Wednesday, April 10, 2013

စက်မှုထိပ်သီး ၈ နိုင်ငံ မြန်မာ့အရေး ဆွေးနွေးမည်


ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ ကျင်းပမယ့် G8 စက်မှုထိပ်သီး ၈ နိုင်ငံ အစည်းအဝေးမှာ မြန်မာနိုင်ငံ အရေးကိစ္စကိုလည်း ဆွေးနွေးကြ ဖို့ရှိပါတယ်။ ဘယ်ကိစ္စကို အဓိကထား ဆွေးနွေးကြမယ်ဆိုတာ အတိအကျ မသိရပေမဲ့ ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာ အစိုးရက တင်ပြထားသလို တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးကိစ္စကို ဆွေးနွေးကြ လိမ့်မယ်လို့ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားခြေလှမ်း တပ်လှန့်စောင့်ကြည့်မှု အဆင့်မြှင် စောင့်ကြည့်မှုတိုးမြှင့်


တောင်ကိုရီးယားနဲ့ အမေရိကန်က မြောက်ကိုရီးယား အခြေအနေကို သေချာစောင့်ကြည့်မှု အရှိန်မြှင့် (၁၀ ဧပြီ ၂၀၁၃)
      
မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည် ပစ်လွှတ် စမ်းသပ်လာနိုင်ခြေ ရှိတဲ့အတွက် အမေရိကန်နဲ့ တောင်ကိုရီးယားတပ်ဖွဲ့တွေရဲ့ အသင့်အနေအထားကို အဆင့်မြှင့်တင်ထားပါတယ်။

ဗလီများ ဆောက်လုပ်နိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်ပြီး တရားဝင်ခွင့်ပြုချက် မရရှိဘဲ ဗလီများ ဆောက်လုပ်ခွင့် ဗလီများအတွင်း စာသင်ကြားခွင့် မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ ပြောကြား

ဗလီများ ဆောက်လုပ်နိုင်ရန် ပြည်ထဲရေး ဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်ပြီး တရားဝင်ခွင့်ပြုချက် မရရှိဘဲ ဗလီများ ဆောက်လုပ်ခွင့် ဗလီများအတွင်း စာသင်ကြားခွင့် မရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ အတွင်းရေမှူး ဦးခင်မောင်သိန်းက ဧပြီလ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့နှင့် မီဒီယာ များ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

အမေရိကန် စစ်သား-စက်ရုပ်ဝတ်ဆုံ

အမေရိကန် စစ်သား-စက်ရုပ်ဝတ်ဆုံ
Wednesday, April 10, 2013

အမေရိကန် ကြည်းတပ် အသုံးပြုဖို့အတွက် ရည်ရွယ်လို့ ကုမ္မဏီ တစ်ခု က ထုတ်လုပ်ဖန်တီးပေးခဲ့တဲ့ ဝတ်စုံ ဖြစ်ပါတယ်။

Exoskeleton (XOS2) လို့ အမည်ရပါတယ်။ ယင်း အဝတ်ကို ဝတ်ဆင် လိုက်ပြီဆိုရင် သာမန် လူထပ် ၁၇ ဆ ပိုမို သန်မာမယ်လို့ ဆို ပါ တယ်။ ပေါင် ၂၀၀ အလေးချိန်ကို အလွယ်တကူ မနိုင်ပြီး သာမန် လူအတိုင်း သယ်နိုင်၊ သွားနိုင်ပါတယ်။ တောင်ပေါ် တက်၊ တောင်အောက် ဆင်း၊ ခရီးကြမ်း မျိုးစုံကို အလွယ်တကူ သွားလာနိုင်မှာ ဖြစ်ပါတယ်။

ပေါင် ၂၀၀ အထက်မက အလေးချိန်ကို အကြိမ်ပေါင်း တစ်ရာကျော်မ
ကလည်း သယ်နိုင်ပါတယ်။ ဒီအတွက် ဝတ်ဆုံက သူ့ပါသူ အလုပ်လုပ်
သွားမှာ ဖြစ်ပါတယ်။ ဈေးလည်း မနည်းပါဘူး။ Research မှာတင် ကုန်ကျစရိတ်အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီ အကုန်ခံထားပြီး Set တစ်ခု
တိုင်းစီအတွက် တန်ဖိုးကတော့ အမေရကန်ဒေါ်လာ သန်းနဲ့ချီမှာ ဖြစ်ကြောင်း သိရပါတယ်။

Ref: techblog
ရိုးရာလေး နည်းပညာ
--
http://www.yoyarlay.com/science-tech/134-inventions/35121-exoskeleton-xos2အမေရိကန် ကြည်းတပ် အသုံးပြုဖို့အတွက် ရည်ရွယ်လို့ ကုမ္မဏီ တစ်ခု က ထုတ်လုပ်ဖန်တီးပေးခဲ့တဲ့ ဝတ်စုံ ဖြစ်ပါတယ်။
Exoskeleton (XOS2) လို့ အမည်ရပါတယ်။ ယင်း အဝတ်ကို ဝတ်ဆင် လိုက်ပြီဆိုရင် သာမန် လူထပ် ၁၇ ဆ ပိုမို သန်မာမယ်လို့ ဆို ပါ တယ်။ ပေါင် ၂၀၀ အလေးချိန်ကို အလွယ်တကူ မနိုင်ပြီး သာမန် လူ အတိုင်း သယ်နိုင်၊ သွားနိုင်ပါတယ်။ တောင်ပေါ် တက်၊ တောင်အောက် ဆင်း၊ ခရီးကြမ်းမျိုးစုံကို အလွယ်တကူသွားလာနိုင်မှာ ဖြစ်ပါတယ်။

လှည်းတန်းခုံးက ရန်ကုန် ယာဉ်ကြောပိတ်မှုကို မဖြေရှင်းနိုင်

လှည်းတန်းခုံးကျော် တံတားပေါ်တွင်ပါ ယာဉ်များ တန်းစီ ပိတ်ဆို့နေ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)


ရန်ကုန်မြို့၏ အချိန်အကြာဆုံးသော ယာဉ်ကြောပိတ်ဆို့သည့် နေရာတခုဖြစ်သော လှည်းတန်းလမ်းဆုံတွင် ခုံးကျော် တံတားကို ယနေ့ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သော်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။

ငရဲပြည်တံခါးဝဟု ယူဆရသော မြို့ဟောင်းတစ်ခု တူရကီ၌ တွေ့ရှိ

ငရဲပြည်တံခါးဝဟု ယူဆရသော မြို့ဟောင်းတစ်ခု တူရကီ၌ တွေ့ရှိ
Wednesday, 10 April 2013

ငရဲပြည်တံခါးဝဟု ယူဆရသော မြို့ဟောင်းတစ်ခု တူရကီ၌ တွေ့ရှိ
တူရကီနိုင်ငံ အနောက်တောင်ပိုင်း ဒီနစ်ဇလီ ပြည်နယ်ပါ မို့ခ်ခါလီ မြို့တွင် ဂရိနှင့် ရောမဒဏ္ဍာရီများထဲမှ ငရဲပြည် တံခါးဝဟု ယူဆရသော မြို့ဟောင်း တစ်ခုကို အီတ လီရှေးဟောင်း သုတေသန ပညာရှင်များက ရှာဖွေ
တွေ့ရှိခဲ့ရ ကြောင်း Daily Mail သတင်းတစ်ရပ်တွင် ဖော်ပြသွားခဲ့သည်။

ဘီစီ ၁၉၀ ခန့်က ဟိုရာပိုလစ်ဟု အမည်ရသော ယင်းဒေသတွင် ပါဂန်မစ် မျိုးနွယ်ဝင် အူမန်နက်စ် ဘုရင်က ပရိုင် ဂျီယန် ရှေးဟောင်း မြို့တော်ကို တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ထိုမြို့တွင် ငရဲပြည်ဟု မုခ်တံခါးဝဟု ယူဆရ သော အဆောက်အအုံ တစ်ခုကို ဖရန်ဆစ်ကို ဒီအန်ဒရီယာ ဦးဆောင်သော အီတလီ ရှေးဟောင်း သုတေသန ပညာရှင် အဖွဲ့က
တွေ့ရှိခဲ့သည်။

ထိုအဆောက် အအုံ၏ အောက်ခြေ လှိုဏ်ခေါင်း အတွင်း၌ အပှုချိန်
မြင့်မားပြီး ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ပါဝင်သော မြူခိုးများ ထူထပ်စွာ ဖုံးလွှမ်း နေသည်ကို တွေ့ရှိရ သောကြောင့် သိပ္ပံပညာရှင်
များက ငှက်များ စေလွှတ်၍ ပျံသန်း စေသောအခါ အဆိပ်ဓာတ်ငွေ့ သင့်၍ သေဆုံးသွားသည်ကို တွေ့ရသည်။

YoYarLay ငရဲပြည်တံခါးဝဟု ယူဆရသော မြို့ဟောင်းတစ်ခု တူရကီ၌ တွေ့ရှိ
တူရကီနိုင်ငံ အနောက်တောင်ပိုင်း ဒီနစ်ဇလီ ပြည်နယ်ပါ မို့ခ်ခါလီ မြို့ တွင် ဂရိနှင့် ရောမဒဏ္ဍာရီများထဲမှ ငရဲပြည် တံခါးဝဟု ယူဆရသော မြို့ဟောင်း တစ်ခုကို အီတ လီရှေးဟောင်း သုတေသန ပညာရှင် များက ရှာဖွေ တွေ့ရှိခဲ့ရ ကြောင်း Daily Mail သတင်း တစ်ရပ် တွင် ဖော်ပြသွားခဲ့သည်။

၃ နှစ်တာ ကာလ အတွင်း UNDP မှ အမေရိကန် ဒေါ်လာသန်း ၁၅၀ ကူညီပေးမည်

၃ နှစ်တာ ကာလ အတွင်း UNDP မှ အမေရိကန် ဒေါ်လာသန်း ၁၅၀ ကူညီပေးမည်

Wednesday 10th April 2013

မြန်မာနိုင်ငံ အတွက် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်း ကုလသမဂ္ဂက ဖွံဖြိုးမှု အစီအစဉ် UNDP မှ  အမေရိကန် ဒေါ်လာ သန်း ၁၅၀ ကို ထောက်ပံ့ပေးမှာ
ဖြစ်တယ်လို့ သိရပါတယ်။  အဆိုပါ ထောက်ပံ့မှုဟာ Country Programme Action Plan အရ ထောက်ပံ့ ပေးတာ ဖြစ်ပါတယ်။ အဆိုပါ ထောက်ပံ့မှုမှာ ပထမ မဏ္ဍိုင် အဖြစ် စဉ်ဆက်မပြတ် လူ့အဖွဲ့အစည်း ဆိုင်ရာ အလုံးစုံ ဖွံ့ဖြိုးမှုနဲ့ ထိရောက်တဲ့ဒေသ အတွင်း လုပ်ဆောင်မှုတို့ အတွက် အမေရိကန် ဒေါ်လာ ၅၉ သန်း ဒုတိယမဏ္ဍိုင် အဖြစ် ရာသီဥတု ပြောင်းလဲမှု၊ သဘာဝ ပတ်ဝန်းကျင် စွမ်းအင်နဲ့ သဘာဝဘေး အန္တရာယ် စွန့်စားရမှု လျော့ကျရေးတို့ အတွက် အမေရိကန် ဒေါ်လာ ၄၆ သန်း ထောက်ပံ့မှာ ဖြစ်ပါတယ်။
 
ဒါ့အပြင် တတိယမဏ္ဍိုင် ဖြစ်တဲ့ ဒီမိုကရေစီ အုပ်ချုပ်မှုနဲ့ ထိရောက်တဲ့ ဖွံ့ဖြိုးမှုတို့ အတွက် အမေရိကန် ဒေါ်လာ ၄၅ သန်းတို့ကို ခွဲဝေ သုံးစွဲမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ၁၉၉၄ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ၁၉ နှစ်ကြာ ကာလ အတွင်း လူ့စွမ်းရည် ဖွံ့ဖြိုး တိုးတက်မှု အစီအစဉ် Human Development Initiative (HDI) ကိုသာ ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ကုန်မှ စတင်ကာ Normal Country Status ကို ပြန်လည် ရရှိခဲ့တဲ့ အတွက် ယခုလို ပေးအပ်ခြင်း ဖြစ်ပါတယ်။ အဆိုပါ ထောက်ပံ့ပေးမယ့် မဏ္ဍိုင် ၃ ခု ကိုတော့ သက်ဆိုင်ရာ ၀န်ကြီးဌာနများနဲ့ UNDP တို့ ပူးပေါင်းပြီး အကောင်အထည် ဖော်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အဆိုပါ ထောက်ပံ့ပေးမယ့် အစီအစဉ် အတွက် ကိုတော့ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာနနဲ့ UNDP တို့အကြား ဧပြီလ ၈ ရက်နေ့ နေုပြည်တော်မှာ လက်မှတ် ရေးထိုးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

mrtv-4
မြန်မာနိုင်ငံ အတွက် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်း ကုလ သမဂ္ဂက ဖွံဖြိုးမှုအစီအစဉ် UNDP မှ အမေရိကန် ဒေါ်လာ သန်း ၁၅၀ ကို ထောက်ပံ့ပေးမှာ ဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ ထောက်ပံ့ မှုဟာ Country Programme Action Plan အရ ထောက်ပံ့ ပေး တာ ဖြစ်ပါတယ်။ အဆိုပါ ထောက်ပံ့မှုမှာ ပထမမဏ္ဍိုင် အဖြစ် စဉ်ဆက်မပြတ်လူ့အဖွဲ့အစည်းဆိုင်ရာ အလုံးစုံဖွံ့ဖြိုးမှုနဲ့ ထိရောက်တဲ့ဒေသအတွင်း လုပ်ဆောင်မှုတို့ အတွက် အမေရိကန် ဒေါ်လာ ၅၉ သန်း ဒုတိယမဏ္ဍိုင်အဖြစ် ရာသီဥတု ပြောင်းလဲမှု၊ သဘာဝ ပတ်ဝန်းကျင်စွမ်းအင်နဲ့ သဘာဝဘေးအန္တရာယ်စွန့်စားရမှု လျော့ကျရေးတို့အတွက် အမေရိကန် ဒေါ်လာ ၄၆ သန်း ထောက်ပံ့မှာ ဖြစ်ပါတယ်။

ထူးထူးခြားခြား အလွန် သေးငယ်သော ကြက်ဥ


ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ကျုံဒိုးမြို့၌ ဧပြီ ၆ ရက်က ကြက်ဥသည် ငုံးဥ အရွယ်ထက် နှစ်ချိုး တစ်ချိုး အရွယ်သာ ရှိသည့် ကြက်ဥ ရှိကြောင်း သိရ၍ စာရေးသူ ကိုယ်တိုင် သွားရောက် ကြည့်ရှု ခဲ့သည်။

ဒီသင်္ကြန် ဘယ်သူတွေ ဘယ်မှာရှိကြမလဲ

မနှစ်က သင်္ကြန် ဖျော်ဖြေရေး မဏ္ဍပ် မြင်ကွင်းတခု (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)


၂၀၁၃ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကြီးမှာ မြန်မာအနုပညာရှ င်တွေက မြန်မာပြည်အနှံ့က ဖျော်ဖြေရေး မဏ္ဍပ်တွေမှာ အသီးသီးရှိနေကြမှာပါ။

ငါးသိန်ကျပ်ဖြင့် ရောင်းချခဲ့သော CDMA 800MHz ထက် တစ်ထောင့်ငါးရာ ကျပ်ဖြင့် ရောင်းမည့် CDMA 800MHz က ဧရိယာ ပိုမိုကျယ်ပြန့်စွာ သုံးစွဲနိုင်မည်

တစ်ထောင့်ငါးရာတန်ဖုန်း သုံးခွင့်ရသည့်နေရာတိုင်း လက်ဟောင်း CDMA 800 လိုင်းမိမည်မဟုတ်

လက်ရှိအသုံးပြုနေသည့် CDMA 800 MHz ဖုန်းများ ထပ်မံချထားပေးမည့် တစ်ထောင့်ငါရာ CDMA 800 MHz ဖုန်းကွန်ရက်မျာအတွင်း Roaming သုံးစွဲခွင့် ရရှိမည်မဟုတ်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ “အခုလုပ်ထားတဲ့စနစ်နဲ့ အရင်လုပ်ထားတဲ့ CDMA 800MHz စနစ် မတူပါဘူး။ ဒါကြောင့် အရင် CDMA 800MHz ဖုန်းတွေ လက်ရှိအသုံးပြုနိုင်တဲ့ နယ်မြေတွေမှာပဲ အသုံးပြုနိုင်မှာပါ။ တစ်ထောင့်ငါးရာ CDMA 800MHz Roaming ထဲမှာ သွားသုံးလို့ မရပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။

အသားကင် စားချင်စဖွယ် ဖြစ်သော်လည်း ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်နိုင်

သင်လည်းဒါတွေသိထားဖို့လိုအပ်မယ်ထင်တယ်

ဆေးလိပ်ဆိုးကျိုး

ဘယ်ဘက်က အဆုတ်က အလုပ်လုပ်ရင်း မတော်တဆ ထိခိုက်မိလို့ သေသွားတဲ့ ၄၉နှစ် အရွယ် အမျိုးသားတစ်ဦးရဲ့ အဆုတ်ပါ။

ညာဘက်က မဲနေတဲ့ အဆုတ်ကတော့ ၁၅နှစ်ကြာ ဆေးလိပ့်သောက်ခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူဟာ အသက် ၃၈နှစ်မှာ သေဆုံးခဲ့ပြီး ၉နှစ်နဲ့ ၁၁နှစ်အရွယ် သမီးငယ်နှစ်ဦးနဲ့ သေဆုံးချိန်မှာ ၅လအရွယ် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့ပါတယ်။

ဒါကြောင့် ဆေးလိပ်သောက်တာ ရပ်ဖို့လိုပါပြီ။

ဆေးလိပ်ငွေ့ကြောင့် ကိုယ့်ဘေးနားက လူတွေ၊ ကလေးငယ်တွေ၊ တိရိစ္ဆန်တွေကိုလဲ ရောဂါပေးသလိုဖြစ်ပါတယ်၊ 

ဘယ်လိုအခြေအနေပဲဖြစ်နေဖြစ်နေ ဆေးလိပ်ကို ဘယ်တော့မှ မသောက်မိပါစေနဲ့။

အရင်ဆုံး ဒီနေ့ကစပြီး ဆေးလိပ်မ၀ယ်တော့ပါ နဲ့၊ ဆေးလိပ် အတွက် ငွေနဲ့ ရောဂါမ၀ယ်ပါနဲ့တော့။

မေလ (၃၁)နေ့ဟာ World No Tobacco Day (WNTD)
The International Day Of Fight Against Smoking နေ့ဖြစ်ပါတယ်။

အဲဒီနေ့မှ စဖြတ်မယ်ဆိုရင် အရမ်းဝေးနေပါမယ်။

ဒါကြောင့် ဆေးလိပ်ကြောင့် ကင်ဆာရောဂါရဲ့ ၀မ်းနည်းစရာတွေ ထပ်ထပ်မဖြစ်ကြရအောင် ဒီနေ့ပဲ ဆေးလိပ်သောက်တာ ရပ်လိုက်ကြရအောင်။

အမှန်ဆို မနေ့ကတည်းက ဆေးလိပ်ဖြတ်လိုက်ရမှာ။ ဘယ်တော့မှလည်း ထပ်မသောက်ပါနဲ့တော့။

Posted From France Saayman
ဘယ်ဘက်က အဆုတ်က အလုပ်လုပ်ရင်း မတော်တဆ ထိခိုက် မိလို့ သေသွားတဲ့ ၄၉နှစ် အရွယ် အမျိုးသားတစ်ဦးရဲ့ အဆုတ်ပါ။
ညာဘက်က မဲနေတဲ့ အဆုတ်ကတော့ ၁၅နှစ်ကြာ ဆေးလိပ့်သောက် ခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူဟာ အသက် ၃၈နှစ် မှာ သေဆုံးခဲ့ပြီး ၉နှစ်နဲ့ ၁၁နှစ်အရွယ် သမီးငယ်နှစ်ဦး နဲ့ သေဆုံး ချိန်မှာ ၅လအရွယ် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့ပါတယ်။

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်ရောက်သွားတဲ့ ရီးယဲလ်မက်ဒရစ်နဲ့ ဒေါ့မွန်

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်များကို ကစားခဲ့ရာမှာ တူရကီကလပ် ဂလက်တာ စာရေးအသင်းနဲ့ စပိန်ကလပ် ရီးယဲလ်မက်ဒရစ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး တဖက်ပွဲစဉ်မှာတော့ ဂျာမန်ကလပ် ဒေါ့မွန်နဲ့ စပိန်ကလပ် မာလာဂါ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။
အားမတန်၍ မာန်လျှော့လိုက်ရတဲ့ တူရကီကလပ်

မိုဘိုင်းရေစိုခံအိတ် အချက်နှစ်ချက် အဓိကထား ဝယ်ယူသင့်


မိုဘိုင်းဖုန်းများ သင်္ကြန်ကာလ အတွင်း အသုံးပြုနိုင်ရန် ရေစိုခံအိတ် ဝယ်ယူကြရာ၌ အချက်နှစ်ချက်အား အဓိကထား၍ ရွေးချယ်ဝယ်ယူ သင့် ကြောင်း မိုဘိုင်းဖုန်းပြုပြင်သူများက ပြောသည်။

ရေစိုခံအိတ် ရွေးချယ်ရာတွင် အဓိကအနေဖြင့် အိတ်ဘေးပတ်လည်၌ လေမှုတ်၍ ထည့်သွင်းနိုင် မည့် အမျိုးအစားနှင့် နှစ်ထပ်ခေါက်၍ ကပ်ခွာ အသုံးပြုအိတ်ပိတ်အမျိုးအစားများကိုသာ ရွေးချယ် သင့် ကြောင်း မိုဘိုင်းဖုန်းပြုပြင်ရေးများ က အကြံပြုသည်။ ”ဘေးကို လေမှုတ်သွင်းလို့မရ တဲ့တစ်ပြေးညီ အိတ်ပါးတွေ က ရေ ဝင်ဖို့ရာခိုင်နှုန်းများတယ်”ဟု မိုဘိုင်း ဖုန်းပြုပြင်ရေးဂရုပ်ပ် (Mobile Re- pairing Group) မှ ဆားဗစ်ကျွမ်း ကျင်သူတစ်ဦးက ပြောသည်။ထို့အပြင် တစ်ထပ်တည်းပိတ် သည့် ပုံစံရေစိုခံ အိတ်များတွင် လည်း ရေစိမ့်ဝင်နိုင်မှုများကြောင်း ထပ်လောင်း ပြောသည်။ လက်ရှိတွင် ပြည်တွင်းမို ဘိုင်းအပို ပစ္စည်းဈေးကွက်၌ တရုတ် နိုင်ငံထုတ်နှင့် ထိုင်းနိုင်ငံထုတ် ရေစို ခံအိတ်များဝင်ရောက်လျက် ရှိပြီး ဈေး နှုန်းအားဖြင့် ကျပ် ၆ဝဝ မှ ၃ဝဝဝ ကျပ်ကျော်ရှိကြောင်း ဈေးကွက်မှ သိရသည်။

အနုပညာရှင်များ သင်္ကြန်ဝတ်စားဆင်ယင်မှု ရုပ်ရှင်အစည်းအရုံး နှိုးဆော်

အနုပညာရှင်များ သင်္ကြန်ဝတ်စားဆင်ယင်မှု ရုပ်ရှင်အစည်းအရုံး နှိုးဆော်
Wednesday, April 10, 2013

မဟာသင်္ကြန်ပွဲတော်တွင် ပါဝင် ဆင်နွှဲကြမည့် အနုပညာရှင်များအနေနှင့် မြန်မာ့ ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် လွန်ကဲသော ဝတ်စားဆင်ယင်မှုများကို မပြုလုပ်ရန် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဧပြီလ၂ ရက် နေ့တွင် တိုက်တွန်းနှိုးဆော်စာ ထုတ်ပြန်လိုက်ကြောင်း ယင်းအစည်းအရုံး ပြန်ကြားရေးမှူး ဦးအေးကြူလေးက ပြောကြားသည်။

သင်္ကြန်ပွဲတော်တွင် ဖျော်ဖြေရေး အရဖြစ်စေ၊ ရေကစားမဏ္ဍာပ်ပေါ်တွင် ရေကစားသည်ဖြစ်စေ၊ ရေပက်ခံထွက်သည်
ဖြစ်စေ၊ လွန်ကဲသည့် ဝတ်စားဆင်ယင်မှု မလုပ်ရန် တိုက်တွန်းကြောင်း၊ ဝတ်စား ဆင်ယင်မှုအရ ပြစ်ဒဏ်ပေး၍ မရသော်လည်း မြန်မာ့ရုပ်ရှင်လောက ညစ်နွမ်းစေသည့် အပြုအမူဆိုလျှင် တရားစွဲ၍ရကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ဆိုသည်။

"မိုင်လေးတို့ကတော့ လွတ်လွတ် လပ်လပ်ဝတ်တာကိုတော့ လက်ခံပါတယ်။ ဒါပေမဲ့ အရမ်းကြီး သရုပ်ပျက်တဲ့ ဝတ်စားဆင်ယင်မှုတော့ မလုပ်စေချင်ပါဘူး"ဟု တေးသံရှင်ရတနာမိုင်က ပြောကြားသည်။

၂၀၁၂ ခုနှစ် မဟာသင်္ကြန်ပွဲတော် အတွင်း အနုပညာရှင်အချို့၏ ဝတ်စားဆင် ယင်မှုအပေါ် ပရိသတ်များအကြား ဝေဖန်မှု ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပြီး ၄င်းတို့ နေပုံထိုင်ပုံများကို ခိုးကူးရောင်းချမှု များလည်းရှိခဲ့သည်။
The Voice weekly 
 
မဟာသင်္ကြန်ပွဲတော်တွင် ပါဝင် ဆင်နွှဲကြမည့် အနုပညာရှင်များ အနေနှင့် မြန်မာ့ ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် လွန်ကဲသော ဝတ်စား ဆင်ယင်မှုများကို မပြုလုပ်ရန် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဧပြီလ၂ ရက် နေ့တွင် တိုက်တွန်းနှိုးဆော်စာ ထုတ်ပြန်လိုက်ကြောင်း ယင်းအစည်းအရုံး ပြန်ကြားရေးမှူး ဦးအေးကြူလေးက ပြောကြား သည်။

ပဲခူးခရိုင် ဝေါမြို့တွင် လမ်းဖို့ရန်အတွက် မြေတူးရာမှ ရှေးဟောင်း ရုပ်တုများတွေ့ရှိ

AddThis Social Bookmark Button
4.10.1
တူးဖော်တွေ့ရှိခဲ့သည့် ရှေးဟောင်းရုပ်တုများ
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်၊ ဝေါမြို့အရှေ့ဘက်(၂) မိုင်ခန့်အကွာ ရွှေလက်ခုပ် ဘုန်းကြီးကျောင်းတွင် ၂၀၁၃ ခုနှစ် ဧပြီလ ၆ ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်ခန့်၌ လမ်းဖို့ရန် အတွက် မြေတူး ရာမှ ရှေးဟောင်းရုပ်တုများ တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။

ကျောင်းသွားရန် ငြင်းဆန်သည့်သားအား ရဲကလက်ထိပ်ခတ်ကျောင်းပို့

ကျောင်းသွားရန် ငြင်းဆန်သည့်သားအား ရဲကလက်ထိပ်ခတ်ကျောင်းပို့
Wednesday, April 10, 2013

အသက် ၁၁ နှစ်အရွယ်ရှိ သားဖြစ်သူသည် ကျောင်းသွားရန် ငြင်းဆန်နေ
သဖြင့် ရဲကိုခေါ်ပြီး လက်ထိပ်ခတ်ကာ ကျောင်းပို့ရသည့် အဖြစ်အပျက်တစ်ခု နယူးမက်ဆီကို၊ အာတီဆီးယားမြို့ ရီဆိုအထက်တန်းကျောင်း တွင် ဖြစ်ပွားခဲ့
သည်။

သားဖြစ်သူသည် ကျောင်းသွားရန် ငြင်းဆန်သဖြင့် ပြောမရသည့် အဆုံးတွင် မိခင်သည် ရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားပြီး အကူအညီတောင်း
ခဲ့သည်။

ရဲမေတစ်ဦးသည် အိမ်သို့ရောက်လာပြီး သားကို လက်ထိပ်ခတ်ကာ ကျောင်း
အရောက် ကားဖြင့် လိုက်ပို့ခဲ့ သည်။ ကျောင်းရှေ့သို့ အရောက်တွင်ကား
နောက်ခန်းမှ လက်ထိပ်တန်းလန်းဖြင့်သားကို ဆွဲထုတ်လာသည့် မြင်
ကွင်းအား ကျောင်းရှိဆရာများနှင့် ကျောင်းလာပို့ကြသော မိဘများမြင်တွေ့ပြီး စိတ်ဆိုးကြသည်။

ရဲက ကျောင်းသားကို လက်ထိပ်ဖြင့် ဆွဲခေါ်လာသည်ကို ဆရာများ
က မြင်ပြီးနောက် ရဲကို အပြစ်တင်ပြီး စုံစမ်း မေးမြန်းခဲ့ကြသည်။

ရဲက သူ၏ မိခင်နှင့် အဖွားဖြစ်သူတို့က ဖုန်းဆက်ခေါ်ပြီး သင်ခန်းစာပေး
လိုသဖြင့် ယခုကဲ့သို့ လက်ထိပ်ခတ်ကာ ကျောင်းပို့ပေးရန် တောင်းဆိုသော
ကြောင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းပြသကဲ့သို့ စခန်းသို့လည်း ဤအတိုင်း
ပြန်လည်အစီရင်ခံခဲ့သည်။

သူ့အနေဖြင့် ကလေးသည် ကျောင်းသွားရန် ငြင်းဆန်ရုံမက ကစား
ကွင်းထဲသို့ ပြေးထွက်သွားသဖြင့် သူကိုယ်တိုင် လိုက်ဖမ်းကာ ခေါ်ခဲ့
ရကြောင်း ရှင်းပြခဲ့သည်။

မိဘတစ်ဦးကမူ ယခုလုပ်ရပ်သည် လက်ခံနိုင်စရာ အကြောင်းမရှိ။ ကလေးသည် မည်မျှ ငြင်းဆန်သည်ဆိုစေ လူသားမဆန်စွာဖြင့် ဤသို့လက်ထိပ်ခတ်ပြီး ဆွဲခေါ်လာစရာ အကြောင်းမရှိ။ မိမိတို့
အနေဖြင့် ဤသို့ အခြေအနေ ရောက်စေရန် ဖန်တီးသည့် မိဘများ
ကိုရော၊ ရဲကိုပါ ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

ရဲစခန်းမှ တာဝန်ရှိသူများက ပြဿနာသေးသေးလေးကို ကြီးထွားစေ
ရန် အကူအညီပေးသည့်ရဲမေအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ ကျောင်းအာဏာပိုင်များကမူ ယခုကိစ္စကို မိမိတို့ကျောင်း
မှ သီးခြား အရေးယူစစ်ဆေးသွားမည်ဟုဆိုသည်။ 


ရွှေမောင်
မောက္ခနိုင်ငံတကာသတင်း အသက် ၁၁ နှစ်အရွယ်ရှိ သားဖြစ်သူ သည် ကျောင်း သွားရန် ငြင်း ဆန်နေ သဖြင့် ရဲကိုခေါ်ပြီး လက်ထိပ်ခတ်ကာ ကျောင်းပို့ရသည့် အဖြစ် အပျက်တစ်ခု နယူးမက်ဆီကို၊ အာတီဆီးယားမြို့ ရီဆို အထက် တန်းကျောင်းတွင် ဖြစ်ပွားခဲ့ သည်။
သားဖြစ်သူသည် ကျောင်းသွားရန် ငြင်းဆန်သဖြင့် ပြောမရသည့် အဆုံးတွင် မိခင်သည် ရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားပြီး အကူ အညီတောင်းခဲ့သည်။

"လုပ်ငန်းရှင်များ၏ တင်ပြချက် လေထဲတွင် ပျောက်သွားမည်မဟုတ်ဟု သူရဦးရွှေမန်း ကတိပြု"

"လုပ်ငန်းရှင်များ၏ တင်ပြချက် လေထဲတွင် ပျောက်သွားမည်မဟုတ်ဟု သူရဦးရွှေမန်း ကတိပြု"
Wednesday, April 10, 2013

စီးပွားရေးလုပ်ငန်းရှင်များ၏ တင်ပြချက်များကို ဥပဒေတစ်ခု၊ ဆုံး ဖြတ်ချက်တစ်ခု ဖြစ်စေပြီး မှန်မှန် ကန်ကန် ဆောင်ရွက်သွားမည်
ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေ မန်းက ပြောကြားလိုက်သည်။

UMFCCI ၊ ဘဏ္ဍာ-အခွန်မှ တာဝန်ရှိသူများ၊ ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီတို့ တွေ့ဆုံ ရာတွင် စီးပွားရေးလုပ်ငန်းရှင်များက ¤င်းတို့ ကြုံတွေ့နေရသော အခက် အခဲများကို တင်ပြပြီးနောက် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက အထက်ပါအ တိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

''လွှတ်တော်ကို ယုံကြည်မှုရှိလို့ ဂုဏ်ယူတယ်။တင်ပြချက်တွေ ဆွေး နွေး
ချက်တွေ လေထဲမှာ ပျောက် မသွားစေရဘူး''ဟု ၄င်းက ကတိပေး ပြော
ကြားသည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာ နိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ အသားတိုးနွား ရောင်းချခြင်းနှင့်ပတ် သက်သည့်မူကို ရှင်းလင်းစွာ
ထုတ်ပြန် ပေးရန်၊ လက်ရှိ ငွေလဲလှယ်နှုန်း ကြောင့် အရှုံးပေါ်နေသော အခြေအ နေများကို မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှလည်းကောင်း၊
ပြည်တွင်းဘဏ်တိုးနှုန်းများ မြင့်မားနေခြင်းကို လျှော့ချပေးရန် မြန်မာနိုင်ငံ
ဆန်စပါး လုပ်ငန်းအသင်းချုပ်မှလည်းကောင်း၊ စက်မှုကုန်ထုတ်လုပ်ငန်းများ ဆုတ် ယုတ်လာမှုအခြေအနေကို မြန်မာ နိုင်ငံ စက်မှုကုန်ထုတ်သူများအသင်း မှလည်းကောင်း၊ ရွှေများကို အကန့် အသတ်ဖြင့် နိုင်ငံတကာသို့ ရောင်းချ ခွင့်ပေးရန် မြန်မာနိုင်ငံ ရွှေလုပ်ငန်း ရှင်များအသင်းမှလည်းကောင်း အ သီးသီး တင်ပြခဲ့သည်။

''စီးပွားရေးလုပ်ငန်းရှင်လည်း ပြည်သူပဲ။ စက်မှုလုပ်ငန်းရှင်လည်း ပြည်သူပဲ။
ပြည်သူ့အသံနားထောင် ပြီး ကျွန်တော်တို့ ပြည်သူ့အကျိုးအ တွက် ဆက်လက်ဆောင်ရွက်မှာပါ'' ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြော သည်။
သို့သော် အချိန်အတိုင်းအတာ တစ်ခု အထိတော့ စောင့်ရမည်ဖြစ် ကြောင်း၊ လွှတ်တော်တစ်ခုတည်း လုပ်ကိုင် ဆောင်ရွက်၍မရဘဲ ပြည် သူများပါ ပါဝင်ဆောင်ရွက်ရန်လို ကြောင်း ၄င်းက ပြောသည်။

''ဆိုပါစို့။ သက်ဆိုင်ရာအဖွဲ့အ စည်းတစ်ခုက ဒီဥပဒေကို စီမံခန့်ခွဲ တယ်။ အဲဒီအဖွဲ့အစည်းက ချိုး ဖောက်ရင် ပြည်သူက တင်ပြဖို့လို တယ်။ ဒီလိုပဲ ပြည်သူချိုးဖောက်ရင် လည်း အဖွဲ့အစည်းက တင်ပြဖို့လို တယ်'' 
ဟု ¤င်းကပြောသည်။

ဝေယံမိုးမြင့်၊ မေဇင်ဝင်း
Popular Myanmar News Journal စီးပွားရေးလုပ်ငန်းရှင်များ၏ တင်ပြချက်များကို ဥပဒေတစ်ခု၊ ဆုံး ဖြတ်ချက် တစ်ခု ဖြစ်စေပြီး မှန်မှန်ကန်ကန် ဆောင်ရွက်သွားမည်ဟု ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေ မန်းက ပြောကြားလိုက်သည်။
UMFCCI ၊ ဘဏ္ဍာ-အခွန်မှ တာဝန်ရှိသူများ၊ ပြည်သူ့လွှတ်တော် ဘဏ် များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေးကော်မတီတို့ တွေ့ဆုံရာတွင် စီးပွားရေးလုပ်ငန်းရှင်များက ¤င်းတို့ ကြုံတွေ့နေရသော အခက် အခဲများကို တင်ပြပြီးနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အထက်ပါအ တိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။

ဘယ်ဘက်ဦးနှာက်သန်သူနှင့် ညာဘက်ဦးနှောက်သန်သူ

ဘယ်ဘက်ဦးနှာက်သန်သူနှင့် ညာဘက်ဦးနှောက်သန်သူ

ဘယ်ဘက်အခြမ်း ဦးနှောက်သန်သူ

သိပ္ပံ ပညာရပ် စိတ်ဝင်စားသူ၊ သင်္ချာအတွက်အချက်ဝါသနာပါသူ၊ ခင်မင်ရင်းနှီးလွယ်သူ၊ တိကျပြတ်သားသူ၊ ဖြောင့်မတ်သူ၊ အသေးစိတ်တွက် ချက်သူ၊ ဗျူဟာဆန်ဆန်တွေးတတ်သူ၊ လက်တွေ့ကျမှုကို သဘောကျသူ၊ ဘာသာစကားနှင့် ဝေါဟာရများ လေ့လာရန် လွယ်ကူသူ၊ လက်တွေ့ကို သဘောကျသူ၊ အီကွေးရှင်းများ တွက်ချက်ဝါသနာပါသူ၊ ကိန်းဂဏန်းများနဲ့ ဆော့ကစားနေတတ်သူ၊ အမိန့်နာခံတတ်သူ၊ သဘာဝအတိုင်း ပုံသေနည်းစံစံ မှန်ကန်အောင် လုပ်တတ်သူ၊ ကိုယ့်ကိုယ်ကိုယ် မည်သူမည်ဝါ သေချာသိသူ။

ညာဘက်အခြမ်း ဦးနှောက်သန်သူ

အတွေးအမြင်သစ်များ စဉ်းစားလုပ်တတ်သူ၊ လွတ်လွပ်မှုကို သဘောကျသူ၊ သံယောဇဉ်ကြီးသူ၊ အကြောင်းအရင်းကို ဖော်ထုတ်ပြောဆိုတတ်သူ၊ စွန့်စားလိုစိတ်ရှိသူ၊ ရယ်မောလောင်ပြောင်တတ်သူ၊ အနုပညာဆန်ဆန် ခံစားတတ်သူ၊ သီချင်းများ ခရေဇီဖြစ်သူ၊ ဗလာမျက်နှာပြင် ကို ဆေးရောင်ခြယ်ပေးတတ်သူ၊ စိတ်ကူ ယဉ်လွန်းသူ၊ ပန်းချီဆရာ၊ ကဗျာဆရာ၊ တွေးခေါ်ပညာရှင်၊ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေတတ်သူ။ 

ညာဘက်အခြမ်း ဦးနှောက်နဲ့ ဘယ်ဘက်အခြမ်း ဦးနှောက်တို့ရဲ့ လုပ်ဆောင်ချက်များ ဖြစ်ပါတယ်။ 
--
Ref:Medicalfact. ဘယ်ဘက်အခြမ်း ဦးနှောက်သန်သူ

သိပ္ပံ ပညာရပ် စိတ်ဝင်စားသူ၊ သင်္ချာအတွက်အချက်ဝါသနာပါသူ၊ ခင်မင်ရင်းနှီးလွယ်သူ၊ တိကျပြတ်သားသူ၊ ဖြောင့်မတ်သူ၊ အသေးစိတ် တွက်ချက်သူ၊ ဗျူဟာဆန်ဆန်တွေးတတ်သူ၊ လက်တွေ့ကျမှုကို သဘောကျသူ၊ ဘာသာစကားနှင့် ဝေါဟာရများ လေ့လာရန် လွယ် ကူသူ၊ လက်တွေ့ကို သဘောကျသူ၊ အီကွေးရှင်းများ တွက်ချက် ဝါသနာပါသူ၊ ကိန်းဂဏန်းများနဲ့ ဆော့ကစားနေတတ်သူ၊ အမိန့်နာခံတတ်သူ၊ သဘာဝအတိုင်း ပုံသေနည်းစံစံ မှန်ကန်အောင် လုပ်တတ်သူ၊ ကိုယ့်ကိုယ်ကိုယ် မည်သူမည်ဝါ သေချာသိသူ။

မိုဘိုင်းဖုန်းအသုံးပြုလျှင် သတိထားရန် အချက်များ

မိုဘိုင်းဖုန်းအသုံးပြုလျှင် သတိထားရန် အချက်များ

ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ မျှဝေလိုက်ပါတယ်။ 

မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်

ဆဲလ်ဖုန်း (မိုဘိုင်းဖုန်း)ကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့-

skin rashes-အရေအပြား အနီကွက်ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) , skin irritation (အရေအပြား ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်နယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems )အမြင်ဝေဝါးခြင်း, swollen lymph nodes (အရည်ကြည်ဖုထခြင်း), indigestion reddening of skin (အရေပြားမှရေဒီယိုလိုင်းအား ဆုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။ 


ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုးံမပြုပါနှင့်

မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု (radiation) မြင့်မားပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေပြောရမယ်ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသင့်ပါတယ်။ 

အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်း

အသက် ၁၆ နှစ်အောက် ကလေးငယ်များအနေနဲ့ မိုဘိုင်းဖုန်း အသုံးမပြုသင့်သေးပါဘူး။ သူတို့ရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာဖြစ်ပြီး ဦးခေါင်းခွံ ပါးနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။ 


မိုဘိုင်းဖုန်းကို ဘောင်းဘီအိပ်ထဲမထည့်ပါနှင့်

မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်တဲ့ အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ ရေဒီယိုလှိုင်းရဲ့ ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကို သေစေပြီး ကလေးမရနိုင်တဲ့ အမြုံဖြစ်စေနိုင်ပါတယ်။ 


မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်များအတွက် အသုံးမပြုပါနှင့်

ဒါကအင်မတန် အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း တားမြစ် ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ်ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှာ လွတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ static electricity ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့အတွက် လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့အထိ မီးကူးသွားပါတယ်။ အကျိုးဆက်ကတော့ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ လောင်စာဆီတွေမှမဟုတ်ပဲ၊ ဓာတုဗေဓ ပစ္စည်းထားသိုရာ နေရာအချို့ မှာတောင် အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။ လောင်စာဆီ ဖြည့်စဉ် ဖုန်းပိတ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။ 


မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာ

မိုဘိုင်းဖုန်းကြာကြာအသုံးပြုသူတွေဟာ ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြပါတယ်။ ယင်းလိုင်းရဲ့ ရိုက်ခတ်မှု များကြောင့် ဦးနှောက်သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ပက်သက်တဲ့အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်းအမြဲအသုံးပြုသူဟာ စိတ်ကျရောဂါမျိုးလည်း ခံစားတတ်ရပြီး ကိုယ်ခံအားပါ ကျဆင်းစေပါတယ်။ 


ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့အလေ့ကျင့်ကိုလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်းအတွင်း ပြောဆိုခြင်းသာ သင့်တော်တယ်လို့ဆိုပါတယ်။ 

အထက်ပါအချက်အလက်များကို WHO မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ဖုန်းဘေးအိပ်ခြင်း၊ ကားပေါ်တွင်ဖုန်းပြောခြင်း၊ ဘောင်းဘီအိပ်ထဲ ထည့်ခြင်း၊ လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။
---
အောင်ခမ်း 

TechSpace Journal
ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတအချို့ မျှဝေလိုက်ပါတယ်။

မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်

ရှကီရာထံမှ ချစ်သူဟောင်း ဒီလာရူက အမေရိကန် ဒေါ်လာ သန်း ၁ဝဝ တောင်းဆို


ကမ္ဘာကျော် ကိုလံဘီယာ အဆိုရှင်ရှကီရာ၏ ချစ်သူဟောင်းဒီလာရူသည် ၎င်းတို့၏ ၁၁ နှစ်ကြာ ဆက်ဆံ ရေးအတွင်း သူမ၏ မန်နေဂျာတစ်ဦးအဖြစ် တာဝန်ယူလုပ်ဆောင်ခဲ့ခြင်းကြောင့်၎င်းအနေဖြင့် သူမထံမှ အမေရိကန် ဒေါ်လာ သန်း ၁ဝဝ ရရှိသင့်သည်ဟု အခိုင်အမာ ပြောကြားခဲ့ကြောင်းသိရသည်။ သို့ရာတွင် ရှကီရာသည် သူမ၏ချစ်သူဟောင်း ဒီလာရူနှင့် တွေ့ဆုံချိန် ၂ဝဝဝ  ပြည့်နှစ် အတွင်း ၌ပင်  နိုင်ငံတကာတွင် ကျော်ကြားသည့် အဆိုရှင် တစ်ဦးအဖြစ် ရပ်တည်လျက် ရှိပြီး ဒီလာသည် သူမအား

ရှမ်းပြည်နယ်အတွင်း ဖြတ်သန်းသည့် ရွှေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲ မှုများ ဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံပြည် သူများ စိုးရိမ်

ရှမ်းပြည်နယ်အတွင်း ဖြတ်သန်းသွားသည့် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအား စမ်းသပ် လုပ်ဆောင် နေစဉ်အတွင်း ပေါက်ကွဲမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့် မှုများ ဖြစ်ပေါ်နေကြောင်း တအောင်းကျောင်းသားများနှင့် လူငယ်များအဖွဲ့မှ ဧပြီလ ၉ ရက်တွင် ကျင်းပ ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကိုယ်တုံးလုံးပန်းခြံ က ပေးတဲ့ အတွေး




ဆောင်းပါးခေါင်းစဉ်ဖတ်ပြီး ပြူးတူးပြဲတဲတော့ဖြစ်သွားလိမ့်မယ်။ တကယ်လည်းအဲဒီပန်းခြံထဲဝင်လိုက်တာနဲ့၊မြက်ခင်းစိမ်းစိမ်းစိမ်းတွေမျက်စေ့တဆုံးတွေ့ရမယ်။
ပြီးတော့၊အဖြူ၊အနီ၊အ၀ါ၊ပန်းရောင်အကန့်အကန့်နဲ့
ရောင်စုံနှင်းဆ်ီပန်းခင်းတွေ၊ရေပန်းရေမွှားတွေ နဲ့အတူ မြင်မြင်သမျှအမျိုးသမီး၊အမျိုးသား
တွေရော၊လူငယ်လူလတ်ပိုင်းနဲ့အရွယ်အမျိုးမျိုးနဲ့ခလေးငယ်လေးတွေကို တန်းစီပြီး လုံးဝအ၀တ်မကပ်ဘဲတွေ့ရလိမ့်မယ်။
ပြီးတော့အဲဒီအ၀တ်ဗလာတွေကအနေအထားအမျိုးမျိုးနဲ့ကိုယ်ဟန်ပြနေလိမ့်မယ်
ဒါတင်ဘယ်ကမလဲ၊ တချို့အမျိုးသမီးအမျိုးသားတွေကဒီပန်းခြံထဲသူတို့ဘဲရှိနေသလို၊
တယောက်မျက်နှာ တကမ္ဘာထင်ပြီးဘယ်သူမှကိုဂရုမစိုက်ဘဲ၊ ဖက်ယမ်း
နမ်းရှုံ့နေကြတာ၊ ဟန်အမျိုးမျိုးနဲ့ကဲနေကြတာကိုတွေ့ရမယ်။

မိုဘိုင်းလ်ဖုန်း တစ်လုံး၏ လျှို့ဝှက်ချက်များ

အိုင်တီမင်းဝေ
မြန်မာနိုင်ငံမှာရှိတဲ့ လူအများစုဟာ မိုဘိုင်းလ်ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုလျှို့ဝှက်ချက် တွေကို သိရှိသူတွေ အလွန် နည်းပါးပါတယ်။ မိုဘိုင်းလ်ဖုန်း ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးကို ဖုန်းဆက်ရုံ အပြင် အများ အားဖြင့် Camera, Music, Bluetooth, FM, Radio, Alarm နဲ့ Game အစရှိ တာတွေ လောက်သာ အသုံးပြု နေကြတာ များပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီးအသုံးဝင်မှုနဲ့ လျှို့ဝှက်ချက်အနည်းငယ် ကို ဖော်ပြ ပေးလိုက်ပါတယ်။

ရန်ကုန်သင်္ကြန် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် ၃၅၀၀ အသုံးပြုမည်

ရန်ကုန်သင်္ကြန် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် ၃၅၀၀ အသုံးပြုမည်

ရန်ကုန်၊ ဧပြီ - ၈

မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ရဲတပ်ဖွဲ့အင်အား ထက်ဝက်ခန့်ကို လုံခြုံရေးဆောင်ရွက်မှု လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လွင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း  ရဲတပ်ဖွဲ့ဝင်အင်အား ၇၀၀၀ ကျော်ရှိသည့်အနက် တပ်ဖွဲ့ဝင် ၃၅၀၀ ခန့်ဖြင့် သင်္ကြန်ကာလ ရန်ကုန်မြို့လုံခြုံရေးကို ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးကွပ်ကဲမှုအောက်ရှိ ရဲတပ်ဖွဲ့ဝင်များအား သင်္ကြန်ကာလပိတ်ရက်များအတွင်း အနားယူခံစားခွင့်ပေးထားခြင်းမရှိကြောင်း ဒုတိယ ရဲမှူးကြီးသက်လွင်က ပြောသည်။

“လုံခြုံရေးနဲ့ ပက်သက်လို့တော့ တော်တော်စီမံထားပါတယ်။ အပြင်မှာ ပြန့်နေတဲ့ ကောလာဟလတွေကလည်း ဖြစ်နိုင် ခြေနည်းပါတယ်။ နည်းတယ်ဆိုပေမယ့် ပေါ့လို့တော့ မရပါဘူး။ ကျွန်တော်တို့ဘက်ကတော့ သတိထား စောင့်ကြည့်ပြီး သင်္ကြန်ကာလကို အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးအောင် ဆောင်ရွက်သွားမှာပါ” ဟု အဆိုပါ ပုဂ္ဂိုလ်ကပြောသည်။

တိုင်းဒေသကြီးအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များအပြင် ရဲတပ်ရင်းများမှလည်း အရန်အင်အား ဖြည့်တင်းပေးနိုင်ရန်စီစဉ် ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။

ထို့ပြင် သင်္ကြန်ကာလအတွင်း တုတ်၊ ဓား အစရှိသည့် လက်နက်များကို ကိုင်ဆောင်ပါက လက်နက်ဥပဒေ ပုဒ်မ-၁၉ (င) ဖြင့် အရေးယူဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြထားပြီး အဆိုပါကိစ္စအား ဒေသန္တရ အမိန့် ထုတ်ပြန်ထားသည့် မြို့နယ်များအတွင်းဆိုပါက ပုဒ်မ-၁၈၈ဖြင့် အရေးယူဆောင်ရွက်နိုင်ကြောင်း ၎င်းကပြောသည်။

ရန်ကုန်မြို့တွင်းရှိ သင်္ကြန်မဏ္ဍပ်များအား သင်္ကြန်ကာလအတွင်း နံနက်တစ်ကြိမ်၊ ညနေတစ် ကြိမ် တစ်နေ့လျှင် နှစ်ကြိမ် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော် အင်ဂျင်နီယာတပ်ဖွဲ့မှ မိုင်းရှင်းလင်းရေး ကျွမ်းကျင်သူများ ပူးပေါင်း၍ မိုင်းရှာဖွေမှုများ ပြုလုပ်ပေးသွားမည် ဖြစ်သည်။

“ဒီနှစ်သင်္ကြန်ကတော့ မနှစ်ကထက် ပိုပြီး အာရုံစိုက်ရပါတယ်။ လုံခြုံရေးကိုလည်း ပိုသတိထားရပါတယ်။ ဒီသင်္ကြန်ကာလ အေးအေးချမ်းချမ်း ပြီးဆုံးသွားဖို့ဆိုတာ ပြည်သူတွေကိုယ်တိုင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ အရေးကြီးပါတယ်” ဟု တိုင်းဒေသကြီး ဒုတိယရဲတပ်ဖွဲ့မှူးက ဆိုသည်။ မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ရဲတပ်ဖွဲ့ အင်အားထက်ဝက်ခန့်ကို လုံခြုံရေးဆောင်ရွက်မှု လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လွင် က ပြောသည်။

တောင်နှင့်မြောက်ကိုရီးယား စစ်ဖြစ်ရန် တာစူနေသော်လည်း မြန်မာလုပ် သားများ ပြန်ခေါ်၊ မခေါ် အဖြေမပေါ်သေး

တောင်နှင့်မြောက်ကိုရီးယား စစ်ဖြစ်ရန် တာစူနေသော်လည်း မြန်မာလုပ် သားများ ပြန်ခေါ်၊ မခေါ် အဖြေမပေါ်သေး
Wednesday, April 10, 2013

တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ တင်းမာမှုများဖြစ်နေသော် လည်း မြန်မာလုပ်သားများအား ပြန်ခေါ်ရန် အကြောင်းကြားမှု မရှိ သေးေ ကြာင်း အစိုးရ ပြည်ပအလုပ် အကိုင်အေဂျင်စီမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောသည်။

”သက်ဆိုင်ရာနိုင်ငံက ကျွန်တော် တို့လုံခြုံရေး တာဝန်မယူတော့ပါဘူး ဆိုရင် ပြန်ခေါ်မှာပေါ့။ အခုတော့ ဘာမှမကြားသေးပါဘူး”ဟု ဦးဝင်းမြင့် က ဧပြီလ ၈ ရက်တွင် ပြောသည်။လက်ရှိတွင် အလုပ်သမားများ ကို ကိုရီးယားသို့ဆက်လက်ပို့ဆောင် နေပြီး၊ ဧပြီလ ၈ ရက်နှင့် ၉ ရက်နေ့ များတွင် အလုပ်သမား ၅ဝ ဦးခန့် စီ ဆက်လက်ထွက်ခွာသွားပြီ ဖြစ် ကြောင်း သိရသည်။

 မြောက်ကိုရီးယားနိုင်ငံသည် မတ်လနောက်ဆုံးပတ်မှစ၍ အမေရိ ကန်နှင့် တောင်ကိုရီးယားနိုင်ငံသို့ ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့ ပြီး ကိုရီးယားကျွန်းဆွယ်တွင် တင်း မာမှုများတိုးလာခဲ့သည်။ တောင် ကိုရီး ယားနိုင်ငံတွင်EPS စနစ်ဖြင့် လုပ်ကိုင်သော မြန်မာအလုပ်သမား ၇ဝဝဝ ခန့်ရှိသောကြောင့် အလုပ် သမားများ၏ မိသားစုများက စိတ်ပူ ကာ မေြး မန်းစုံစမ်းမှုများရှိကြောင်း လည်း ဦးဝင်းမြင့်က ပြောသည်။ ”ကိုရီးယားလူ့စွမ်းအား အရင်း အမြစ်ဖွံ့ဖြိုးရေးဌာနက အရာရှိက တော့ ဒီလိုမျိုးတင်း မာမှုက ဖြစ်နေ ကျပဲမို့ စိုးရိမ်စရာ မရှိပါဘူး ဆိုပြီး ပြောတယ်။ ဒီကလူတွေကတော့ စိုးရိမ် တာပေါ့”ဟုဦးဝင်းမြင့်ကပြောသည်။

 တောင်ကိုရီးယား တွင် အလုပ် သွားရောက်လုပ်ကိုင်နေသောမြန်မာ အလုပ်သမားတစ်ဦး၏ မိသားစုဝင် တစ်ဦးကလည်း လက်ရှိတွင် အခြေ အနေတည်ငြိမ် လျက် ရှိပြီး ထူးခြား ချက်မရှိသေးဘဲ ပုံမှန်အလုပ်ဆင်း လျက်ပင်ရှိကြောင်း ပြောသည်။ကိုရီးယားသို့ အလုပ်သမားပို့ ဆောင်မှုကို သင်္ကြန်တွင်းရပ် နားထား မည်ဖြစ်ပြီး သင်္ကြန်အပြီးတွင်မူ အလုပ် သမားများကို ဆက်လက်ပို့ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားတွင် မြန်မာ အလုပ်သမား တစ်သောင်းကျော်နှင့် ကျောင်းသား နှစ်ရာကျော်ရှိကြောင်း၊ နိုင်ငံခြားသားနှင့် လက်ထပ်ထား သော အမျိုးသမီးပါ ပေါင်းလျှင် တစ် သောင်းကျော်ရှိသောကြောင့် တောင် ကိုရီးယားအစိုးရတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံသံအမတ်တို့ ဆွေးနွေး ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများ၏ အကျိုးကို ကာကွယ်ပေးသွားမည်ဟု သံရုံးဒုတိယအတွင်းဝန်ဒေါ်သင်းသင်း မြတ်ပြောကြားချက်ကို ပြည်ပ အခြေ စိုက် မြန်မာသတင်းအေဂျင်စီတစ်ခု တွင်ဖော်ပြထားသည်။

မေဇင်ဝင်း
Popular Myanmar News တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ တင်းမာမှုများဖြစ်နေသော် လည်း မြန်မာလုပ်သားများအား ပြန်ခေါ်ရန် အကြောင်းကြားမှု မရှိ သေးကြောင်း အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီမှ ညွှန် ကြားရေးမှူး ဦးဝင်းမြင့်က ပြောသည်။

သမိုင်းတကွေ့မှ မင်းလောင်းဗန္ဓက


လွန်ခဲ့သော နှစ်ပေါင်းရှစ်ဆယ်ကျော်က မုံရွာခရိုင် မြောက်ဖျားတွင် ‘ဗသျှူး’ အမည်ရှိသော အိမ်ခြေ ၆၉ အိမ်၊ လူဦးရေ ၃၅၄ ဦးသာ ရှိသည့် ရွာငယ်တစ်ရွာရှိလေသည်။ ထိုရွာငယ်ဇနပုဒ်မှာ သာမန်မြန်မာ့ကျေးလက်ရွာသိမ်ရွာငယ်မျှသာဖြစ်သော်လည်း

ရွေးကောက်ပွဲ မဲအချိုးကျစနစ် ပါတီများ သဘောထားကွဲ

၂၀၁၀ ရွေးကောက်ပွဲကာလ ရန်ကုန်မြို့ရှိ မဲရုံတရုံ၌ မဲရေတွက်နေစဉ် (ဓာတ်ပုံ – Reuters)


၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွှေးကောက်ပွဲ တွင်  ပြည်သူလူထု၏ ထောက်ခံမဲ ရရှိမှုပေါ် မူတည်ပြီး လွှတ်တော်ကိုယ်စားလှယ် အချိုးကျ ရရှိသည့်စနစ်(Propotional Representative) ကျင့်သုံးရေး ကြိုးပမ်းမှုအပေါ် နိုင်ငံရေးပါတီများအကြား သဘောထားကွဲလွဲနေကြောင်း သိရှိရသည်။

ကောလာဟလ သတင်းများကြောင့် ယခုနှစ် သင်္ကြန်ကာလအတွက် ရေပက်ခံကား ငှားရမ်းမှု မရှိသလောက် နည်းပါးနေသလို ရေကစားမဏ္ဍပ်ထိုင်ရန် စိတ်ဝင်စားသူ နည်းပါးနေသေး

w1-9-4-6
၂၀၁၃ ခုနှစ် သင်္ကြန်ကာလ မကြာမီရောက်ရှိလာတော့မည်ဖြစ်ရာ သင်္ကြန်မဏ္ဍပ်ဆောင်လုပ်မှုများ၊ သင်္ကြန် အတွက် စီစဉ်မှုများ ပြုလုပ်နေပြီး ယခုနှစ်သင်္ကြန်တွင်း လည်ပတ်ရန် စင်းလုံးငှားရမ်းမှု မရှိသလောက် နည်းပါးပြီး မဏ္ဍပ်တွင် ရေပက်ကစားမည့်သူ အရေအတွက်မှာလည်း လက်ရှိအချိန်အထိ နည်းပါးလျက် ရှိသည်ဟု စုံစမ်းသိရှိရပါသည်။
ယခုနှစ် ရန်ကုန်သင်္ကြန်အတွက် ရေကစားမဏ္ဍပ်အကြီး (ပေ ၁၀၀နှင့် အထက်)အနေဖြင့် ကန်တော်ကြီး ကန်ပတ်လမ်းတွင် မဏ္ဍပ် ၁၇ ခု၊ ပြည်လမ်းတွင် မဏ္ဍပ်နှစ်ခု၊ ကမ္ဘာအေးစေတီလမ်းပေါ်တွင်  ၁၀ ခု၊ ပါရမီလမ်းပေါ်တွင် သုံးခု၊ ဆရာစံလမ်းအနီး တစ်ခုတို့လည်း ပါဝင်ကြောင်း၊ ဘုရင့်နောင်လမ်းပေါ်တွင် ငါးခု၊သုဝဏ္ဏအားကစားကွင်းအနီး တစ်ခုစသည်ဖြင့် ရေကစားမဏ္ဍပ်အခု ၄၀ ခန့် ဆောက်လုပ် ခွင့် ပြု ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ ယခုနှစ်သင်္ကြန်တွင် ကန်တော် ကြီးပတ်လမ်း၌ မဏ္ဍပ် ဆောက်လုပ်လိုသူဦးရေ များပြားခဲ့ပြီး ဆောက်လုပ်ခွင့် လျောက်ထားသူ ၉၀ ဦးခန့် ရှိခဲ့သော်လည်း မဏ္ဍပ်နေရာ ၁၇ ခုသာ ခွင့်ပြုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မဏ္ဍပ်နေရာ ချထားပေးရေး ဆပ်ကော်မတီမှ သိရသည်။

အရှည် ၂၅၀၇ ပေရှိ လှည်းတန်းခုံးကျော်တံတားကို ဧပြီ ၁၀ ရက် နံနက် ၆ နာရီမှ စတင်ဖြတ်သန်းခွင့်ပြု

အရှည် ၂၅၀၇ ပေရှိ လှည်းတန်း ခုံးကျော်တံတားကို ဧပြီ ၁၀ ရက် နံနက် ၆ နာရီမှ စ၍ ဖြတ်သန်း ခွင့်ပြုကြောင်းသိရသည်။
ရန်ကုန်-ပြည်လမ်းပေါ် ဖြတ်သန်းမည့် ယာဉ်များအားလုံး တံတားပေါ်မှ ဖြတ်သန်းသွားလာ မည် ဖြစ်သောကြောင့် တံတားအဆင်း နာနတ်တောမီးပွိုင့်တွင် ယာဉ်ကြောပိတ်ဆို့မှုများ မရှိစေရေး အတွက်လည်း နာနတ်တော မီးပွိုင့်ကို ဧပြီ ၁၀ ရက်မှ စ၍ ဖြုတ်သိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး၊ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူး သာဌေးက ဧပြီ ၉ ရက်က ကျင်းပသည့် လှည်တန်းခုံးကျော်တံတားနှင့် ပတ်သက်သည့် စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောကြားသည်။

ရန်ကုန်မြို့လှည်းတန်းဂုံးကျော်တံတားကို ဧပြီ၁၀ရက်နေ့ကစတင်အသုံးပြုခွင့်ပေးပြီးနောက် သွားလာနေသည့်ယာဉ်များကိုတွေ့ရစဉ်


ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ
ရန်ကုန်မြို့လှည်းတန်းဂုံးကျော်တံတားကို ဧပြီ၁၀ရက်နေ့ကစတင်အသုံးပြုခွင့်ပေးပြီးနောက် သွားလာနေသည့်ယာဉ်များကိုတွေ့ရစဉ်
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

ရခိုင်ပြည်နယ် ဒုက္ခသည်များအတွက် လူနေအိမ်များကို သုံးလအတွင်း အပြီးဆောက်ရန် နိုင်ငံတော် သမ္မတ ပြောကြား

သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့တစ်ခုဖွဲ့စည်းကာ ရခိုင်ပြည်နယ် ဒုက္ခသည်များအတွက် လူနေအိမ်များကို သုံးလအတွင်း အပြီးဆောက်လုပ်ရန် နိုင်ငံတော် သမ္မတက ပြော ကြားခဲ့သည်။