ရကြောင်း သိရသည်။ ထို့ကြောင့် ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အရက်မသောက်ဘဲ အသည်းကင်ဆာဖြစ်သူ ပမာဏ မြင့်တက်လာခြင်းသည် ၀ါးတူ အသုံးပြုမှုကြောင့်လည်း ဖြစ်ကြောင်း သိရသည်။

 (ပြည်မြန်မာ ဂျာနယ်) အလွယ်တကူ ရယူ သုံးစွဲနေကြသည့် တစ်ခါသုံး ၀ါးတူများသည် အသည်းကင်ဆာ ဖြစ်နိုင်သည့်အတွက် မသုံးစွဲသင့်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းမှ အသင်းဝင် ဒေါ်ရီလွင်ကျော်ဇောက ၁၅-၃-၂၀၁၃ ရက်တွင်ပြောကြားသည်။ “ကျွန်မတို့ အသင်း က ပြည်သူတွေ စားသုံးဖို့မသင့်တဲ့ အစားအသောက်တွေကို အမြဲ လေ့လာ စစ်ဆေးနေပါသည်။ အခု နောက်ဆုံး စစ်ဆေး တွေ့ရှိ ချက်တွေ အရဆိုရင် ၀ါးတူတွေမှာ မှိုတွေ ပေါက်လာတယ် ဆိုတာ ကို တွေ့ရတယ်။ မြန်မာနိုင်ငံမှာ ၀ါးတူ တော်တော်များများ က ပေါင်း မထားပါဘူး။ ၀ါးပင်ကိုခုတ်ပြီး ထွက်လာတဲ့ဝါးကိုပဲ အဆင်ပြေသလို

မိတ္ထီလာမြို့တွင် ဖြစ်ပွားသော ကိစ္စများအတွက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချယ်လ် ၏ ထုတ်ပြန်ချက်

မိတ္ထီလာမြို့ ဖြစ်စဉ်နှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း


 
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့
အမိန့်အမှတ်(၁၉/၂၀၁၃)

Photo: မိတ္ထီလာမြို့ ဖြစ်စဉ်နှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း
======================================
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့
အမိန့်အမှတ်(၁၉/၂၀၁၃)

စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ဥက္ကဌအဖြစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်စိုး၊ အဖွဲ့ဝင်များအဖြစ် ဒုတိယရဲမှူးကြီးထွန်းနိုင်(ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး)၊ ဒုတိယရဲမှူးကြီးမောင်မောင်မြင့် (မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှူး)၊ ဦးကျော်အေး (တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)၊ အတွင်းရေးမှူးအဖြစ် ဦးတင်မောင်စိုး (မိတ္ထီလာခရိုင်အုပ်ချုပ်ရေးမှူး) တို့ဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်လိုက်သည်။ 

Hmuu Zaw
စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ဥက္ကဌအဖြစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်စိုး၊ အဖွဲ့ဝင်များအဖြစ် ဒုတိယရဲမှူးကြီး ထွန်းနိုင် (ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး)၊ ဒုတိယရဲမှူးကြီးမောင်မောင်မြင့် (မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှူး)၊ ဦးကျော်အေး

(မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)


မတ်လ ၂၁ ရက်နေ့ နံနက် ၁ နာရီ ၅၅ မိနစ်

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ Eleven Media Group မှ မိတ္ထီလာမြို့ အမှတ် (၂) ရဲစခန်းအား ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက "လက်ရှိအချိန်မှာ

မိတ္ထီလာတွင် တင်းကြပ်စွာ ကိုင်တွယ်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မိတ္ထီလာတွင် တင်းကြပ်စွာ ကိုင်တွယ်ရန် ဒေါ်အောင်ဆန်းစုကြည်
တိုက်တွန်း
Thursday, 21 March 2013 

မိတ္ထီလာတွင် ဖြစ်ပွားနေသော အကြမ်းဖက် ရုန်းရင်းဆန်ခတ်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပိုမိုတင်းကြပ်စွာ ကိုင်တွယ်သင့်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း သတင်းရရှိသည်။

"အခုအချိန်က ပုဒ်မ ၁၄၄ ထုတ်ထားတဲ့အတွက် ရဲတွေအနေနဲ့ ဥပဒေစိုးမိုးဖို့ တိတိကျကျ ကိုင်တွယ်ဖို့ လိုတယ်။ နှောင့်နှေးကြန့်ကြာ မနေဖို့ ဒီမနက်ပဲ မန္တလေး အစိုးရအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားတယ်" ဟု မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ဧရာဝတီကို ပြောဆိုသည်။

မိတ္ထီလာမြို့တွင် ဖြစ်ပျက်နေသော ရုန်းရင်းဆန်ခတ်မှုများကို လက်ရှိ အခြေအနေအထိ ထိန်းသိမ်းရန် ကြိုးစားနေရဆဲဖြစ် ကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။

ယနေ့မနက်အထိ ရဲတပ်ဖွဲ့သို့ရောက်လာသော စရင်းများအရ သံဃာတော် ၁ ပါး၊ ဗုဒ္ဓဘာသာဝင် ၁ဦး၊ အစ္စလမ် ဘာသာဝင် ၁ ဦး၊ မည်သူဟု အတည်မပြုနိုင်သောသူ ၁ ဦးသေဆုံးသွားကြောင်း၊ ဒဏ်ရာရသူ ၂၅ ဦးအထိရှိကြောင်း ဆေးရုံလူနာမှတ်တမ်း များအရ သိရကြောင်း မိတ္ထီလာ ခရိုင်ရဲမှူးက အတည်ပြုပြောကြားသည်။

ယနေ့မနက်ပိုင်းတွင် ပိတ်မိနေသော အစ္စလမ်ဘာသာဝင် ၁၀၀ ကျော်ကို လူအုပ်ကြီးမှ ၀ိုင်းပြီး ရန်ပြုနေရာ လူအများအပြား ရိုက်နှက်ခံရသည် ကိုတွေခဲ့ရကြောင်း၊ အခင်းဖြစ်ရာနေရာတွင် လူ ၁၀ ဦးထက်မနည်း
သေဆုံးနိုင်မည်ဟု ခန့်မှန်းကြောင်း အခင်းဖြစ်ရာနေရာသို့ ကိုယ်တိုင်သွားရောက်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မိတ္ထီလာမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ဧရာဝတီသို့ ပြောသည်။

ဧရာဝတီ မိတ္ထီလာတွင် ဖြစ်ပွားနေသော အကြမ်းဖက် ရုန်းရင်းဆန်ခတ်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပိုမိုတင်းကြပ်စွာ ကိုင်တွယ်သင့်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း သတင်းရရှိသည်။

တောင်ကိုရီးယားကွန်ပျူတာကွန်ရက် တိုက်ခိုက်ခံရမှု တရုတ်နိုင်ငံမှ စတင်ခဲ့ဟုဆို

တောင်ကိုရီးယားကွန်ပျူတာကွန်ရက် တိုက်ခိုက်ခံရမှု တရုတ်နိုင်ငံမှ စတင်ခဲ့ဟုဆို
Thursday, 21 March 2013 

တောင်ကိုရီးယား နိုင်ငံရှိ ကွန်ပျူတာ ကွန်ရက်များကို ဦးတည် တိုက်ခိုက်လာသည့် Hacking ပြဿနာသည် တရုတ်နိုင်ငံမှ ကနဦး စတင်လာကြောင်း သိရှိရသည်။ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းက တောင်ကိုရီးယား တွင် ဘဏ်နှင့် မီဒီယာ လုပ်ငန်းကြီး အချို့တို့၌ ကွန်ပျူတာ ကွန်ရက်များ
ပြတ်တောက် ရပ်ဆိုင်းမှုများ ဖြစ်ပေါ်လာခဲ့သည်။

တောင်ကိုရီးယား အစိုးရ၏ ဆက်သွယ်ရေး ကော်မရှင်က ယင်းဖြစ်စဉ်အပေါ် ကနဦး လေ့လာ ဆန်းစစ်မှုများအရ တိုက်ခိုက်မှုသည် တရုတ်နိုင်ငံ တစ်နေရာမှ အခြေပြုလာကြောင်း ပြောကြားခဲ့သည်။

ကွန်ပျူတာ ကွန်ရက်များ ကျဆင်းခြင်းနှင့် ပတ်သက်ပြီး မြောက်ကိုရီးယား၏ စနက်မကင်းဟု ယူဆစရာ ဖြစ်နေသော်လည်း လတ်တလောတွင် မည်သည့် အထောက်အထားမျိုးမှ မတွေ့ရှိသေးချေ။ မြောက်ကိုရီးယားသည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း တောင်ကိုရီးယားကို ဆိုင်ဘာ စစ်ပွဲများ
 နွှဲခဲ့သည့် ရန်သူနိုင်ငံလည်း ဖြစ်သည်။

Planet Myanmar Networkတောင်ကိုရီးယား နိုင်ငံရှိ ကွန်ပျူတာကွန်ရက်များကို ဦးတည် တိုက်ခိုက် လာသည့် Hacking ပြဿနာသည် တရုတ်နိုင်ငံမှ ကနဦး စတင် လာကြောင်း သိရှိရသည်။ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်း က တောင်ကိုရီးယား တွင် ဘဏ်နှင့် မီဒီယာ လုပ်ငန်းကြီး အချို့တို့၌ ကွန်ပျူတာ ကွန်ရက်များ
ပြတ်တောက် ရပ်ဆိုင်းမှုများ ဖြစ်ပေါ်လာခဲ့သည်။

(မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)

မတ်လ ၂၁ ရက် မွန်းတည့် ၁၂ နာရီ ၅၀ မိနစ်

မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်တွင် မတ်လ ၂၁ ရက် မွန်းတည့် ၁၂ နာရီအချိန်အထိ သေဆုံးသူ ၅ ဦးနှင့် ဒဏ်ရာ ရသူ ၂၂ ဦး ရှိနေပြီဖြစ်ကြောင်း သိရ

ကမ္ဘာအေးဘုရားလမ်းပေါ်တွင် အမေရိကန်ဒေါ်လာသန်း(၃၀၀) ကုန်ကျမည့် ဟိုတယ်နှင့် စီးပွားရေးအဆောက်အဦစီမံကိန်းကို ဗီယက်နမ်က အကောင်အထည်ဖော်သွားမည်…

Photo: ကမ္ဘာအေးဘုရားလမ်းပေါ်တွင် အမေရိကန်ဒေါ်လာသန်း(၃၀၀)
ကုန်ကျမည့် ဟိုတယ်နှင့် စီးပွားရေးအဆောက်အဦစီမံကိန်းကို
ဗီယက်နမ်က အကောင်အထည်ဖော်သွားမည်…
Thursday, 21 March 2013 

ကမ္ဘာအေးဘုရားလမ်းပေါ်တွင် အမေရိကန်ဒေါ်လာသန်း(၃၀၀)ကုန်ကျ
မည့်ဟိုတယ်နဲ့စီးပွားရေးအဆောက်အဦးစီမံကိန်းကိုဗီယက်နမ်ကအကောင်
အထည်ဖော်သွားမယ်လို့ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန
ကသိရပါတယ်။

အဆိုပါစီမံကိန်းအတွက်မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေ စည်းမျဉ်းများနှင့်
အညီအဆင့်ဆင့်တင်ပြခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ဗီယက်နမ်နိုင်ငံမှကုမ္ပဏီ 
တစ်ခုတို့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်
(၂၀၁၂)ခုနှစ်၊နိုဝင်ဘာလ(၃၀)ရက်နေ့ရက်စွဲပါ (၅၂၅/၂၀၁၂)နှင့် ရန်ကုန်မြို့၊
အမှတ်(၁၉၂)ကမ္ဘာအေးဘုရားလမ်းနှင့် စက်မှု(၁)လမ်းထောင့်၊ယခင်
အမှတ်(၁)စက်မှုဝန်ကြီးဌာနရုံးဟောင်းနေ ရာရှိ မြေဧရိယာ(၁၈.၁၃၁)ဧက
တွင် နိုင်ငံတကာအဆင့်မီဟိုတယ်နှင့် စီးပွားရေးအဆောက်အဦးများ
ဆောက်လုပ်ရန် (၂၀၁၂)ခုနှစ်၊ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် B.O.T contract နှင့် lease Agreement နှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုပြီး လုပ်ငန်းများအကောင်အထည်ဖော်ဆောင် ရွက်နေသည် ။

၎င်းစီမံကိန်းကို ရင်းနှီးမြှုပ်နှံမှုတန်ဖိုးအမေရိကန်ဒေါ်လာသန်း(၃၀၀) 
ရင်းနှီးမြှုပ်နှံပြီးအခန်း(၄၁၄)ခန်းပါ Five Star ဟိုတယ်နှင့် အခန်း(၅၈၅)ခန်းပါ
Commercial Centre နဲ့ Office Building No(1) ကိုပထမအဆင့်အနေ
ဖြင့် (၂၀၁၆)ခုနှစ်၊ဇွန်လနောက်ဆုံး ထားဖွင့်လှစ်မည်ဖြစ်ပြီး၊အခန်း(၃၅၄)
ခန်းပါ Office Building No(2) နဲ့(၂၃၉၆)ယူနစ်ပါ Service Apartments
(၄)လုံးကိုဒုတိယအဆင့် အနေနှင့် (၂၀၁၉)ခုနှစ်၊ဇွန်လနောက်ဆုံးထားပြီး
ဖွင့်လှစ်ရန် ကာလသတ်မှတ်ပြီးဆောင်ရွက်နေသည်။

အိမ်နီးချင်း ဗီယက်နမ်နိုင်ငံရှိ Hoang Anh Gia Lai Myanmar Co., Ltd 
သည်ဟိုတယ်နှင့်စီးပွားရေးအဆောက်အဦများကိုဝန်ကြီးဌာနနှင့် ချိတ်ဆက်ပြီး ပထမဆုံးရင်းနှီးမြှုပ်နှံသူ ဖြစ်ကြောင်း သိရသည်။

SkyNet TV Browser
ကမ္ဘာအေးဘုရားလမ်းပေါ်တွင် အမေရိကန်ဒေါ်လာသန်း(၃၀၀)ကုန်ကျ
မည့်ဟိုတယ်နဲ့စီးပွားရေးအဆောက်အဦးစီမံကိန်းကို ဗီယက်နမ်က အကောင်အထည်ဖော်သွားမယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနကသိရပါတယ်။

ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့စကားပုံများ

ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့စကားပုံများ
Thursday, 21 March 2013 

အစားရှောင်ခြင်းကြောင့် အသက် မသေနိုင်။
အစားလွန်မှသာ သေဆုံးတတ်သည်။(ရုရှား)

အစားလွန်၍ သေဆုံးရသူ ဦးရေမှာ
စစ်ပွဲတွင် ရရှိသော ဓားဒဏ်ရာဖြင့် သေဆုံးရသူများထက် ပိုလွန်နေသည်။ (ပြင်သစ်)

တန် ဆေး၊ လွန် ဘေး။
(သင့်ရုံ တန်ရုံ စားသောက်လျှင် ဆေးဖြစ်သည်။
အလွန်အကျွံ စားသောက်လျှင် ဘေးဖြစ်သည်) (မြန်မာ)

ရေကို ၀ယ်ယူရသော နေရာမျိုး၌ မိမိအတွက် အိမ်မဆောက်မိပါစေနဲ့။ (စပိန်)

ညသန်းခေါင်ကျော်ပြီးသည့်တိုင် အိပ်ရာမ၀င်သေးက သေဖို့နီးပြီဟု မှတ်။ (အင်္ဂလိပ်)

အစားအသောက်က ဆရာဝန်၏ ဓားထက်
သင်၏ကျန်းမာရေးကို အကူအညီပြုသည်ကို သတိရှိပါ။(စပိန်)

အသက်ရှင်ရေးအတွက် ကြောင်ကဲ့သို့ အစားကို စားပါ။
ပြီးနောက် ခွေးကဲ့သို့ ရေသောက်ပါ။ (ဂျာမန်)

လိမ္မော်ရည် သံပုရာရည်တို့သည် ဘုရားရှိခိုးကျောင်းမှ ရေစင်ကဲ့သို့ ကောင်းမွန်၏။ (စပိန်)

ကျန်းမာနေလိုလျှင် အ၀တ်အစား နွေးနွေးထွေးထွေးကိုဝတ်ပြီး အစားကို လျှော့စားပါ။ (အင်္ဂလိပ်)

အစားလျှော့စားခြင်းက ရောဂါဘယကို ကင်းဝေးစေသည်။ (အာရပ်)

အစား တပန်းကန်ထက်မပိုက ဆေးဆရာ လိုခဲသည်။ (အင်္ဂလိပ်)

အစားအစာသည် ပထမဆုံး ဆေးဝါးဖြစ်သည်။ (အီတလီ)

ယနေ့ အစားလွန်က နက်ဖြန် အလောင်းကောင်ဖြစ်သွားနိုင်သည်။ (ပြင်သစ်)

ပေါင်မုန့်နဲ့ ဒိန်ခဲသည် ကျန်းမာသောသူတို့၏ ဓာတ်ဆေးဝါးပင် ဖြစ်သည်။ (ပြင်သစ်)

ညနေ အစာစားပြီးက ခေတ္တအနားယူပါ။
ညစာ စားပြီးက တမိုင်ခရီးခန့် လမ်းလျှောက်ပေးပါ။ (လက်တင်)

ခြေထောက်ကို ခြောက်သွေ့အောင်ထားပြီး လည်ပင်းကို နွေးအောင် ထားပါ။
လားကဲ့သို့ အစာစားပြီး နွားကဲ့သို့ ရေသောက်ပါ။ (အီတလီ)

ရောဂါကို တအောင်စမျှ ကာကွယ်ခြင်းသည်
တပေါင်ဖိုး ကုသခြင်းထက် သာလွန်သည်။ (စပိန်)

အကောင်းဆုံး ရေဟူသည် အနံ့ အရသာ အရောင် အဆင်း ကင်းရမည်။ (စပိန်)

အစဉ်ကျန်းမာလိုလျှင် လူကြီးများ၏ စိတ်နေစိတ်ထားမျိုး ထားပေးပါ။ (စပိန်)

ကြက်သွန်နီဥက ရောဂါ ၇-မျိုးကို ကုသနိုင်စွမ်းရှိသည်။ (ဂျာမန်)

ဦးနှောက်ကို အေးအေးထား၍ အစာအိမ်ကို အနားပေးကာ
ခြေထောက်ကို အစဉ်နွေးထွေးအောင် ထားပါ။ (ရုရှား)

ကြက်သွန်နီဥနှင့် ရေနွေးက ရောဂါမျိုးစုံကို ကုသနိုင်စွမ်းရှိ၏။ (ဂျာမန်)

အစာလျှော့စားခြင်းကြောင့် အသက်ရှည်စေနိုင်သည်။ (စကော့)

စောစောအိပ်၍ စောစောထသူသည်
ကျန်းမာချမ်းသာပြီး ပညာရှိသူဟု ဆိုရမည်။( အမေရိကန်)

တသွင်သွင် စီးဆင်းနေသော ရေက လူတို့အသက်ကို ရန်မရှာ။
မစီးဆင်းဘဲ တည်ငြိမ်နေသော ရေကသာ ဒုက္ခပေးတတ်သည်။ (စပိန်)

ဤကား ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့စကားပုံများကို ကွယ်လွန်သူ ဆရာဝန်တင်ရွှေ၏ ရှာဖွေတင်ပြချက်များဖြစ်သည်။

မင်းယုဝေ
Esther Kying's Note Book အစားရှောင်ခြင်းကြောင့် အသက် မသေနိုင်။
အစားလွန်မှသာ သေဆုံးတတ်သည်။(ရုရှား)
အစားလွန်၍ သေဆုံးရသူ ဦးရေမှာစစ်ပွဲတွင် ရရှိသော ဓားဒဏ် ရာဖြင့် သေဆုံး ရသူများထက် ပိုလွန်နေသည်။ (ပြင်သစ်)
တန် ဆေး၊ လွန် ဘေး။
(သင့်ရုံ တန်ရုံ စားသောက်လျှင် ဆေးဖြစ်သည်။
အလွန်အကျွံ စားသောက်လျှင် ဘေးဖြစ်သည်) (မြန်မာ)

မိထ္ထီလာကို အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းမည်ဟု မိုးသီးဇွန်၊ မင်းကိုနိုင်နှင့် The Ladies ဂျာနယ် အယ်ဒီတာ မေဇင်အေးတို့ တစ်ပြိုက်နက် လုပ်ကြံသတင်းလွှင့်ကာ ဆူပူမှုများ ဖြစ်ရန် ဖန်တီး

မိထ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခများတွင် စစ်တပ်က ပါဝင်ပတ်သက်မှုမရှိဘဲ ဘာသာခြား တို့၏ စော်ကားမှုကြောင့် ပြည်သူနှင့်ဘုန်းကြီးများက တုန့်ပြန်ရာမှ အဓိကရုဏ်း သဖွယ် ဖြစ်ပွား လာခြင်း ဖြစ် သည်။ ထို ဖြစ်စဉ်အမှန်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စာမျက်နှာ၊ ပြည်တွင်းဂျာနယ်များ၏ စာမျက်နှာများနှင့် Facebook သုံးသူ ပြည်သူများမှအမှန်အတိုင်း ဓာတ်ပုံသတင်းများ ဖော်ပြနေသော်လည်း မိုးသီးဇွန်၊ မင်းကိုနိုင်နှင့် The Ladies ဂျာနယ် အယ်ဒီတာ မေဇင်အေးတို့မှ စစ်တပ်မှ အာဏာသိမ်းဖို့ လုပ်ဆောင်သည် ဟု ဆိုကာ ဆူပူမှုများ ပိုမို ဖြစ်ပေါ်စေရန် ဆက်လက်ဖန်တီးလျှက်ရှိကြသည်။

နေပြည်တော် လေဆိပ်တွင် ၂ဝ၁၃ ခုနှစ် ဧပြီ ၁ ရက်မှစ၍ အပြည်ပြည်ဆိုင်ရာ လေဆိပ် လုပ်ငန်း များ ဆောင်ရွက်နိုင်ရေး ညှိနှိုင်း ဆွေးနွေး

နေပြည်တော် လေဆိပ်တွင် ၂ဝ၁၃ ခုနှစ် ဧပြီ ၁ ရက်မှစ၍ အပြည်ပြည်ဆိုင်ရာ လေဆိပ် လုပ်ငန်း များ ဆောင်ရွက်နိုင်ရေး ညှိနှိုင်း ဆွေးနွေး

ယမန်နေ့ နံနက် ၁ဝ နာရီက နေပြည်တော် လေဆိပ်အား အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် Soft Open ပြုလုပ်ထားပြီး ၂ဝ၁၃ ခုနှစ် ဧပြီ ၁ ရက် မှစ၍ အပြည်ပြည် ဆိုင်ရာ လေယာဉ်များ

ဆင်းသက်၍ အပြည်ပြည် ဆိုင်ရာ လေဆိပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်း အဝေးကို ပို့ဆောင်ရေး ဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကျင်းပရာ ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဥာဏ်ထွန်းအောင် တက်ရောက်၍ အဖွင့်အမှာ စကား ပြောကြား သည်။

အစည်းအဝေးတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် Promotion ကာလ အတွင်း On Arrival Visa, Tourist Visa များ ထုတ်ပေးနိုင်ရေးနှင့် Visa Fee များ လျှော့ချ/ ကင်း လွတ် ပေးနိုင်ရေး အတွက် ပြည်ထောင်စု အစိုးရ အဖွဲ့သို့ တင်ပြ ဆောင်ရွက်ရန်၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များ အတွက် Entry နှင့် Exit Point များ Flexibility ရှိစေရေး စီစဉ် ဆောင်ရွက်ရန်၊ လေကြောင်းလိုင်း များတွင် Operation Flexibility ရှိစေရေး အတွက် Air. Traffic Right များအား ဖြစ်နိုင်သမျှ ခွင့်ပြု ပေးသွားရန်၊ Duty Free Zone တစ်ခု တည်ဆောက်နိုင်ရေး သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်း ဆောင်ရွက် သွားရန်၊ လေယာဉ် ဆင်းသက်ခ၊ ရပ်နားခနှင့် မြေပြင် ဝန်ဆောင်ခများ လျှော့ချပေးနိုင်ရေး စီမံ ဆောင်ရွက်သွားရန်၊ Airport Transfer နှင့် Sight-Seeing ကဲ့သို့သော ဝန်ဆောင်မှု များကို အပို ဝန်ဆောင်မှုများ အဖြစ် ပေးအပ်နိုင်စေရေး စီစဉ် ဆောင်ရွက်သွားရန်၊ လွှတ်တော် အဆောက်အအုံ များအား လှည့်လည် လေ့လာ ခွင့် ပြုနိုင်ရေး တင်ပြ ဆောင်ရွက်သွားရန် စသည် တို့နှင့် စပ်လျဉ်း၍ ဆွေးနွေး ညှိနှိုင်း ခဲ့ကြသည်။

အစည်းအဝေးသို့ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးမောင်၊ ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်၊ ပို့ဆောင်ရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးဟံစိန်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်ကျော်ဝင်း၊ နေပြည်တော် ကောင်စီဝင် ဦးကံချွန်၊ ဒုတိယ ရဲချုပ်၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အသင်း၊ နေပြည်တော် ဟိုတယ်ဇုန် လုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများ တက် ရောက် ခဲ့ကြကြောင်း သတင်း ရရှိသည်။
Credit:မြ၀တီ

ZinYawNews ယမန်နေ့ နံနက် ၁ဝ နာရီက နေပြည်တော် လေဆိပ်အား အပြည်ပြည် ဆိုင်ရာ လေဆိပ်အဖြစ် Soft Open ပြုလုပ်ထားပြီး ၂ဝ၁၃ ခုနှစ် ဧပြီ ၁ ရက်မှစ၍ အပြည်ပြည် ဆိုင်ရာ လေယာဉ်များဆင်းသက်၍ အပြည်ပြည် ဆိုင်ရာလေဆိပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေး ကို ပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီးရုံး၌ ကျင်းပရာ ပို့ဆောင်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင် တက်ရောက် ၍ အဖွင့် အမှာစကား ပြောကြားသည်။

အီရန်နျူကလီးယားအရေး အမေရိကန်နဲ့ အစ္စရေးလ် အမြင်တူ

အီရန်နျူကလီးယားအရေး အမေရိကန်နဲ့ အစ္စရေးလ် အမြင်တူ 
Thursday, 21 March 2013 

အီရန်နိုင်ငံအနေနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်လာနိုင်ချေ အလားအလာ ဘယ်လောက်အထိ နီးစပ်လာသလဲ ဆိုတဲ့အပေါ် အမေရိကန် ပြည်ထောင်စုနဲ့ အစ္စရေးလ်တို့ အကဲဖြတ်ချက်တွေဟာ သိပ်ပြီးတော့ ကွာဟမှု မရှိဘူးလို့ အမေရိကန် သမ္မတ ဘရက်ခ် 
အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။
 
အမေရိကန်လို ရင်းနှီးတဲ့ မဟာမိတ်နိုင်ငံတွေ ဖြစ်ပါစေ၊ အစ္စရေးလ်အနေနဲ့ လိုအပ်လို့ စစ်ရေးအရ အရေးယူမယ် ဆုံးဖြတ်ထားရင်  ဒီဆုံးဖြတ်ချက် အတိုင်း ချက်ခြင်းလုပ်မယ်လို့ သူထင်တဲ့အကြောင်းလည်း သမ္မတ အိုဘားမား က မနေ့တုန်းက ဂျေရုဆလင်မှာ အစ္စရေးလ် ၀န်ကြီးချုပ် ဘန်ယာမင် နတန်ယာဟု (Benjamin Netanyahu) နဲ့အတူလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။
 
အီရန်နိုင်ငံ နျူကလီးယားလက်နက် မပိုင်ဆိုင်ရေးအတွက် အမေရိကန် ပြည်ထောင်စု အနေနဲ့ ဖြစ်နိုင်သမျှ နည်းလမ်းအားလုံး အသုံးပြုမယ်ဆိုတာကို ထပ်ပြောပါတယ်။ ဒါပေမဲ့လို့ အခုအချိန်အထိတော့ သံတမန်ရေးအရ ဖြေရှင်းနိုင်ချေ ရှိနေတုန်းပဲလို့ ဆိုပါတယ်။
 
အီရန်အနေနဲ့ အစ္စရေးလ် ဂျူးနိုင်ငံတည်ရှိမှုကို ဖျက်ဆီး သွားမယ်လို့ ပြောနေတာကြောင့်၊ အီရန်နျူကလီးယား လက်နက်ဟာ အစ္စရေးလ် တည်ရှိမှုကို ခြိမ်းခြောက်နေတယ်လို့ အစ္စရေးလ်ဘက်က ယူဆထားတာပါ။ အီရန်ဘက်ကတော့ သူတို့ရဲ့ နျူကလီးယား အစီအစဉ်ဟာ အရပ်ဘက်သက်သက် သုတေသန လုပ်ငန်းတွေနဲ့ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုတို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ အခိုင်အမာ ငြင်းချက် ထုတ်နေပါတယ်။
 
အီရန်အနေနဲ့ နျူကလီးယားလက်နက် ထုတ်ဖို့ ဆုံးဖြတ်ရင် တနှစ်လောက်အတွင်း မှာ နျူကလီးယားဗုံး ထုတ်လုပ်နိုင်ချေ ရှိတယ်ဆိုတဲ့ အကဲဖြတ်ချက်ဟာ သူရော သမ္မတ အိုဘားမားမှာပါ အမြင် သဘောထားတူတယ်လို့ မစ္စတာ နတန်ယာဟု က ပြောခဲ့ပါတယ်။
 
အီရန်ဘက်က ယူရေနီယံ သန့်စင်မှုတွေ ဆက်လုပ်နေတာဟာလည်း သီးခြားကိစ္စရပ် တခုဖြစ်တယ်လို့ သူက ပြောပါတယ်။ အီရန်က ယူရေနီယံသန့်စင်မှုတွေ လုပ်ရင်းကနေ တဖြေးဖြေးနဲ့ စစ်ရေးအရပါ အရေးယူ ကိုင်တွယ်လို့မရတဲ့ အဆင့်အထိ ရောက်လာလိမ့် မယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ်က သတိပေးပြောခဲ့ပါတယ်။
 
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွင်းမှာပဲ အီရန်ဟာ နောက်နှစ်လယ်လောက်ဆိုရင် တားမရအောင် အန္တရာယ်ရှိတဲ့ အဆင့်အထိ ရောက်လာနိုင်တယ်လို့ မစ္စတာ နတန်ယာဟု က သတိပေးခဲ့ပါတယ်။

ဓာတ်ပုံ - သမ္မတ အိုဘားမားနဲ့ အစ္စရေးလ်ဝန်ကြီးချုပ် ဘန်ယာမင် နတန်ယာဟု တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ် (၂၀ မတ် ၂၀၁၃)

ဗွီအိုအေ အီရန်နိုင်ငံအနေနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်လာနိုင်ချေ အလားအလာ ဘယ်လောက်အထိ နီးစပ်လာသလဲ ဆိုတဲ့အပေါ် အမေရိကန် ပြည်ထောင်စုနဲ့ အစ္စရေးလ်တို့ အကဲဖြတ်ချက်တွေဟာ သိပ်ပြီးတော့ ကွာဟမှု မရှိဘူးလို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။

အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် သံအမတ်ကြီးတို့ လွိုင်ကော်တွင် ငြိမ်းချမ်းရေးနှင့် မြေမြှုပ်မိုင်းအန္တရာယ် ကာကွယ်ရေး ဆွေးနွေး

အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် သံအမတ်ကြီးတို့ လွိုင်ကော်တွင် ငြိမ်းချမ်းရေးနှင့် မြေမြှုပ်မိုင်းအန္တရာယ် ကာကွယ်ရေး ဆွေးနွေး
Thursday, 21 March 2013 

အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး၊ ပဋိပက္ခဖြေရှင်းရေးနှင့် တည်ငြိမ်မှု တည်ဆောက်ရေးလုပ်ငန်းအဖွဲ့ အကြီးအကဲ Mr. Rick Barton နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mr. Derek Mitchell တို့သည် မတ်လ ၂၀ ရက်နေ့က ကယားပြည်နယ်၊လွိုင်ကော်မြို့သို့ သွားရောက်ကာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် မြေမြှုပ်မိုင်းအန္တရာယ် ကာကွယ်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။

၎င်းတို့၏ ပထမဆုံး ကယားပြည်နယ်ခရီးစဉ်အတွင်း ကယားပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်ဝန်ကြီးချုပ်၊ ကယားပြည်နယ်အတွင်းရှိ အပစ်အခတ်ရပ်စဲထားသော အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး လွိုင်ကော် တက္ကသိုလ် ကျောင်းသားများနှင့်လည်း တွေ့ဆုံစကားပြောခဲ့သည်။

''ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ကယားပြည်နယ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပါအ၀င် မြေမြှုပ်မိုင်းကိစ္စရပ်တွေ၊ ဒီမိုကရေစီ ဘယ်လောက် ခရီးရောက်နေပြီ ဆိုတာတွေနဲ့ ပတ်သတ်ပြီး နောက်ဆုံး အခြေအနေကို  ခြုံငုံပြောကြားခဲ့ပါတယ်''ဟု အမေရိကန်သံရုံးမှ
ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
    
Mr. Rick Barton နှင့် အမေရိကန် သံအမတ်ကြီးတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကယားပြည်နယ်အတွင်းရှိ KNPP၊ KNPLF၊ 
KNSO၊ KNLP၊ KNPDP၊ KNDP အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်
တွေ့ဆုံကာ အမေရိကန်နိုင်ငံက မြေမြှုပ်မိုင်းဆိုင်ရာ ပညာပေးလုပ်ငန်းများ တွင် အကူအညီပေးရန် ကမ်းလှမ်းခဲ့သည်။

''အမေရိကန်အစိုးရက မြေမြှုပ် မိုင်းအန္တရာယ် ကာကွယ်ရေးနဲ့ ပညာပေးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အစိုးရအဖွဲ့အစည်းတစ်ခုကို အကူအညီပေးဖို့ ရှိပါတယ်''ဟု အမေရိကန်သံရုံးမှ ဒုတိယပြည်သူ့ရေးရာ အရာရှိ မိုက်ကယ်ကွင်လန်းက ပြောကြားခဲ့သည်။

အမေရိကန် သံအမတ်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့က ကယားတိုင်းရင်းသား အဖွဲ့အစည်းများကိုလည်း မြေမြှုပ်မိုင်းအန္တရာယ် ကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲများ လုပ်ပေးမည်ဟု ကမ်းလှမ်းထားပြီး သဘော တူညီချက် ရထားကြောင်း သိရသည်။

မြေမြှုပ်မိုင်း စောင့်ကြည့်ရေးအဖွဲ့၏ နောက်ဆုံးထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်း ညစ်ညမ်းမှု အဆိုးဆုံးသော နိုင်ငံများထဲတွင် တစ်နိုင်ငံဖြစ်ပြီး မြေမြှုပ်မိုင်းကြောင့် မတော်တဆ ထိခိုက်မှုအရေအတွက်မှာ ပဉ္စမမြောက် အများဆုံးဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့က လွန်ခဲ့သည့် ဆယ်နှစ်အတွင်းတွင် မြန်မာနိုင်ငံ၌
မြေမြှုပ်မိုင်းကြောင့် ထိခိုက်(သို့) သေဆုံးသူ ၃၀၀၀ ခန့် မှတ်တမ်း တင်နိုင်ခဲ့ပြီး တရားဝင်ထုတ်ပြန်သည့် ကိန်းဂဏန်းမရှိသဖြင့် အမှန်တကယ် ထိခိုက်သူဦးရေမှာ အဆိုပါမှတ်တမ်းထက် များနိုင်ခြေရှိကြောင်း သိရသည်။

ဓာတ်ပုံ - အမေရိကန် ကိုယ်စားလှယ်အဖွဲ့နှင့် ကယား အဖွဲ့အစည်းများ
ဆွေးနွေးနေစဉ် ( နွဲ့ယဉ်အေး)

Eleven Media Group အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး၊ ပဋိပက္ခဖြေရှင်းရေးနှင့် တည်ငြိမ်မှု တည်ဆောက်ရေးလုပ်ငန်းအဖွဲ့ အကြီးအကဲ Mr. Rick Barton နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mr. Derek Mitchell တို့သည် မတ်လ ၂၀ ရက်နေ့က ကယားပြည်နယ် ၊လွိုင်ကော်မြို့သို့ သွားရောက်ကာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် မြေမြှုပ် မိုင်းအန္တရာယ် ကာကွယ်ရေး အတွက် ဆွေးနွေး ခဲ့ကြသည်။

တောင်ကိုရီးယား Cyber အတိုက်ခံရသလား

Photo: တောင်ကိုရီးယား Cyber အတိုက်ခံရသလား 
Thursday, March 21, 2013

တောင်ကိုရီးယားနိုင်ငံက အသံလွှင့်ဌာနတွေနဲ့ ဘဏ္ဍာငွေကြေး အဖွဲ့အစည်းတွေရဲ့ ကွန်ပြူတာ ကွန်ရက်စနစ်တွေမှာ ကျယ်ပြန့်တဲ့ ဆိုင်ဘာတိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူတွေ က ပြောကြားလိုက်ပြီးတဲ့နောက် တောင်ကိုရီးယား စစ်တပ်က
အသင့် အနေအထားကို မြှင့်တင်လိုက်ပါတယ်။
 
ဒီကိစ္စမှာ မြောက်ကိုရီးယား ပါဝင်ပတ်သက်မှု မရှိဘူးဆိုပြီး ပယ်ချလို့မရဘူးလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာနက ပြောပါတယ်။ မြောက်ကိုရီးယားဟာ တောင်ကိုရီးယား အပေါ်မှာ ဆိုင်ဘာ တိုက်ခိုက်မှု လုပ်ခဲ့ဖူးတဲ့ သမိုင်းကြောင်း ရှိထားပါတယ်။
 
ဒါပေမဲ့လည်း ဒီတိုက်ခိုက်မှုဟာ နိုင်ငံ့ပြင်ပကနေ လာတယ်ဆိုတဲ့ အထောက်အထား မတွေ့ရသေးဘူးလို့ တောင်ကိုရီးယား အင်တာနက်နဲ့ လုံခြုံရေးအေဂျင်စီက ပြောပါတယ်။ ကွန်ပြူတာစနစ် ချို့ယွင်းမှုဟာ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်း ကတည်းကစတင် ဖြစ်ပွားခဲ့တာ ဖြစ်ပြီး
KBS, MBC နဲ့ YTN အသံလွှင့်ဌာန သုံးခုထက် မနည်းရဲ့ ကွန်ပြူတာတွေဟာ ရပ်တန့်သွားခဲ့တာပါ။
 
အလိုအလျောက် ငွေထုတ်စက် ATM တချို့အပါအ၀င် Shinhan ဘဏ်နဲ့ Nonghyup ဘဏ်တို့ရဲ့ ကွန်ပြူတာစနစ်တွေ ချို့ယွင်းသွားခဲ့ပါတယ်။ အစုရှယ်ယာ ဈေးကွက်ကို မထိခိုက်ပေမဲ့ တိုက်ခိုက်ခံရတဲ့ သတင်းတွေ ထွက်လာခဲ့ပြီးနောက် တောင်ကိုရီးယား အစုရှယ်ယာဈေးနှုန်းတွေ ထိုးကျသွားခဲ့ပါတယ်။ ဒီကိစ္စအပေါ် အစိုးရက သေသေချာချာ စုံစမ်းစစ်ဆေးနေပြီး တုံ့ပြန်လုပ်ဆောင်သွားဖို့ ပြင်ဆင်နေတယ်လို့ သမ္မတရုံးပြောခွင့်ရ က ပြောပါတယ်။

ဗွီအိုအေ တောင်ကိုရီးယားနိုင်ငံက အသံလွှင့်ဌာနတွေနဲ့ ဘဏ္ဍာငွေကြေး အဖွဲ့ အစည်းတွေရဲ့ ကွန်ပြူတာကွန်ရက်စနစ်တွေမှာ ကျယ်ပြန့်တဲ့ ဆိုင်ဘာ တိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူတွေ က ပြောကြား လိုက်ပြီးတဲ့နောက် တောင်ကိုရီးယားစစ်တပ်ကအသင့် အနေအထား ကို မြှင့်တင်လိုက်ပါတယ်။
 ဒီကိစ္စမှာ မြောက်ကိုရီးယား ပါဝင်ပတ်သက်မှုမရှိဘူးဆိုပြီး ပယ်ချလို့ မရ ဘူးလို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဌာနက ပြောပါ တယ်။ မြောက်ကိုရီးယားဟာ တောင်ကိုရီးယား အပေါ်မှာ ဆိုင်ဘာ တိုက်ခိုက်မှုလုပ်ခဲ့ဖူးတဲ့ သမိုင်းကြောင်း ရှိထားပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ယနေ့ (မတ်လ ၂၁ ရက်) နံနက် ၇ နာရီ ဝန်းကျင်တွင် ထားဝယ်မြို့ သို့ လေကြောင်းခရီးဖြင့်ရောက်ရှိနေပြီဖြစ်ကြောင်း သိရ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ယနေ့ (မတ်လ ၂၁ ရက်) နံနက် ၇ နာရီ ဝန်းကျင်တွင် ထားဝယ်မြို့ သို့ လေကြောင်းခရီးဖြင့်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

(မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)

မတ်လ ၂၁ ရက် နံနက် ၈ နာရီ ၄၀ မိနစ်
မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်နှင့် ဝန်ဇင်းရပ်ကွက်ကြားတွင် မတ်လ ၂၁ ရက်နေ့ ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် မီးငြိမ်းသွားပြီ ဖြစ်ကြောင်း မိတ္ထီလာမြို့ အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရသိရသည်။
အဆိုပါမီးလောင်မှုကြောင့် သေဆုံးသူမရှိသော်လည်း ဒဏ်ရာရသူအချို့ရှိကြောင်း သိရသည်။

"ဈေးရောင်းဝယ်ကို လူမှုရေးအမြင်နဲ့ကြည့်လို့ ပဋိပက္ခဖြစ်ဟု သီတဂူဆရာတော် ပြော"

"ဈေးရောင်းဝယ်ကို လူမှုရေးအမြင်နဲ့ကြည့်လို့ ပဋိပက္ခဖြစ်ဟု သီတဂူဆရာတော် ပြော"

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့ အကြောင်းရင်းခံဟာ ဈေးအရောင်းအဝယ်ကိစ္စကို လူမူရေးကိစ္စ ဘာသာရေးကိစ္စတွေနဲ့ကြည့်တဲ့ အတွက် နိုင်ငံတော်ရဲ့ အနာဂတ်မှာ ရှုပ်ထွေးတဲ့လမ်းကြောင်းတွေ ဖြစ်လာတယ်လို့ သီတဂူဆရာတော် အရှင်ဥာဏိသရက ဒီကနေ့ RFA ကိုမိန့်ကြားပါတယ်။

ဘာသာဝင်တိုင်းဟာ မိမိတို့ကိုးကွယ်ရာ ဘုရားရှင်တို့ရဲ့ အဆုံးအမကို အတိအကျလိုက်နာဖို့လိုပြီး ဂရုဏာ၊ပညာအပြည့်အဝနဲ့ လုပ်ဆောင်ဖို့လိုအပ်တယ်လို့ အရှင်ဥာဏိသရက မိန့်ကြားပါတယ်။

မိတ္ထီလာမြို့ကို ကြွလာရန် ပြင်ဆင်နေသည့် ဗုဒ္ဓဘာသာ ရဟန်းတော်များအနေနှင့်လည်း ဆူပူမှုကို ဝိုင်းဝန်းထိန်းသိမ်းသူ ဘုရားသားတော်များ ဖြစ်အောင် ဆူပူမူထဲမှာ ပါဝင်ပက်သက်သူများ မဖြစ်အောင် စောင့်စည်းရန်လိုကြောင်းပဋိပက္ခကို ဖြေရှင်းရမည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လည်း ခြေလွန်လက်လွန် မဖြစ်စေဘဲ၊ဥပဒေအတိုင်းထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့နဲ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းတဲ့ပုဂ္ဂိုလ်တွေ အနေနဲ့လည်း ဂရုဏာ၊ပညာလက်လွတ်ပြီး ဒေါသလွန်ကဲသွားပါက ဆူပူမှုကို အားပေးသူများဖြစ်သွားနိုင်ကြောင်း ယင်းကြောင့် စိတ်ရှည်လက်ရှည်နဲ့ အဓိကရုဏ်းကို ထိန်းသိမ်းဖို့ လိုအပ်ကြောင်း သီတဂူဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့ အကြောင်းရင်းခံဟာ ဈေးအရောင်းအဝယ်ကိစ္စကို လူမူရေးကိစ္စ ဘာသာရေးကိစ္စတွေနဲ့ကြည့်တဲ့ အတွက် နိုင်ငံတော်ရဲ့ အနာဂတ်မှာ ရှုပ်ထွေးတဲ့လမ်းကြောင်းတွေ ဖြစ်လာတယ်လို့ သီတဂူဆရာတော် အရှင်ဥာဏိသရက ဒီကနေ့ RFA ကိုမိန့်ကြားပါတယ်။

ငွေစက္ကူအတုကို အများသိနိုင်ရန် ထုတ်ပြန်ကြေညာသင့်ကြောင်း ပညာရှင်များပြောကြား


  ငွေစက္ကူအတုများနှင့် ပတ်သက်၍ နိုင်ငံတော်ဗဟိုဘဏ်က အများပြည်သူ လွယ်ကူစွာ သိရှိနိုင်ရန် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ကြေ ညာပေးသင့်ကြောင်းစီးပွားရေးပညာရှင်များက ပြောကြား သည်။ ပြည် တွင်းလှည့်လည် သုံးစွဲနေသည့် ငွေကြေးများတွင် ကျပ်တစ်ထောင်နှင့် ကျပ်ငါးထောင်တန် ငွေစက္ကူအတုများ ရောနှောပါဝင်နေသည့်အတွက်

မိတ္ထီလာမှ ဗုဒ္ဓဘာသာဝင် များ နှင့် ရဲတပ်ဖွဲ့ ဝင်များအား မင်းကိုနိုင် အပြစ်တင်

မိတ္ထီလာမှ ဗုဒ္ဓဘာသာဝင် များ နှင့် ရဲတပ်ဖွဲ့ ဝင်များအား 
မင်းကိုနိုင် အပြစ်တင်
Thursday, March 21, 2013

မိတ္ထီလာမှ ဗုဒ္ဓဘာသာဝင် များ နှင့် ရဲတပ်ဖွဲ့ ဝင်များအား ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်မှ အပြစ်တင် ဝေဖန်လိုက်ကြောင်း သတင်းရရှိသည်။

မွတ်ဆလင်ဘာသာဝင်တို့ ရိုက်နှပ်ခြင်းခံလိုက်ရသော မြန်မာ ဗုဒ္ဓဘာသာဝင် အတွင် မင်းကိုနိုင်မှ တစုံတရာ စိုးရိမ်ကြောင်း လုံးဝ မပြောသည့်အပြင်
ပြန်လည် တုန့်ပြန်ခဲ့သော ဗုဒ္ဓဘာသာဝင်များကို အကြမ်းဖက်သမားများ အသွင်ဖြင့် "ဒီလိုမျိုး အကြမ်းဖက်မှုတွေ ဖြစ်လာရင် သုညကို ပြန်ရောက် သွားလိမ့်မယ်” ဟု ကျောင်းသားခေါင်းဆောင်း ဦးမင်းကိုနိုင်မှ ပြောကြား
လိုက်သည်။
...
ဒါ့အပြင် ဦးမင်းကိုနိုင်မှ အုပ်ချုပ်ရေး ရဲဝန်ထမ်းများမှ မြန်မာဗုဒ္ဓဘာသာ ဝင်များကို ဝင်ရောက်ဖမ်းဆီးခြင်း မရှိသည့်အတွက် အဆိုပါ ကိစ္စရပ်မှာ
မေးခွန်း ထုတ်စရာဖြစ်ကြောင်း ကိုမင်းကိုနိုင်က ပြောကြားသည်။

မိထ္ထီလာ ကားဝန်းရှေ့ရှိ မြို့နယ် ပညာရေးမှူးရုံး မီးလောင် သည့်အထဲတွင် ပါဝင်သွားပြီဖြစ်ကြောင်း နှင့် လက်ရှိအချိန် တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ချက်ကို အသံချဲ့စက်များဖြင့် လိုက်လံ ကြေညာနေကြောင်း ဒေသခံများ၏
ပြောကြားချက် အရသိရသည်။


ဦးမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်များသည် မြန်မာနှင့် မွတ်စလင် တို့
ပြဿနာဖြစ်လာတိုင်း မြန်မာဗုဒ္ဓဘာသာများကိုသာ အပြစ်တင်လေ့ရှိပြီး ပြီးခဲ့သည့် ရခိုင်အဓိကရုံးတွင်လည်း ရခိုင်ဒုက္ခသည် တို့၏ နေအိမ်များကို မီးရှို့သော မွတ်ဆလင် ဘာသာဝင်များကို အပြစ်ရှိကြောင်း လုံးဝ မပြောခဲ့ပေ။

ပြီးခဲ့သည့် ဗကသ အစည်းအဝေးတွင်လည်း "ပထမဆုံး ဗက သ ဥက္ကဋ္ဌ အစ္စလာမ်ဘာသာဝင်အဖြစ် မစ္စတာ ရရှစ်ကို ကျနော်တို့ ရက်ရက်ရောရော
ကြီးပေး ခဲ့တယ် ဆို တာ အသိအမှတ်ပြုစေချင်ပါတယ်" ဟု ဦးမင်းကိုနိုင်မှ
ပြောကြားခဲ့သည်။


Nay Tun ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

Credit To : ဗဟုသုတ ဟင်းပေါင်းအိုးကြီး မိတ္ထီလာမှ ဗုဒ္ဓဘာသာဝင်များ နှင့် ရဲတပ်ဖွဲ့ဝင်များအား ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် ဦးမင်းကိုနိုင်မှ အပြစ်တင် ဝေဖန်လိုက်ကြောင်း သတင်း ရရှိ သည်။
မွတ်ဆလင်ဘာသာဝင်တို့ ရိုက်နှပ်ခြင်းခံလိုက်ရသော မြန်မာဗုဒ္ဓဘာသာဝင် အတွင် မင်းကိုနိုင်မှ တစုံတရာစိုးရိမ်ကြောင်း လုံးဝမပြောသည့်အပြင်ပြန်လည် တုန့်ပြန် ခဲ့သော ဗုဒ္ဓဘာသာဝင်များကို အကြမ်းဖက်သမားများ အသွင်ဖြင့် "ဒီလိုမျိုး အကြမ်း ဖက်မှုတွေ ဖြစ်လာရင် သုညကို ပြန်ရောက်သွားလိမ့်မယ်” ဟု ကျောင်း သားခေါင်းဆောင်း ဦးမင်းကိုနိုင်မှ ပြောကြားလိုက်သည်။

မိတ္ထီလာ ပဋိပက္ခဖြစ်စဉ် နောက်ဆုံးရသတင်း

မနေ့က (မတ်လ ၂၀)ရက်နေ့ နေ့လည်က မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နဲ့ ပက်သက်၍ RFA က ဒီကနေ့မနက် ၂၁ ရက်နေ့ မနက် ၅ နာရီ ၂၀ မိနစ်တွင် ဆက်သွယ်မေးမြန်းရာ မိတ္ထီလာမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက "ဝန်ဇင်းကန်ဘောင်ပတ်ဝန်းကျင်တွင် လူ ၂၀ ခန့်စုရုံးနေသည့်အတွက် ရဲတပ်ဖွဲ့ဝင် များက သွားရောက်ရှင်းလင်းရန် ပြင်ဆင်နေကြောင်း၊မနေ့ညက ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ အမိန့်ကို ချိုးဖောက်သူများ မတွေ့ရှိရကြောင်း၊မနေ့နေ့လယ် ဖျက်ဆီးခံခဲ့ရသည့် ဆိုင်ခန်းနှင့်နေအိမ်အချို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက စောင့်ကြပ်ကြည့်ရှုပေးနေကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

“အမေရိကန်သမ္မတစီးသည့်ကား လောင်စာဆီ မှားထည့်မိသဖြင့် စက်ချွတ်ယွင်း”

“အမေရိကန်သမ္မတစီးသည့်ကား လောင်စာဆီ မှားထည့်မိသဖြင့် စက်ချွတ်ယွင်း”

အိုဘားမား၏ အစ္စရေးခရီးစဉ်အတွင်း အမေရိကန်သမ္မတ စီးနင်းလိုက်ပါလေ့ရှိသည့် "Beast" ကျည်ကာဇိမ်ခံ မော်တော်ကားများ အနက်မှ တစ်စီးမှာ လောင်စာဆီ မှားယွင်းထည့်မှုကြောင့် စက်ချွတ်ယွင်းမှုဖြစ်ခဲ့ကြောင်း သိရသည်။

စက်ချွတ်ယွင်းမှု ဖြစ်ပေါ်သည့်ကားမှာ ဝါရှင်တန်မှ တိုက်ရိုက် သယ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး အိုဘားမား၏ သုံးရက်ကြာ ခရီးစဉ်စဉ်အတွင်း ပထမဆုံး မမျှော်လင့်သည့်ချွတ်ယွင်းမှု ကြုံရခြင်းလည်းဖြစ်သည်။ 

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက တဲလ်အဗစ်မြို့ရှိ ဘင်ဂူရီယန်လေဆိပ်တွင် ရပ်နားထားစဉ် ဓာတ်ဆီအစား ဒီဇယ်ထည့်မိသဖြင့် စက်ချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Read more http://www.planet.com.mm/news/read.cfm/id/21249
အိုဘားမား၏ အစ္စရေးခရီးစဉ်အတွင်း အမေရိကန်သမ္မတ စီးနင်း လိုက် ပါလေ့ရှိသည့် "Beast" ကျည်ကာဇိမ်ခံ မော်တော်ကားများ အနက်မှ တစ်စီးမှာ လောင်စာဆီ မှားယွင်းထည့်မှုကြောင့် စက်ချွတ် ယွင်းမှုဖြစ် ခဲ့ကြောင်း သိရသည်။